Tuesday, February 25, 2020

မချင်တဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၆)

အများအတွက်တွေးတဲ့ပုဂ္ဂိုလ် အဆင်မပြေမှုနဲ့တွေ့တိုင်း
မြန်မြန်ဆန်ဆန် နလန်ထူနိုင်တယ် 
▬▬▬▬▬▬▬▬▬▬▬▬▬
★ သူများအကြောင်း အထူးသဖြင့် သူများရဲ့ဒုက္ခတွေးပြီးတော့
ကရုဏာစိတ်မွေးတဲ့ပုဂ္ဂိုလ် အဲ့ပုဂ္ဂိုလ်ကို extraverted person လို့ခေါ်တယ်။
An extraverted person bounces back rapidly from adversity.
(Ref 📘: The Emotional Life of Your Brain) Adversity
ဆိုတာက ကိုယ်မကြိုက်တဲ့အရာ၊ အဆင်မပြေတာ။

★ သူများအတွက် ကိုယ်ချင်းစာတတ်တဲ့ပုဂ္ဂိုလ် ကရုဏာထားတတ်တဲ့
ပုဂ္ဂိုလ်က အဆင်မပြေတာနဲ့တွေ့ရင် မြန်မြန်ဆန်ဆန်ပြန်ပြီးတော့
နလန်ထူတယ်။ ဦးနှောက်ကို ကြည့်ပြီးရေးထားတာ။
 ဦးနှောက်ကို ဓါတ်ပုံရိုက်ပြီးတော့
ဘယ်စိတ်ရှိတဲ့ပုဂ္ဂိုလ် ဘယ်လိုဦးနှောက်။

📘 Thus is at the Fast to Recover end of the
Resilience spectrum. Resilience ဆိုတာ
ကိုယ်ခံအားကောင်းတာ။

★ ကိုယ်ခံအားကောင်းလို့ အများအတွက်တွေးတဲ့ပုဂ္ဂိုလ်
အဆင်မပြေမှုနဲ့တွေ့တိုင်း သူက အလွယ်တကူ ခပ်မြန်မြန်ဆန်ဆန်
ပြန်ပြီးတော့ recover ဖြစ်တယ်တဲ့။
📘She maintains a positive outlook.

 ★ အရမ်းအရေးကြီးတယ် ဒီဟာ။ ဖြစ်နိုင်တယ်ဆိုတဲ့
အကောင်းမြင်ဝါဒ ဆက်လက်ထိန်းထားနိုင်တယ်။

★ တခါတခါ ရန်ကုန်မြို့ထဲမှာ ကိုယ်မကြိုက်တဲ့ စည်းမဲ့ကမ်းမဲ့ ကားသမားတစ်ယောက်နှစ်ယောက်နဲ့ သွားတွေ့ရင် တချို့က
စိတ်ဓါတ်တွေကျပြီးတော့ Facebook ပေါ်မှာ တက်ရေးတာ။
အဆိုးမြင်ဝါဒ ၀င်သွားပြီးတော့ ရန်ကုန် မြို့တစ်မြို့လုံးက
အဲလိုဖြစ်တဲ့ ပုံစံမျိုး တက်ရေးကြတယ်။

★ အမှန်ကတော့ ရန်ကုန်မြို့မှာ စည်းကမ်းပိုလိုက်နာတဲ့
ဒရိုင်ဘာပိုများပါတယ်။ သူများကို ကိုယ်ချင်းစာတဲ့ပုဂ္ဂိုလ်တွေ၊
ကိုယ်ချင်းစာတဲ့ပုဂ္ဂိုလ်က ပိုများပါတယ်။
အဲဒီလို အကောင်းမြင်ဝါဒရှိတဲ့ပုဂ္ဂိုလ်က
ရန်ကုန်မြို့ထဲမှာနေနေတာ စိတ်ထဲမှာ လုံလုံခြုံခြုံရှိမှာပေါ့၊
secure feeling ရှိမှာပေါ့။

★ အဲလိုမဟုတ်ဘူးဆိုရင် တွေ့တဲ့လူတိုင်းကို ကိုယ့်ရဲ့
အန္တရာယ်လို့မြင်ပြီးတော့ စိတ်ထဲမှာ insecure feeling
အလိုလိုဖြစ်နေတယ်၊ မလုံမခြုံဖြစ်နေတယ်။

★ သူများအတွက်တွေးတတ်တဲ့ ပုဂ္ဂိုလ်ကတော့
consciousness person - အကောင်းအဆိုးဂရုစိုက်တဲ့
ပုဂ္ဂိုလ်ဖြစ်တယ်။ အကောင်းအဆိုးက အမှားအမှန်ကို
ဂရုစိုက်တဲ့ပုဂ္ဂိုလ်။

★ ဥပမာ ကွမ်းဝါးတဲ့ပုဂ္ဂိုလ်က ကွမ်းဝါးသွားတယ်ဆိုရင်
အိမ်ကနေထွက်လည်း ကွမ်းဝါးသွားတယ်။
ဒါမှမဟုတ် လမ်းရောက်တဲ့အခါ ကွမ်းယာဆိုင်တွေ့တော့
ကွမ်းဝယ်ဝါးသွားတယ်။ အများအတွက်တွေးတဲ့လူကတော့
ငါ့ကွမ်းတံတွေး ဘေးပတ်ဝန်းကျင် မညစ်ပတ်အောင်
ငါ ဘယ်လိုလုပ်မှာတုန်း။

★ ကွမ်းတံတွေးထွေးဖို့အတွက် ဗူးသေးသေးလေးတွေ ယူသွားမယ်၊
သူကိုယ်သူ စောင့်ရှောက်တယ်၊ conscious ဖြစ်တယ်ဆိုတာက
အကောင်းအဆိုးဆိုတဲ့ အကျင့်စာရိတ္တအသိ မြင့်မားတယ်ပြောတာ။
မဟုတ်တာကို မလုပ်ဘူး၊ မဟုတ်တာ လက်မခံဘူး။

★ လက်မခံဘူးဆိုပြီး ပြဿနာဖြေရှင်းတဲ့နေရာမှာ ကရုဏာနဲ့
စိတ်ရှည်ရှည်ဖြေရှင်းတယ်။ ဒေါနဲ့မောနဲ့ ဖြေရှင်းတဲ့ပုဂ္ဂိုလ် မဟုတ်ဘူး။
ဘာနဲ့တူတုန်း ကျောင်းဆရာကြီးနဲ့ သူရဲ့ တပည့်လေးတွေ
မသိမလိမ်မာသေးတာ အဲဒီဟာကိုကြည့်ပြီးတော့
သနားတယ်။ ကရုဏာဖြစ်တယ်။

★ ကရုဏာဖြစ်တဲ့အခါကျတော့ ကရုဏာဆိုတာက သူက
အဖြေမှန်ရှာပေးတာ၊ ပြဿနာ ရှာပေးတာ မဟုတ်ဘူး။
အဲဒါ အဲ့ကျောင်းဆရာကြီးက သူ့ရဲ့တပည့်တွေကို
စိတ်ရှည်ရှည်နဲ့ စာသင်ပေးတယ်။

★ မိဘလည်း ဒီအတိုင်းပဲ ကရုဏာရှိတဲ့အတွက်ကြောင့်
သားသမီးတွေကို စကားပြော တစ်လုံးစီသင်ပေးတယ်။
လိမ်မာရေးခြားရှိအောင် အဲဒီဟာလည်း
သင်ပေးတယ်။ စိတ်ရှည်တယ်။

★ ဘာဖြစ်လို့တုန်း? သူများအတွက်တွေးလို့ အမေဆိုရင်
သားသမီးဆိုတဲ့ သူများအတွက်တွေးလို့။ ဆရာဆိုရင်လည်းပဲ
တပည့်ဆိုတဲ့ သူများအတွက် တွေးလို့။
အဲဒါကို “လောကတ္ထစရိယာ” လို့ခေါ်တယ်၊
ပါဠိလို လောကတ္ထစရိယာ။

★ ဘုရားအလောင်း ဘုရင်ဖြစ်တဲ့အချိန်ရှိတယ်၊ စစ်သူကြီးဖြစ်တဲ့
အချိန်ရှိတယ်၊ ပညာရှိကြီးဖြစ်တဲ့အချိန်ရှိတယ်၊
ရသေ့ကြီးဖြစ်တဲ့အချိန်ရှိတယ်၊
တိရစ္တာန်ဖြစ်တဲ့အချိန်တောင်ရှိတယ်။

★ နတ်ဖြစ်တဲ့အချိန်လည်းရှိတယ်၊ ဘာပဲဖြစ်ဖြစ်
ဘုရားအလောင်းစိတ်ဓါတ်က လောကတ္ထစရိယာ
အများအတွက် ကြိုးစားတယ်။ အများအကျိုးတွေးတယ်။
အများရဲ့ အကျိုးစီးပွားကို စိတ်ထဲမှာ နှလုံးသားထဲမှာ
အမြဲတမ်းထားတယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...