Saturday, February 29, 2020

မခံချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၁၀)

မခံချင်စိတ်အစား ကရုဏာလေးများများပွားပါ 
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ ဘုန်းဘုန်း အသက်ဆယ်နှစ် ကိုရင်လေး ကတည်းကစပြီးတော့ 
စာသင်တိုက်ကနေ မိသားစုဆီပြန်သွားရင် ဘေးနားကအိ်မ်တွေ 
ကိုယ့်မိဘတွေပြောတယ် ဒီမှာ တို့ရဲ့သားလေးက အဝေးမှာစာသွားသင်ပြီးတော့ စာသင်တိုက်မှာသွားနေပြီးတော့ အခုစာသင်ပြီးတော့ ပြန်လာတာ။ 
မိဘက ၀မ်းသာတဲ့စိတ်နဲ့ဖြစ်ရင်ဖြစ်မယ်၊ ကြွားတဲ့စိတ်နဲ့ 
ဖြစ်ရင်ဖြစ်မယ် အဲဒါတွေပြောတယ်။ 


★ ဘုန်းဘုန်းမှတ်မိသေးတယ် လောကနီတိကျမ်းကို ပြောပြတာ။ 
“ဒုဇ္ဇနကဏ္ဍ၊ သုဇနကဏ္ဍ၊ ဒုတိယကဏ္ဍ၊ တတိယကဏ္ဍ” ဘုန်းဘုန်းက 
ဘာပြောပြတုန်းဆိုတော့ လူမိုက်ဟာ အပြင်မှာချိုတတ်တယ်၊ 
ရေသဖန်းနဲ့ တူတတ်တယ်။ အပြင်မှာကြည့်ရင် သူကအပြင်မှာ
ကြည့်ရင် သူက အရမ်းကိုလှပတယ်၊ 
အထဲမှာတော့ ပိုးမွှားတွေရှိတယ်။ 

★ ပညာရှိသူတော်ကောင်းကျတော့ အပြင်မှာတခါတခါ 
အထင်းကြီးစရာမရှိဘူး။ ပိန္နဲသီးလိုပဲတဲ့ ဆူးတွေဘာတွေနဲ့ 
အထဲမှာကျတော့ တကယ့်ကို စားလို့ကောင်းတဲ့အာဟာရရှိတယ်။
 သုံးမိနစ်လောက် တရားဟောတာ ပြီးသွားပြီ။ လောကနီတိထဲက။ 

★ ကိုရင်ဒါပဲတတ်လား။ ဟုတ်တယ် ဒါပဲ တတ်တယ်။ 
ဆယ်နှစ်သားကိုရင်လေး တရားဟောခိုင်းတာ။ 
အဲလို အခုနေပြန်ပြီးတော့ ကြည့်တဲ့အခါမှာ ပြင်ဆင်ချိန်မရဘူး 
သင်တန်းလည်းမရှိဘူး၊ ချက်ချင်းအဲလိုတရားဟောခိုင်းတာဆိုတော့ 
စိတ်ဖိစီးမှုတွေများတာပေ့ါ။ 

★ အဲ့မှာ မခံချင်တဲ့စိတ်တွေဖြစ်ချင်ဖြစ်လိမ့်မယ် မှန်းကြည့်တာ။ 
အဲဒါနဲ့ တဖက်ကကြိုးစားသလောက် တဖက်က ကြောက်စိတ်တွေ
များနေတာ။ နောက် ပိုပြီးတော့ကြီးတဲ့ စာသင်တိုက်တွေ 
ရောက်သွားတဲ့အခါကျတော့ စနစ်ကကိုက မခံချင်တဲ့
စိတ်ဖြစ်အောင် လုပ်ခိုင်းတယ်။ 

★ စာမေးပွဲဖြေပြီဆိုရင် အမှတ်ဘယ်လောက်ရတယ် နံရံပေါ်မှာ 
တစ်ပတ်လုံးထားတာ။ ဘယ်ကိုရင်က အမှတ်ဘယ်လောက်ရတယ်၊ 
ဘယ်ကိုရင်က ဘယ်လောက်ရတယ်။ အဲဒါ အောက်ဆုံးကျရင် 
တပတ်လုံးအောက်ဆုံး၊ ပထမရရင် တပတ်လုံးပထမ။ 

★ ဒါ ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ ကြိုးစားစေချင်လို့ 
လုပ်တဲ့စနစ်လို့ ပြောနိုင်တယ်။ အဲဒီစနစ်ကို ကြည့်ပြီးတော့ 
အသုံးပြုပြီးတော့ အကျိုးရှိမယ့် ပုဂ္ဂိုလ်က လူနည်းစုပဲ အထက်မှာ တော်တော်ကိုဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်တွေ။ အများစုကတော့ 
အဲ့စနစ်မှာမပါဘူး အဲစနစ်အားပေးခြင်း မခံရဘူး။ 
သူတို့အနေနဲ့ကျ အင်္ဂလိပ်လို Humility အရှက်ကွဲခံရတယ်။ 

★ အဲဒါကြောင့် ဘုန်းဘုန်းကျောင်းတတ်ခဲ့တဲ့ အောက်စဖို့ဒ်
တက္ကသိုလ်မှာဆိုရင် ကျောင်းသားတွေကို အောင်စာရင်းပေးရင် 
စာအိတ်ထဲမှာ တစ်ယောက်စီပေးတာ။ 
သူ အမှတ်ဘယ်လောက်ရတယ်၊ ဘယ်လိုအောင်တယ်၊ 
ဘာနဲ့အောင်တယ်ဆိုတာ။ 

★ 1st class နဲ့အောင်သလား၊ 2:1 နဲ့ အောင်သလား 2:2 နဲ့ အောင်သလား၊ 
သူပဲသိတယ်။ သူတစ်ယောက်ပဲသိတယ် သူနဲ့သူဆရာပဲသိတယ်။ 
တခြားကျောင်းသားတွေ မသိဘူး။ တနည်းအားဖြင့်
ပြောမယ်ဆိုရင် မပြိုင်ဆိုင်ခိုင်းဘူး။ 

★ အဲတော့ ပြိုင်ဆိုင်တယ်ဆိုတာ အထက်ရောက်သွားတဲ့သူကလည်း
 superiority complex ငါက သာတယ်ဆိုတဲ့ စိတ်မျိုးဝင်ပြီးတော့ 
တခဏတာ သူ့ကိုယ်သူ ဂုဏ်ယူနိုင်ပေတဲ့၊ ဘယ်သူကများ 
င့ါကိုကျော်သွားမှာလဲမသိဘူးဆိုပြီး စိုးရိမ်စိတ်ရှိတယ်။ 

★ ရှုံးတဲ့ပုဂ္ဂိုလ်အနေနဲ့လည်းပဲ အမှတ်များတဲ့ပုဂ္ဂိုလ် အဲပုဂ္ဂိုလ်ကိုကြည့်ပြီး 
မုဒိတာမဖြစ်နိုင်ဘူး။ ပြိုင်ခိုင်းတာကိုး။ ကိုယ့်ကိုပြိုင်တဲ့ပုဂ္ဂိုလ် 
ကိုယ့်ပြိုင်ဖက်ကို ရန်သူလို့မြင်နေတာကိုး။ 
အဲဒါကြောင့်မို့လို့ ပြိုင်ဆိုင်ပြီဆိုရင် မိသားစုတွင်းမှာ 
အဲလိုအချင်းချင်း စကားမပြောနိုင်တာရှိတယ်။ 

★ သွေးသားတော်တာတောင်မှ ရန်သူတွေဖြစ်သွားတယ်။ 
လင်မယားနှစ်ယောက် စီးပွားတစ်ခုစီလုပ်တယ်။ 
ဘယ်သူက ပိုပြီးတော့ အောင်မြင်တယ်။ 

★ အဲလို ပြိုင်ဆိုင်တဲ့စိတ်မျိုးဝင်လာပြီဆိုရင် အဲ့လင်မယားလည်း 
ရည်စားဖြစ်စခါကတုန်းက တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာ တစ်ယောက်ကိုတစ်ယောက် အလိုလိုက်တာတွေ မရှိတော့ဘူး။ 

★ တစ်ယောက်ကို ပြိုင်ဖက်လို့ မြင်လိုက်တာကိုး။ မခံချင်တဲ့စိတ်။ 
အဲ့မခံချင်တဲ့စိတ် ဖြစ်ပေါ်လာပြီဆိုရင် လင်မယားရယ် သူ မသိတော့ဘူး၊ 
မောင်နှမရယ် သူ မသိတော့ဘူး။ 
မိတ်ဆွေသူငယ်ချင်း သူ မသိတော့ဘူး။ 

★ ဒို့ နိုင်ငံသားအချင်းချင်း မသိတော့ဘူး။ ဒို့ ကမ္ဘာသူ ကမ္ဘာအချင်းချင်း 
သူ မသိတော့ဘူး၊ inhabiiting ခေါ်တယ်၊ အတွေးအခေါ်စိတ်တွေ 
ပြောင်းသွားနိုင်တယ်၊ ဆင်ခြင်တုံဉာဏ်တွေ ပြောင်းသွားနိုင်တယ်။ 

★ အဲဒါကြောင့်မို့လို့ မခံချင်စိတ်အစား 
ကရုဏာလေးများများပွားပါ။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

Friday, February 28, 2020

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၉)

မခံချင်တဲ့စိတ် မဖြစ်ရင် တော်ရုံတန်ရုံ ပဋိပက္ခမဖြစ်ဘူး 
▬▬▬▬▬|| ▬▬▬▬▬||▬▬▬▬|| ▬▬▬▬
★ မခံချင်တဲ့စိတ် ဘယ်ကနေလာတုန်း? ပြိုင်ဆိုင်တဲ့စိတ်ကနေလာတယ်။ 
ဒါကြောင့် မြတ်စွာဘုရားက ပထမဆုံးသင်ပေးတဲ့ ရဟန်းတွေ
သာမဏေတွေကို ပထမဆုံးသင်ပေးတဲ့ သင်ခန်းစာ အဝတ်အစားဝတ်တဲ့နေရာမှာလည်း သူများကို 
သွားမပြိုင်နဲ့တဲ့။ သင်္ကန်းဝတ်တဲ့နေရာမှာ သွားမပြိုင်နဲ့။ 

★ ဘာကြောင့် ဒီသင်္ကန်းဝတ်တာတုန်း?အအေးဒဏ် အပူဒဏ် 
ရာသီဥတုဒဏ် ကာကွယ်နိုင်ဖို့၊ ခြင်တွေ ယင်တွေ၊ ပိုးကောင်
အသေးလေးတွေ ကာကွယ်နိုင်ဖို့၊ အရှက်ကာကွယ်နိုင်ဖို့ ဒီလို 
practical reason လက်တွေ့ကျတဲ့အကြောင်းတွေ ကြောင့် 
ဒီသင်္ကန်း / ဒီအဝတ်အစားကို အသုံးပြုတယ်။ 

★ တရားနာပရိတ်သတ်အနေနဲ့ ဒီ message ကို ဘယ်လိုသုံးမှာတုန်း။ မနက်အိပ်ယာကနေ ထလာပြီးတော့ ရေမိုးချိုးပြီး အဝတ်အစား
လဲတဲ့အခါမှာ အဝတ်အစားဝတ်တာ အရှက်ကာကွယ်ဖို့ 
လူကြားသူကြားဝင်တဲ့အခါ လူတွေကိုလေးစားဖို့။ 

★ နောက်ပြီးတော့ ကျန်းမာရေးအတွက် အပူအအေးကို ကာကွယ်ပြီးတော့ ကျန်းမာရေးအတွက်ဆိုပြီး သဘောထားရမယ်တဲ့။ 
ခုလေးတင်ဘဲ၊ ဘုန်းဘုန်း ပလ္လင်ပေါ်တက်ခါစတုန်းက 
ရာသီဥတုကြောင့် တစ်ချက်နှစ်ချက် ချောင်းဆိုတာ၊ 
ပါလာတဲ့သင်္ကန်းလေးကို လည်ပင်းကို 
ပတ်လိုက်တဲ့အခါကျတော့ အခု ချောင်းမဆိုးတော့ဘူး။ 
သင်္ကန်းက ဒီလိုလက်တွေ့အသုံးကျတာ။ 

★ တရားနာပရိတ်သတ်လည်း ဒီအတိုင်းပဲ နှင်းတွေကျလို့ တကယ်လို့အေးတယ်ဆိုရင် ကို်ယ့်အဝတ်အစားကို ပြန်ပြီးအားကိုးလိုက်။ အဝတ်အစားဆိုတာ ဒီလိုနေရာမျိုးမှာ အသုံးပြုတာ။ 
စိတ်က ဒီလိုအတွေး မတွေးတတ်ဘူးဆိုရင် 
ဒီလိုစိတ်ထားမထားတတ်ဘူးဆိုရင် 
ဘယ်လိုဖြစ်မှာတုန်း? 

★ ငါ ဒီအဝတ်အစားဝတ်တာ လူတွေ အထင်သေးမလားမသိဘူး၊ 
သူတို့ အထင်ကြီးပါ့မလား လျောက်တွေးနေလိမ့်မယ်။ 
သူများအထင်ကြီးအောင် ကိုယ်အဝတ်အစားဝတ်တယ်ဆိုရင် 
လူတိုင်းက ဘယ်အထင်ကြီးနိုင်မှာတုန်း။ 

★ တချို့လူ ကိုယ်ဘယ်လောက်ပဲ ကောင်းတာဝတ်သွားဝတ်သွားကြည့်၊ သူက သူ့အပူနဲ့သူဆိုတော့ ကိုယ့်ရဲ့အဝတ်အစားကောင်းကောင်းလေး 
လှလှလေး စျေးကြီးတဲ့အဝတ်အစားလည်း သူ ဂရုတောင်မစိုက်နိုင်ဘူး။ 
သူ့အပူနဲ့သူ ရှိနေတာကိုး ပူနေတာ။ တချို့လူကျတော့ သူ့မာနနဲ့သူ၊ 
ကိုယ်ကောင်းတာ ၀တ်သွားတဲ့အခါမှာ သူက 
မခံချင်တဲ့စိတ် ဖြစ်ကျန်ရစ်တယ်။ 

★ အဲဒါကြောင့် တရားနာပရိတ်သတ်တို့ ဗုဒ္ဓမြတ်စွာဘုရားက ပြိုင်ဆိုင်တဲ့စိတ်မဖြစ်အောင် စားဝတ်နေရေးကျန်းမာရေး၊ 
အစားအသောက်ရယ်၊ အဝတ်အစားရယ်၊ နောက် နေစရာထိုင်စရာ 
အိမ်ရယ် အဲဒါနဲ့ ပတ်သတ်ပြီး ပြိုင်ဆိုင်မှုမရှိအောင် -

💡ကိုယ့်ခန္ဓာကိုယ်သနားလို့ အစာအာဟာရစားပါတယ်၊ 

💡ကိုယ့်ခန္ဓကိုယ်သနားလို့ ရောဂါမဖြစ်အောင် စားပါတယ်၊ 

💡ကိုယ့်ခန္ဓာကိုယ်သနားလို့ အဝတ်အစားတွေဝတ်ပါတယ်၊ ကျန်းမာရေးကောင်းအောင်၊ ဒီလိုစိတ်ထားနိုင်ရင် မခံချင်တဲ့စိတ် မဖြစ်တဲ့အခါကျတော့ ဘေးကလူတွေနဲ့ တော်ရုံတန်ရုံ 
ပဋိပက္ခမဖြစ်တော့ဘူး။ 

★ မခံချင်တဲ့စိတ်နဲ့ ၀တ်တယ်စားတယ်ဆိုရင် ဟိုးဖက်ကအိမ်က စျေးကြီးကြီးနဲ့လက်ကိုင်အိတ် သွားဝယ်ဆိုရင် ကိုယ်ကလည်း 
မခံချင်တဲ့စိတ်နဲ့ အဲဒီထက် ပိုပြီးတော့ 
စျေးကြီးတာသွားဝယ်မယ်။ 

★ ကိုယ်ဝယ်တာ ဘာအတွက်ဝယ်တာတုန်း? 
အဲဒီလူကို ပြချင်လို့ ငါလည်း ဒါ ၀တ်နိုင်တယ်။ 
တနည်းအားဖြင့် ပြောမယ်ဆိုရင် ကိုယ်မကြိုက်တဲ့လူ ကိုယ့်ကို အသိအမှတ်ပြုအောင် ဝယ်သုံးနေတာလေ- 
ဘယ်လောက်မိုက်မဲတဲ့ အတွေးတုန်း။

 ★ ကိုယ်မကြိုက်တဲ့လူ အသိအမှတ်ပြုမှုကို ခံချင်နေတာ။ 
ဘယ်ဖြစ်နိုင်မှာတုန်း။ စောစောပိုင်းက ရှင်းပြတဲ့အတိုင်း 
ပြိုင်ဆိုင်တဲ့စိတ် ပိုများတယ်။ 

★ ဒါကြောင့် တရားနာပရိတ်သတ်တို့ စျေးသွားဝယ်တဲ့အခါမှာလည်းပဲ မခံချင်တဲ့စိတ်တွေ မဖြစ်အောင် ကိုယ့်စိတ်ကိုဆုံးမပါ။ 
အိမ်မှာနေတဲ့အခါ အချင်းချင်းစကားပြောတဲ့အခါမှာလည်းပဲ 
မခံချင်တဲ့စိတ်တွေ မဖြစ်အောင် ကိုယ့်ဟာကိုယ် ဆုံးမပါ။ 

🍃 ကိုယ့်ရဲ့သားသမီးတွေကိုလည်းပဲ #မခံချင်တဲ့စိတ်ဖြစ်မယ့်အစား၊ #မခံချင်တဲ့စိတ်မှာ #အင်အားကိုသွားပြီးတော့အသုံပြုမယ့်အစား၊ တိုင်းပြည်ရဲ့ပြဿနာကို စိတ်ဝင်စား၊ 
#တိုင်းပြည်ရဲ့ပြဿနာကို #ပြေလည်အောင်လုပ်တဲ့နေရာမှာ 
ကိုယ့်အင်အားကို #အသုံးပြုရင် ဒီကလေးက 
#ပါရမီဖြည့်ပြီးသား ဖြစ်သွားတယ်။ 
စာလည်းကျက်ပြီးသား ဖြစ်သွားတယ်။ 

★ အများအတွက် သူစာကျက်တယ်ဆိုတော့ အများအတွက်လည်း အများကြီးလိုအပ်တယ်ဆိုတော့ စာမကျက်နဲ့ပြောရင်တောင်မှ 
မရဘူး သူစာကျက်မှာ သူစာကြည့်မှာ သူလေ့လာမှာ။ 
ဘာဖြစ်လို့တုန်း အများကိုကူညီချင်လို့။ ‼️ 
ဒါကြောင့် #အများအတွက်တွေးတတ်တဲ့ 
#သားသမီးတွေဖြစ်အောင်ပြုစုကြပါ။ 
တပည့်လေးတွေဖြစ်အောင် ပြုစုကြပါ။ 

★ လုပ်ငန်းခွင်မှာလည်းပဲ အများရဲ့ပြဿနာ တိုင်းပြည်ရဲ့
ပြဿနာ ကြည့်ပြီးတော့ ငါတို့ လုပ်တဲ့အလုပ်က တိုင်းပြည်ရဲ့ပြဿနာကို ပြေလည်အောင်လုပ်တဲ့နေရာမှာပါတယ်။

 ★ ဘုန်းဘုန်းတရားဟောရင်လည်း အဲလိုပဲ စိတ်ထဲမှာထားတယ်။ 
ဘုန်းဘုန်း တရားတွေထပ်လား မထပ်ဘူးလား 
ဘုန်းဘုန်း အဲဒါတွေ ဂရုမစိုက်ဘူး။ 

★ ဘုန်းဘုန်းတရားဟောတဲ့အခါ ဘယ်သူက အထင်ကြီးလား မကြီးလား? အဲဒါတွေ စိတ်ထဲမှာ မရှိဘူး။ ငယ်တုန်းက အဲ့ဒီစိတ်တွေဖြစ်တယ်။ သူများအထင်သေးမှာ အရမ်းကြောက်တယ်။ 
ကြောက်စိတ်ကိုး ကြောက်စိတ်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

Thursday, February 27, 2020

လူဖြစ်ကျိုးနပ်စေရန် မတွေးသင့်သော အတွေးများ,

လူဖြစ်ကျိုးနပ်စေရန် မတွေးသင့်သော အတွေးများ ✨✨✨✨✨✨✨✨✨✨✨✨✨✨✨
 မြတ်စွာဘုရားက အတွေးနဲ့ပတ်သက်လာရင် 
အတွေးသုံးမျိုးကို မတွေးနဲ့တဲ့။ တွေးလို့ရှိရင် 
လူဖြစ်ကျိုးမနပ် ဖြစ်လိမ့်မယ်။ 
မကောင်းတဲ့အတွေးသုံးမျိုးကတော့- 
“အဘိဇ္စျာ၊ဗျာပါဒ၊မိစ္ဆာဒိဋ္ဌိ”တဲ့။ 

●အဘိဇၥ်ာ- •အဘိဆိုတာ သူများပစ္စည်းကို ဦးတည်ပြီး 
●ဇ္စျာ-ရချင်တဲ့စိတ်နဲ့ စိတ်ကူးတာ။ သူတစ်ပါးပစ္စည်းကို 
ပိုင်ဆိုင်ချင်တဲ့အတွေးဟာ “သူခိုး၊ ဓားပြ” ဖြစ်စေတဲ့အတွေး။ 
အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး ၊ အကုသိုလ်အတွေး၊ 
မနောဒုစရိုက် လို့ခေါ်တယ်။ ဒီအတွေးမျိုး မတွေးသင့်ဘူး။
ဒီအတွေးကို ရှောင်ရမယ်။ 

●ဗျာပါဒ- ဘာလဲဆိုရင် ကိုယ်နဲ့ မတည့်တဲ့ လူတစ်ယောက် 
စိတ်ထဲပေါ်လာတယ်။ “ဟာ . . .ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ စီးပွားပျက်သွားရင်ကောင်းမှာပဲ။ ဒုက္ခရောက်သွား၊
ထောင်ကျသွားရင် ကောင်းမှာပဲ” ဆိုတဲ့ အတွေးတွေ 
တစ်ချို့မတွေးကြဘူးလား။ အဲဒီအတွေးတွေက 
“ဗျာပါဒ အတွေး”လို့ ခေါ်တယ်။ လူဖြစ်ကျိုးနပ်စေဖို့ 
အဲဒီအတွေးမျိုး မတွေးမိစေနဲ့။ ရှောင်ရှားဖို့ လိုတယ်။ 

●နောက်တစ်ခုက “မိစ္ဆာဒိဋ္ဌိ”- မိစ္ဆာဒိဋ္ဌိဆိုတာ “ကိုယ်လုပ်တာ 
ကိုယ်နဲ့ဆိုင်တယ်”လို့ မတွေးဘူး။ ကောင်းတာလုပ်လည်း 
ကောင်းတာမဖြစ်ပါဘူး။ မကောင်းတာလုပ်လည်း 
ကောင်းတာဖြစ်တယ်။ မကောင်းတာလုပ်တဲ့လူတွေ 
ကြီးပွားနေတာ ရှိတာပဲ။ 
ကောင်းတာလုပ်တဲ့လူတွေ ဒုက္ခရောက်နေတယ် 
စသည်ဖြင့် ကံကို မျက်စိလည်နေတတ်ကြတယ်။
 တစ်ကယ်တော့ မကောင်းတာလုပ်တဲ့သူတွေ 
ကြီးပွားနေတာ တစ်ချိန်တုန်းက ကောင်းတာလုပ်ခဲ့လို့ 
ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုနားလည်ရမယ်။ 
ဟုတ္တယ္မုိ႔လား။ 

ကိုယ်က ခုမှကောင်းတာတွေ လုပ်တာ။အကျိုးမပေးသေးဘူး။ 
အခုမွ သရက္ပင္စိုက္တာ သရက္သီး စားရပါ့မလား။မစားရပါဘူး။ 
ကောင်းတာခုမှလုပ်တာ၊ မကောင်းတာတွေနဲ့ကြုံနေရတယ်။ 
အတိတ်က မကောင်းတာတွေ ဘယ်လောက်လုပ်ခဲ့မှန်းမှ မသိတာ။ 
အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ ကံ ဆိုတာရှိတယ်။ 

●ကံကိုငြင်းပယ်တာ “အကိရိယဒိဋ္ဌိ” လို့ခေါ်တယ်။ 
ကုသိုလ်ဆိုတာမရှိ၊ အကုသိုလ်ဆိုတာမရှိဆိုပြီး ငြင်းပယ်တဲ့ဝါဒ။ ●“အကိရိယဒိဋ္ဌိ”ဆိုတာကံကိုလုံးဝမယုံဘူး။ 

●“နတ္ထိကဒိဋ္ဌိ” - ကံရဲ့အကျိုးတရားကို လက်မခံဘူး။ 
မကောင်းတာလုပ်လည်း မကောင်းတာမဖြစ်ဘူး။ 
ကောင်းတာလုပ်လည်း ကောင်းတာမဖြစ်ဘူး။ 
အကျိုးတရားကို ငြင်းပယ်တဲ့အမြင်။ 
“အဟေတုကဒိဋ္ဌိ”- အကြောင်းတရားကို ငြင်းပယ်တဲ့အမြင်။ 
ပေါင်းလိုက်ရင် ကံနှင့်ကံ၏အကျိုးကို ငြင်းပယ်တဲ့သူဟာ
 “မိစ္ဆာဒိဋ္ဌိအမြင်”ရှိသူသာ ဖြစ်တယ်။ 

●အဲဒီလို မိစ္ဆာဒိဋ္ဌိအယူရှိသူဟာ ကောင်းရာသုဂတိ မရောက်နိုင်ဘူး။သူသွားရမှာက အပါယ်(၄) ဘုံပဲ။ 
ဘာလို့တုန်းဆိုရင် သူက ကံကို ငြင်းပယ်ထားတော့ သူလုပ်ချင်တာ လုပ်တော့မှာလေ။ လုပ်ချင်ရာလုပ်လို့ ဆိုတဲ့နေရာမှာ လူတွေက ဘာလုပ်ချင်သလဲဆိုရင် မကောင်းတာပဲ လုပ်ချင်ကြတာ များတယ်လေ။ 

အတွေးနဲ့ ပတ်သက်ရင် အပေါ်ကအတွေးမျိုး မတွေးကြပါနဲ့။
တွေးမိပြီဆိုရင် ကိုယ့်သန္တာန်မှာ၊ ကိုယ့်ရဲ့ စိတ်အစဉ်မှာ ကိန်းဝပ်သွားတယ်။ ကိန်းဝပ်သွားရင် အကြောင်းရှိတိုင်း ပေါ်လာလိမ့်မယ်။ 
တစ်ခါတစ်ရံဟိုးငယ်ငယ်က အကြောင်းတွေပေါ်မလာဘူးလား။ ပျောက်သွားတာမဟုတ်ဘူး။ သေချာတယ်နော်။ ကံဟာလည်းအဲဒီလိုပေါ်ပေါ်လာတာ။ 

●●●အဲဒီလိုပေါ်လာတာဟာ အခုခေတ်စကားနဲ့ ONLINE ဖြစ်နေတာလို့ပြောနိုင်တယ်။ အကျိုးပေးစရာရှိရင် အကျိုးပေးမှာ ။ သူကမပျောက်သွားဘူး။

●●● ဒါကြောင့် အဲဒီအတွေးမျိုး မတွေးမိဖို့ သတိထားရမယ်။ 
🙏🙏🙏ပါမောက္ခချုပ် ဆရာတော် 
ဒေါက်တာ နန္ဒမာလာဘိဝံသ.🙏🙏🙏

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၈)

မခံချင်တဲ့စိတ်နဲ ့လုပ်တယ်ဆိုရင် 
ကုသိုလ်လုပ်တာတောင် အကုသိုလ်ဖြစ်တယ် ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 
★ မခံချင်တဲ့စိတ် မိသားစုကြားထဲမှာ ရှိနေသလား 
စကားပြောတာကြည့်ပြီး သိတယ်။ တစ်ယောက်နဲ့တစ်ယောက် 
ခနဲ့တယ်ဆိုရင် မခံချင်တဲ့စိတ်ဖြစ်တယ်။ 

★ မခံချင်တဲ့စိတ်ကနေ ထွက်ပေါ်လာစကားနဲ့ လင်မယားကြားထဲမှာလား မောင်နှမကြားထဲမှာလား၊ အလုပ်က လုပ်ဖော်ကိုင်ဖက်ထဲမှာလား၊ 
ဒါမှမဟုတ် ဟိုးဖက်သတင်းစာ ဒီဖက်သတင်းစာ 
အချင်းချင်း ပုန်ကန်နေတာလား၊ 

★ ဟိုဖက်အုပ်စုနဲ့ ဒီအုပ်စု အချင်းချင်းပုန်ကန်နေတာလား၊ 
ဟိုးဖက်ရပ်ကွက်နဲ့ ဒီဖက်ရပ်ကွက် အချင်းချင်း ပြိုင်ဆိုင်နေတာလား 
အဲဒါမျိုးဆိုရင် #မခံချင်တဲ့စိတ်နဲ့လုပ်တယ်ဆိုရင် တရားနာပရိတ်သတ်တို့ #ကုသိုလ်လုပ်တာတောင် #အကုသိုလ်ဖြစ်တယ်။ 

★ ပဋ္ဌာန်းထဲမှာ #ဥပနိဿယပစ္စယော လို့ခေါ်တယ်။ 
“သဒ္ဓံ ဥပနိဿာယ မာနံ ဇ​ပ္ပေတိ” #သဒ္ဓါတရားကို #အကြောင်းပြုပြီးတော့ #မာနတွေဖြစ်တယ်။ ဥပနိဿယပစ္စည်းက 
ဒီသဘောကို ပြောပြတာတာ။ 

★ အဲဒီလို မခံချင်တဲ့စိတ် ဖြစ်တာများရင် အမြစ်တွယ်သွားတယ်။
#ဟေတုပစ္စယော ဖြစ်သွားတယ်။ 

★ အဲဒါကြောင့် တွေ့တွေ့သမျှ မျက်စိနဲ့တွေ့တွေ့သမျှအာရုံတွေ တွေ့တွေ့သမျှလူတွေ အဲဒီလူတွေ ကိုယ်မကြိုက်တဲ့ စကားတစ်ခွန်းပြောရင် 
အဲ့လူက အလိုလိုနေရင်းနဲ့ ကိုယ့်ရန်သူဖြစ်သွားတယ်၊ 
#အာရမ္မဏပစ္စယော။ အကြောင်းအကျိုးကို 
ရှင်းပြတဲ့ ပဋ္ဌာန်းတရားတော်။ 

★ အထက်ကလူနဲ့ အောက်ကလူ နံပါတ်(၂) က နံပါတ်(၁) ပြောတာကို ဘာမှ ပြန်မပြောနိုင်တဲ့အခါကျတော့ မခံချင်တဲ့စိတ်နဲ့ သူဘာလုပ်တယ်၊ 
နံပါတ်(၃)ကို သူပြန်ပြီးတော့ဖိတယ်။ နံပါတ်(၃)ကလည်း နံပါတ်(၁) နဲ့ 
နံပါတ်(၂) ကို သူက ပြန်ပြောခွင့် မရှိဘူးလေ။ 

★ ပြန်ပြောတယ်ဆိုရင် သူ့အနေအထားကို ထိခိုက်မှာစိုးလို့ 
ကြောက်စိတ်နဲ့ဆိုတော့၊ အဲ့ဒီကြောက်စိတ်ကို 
သူ ဘယ်လိုကိုင်တွယ်တုန်း? ပေါက်ကွဲတယ်။ 

★ သူ့လက်အောက်ငယ်သားတွေကို အဲလိုပြန်ပြီးတော့ မခံချင်တဲ့စိတ်နဲ့ နှိမ်ပြောတာတွေ၊ အကောင်းနဲ့အဆိုး နှစ်ခုရှိတဲ့နေရာမှာ 
အဆိုးကိုပဲ ရွေးပြီးတော့ ပြောတာတွေ နည်းတယ်။ 

★ Negativity bias ဆိုတာ အဆိုးကိုပဲရွေးပြီးတော့ ပြောတာ။ အဲဒါမျိုးဖြစ်လာပြီဆိုရင် အဲဒီလုပ်ငန်းခွင်က အဆိပ်အတောက်ဖြစ်သွားပြီ၊ 
toxic ဖြစ်သွားပြီ၊ အဆိပ်အတောက် ဖြစ်သွားပြီ။ 
မခံချင်တဲ့စိတ်များတဲ့ မိသားစုဆိုရင် toxic ဖြစ်တဲ့မိသားစု 
ဖြစ်သွားတယ်၊ အဆိပ်အတောက်တွေများတဲ့ မိသားစု။ 

★ မခံချင်တဲ့စိတ်နဲ့ ဥပမာ ဟိုဖက်ကဦးစီးဌာန ဒီဖက်ကဦးစီးဌာန၊ 
ဦးစီဌာနဆိုရင် ဟိုဖက်က ညွှန်ချုပ်တစ်ယောက်၊ 
ဒီဖက်က ညွှန်ချုပ်တစ်ယောက်။ 

★ ဟိုးဖက်ညွှန်ချုပ်နဲ့ ဒီဖက်ညွှန်ချုပ် မခံချင်တဲ့စိတ်နဲ့ ပြိုင်ပြီးတော့ သူတို့တက်လာတယ်ဆိုရင် ဒီရာထူးကို ရလာဆိုရင် သူတို့ လူကြီးဖြစ်လာတဲ့အချိန်မှာ ညွှန်ချုပ်ဖြစ်လာတဲ့အခါမှာ 
သူဦးစီးဌာန ကိုယ့်ဦးစီးဌာန၊ သူ့ဌာန ကိုယ့်ဌာန 
ပူပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး။ 

★ ဘယ်သူပဲ ထိခိုက်တုန်း? တိုင်းပြည်ပဲ ထိခိုက်တာပေါ့။ 
အမတ်နှစ်ယောက် ဖြစ်ချင်ဖြစ်မယ်၊ လွတ်တော် အမတ်နှစ်ယောက် ဖြစ်ချင်ဖြစ်မယ်၊ ၀န်ကြီးနှစ်ပါး ဖြစ်ချင်ဖြစ်မယ်၊ တိုင်းပြည်နှစ်ပြည် ဖြစ်ချင်ဖြစ်မယ်။ ဟိုဖက်ကျောင်းဆရာတော်နဲ့ 
ဒီဖက်ကျောင်းဆရာတော် ဖြစ်ချင်ဖြစ်မယ်။ 

★ မခံချင်တဲ့စိတ်ဆိုတာ သူက အရမ်းကို destructive ဖြစ်တယ်၊ 
အရမ်းကို အဖျက်သဘောဆန်တယ်။ ပူပေါင်းပြီးတော့ 
အင်အားကောင်းအောင်၊ ပြဿနာဖြေရှင်းတဲ့နေရာမှာ 
အင်အားကောင်းအောင် လုပ်မယ့်အစား တစ်ယောက်က 
တစ်ယောက်ရဲ့အလုပ်ကို ကဖျက်ယဖျက်ပဲ လုပ်နိုင်တာ။ 

★ ဒါတွေဟာ မခံချင်တဲ့စိတ်တွေကြောင့်။ 
#မခံချင်တဲ့စိတ်ဘယ်ကနေလာတုန်း? 
#ပြိုင်ဆိုင်တဲ့စိတ်ကနေလာတယ်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

Tuesday, February 25, 2020

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၇)

မခံချင်တဲ့စိတ်မဖြစ်ရင် ဖန်တီးနိုင်စွမ်း 
တွေးခေါ်နိုင်စွမ်းပိုများတယ်
 ▬▬▬▬▬▬▬▬▬▬▬
★ တရားနာပရိတ်သတ်တို့ မခံချင်စိတ်က အလွယ်တကူဖြစ်တတ်တယ်၊ နေ့စဉ်ဘဝမှာ။ ကားတစ်စီးက ကိုယ့်ကို ဖြတ်သွားပြီးဆိုရင် 
ကိုယ့်ရဲ့မသိစိတ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တဲ့အနေနဲ့ 
မခံချင်တဲ့စိတ် ဖြစ်သွားတယ်။ အဲ့မခံချင်တဲ့စိတ်က 
ကြောက်စိတ်တမျိုးပဲ၊ ဒေါသပဲ။ 

★ ခံချင်တဲ့စိတ် ဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကာကွယ်ဖို့အတွက် 
သူလုပ်တယ်။ မသိတဲ့စိတ်က ဖြစ်တာနော် 
subconscious habit တဲ့ မသိစိတ်ကနေ။ 

★ အဲဒီ subconscious habit က ကိုယ့်ကိုကာကွယ်ဖို့ 
လုပ်တယ်ဆိုပေမဲ့ အဲဒီ subconscious mind မသိတဲ့စိတ်က 
ကလေးပဲတဲ့၊ psychology မှာ သူ့ကို ကလေးလို့ ခေါ်တယ်။ 

★ အဲဒီကလေး ငိုလာပြီဆိုရင်၊ ကလေးဆူလာပြီဆိုရင် ဘယ်သူက 
အဲ့ဒီကလေးကို ကြည့်ရမှာတုန်း? အမေ မိဘက ကြည့်ရတယ်။ 
ဒါကြောင့် “မာတာယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ” မေတ္တသုတ်ထဲမှာ။ 

★ မိခင်စိတ် နိုးကြားလာတဲ့ အဲဒီမိခင်စိတ်က အဲဒီမသိစိတ်ကနေ
 ဖြစ်ပေါ်လာတဲ့ ကလေးအတွေးကို လာပြီးတော့ နှစ်သိမ့်ပေးရတယ်။ အဲ့မခံချင်တဲ့စိတ်ကို သတိလေးနဲ့လာပြီးတော့ ကြည့်ပေးရတယ်၊ လက်ခံပေးရတယ်။ 

★ သြော်… ဒါ မခံချင်တဲ့စိတ်လေးပါ။ နောက်ကရုဏာနဲ့ ပြန်ကြည့်။ 
သြော် မခံချင်တဲ့စိတ်ဖြစ်နေသေးတယ်... မကြောက်နဲ့။ 
ကိုယ့်ကိုကျော်သွားတဲ့ ပုဂ္ဂိုလ် သူ့မှာအရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိချင်ရှိမယ်ဆိုပြီးတော့ ကိုယ့်ရဲ့မသိစိတ်ကို ပြန်ပြီးတော့ 
နှစ်သိမ့်ပေးရတယ်။ အဲလို နှစ်သိမ့်ပေးရတယ်။ 

★ အဲလို မနှစ်သိမ့်နိုင်ဘူးဆိုရင် အဲ့ကလေးက သူကြောက်စိတ်တွေ 
များလာရင်၊ မခံချင်တဲ့စိတ် ခဏခဏဖြစ်၊ မခံချင်တဲ့စိတ် 
အားကောင်းသွားတယ်။ ကိုယ်ရဲ့ မသိစိ်တ် 
subconscious mind က trauma ရသွားတယ်။ 

★ Psychology မှာပြောတဲ့ trauma ဆိုတာက "အနုသယ" ဖြစ်သွားတာ။ အကုသိုလ်တွေ လေးလေးနက်နက် ဖြစ်သွားပြီးတော့ တကယ်လေးနက်တဲ့နေရာ စိတ်ရဲ့လေးနက်တဲ့ နေရာရောက်သွားပြီးတော့ အနုသယဆိုတာ အချိန်မရွေး သူပေါက်ကွဲနိုင်တယ်။ 

★ အခု စာမေးပွဲနီးပြီ၊ #ကိုယ့်သားတွေသမီးတွေကို 
#အားပေးတဲ့နေရာမှာ #မခံချင်တဲ့စိတ်ဖြစ်အောင်မပြောနဲ့။ 
သူတို့ကို တမင်သက်သက် #စိတ်ဖိစီးမှုများအောင်လုပ်နေတာ #မခံချင်တဲ့စိတ်တွေ။ 

★ #မခံချင်တဲ့စိတ်ဖြစ်အောင် ပြောမယ့်အစား သားတို့သမီးတို့ အခုသင်နေတဲ့ဘာသာရပ်တွေ တိုင်းပြည်အတွက် လိုအပ်တဲ့ ဘာသာရပ်တွေကြည့်ပဲ။ 

★ ဒို့တိုင်းပြည်ကလည်း ပြဿနာရှိတယ်၊ ပြည်ပကလုပ်လို့ 
တိုးလာတဲ့ ပြဿနာတွေရှိတယ်။ ကိုယ်ကိုယ်၌ကကိုယ်က 
စီးပွားရေးအရ ပညာရေးအရ ဆုံးဖြတ်ချက်တွေ မှားခဲ့လို့ ဖြစ်ရတဲ့ ပြဿနာတွေလည်းရှိတယ်။ 


★ သားတို့သမီးတို့ကို အားကိုးပါတယ်။ ဒီတိုင်းပြည်ကြီးက သားတို့သမီးတို့လက်ထဲမှာ ရှိတယ်၊ ဒို့ တိုင်းပြည်က ဘယ်လို 
ပြဿနာရှိတယ်၊ ဘယ်နေရာလေးမှာ ဘာပြဿနာတွေရှိတယ်၊ 
ဘယ်နေရာမှာ ဘယ်လိုပြဿနာ ရှိတယ်။ 

★ ဆေးရုံတွေမှာဆိုရင် ဆေးနဲ့ပတ်သတ်ပြီးတော့ 
ဘယ်လိုပြဿနာတွေ ရှိတယ်။ ဆရာဝန်တွေ ပညာသင်ဖို့အတွက် တကယ်ကျွမ်းကျင်တဲ့ နိုင်ငံရပ်ခြားကို ပို့ဖို့အတွက် 
ဘယ်လို ပြဿနာတွေရှိတယ်။ 

★ အင်ဂျင်နီယာဆိုရင်လည်းပဲ အင်ဂျင်နီယာအသိနဲ့ပတ်သတ်ပြီးတော့ ဘယ်လိုပြဿနာတွေ ရှိတယ်။ အဲဒါမျိုးလေးတွေ ကိုယ့်ရဲ့သားသမီးကို နားလည်အောင်ပြောပြ။ 
🍃 #ပြဿနာအခြေခံပြီးတော့ #ကရုဏာဖြစ်အောင်ပြောပြ၊ 
#တိုင်းပြည်ကို #ကရုဏာဖြစ်အောင်၊ 
#တိုင်းသူပြည်သား #ကရုဏာဖြစ်အောင်ပြောပြ။ 

★ တကယ် ကရုဏာစိတ်နဲ့ စာကြိုးစားမယ်ဆိုရင် ဒီကလေး ဘယ်သူက သူ့ကိုလာပြီးတော့ ပြိုင်နေပြိုင်နေ၊ ပြိုင်ချင်ပြိုင် ကိစ္စမရှိဘူး၊ 
သူ့မှာ မခံချင်တဲ့စိတ် မဖြစ်တော့ဘူး။ 

★ #မခံချင်တဲ့စိတ်မဖြစ်ရင် ဒီကလေး ဦးနှောက်က 
သူများထက် ပိုကောင်းတယ်။ စိတ်ဖိစီးမှုမရှိတဲ့ ပုံစံမျိုး။ 
စိတ်ဖိစီးမှုမရှိတဲ့ ဦးနှောက် ပိုပြီးတော့ creativitiy ကောင်းတယ်။
 #ဖန်တီးနိုင်စွမ်း #တွေးခေါ်နိုင်စွမ်းပိုများတယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၆)

အများအတွက်တွေးတဲ့ပုဂ္ဂိုလ် အဆင်မပြေမှုနဲ့တွေ့တိုင်း
မြန်မြန်ဆန်ဆန် နလန်ထူနိုင်တယ် 
▬▬▬▬▬▬▬▬▬▬▬▬▬
★ သူများအကြောင်း အထူးသဖြင့် သူများရဲ့ဒုက္ခတွေးပြီးတော့
ကရုဏာစိတ်မွေးတဲ့ပုဂ္ဂိုလ် အဲ့ပုဂ္ဂိုလ်ကို extraverted person လို့ခေါ်တယ်။
An extraverted person bounces back rapidly from adversity.
(Ref 📘: The Emotional Life of Your Brain) Adversity
ဆိုတာက ကိုယ်မကြိုက်တဲ့အရာ၊ အဆင်မပြေတာ။

★ သူများအတွက် ကိုယ်ချင်းစာတတ်တဲ့ပုဂ္ဂိုလ် ကရုဏာထားတတ်တဲ့
ပုဂ္ဂိုလ်က အဆင်မပြေတာနဲ့တွေ့ရင် မြန်မြန်ဆန်ဆန်ပြန်ပြီးတော့
နလန်ထူတယ်။ ဦးနှောက်ကို ကြည့်ပြီးရေးထားတာ။
 ဦးနှောက်ကို ဓါတ်ပုံရိုက်ပြီးတော့
ဘယ်စိတ်ရှိတဲ့ပုဂ္ဂိုလ် ဘယ်လိုဦးနှောက်။

📘 Thus is at the Fast to Recover end of the
Resilience spectrum. Resilience ဆိုတာ
ကိုယ်ခံအားကောင်းတာ။

★ ကိုယ်ခံအားကောင်းလို့ အများအတွက်တွေးတဲ့ပုဂ္ဂိုလ်
အဆင်မပြေမှုနဲ့တွေ့တိုင်း သူက အလွယ်တကူ ခပ်မြန်မြန်ဆန်ဆန်
ပြန်ပြီးတော့ recover ဖြစ်တယ်တဲ့။
📘She maintains a positive outlook.

 ★ အရမ်းအရေးကြီးတယ် ဒီဟာ။ ဖြစ်နိုင်တယ်ဆိုတဲ့
အကောင်းမြင်ဝါဒ ဆက်လက်ထိန်းထားနိုင်တယ်။

★ တခါတခါ ရန်ကုန်မြို့ထဲမှာ ကိုယ်မကြိုက်တဲ့ စည်းမဲ့ကမ်းမဲ့ ကားသမားတစ်ယောက်နှစ်ယောက်နဲ့ သွားတွေ့ရင် တချို့က
စိတ်ဓါတ်တွေကျပြီးတော့ Facebook ပေါ်မှာ တက်ရေးတာ။
အဆိုးမြင်ဝါဒ ၀င်သွားပြီးတော့ ရန်ကုန် မြို့တစ်မြို့လုံးက
အဲလိုဖြစ်တဲ့ ပုံစံမျိုး တက်ရေးကြတယ်။

★ အမှန်ကတော့ ရန်ကုန်မြို့မှာ စည်းကမ်းပိုလိုက်နာတဲ့
ဒရိုင်ဘာပိုများပါတယ်။ သူများကို ကိုယ်ချင်းစာတဲ့ပုဂ္ဂိုလ်တွေ၊
ကိုယ်ချင်းစာတဲ့ပုဂ္ဂိုလ်က ပိုများပါတယ်။
အဲဒီလို အကောင်းမြင်ဝါဒရှိတဲ့ပုဂ္ဂိုလ်က
ရန်ကုန်မြို့ထဲမှာနေနေတာ စိတ်ထဲမှာ လုံလုံခြုံခြုံရှိမှာပေါ့၊
secure feeling ရှိမှာပေါ့။

★ အဲလိုမဟုတ်ဘူးဆိုရင် တွေ့တဲ့လူတိုင်းကို ကိုယ့်ရဲ့
အန္တရာယ်လို့မြင်ပြီးတော့ စိတ်ထဲမှာ insecure feeling
အလိုလိုဖြစ်နေတယ်၊ မလုံမခြုံဖြစ်နေတယ်။

★ သူများအတွက်တွေးတတ်တဲ့ ပုဂ္ဂိုလ်ကတော့
consciousness person - အကောင်းအဆိုးဂရုစိုက်တဲ့
ပုဂ္ဂိုလ်ဖြစ်တယ်။ အကောင်းအဆိုးက အမှားအမှန်ကို
ဂရုစိုက်တဲ့ပုဂ္ဂိုလ်။

★ ဥပမာ ကွမ်းဝါးတဲ့ပုဂ္ဂိုလ်က ကွမ်းဝါးသွားတယ်ဆိုရင်
အိမ်ကနေထွက်လည်း ကွမ်းဝါးသွားတယ်။
ဒါမှမဟုတ် လမ်းရောက်တဲ့အခါ ကွမ်းယာဆိုင်တွေ့တော့
ကွမ်းဝယ်ဝါးသွားတယ်။ အများအတွက်တွေးတဲ့လူကတော့
ငါ့ကွမ်းတံတွေး ဘေးပတ်ဝန်းကျင် မညစ်ပတ်အောင်
ငါ ဘယ်လိုလုပ်မှာတုန်း။

★ ကွမ်းတံတွေးထွေးဖို့အတွက် ဗူးသေးသေးလေးတွေ ယူသွားမယ်၊
သူကိုယ်သူ စောင့်ရှောက်တယ်၊ conscious ဖြစ်တယ်ဆိုတာက
အကောင်းအဆိုးဆိုတဲ့ အကျင့်စာရိတ္တအသိ မြင့်မားတယ်ပြောတာ။
မဟုတ်တာကို မလုပ်ဘူး၊ မဟုတ်တာ လက်မခံဘူး။

★ လက်မခံဘူးဆိုပြီး ပြဿနာဖြေရှင်းတဲ့နေရာမှာ ကရုဏာနဲ့
စိတ်ရှည်ရှည်ဖြေရှင်းတယ်။ ဒေါနဲ့မောနဲ့ ဖြေရှင်းတဲ့ပုဂ္ဂိုလ် မဟုတ်ဘူး။
ဘာနဲ့တူတုန်း ကျောင်းဆရာကြီးနဲ့ သူရဲ့ တပည့်လေးတွေ
မသိမလိမ်မာသေးတာ အဲဒီဟာကိုကြည့်ပြီးတော့
သနားတယ်။ ကရုဏာဖြစ်တယ်။

★ ကရုဏာဖြစ်တဲ့အခါကျတော့ ကရုဏာဆိုတာက သူက
အဖြေမှန်ရှာပေးတာ၊ ပြဿနာ ရှာပေးတာ မဟုတ်ဘူး။
အဲဒါ အဲ့ကျောင်းဆရာကြီးက သူ့ရဲ့တပည့်တွေကို
စိတ်ရှည်ရှည်နဲ့ စာသင်ပေးတယ်။

★ မိဘလည်း ဒီအတိုင်းပဲ ကရုဏာရှိတဲ့အတွက်ကြောင့်
သားသမီးတွေကို စကားပြော တစ်လုံးစီသင်ပေးတယ်။
လိမ်မာရေးခြားရှိအောင် အဲဒီဟာလည်း
သင်ပေးတယ်။ စိတ်ရှည်တယ်။

★ ဘာဖြစ်လို့တုန်း? သူများအတွက်တွေးလို့ အမေဆိုရင်
သားသမီးဆိုတဲ့ သူများအတွက်တွေးလို့။ ဆရာဆိုရင်လည်းပဲ
တပည့်ဆိုတဲ့ သူများအတွက် တွေးလို့။
အဲဒါကို “လောကတ္ထစရိယာ” လို့ခေါ်တယ်၊
ပါဠိလို လောကတ္ထစရိယာ။

★ ဘုရားအလောင်း ဘုရင်ဖြစ်တဲ့အချိန်ရှိတယ်၊ စစ်သူကြီးဖြစ်တဲ့
အချိန်ရှိတယ်၊ ပညာရှိကြီးဖြစ်တဲ့အချိန်ရှိတယ်၊
ရသေ့ကြီးဖြစ်တဲ့အချိန်ရှိတယ်၊
တိရစ္တာန်ဖြစ်တဲ့အချိန်တောင်ရှိတယ်။

★ နတ်ဖြစ်တဲ့အချိန်လည်းရှိတယ်၊ ဘာပဲဖြစ်ဖြစ်
ဘုရားအလောင်းစိတ်ဓါတ်က လောကတ္ထစရိယာ
အများအတွက် ကြိုးစားတယ်။ အများအကျိုးတွေးတယ်။
အများရဲ့ အကျိုးစီးပွားကို စိတ်ထဲမှာ နှလုံးသားထဲမှာ
အမြဲတမ်းထားတယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

Monday, February 24, 2020

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၅)

ကိုယ့်အကြောင်းတွေးတာများရင် မခံချင်တဲ့စိတ် 
မာနစိတ် ကြောက်စိတ်တွေ ဖြစ်တတ်တယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 
★ လန်ဒန်မှာ ဘုန်းဘုန်းရဲ့ဓမ္မစကူးလ်မှာ ကြာပါပြီ ဘုန်းဘုန်း 
အင်္ဂလန်ရောက်ခါစတုန်းက၊ ၉၆ခုနှစ်မှာ ရောက်တယ်ဆိုတော့ ဒီအဖြစ်အပျက်လည်း ၉ရခုနှစ်လောက် ၉၈ခုနှစ်လောက်က။ ကလေးမလေးတစ်ယောက် 
ငါးနှစ်ပဲရှိသေးတယ်၊ ဘုန်းဘုန်းကို I want to tell you something. တဲ့။ 
ဘုန်းဘုန်း ကို တစ်ခုခုပြောစရာရိိှတယ်။ 

★ What is it? ဘုရားခန်းထဲကြွခဲ့ပါဆိုတော့ ဘုရားခန်းထဲ
ရောက်တဲ့အခါကျတော့ တခြားကျောင်းသူကျောင်းသားတွေ 
အပြင်မှာပဲ ရှိသေးတယ်။ ဘုန်းဘုန်းကို Mom and dad fight မေမေနဲ့ ဖေဖေ 
ရန်ဖြစ်တယ်။ သူ့ဘဝမှာ တခါမှ မမြင်ဖူးဘူး သူ့အမေနဲ့သူ့အဖေရန်ဖြစ်တာ။ ပြောပြစရာလူမရှိဘူး စိတ်ထဲမှာ အရမ်းကို စိတ်ဖိစီးမှုဖြစ်နေတယ်။ 

 ★ အဖေနဲ့အမေ ရန်ဖြစ်တယ်ဆိုတော့ အမေကို သွားပြောရင်လည်းပဲ အမေက မျက်နှာမကြည်ဘူး၊ မပြောရဲဘူး။ အဖေကို သွားပြောရင်လည်း အဖေက မျက်နှာတည်တည်ကြီးနဲ့ မပြောရဲဘူး။ သူအားကိုးထိုက်တဲ့ ပုဂ္ဂိုလ် အဲဒီအချိန်မှာ နွေးထွေးတဲ့မျက်နှာ သူ့ကို မပေးနိုင်ဘူး။ ဒါ တစ်ဦးတည်းသောသမီး။ 

★ အဲဒါနဲ့ နောက် ဘုန်းဘုန်းက မိဘတွေခေါ်ပြီးမေးကြည့်တယ် 
တစ်ယောက်စီခေါ်ပြီး မေးကြည့်တယ်။ အဲဒါနဲ့ အမေလုပ်တဲ့သူက 
ဘာပြောတုန်းဆိုတော့ တခြားမကျေနပ်တာတွေ ရှိချင်ရှိမှာပေါ့ ဘုန်းဘုန်းကို ပြောပြတဲ့ဟာကတော့ ထမင်းစားပြီဆိုရင်တဲ့ ပန်းကန်တွေ မဆေးဘူးပေါ့ သူကပဲ အမြဲတမ်းဆေးရတာ။ အဲဒီစိတ်ဝင်လာတာ။ 

★ အမှန်ကတော့ အိမ်အလုပ်ကို ခွဲပြီးတော့ လုပ်လာတာ အဲဒီအချိန်အထိ 
အဆင်ပြေတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ မခံချင်တဲ့စိတ် သွားဖြစ်တယ်မသိဘူး 
မခံချင်တဲ့စိတ် ဖြစ်တာနဲ့ ကျန်တဲ့နေရာတွေမှာ သူက အပြစ်တွေကြည့်ဖြစ်ကုန်တာ။ ကြောက်စရာကောင်းတယ် လင်မယားကြားထဲမှာ။ 


★ မခံချင်တဲ့စိတ်က အတွေးကိုစောင်းစေတယ်။ 
အဲဒါတင်မကဘူး အလိုလိုနေရင်းနဲ့ အဲဒီလူတွေက isolation 
ကိုယ့်ကိုယ်ကိုယ် isolation သွင်းနေတယ်၊ isolate လုပ်နေတယ်။ 
ကိုယ့်ဟာကိုယ် အထီးကျန်အောင်လုပ်တယ်။ မကျေနပ်တဲ့စိတ် ရှိလို့။ 

★ ဘာဖြစ်လို့တုန်းဆိုတော့ မကျေနပ်တဲ့အချိန်မှာ ကိုယ်က 
negative ဖြစ်တဲ့အရာတွေပဲ တွေးတယ်၊ ကိုယ်မကျေနပ်တဲ့
ပုဂ္ဂိုလ်အကြောင်း ခဏခဏတွေးဖြစ်တယ်။ 

🔺သူ့အကြောင်းတွေးတိုင်းတွေးတိုင်း အမှန်ကတော့ ဘယ်သူကို 
အဓိကအာရုံပြုတုန်းဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံပြုတယ် 
self-centered ဖြစ်နေတယ်။ 

★ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုနေတယ်။ တွေးတာတော့ ကိုယ်မကျေနပ်တဲ့ 
လူအကြောင်းပြောတာ၊ ဒါပေမဲ့ ဗဟိုပြုတာ တကယ်အာရုံစိုက်တာ 
ဘယ်သူ့အာရုံစိုက်တုန်း ကိုယ့်ကိုယ်ပဲ အာရုံစိုက်တာ။ 
ငါ့ကို ဒီလိုပြောတယ်။ 

★ အဲဒီလိုမြင်ပြီးတော့ စိတ်ထဲမှာဖြစ်တဲ့ ဒဏ်ရာဒဏ်ချက်တွေကို 
မကုစားတော့ဘူး။ ကုစားမယ့်အစား အဲ့ဒီဒဏ်ရာဒဏ်ချက်တွေကို 
တမြတ်တနိုးသိမ်းထားတာ စိတ်ဒဏ်ရာဒဏ်ချက်တွေ။ 

★ အဲဒီလိုဖြစ်ရင် တခြားလူရဲ့ဒုက္ခကို ဒီလူတွေ မမြင်နိုင်တော့ဘူး။ ဥပမာ ကိုယ့်ကိုကျော်သွားတဲ့ကားက သူ့မှာ ဘာစိတ်ဒုက္ခရှိနေလို့တုန်း၊ 
ဆေးရုံသွားဖို့ လိုအပ်လို့လား? မွေးခါနီးလူနာ ပါလို့လား။ 
အဲ့ထဲမှာ တော်တော်နေမကောင်းတဲ့ လူနာ ပါလို့လား? 

★ အဲဒီလို ကိုယ်က သူတို့ကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ မတွေးနိုင်တော့ဘူး။ 
တကယ် ကိုယ်ချင်းစာတဲ့စိတ်နဲ့တွေးလိုက်ရင် သြော် သူတို့မှာ 
အရေးတကြီးလိုအပ်လို့ထင်တယ်။ အချိန်နောက်ကျနေလို့ထင်တယ်။ 
ဒါမှမဟုတ် ဆေးရုံသွားဖို့ လိုအပ်နေလို့ထင်တယ်။ 

★ အဲဒီလိုမျိုးကိုယ်က တွေးပေးရင် ဖြည့်ပြီးတွေးပေးနိုင်ရင် 
မခံချင်တဲ့စိတ် မဖြစ်ရုံတင် မကဘူး ကိုယ်ရဲ့စိတ်က သူ့ကို သနားပြီးတော့ သူအဆင်ပြေပါ့မလား? အဲဒီ မေတ္တာနဲ့ တွေးမိတယ်။ 

★ အဲဒီလို သူ့ရဲ့ပြဿနာ တွေးပြီးတော့ သူ့ကို ကရုဏာလေးနဲ့ 
တွေးလိုက်တယ်ဆိုရင် တကယ်လို့သူက ကိုယ့်ကိုကျော်သွားတဲ့နေရာမှာ 
ဒေါနဲ့မောနဲ့ ကျော်သွားတာကို သူရဲ့ဒေါသမောဟာ 
အပြုအမူတွေက ကိုယ့်ကို မထိခိုက်ဘူး။ 

★ ကိုယ့်ရဲ့ကရုဏာစိတ်က ကိုယ့်ကိုပြန်ပြီးတော့ ကာကွယ်ပေးပါတယ်။ 
ကိုယ့်ရဲ့ သတိတရားက ကိုယ့်ကို ပြန်ကာကွယ်ပေးတယ်။ 
အဲဒါ သတိသံဝရ - Mindfulness as protection, 
Compassion as protection. 

★ ကိုုယ့်ကိုကျော်သွားတဲ့လူ အဲဒီလူကို မကျေနပ်တဲ့စိတ် မဖြစ်ဘူး၊ 
သူ့ကိုကြောက်တဲ့စိတ်လည်း မဖြစ်ဘူး။ ကြောက်မယ့်အစား 
သူအဆင်ပြေပါ့မလား၊ အဲလိုတောင် သွားပြီး တွေးမိသေးတယ်။ 

★ ရွေးချယ်စရာ စိတ်ထားနှစ်ခုရှိတယ်။ ဒီနေရာလေးမှာ။ 
တစ်ခုက သူရဲ့ပြဿနာကို ကြည့်ပြီးတော့ ကရုဏာစိတ်ထားတာ။ 
နောက်တစ်ခုကတော့ သူ့အကြောင်းကိုမတွေးဘူး 
ကိုယ့်အကြောင်းကိုပဲ တွေးတယ်။ 

🔺 ငါ့ကို ဒီလို ကျော်သွားရမလား၊ ငါ့ကို ဒီလို 
မလေးမစားလုပ်ရမလား ဆိုပြီး အဲဒါကျတော့ 
self-centered ကိုယ့်အကြောင်းကို ကိုယ်တွေးနေတာ။ 

★ အဲဒါကြောင့် ကိုယ့်အကြောင်းတွေးတာများရင် 
တရားနာပရိတ်သတ်တို့ မခံချင်တဲ့စိတ်တွေဖြစ်မယ်၊ 
မာနစိတ်တွေဖြစ်မယ်၊ ကြောက်စိတ်တွေဖြစ်မယ်။ 

🍃ကိုယ့်အကြောင်းလျော့တွေးပြီးတော့ သူများအကြောင်း 
ပိုတွေးတဲ့ပုဂ္ဂိုလ်ကျတော့ စိတ်ခံစားမှု ပိုပြီးတော့ ကျန်းမာတယ်။ 

★ ကိုယ့်ကိုကျော်သွားတဲ့လူက တမင်သက်သက် ကိုယ့်ကို 
မခံချင်အောင်လုပ်တာတောင် ကိုယ့်စိတ်ထဲမှာ မခံချင်တဲ့စိတ် မဖြစ်ဘူး။ 
🔺သူကနေ ကိုယ့်ကို ရွှံ့ညွန်လက်ဆောင်လာပေးတယ်ဆိုပါတော့။ 
ကိုယ်က မယူတဲ့အခါမှာ ကိုယ့်ကလည်း မပေဘူးပေါ့။ 
🔺 အဲ့ရွှံ့ညွှန်အတွက် ဒေါသစိတ် သူ့လက်ထဲမှာပဲရှိတယ်။ 
သူ့နှလုံးသားထဲမှာပဲ ရှိတယ်။ သူကပဲ ပေတာ။ ။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

Sunday, February 23, 2020

ဗုဒ္ဓဘာသာ၏ အမြင့်ဆုံးမျှော်မှန်းချက်

ခန္တီပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။ 
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။ 

★ နံပါတ်(၁)က သည်းခံမှု “ခန္တီတရား” အမြင့်ဆုံးကျင့်စဉ်ဖြစ်ပါတယ်တဲ့။ 
နိဗ္ဗာန်က အမြင့်ဆုံးချမ်းသာကို ဖြစ်တယ်။ သူတစ်ပါးကိုလည်းပဲ မသတ်ဖြတ်နဲ့၊ 
"န ဝိဟေဌယန္တော" သူတစ်ပါးကို မနှိပ်စက်နဲ့ ၊ တနည်းအားဖြင့်ပြောမယ်ဆိုရင် ဒီဒုတိယနှစ်ချက်က အကြမ်းမဖက်နဲ့လို့ (Non-violence)၊ 

★ အဲတော့ လေးချက်ကို သုံးချက်ဖြစ်အောင် အကျဉ်းချုံးမယ်ဆိုရင် -
 နံပါတ်(၁)က သည်းခံစိတ် များများမွေးပါ၊ ဗုဒ္ဓတရားတော် သည်းခံစိတ်။ အစားအသောက်စိတ်တိုင်းမကျရင်လည်း သည်းခံပါ။ ရာသီဥတု အေးလွန်းတယ်၊ 
ပူလွန်းတယ်၊ မိုးရွာလွန်းတယ် အဲဒါလည်း သည်းခံပါ။ 

★ အလုပ်သွားတဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေ ကိုယ်နဲ့လုပ်ပုံကိုင်ပုံ 
နည်းနည်းကွာတာ ရှိရင်ရှိမယ်။ အတွေးအခေါ်ကွာတာ ရှိရင်ရှိမယ် 
အဲဒါလည်း သည်းခံပါ။ စရိုက်ကွာတာ ရှိရင်ရှိမယ် အဲဒါလည်း သည်းခံပါ။ 
နေရာတိုင်းမှာ သည်းခံမှု ခန္တီတရား။ 

★ “ခန္တီတရား” က အမြင့်ဆုံးကျင့်စဉ်၊ “နိဗ္ဗာန်” က အမြင့်ဆုံးပန်းတိုင်၊ 
နောက်ပြီးတော့ အကြမ်းမဖက်တဲ့ အကျင့်။ ဒီအကျင့်ကို ကျင့်တယ်ဆိုရင် 
ရဟန်းပီသပြီ၊ အကြမ်းမဖက်ရင် ရဟန်းပီသပြီ။ 
အဲတော့ ဝိနည်းသိက္ခာပုဒ်တွေ တစ်ခုစီတစ်ခုစီ မြတ်စွာဘုရားက 
ဟောမထားဘူး။ အဲလို ဟောမယ့်အစား သည်းခံပါ အကြမ်းမဖက်နဲ့၊ 
နိဗ္ဗာန်ဆိုတာကတော့ စိတ်ကို ငြိမ်းချမ်းအောင်လုပ်ပါ။ 

★ နိဗ္ဗာန်ကဘာတုံးဆိုပြီး ဒီလိုပဲဆွေးနွေးကြတယ်။ ဒီနေ့ည ဘုန်းဘုန်း 
နားလည်သလောက် ပြောပြမယ်ဆိုရင် ခါတိုင်း အလုပ်သွားတဲ့အခါမှာ (၅)ရက်အလုပ်သွားတဲ့အခါမှာ တစ်နေ့ကို (၅)ကြိမ် ဒေါသဖြစ်တယ်ဆိုရင် ဘယ်နှစ်ကြိမ်ဖြစ်သွားတုန်း (၅)ရက်ဆိုတော့(၂၅)ကြိမ်ဖြစ်တယ်။ 

★ အဲတော့ ဒါကို မှန်မှန်ကန်ကန်နုလုံးသွင်းပြီးတော့ အော် ဒေါသဆိုတာ 
မကောင်းဘူး ငါ ဒေါသဖြစ်ရင် ငါ စိတ်ဒုက္ခဖြစ်တယ် သူတစ်ပါးလည်း 
စိတ်ဒုက္ခဖြစ်တယ်။ တခြားသူက ဒါသဖြစ်ရင်လည်း သူလည်း 
စိတ်ဒုက္ခဖြစ် ငါလည်း စိတ်ဒုက္ခဖြစ်တယ်။ 

★ မြတ်စွာဘုရားက ဒေါသကို ဒုက္ခအနေနဲ့ကြည့်ပြီးတော့ အဲ့ဒေါသကို 
manage လုပ်တယ် ကိုင်တွယ်တယ်ဆိုရင် ဒုက္ခအနေနဲ့ မြင်ရမယ်။ 
(၂၅)ကြိမ်ကနေ အကြိမ်(၂၀)လောက်ပဲ ရှိသွားရင် နိဗ္ဗာန်နဲ့ 
နည်းနည်းလေးပိုနီးသွားတာပေါ့။ 

★ ဘေးကလူတွေ သူတို့အမူအရာ ပြောင်းပြောင်းမပြောင်းပြောင်း 
သူတို့ရဲ့စိတ်သဘောထား ပြောင်းပြောင်းမပြောင်းပြောင်း နောက်ပိုင်းကြ 
ကိုယ်ကြိုးစားမှုတွေ ကိုယ်ရဲ့ EQ ကမြင့်လာပြီး Emotion Management ,
 Anger Management ဆိုတာတွေ အဲဒါတွေ မြင့်လာပြီးတော့ 
သူတို့ဘာပဲပြောပြော ကိုယ့်စိတ်ချမ်းသာမှု မထိခိုက်တော့ဘူး။ 

တခါမှ ဒေါသမဖြစ်တော့ဘူး ဘယ်သူဘာပဲပြောပြော ဒေါသမဖြစ်တော့ဘူး 
ဒါ နိဗ္ဗာန်ရဲ့အရသာ နည်းနည်းခံစားရပြီ။ အမြစ်ပါပြတ်သွားရင်တော့ 
အနာဂမ်အဆင့်ရဲ့နိဗ္ဗာန်ကို ခံစားရတာပေါ့ ဒေါသငြိမ်းသွားပြီတော့ 
ဟုတ်တယ်မို့လား။ 

★ နိဗ္ဗာန်ဆိုတဲ့ဟာက ဒါ မြောက်ဥက္ကလာမြို့နယ်ဆို တခြားနိဗ္ဗာန်
ဆိုတဲ့မြို့တစ်မြို့ အဲလိုမဟုတ်ဘူး။ ကြားဖူးတယ်မို့လား နိဗ္ဗာန်ရွာ 
ပဲခူးသနပ်ပင်ဘက်မှာရှိတယ် ဘုန်းဘုန်းက ပဲခူးနေခဲ့တာ။ 
ပဲခူးသနပ်ပင်မှာ နိဗ္ဗာန်ရွာဆိုတာရှိတယ်။ 

★ ခုခေတ်ကြတော့ ကြောက်စရာတောင်ပိုကောင်းသေးတယ် 
တချို့ကားတွေကို ဘာယာဉ်လို့ခေါ်တုန်း နိဗ္ဗာန်ယာဉ် ကြောက်စရာပိုကောင်းတယ်၊ 
နိဗ္ဗာန်ယာဉ် ဘယ်သူမှမစီးချင်ဘူး။ ဟုတ်တယ်မို့လား ဘယ်သူမှ မစီးချင်ဘူး။ 
 အဲတော့ အဲလိုယာဉ်မျိုးကို နိဗ္ဗာန်ယာဉ်လို့ သွားပြီးတော့ 
နာမည်ပေးတဲ့အခါကြတော့ နိဗ္ဗာန်သိက္ခာကျတာပေါ့။ 

★ အဲတော့ စိတ်ထဲမှာ Negative emotion တွေ negative ဖြစ်တယ် အနုတ်လက္ခဏာဆောင်တဲ့ ဒီစိတ်ခံစားမှုမျိုတွေ လုံးဝ 
မဖြစ်တော့ဘူးဆိုရင် အဲဒါ နိဗ္ဗာန်ပဲ။ 

★ “နိဗ္ဗာန” ဆိုတာက နိ + ဗာန, (နိ + ဝါန) စကားလုံးနှစ်လုံးကို ပေါင်းထားတာ။
 ‘နိ’ က မရှိတော့တာ။ ‘ဝါန’ က အဲဒီလို တုန့်ပြန်တတ်တဲ့ဟာ 
Negative emotion တွေကို တုန့်ပြန်တတ်တဲ့ဟာ လိုချင်တာမရရင် 
တုန့်ပြန်တဲ့ဟာ၊ မကြိုက်တာတွေ့ရင် တုန့်ပြန်တဲ့ဟာ 
Emotional reaction ခေါ်တယ်။ အဲဒီတုန့်ပြန်မှုတွေ မရှိတော့ဘူး။ 
အဲဒါကို နိဗ္ဗာန်ခေါ်တာ။ ဒီမှာနေရင်းနဲ့ အဲဒီနိဗ္ဗာန်ရနိုင်တယ်။ 

★ “ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာ” ဆိုတဲ့ - ဒိဋ္ဌိကတော့ အမြင်မှားတယ်ဆိုတာ 
ဒါက IQ နဲ့ ပတ်သက်တယ်။ မဟုတ်တာကို ဟုတ်တယ်ထင်၊ မရှိတာကို 
ရှိတယ်ထင်၊ ရှိတာကို မရှိဘူးထင် အဲဒါတော့ IQ နဲ့ ပတ်သက်တယ်။ 
အဲဒီနေရာ ကိုယ်ကမှန်သွားပြီဆိုရင် စာစကားနဲ့ပြောရင်တော့ ဒိဋ္ဌိပြုတ်ပြီ။ 

★ ဒိဋ္ဌိပြုတ်ပြီးတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ် မြတ်စွာဘုရားရဲ့ 
ဟောထားတဲ့တရားတွေ အဲဒါတွေကို သံသယမရှိတော့ဘူး ဒိဋ္ဌိ နဲ့ 
ဝိစိကိစ္ဆာ ပြုတ်သွားတယ်။ အဲဒီပုဂ္ဂိုလ်က သောတာပန်အဆင့်အနေနဲ့ 
နိဗ္ဗာန်ကိုခံစားရတယ်။ ဒီဘဝမှာတင် ခံစားရတယ် 
အသက်ရှင်နေရင်းနဲ့ ခံစားရတယ်။ 

★ အဲလို အတွေ့အကြုံမျိုး၊ အဲလို experience မျိုး၊ အေးချမ်းတဲ့ 
experience မျိုး IQ က purify ဖြစ်သွားတယ် အရမ်းအဆင့်မြင့်သွားတယ်
 EQ ကလည်း အဆင့်မြင့်သွားတယ်။ Negative ဖြစ်တာ ဘာမှမဖြစ်တော့ဘူး။ 
အားလုံးသိတဲ့ စကားလုံးတွေပြောရင် IQ နဲ့ EQ ကို “ကိလေသာ” က 
လာပြီးတော့ မနှောင့်ယှက်နိုင်တော့ဘူး။ အဲဒီအနေအထားရှိတဲ့ 
ပုဂ္ဂိုလ်ကို ဒါ နိဗ္ဗာန်လို့ခေါ်တယ်။ 

★ အဲဒီ နိဗ္ဗာန်ရဲ့ အတွေ့အကြုံ “နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ” အဲဒီဟာက ဗုဒ္ဓတရားတော် ဗုဒ္ဓဘာသာအားလုံးရဲ့ #Ideal အမြင့်မားဆုံးရည်ရွယ်ချက် (Aspiration)။ 
အဲတော့ ဘုန်းဘုန်းတို့ရဲ့ အမြင့်မားဆုံး ရည်ရွယ်ချက်ကဘာတုန်းဆိုတော့ 
ကျင့်စဉ်အနေနဲ့ဆိုရင် သည်းခံမှု အကြမ်းမဖက်မှု၊ ပန်းတိုင်အနေနဲ့ဆိုရင် နိဗ္ဗာန်။ 

★ နိဗ္ဗာန်ဆိုတာက negative emotion တွေလုံးဝချုပ်ငြိမ်းသွားပြီးတော့
 positive တွေပဲကျန်တော့တယ်။ “မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ” အဲဒါတွေပဲ ကျန်တော့တယ်။ ကိုယ့်ကို ဒေါသနဲ့ပြောတဲ့သူ ကိုယ့်ကို မနာလိုဝန်တိုတဲ့လူ အဲလူတွေအားလုံးကိုလည်း ကရုဏာနဲ့ပဲကြည့်။ 
Positive emotionပဲဖြစ်တော့တယ်။ 

ဒါ ငြိမ်းချမ်းမှုတမျိုးပဲ။ ဒီငြိမ်းချမ်းမှုက မြဲတယ် မမြဲဘူးပဲ ကွာတယ်ပေါ့။ 
မြဲတယ်ဆိုရင် ‘နိယတာ ဓမ္မာ’ ဆိုတာ အဘိဓမ္မာထဲမှာပါတယ် သူရဲ့အတွေ့အကြုံက
 မြဲသွားပြီ။ အဲဒါတော့ နိဗ္ဗာန်အစစ်ဖြစ်သွားပြီ။ 
ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ

Saturday, February 22, 2020

Compassion က Sympathy, Empathy ...ပေါင်းလို့ ရပါသလား?

Compassion က Sympathy, Empathy အားလုံးပေါင်းထားတာလို့
ပြောလို့ရပါသလား?(ဓမ္မအမေးအဖြေ) 👨

မေး။ ။ တပည့်တော်တို့ ဆေးကျောင်းဆောင်ပုဒ်မှာ 
“ဥပဋ္ဌာနံ အနုကမ္ပာ ဒယာ” ဆိုတာ ရှိတယ်။ Compassion ပေါ့ ဘုရား။ 
ကရုဏာအတွက် Compassion က Sympathy, Empathy 
အားလုံးပေါင်းထားတာလို့ ပြောလို့ရပါသလား ဘုရား။ 

 🕯ဖြေ။ ။ ★ ဆရာကြီးမေးတဲ့မေးခွန်းကိုလေ ဘုန်းဘုန်း ဒီစာအုပ် ၅အုပ်ကို 
အခြေခံပြီးတော့ ပြောမယ်။ ဒါ အခုနောက်ဆုံး scientist တွေရဲ့ definition ပါ။ 
Sympathy, Empathy, Compassion အဲဒီဟာက မြန်မာနိုင်ငံက 
ဆေးကျောင်းတွေမှာရှိတဲ့ “ဥပဋ္ဌာနံ အနုကမ္ပာ ဒယာ” နဲ့ ဘယ်လိုဆက်စပ်တုန်း။ 
Compassion = Empathy + Action 
Empathy = Feeling Sympathy = Understanding 

★ ဒီဟာ ဘုန်းဘုန်း လေးငါးနှစ်ကြာပါတယ်။ စာတွေလိုက်ဖတ်တာ 
အင်တာဗျူးတွေလုပ်တာ။ Sympathy နဲ့ Empathy ဘယ်လိုကွာတုန်းဆိုတာ တရားပွဲတော်တော်များများမှာ ရှေ့ပိုင်းမှာ ဘုန်းဘုန်း မေးခံရတယ်၊ 
ဘုန်းဘုန်း မဖြေနိုင်ပါဘူး။ အဲဒါကို ဆက်လက်ပြီးတော့ လေ့လာသွားမယ် 
ဒီလိုပဲ ဖြေခဲ့တယ်။ ဘုန်းကြီးတွေရော နောက် ဆေးကျောင်းမှာရော။ 

★ အခုကျတော့ အောက်စဖို့ဒ်တက္ကသိုလ် Department of Philosophy မှာ 
doctorate dissertation တစ်ခု သူကတော့ Empathy အကြောင်းလုပ်တယ်။ 
သူက ဖြစ်ချင်တော့ ဘုန်းဘုန်းတို့ကျောင်းမှာ တရားလာထိုင်တယ်။ 
သူဆီကနေ ရတဲ့အတွေး၊ နောက်ပြီးတော့ ဒီစာအုပ်တွေ ပြန်ပြီးတော့ 
တရားထိုင်တဲ့ပုဂ္ဂိုလ်တွေကို neuroimaging လုပ်တဲ့ သုတေသနတွေ 
ဒီထဲမှာ အဲဒီကနေ ဒီဟာ ဘုန်းဘုန်း ပြောပြမယ်။ Sympathy က 
Understanding တဲ့။ Empathy က Feeling တဲ့။ 
Compassion က Empathy + Action. 

★ လူတစ်ယောက် ဗိုက်အောင့်နေတာ “အော် သူ ဗိုက်အောင့်နေတယ်”
 အဲဒါကို နားလည်ပြီးတော့ သူ့ကို ဥပမာ “ရတယ် ဒီဟာ မလုပ်နဲ့ နားပါ” 
ဒါ understanding ၊ ဒါ Sympathy လို့ ပြောတယ်။ 
အခုလောလောဆယ် latest သူတို့ပြောတဲ့ဟာ။ 

★ Empathy ကျတော့ အဲ့ဒီထက်ပိုပြီးတော့ မြင့်တယ်တဲ့။ 
အဲ့ဒါကျတော့ သူခံစားသလို ကိုယ်ကခံစားဖို့အတွက် ကိုယ့်ရဲ့ mindfulness 
ကိုယ်ရဲ့ attention ကို ကိုယ် direct လုပ်တယ်။ Empathy center သီးသန့်ရှိတယ်၊ 
insula တို့ ACC တို့ အဲ့ဒီ center တွေကို activate လုပ်တယ်။ 

★ Compassion ကျတော့ Feeling လုပ်ရုံတင်မကဘူး၊ အဲ့ပြဿနာအကြောင်း 
ပိုတွေးပြီးတော့ အဲဒီပြဿနာရဲ့ impact သူတို့အသုံးပြုတဲ့ စကားလုံးက 
suffering အသုံးပြုတယ်၊ ဒုက္ခဆိုတဲ့ စကားလုံး အသုံးပြုတယ်။ 
အဲ့ suffering ကို relief လုပ်ချင်တာတဲ့ ဖြေရှင်းပေးချင်တာ။ 

★ မနက်က ပြောပြတဲ့ “ပရဒုက္ခ ပနယနာကာရပ္ပဝတ္တိလက္ခဏာ” အဲဒါလေး။ 
အဲဒါကြောင့် degree အနေနဲ့ဆိုရင် ဒီလို up ပါတယ်။ 
Compassion က အမြင့်ဆုံးပဲ။ Compassion ထဲမှာ 
Sympathy နဲ့ Empathy ပါပြီးသား။ 

★ အဲဒါကြောင့် ဘုန်းဘုန်း ဒီလာခါနီးမှာ အဲ့ဒီ Philosophy 
ကျောင်းသားက ဘုန်းဘုန်းကို ဘာသင်ပေးတုန်းဆိုတော့ 
You should empathize before you sympathize. 

★ Sympathize နားလည်တယ်ဆိုတာက တကယ်နားလည်လား? 
Empathizing လုပ်ပါတဲ့။ သူရဲ့ ခံစားချက်ကို ကိုယ်က 
Put yourself in their shoes. အဲဒါလေး လုပ်ကြည့်ပါ။ 

★ ဆိုလိုတာက emotion ကို အဓိကထားပါ။ 
ဒီဟာ (empathy) လုပ်နိုင်တယ်ဆိုရင် ဒီဟာ (sympathy) က 
ပါပြီးသားလို့ ပြောချင်တာ။ 

★ Compassion ကျတော့ ဗုဒ္ဓတရားတော်ရဲ့ Philosophy တစ်ခုအနေနဲ့
ပြောမယ်ဆိုရင် interconnectedness အဲဒီဟာလေးပါတယ်၊
 interconnectedness က သူက အဲဒီလို ဗိုက်အောင့်တယ်ဆိုရင် 
ဗိုက်အောင့်တဲ့ဟာက တကယ်လို့ အဲ့ဒီဗိုင်းရက်စ် က transmittable 
ဖြစ်တယ်ဆိုရင် ဒါ လူအများကြီး ဖြစ်နိုင်တယ်။ 

★ သူ့ရဲ့ ဝေဒနာကို ခံစားပေးတဲ့ စိတ်နဲ့တင်မကဘူး၊ တခြားလူတွေကိုပါ 
သနားတဲ့စိတ် အဲ့စိတ်ပါတွေးထား၊ အဲဒါဆိုရင်တော့ compassion ဖြစ်တယ်။ 
ဒါဆိုရင် သူက action ဖြစ်ဖို့အတွက် အရမ်းကိုအားကောင်းသွားပြီ။ 

★ ဒါဖြင့် ဆေးကျောင်းတွေမှာရှိတဲ့ စကားလုံးသုံးလုံး၊ ဒီမှာရှိတာကတော့ 
အဲဒီ logo ထဲမှာ ရှိတဲ့ဟာကို ဆရာကြီးတို့ဖတ်တာက အပေါ်ကနေ စဖတ်တယ်။ 
ဘုန်းဘုန်းက အောက်က စဖတ်ပြမယ် process အနေနဲ့။ ဆရာကြီးတို့ 
အပေါ်ကနေ စဖတ်တယ် အပေါ်ကနေ စဖတ်တော့ ဘာဖြစ်တုန်း? 
“ဥပဋ္ဌာက”၊ ပြီးတော့ “အနုကမ္ပ”၊ ပြီးတော့ “ဒယာ”။ 

★ မြန်မာနိုင်ငံရဲ့ ဆေးကျောင်းတိုင်းရဲ့ logo မှာပါတဲ့ ပါဠိစကားလုံး သုံးခု။ 
ဥပဋ္ဌာက က #တကယ်ပြုစုတာ လက်တွေ့ပြုစုတာ၊ အနုကမ္ပ က 
ကိုယ်ချင်းစာတာ၊ ဒီမှာ Empathy ပုံစံမျိုးထားတာ။ ဒယာ က လူလူချင်း ညှာတာထောက်ထားသောအသိ (Humanity ပါ ဘုရား) Humanity က 
အဲဒါက interconnectedness ကိုပြောတာ။ 

★ အဲဒီ ပါဠိစကားလုံးတွေကို ဘာသာပြန်တာ ဒါ ဘုန်းဘုန်းက မှားတယ်လို့ 
မဆိုလိုပါဘူး၊ ဘုန်းဘုန်းက အဲဒါ စိတ်ဝင်စားတယ်။ 
“ဒယာ၊ အနုကမ္ပာ၊ ဥပဋ္ဌာက” - ဒယာ ဆိုတာက ကိုယ်ချင်းစာတာ၊ 
သနားတယ်ပေါ့နော် အရပ်စကားနဲ့ ပြောရင် 
သနားတယ် ကိုယ်ချင်းစာတယ်။ 

★ သနားတယ်ဆိုတဲ့ စကားက အရမ်းကို connotation များတဲ့အခါကျတော့ 
ဘုန်းဘုန်းက ခဏခဏ မသုံးဘူး။ အပေါ်ကလူက အောက်ကလူကို 
သနားတဲ့ပုံစံဖြစ်နေတယ်။ အပေါ်ကလူက ပြဿနာ သိပ်မရှိဘူး၊ 
အောက်ကလူပဲ ပြဿနာရှိတယ်။ ဒါကြောင့် သူ့ကို သနားတယ်ပေါ့။ 

★ အဲဒီ ပြဿနာက localized ဖြစ်နေတယ်။ သူ့ပြဿနာ ကိုယ်နဲ့ ဘာမှ 
သိပ်မဆိုင်ဘူး interconnectedness မဖြစ်ဘူး။ 
သူက နိမ့်နေလို့ status အရ သူ့ကို သနားတယ်။ 

★ လူ့လောကမှာ အဲ့ connotation ရှိလို့ ပြဿနာနည်းနည်းရှိတယ်။ 
ဒါက class minded ဖြစ်တဲ့နေရာတွေမှာ ဖြစ်ပြီးတော့ ဘုန်းဘုန်းတို့ဆီ 
ရောက်လာတယ်။ အမှန်ကတော့ ဗုဒ္ဓရဲ့အမြင်နဲ့ကြည့်ရင်တော့ 
လူတိုင်းလူတိုင်းက သနားစရာတွေ အများကြီးပဲ။ 

★ ဘုန်းဘုန်းတို့ ဒီမှာ တနေကုန်ထိုင်နေတယ် လူတိုင်း ညောင်းတာပဲ။ 
ပါချုပ်ကြီးကနေ စပြီးတော့ ပထမနှစ်ကျောင်းသားကျောင်းသူတွေအထိ 
ညောင်းတာ၊ တရားဟောတဲ့ ဘုန်းကြီးလည်း ညောင်းတာ ပြောမနေနဲ့။ 
အဲတော့ အကုန်လုံး သနားစရာတွေဖြစ်နေတာ ညောင်းတာ
တစ်ခုပဲကြည့် အကုန်လုံး သနားစရာတွေဖြစ်နေတယ်။ 

★ ဘုန်းဘုန်းက ဒီမှာ တရားဟောနေလို့လေ lecture ပေးနေလို့ အိပ်ငိုက်လို့ မရဘူး။ 
ဘုန်းဘုန်း အဲ့မှာထိုင်ရင် ဘုန်းဘုန်းလည်း အိပ်ငိုက်မှာပဲ။ 
“ဒယာ” ဆိုတာက သနားတယ်။ “အနုကမ္ပာ” ကျတော့ တုန်လှုပ်တာတဲ့။ 
အနုကမ္ပာ စကားလုံးက #တုန်လှုပ်တာ။ 

★ အင်္ဂလိပ်လိုက I feel moved. I feel suffering. I am suffering. Moved ဖြစ်တာ နှလုံးသားက တုန်လှုပ်သွားတာ။ ဒီတုန်လှုပ်တဲ့ဟာက လောကဓံတုန်လှုပ်တဲ့ဟာနဲ့ 
မတူဘူး။ လောကဓံ (၈)မျိုးနဲ့ တွေ့ပြီးတော့ တုန်လှုပ်တဲ့ဟာက 
အဲဒါ self-centered ဖြစ်ပြီးတော့ တုန်လှုပ်တာ။ 
ငါ ငါ ဆိုပြီးတော့ တုန်လှုပ်တာ။ 

★ ကောင်းတဲ့လောကဓံနဲ့ တွေ့ရင် ငါ တော်တယ်ဆိုပြီး တုန်လှုပ်တာ။ ဆိုးတဲ့လောကဓံနဲ့တွေ့ရင်လည်း ကြောက်စိတ်တွေဖြစ်ပြီးတော့ 
တုန်လှုပ်သွားတာ။ ဒီတုန်လှုပ်မှုကျတော့ အနုကမ္ပ ကျတော့ မဟုတ်ဘူး တခြားလူတွေရဲ့ဒုက္ခကိုကြည့်ပြီးတော့ တုန်လှုပ်တယ်ဆိုတော့ 
ကရုဏာနဲ့ တုန်လှုပ်တာ။ 

★ အဘိဓမ္မာနဲ့ပြောရင် ဒီတုန်လှုပ်တာတော့ ကုသိုလ်စိတ်နဲ့ 
တုန်လှုပ်တာ။ လောကဓံနဲ့တွေ့တဲ့အခါ ဖြစ်တဲ့တုန်လှုပ်မှုက အကုသိုလ်စိတ်နဲ့ 
တုန်လှုပ်တာ။ ဒီတုန်လှုပ်မှုနှစ်ခုက မတူပါဘူး။ 

★ မြန်မာပြည်မှာတော့ ဘုန်းဘုန်း ဒီဟာ မဟောရသေးဘူး၊ စင်ကာပူမှာတော့ 
တုန်လှုပ်မှုနှစ်မျိုး ဒီဟာကို Psychology ရှု့ထောင့်ကနေ ဟောပြီးသွားပြီ။ 
အဲဒီလို တုန်လှုပ်ပြီးရင် ဘာလုပ်တုန်းဆိုတော့ “ဥပဋ္ဌာက” - Action ပါတယ်၊
 ဥပဋ္ဌာက - ပြုစုတယ်ဆိုတော့ action ပါတယ်။ 

★ ဒါကြောင့် ဒါက Compassion process မှာ Compassion မှာ 
ဒီသုံးခုစလုံးပါတယ်။ ဒီ(ဒယာ)ကနေ စတယ်၊ ဒီ(အနုကမ္ပာ) သွားတယ်၊ 
ဒီမှာ actionable ဖြစ်လာတယ် ဥပဋ္ဌာက။ 

★ ဥပဋ္ဌာက စကားလုံးတစ်ခုက အထောက်အပံ့ပေးတယ်၊ assist ပေးတယ်၊ 
တစ်ခုက ကူညီတယ်၊ အမျိုးမျိုးပဲ ဘာသာပြန်တာ။ အဲဒီ ဘာသာပြန်တဲ့ဟာ အကုန်လုံးမေ့လိုက်ရင် #ဥပဋ္ဌာက ဆိုတာက လက်တွေ့ကူညီတာ။ 

 ★ အခု scientist တွေ ပြောတဲ့ဟာနဲ့ဆိုရင် “ဥပဋ္ဌာက” ဖြစ်မှပဲ Compassion 
ဖြစ်တာ၊ “ဥပဋ္ဌာက” မဖြစ်ရင် ဒီမှာ “အနုကမ္ပ” ဆိုရင်တော့ ဘုန်းဘုန်းတို့က 
Empathy လို့ ပြောနိုင်တယ်။ “ဒယာ” ကို Sympathy လို့ ပြောနိုင်တယ်။ 
ဒါ ဒီတိုင်း upward အနေနဲ့ သုံးရင်။ 

 ★ အဲဒါကြောင့် ဒီက forefather တွေ သူတို့ အဲဒီစကားလုံးသုံးလုံးကို 
ထည့်တုန်းက သူတို့ရဲ့ အိုင်ဒီယာ၊ သူတို့ရဲ့ understanding က ဘယ်လိုတော့ မသိဘူး၊ 
ဘုန်းဘုန်း ဖတ်တာတော့ အဲလို ဖတ်တယ်၊ အောက်ကနေ စဖတ်တယ်။ 
ဒယာ၊ အနုကမ္ပာ၊ ဥပဋ္ဌာက။ 

★ ဟိုမှာ ဆရာကြီးတို့ အဲဒါကို ပြန်ပြီးတော့ အဓိပ္ပါယ်ပြန်ထားတာတော့ 
ဒီတိုင်း (ဥပဋ္ဌာက၊ အနုကမ္ပာ၊ ဒယာ) ဖတ်တယ်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၄)

မခံချင်တဲ့စိတ်ဖြစ်လာရင် သတိတရလေးနဲ့ ဆုံးမပါ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၄) 
★ မခံချင်တဲ့စိတ် ဥပမာ ကားမောင်းသွားတယ် လူတစ်ယောက်က 
သူ ဘာအရေးရှိလည်း မသိဘူး၊ ကိုယ့်ရှေ့ကနေ တခါတည်း 
ဖြတ်တက်သွားတယ်။ အဲလိုဖြစ်ရင် တော်ရုံတန်ရုံကားသမားဆိုရင်တော့ 
မခံချင်တဲ့စိတ် ဖြစ်သွားပြီ။ မခံချင်တဲ့စိတ်ဖြစ်ပြီးတော့ ဘာလုပ်တုန်း? 

★ အဲ့ကားနောက်ကို လိုက်ပြီးတော့ သူ့ကို ပြန်ပြီးတော့ ကိုယ်က 
ကျော်ပြတယ်။ အဲဒီလိုလုပ်ဖို့အတွက် လိုအပ်သလား? 
မခံချင်တဲ့စိတ် တစ်ခုတည်းနဲ့ လုပ်တယ်။

 🔺အဲဒီလိုလုပ်ဖို့အတွက် လိုအပ်သလား? အဲဒီလိုလုပ်တဲ့အခါမှာ မခံချင်လို့ 
သွားပြီးတော့ ကျောက်တက်တယ် ဒီကားသမား 
သူဆုံးဖြတ်ချက်တွေ မှားတတ်တယ်။ 

★ ဘယ်ဂီယာ နင်းရမှာတုန်း၊ ကျော်မလား၊ သူ့ရှေ့မှာ နေမလား၊ 
အဆုံးအဖြတ်တွေ မှားတတ်တယ်။ 

★ အဲဒါကို Neurologist တွေ ဦးနှောက်ပိုင်းဆိုင်ရာ 
ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ တရားထိုင်တဲ့ပုဂ္ဂိုလ်နဲ့ တရားမထိုင်တဲ့ပုဂ္ဂိုလ်တွေ ဦးနှောက်ချင်းနှိုင်ယှဉ်တာ ဒီဟာတွေ့တယ်။ 

 ★ အဲဒါကြောင့်မို့လို့ အကြောက်တရားတိုံ့စိတ်ဆိုးမှုဒေါသတို့ 
မခံချင်စိတ်တို့ အဲဒီစိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့ဦးနှောက်က inhibiting တဲ့ 
သူတို့အသုံးပြုတဲ့စကား inhibiting ဆိုတာက အကြောင်း
အကျိုးဆင်ခြင်မှုကို ပိတ်ပင်တယ်၊ 
တားဆီးတယ်လို့ အဓိပ္ပါယ်ရတယ်။ 

★ အဲဒါတင်မကဘူး အဲဒီလူတွေမှာ စိတ်ဖိစီးမှုဖြစ်ပြီဆိုရင် 
တော်တော်နဲ့ နလန်မထူဘူး။

★ အဲဒါလေးဘုန်းဘုန်း ဒီစာအုပ်ထဲမှာ နည်းနည်းပါးပါး ရှင်းပြမယ်။ 
The Emotional Life of Your Brain - emotion နဲ့ 
ဦးနှောက်နဲ့ တွဲပြီးတော့ ရှင်းပြတာ။ 

★ ဒါ ၁၉၇၀လောက်တည်းက စပြီးတော့ မဟာစည်နည်းနဲ့ 
ဆရာကြီးဂိုအင်ဂါနည်းနဲ့ နည်းနှစ်နည်းနဲ့ တရားထိုင်လာခဲ့တာ 
Harvard တက္ကသိုလ်က ထိုစဉ်ကတော့ Ph.D ကျောင်းသားပေါ့။ 
အခုတော့ Wisconsin က ပါမောက္ခကြီးပေ့ါ။ 

★ အဲဒီလိုမကျေနပ်တဲ့ပုဂ္ဂိုလ် သူများက ကိုယ့်ကားကို ကျော်တက်လို့ 
မကျေနပ်တဲ့ပုဂ္ဂိုလ်၊ သူ့နောက်ကို လိုက်ပြီးတော့ ငါလည်း ဒီလို 
မောင်းနိုင်တယ်၊ ငါ့ကားလည်း ဒီလိုပဲ ကောင်းတယ်ဆိုပြီးတော့ 
ပြချင်တဲ့သဘောမျိုးတွေ။ 

★ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကိုယ့်ကားကို ကျော်သွားလို့ 
ကိုယ်မကြိုက်တဲ့လူ အဲဒီလူက ကိုယ့်ကို အသိအမှတ်ပြုဖို့၊ 
အသိအမှတ်ပြုတာကို လိုက်ရှာတာ။ 
You are looking for recognition. 

★ အတွေးက ဘယ်လောက်ချော်သွားလဲဆိုတော့ ကိုယ်မကြိုက်တဲ့လူ 
ကိုယ့်ကို ပြန်ပြီး အသိအမှတ်ပြုအောင် လုပ်တယ်ဆိုတော့ 
ဘယ်လောက် အတွေးချော်တုန်း။ 

 ★ ကိုယ့်ကိုမကြိုက်တဲ့လူ ကိုယ့်ကို ဘယ်လိုလုပ် အသိအမှတ်ပြုမှာတုန်း။ 
မိုးခေါင်တဲ့ သဲကန္တာကြီးထဲမှာ ဥရောပမှာကျတဲ့ နှင်းတွေ 
မျှော်လင့်တဲ့လား ဘယ်ကျနိုင်မှာတုန်း။ 

 ★ အဲဒီလူကလည်း ကိုယ့်ကို အသိမှတ်ပြုမယ့်အစား သူကလည်းပဲ မခံချင်စိတ်ပိုပြီးတော့ဖြစ်တယ်၊ သူကလည်း မခံချင်တဲ့စိတ်၊ 
ကိုယ်ကလည်း မခံချင်တဲ့စိတ်တွေ ဒီကားနှစ်စီး အန္တရာယ်ဖြစ်ပါတယ်။ 
သူ့တို့တင် ဖြစ်တာ မဟုတ်ဘူး၊ တခြားလူလည်း အန္တရာယ်ဖြစ်ပါတယ်။ 

★ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး မခံချင်တဲ့လူနှစ်ယောက်က တစ်ယောက်က 
ရွာသူကြီးဖြစ်တယ်၊ တစ်ယောက်က ဆယ်အိမ်ခေါင်းဖြစ်တယ်ဆို 
အဲဒီရွာကတော့ ဒုက္ခရောက်ပြီ။ တခါတခါ လင်မယားကြားထဲမှာ 
ဖြစ်တာနော် မခံချင်တဲ့စိတ်။ 

★ ကျုပ်ကပဲ ခင်ဗျားကို အမြဲတမ်းအလိုလိုက်ရတယ်ဆိုတဲ့ 
အတွေးမျိုးဝင်လာတယ်ဆိုရင် မခံချင်တဲ့စိတ်ဖြစ်ပြီ 
တရားနာပရိတ်သတ်တို့။ အဲဒီစိတ်လေးကို 
သတိတရလေးနဲ့ ဆုံးမပေးပါ။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၃)

နှိုင်းယှဉ်လေ စိတ်ထဲမှာ မခံချင်တဲ့စိတ်ဖြစ်လေ 
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 
မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၃) 
★ Social skill ဆိုတာလေ ကျောင်းမှာ စာသင်တဲ့အခါမှာ 
Academic skill ဆိုတာ ရှိတယ် အဲဒါ IQ ၊ အင်္ဂလိပ်စာတတ်အောင်၊ 
သချင်္ာတတ်အောင်၊ Physic တွေ Chemistry တွေ Biology တွေ 
Botany တွေ အဲဒါတွေ နားလည်အောင်၊ ဘာသာတစ်ခုအနေနဲ့ 
နားလည်အောင် အဲဒါတွေက IQ တွေ ဦးနှောက်ပိုင်းဆိုင်ရာ 
အသိဉာဏ်တွေ။ 

★ နောက်တစ်ခုကတော့ Social skill ဆိုတာ EQ ကို ပြောတာ 
Emotional Quotient - စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှုကို ပြောတာ။ 
အခု နိုင်ငံခြားက ကုမ္ပဏီကြီးတွေမှာ လခကောင်းတဲ့ ကုမ္ပဏီကြီးတွေမှာ 
သူတို့ ရာထူးခန့်တော့မယ် ၀န်ထမ်းခန့်တော့မယ်ဆိုရင် အဲဒီ EQ 
ဘယ်လောက်မြင့်တုန်းဆိုတာ အဲဒါကို သူတို့က စိတ်ဝင်စားတယ်။ 

★ EQ မြင့်တဲ့ ပုဂ္ဂိုလ်က team work ဆိုတာ အသင်းနဲ့ အဖွဲ့နဲ့ 
အုပ်စုနဲ့ အလုပ်လုပ်ရတဲ့ဟာ။ ဘယ်အုပ်စုက ဘာလုပ် team work နဲ့ 
လုပ်ရတဲ့ နေရာမျိုးမှာ EQ ကောင်းတဲ့လူကမှ အများကြီး 
အလုပ်လုပ်တတ်တာ။ 

★ မဟုတ်ဘူးဆိုရင် သူ့ဟာသူကြောက်တာတွေ၊ နောက်ပြီး 
အများနဲ့ဆွေးနွေးတဲ့အခါမှာ အမြင်တွေ ထုတ်ဖော်ပြောပြတဲ့အခါမှာ၊ 
အမြင်တစ်ခုက သူ့ကို ဆန့်ကျင်တယ်ဆိုရင် မခံချင်စိတ်ဖြစ်ကုန်တယ်။ 
ဒေါသဖြစ်တယ်။ 
To take it personally. အဲလိုပြောတာ။ 


★ အဲဒီကနေတဆင့် ကျယ်ပြန့်တဲ့အတွေးကနေ ကျဉ်းအောင်၊ 
တဖြည်းဖြည်းကျဉ်းမှ နီးစပ်လာအောင်၊ ဝေးနေတဲ့ဟာကနေ 
နီးစပ်လာအောင်၊ ဒီလိုပဲ ဆွေးနွေးလာကြတာ 
ဒါကိုပဲ သာကစ္ဆာလို့ခေါ်တာ ဓမ္မသာကစ္ဆာ ဆွေးနွေးတယ်။ 

အဲဒီလို ဆှေးနှေးတဲ့အခါမှာ အလှယျတကူ ဒေါသ မဖွစျတော့ဘူးပေါ့။ 

★ ငယ်ငယ်တုန်းက စဖြစ်ရင်ဖြစ်မယ်၊ ဆွေးနွေးတဲ့အခါမှာ 
မဝံ့မရဲနဲ့ နဲနဲပါးဖြစ်ရင်ဖြစ်မယ်။ ကိုယ့်ရဲ့အကြံဉာဏ် 
အပယ်ခံရတဲ့အခါမှာ စိတ်အားငယ်တဲ့အခါ ဖြစ်ရင်ဖြစ်မယ်။ 
ဒါပေမဲ့ သူရဲ့ စနစ်ကကိုက လူတိုင်းလူတိုင်းကို တန်ဖိုးထားတဲ့ စနစ်။ 

 ★ လူတိုင်းကို ပြောရေးဆိုခွင့် ပေးတဲ့စနစ်။ အကြံဉာဏ် မှားမှားမှန်မှန် အဲဒီအတန်းကျောင်းတွေထဲမှာ training လုပ်နေတဲ့အချိန်ကာလအတွင်းမှာ 
discussion ပေးတယ်။ ဆွေးနွေးမှုဆိုတဲ့ ယဉ်ကျေးမှုတစ်ခုကို 
တည်ထောင်နေတဲ့အချိန်မှာ။ 

★ ကိုယ်ပြောတဲ့ဟာ မှားတာမှန်တာထက်၊ ကိုယ်ပြောရဲတာ၊ 
နောက် သူများပြောတဲ့အခါမှာ စိတ်ပါ၀င်စား နားထောင်တာ 
အဲဒါပဲ ဖြစ်တာ။ Discussion skill ပေ့ါ social skill ဒါတွေက EQ တွေ။ 

★ အဲတော့ မခံချင်တဲ့စိတ်ဆိုတာက ကိုယ်က အများထဲမှာနေပြီးတော့ 
အများရဲ့ကျဉ်ဖယ်မှုကို ခံရတဲ့အချိန်မှာ ကိုယ့်စိတ်ထဲမှာ 
မခံချင်တဲ့စိတ်ဖြစ်တယ်။ စိတ်ထဲမှာ မခံချင်တဲ့စိတ်။ 

 ★ လုပ်ငန်းခွင်မှာ လူကြီးရောက်လာတယ်၊ လူငါးယောက်ရှိတယ်၊ 
ရုံးမှာ လူငါးယောက် သူ့ရုံးမှာလုပ်တဲ့ လူငါးယောက်ရှိတယ် 
လေးယောက်ကို ရောက်ရောက်ချင်း နေကောင်းတာ ခေါ်ပြောတယ်။ 
တစ်ယောက်ပဲ ချန်ထားတယ်ဆိုတော့ အဲလို ချန်ထားခံရတဲ့ တစ်ယောက်က 
မခံနိုင်တဲ့စိတ်တွေ ဖြစ်သွားတယ်၊ excluded ဖြစ်သွားတာကိုး။ 
အားငယ်တဲ့စိတ် ဖြစ်သွားတာ။ 

★ အဲလို မခံချင်တဲ့စိတ်ဆိုတာ မကျေနပ်တဲ့စိတ်ပဲ ဒေါသပဲ။ 
သူတို့ကျတော့ ခေါ်ပြောတယ်၊ ငါ့ကျတော့ အရေးမပေးဘူး၊ 
နှိုင်းယှဉ်နေတာ။ နှိုင်းယှဉ်လေ စိတ်ထဲမှာ မခံချင်တဲ့စိတ်ဖြစ်လေ။ 

အဲ ★ ဒါကြောင့် သက္ကပဥှ သုတ်ထဲမှာ မနာလိုဝန်တိုစိတ် ဘယ်ကနေ 
ဖြစ်တုန်းဆို subconscious thinking အလိုလိုနေရင်းနဲ့ 
သွားတွေးတဲ့စိတ်ကဖြစ်တာတဲ့။ သတိနဲ့ တွေးတာ မဟုတ်ဘူး။ 
သတိရှိရှိနဲ့ တွေးတာ မဟုတ်ဘူး။ 

"ဝိတက်က" တဲ့ "ဝိတကျ" လို့ခေါျတယျ၊ သက်ကပဥှသုတျထဲမှာ။ 
ဆက်လက်ဖော်ပြပါမည်။ 

 ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

Friday, February 21, 2020

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၂)

မခံချင်တဲ့စိတ်ဖြစ်အောင် စိတ်ဓါတ်သွင်းတယ်ဆိုတာ 
တမင််သက်သက် စိတ်ဖိစီးမှုများအောင် လုပ်လိုက်တာပဲ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ စိတ်ဖိစီးမှု stress တွေ ဖြစ်တာများရင် ဦးနှောက်ထဲမှာ 
နောက်ပိုင်း Amygdala ဆိုတဲ့ဦးနှောက် အဲ့ဦးနှောက်ပဲ အလုပ်လုပ်တယ်။ 
သူ့ကို fear center အကြောက်တရားရဲ့နေရာတဲ့၊ 
အကြောက်တရားရဲ့တည်ရာ။ 

★ အဘိဓမ္မာစကားနဲ့ပြောရင်တော့ ဒေါသဖြစ်ရင်ဖြစ်တဲ့ စိတ္တဇရုပ် 
ရုပ်တရားတွေ၊ ဒေါသဆိုတဲ့ ကြောက်စိတ်ဖြစ်ရင် ဖြစ်တဲ့ အဲဒီစိတ္တဇရုပ်က 
နောက်က ဦးနှောက်မှာပါတယ် Amygdala။ ဘုန်းဘုန်းပြောတာ 
ဒီလိုသိပ္ပံပညာရှင်တွေ ရေးထားတဲ့ စာအုပ်မျိုးတွေကနေ 
ကြည့်ပြီးတော့ ပြောတာ။ 

★ ဒါ Siddhartha's Brain သိဒ္ဓတ္ထမင်းသားရဲ့ ဦးနှောက်၊ ဒီဟာကျတော့ 
The Science of Meidation - တရားထိုင်ခြင်းသိပ္ပံတဲ့၊ ဒါကျတော့ 
Altered Traits တဲ့ ဦးနှောက်ကို တရားထိုင်ခြင်းအားဖြင့် 
ပိုပြီးတော့ကောင်းအောင် လုပ်ခိုင်းတာ။ 

★ အရမ်းကို stress များလွန်းရင်၊ ဒီ စိတ်ဖိစီးမှုတွေ မရှိဘဲနဲ့ 
တရားထိုင်ရင်းနဲ့ စိတ်ချမ်းသာမှု ရနေတဲ့ ပုဂ္ဂိုလ် အဲဒီ လူနှစ်ယောက်ကို သူတို့ရဲ့ဦးနှောက်ကို ဓါတ်ပုံတွေ ရိုက်ထားတယ် fMRI နဲ့ ဓါတ်ပုံရိုက်ထားတယ်။ 

 ★ အဲလို ဓါတ်ပုံရိုက်ထားတဲ့အခါကျတော့ စိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ်၊ 
stress နည်းတဲ့ ပုဂ္ဂိုလ်ဆိုရင်တဲ့ ဘေးပတ်ဝန်ကျင်က ပြောတဲ့ဟာကို 
သူက ဆက်စပ်ပြီးတော့ အကောင်းဘက်ကနေ ယူနိုင်တယ်တဲ့၊ 
positive thinking ရှိတယ်။ 

★ #အရမ်းကိုစိတ်ဖိစီးမှုများတဲ့ ပုဂ္ဂိုလ်ကျတော့ 
ဘေးကကောင်းတာပြောလည်းပဲ သူက ကောင်းတယ်လို့မထင်ဘူး၊ 
စိတ်ဖိစီးမှုက များနေတာကိုး။ ‼️ ဒါကြောင့် လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများနေရင် 
သတိထားကြပါ။ အဆိုးမြင်ဝါဒ negative thinking က 
၀င်လာမှန်းမသိ ၀င်လာတတ်တယ်။ 

 ★ လုပ်ငန်းခွင်မှာရော ၀င်လာနိုင်တယ်၊ အိမ်မှာလည်းပဲ 
အဆိုးမြင်ဝါဒတွေ ၀င်တယ်။ အဆိုးမြင်ဝါဒ ၀င်ပြီဆိုရင် 
ကိုယ့်အိမ်သူအိမ်သားတွေ ဘယ်လောက်ပဲ ကောင်းတာလုပ်နေလုပ်နေ 
သူမလုပ်ပေးတာပဲ ကိုယ်က သွားပြီး မြင်မိတယ်။ 

★ သူလုပ်ပေးတဲ့ဟာကို ကျေးဇူးတင်မယ့်အစား အဲဒါ ကိုယ့်ရဲ့ 
ရပိုင်ခွင့်ဆိုပြီးတော့ သွားမြင်တယ်။ ကိုယ့်ရပိုင်ခွင့်ဆိုတာလည်းပဲ ရပို်င်ခွင့်ဆိုပြီး မြင်တဲ့ပုဂ္ဂိုလ်က သူက ရပိုင်ခွင့်က တိုးတိုးလာဖို့ပဲ ရှိတယ်။ တစ်ယောက်နဲ့
တစ်ယောက်အပေါ်မှာ ရှိတဲ့ expectation တွေ 
မျှော်လင့်ချက်တွေ များပဲများလာမယ်။ 

 ★ အဲဒါကြောင့် မခံချင်တဲ့စိတ်ဖြစ်အောင် ကလေးတွေကို 
စိတ်ဓါတ်သွင်းတယ်ဆိုတာ ဒါ သူတို့ကို တမင််သက်သက် စိတ်ဖိစီး 
မှုများအောင် လုပ်လိုက်တာပဲ။ တချို့ကျတော့ အိမ်မှာတင် မကဘူး၊ 
ကျောင်းမှာလည်း ပါတယ်။ ခုနတုန်းက ပြောသလို ၁ ၂ ၃ ၄ ပေးတယ် အဲဒါမျိုးတွေ။ 

★ ဒိန်းမတ်နိုင်ငံတို့ ဆွီဒင်နိုင်ငံတို့ ဖင်လန်နိုင်ငံတို့ဆို အဲ့နိုင်ငံတွေ 
ပညာရေးကောင်းတဲ့အထဲမှာ ထိပ်ဆုံးမှာနေတယ်။ အင်္ဂလန်နဲ့ အမေရိကန်ရဲ့ 
ထိပ်မှာတောင် ရှိသေးတယ်။ အဲ့ဒီနိုင်ငံရဲ့ သူတို့ရဲ့ အတန်းကျောင်းမှာ ဆုပေးပြီး 
စာကျက်ခိုင်းတာ မရှိဘူး၊ ဆုပေးတဲ့ စနစ်မရှိဘူး။ 

★ ဆုပေးတဲ့စနစ် မရှိဘဲနဲ့ ကလေးတွေက စာစိတ်ဝင်စားတယ်၊ 
စာကျက်တယ်ဆိုတာ အဲဒီနည်းကတော့ မြန်မာနိုင်ငံ 
ရအောင်ယူဖို့သင့်တယ်။ သွားလေ့လာဖို့သင့်တယ်။ 

★ ဒါဖြင့် ဆုပေးစနစ် incentive focus ဆိုတဲ့ ဆုပေးစနစ် 
မသုံးဘဲနဲ့ ကလေးတွေက စာကျက်တယ်ဆိုတော့ သူတို့ကို 
အထက်ကနေပြီးတော့ ခြိမ်းခြောက်လို့လား? 

★ ချစ်ကြောက်ရိုသေ ဆိုတဲ့နေရာမှာ တချို့က ချစ်တာလည်း
ပျောက်သွားတယ်၊ ရိုသေတာလည်း ပျောက်သွားတယ်၊ 
ကြောက်တာတစ်ခုပဲ၊ အကြောက်တရား အသုံးပြုတယ်။ 

★ အကြောက်တရားကို အသုံးပြုတာ threat focus ဆိုတာ 
Psychology မှာရှိတယ်။ အကြောက်တရာကို အခြေခံပြီးတော့ 
အကြောက်တရားကို လက်သုံးကိရိယာ instrument တစ်ခုအနေနဲ့ 
အသုံးပြုပြီးတော့ ကလေးတွေကို ခိုင်းတာ။ 

★ အဲလို လုပ်တယ်ဆိုရင်လည်းပဲတဲ့ အခု Neurologist တွေ၊ 
စိတ်အကြောင်း ဦးနှောက်အကြောင်း တွဲပြီးလေ့လာတဲ့ ပုဂ္ဂိုလ်တွေ ပြောတာ 
အကြောက်တရားနဲ့ တွန်းရင်တဲ့ အဲ့အကြောက်တရားနဲ့ တွန်းခံရတဲ့
လူတွေက သူတို့ကို ခိုင်းသလောက်ပဲ လုပ်နိုင်တယ်တဲ့။ 
ခိုင်းသလောက်ပဲ လုပ်နိုင်တယ်။ 

★ သူတို့ဟာသူတို့ တွေးပြီးတော့ initiative ဆိုတဲ့ဟာ 
အင်္ဂလိပ်စကား၊ သူတို့ဟာသူတို့တွေးပြီးတော့ ကြံဆတာမျိုးတွေ 
စိန္တာမယ ဉာဏ်မျိုးတွေ မဖြစ်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ 
အကြောက်တရားရဲ့အောက်မှာ ဦးနှောက်မပွင့်ပါဘူး၊ ဦးနှောက်က 
အကြောက်တရားနဲ့တွေ့ရင် ကျုံ့ပဲကျုံ့သွားတာ။ 

★ အဲဒါကြောင့် အဲဒီနိုင်ငံတွေမှာ အကြောက်တရားလည်း မသုံးဘူး။ 
ကြောက်အောင်လည်း မခြောက်ဘူး၊ မက်အောင်လည်း 
မက်လုံးတွေ မပေးဘူး။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

Thursday, February 20, 2020

မခံချင်တဲ့စိတ်ကို ဘယ်လို ဆုံးမလဲ?....အပိုင်း(၁)

မခံချင်တဲ့စိတ်ကို ဆုံးမပါ 
▬▬▬▬▬▬▬▬▬ 
အပိုင်း(၁) 
★ ဒီနေ့ည ဘုန်းဘုန်း ဟောကြားမယ့်တရားကတော့ 
“#မခံချင်တဲ့စိတ်ကိုဆုံးမပါ” တဲ့။ 
★ မခံချင်တဲ့စိတ်ကို ဆုံးမပါ၊ ဒါ နေ့စဉ်ဘဝမှာ ဖြစ်ပေါ်တတ်တဲ့ 
စိတ်အကြောင်းလေးတွေ အဲဒါလေးတွေကို သတိထားနိုင်အောင်၊ 
မလိုအပ်တဲ့ မရှိလည်းဖြစ်တဲ့ ဒုက္ခတွေမရှိအောင်။ 

★ မရှိဘဲနဲ့ ဖြစ်တဲ့ဒုက္ခဆိုတာ ဒါ ဘုန်းဘုန်းက အင်္ဂလိပ်လို တွေးပြီးတော့ ပြောတာ၊ 
Problems we can do without. မရှိလည်းဘဲ ဖြစ်တဲ့ဒုက္ခ။ 
ဆိုလိုတာက ကိုယ်က volunteer လုပ်ပြီးတော့ တကယ်လိုချင်ပြီးတော့ 
ယူမှဖြစ်တဲ့ ဒုက္ခ ၊ ဒါ အဓိပ္ပါယ်။မလိုချင်ဘူးဆိုရင် ဒီအတိုင်းပဲ။ 

★ မွေးလာကတည်းက ပါလာတဲ့ ဒုက္ခမဟုတ်ဘူး။ 
မွေးဖွားခါစ ကလေးလေးက ဘယ်သူ့အပေါ် မခံချင်တဲ့စိတ်ဆိုပြီးတော့ 
အဲ့စိတ်လေး ပါလာလား? ပါမလာဘူး။ ထမင်းဆာတယ် ဗိုက်ဆာ 
ဆိုတဲ့အကြောင်း မိခင်ကို အသိပေးတဲ့အနေနဲ့ သူငိုတယ်။ 
သူနို့စို့လိုက်ရရင် ပြီးသွားတာပဲ။ 

★ အဲဒီဒုက္ခ သူ့ဆီမှာ မရှိတော့ဘူး အဲဒီအချိန်လေ။ 
ဆာရကောင်းမလား ဆိုပြီးတော့ သူရဲ့ ခန္ဓာကိုယ်လည်း 
ပြန်ပြီးတော့ ဒေါသမဖြစ်ဘူး။ ရန်ငြိုးမထားဘူး။ 
ပင်ပန်းနေတယ် အိပ်ချင်တယ်ဆိုလည်း သူက ငိုပြတယ်။ 

နဂိုကပါလာတဲ့ဒုက်ခ အဲဒီဒုက်ခကို ဆာလောငျတတျတဲ့ဒုက်ခ၊ 

★ တစ်နှစ်သားအရွယ် နှစ်နှစ်သားအရွယ်။ နှစ်နှစ်သားအရွယ်လောက်ထိ 
အဲ့ကလေးလေး သူ့မှာ မခံချင်တဲ့စိတ်တွေ မဖြစ်ဘူး။ 
ကြီးလာတဲ့အခါကျမှ ကိုယ့်ကိုယ်ကိုယ် ဟိုလူနဲ့နှိုင်းလိုက် 
ဒီလူနဲ့နှိုင်းလိုက်၊ ကိုယ်က မနှိုင်းရင်လည်းပဲ စနစ်က နှိုင်းခိုင်းတယ်။ 
သွားပြီးတော့ ယှဉ်ပြိုင်ခိုင်းတယ်။ 

★ မူလတန်း သွားတက်ပြီဆိုရင် ကလေးတွေက လေးငါးနှစ်ပဲ 
ရှိသေးတယ်၊ အတန်းကျောင်းမှာ ဘယ်သူက ပိုတော်တယ်၊ 
ဘယ်သူက အတော်ဆုံး နံပါတ်တစ် အတန်းထဲမှာ၊ ဘယ်သူကတော့ 
နံပါတ်နှစ်၊ ဘယ်သူက နံပါတ်သုံး၊ အဲလို ပြိုင်ဆိုင်ခိုင်းတယ်။ 

★ ပြိုင်ဆိုင်ခိုင်းတဲ့အခါကျတော့ ကိုယ်က အထက်ရောက်တဲ့ပုဂ္ဂိုလ်၊ 
အောင်တဲ့ပုဂ္ဂိုလ်၊ ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ် ထဲမှာ မပါဘူးဆိုရင် စိတ်ထဲမှာ 
အားငယ်တယ်။ အဲဒီ အားငယ်တာ ဒါ မခံချင်စိတ်ရဲ့ အစိတ်အပိုင်းပါ။ 
မခံချင်တဲ့စိတ် တစ်မျိုးပါ အားငယ်တာ။ 
အင်္ဂလိပ်လို inferiority complex လို့ခေါ်တယ်။ 

★ ကိုယ့်ထက်သာတဲ့လူတွေကို ကြည့်ပြီးတော့ အားငယ်တယ်။ 
မာန တစ်မျိုးပေါ၊ ဟီနမာန်တဲ့၊ မာနတစ်မျိုး၊ မာနသုံးမျိုးရှိတယ် 
ဒါ ဟီနမာန်၊ နာသူရဲ့ မာန်ပေါ့၊ နာသူရဲ့ မာန၊ မခံချင်တဲ့စိတ်။ 

★ တခါတခါကျတော့ မိဘကိုယ်၌က ကိုယ့်သားသမီးတွေကို 
အချင်းချင်းနှိုင်းယှဉ်တယ်။ ကြိုးစား အစ်ကိုကြီးလို ကြိုးစား၊ 
အစ်မကြီးလို ဖြစ်အောင် ကြိုးစား။ 

★ အဲလိုပြောတဲ့အခါကျတော့ pressure နည်းတဲ့အချိန်မှာ 
စိတ်ဖိဆီးမှု နည်းတဲ့အချိန်မှာ ကလေးက သူရဲ့အကြီးတွေကို 
အားကျရင်အားကျမယ်။ အားကျတာတော့ ကောင်းပါတယ်။
 Aspiration ဖြစ်တယ်ဆိုတာ ကိုယ်အားကျပြီးတော့ ကိုယ်ဖြစ်ချင်တာ။ 

★ ဒါပေမဲ့ ဘာစိတ်အလိုလို ၀င်နိုင်တုန်းဆို မိဘက အဲလိုခဏခဏ 
သွားပြီးတော့ နှိုင်းတယ်ဆိုရင် တခါတခါက မိဘက ဘယ်လိုပြောတုန်း? 
နင်က နင့်အစ်မကြီးလို မဟုတ်ဘူး၊ နင့်အစ်ကိုကြီးလို မဟုတ်ဘူး
 ပြောရခက်လိုက်တာဆိုပြီး မခံချင်တဲ့စိတ် ဖြစ်အောင်လုပ်တယ်။ 

★ သူများ ပြုပြင်ပြောင်းလဲမလား၊ ပြုပြင်မလားဆိုပြီးတော့ 
စေတနာနဲ့တော့ ပြောပါတယ်။ ဒါပေမဲ့ ပြောတာ နှစ်ဖက်ဓါးသွားရှှိတဲ့ ဓါးနဲ့ ပြောတဲ့အခါကျတော့ တစ်ဖက်က ကိုယ်ခုတ်ချင်တဲ့နေရာ 
ပြတ်ချင်လည်းပြတ်လိမ့်မယ်၊ ကျန်တဲ့တစ်ဖက်က အန္တရယ်ရှိနေတယ်။ 
Side effects တွေ ဘေးထွက်ဆိုးကျိုးတွေများတယ်။ 

★ မခံချင်တဲစိတ်ရှိအောင် လှုံ့ဆော်ပြီးတော့ မခံချင်တဲ့
စိတ်သွင်းပြီးတော့ ကြိုးစားခိုင်းတာ အဲဒီလို 
ဘေးထွက်ဆိုးကျိုးတွေ များတယ်။ 

★ အဲလိုလုပ်တဲ့အခါမှာ စိတ်ဖိစီးမှု များလာရင် မောင်နှမ
အချင်းချင်းတောင်မှ အဲဒီအချိန်မှာ ကိုယ့်ရဲ့ အစ်ကိုကြီး၊ 
ကိုယ့်ရဲ့အစ်မကြီးကို အကြောင်းပြုပြီးတော့ သူ့တို့ စံနမူနာထားပြီးတော့ 
ကိုယ့်ကိုယ်ကိုုယ်လာပြီး မိဘတွေက ကြိုးစားတိုက်တွန်းတယ်ဆိုတာ 
တခါတခါ ကိုယ်က အဲဒီစေတနာ မမြင်မိဘူး။ 

★ ဘာဖြစ်လို့ မမြင်မိတုန်း? စိတ်ဖိစီးမှု ဖြစ်သွားတာ stress ဖြစ်သွားတာ။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...