Sunday, February 23, 2020

ဗုဒ္ဓဘာသာ၏ အမြင့်ဆုံးမျှော်မှန်းချက်

ခန္တီပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။ 
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။ 

★ နံပါတ်(၁)က သည်းခံမှု “ခန္တီတရား” အမြင့်ဆုံးကျင့်စဉ်ဖြစ်ပါတယ်တဲ့။ 
နိဗ္ဗာန်က အမြင့်ဆုံးချမ်းသာကို ဖြစ်တယ်။ သူတစ်ပါးကိုလည်းပဲ မသတ်ဖြတ်နဲ့၊ 
"န ဝိဟေဌယန္တော" သူတစ်ပါးကို မနှိပ်စက်နဲ့ ၊ တနည်းအားဖြင့်ပြောမယ်ဆိုရင် ဒီဒုတိယနှစ်ချက်က အကြမ်းမဖက်နဲ့လို့ (Non-violence)၊ 

★ အဲတော့ လေးချက်ကို သုံးချက်ဖြစ်အောင် အကျဉ်းချုံးမယ်ဆိုရင် -
 နံပါတ်(၁)က သည်းခံစိတ် များများမွေးပါ၊ ဗုဒ္ဓတရားတော် သည်းခံစိတ်။ အစားအသောက်စိတ်တိုင်းမကျရင်လည်း သည်းခံပါ။ ရာသီဥတု အေးလွန်းတယ်၊ 
ပူလွန်းတယ်၊ မိုးရွာလွန်းတယ် အဲဒါလည်း သည်းခံပါ။ 

★ အလုပ်သွားတဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေ ကိုယ်နဲ့လုပ်ပုံကိုင်ပုံ 
နည်းနည်းကွာတာ ရှိရင်ရှိမယ်။ အတွေးအခေါ်ကွာတာ ရှိရင်ရှိမယ် 
အဲဒါလည်း သည်းခံပါ။ စရိုက်ကွာတာ ရှိရင်ရှိမယ် အဲဒါလည်း သည်းခံပါ။ 
နေရာတိုင်းမှာ သည်းခံမှု ခန္တီတရား။ 

★ “ခန္တီတရား” က အမြင့်ဆုံးကျင့်စဉ်၊ “နိဗ္ဗာန်” က အမြင့်ဆုံးပန်းတိုင်၊ 
နောက်ပြီးတော့ အကြမ်းမဖက်တဲ့ အကျင့်။ ဒီအကျင့်ကို ကျင့်တယ်ဆိုရင် 
ရဟန်းပီသပြီ၊ အကြမ်းမဖက်ရင် ရဟန်းပီသပြီ။ 
အဲတော့ ဝိနည်းသိက္ခာပုဒ်တွေ တစ်ခုစီတစ်ခုစီ မြတ်စွာဘုရားက 
ဟောမထားဘူး။ အဲလို ဟောမယ့်အစား သည်းခံပါ အကြမ်းမဖက်နဲ့၊ 
နိဗ္ဗာန်ဆိုတာကတော့ စိတ်ကို ငြိမ်းချမ်းအောင်လုပ်ပါ။ 

★ နိဗ္ဗာန်ကဘာတုံးဆိုပြီး ဒီလိုပဲဆွေးနွေးကြတယ်။ ဒီနေ့ည ဘုန်းဘုန်း 
နားလည်သလောက် ပြောပြမယ်ဆိုရင် ခါတိုင်း အလုပ်သွားတဲ့အခါမှာ (၅)ရက်အလုပ်သွားတဲ့အခါမှာ တစ်နေ့ကို (၅)ကြိမ် ဒေါသဖြစ်တယ်ဆိုရင် ဘယ်နှစ်ကြိမ်ဖြစ်သွားတုန်း (၅)ရက်ဆိုတော့(၂၅)ကြိမ်ဖြစ်တယ်။ 

★ အဲတော့ ဒါကို မှန်မှန်ကန်ကန်နုလုံးသွင်းပြီးတော့ အော် ဒေါသဆိုတာ 
မကောင်းဘူး ငါ ဒေါသဖြစ်ရင် ငါ စိတ်ဒုက္ခဖြစ်တယ် သူတစ်ပါးလည်း 
စိတ်ဒုက္ခဖြစ်တယ်။ တခြားသူက ဒါသဖြစ်ရင်လည်း သူလည်း 
စိတ်ဒုက္ခဖြစ် ငါလည်း စိတ်ဒုက္ခဖြစ်တယ်။ 

★ မြတ်စွာဘုရားက ဒေါသကို ဒုက္ခအနေနဲ့ကြည့်ပြီးတော့ အဲ့ဒေါသကို 
manage လုပ်တယ် ကိုင်တွယ်တယ်ဆိုရင် ဒုက္ခအနေနဲ့ မြင်ရမယ်။ 
(၂၅)ကြိမ်ကနေ အကြိမ်(၂၀)လောက်ပဲ ရှိသွားရင် နိဗ္ဗာန်နဲ့ 
နည်းနည်းလေးပိုနီးသွားတာပေါ့။ 

★ ဘေးကလူတွေ သူတို့အမူအရာ ပြောင်းပြောင်းမပြောင်းပြောင်း 
သူတို့ရဲ့စိတ်သဘောထား ပြောင်းပြောင်းမပြောင်းပြောင်း နောက်ပိုင်းကြ 
ကိုယ်ကြိုးစားမှုတွေ ကိုယ်ရဲ့ EQ ကမြင့်လာပြီး Emotion Management ,
 Anger Management ဆိုတာတွေ အဲဒါတွေ မြင့်လာပြီးတော့ 
သူတို့ဘာပဲပြောပြော ကိုယ့်စိတ်ချမ်းသာမှု မထိခိုက်တော့ဘူး။ 

တခါမှ ဒေါသမဖြစ်တော့ဘူး ဘယ်သူဘာပဲပြောပြော ဒေါသမဖြစ်တော့ဘူး 
ဒါ နိဗ္ဗာန်ရဲ့အရသာ နည်းနည်းခံစားရပြီ။ အမြစ်ပါပြတ်သွားရင်တော့ 
အနာဂမ်အဆင့်ရဲ့နိဗ္ဗာန်ကို ခံစားရတာပေါ့ ဒေါသငြိမ်းသွားပြီတော့ 
ဟုတ်တယ်မို့လား။ 

★ နိဗ္ဗာန်ဆိုတဲ့ဟာက ဒါ မြောက်ဥက္ကလာမြို့နယ်ဆို တခြားနိဗ္ဗာန်
ဆိုတဲ့မြို့တစ်မြို့ အဲလိုမဟုတ်ဘူး။ ကြားဖူးတယ်မို့လား နိဗ္ဗာန်ရွာ 
ပဲခူးသနပ်ပင်ဘက်မှာရှိတယ် ဘုန်းဘုန်းက ပဲခူးနေခဲ့တာ။ 
ပဲခူးသနပ်ပင်မှာ နိဗ္ဗာန်ရွာဆိုတာရှိတယ်။ 

★ ခုခေတ်ကြတော့ ကြောက်စရာတောင်ပိုကောင်းသေးတယ် 
တချို့ကားတွေကို ဘာယာဉ်လို့ခေါ်တုန်း နိဗ္ဗာန်ယာဉ် ကြောက်စရာပိုကောင်းတယ်၊ 
နိဗ္ဗာန်ယာဉ် ဘယ်သူမှမစီးချင်ဘူး။ ဟုတ်တယ်မို့လား ဘယ်သူမှ မစီးချင်ဘူး။ 
 အဲတော့ အဲလိုယာဉ်မျိုးကို နိဗ္ဗာန်ယာဉ်လို့ သွားပြီးတော့ 
နာမည်ပေးတဲ့အခါကြတော့ နိဗ္ဗာန်သိက္ခာကျတာပေါ့။ 

★ အဲတော့ စိတ်ထဲမှာ Negative emotion တွေ negative ဖြစ်တယ် အနုတ်လက္ခဏာဆောင်တဲ့ ဒီစိတ်ခံစားမှုမျိုတွေ လုံးဝ 
မဖြစ်တော့ဘူးဆိုရင် အဲဒါ နိဗ္ဗာန်ပဲ။ 

★ “နိဗ္ဗာန” ဆိုတာက နိ + ဗာန, (နိ + ဝါန) စကားလုံးနှစ်လုံးကို ပေါင်းထားတာ။
 ‘နိ’ က မရှိတော့တာ။ ‘ဝါန’ က အဲဒီလို တုန့်ပြန်တတ်တဲ့ဟာ 
Negative emotion တွေကို တုန့်ပြန်တတ်တဲ့ဟာ လိုချင်တာမရရင် 
တုန့်ပြန်တဲ့ဟာ၊ မကြိုက်တာတွေ့ရင် တုန့်ပြန်တဲ့ဟာ 
Emotional reaction ခေါ်တယ်။ အဲဒီတုန့်ပြန်မှုတွေ မရှိတော့ဘူး။ 
အဲဒါကို နိဗ္ဗာန်ခေါ်တာ။ ဒီမှာနေရင်းနဲ့ အဲဒီနိဗ္ဗာန်ရနိုင်တယ်။ 

★ “ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာ” ဆိုတဲ့ - ဒိဋ္ဌိကတော့ အမြင်မှားတယ်ဆိုတာ 
ဒါက IQ နဲ့ ပတ်သက်တယ်။ မဟုတ်တာကို ဟုတ်တယ်ထင်၊ မရှိတာကို 
ရှိတယ်ထင်၊ ရှိတာကို မရှိဘူးထင် အဲဒါတော့ IQ နဲ့ ပတ်သက်တယ်။ 
အဲဒီနေရာ ကိုယ်ကမှန်သွားပြီဆိုရင် စာစကားနဲ့ပြောရင်တော့ ဒိဋ္ဌိပြုတ်ပြီ။ 

★ ဒိဋ္ဌိပြုတ်ပြီးတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ် မြတ်စွာဘုရားရဲ့ 
ဟောထားတဲ့တရားတွေ အဲဒါတွေကို သံသယမရှိတော့ဘူး ဒိဋ္ဌိ နဲ့ 
ဝိစိကိစ္ဆာ ပြုတ်သွားတယ်။ အဲဒီပုဂ္ဂိုလ်က သောတာပန်အဆင့်အနေနဲ့ 
နိဗ္ဗာန်ကိုခံစားရတယ်။ ဒီဘဝမှာတင် ခံစားရတယ် 
အသက်ရှင်နေရင်းနဲ့ ခံစားရတယ်။ 

★ အဲလို အတွေ့အကြုံမျိုး၊ အဲလို experience မျိုး၊ အေးချမ်းတဲ့ 
experience မျိုး IQ က purify ဖြစ်သွားတယ် အရမ်းအဆင့်မြင့်သွားတယ်
 EQ ကလည်း အဆင့်မြင့်သွားတယ်။ Negative ဖြစ်တာ ဘာမှမဖြစ်တော့ဘူး။ 
အားလုံးသိတဲ့ စကားလုံးတွေပြောရင် IQ နဲ့ EQ ကို “ကိလေသာ” က 
လာပြီးတော့ မနှောင့်ယှက်နိုင်တော့ဘူး။ အဲဒီအနေအထားရှိတဲ့ 
ပုဂ္ဂိုလ်ကို ဒါ နိဗ္ဗာန်လို့ခေါ်တယ်။ 

★ အဲဒီ နိဗ္ဗာန်ရဲ့ အတွေ့အကြုံ “နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ” အဲဒီဟာက ဗုဒ္ဓတရားတော် ဗုဒ္ဓဘာသာအားလုံးရဲ့ #Ideal အမြင့်မားဆုံးရည်ရွယ်ချက် (Aspiration)။ 
အဲတော့ ဘုန်းဘုန်းတို့ရဲ့ အမြင့်မားဆုံး ရည်ရွယ်ချက်ကဘာတုန်းဆိုတော့ 
ကျင့်စဉ်အနေနဲ့ဆိုရင် သည်းခံမှု အကြမ်းမဖက်မှု၊ ပန်းတိုင်အနေနဲ့ဆိုရင် နိဗ္ဗာန်။ 

★ နိဗ္ဗာန်ဆိုတာက negative emotion တွေလုံးဝချုပ်ငြိမ်းသွားပြီးတော့
 positive တွေပဲကျန်တော့တယ်။ “မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ” အဲဒါတွေပဲ ကျန်တော့တယ်။ ကိုယ့်ကို ဒေါသနဲ့ပြောတဲ့သူ ကိုယ့်ကို မနာလိုဝန်တိုတဲ့လူ အဲလူတွေအားလုံးကိုလည်း ကရုဏာနဲ့ပဲကြည့်။ 
Positive emotionပဲဖြစ်တော့တယ်။ 

ဒါ ငြိမ်းချမ်းမှုတမျိုးပဲ။ ဒီငြိမ်းချမ်းမှုက မြဲတယ် မမြဲဘူးပဲ ကွာတယ်ပေါ့။ 
မြဲတယ်ဆိုရင် ‘နိယတာ ဓမ္မာ’ ဆိုတာ အဘိဓမ္မာထဲမှာပါတယ် သူရဲ့အတွေ့အကြုံက
 မြဲသွားပြီ။ အဲဒါတော့ နိဗ္ဗာန်အစစ်ဖြစ်သွားပြီ။ 
ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...