Friday, February 28, 2020

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၉)

မခံချင်တဲ့စိတ် မဖြစ်ရင် တော်ရုံတန်ရုံ ပဋိပက္ခမဖြစ်ဘူး 
▬▬▬▬▬|| ▬▬▬▬▬||▬▬▬▬|| ▬▬▬▬
★ မခံချင်တဲ့စိတ် ဘယ်ကနေလာတုန်း? ပြိုင်ဆိုင်တဲ့စိတ်ကနေလာတယ်။ 
ဒါကြောင့် မြတ်စွာဘုရားက ပထမဆုံးသင်ပေးတဲ့ ရဟန်းတွေ
သာမဏေတွေကို ပထမဆုံးသင်ပေးတဲ့ သင်ခန်းစာ အဝတ်အစားဝတ်တဲ့နေရာမှာလည်း သူများကို 
သွားမပြိုင်နဲ့တဲ့။ သင်္ကန်းဝတ်တဲ့နေရာမှာ သွားမပြိုင်နဲ့။ 

★ ဘာကြောင့် ဒီသင်္ကန်းဝတ်တာတုန်း?အအေးဒဏ် အပူဒဏ် 
ရာသီဥတုဒဏ် ကာကွယ်နိုင်ဖို့၊ ခြင်တွေ ယင်တွေ၊ ပိုးကောင်
အသေးလေးတွေ ကာကွယ်နိုင်ဖို့၊ အရှက်ကာကွယ်နိုင်ဖို့ ဒီလို 
practical reason လက်တွေ့ကျတဲ့အကြောင်းတွေ ကြောင့် 
ဒီသင်္ကန်း / ဒီအဝတ်အစားကို အသုံးပြုတယ်။ 

★ တရားနာပရိတ်သတ်အနေနဲ့ ဒီ message ကို ဘယ်လိုသုံးမှာတုန်း။ မနက်အိပ်ယာကနေ ထလာပြီးတော့ ရေမိုးချိုးပြီး အဝတ်အစား
လဲတဲ့အခါမှာ အဝတ်အစားဝတ်တာ အရှက်ကာကွယ်ဖို့ 
လူကြားသူကြားဝင်တဲ့အခါ လူတွေကိုလေးစားဖို့။ 

★ နောက်ပြီးတော့ ကျန်းမာရေးအတွက် အပူအအေးကို ကာကွယ်ပြီးတော့ ကျန်းမာရေးအတွက်ဆိုပြီး သဘောထားရမယ်တဲ့။ 
ခုလေးတင်ဘဲ၊ ဘုန်းဘုန်း ပလ္လင်ပေါ်တက်ခါစတုန်းက 
ရာသီဥတုကြောင့် တစ်ချက်နှစ်ချက် ချောင်းဆိုတာ၊ 
ပါလာတဲ့သင်္ကန်းလေးကို လည်ပင်းကို 
ပတ်လိုက်တဲ့အခါကျတော့ အခု ချောင်းမဆိုးတော့ဘူး။ 
သင်္ကန်းက ဒီလိုလက်တွေ့အသုံးကျတာ။ 

★ တရားနာပရိတ်သတ်လည်း ဒီအတိုင်းပဲ နှင်းတွေကျလို့ တကယ်လို့အေးတယ်ဆိုရင် ကို်ယ့်အဝတ်အစားကို ပြန်ပြီးအားကိုးလိုက်။ အဝတ်အစားဆိုတာ ဒီလိုနေရာမျိုးမှာ အသုံးပြုတာ။ 
စိတ်က ဒီလိုအတွေး မတွေးတတ်ဘူးဆိုရင် 
ဒီလိုစိတ်ထားမထားတတ်ဘူးဆိုရင် 
ဘယ်လိုဖြစ်မှာတုန်း? 

★ ငါ ဒီအဝတ်အစားဝတ်တာ လူတွေ အထင်သေးမလားမသိဘူး၊ 
သူတို့ အထင်ကြီးပါ့မလား လျောက်တွေးနေလိမ့်မယ်။ 
သူများအထင်ကြီးအောင် ကိုယ်အဝတ်အစားဝတ်တယ်ဆိုရင် 
လူတိုင်းက ဘယ်အထင်ကြီးနိုင်မှာတုန်း။ 

★ တချို့လူ ကိုယ်ဘယ်လောက်ပဲ ကောင်းတာဝတ်သွားဝတ်သွားကြည့်၊ သူက သူ့အပူနဲ့သူဆိုတော့ ကိုယ့်ရဲ့အဝတ်အစားကောင်းကောင်းလေး 
လှလှလေး စျေးကြီးတဲ့အဝတ်အစားလည်း သူ ဂရုတောင်မစိုက်နိုင်ဘူး။ 
သူ့အပူနဲ့သူ ရှိနေတာကိုး ပူနေတာ။ တချို့လူကျတော့ သူ့မာနနဲ့သူ၊ 
ကိုယ်ကောင်းတာ ၀တ်သွားတဲ့အခါမှာ သူက 
မခံချင်တဲ့စိတ် ဖြစ်ကျန်ရစ်တယ်။ 

★ အဲဒါကြောင့် တရားနာပရိတ်သတ်တို့ ဗုဒ္ဓမြတ်စွာဘုရားက ပြိုင်ဆိုင်တဲ့စိတ်မဖြစ်အောင် စားဝတ်နေရေးကျန်းမာရေး၊ 
အစားအသောက်ရယ်၊ အဝတ်အစားရယ်၊ နောက် နေစရာထိုင်စရာ 
အိမ်ရယ် အဲဒါနဲ့ ပတ်သတ်ပြီး ပြိုင်ဆိုင်မှုမရှိအောင် -

💡ကိုယ့်ခန္ဓာကိုယ်သနားလို့ အစာအာဟာရစားပါတယ်၊ 

💡ကိုယ့်ခန္ဓကိုယ်သနားလို့ ရောဂါမဖြစ်အောင် စားပါတယ်၊ 

💡ကိုယ့်ခန္ဓာကိုယ်သနားလို့ အဝတ်အစားတွေဝတ်ပါတယ်၊ ကျန်းမာရေးကောင်းအောင်၊ ဒီလိုစိတ်ထားနိုင်ရင် မခံချင်တဲ့စိတ် မဖြစ်တဲ့အခါကျတော့ ဘေးကလူတွေနဲ့ တော်ရုံတန်ရုံ 
ပဋိပက္ခမဖြစ်တော့ဘူး။ 

★ မခံချင်တဲ့စိတ်နဲ့ ၀တ်တယ်စားတယ်ဆိုရင် ဟိုးဖက်ကအိမ်က စျေးကြီးကြီးနဲ့လက်ကိုင်အိတ် သွားဝယ်ဆိုရင် ကိုယ်ကလည်း 
မခံချင်တဲ့စိတ်နဲ့ အဲဒီထက် ပိုပြီးတော့ 
စျေးကြီးတာသွားဝယ်မယ်။ 

★ ကိုယ်ဝယ်တာ ဘာအတွက်ဝယ်တာတုန်း? 
အဲဒီလူကို ပြချင်လို့ ငါလည်း ဒါ ၀တ်နိုင်တယ်။ 
တနည်းအားဖြင့် ပြောမယ်ဆိုရင် ကိုယ်မကြိုက်တဲ့လူ ကိုယ့်ကို အသိအမှတ်ပြုအောင် ဝယ်သုံးနေတာလေ- 
ဘယ်လောက်မိုက်မဲတဲ့ အတွေးတုန်း။

 ★ ကိုယ်မကြိုက်တဲ့လူ အသိအမှတ်ပြုမှုကို ခံချင်နေတာ။ 
ဘယ်ဖြစ်နိုင်မှာတုန်း။ စောစောပိုင်းက ရှင်းပြတဲ့အတိုင်း 
ပြိုင်ဆိုင်တဲ့စိတ် ပိုများတယ်။ 

★ ဒါကြောင့် တရားနာပရိတ်သတ်တို့ စျေးသွားဝယ်တဲ့အခါမှာလည်းပဲ မခံချင်တဲ့စိတ်တွေ မဖြစ်အောင် ကိုယ့်စိတ်ကိုဆုံးမပါ။ 
အိမ်မှာနေတဲ့အခါ အချင်းချင်းစကားပြောတဲ့အခါမှာလည်းပဲ 
မခံချင်တဲ့စိတ်တွေ မဖြစ်အောင် ကိုယ့်ဟာကိုယ် ဆုံးမပါ။ 

🍃 ကိုယ့်ရဲ့သားသမီးတွေကိုလည်းပဲ #မခံချင်တဲ့စိတ်ဖြစ်မယ့်အစား၊ #မခံချင်တဲ့စိတ်မှာ #အင်အားကိုသွားပြီးတော့အသုံပြုမယ့်အစား၊ တိုင်းပြည်ရဲ့ပြဿနာကို စိတ်ဝင်စား၊ 
#တိုင်းပြည်ရဲ့ပြဿနာကို #ပြေလည်အောင်လုပ်တဲ့နေရာမှာ 
ကိုယ့်အင်အားကို #အသုံးပြုရင် ဒီကလေးက 
#ပါရမီဖြည့်ပြီးသား ဖြစ်သွားတယ်။ 
စာလည်းကျက်ပြီးသား ဖြစ်သွားတယ်။ 

★ အများအတွက် သူစာကျက်တယ်ဆိုတော့ အများအတွက်လည်း အများကြီးလိုအပ်တယ်ဆိုတော့ စာမကျက်နဲ့ပြောရင်တောင်မှ 
မရဘူး သူစာကျက်မှာ သူစာကြည့်မှာ သူလေ့လာမှာ။ 
ဘာဖြစ်လို့တုန်း အများကိုကူညီချင်လို့။ ‼️ 
ဒါကြောင့် #အများအတွက်တွေးတတ်တဲ့ 
#သားသမီးတွေဖြစ်အောင်ပြုစုကြပါ။ 
တပည့်လေးတွေဖြစ်အောင် ပြုစုကြပါ။ 

★ လုပ်ငန်းခွင်မှာလည်းပဲ အများရဲ့ပြဿနာ တိုင်းပြည်ရဲ့
ပြဿနာ ကြည့်ပြီးတော့ ငါတို့ လုပ်တဲ့အလုပ်က တိုင်းပြည်ရဲ့ပြဿနာကို ပြေလည်အောင်လုပ်တဲ့နေရာမှာပါတယ်။

 ★ ဘုန်းဘုန်းတရားဟောရင်လည်း အဲလိုပဲ စိတ်ထဲမှာထားတယ်။ 
ဘုန်းဘုန်း တရားတွေထပ်လား မထပ်ဘူးလား 
ဘုန်းဘုန်း အဲဒါတွေ ဂရုမစိုက်ဘူး။ 

★ ဘုန်းဘုန်းတရားဟောတဲ့အခါ ဘယ်သူက အထင်ကြီးလား မကြီးလား? အဲဒါတွေ စိတ်ထဲမှာ မရှိဘူး။ ငယ်တုန်းက အဲ့ဒီစိတ်တွေဖြစ်တယ်။ သူများအထင်သေးမှာ အရမ်းကြောက်တယ်။ 
ကြောက်စိတ်ကိုး ကြောက်စိတ်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...