Saturday, February 22, 2020

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၄)

မခံချင်တဲ့စိတ်ဖြစ်လာရင် သတိတရလေးနဲ့ ဆုံးမပါ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၄) 
★ မခံချင်တဲ့စိတ် ဥပမာ ကားမောင်းသွားတယ် လူတစ်ယောက်က 
သူ ဘာအရေးရှိလည်း မသိဘူး၊ ကိုယ့်ရှေ့ကနေ တခါတည်း 
ဖြတ်တက်သွားတယ်။ အဲလိုဖြစ်ရင် တော်ရုံတန်ရုံကားသမားဆိုရင်တော့ 
မခံချင်တဲ့စိတ် ဖြစ်သွားပြီ။ မခံချင်တဲ့စိတ်ဖြစ်ပြီးတော့ ဘာလုပ်တုန်း? 

★ အဲ့ကားနောက်ကို လိုက်ပြီးတော့ သူ့ကို ပြန်ပြီးတော့ ကိုယ်က 
ကျော်ပြတယ်။ အဲဒီလိုလုပ်ဖို့အတွက် လိုအပ်သလား? 
မခံချင်တဲ့စိတ် တစ်ခုတည်းနဲ့ လုပ်တယ်။

 🔺အဲဒီလိုလုပ်ဖို့အတွက် လိုအပ်သလား? အဲဒီလိုလုပ်တဲ့အခါမှာ မခံချင်လို့ 
သွားပြီးတော့ ကျောက်တက်တယ် ဒီကားသမား 
သူဆုံးဖြတ်ချက်တွေ မှားတတ်တယ်။ 

★ ဘယ်ဂီယာ နင်းရမှာတုန်း၊ ကျော်မလား၊ သူ့ရှေ့မှာ နေမလား၊ 
အဆုံးအဖြတ်တွေ မှားတတ်တယ်။ 

★ အဲဒါကို Neurologist တွေ ဦးနှောက်ပိုင်းဆိုင်ရာ 
ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ တရားထိုင်တဲ့ပုဂ္ဂိုလ်နဲ့ တရားမထိုင်တဲ့ပုဂ္ဂိုလ်တွေ ဦးနှောက်ချင်းနှိုင်ယှဉ်တာ ဒီဟာတွေ့တယ်။ 

 ★ အဲဒါကြောင့်မို့လို့ အကြောက်တရားတိုံ့စိတ်ဆိုးမှုဒေါသတို့ 
မခံချင်စိတ်တို့ အဲဒီစိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့ဦးနှောက်က inhibiting တဲ့ 
သူတို့အသုံးပြုတဲ့စကား inhibiting ဆိုတာက အကြောင်း
အကျိုးဆင်ခြင်မှုကို ပိတ်ပင်တယ်၊ 
တားဆီးတယ်လို့ အဓိပ္ပါယ်ရတယ်။ 

★ အဲဒါတင်မကဘူး အဲဒီလူတွေမှာ စိတ်ဖိစီးမှုဖြစ်ပြီဆိုရင် 
တော်တော်နဲ့ နလန်မထူဘူး။

★ အဲဒါလေးဘုန်းဘုန်း ဒီစာအုပ်ထဲမှာ နည်းနည်းပါးပါး ရှင်းပြမယ်။ 
The Emotional Life of Your Brain - emotion နဲ့ 
ဦးနှောက်နဲ့ တွဲပြီးတော့ ရှင်းပြတာ။ 

★ ဒါ ၁၉၇၀လောက်တည်းက စပြီးတော့ မဟာစည်နည်းနဲ့ 
ဆရာကြီးဂိုအင်ဂါနည်းနဲ့ နည်းနှစ်နည်းနဲ့ တရားထိုင်လာခဲ့တာ 
Harvard တက္ကသိုလ်က ထိုစဉ်ကတော့ Ph.D ကျောင်းသားပေါ့။ 
အခုတော့ Wisconsin က ပါမောက္ခကြီးပေ့ါ။ 

★ အဲဒီလိုမကျေနပ်တဲ့ပုဂ္ဂိုလ် သူများက ကိုယ့်ကားကို ကျော်တက်လို့ 
မကျေနပ်တဲ့ပုဂ္ဂိုလ်၊ သူ့နောက်ကို လိုက်ပြီးတော့ ငါလည်း ဒီလို 
မောင်းနိုင်တယ်၊ ငါ့ကားလည်း ဒီလိုပဲ ကောင်းတယ်ဆိုပြီးတော့ 
ပြချင်တဲ့သဘောမျိုးတွေ။ 

★ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကိုယ့်ကားကို ကျော်သွားလို့ 
ကိုယ်မကြိုက်တဲ့လူ အဲဒီလူက ကိုယ့်ကို အသိအမှတ်ပြုဖို့၊ 
အသိအမှတ်ပြုတာကို လိုက်ရှာတာ။ 
You are looking for recognition. 

★ အတွေးက ဘယ်လောက်ချော်သွားလဲဆိုတော့ ကိုယ်မကြိုက်တဲ့လူ 
ကိုယ့်ကို ပြန်ပြီး အသိအမှတ်ပြုအောင် လုပ်တယ်ဆိုတော့ 
ဘယ်လောက် အတွေးချော်တုန်း။ 

 ★ ကိုယ့်ကိုမကြိုက်တဲ့လူ ကိုယ့်ကို ဘယ်လိုလုပ် အသိအမှတ်ပြုမှာတုန်း။ 
မိုးခေါင်တဲ့ သဲကန္တာကြီးထဲမှာ ဥရောပမှာကျတဲ့ နှင်းတွေ 
မျှော်လင့်တဲ့လား ဘယ်ကျနိုင်မှာတုန်း။ 

 ★ အဲဒီလူကလည်း ကိုယ့်ကို အသိမှတ်ပြုမယ့်အစား သူကလည်းပဲ မခံချင်စိတ်ပိုပြီးတော့ဖြစ်တယ်၊ သူကလည်း မခံချင်တဲ့စိတ်၊ 
ကိုယ်ကလည်း မခံချင်တဲ့စိတ်တွေ ဒီကားနှစ်စီး အန္တရာယ်ဖြစ်ပါတယ်။ 
သူ့တို့တင် ဖြစ်တာ မဟုတ်ဘူး၊ တခြားလူလည်း အန္တရာယ်ဖြစ်ပါတယ်။ 

★ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး မခံချင်တဲ့လူနှစ်ယောက်က တစ်ယောက်က 
ရွာသူကြီးဖြစ်တယ်၊ တစ်ယောက်က ဆယ်အိမ်ခေါင်းဖြစ်တယ်ဆို 
အဲဒီရွာကတော့ ဒုက္ခရောက်ပြီ။ တခါတခါ လင်မယားကြားထဲမှာ 
ဖြစ်တာနော် မခံချင်တဲ့စိတ်။ 

★ ကျုပ်ကပဲ ခင်ဗျားကို အမြဲတမ်းအလိုလိုက်ရတယ်ဆိုတဲ့ 
အတွေးမျိုးဝင်လာတယ်ဆိုရင် မခံချင်တဲ့စိတ်ဖြစ်ပြီ 
တရားနာပရိတ်သတ်တို့။ အဲဒီစိတ်လေးကို 
သတိတရလေးနဲ့ ဆုံးမပေးပါ။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...