Friday, February 21, 2020

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၂)

မခံချင်တဲ့စိတ်ဖြစ်အောင် စိတ်ဓါတ်သွင်းတယ်ဆိုတာ 
တမင််သက်သက် စိတ်ဖိစီးမှုများအောင် လုပ်လိုက်တာပဲ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ စိတ်ဖိစီးမှု stress တွေ ဖြစ်တာများရင် ဦးနှောက်ထဲမှာ 
နောက်ပိုင်း Amygdala ဆိုတဲ့ဦးနှောက် အဲ့ဦးနှောက်ပဲ အလုပ်လုပ်တယ်။ 
သူ့ကို fear center အကြောက်တရားရဲ့နေရာတဲ့၊ 
အကြောက်တရားရဲ့တည်ရာ။ 

★ အဘိဓမ္မာစကားနဲ့ပြောရင်တော့ ဒေါသဖြစ်ရင်ဖြစ်တဲ့ စိတ္တဇရုပ် 
ရုပ်တရားတွေ၊ ဒေါသဆိုတဲ့ ကြောက်စိတ်ဖြစ်ရင် ဖြစ်တဲ့ အဲဒီစိတ္တဇရုပ်က 
နောက်က ဦးနှောက်မှာပါတယ် Amygdala။ ဘုန်းဘုန်းပြောတာ 
ဒီလိုသိပ္ပံပညာရှင်တွေ ရေးထားတဲ့ စာအုပ်မျိုးတွေကနေ 
ကြည့်ပြီးတော့ ပြောတာ။ 

★ ဒါ Siddhartha's Brain သိဒ္ဓတ္ထမင်းသားရဲ့ ဦးနှောက်၊ ဒီဟာကျတော့ 
The Science of Meidation - တရားထိုင်ခြင်းသိပ္ပံတဲ့၊ ဒါကျတော့ 
Altered Traits တဲ့ ဦးနှောက်ကို တရားထိုင်ခြင်းအားဖြင့် 
ပိုပြီးတော့ကောင်းအောင် လုပ်ခိုင်းတာ။ 

★ အရမ်းကို stress များလွန်းရင်၊ ဒီ စိတ်ဖိစီးမှုတွေ မရှိဘဲနဲ့ 
တရားထိုင်ရင်းနဲ့ စိတ်ချမ်းသာမှု ရနေတဲ့ ပုဂ္ဂိုလ် အဲဒီ လူနှစ်ယောက်ကို သူတို့ရဲ့ဦးနှောက်ကို ဓါတ်ပုံတွေ ရိုက်ထားတယ် fMRI နဲ့ ဓါတ်ပုံရိုက်ထားတယ်။ 

 ★ အဲလို ဓါတ်ပုံရိုက်ထားတဲ့အခါကျတော့ စိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ်၊ 
stress နည်းတဲ့ ပုဂ္ဂိုလ်ဆိုရင်တဲ့ ဘေးပတ်ဝန်ကျင်က ပြောတဲ့ဟာကို 
သူက ဆက်စပ်ပြီးတော့ အကောင်းဘက်ကနေ ယူနိုင်တယ်တဲ့၊ 
positive thinking ရှိတယ်။ 

★ #အရမ်းကိုစိတ်ဖိစီးမှုများတဲ့ ပုဂ္ဂိုလ်ကျတော့ 
ဘေးကကောင်းတာပြောလည်းပဲ သူက ကောင်းတယ်လို့မထင်ဘူး၊ 
စိတ်ဖိစီးမှုက များနေတာကိုး။ ‼️ ဒါကြောင့် လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများနေရင် 
သတိထားကြပါ။ အဆိုးမြင်ဝါဒ negative thinking က 
၀င်လာမှန်းမသိ ၀င်လာတတ်တယ်။ 

 ★ လုပ်ငန်းခွင်မှာရော ၀င်လာနိုင်တယ်၊ အိမ်မှာလည်းပဲ 
အဆိုးမြင်ဝါဒတွေ ၀င်တယ်။ အဆိုးမြင်ဝါဒ ၀င်ပြီဆိုရင် 
ကိုယ့်အိမ်သူအိမ်သားတွေ ဘယ်လောက်ပဲ ကောင်းတာလုပ်နေလုပ်နေ 
သူမလုပ်ပေးတာပဲ ကိုယ်က သွားပြီး မြင်မိတယ်။ 

★ သူလုပ်ပေးတဲ့ဟာကို ကျေးဇူးတင်မယ့်အစား အဲဒါ ကိုယ့်ရဲ့ 
ရပိုင်ခွင့်ဆိုပြီးတော့ သွားမြင်တယ်။ ကိုယ့်ရပိုင်ခွင့်ဆိုတာလည်းပဲ ရပို်င်ခွင့်ဆိုပြီး မြင်တဲ့ပုဂ္ဂိုလ်က သူက ရပိုင်ခွင့်က တိုးတိုးလာဖို့ပဲ ရှိတယ်။ တစ်ယောက်နဲ့
တစ်ယောက်အပေါ်မှာ ရှိတဲ့ expectation တွေ 
မျှော်လင့်ချက်တွေ များပဲများလာမယ်။ 

 ★ အဲဒါကြောင့် မခံချင်တဲ့စိတ်ဖြစ်အောင် ကလေးတွေကို 
စိတ်ဓါတ်သွင်းတယ်ဆိုတာ ဒါ သူတို့ကို တမင််သက်သက် စိတ်ဖိစီး 
မှုများအောင် လုပ်လိုက်တာပဲ။ တချို့ကျတော့ အိမ်မှာတင် မကဘူး၊ 
ကျောင်းမှာလည်း ပါတယ်။ ခုနတုန်းက ပြောသလို ၁ ၂ ၃ ၄ ပေးတယ် အဲဒါမျိုးတွေ။ 

★ ဒိန်းမတ်နိုင်ငံတို့ ဆွီဒင်နိုင်ငံတို့ ဖင်လန်နိုင်ငံတို့ဆို အဲ့နိုင်ငံတွေ 
ပညာရေးကောင်းတဲ့အထဲမှာ ထိပ်ဆုံးမှာနေတယ်။ အင်္ဂလန်နဲ့ အမေရိကန်ရဲ့ 
ထိပ်မှာတောင် ရှိသေးတယ်။ အဲ့ဒီနိုင်ငံရဲ့ သူတို့ရဲ့ အတန်းကျောင်းမှာ ဆုပေးပြီး 
စာကျက်ခိုင်းတာ မရှိဘူး၊ ဆုပေးတဲ့ စနစ်မရှိဘူး။ 

★ ဆုပေးတဲ့စနစ် မရှိဘဲနဲ့ ကလေးတွေက စာစိတ်ဝင်စားတယ်၊ 
စာကျက်တယ်ဆိုတာ အဲဒီနည်းကတော့ မြန်မာနိုင်ငံ 
ရအောင်ယူဖို့သင့်တယ်။ သွားလေ့လာဖို့သင့်တယ်။ 

★ ဒါဖြင့် ဆုပေးစနစ် incentive focus ဆိုတဲ့ ဆုပေးစနစ် 
မသုံးဘဲနဲ့ ကလေးတွေက စာကျက်တယ်ဆိုတော့ သူတို့ကို 
အထက်ကနေပြီးတော့ ခြိမ်းခြောက်လို့လား? 

★ ချစ်ကြောက်ရိုသေ ဆိုတဲ့နေရာမှာ တချို့က ချစ်တာလည်း
ပျောက်သွားတယ်၊ ရိုသေတာလည်း ပျောက်သွားတယ်၊ 
ကြောက်တာတစ်ခုပဲ၊ အကြောက်တရား အသုံးပြုတယ်။ 

★ အကြောက်တရားကို အသုံးပြုတာ threat focus ဆိုတာ 
Psychology မှာရှိတယ်။ အကြောက်တရာကို အခြေခံပြီးတော့ 
အကြောက်တရားကို လက်သုံးကိရိယာ instrument တစ်ခုအနေနဲ့ 
အသုံးပြုပြီးတော့ ကလေးတွေကို ခိုင်းတာ။ 

★ အဲလို လုပ်တယ်ဆိုရင်လည်းပဲတဲ့ အခု Neurologist တွေ၊ 
စိတ်အကြောင်း ဦးနှောက်အကြောင်း တွဲပြီးလေ့လာတဲ့ ပုဂ္ဂိုလ်တွေ ပြောတာ 
အကြောက်တရားနဲ့ တွန်းရင်တဲ့ အဲ့အကြောက်တရားနဲ့ တွန်းခံရတဲ့
လူတွေက သူတို့ကို ခိုင်းသလောက်ပဲ လုပ်နိုင်တယ်တဲ့။ 
ခိုင်းသလောက်ပဲ လုပ်နိုင်တယ်။ 

★ သူတို့ဟာသူတို့ တွေးပြီးတော့ initiative ဆိုတဲ့ဟာ 
အင်္ဂလိပ်စကား၊ သူတို့ဟာသူတို့တွေးပြီးတော့ ကြံဆတာမျိုးတွေ 
စိန္တာမယ ဉာဏ်မျိုးတွေ မဖြစ်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ 
အကြောက်တရားရဲ့အောက်မှာ ဦးနှောက်မပွင့်ပါဘူး၊ ဦးနှောက်က 
အကြောက်တရားနဲ့တွေ့ရင် ကျုံ့ပဲကျုံ့သွားတာ။ 

★ အဲဒါကြောင့် အဲဒီနိုင်ငံတွေမှာ အကြောက်တရားလည်း မသုံးဘူး။ 
ကြောက်အောင်လည်း မခြောက်ဘူး၊ မက်အောင်လည်း 
မက်လုံးတွေ မပေးဘူး။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...