Thursday, February 27, 2020

လူဖြစ်ကျိုးနပ်စေရန် မတွေးသင့်သော အတွေးများ,

လူဖြစ်ကျိုးနပ်စေရန် မတွေးသင့်သော အတွေးများ ✨✨✨✨✨✨✨✨✨✨✨✨✨✨✨
 မြတ်စွာဘုရားက အတွေးနဲ့ပတ်သက်လာရင် 
အတွေးသုံးမျိုးကို မတွေးနဲ့တဲ့။ တွေးလို့ရှိရင် 
လူဖြစ်ကျိုးမနပ် ဖြစ်လိမ့်မယ်။ 
မကောင်းတဲ့အတွေးသုံးမျိုးကတော့- 
“အဘိဇ္စျာ၊ဗျာပါဒ၊မိစ္ဆာဒိဋ္ဌိ”တဲ့။ 

●အဘိဇၥ်ာ- •အဘိဆိုတာ သူများပစ္စည်းကို ဦးတည်ပြီး 
●ဇ္စျာ-ရချင်တဲ့စိတ်နဲ့ စိတ်ကူးတာ။ သူတစ်ပါးပစ္စည်းကို 
ပိုင်ဆိုင်ချင်တဲ့အတွေးဟာ “သူခိုး၊ ဓားပြ” ဖြစ်စေတဲ့အတွေး။ 
အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး ၊ အကုသိုလ်အတွေး၊ 
မနောဒုစရိုက် လို့ခေါ်တယ်။ ဒီအတွေးမျိုး မတွေးသင့်ဘူး။
ဒီအတွေးကို ရှောင်ရမယ်။ 

●ဗျာပါဒ- ဘာလဲဆိုရင် ကိုယ်နဲ့ မတည့်တဲ့ လူတစ်ယောက် 
စိတ်ထဲပေါ်လာတယ်။ “ဟာ . . .ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ စီးပွားပျက်သွားရင်ကောင်းမှာပဲ။ ဒုက္ခရောက်သွား၊
ထောင်ကျသွားရင် ကောင်းမှာပဲ” ဆိုတဲ့ အတွေးတွေ 
တစ်ချို့မတွေးကြဘူးလား။ အဲဒီအတွေးတွေက 
“ဗျာပါဒ အတွေး”လို့ ခေါ်တယ်။ လူဖြစ်ကျိုးနပ်စေဖို့ 
အဲဒီအတွေးမျိုး မတွေးမိစေနဲ့။ ရှောင်ရှားဖို့ လိုတယ်။ 

●နောက်တစ်ခုက “မိစ္ဆာဒိဋ္ဌိ”- မိစ္ဆာဒိဋ္ဌိဆိုတာ “ကိုယ်လုပ်တာ 
ကိုယ်နဲ့ဆိုင်တယ်”လို့ မတွေးဘူး။ ကောင်းတာလုပ်လည်း 
ကောင်းတာမဖြစ်ပါဘူး။ မကောင်းတာလုပ်လည်း 
ကောင်းတာဖြစ်တယ်။ မကောင်းတာလုပ်တဲ့လူတွေ 
ကြီးပွားနေတာ ရှိတာပဲ။ 
ကောင်းတာလုပ်တဲ့လူတွေ ဒုက္ခရောက်နေတယ် 
စသည်ဖြင့် ကံကို မျက်စိလည်နေတတ်ကြတယ်။
 တစ်ကယ်တော့ မကောင်းတာလုပ်တဲ့သူတွေ 
ကြီးပွားနေတာ တစ်ချိန်တုန်းက ကောင်းတာလုပ်ခဲ့လို့ 
ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုနားလည်ရမယ်။ 
ဟုတ္တယ္မုိ႔လား။ 

ကိုယ်က ခုမှကောင်းတာတွေ လုပ်တာ။အကျိုးမပေးသေးဘူး။ 
အခုမွ သရက္ပင္စိုက္တာ သရက္သီး စားရပါ့မလား။မစားရပါဘူး။ 
ကောင်းတာခုမှလုပ်တာ၊ မကောင်းတာတွေနဲ့ကြုံနေရတယ်။ 
အတိတ်က မကောင်းတာတွေ ဘယ်လောက်လုပ်ခဲ့မှန်းမှ မသိတာ။ 
အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ ကံ ဆိုတာရှိတယ်။ 

●ကံကိုငြင်းပယ်တာ “အကိရိယဒိဋ္ဌိ” လို့ခေါ်တယ်။ 
ကုသိုလ်ဆိုတာမရှိ၊ အကုသိုလ်ဆိုတာမရှိဆိုပြီး ငြင်းပယ်တဲ့ဝါဒ။ ●“အကိရိယဒိဋ္ဌိ”ဆိုတာကံကိုလုံးဝမယုံဘူး။ 

●“နတ္ထိကဒိဋ္ဌိ” - ကံရဲ့အကျိုးတရားကို လက်မခံဘူး။ 
မကောင်းတာလုပ်လည်း မကောင်းတာမဖြစ်ဘူး။ 
ကောင်းတာလုပ်လည်း ကောင်းတာမဖြစ်ဘူး။ 
အကျိုးတရားကို ငြင်းပယ်တဲ့အမြင်။ 
“အဟေတုကဒိဋ္ဌိ”- အကြောင်းတရားကို ငြင်းပယ်တဲ့အမြင်။ 
ပေါင်းလိုက်ရင် ကံနှင့်ကံ၏အကျိုးကို ငြင်းပယ်တဲ့သူဟာ
 “မိစ္ဆာဒိဋ္ဌိအမြင်”ရှိသူသာ ဖြစ်တယ်။ 

●အဲဒီလို မိစ္ဆာဒိဋ္ဌိအယူရှိသူဟာ ကောင်းရာသုဂတိ မရောက်နိုင်ဘူး။သူသွားရမှာက အပါယ်(၄) ဘုံပဲ။ 
ဘာလို့တုန်းဆိုရင် သူက ကံကို ငြင်းပယ်ထားတော့ သူလုပ်ချင်တာ လုပ်တော့မှာလေ။ လုပ်ချင်ရာလုပ်လို့ ဆိုတဲ့နေရာမှာ လူတွေက ဘာလုပ်ချင်သလဲဆိုရင် မကောင်းတာပဲ လုပ်ချင်ကြတာ များတယ်လေ။ 

အတွေးနဲ့ ပတ်သက်ရင် အပေါ်ကအတွေးမျိုး မတွေးကြပါနဲ့။
တွေးမိပြီဆိုရင် ကိုယ့်သန္တာန်မှာ၊ ကိုယ့်ရဲ့ စိတ်အစဉ်မှာ ကိန်းဝပ်သွားတယ်။ ကိန်းဝပ်သွားရင် အကြောင်းရှိတိုင်း ပေါ်လာလိမ့်မယ်။ 
တစ်ခါတစ်ရံဟိုးငယ်ငယ်က အကြောင်းတွေပေါ်မလာဘူးလား။ ပျောက်သွားတာမဟုတ်ဘူး။ သေချာတယ်နော်။ ကံဟာလည်းအဲဒီလိုပေါ်ပေါ်လာတာ။ 

●●●အဲဒီလိုပေါ်လာတာဟာ အခုခေတ်စကားနဲ့ ONLINE ဖြစ်နေတာလို့ပြောနိုင်တယ်။ အကျိုးပေးစရာရှိရင် အကျိုးပေးမှာ ။ သူကမပျောက်သွားဘူး။

●●● ဒါကြောင့် အဲဒီအတွေးမျိုး မတွေးမိဖို့ သတိထားရမယ်။ 
🙏🙏🙏ပါမောက္ခချုပ် ဆရာတော် 
ဒေါက်တာ နန္ဒမာလာဘိဝံသ.🙏🙏🙏

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...