Saturday, February 29, 2020

မခံချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၁၀)

မခံချင်စိတ်အစား ကရုဏာလေးများများပွားပါ 
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ ဘုန်းဘုန်း အသက်ဆယ်နှစ် ကိုရင်လေး ကတည်းကစပြီးတော့ 
စာသင်တိုက်ကနေ မိသားစုဆီပြန်သွားရင် ဘေးနားကအိ်မ်တွေ 
ကိုယ့်မိဘတွေပြောတယ် ဒီမှာ တို့ရဲ့သားလေးက အဝေးမှာစာသွားသင်ပြီးတော့ စာသင်တိုက်မှာသွားနေပြီးတော့ အခုစာသင်ပြီးတော့ ပြန်လာတာ။ 
မိဘက ၀မ်းသာတဲ့စိတ်နဲ့ဖြစ်ရင်ဖြစ်မယ်၊ ကြွားတဲ့စိတ်နဲ့ 
ဖြစ်ရင်ဖြစ်မယ် အဲဒါတွေပြောတယ်။ 


★ ဘုန်းဘုန်းမှတ်မိသေးတယ် လောကနီတိကျမ်းကို ပြောပြတာ။ 
“ဒုဇ္ဇနကဏ္ဍ၊ သုဇနကဏ္ဍ၊ ဒုတိယကဏ္ဍ၊ တတိယကဏ္ဍ” ဘုန်းဘုန်းက 
ဘာပြောပြတုန်းဆိုတော့ လူမိုက်ဟာ အပြင်မှာချိုတတ်တယ်၊ 
ရေသဖန်းနဲ့ တူတတ်တယ်။ အပြင်မှာကြည့်ရင် သူကအပြင်မှာ
ကြည့်ရင် သူက အရမ်းကိုလှပတယ်၊ 
အထဲမှာတော့ ပိုးမွှားတွေရှိတယ်။ 

★ ပညာရှိသူတော်ကောင်းကျတော့ အပြင်မှာတခါတခါ 
အထင်းကြီးစရာမရှိဘူး။ ပိန္နဲသီးလိုပဲတဲ့ ဆူးတွေဘာတွေနဲ့ 
အထဲမှာကျတော့ တကယ့်ကို စားလို့ကောင်းတဲ့အာဟာရရှိတယ်။
 သုံးမိနစ်လောက် တရားဟောတာ ပြီးသွားပြီ။ လောကနီတိထဲက။ 

★ ကိုရင်ဒါပဲတတ်လား။ ဟုတ်တယ် ဒါပဲ တတ်တယ်။ 
ဆယ်နှစ်သားကိုရင်လေး တရားဟောခိုင်းတာ။ 
အဲလို အခုနေပြန်ပြီးတော့ ကြည့်တဲ့အခါမှာ ပြင်ဆင်ချိန်မရဘူး 
သင်တန်းလည်းမရှိဘူး၊ ချက်ချင်းအဲလိုတရားဟောခိုင်းတာဆိုတော့ 
စိတ်ဖိစီးမှုတွေများတာပေ့ါ။ 

★ အဲ့မှာ မခံချင်တဲ့စိတ်တွေဖြစ်ချင်ဖြစ်လိမ့်မယ် မှန်းကြည့်တာ။ 
အဲဒါနဲ့ တဖက်ကကြိုးစားသလောက် တဖက်က ကြောက်စိတ်တွေ
များနေတာ။ နောက် ပိုပြီးတော့ကြီးတဲ့ စာသင်တိုက်တွေ 
ရောက်သွားတဲ့အခါကျတော့ စနစ်ကကိုက မခံချင်တဲ့
စိတ်ဖြစ်အောင် လုပ်ခိုင်းတယ်။ 

★ စာမေးပွဲဖြေပြီဆိုရင် အမှတ်ဘယ်လောက်ရတယ် နံရံပေါ်မှာ 
တစ်ပတ်လုံးထားတာ။ ဘယ်ကိုရင်က အမှတ်ဘယ်လောက်ရတယ်၊ 
ဘယ်ကိုရင်က ဘယ်လောက်ရတယ်။ အဲဒါ အောက်ဆုံးကျရင် 
တပတ်လုံးအောက်ဆုံး၊ ပထမရရင် တပတ်လုံးပထမ။ 

★ ဒါ ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ ကြိုးစားစေချင်လို့ 
လုပ်တဲ့စနစ်လို့ ပြောနိုင်တယ်။ အဲဒီစနစ်ကို ကြည့်ပြီးတော့ 
အသုံးပြုပြီးတော့ အကျိုးရှိမယ့် ပုဂ္ဂိုလ်က လူနည်းစုပဲ အထက်မှာ တော်တော်ကိုဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်တွေ။ အများစုကတော့ 
အဲ့စနစ်မှာမပါဘူး အဲစနစ်အားပေးခြင်း မခံရဘူး။ 
သူတို့အနေနဲ့ကျ အင်္ဂလိပ်လို Humility အရှက်ကွဲခံရတယ်။ 

★ အဲဒါကြောင့် ဘုန်းဘုန်းကျောင်းတတ်ခဲ့တဲ့ အောက်စဖို့ဒ်
တက္ကသိုလ်မှာဆိုရင် ကျောင်းသားတွေကို အောင်စာရင်းပေးရင် 
စာအိတ်ထဲမှာ တစ်ယောက်စီပေးတာ။ 
သူ အမှတ်ဘယ်လောက်ရတယ်၊ ဘယ်လိုအောင်တယ်၊ 
ဘာနဲ့အောင်တယ်ဆိုတာ။ 

★ 1st class နဲ့အောင်သလား၊ 2:1 နဲ့ အောင်သလား 2:2 နဲ့ အောင်သလား၊ 
သူပဲသိတယ်။ သူတစ်ယောက်ပဲသိတယ် သူနဲ့သူဆရာပဲသိတယ်။ 
တခြားကျောင်းသားတွေ မသိဘူး။ တနည်းအားဖြင့်
ပြောမယ်ဆိုရင် မပြိုင်ဆိုင်ခိုင်းဘူး။ 

★ အဲတော့ ပြိုင်ဆိုင်တယ်ဆိုတာ အထက်ရောက်သွားတဲ့သူကလည်း
 superiority complex ငါက သာတယ်ဆိုတဲ့ စိတ်မျိုးဝင်ပြီးတော့ 
တခဏတာ သူ့ကိုယ်သူ ဂုဏ်ယူနိုင်ပေတဲ့၊ ဘယ်သူကများ 
င့ါကိုကျော်သွားမှာလဲမသိဘူးဆိုပြီး စိုးရိမ်စိတ်ရှိတယ်။ 

★ ရှုံးတဲ့ပုဂ္ဂိုလ်အနေနဲ့လည်းပဲ အမှတ်များတဲ့ပုဂ္ဂိုလ် အဲပုဂ္ဂိုလ်ကိုကြည့်ပြီး 
မုဒိတာမဖြစ်နိုင်ဘူး။ ပြိုင်ခိုင်းတာကိုး။ ကိုယ့်ကိုပြိုင်တဲ့ပုဂ္ဂိုလ် 
ကိုယ့်ပြိုင်ဖက်ကို ရန်သူလို့မြင်နေတာကိုး။ 
အဲဒါကြောင့်မို့လို့ ပြိုင်ဆိုင်ပြီဆိုရင် မိသားစုတွင်းမှာ 
အဲလိုအချင်းချင်း စကားမပြောနိုင်တာရှိတယ်။ 

★ သွေးသားတော်တာတောင်မှ ရန်သူတွေဖြစ်သွားတယ်။ 
လင်မယားနှစ်ယောက် စီးပွားတစ်ခုစီလုပ်တယ်။ 
ဘယ်သူက ပိုပြီးတော့ အောင်မြင်တယ်။ 

★ အဲလို ပြိုင်ဆိုင်တဲ့စိတ်မျိုးဝင်လာပြီဆိုရင် အဲ့လင်မယားလည်း 
ရည်စားဖြစ်စခါကတုန်းက တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာ တစ်ယောက်ကိုတစ်ယောက် အလိုလိုက်တာတွေ မရှိတော့ဘူး။ 

★ တစ်ယောက်ကို ပြိုင်ဖက်လို့ မြင်လိုက်တာကိုး။ မခံချင်တဲ့စိတ်။ 
အဲ့မခံချင်တဲ့စိတ် ဖြစ်ပေါ်လာပြီဆိုရင် လင်မယားရယ် သူ မသိတော့ဘူး၊ 
မောင်နှမရယ် သူ မသိတော့ဘူး။ 
မိတ်ဆွေသူငယ်ချင်း သူ မသိတော့ဘူး။ 

★ ဒို့ နိုင်ငံသားအချင်းချင်း မသိတော့ဘူး။ ဒို့ ကမ္ဘာသူ ကမ္ဘာအချင်းချင်း 
သူ မသိတော့ဘူး၊ inhabiiting ခေါ်တယ်၊ အတွေးအခေါ်စိတ်တွေ 
ပြောင်းသွားနိုင်တယ်၊ ဆင်ခြင်တုံဉာဏ်တွေ ပြောင်းသွားနိုင်တယ်။ 

★ အဲဒါကြောင့်မို့လို့ မခံချင်စိတ်အစား 
ကရုဏာလေးများများပွားပါ။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...