Thursday, February 20, 2020

မခံချင်တဲ့စိတ်ကို ဘယ်လို ဆုံးမလဲ?....အပိုင်း(၁)

မခံချင်တဲ့စိတ်ကို ဆုံးမပါ 
▬▬▬▬▬▬▬▬▬ 
အပိုင်း(၁) 
★ ဒီနေ့ည ဘုန်းဘုန်း ဟောကြားမယ့်တရားကတော့ 
“#မခံချင်တဲ့စိတ်ကိုဆုံးမပါ” တဲ့။ 
★ မခံချင်တဲ့စိတ်ကို ဆုံးမပါ၊ ဒါ နေ့စဉ်ဘဝမှာ ဖြစ်ပေါ်တတ်တဲ့ 
စိတ်အကြောင်းလေးတွေ အဲဒါလေးတွေကို သတိထားနိုင်အောင်၊ 
မလိုအပ်တဲ့ မရှိလည်းဖြစ်တဲ့ ဒုက္ခတွေမရှိအောင်။ 

★ မရှိဘဲနဲ့ ဖြစ်တဲ့ဒုက္ခဆိုတာ ဒါ ဘုန်းဘုန်းက အင်္ဂလိပ်လို တွေးပြီးတော့ ပြောတာ၊ 
Problems we can do without. မရှိလည်းဘဲ ဖြစ်တဲ့ဒုက္ခ။ 
ဆိုလိုတာက ကိုယ်က volunteer လုပ်ပြီးတော့ တကယ်လိုချင်ပြီးတော့ 
ယူမှဖြစ်တဲ့ ဒုက္ခ ၊ ဒါ အဓိပ္ပါယ်။မလိုချင်ဘူးဆိုရင် ဒီအတိုင်းပဲ။ 

★ မွေးလာကတည်းက ပါလာတဲ့ ဒုက္ခမဟုတ်ဘူး။ 
မွေးဖွားခါစ ကလေးလေးက ဘယ်သူ့အပေါ် မခံချင်တဲ့စိတ်ဆိုပြီးတော့ 
အဲ့စိတ်လေး ပါလာလား? ပါမလာဘူး။ ထမင်းဆာတယ် ဗိုက်ဆာ 
ဆိုတဲ့အကြောင်း မိခင်ကို အသိပေးတဲ့အနေနဲ့ သူငိုတယ်။ 
သူနို့စို့လိုက်ရရင် ပြီးသွားတာပဲ။ 

★ အဲဒီဒုက္ခ သူ့ဆီမှာ မရှိတော့ဘူး အဲဒီအချိန်လေ။ 
ဆာရကောင်းမလား ဆိုပြီးတော့ သူရဲ့ ခန္ဓာကိုယ်လည်း 
ပြန်ပြီးတော့ ဒေါသမဖြစ်ဘူး။ ရန်ငြိုးမထားဘူး။ 
ပင်ပန်းနေတယ် အိပ်ချင်တယ်ဆိုလည်း သူက ငိုပြတယ်။ 

နဂိုကပါလာတဲ့ဒုက်ခ အဲဒီဒုက်ခကို ဆာလောငျတတျတဲ့ဒုက်ခ၊ 

★ တစ်နှစ်သားအရွယ် နှစ်နှစ်သားအရွယ်။ နှစ်နှစ်သားအရွယ်လောက်ထိ 
အဲ့ကလေးလေး သူ့မှာ မခံချင်တဲ့စိတ်တွေ မဖြစ်ဘူး။ 
ကြီးလာတဲ့အခါကျမှ ကိုယ့်ကိုယ်ကိုယ် ဟိုလူနဲ့နှိုင်းလိုက် 
ဒီလူနဲ့နှိုင်းလိုက်၊ ကိုယ်က မနှိုင်းရင်လည်းပဲ စနစ်က နှိုင်းခိုင်းတယ်။ 
သွားပြီးတော့ ယှဉ်ပြိုင်ခိုင်းတယ်။ 

★ မူလတန်း သွားတက်ပြီဆိုရင် ကလေးတွေက လေးငါးနှစ်ပဲ 
ရှိသေးတယ်၊ အတန်းကျောင်းမှာ ဘယ်သူက ပိုတော်တယ်၊ 
ဘယ်သူက အတော်ဆုံး နံပါတ်တစ် အတန်းထဲမှာ၊ ဘယ်သူကတော့ 
နံပါတ်နှစ်၊ ဘယ်သူက နံပါတ်သုံး၊ အဲလို ပြိုင်ဆိုင်ခိုင်းတယ်။ 

★ ပြိုင်ဆိုင်ခိုင်းတဲ့အခါကျတော့ ကိုယ်က အထက်ရောက်တဲ့ပုဂ္ဂိုလ်၊ 
အောင်တဲ့ပုဂ္ဂိုလ်၊ ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ် ထဲမှာ မပါဘူးဆိုရင် စိတ်ထဲမှာ 
အားငယ်တယ်။ အဲဒီ အားငယ်တာ ဒါ မခံချင်စိတ်ရဲ့ အစိတ်အပိုင်းပါ။ 
မခံချင်တဲ့စိတ် တစ်မျိုးပါ အားငယ်တာ။ 
အင်္ဂလိပ်လို inferiority complex လို့ခေါ်တယ်။ 

★ ကိုယ့်ထက်သာတဲ့လူတွေကို ကြည့်ပြီးတော့ အားငယ်တယ်။ 
မာန တစ်မျိုးပေါ၊ ဟီနမာန်တဲ့၊ မာနတစ်မျိုး၊ မာနသုံးမျိုးရှိတယ် 
ဒါ ဟီနမာန်၊ နာသူရဲ့ မာန်ပေါ့၊ နာသူရဲ့ မာန၊ မခံချင်တဲ့စိတ်။ 

★ တခါတခါကျတော့ မိဘကိုယ်၌က ကိုယ့်သားသမီးတွေကို 
အချင်းချင်းနှိုင်းယှဉ်တယ်။ ကြိုးစား အစ်ကိုကြီးလို ကြိုးစား၊ 
အစ်မကြီးလို ဖြစ်အောင် ကြိုးစား။ 

★ အဲလိုပြောတဲ့အခါကျတော့ pressure နည်းတဲ့အချိန်မှာ 
စိတ်ဖိဆီးမှု နည်းတဲ့အချိန်မှာ ကလေးက သူရဲ့အကြီးတွေကို 
အားကျရင်အားကျမယ်။ အားကျတာတော့ ကောင်းပါတယ်။
 Aspiration ဖြစ်တယ်ဆိုတာ ကိုယ်အားကျပြီးတော့ ကိုယ်ဖြစ်ချင်တာ။ 

★ ဒါပေမဲ့ ဘာစိတ်အလိုလို ၀င်နိုင်တုန်းဆို မိဘက အဲလိုခဏခဏ 
သွားပြီးတော့ နှိုင်းတယ်ဆိုရင် တခါတခါက မိဘက ဘယ်လိုပြောတုန်း? 
နင်က နင့်အစ်မကြီးလို မဟုတ်ဘူး၊ နင့်အစ်ကိုကြီးလို မဟုတ်ဘူး
 ပြောရခက်လိုက်တာဆိုပြီး မခံချင်တဲ့စိတ် ဖြစ်အောင်လုပ်တယ်။ 

★ သူများ ပြုပြင်ပြောင်းလဲမလား၊ ပြုပြင်မလားဆိုပြီးတော့ 
စေတနာနဲ့တော့ ပြောပါတယ်။ ဒါပေမဲ့ ပြောတာ နှစ်ဖက်ဓါးသွားရှှိတဲ့ ဓါးနဲ့ ပြောတဲ့အခါကျတော့ တစ်ဖက်က ကိုယ်ခုတ်ချင်တဲ့နေရာ 
ပြတ်ချင်လည်းပြတ်လိမ့်မယ်၊ ကျန်တဲ့တစ်ဖက်က အန္တရယ်ရှိနေတယ်။ 
Side effects တွေ ဘေးထွက်ဆိုးကျိုးတွေများတယ်။ 

★ မခံချင်တဲစိတ်ရှိအောင် လှုံ့ဆော်ပြီးတော့ မခံချင်တဲ့
စိတ်သွင်းပြီးတော့ ကြိုးစားခိုင်းတာ အဲဒီလို 
ဘေးထွက်ဆိုးကျိုးတွေ များတယ်။ 

★ အဲလိုလုပ်တဲ့အခါမှာ စိတ်ဖိစီးမှု များလာရင် မောင်နှမ
အချင်းချင်းတောင်မှ အဲဒီအချိန်မှာ ကိုယ့်ရဲ့ အစ်ကိုကြီး၊ 
ကိုယ့်ရဲ့အစ်မကြီးကို အကြောင်းပြုပြီးတော့ သူ့တို့ စံနမူနာထားပြီးတော့ 
ကိုယ့်ကိုယ်ကိုုယ်လာပြီး မိဘတွေက ကြိုးစားတိုက်တွန်းတယ်ဆိုတာ 
တခါတခါ ကိုယ်က အဲဒီစေတနာ မမြင်မိဘူး။ 

★ ဘာဖြစ်လို့ မမြင်မိတုန်း? စိတ်ဖိစီးမှု ဖြစ်သွားတာ stress ဖြစ်သွားတာ။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...