Saturday, February 22, 2020

Compassion က Sympathy, Empathy ...ပေါင်းလို့ ရပါသလား?

Compassion က Sympathy, Empathy အားလုံးပေါင်းထားတာလို့
ပြောလို့ရပါသလား?(ဓမ္မအမေးအဖြေ) 👨

မေး။ ။ တပည့်တော်တို့ ဆေးကျောင်းဆောင်ပုဒ်မှာ 
“ဥပဋ္ဌာနံ အနုကမ္ပာ ဒယာ” ဆိုတာ ရှိတယ်။ Compassion ပေါ့ ဘုရား။ 
ကရုဏာအတွက် Compassion က Sympathy, Empathy 
အားလုံးပေါင်းထားတာလို့ ပြောလို့ရပါသလား ဘုရား။ 

 🕯ဖြေ။ ။ ★ ဆရာကြီးမေးတဲ့မေးခွန်းကိုလေ ဘုန်းဘုန်း ဒီစာအုပ် ၅အုပ်ကို 
အခြေခံပြီးတော့ ပြောမယ်။ ဒါ အခုနောက်ဆုံး scientist တွေရဲ့ definition ပါ။ 
Sympathy, Empathy, Compassion အဲဒီဟာက မြန်မာနိုင်ငံက 
ဆေးကျောင်းတွေမှာရှိတဲ့ “ဥပဋ္ဌာနံ အနုကမ္ပာ ဒယာ” နဲ့ ဘယ်လိုဆက်စပ်တုန်း။ 
Compassion = Empathy + Action 
Empathy = Feeling Sympathy = Understanding 

★ ဒီဟာ ဘုန်းဘုန်း လေးငါးနှစ်ကြာပါတယ်။ စာတွေလိုက်ဖတ်တာ 
အင်တာဗျူးတွေလုပ်တာ။ Sympathy နဲ့ Empathy ဘယ်လိုကွာတုန်းဆိုတာ တရားပွဲတော်တော်များများမှာ ရှေ့ပိုင်းမှာ ဘုန်းဘုန်း မေးခံရတယ်၊ 
ဘုန်းဘုန်း မဖြေနိုင်ပါဘူး။ အဲဒါကို ဆက်လက်ပြီးတော့ လေ့လာသွားမယ် 
ဒီလိုပဲ ဖြေခဲ့တယ်။ ဘုန်းကြီးတွေရော နောက် ဆေးကျောင်းမှာရော။ 

★ အခုကျတော့ အောက်စဖို့ဒ်တက္ကသိုလ် Department of Philosophy မှာ 
doctorate dissertation တစ်ခု သူကတော့ Empathy အကြောင်းလုပ်တယ်။ 
သူက ဖြစ်ချင်တော့ ဘုန်းဘုန်းတို့ကျောင်းမှာ တရားလာထိုင်တယ်။ 
သူဆီကနေ ရတဲ့အတွေး၊ နောက်ပြီးတော့ ဒီစာအုပ်တွေ ပြန်ပြီးတော့ 
တရားထိုင်တဲ့ပုဂ္ဂိုလ်တွေကို neuroimaging လုပ်တဲ့ သုတေသနတွေ 
ဒီထဲမှာ အဲဒီကနေ ဒီဟာ ဘုန်းဘုန်း ပြောပြမယ်။ Sympathy က 
Understanding တဲ့။ Empathy က Feeling တဲ့။ 
Compassion က Empathy + Action. 

★ လူတစ်ယောက် ဗိုက်အောင့်နေတာ “အော် သူ ဗိုက်အောင့်နေတယ်”
 အဲဒါကို နားလည်ပြီးတော့ သူ့ကို ဥပမာ “ရတယ် ဒီဟာ မလုပ်နဲ့ နားပါ” 
ဒါ understanding ၊ ဒါ Sympathy လို့ ပြောတယ်။ 
အခုလောလောဆယ် latest သူတို့ပြောတဲ့ဟာ။ 

★ Empathy ကျတော့ အဲ့ဒီထက်ပိုပြီးတော့ မြင့်တယ်တဲ့။ 
အဲ့ဒါကျတော့ သူခံစားသလို ကိုယ်ကခံစားဖို့အတွက် ကိုယ့်ရဲ့ mindfulness 
ကိုယ်ရဲ့ attention ကို ကိုယ် direct လုပ်တယ်။ Empathy center သီးသန့်ရှိတယ်၊ 
insula တို့ ACC တို့ အဲ့ဒီ center တွေကို activate လုပ်တယ်။ 

★ Compassion ကျတော့ Feeling လုပ်ရုံတင်မကဘူး၊ အဲ့ပြဿနာအကြောင်း 
ပိုတွေးပြီးတော့ အဲဒီပြဿနာရဲ့ impact သူတို့အသုံးပြုတဲ့ စကားလုံးက 
suffering အသုံးပြုတယ်၊ ဒုက္ခဆိုတဲ့ စကားလုံး အသုံးပြုတယ်။ 
အဲ့ suffering ကို relief လုပ်ချင်တာတဲ့ ဖြေရှင်းပေးချင်တာ။ 

★ မနက်က ပြောပြတဲ့ “ပရဒုက္ခ ပနယနာကာရပ္ပဝတ္တိလက္ခဏာ” အဲဒါလေး။ 
အဲဒါကြောင့် degree အနေနဲ့ဆိုရင် ဒီလို up ပါတယ်။ 
Compassion က အမြင့်ဆုံးပဲ။ Compassion ထဲမှာ 
Sympathy နဲ့ Empathy ပါပြီးသား။ 

★ အဲဒါကြောင့် ဘုန်းဘုန်း ဒီလာခါနီးမှာ အဲ့ဒီ Philosophy 
ကျောင်းသားက ဘုန်းဘုန်းကို ဘာသင်ပေးတုန်းဆိုတော့ 
You should empathize before you sympathize. 

★ Sympathize နားလည်တယ်ဆိုတာက တကယ်နားလည်လား? 
Empathizing လုပ်ပါတဲ့။ သူရဲ့ ခံစားချက်ကို ကိုယ်က 
Put yourself in their shoes. အဲဒါလေး လုပ်ကြည့်ပါ။ 

★ ဆိုလိုတာက emotion ကို အဓိကထားပါ။ 
ဒီဟာ (empathy) လုပ်နိုင်တယ်ဆိုရင် ဒီဟာ (sympathy) က 
ပါပြီးသားလို့ ပြောချင်တာ။ 

★ Compassion ကျတော့ ဗုဒ္ဓတရားတော်ရဲ့ Philosophy တစ်ခုအနေနဲ့
ပြောမယ်ဆိုရင် interconnectedness အဲဒီဟာလေးပါတယ်၊
 interconnectedness က သူက အဲဒီလို ဗိုက်အောင့်တယ်ဆိုရင် 
ဗိုက်အောင့်တဲ့ဟာက တကယ်လို့ အဲ့ဒီဗိုင်းရက်စ် က transmittable 
ဖြစ်တယ်ဆိုရင် ဒါ လူအများကြီး ဖြစ်နိုင်တယ်။ 

★ သူ့ရဲ့ ဝေဒနာကို ခံစားပေးတဲ့ စိတ်နဲ့တင်မကဘူး၊ တခြားလူတွေကိုပါ 
သနားတဲ့စိတ် အဲ့စိတ်ပါတွေးထား၊ အဲဒါဆိုရင်တော့ compassion ဖြစ်တယ်။ 
ဒါဆိုရင် သူက action ဖြစ်ဖို့အတွက် အရမ်းကိုအားကောင်းသွားပြီ။ 

★ ဒါဖြင့် ဆေးကျောင်းတွေမှာရှိတဲ့ စကားလုံးသုံးလုံး၊ ဒီမှာရှိတာကတော့ 
အဲဒီ logo ထဲမှာ ရှိတဲ့ဟာကို ဆရာကြီးတို့ဖတ်တာက အပေါ်ကနေ စဖတ်တယ်။ 
ဘုန်းဘုန်းက အောက်က စဖတ်ပြမယ် process အနေနဲ့။ ဆရာကြီးတို့ 
အပေါ်ကနေ စဖတ်တယ် အပေါ်ကနေ စဖတ်တော့ ဘာဖြစ်တုန်း? 
“ဥပဋ္ဌာက”၊ ပြီးတော့ “အနုကမ္ပ”၊ ပြီးတော့ “ဒယာ”။ 

★ မြန်မာနိုင်ငံရဲ့ ဆေးကျောင်းတိုင်းရဲ့ logo မှာပါတဲ့ ပါဠိစကားလုံး သုံးခု။ 
ဥပဋ္ဌာက က #တကယ်ပြုစုတာ လက်တွေ့ပြုစုတာ၊ အနုကမ္ပ က 
ကိုယ်ချင်းစာတာ၊ ဒီမှာ Empathy ပုံစံမျိုးထားတာ။ ဒယာ က လူလူချင်း ညှာတာထောက်ထားသောအသိ (Humanity ပါ ဘုရား) Humanity က 
အဲဒါက interconnectedness ကိုပြောတာ။ 

★ အဲဒီ ပါဠိစကားလုံးတွေကို ဘာသာပြန်တာ ဒါ ဘုန်းဘုန်းက မှားတယ်လို့ 
မဆိုလိုပါဘူး၊ ဘုန်းဘုန်းက အဲဒါ စိတ်ဝင်စားတယ်။ 
“ဒယာ၊ အနုကမ္ပာ၊ ဥပဋ္ဌာက” - ဒယာ ဆိုတာက ကိုယ်ချင်းစာတာ၊ 
သနားတယ်ပေါ့နော် အရပ်စကားနဲ့ ပြောရင် 
သနားတယ် ကိုယ်ချင်းစာတယ်။ 

★ သနားတယ်ဆိုတဲ့ စကားက အရမ်းကို connotation များတဲ့အခါကျတော့ 
ဘုန်းဘုန်းက ခဏခဏ မသုံးဘူး။ အပေါ်ကလူက အောက်ကလူကို 
သနားတဲ့ပုံစံဖြစ်နေတယ်။ အပေါ်ကလူက ပြဿနာ သိပ်မရှိဘူး၊ 
အောက်ကလူပဲ ပြဿနာရှိတယ်။ ဒါကြောင့် သူ့ကို သနားတယ်ပေါ့။ 

★ အဲဒီ ပြဿနာက localized ဖြစ်နေတယ်။ သူ့ပြဿနာ ကိုယ်နဲ့ ဘာမှ 
သိပ်မဆိုင်ဘူး interconnectedness မဖြစ်ဘူး။ 
သူက နိမ့်နေလို့ status အရ သူ့ကို သနားတယ်။ 

★ လူ့လောကမှာ အဲ့ connotation ရှိလို့ ပြဿနာနည်းနည်းရှိတယ်။ 
ဒါက class minded ဖြစ်တဲ့နေရာတွေမှာ ဖြစ်ပြီးတော့ ဘုန်းဘုန်းတို့ဆီ 
ရောက်လာတယ်။ အမှန်ကတော့ ဗုဒ္ဓရဲ့အမြင်နဲ့ကြည့်ရင်တော့ 
လူတိုင်းလူတိုင်းက သနားစရာတွေ အများကြီးပဲ။ 

★ ဘုန်းဘုန်းတို့ ဒီမှာ တနေကုန်ထိုင်နေတယ် လူတိုင်း ညောင်းတာပဲ။ 
ပါချုပ်ကြီးကနေ စပြီးတော့ ပထမနှစ်ကျောင်းသားကျောင်းသူတွေအထိ 
ညောင်းတာ၊ တရားဟောတဲ့ ဘုန်းကြီးလည်း ညောင်းတာ ပြောမနေနဲ့။ 
အဲတော့ အကုန်လုံး သနားစရာတွေဖြစ်နေတာ ညောင်းတာ
တစ်ခုပဲကြည့် အကုန်လုံး သနားစရာတွေဖြစ်နေတယ်။ 

★ ဘုန်းဘုန်းက ဒီမှာ တရားဟောနေလို့လေ lecture ပေးနေလို့ အိပ်ငိုက်လို့ မရဘူး။ 
ဘုန်းဘုန်း အဲ့မှာထိုင်ရင် ဘုန်းဘုန်းလည်း အိပ်ငိုက်မှာပဲ။ 
“ဒယာ” ဆိုတာက သနားတယ်။ “အနုကမ္ပာ” ကျတော့ တုန်လှုပ်တာတဲ့။ 
အနုကမ္ပာ စကားလုံးက #တုန်လှုပ်တာ။ 

★ အင်္ဂလိပ်လိုက I feel moved. I feel suffering. I am suffering. Moved ဖြစ်တာ နှလုံးသားက တုန်လှုပ်သွားတာ။ ဒီတုန်လှုပ်တဲ့ဟာက လောကဓံတုန်လှုပ်တဲ့ဟာနဲ့ 
မတူဘူး။ လောကဓံ (၈)မျိုးနဲ့ တွေ့ပြီးတော့ တုန်လှုပ်တဲ့ဟာက 
အဲဒါ self-centered ဖြစ်ပြီးတော့ တုန်လှုပ်တာ။ 
ငါ ငါ ဆိုပြီးတော့ တုန်လှုပ်တာ။ 

★ ကောင်းတဲ့လောကဓံနဲ့ တွေ့ရင် ငါ တော်တယ်ဆိုပြီး တုန်လှုပ်တာ။ ဆိုးတဲ့လောကဓံနဲ့တွေ့ရင်လည်း ကြောက်စိတ်တွေဖြစ်ပြီးတော့ 
တုန်လှုပ်သွားတာ။ ဒီတုန်လှုပ်မှုကျတော့ အနုကမ္ပ ကျတော့ မဟုတ်ဘူး တခြားလူတွေရဲ့ဒုက္ခကိုကြည့်ပြီးတော့ တုန်လှုပ်တယ်ဆိုတော့ 
ကရုဏာနဲ့ တုန်လှုပ်တာ။ 

★ အဘိဓမ္မာနဲ့ပြောရင် ဒီတုန်လှုပ်တာတော့ ကုသိုလ်စိတ်နဲ့ 
တုန်လှုပ်တာ။ လောကဓံနဲ့တွေ့တဲ့အခါ ဖြစ်တဲ့တုန်လှုပ်မှုက အကုသိုလ်စိတ်နဲ့ 
တုန်လှုပ်တာ။ ဒီတုန်လှုပ်မှုနှစ်ခုက မတူပါဘူး။ 

★ မြန်မာပြည်မှာတော့ ဘုန်းဘုန်း ဒီဟာ မဟောရသေးဘူး၊ စင်ကာပူမှာတော့ 
တုန်လှုပ်မှုနှစ်မျိုး ဒီဟာကို Psychology ရှု့ထောင့်ကနေ ဟောပြီးသွားပြီ။ 
အဲဒီလို တုန်လှုပ်ပြီးရင် ဘာလုပ်တုန်းဆိုတော့ “ဥပဋ္ဌာက” - Action ပါတယ်၊
 ဥပဋ္ဌာက - ပြုစုတယ်ဆိုတော့ action ပါတယ်။ 

★ ဒါကြောင့် ဒါက Compassion process မှာ Compassion မှာ 
ဒီသုံးခုစလုံးပါတယ်။ ဒီ(ဒယာ)ကနေ စတယ်၊ ဒီ(အနုကမ္ပာ) သွားတယ်၊ 
ဒီမှာ actionable ဖြစ်လာတယ် ဥပဋ္ဌာက။ 

★ ဥပဋ္ဌာက စကားလုံးတစ်ခုက အထောက်အပံ့ပေးတယ်၊ assist ပေးတယ်၊ 
တစ်ခုက ကူညီတယ်၊ အမျိုးမျိုးပဲ ဘာသာပြန်တာ။ အဲဒီ ဘာသာပြန်တဲ့ဟာ အကုန်လုံးမေ့လိုက်ရင် #ဥပဋ္ဌာက ဆိုတာက လက်တွေ့ကူညီတာ။ 

 ★ အခု scientist တွေ ပြောတဲ့ဟာနဲ့ဆိုရင် “ဥပဋ္ဌာက” ဖြစ်မှပဲ Compassion 
ဖြစ်တာ၊ “ဥပဋ္ဌာက” မဖြစ်ရင် ဒီမှာ “အနုကမ္ပ” ဆိုရင်တော့ ဘုန်းဘုန်းတို့က 
Empathy လို့ ပြောနိုင်တယ်။ “ဒယာ” ကို Sympathy လို့ ပြောနိုင်တယ်။ 
ဒါ ဒီတိုင်း upward အနေနဲ့ သုံးရင်။ 

 ★ အဲဒါကြောင့် ဒီက forefather တွေ သူတို့ အဲဒီစကားလုံးသုံးလုံးကို 
ထည့်တုန်းက သူတို့ရဲ့ အိုင်ဒီယာ၊ သူတို့ရဲ့ understanding က ဘယ်လိုတော့ မသိဘူး၊ 
ဘုန်းဘုန်း ဖတ်တာတော့ အဲလို ဖတ်တယ်၊ အောက်ကနေ စဖတ်တယ်။ 
ဒယာ၊ အနုကမ္ပာ၊ ဥပဋ္ဌာက။ 

★ ဟိုမှာ ဆရာကြီးတို့ အဲဒါကို ပြန်ပြီးတော့ အဓိပ္ပါယ်ပြန်ထားတာတော့ 
ဒီတိုင်း (ဥပဋ္ဌာက၊ အနုကမ္ပာ၊ ဒယာ) ဖတ်တယ်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...