Thursday, February 27, 2020

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၈)

မခံချင်တဲ့စိတ်နဲ ့လုပ်တယ်ဆိုရင် 
ကုသိုလ်လုပ်တာတောင် အကုသိုလ်ဖြစ်တယ် ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 
★ မခံချင်တဲ့စိတ် မိသားစုကြားထဲမှာ ရှိနေသလား 
စကားပြောတာကြည့်ပြီး သိတယ်။ တစ်ယောက်နဲ့တစ်ယောက် 
ခနဲ့တယ်ဆိုရင် မခံချင်တဲ့စိတ်ဖြစ်တယ်။ 

★ မခံချင်တဲ့စိတ်ကနေ ထွက်ပေါ်လာစကားနဲ့ လင်မယားကြားထဲမှာလား မောင်နှမကြားထဲမှာလား၊ အလုပ်က လုပ်ဖော်ကိုင်ဖက်ထဲမှာလား၊ 
ဒါမှမဟုတ် ဟိုးဖက်သတင်းစာ ဒီဖက်သတင်းစာ 
အချင်းချင်း ပုန်ကန်နေတာလား၊ 

★ ဟိုဖက်အုပ်စုနဲ့ ဒီအုပ်စု အချင်းချင်းပုန်ကန်နေတာလား၊ 
ဟိုးဖက်ရပ်ကွက်နဲ့ ဒီဖက်ရပ်ကွက် အချင်းချင်း ပြိုင်ဆိုင်နေတာလား 
အဲဒါမျိုးဆိုရင် #မခံချင်တဲ့စိတ်နဲ့လုပ်တယ်ဆိုရင် တရားနာပရိတ်သတ်တို့ #ကုသိုလ်လုပ်တာတောင် #အကုသိုလ်ဖြစ်တယ်။ 

★ ပဋ္ဌာန်းထဲမှာ #ဥပနိဿယပစ္စယော လို့ခေါ်တယ်။ 
“သဒ္ဓံ ဥပနိဿာယ မာနံ ဇ​ပ္ပေတိ” #သဒ္ဓါတရားကို #အကြောင်းပြုပြီးတော့ #မာနတွေဖြစ်တယ်။ ဥပနိဿယပစ္စည်းက 
ဒီသဘောကို ပြောပြတာတာ။ 

★ အဲဒီလို မခံချင်တဲ့စိတ် ဖြစ်တာများရင် အမြစ်တွယ်သွားတယ်။
#ဟေတုပစ္စယော ဖြစ်သွားတယ်။ 

★ အဲဒါကြောင့် တွေ့တွေ့သမျှ မျက်စိနဲ့တွေ့တွေ့သမျှအာရုံတွေ တွေ့တွေ့သမျှလူတွေ အဲဒီလူတွေ ကိုယ်မကြိုက်တဲ့ စကားတစ်ခွန်းပြောရင် 
အဲ့လူက အလိုလိုနေရင်းနဲ့ ကိုယ့်ရန်သူဖြစ်သွားတယ်၊ 
#အာရမ္မဏပစ္စယော။ အကြောင်းအကျိုးကို 
ရှင်းပြတဲ့ ပဋ္ဌာန်းတရားတော်။ 

★ အထက်ကလူနဲ့ အောက်ကလူ နံပါတ်(၂) က နံပါတ်(၁) ပြောတာကို ဘာမှ ပြန်မပြောနိုင်တဲ့အခါကျတော့ မခံချင်တဲ့စိတ်နဲ့ သူဘာလုပ်တယ်၊ 
နံပါတ်(၃)ကို သူပြန်ပြီးတော့ဖိတယ်။ နံပါတ်(၃)ကလည်း နံပါတ်(၁) နဲ့ 
နံပါတ်(၂) ကို သူက ပြန်ပြောခွင့် မရှိဘူးလေ။ 

★ ပြန်ပြောတယ်ဆိုရင် သူ့အနေအထားကို ထိခိုက်မှာစိုးလို့ 
ကြောက်စိတ်နဲ့ဆိုတော့၊ အဲ့ဒီကြောက်စိတ်ကို 
သူ ဘယ်လိုကိုင်တွယ်တုန်း? ပေါက်ကွဲတယ်။ 

★ သူ့လက်အောက်ငယ်သားတွေကို အဲလိုပြန်ပြီးတော့ မခံချင်တဲ့စိတ်နဲ့ နှိမ်ပြောတာတွေ၊ အကောင်းနဲ့အဆိုး နှစ်ခုရှိတဲ့နေရာမှာ 
အဆိုးကိုပဲ ရွေးပြီးတော့ ပြောတာတွေ နည်းတယ်။ 

★ Negativity bias ဆိုတာ အဆိုးကိုပဲရွေးပြီးတော့ ပြောတာ။ အဲဒါမျိုးဖြစ်လာပြီဆိုရင် အဲဒီလုပ်ငန်းခွင်က အဆိပ်အတောက်ဖြစ်သွားပြီ၊ 
toxic ဖြစ်သွားပြီ၊ အဆိပ်အတောက် ဖြစ်သွားပြီ။ 
မခံချင်တဲ့စိတ်များတဲ့ မိသားစုဆိုရင် toxic ဖြစ်တဲ့မိသားစု 
ဖြစ်သွားတယ်၊ အဆိပ်အတောက်တွေများတဲ့ မိသားစု။ 

★ မခံချင်တဲ့စိတ်နဲ့ ဥပမာ ဟိုဖက်ကဦးစီးဌာန ဒီဖက်ကဦးစီးဌာန၊ 
ဦးစီဌာနဆိုရင် ဟိုဖက်က ညွှန်ချုပ်တစ်ယောက်၊ 
ဒီဖက်က ညွှန်ချုပ်တစ်ယောက်။ 

★ ဟိုးဖက်ညွှန်ချုပ်နဲ့ ဒီဖက်ညွှန်ချုပ် မခံချင်တဲ့စိတ်နဲ့ ပြိုင်ပြီးတော့ သူတို့တက်လာတယ်ဆိုရင် ဒီရာထူးကို ရလာဆိုရင် သူတို့ လူကြီးဖြစ်လာတဲ့အချိန်မှာ ညွှန်ချုပ်ဖြစ်လာတဲ့အခါမှာ 
သူဦးစီးဌာန ကိုယ့်ဦးစီးဌာန၊ သူ့ဌာန ကိုယ့်ဌာန 
ပူပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး။ 

★ ဘယ်သူပဲ ထိခိုက်တုန်း? တိုင်းပြည်ပဲ ထိခိုက်တာပေါ့။ 
အမတ်နှစ်ယောက် ဖြစ်ချင်ဖြစ်မယ်၊ လွတ်တော် အမတ်နှစ်ယောက် ဖြစ်ချင်ဖြစ်မယ်၊ ၀န်ကြီးနှစ်ပါး ဖြစ်ချင်ဖြစ်မယ်၊ တိုင်းပြည်နှစ်ပြည် ဖြစ်ချင်ဖြစ်မယ်။ ဟိုဖက်ကျောင်းဆရာတော်နဲ့ 
ဒီဖက်ကျောင်းဆရာတော် ဖြစ်ချင်ဖြစ်မယ်။ 

★ မခံချင်တဲ့စိတ်ဆိုတာ သူက အရမ်းကို destructive ဖြစ်တယ်၊ 
အရမ်းကို အဖျက်သဘောဆန်တယ်။ ပူပေါင်းပြီးတော့ 
အင်အားကောင်းအောင်၊ ပြဿနာဖြေရှင်းတဲ့နေရာမှာ 
အင်အားကောင်းအောင် လုပ်မယ့်အစား တစ်ယောက်က 
တစ်ယောက်ရဲ့အလုပ်ကို ကဖျက်ယဖျက်ပဲ လုပ်နိုင်တာ။ 

★ ဒါတွေဟာ မခံချင်တဲ့စိတ်တွေကြောင့်။ 
#မခံချင်တဲ့စိတ်ဘယ်ကနေလာတုန်း? 
#ပြိုင်ဆိုင်တဲ့စိတ်ကနေလာတယ်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...