Monday, February 24, 2020

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၅)

ကိုယ့်အကြောင်းတွေးတာများရင် မခံချင်တဲ့စိတ် 
မာနစိတ် ကြောက်စိတ်တွေ ဖြစ်တတ်တယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 
★ လန်ဒန်မှာ ဘုန်းဘုန်းရဲ့ဓမ္မစကူးလ်မှာ ကြာပါပြီ ဘုန်းဘုန်း 
အင်္ဂလန်ရောက်ခါစတုန်းက၊ ၉၆ခုနှစ်မှာ ရောက်တယ်ဆိုတော့ ဒီအဖြစ်အပျက်လည်း ၉ရခုနှစ်လောက် ၉၈ခုနှစ်လောက်က။ ကလေးမလေးတစ်ယောက် 
ငါးနှစ်ပဲရှိသေးတယ်၊ ဘုန်းဘုန်းကို I want to tell you something. တဲ့။ 
ဘုန်းဘုန်း ကို တစ်ခုခုပြောစရာရိိှတယ်။ 

★ What is it? ဘုရားခန်းထဲကြွခဲ့ပါဆိုတော့ ဘုရားခန်းထဲ
ရောက်တဲ့အခါကျတော့ တခြားကျောင်းသူကျောင်းသားတွေ 
အပြင်မှာပဲ ရှိသေးတယ်။ ဘုန်းဘုန်းကို Mom and dad fight မေမေနဲ့ ဖေဖေ 
ရန်ဖြစ်တယ်။ သူ့ဘဝမှာ တခါမှ မမြင်ဖူးဘူး သူ့အမေနဲ့သူ့အဖေရန်ဖြစ်တာ။ ပြောပြစရာလူမရှိဘူး စိတ်ထဲမှာ အရမ်းကို စိတ်ဖိစီးမှုဖြစ်နေတယ်။ 

 ★ အဖေနဲ့အမေ ရန်ဖြစ်တယ်ဆိုတော့ အမေကို သွားပြောရင်လည်းပဲ အမေက မျက်နှာမကြည်ဘူး၊ မပြောရဲဘူး။ အဖေကို သွားပြောရင်လည်း အဖေက မျက်နှာတည်တည်ကြီးနဲ့ မပြောရဲဘူး။ သူအားကိုးထိုက်တဲ့ ပုဂ္ဂိုလ် အဲဒီအချိန်မှာ နွေးထွေးတဲ့မျက်နှာ သူ့ကို မပေးနိုင်ဘူး။ ဒါ တစ်ဦးတည်းသောသမီး။ 

★ အဲဒါနဲ့ နောက် ဘုန်းဘုန်းက မိဘတွေခေါ်ပြီးမေးကြည့်တယ် 
တစ်ယောက်စီခေါ်ပြီး မေးကြည့်တယ်။ အဲဒါနဲ့ အမေလုပ်တဲ့သူက 
ဘာပြောတုန်းဆိုတော့ တခြားမကျေနပ်တာတွေ ရှိချင်ရှိမှာပေါ့ ဘုန်းဘုန်းကို ပြောပြတဲ့ဟာကတော့ ထမင်းစားပြီဆိုရင်တဲ့ ပန်းကန်တွေ မဆေးဘူးပေါ့ သူကပဲ အမြဲတမ်းဆေးရတာ။ အဲဒီစိတ်ဝင်လာတာ။ 

★ အမှန်ကတော့ အိမ်အလုပ်ကို ခွဲပြီးတော့ လုပ်လာတာ အဲဒီအချိန်အထိ 
အဆင်ပြေတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ မခံချင်တဲ့စိတ် သွားဖြစ်တယ်မသိဘူး 
မခံချင်တဲ့စိတ် ဖြစ်တာနဲ့ ကျန်တဲ့နေရာတွေမှာ သူက အပြစ်တွေကြည့်ဖြစ်ကုန်တာ။ ကြောက်စရာကောင်းတယ် လင်မယားကြားထဲမှာ။ 


★ မခံချင်တဲ့စိတ်က အတွေးကိုစောင်းစေတယ်။ 
အဲဒါတင်မကဘူး အလိုလိုနေရင်းနဲ့ အဲဒီလူတွေက isolation 
ကိုယ့်ကိုယ်ကိုယ် isolation သွင်းနေတယ်၊ isolate လုပ်နေတယ်။ 
ကိုယ့်ဟာကိုယ် အထီးကျန်အောင်လုပ်တယ်။ မကျေနပ်တဲ့စိတ် ရှိလို့။ 

★ ဘာဖြစ်လို့တုန်းဆိုတော့ မကျေနပ်တဲ့အချိန်မှာ ကိုယ်က 
negative ဖြစ်တဲ့အရာတွေပဲ တွေးတယ်၊ ကိုယ်မကျေနပ်တဲ့
ပုဂ္ဂိုလ်အကြောင်း ခဏခဏတွေးဖြစ်တယ်။ 

🔺သူ့အကြောင်းတွေးတိုင်းတွေးတိုင်း အမှန်ကတော့ ဘယ်သူကို 
အဓိကအာရုံပြုတုန်းဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံပြုတယ် 
self-centered ဖြစ်နေတယ်။ 

★ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုနေတယ်။ တွေးတာတော့ ကိုယ်မကျေနပ်တဲ့ 
လူအကြောင်းပြောတာ၊ ဒါပေမဲ့ ဗဟိုပြုတာ တကယ်အာရုံစိုက်တာ 
ဘယ်သူ့အာရုံစိုက်တုန်း ကိုယ့်ကိုယ်ပဲ အာရုံစိုက်တာ။ 
ငါ့ကို ဒီလိုပြောတယ်။ 

★ အဲဒီလိုမြင်ပြီးတော့ စိတ်ထဲမှာဖြစ်တဲ့ ဒဏ်ရာဒဏ်ချက်တွေကို 
မကုစားတော့ဘူး။ ကုစားမယ့်အစား အဲ့ဒီဒဏ်ရာဒဏ်ချက်တွေကို 
တမြတ်တနိုးသိမ်းထားတာ စိတ်ဒဏ်ရာဒဏ်ချက်တွေ။ 

★ အဲဒီလိုဖြစ်ရင် တခြားလူရဲ့ဒုက္ခကို ဒီလူတွေ မမြင်နိုင်တော့ဘူး။ ဥပမာ ကိုယ့်ကိုကျော်သွားတဲ့ကားက သူ့မှာ ဘာစိတ်ဒုက္ခရှိနေလို့တုန်း၊ 
ဆေးရုံသွားဖို့ လိုအပ်လို့လား? မွေးခါနီးလူနာ ပါလို့လား။ 
အဲ့ထဲမှာ တော်တော်နေမကောင်းတဲ့ လူနာ ပါလို့လား? 

★ အဲဒီလို ကိုယ်က သူတို့ကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ မတွေးနိုင်တော့ဘူး။ 
တကယ် ကိုယ်ချင်းစာတဲ့စိတ်နဲ့တွေးလိုက်ရင် သြော် သူတို့မှာ 
အရေးတကြီးလိုအပ်လို့ထင်တယ်။ အချိန်နောက်ကျနေလို့ထင်တယ်။ 
ဒါမှမဟုတ် ဆေးရုံသွားဖို့ လိုအပ်နေလို့ထင်တယ်။ 

★ အဲဒီလိုမျိုးကိုယ်က တွေးပေးရင် ဖြည့်ပြီးတွေးပေးနိုင်ရင် 
မခံချင်တဲ့စိတ် မဖြစ်ရုံတင် မကဘူး ကိုယ်ရဲ့စိတ်က သူ့ကို သနားပြီးတော့ သူအဆင်ပြေပါ့မလား? အဲဒီ မေတ္တာနဲ့ တွေးမိတယ်။ 

★ အဲဒီလို သူ့ရဲ့ပြဿနာ တွေးပြီးတော့ သူ့ကို ကရုဏာလေးနဲ့ 
တွေးလိုက်တယ်ဆိုရင် တကယ်လို့သူက ကိုယ့်ကိုကျော်သွားတဲ့နေရာမှာ 
ဒေါနဲ့မောနဲ့ ကျော်သွားတာကို သူရဲ့ဒေါသမောဟာ 
အပြုအမူတွေက ကိုယ့်ကို မထိခိုက်ဘူး။ 

★ ကိုယ့်ရဲ့ကရုဏာစိတ်က ကိုယ့်ကိုပြန်ပြီးတော့ ကာကွယ်ပေးပါတယ်။ 
ကိုယ့်ရဲ့ သတိတရားက ကိုယ့်ကို ပြန်ကာကွယ်ပေးတယ်။ 
အဲဒါ သတိသံဝရ - Mindfulness as protection, 
Compassion as protection. 

★ ကိုုယ့်ကိုကျော်သွားတဲ့လူ အဲဒီလူကို မကျေနပ်တဲ့စိတ် မဖြစ်ဘူး၊ 
သူ့ကိုကြောက်တဲ့စိတ်လည်း မဖြစ်ဘူး။ ကြောက်မယ့်အစား 
သူအဆင်ပြေပါ့မလား၊ အဲလိုတောင် သွားပြီး တွေးမိသေးတယ်။ 

★ ရွေးချယ်စရာ စိတ်ထားနှစ်ခုရှိတယ်။ ဒီနေရာလေးမှာ။ 
တစ်ခုက သူရဲ့ပြဿနာကို ကြည့်ပြီးတော့ ကရုဏာစိတ်ထားတာ။ 
နောက်တစ်ခုကတော့ သူ့အကြောင်းကိုမတွေးဘူး 
ကိုယ့်အကြောင်းကိုပဲ တွေးတယ်။ 

🔺 ငါ့ကို ဒီလို ကျော်သွားရမလား၊ ငါ့ကို ဒီလို 
မလေးမစားလုပ်ရမလား ဆိုပြီး အဲဒါကျတော့ 
self-centered ကိုယ့်အကြောင်းကို ကိုယ်တွေးနေတာ။ 

★ အဲဒါကြောင့် ကိုယ့်အကြောင်းတွေးတာများရင် 
တရားနာပရိတ်သတ်တို့ မခံချင်တဲ့စိတ်တွေဖြစ်မယ်၊ 
မာနစိတ်တွေဖြစ်မယ်၊ ကြောက်စိတ်တွေဖြစ်မယ်။ 

🍃ကိုယ့်အကြောင်းလျော့တွေးပြီးတော့ သူများအကြောင်း 
ပိုတွေးတဲ့ပုဂ္ဂိုလ်ကျတော့ စိတ်ခံစားမှု ပိုပြီးတော့ ကျန်းမာတယ်။ 

★ ကိုယ့်ကိုကျော်သွားတဲ့လူက တမင်သက်သက် ကိုယ့်ကို 
မခံချင်အောင်လုပ်တာတောင် ကိုယ့်စိတ်ထဲမှာ မခံချင်တဲ့စိတ် မဖြစ်ဘူး။ 
🔺သူကနေ ကိုယ့်ကို ရွှံ့ညွန်လက်ဆောင်လာပေးတယ်ဆိုပါတော့။ 
ကိုယ်က မယူတဲ့အခါမှာ ကိုယ့်ကလည်း မပေဘူးပေါ့။ 
🔺 အဲ့ရွှံ့ညွှန်အတွက် ဒေါသစိတ် သူ့လက်ထဲမှာပဲရှိတယ်။ 
သူ့နှလုံးသားထဲမှာပဲ ရှိတယ်။ သူကပဲ ပေတာ။ ။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...