Saturday, July 4, 2020

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း -၉ (နောက်ဆုံးပိုင်း)

နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါးကျင့်နိုင်ဖို့ဆိုတာ 
ကရုဏာလိုအပ်တယ် 
▬▬▬▬▬▬▬▬▬▬
★ Pain ကို ignore လုပ်တာက ဘုန်းဘုန်းတို့က suppress လုပ်တယ်ခေါ်တယ်။ 
ဒီ pain ကို suppress လုပ်ဖို့အတွက် အင်နာဂျီတွေအများကြီးသုံးရတယ်။ 
အဲဒီအင်နာဂျီကို အသုံးပြုပြီးတော့ suppress လုပ်ထားတော့အဲဒီ pain က ပိုအားကောင်းရုံပဲရှိတာ။ 

★ ဘာဖြစ်လို့တုန်းဆိုတော့ သူ့ဆီကို ကိုယ်က negative energy ပဲ direct 
လုပ်ပေးနေတာကိုး။ Negative energy တွေပဲ ပို့ပေးနေတာ။ 
ဒါကြောင့် pain ကို ကိုင်တွယ်တဲ့နေရာမှာ Negative energy ကို 
produce လုပ်တဲ့လူနဲ့ positive energy ကို produce 
လုပ်တဲ့လူရှိတယ်။ ဒီလိုနှစ်မျိုးကွာတယ်။ 

★ အဲဒီလို positive energy ဒီစာအုပ်ရဲ့ first paragraph ထဲမှာ 
- He activated brain circuitry for positive feelings, reward, 
and affiliation. (Altered Traits: page-144) 

★ Affiliation ဆိုတာက connection ရှိတာကိုပြောတာလေ။ 
အဲဒီဒုက္ခရောက်နေတဲ့လူ၊ ဒုက္ခရောက်ပြီး သူ့စိတ်ထဲမှာ ဒေါသဖြစ်ပြီးတော့ မကျေမနပ်ဖြစ်ပြီးတော့ ကိုယ့်လာပြောတဲ့လူ အဲဒီလူရဲ့ ဒုက္ခကို 
ကိုယ်က သွားပြီးတော့ connect လုပ်မိရင် အဲဒါ affiliation ခေါ်တာပဲ။ 

★ အဲဒီလိုလုပ်မိတယ် အဲဒီလိုလုပ်တယ်ဆိုရင် that may be 
positive feeling. Positive feeling ပဲတက်လာတယ်။ 
Negative feeling တက်မလာဘူး။ ဒီဟာအရေးကြီးတယ်။ 

★ ဆိုလိုတာက ကရုဏာကျင့်ရင် ကရုဏာပွားရင် နေရာတိုင်းမှာ 
ကရုဏာမျက်စိနဲ့ကြည့်ရင် ဒီထဲမှာ မဂ္ဂင်ရှစ်ပါး ပါပြီးသားလို့ ပြောချင်တာ။ 
In one sentence နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါးကျင့်နိုင်ဖို့ဆိုတာ 
ကရုဏာလိုအပ်တယ်။ 

★ ကိုယ့်ဟာကိုယ် အဝတ်အစားဝတ်တော့မယ်ဆိုရင် ကရုဏာနဲ့ဝတ်လေ။ ဒီအဝတ်အစားမဝတ်ရင် ဒီခန္ဓာကိုယ် ရာသီဥတုဒဏ်မခံနိုင်ဘူး။ 
နောက်ပြီးတော့ အရှက်အကြောက်ဒဏ်ရှိတယ်။ 

 ★ ဒါကြောင့်မို့လို့ အဲဒီဟာတွေကို ဒီခန္ဓာကြီးကို ကရုဏာဖြစ်တဲ့အနေနဲ့ 
ဒီအဝတ်အစားတွေကို ၀တ်တယ်ဆိုရင် ကိုယ်ဝတ်တဲ့ အဝတ်အစားနဲ့ 
တခြားလူ ၀တ်တဲ့အဝတ်အစား သွားပြီးတော့ 
ပြိုင်ချင်တဲ့စိတ် မရှိတော့ဘူး။ 

★ ပြိုင်တဲ့အတွေးလည်း သိပ်ထွက်မလာတော့ဘူး။ မဟုတ်ရင်တော့ 
ကိုယ်ဝတ်တာ ကိုယ်ရွေးပြီးတော့ ဒီနေ့ဝတ်လိုက်တဲ့ အဝတ်အစား 
ဘယ်သူထက်သာရမယ်ဆိုတဲ့ ဘေးကို ကြည့်လိုက်သေးတယ်။ 

★ ဘယ် function သွားမယ်။ ဘယ်မင်္ဂလာဆောင်သွားမယ်၊ 
ဘယ်အခမ်းအနား သွားမယ်ဆိုရင် အဲဒီလိုနေရာမျိုးမှာ ဘယ်သူက 
ဘယ်လို ဘယ်လောက်တန်တဲ့ ပုဆိုးတွေ လုံချည်တွေ ၀တ်တတ်တုန်း။ 
အင်္ကျီတွေ ၀တ်တတ်တုန်း။ 

★ အဲဒါမျိုးတွေ တွေးပြီးတော့ ၀တ်တယ်၊ ကိုယ် အဝတ်အစားလဲသွားတယ်
ဆိုရင်၊ တချိန်လုံး stress ပဲဖြစ်နေတာ။ ဘာဖြစ်လို့တုန်းဆိုတော့ 
ကိုယ့်ကိုယ်ကိုယ် တခြားလူနဲ့အမြဲတမ်း နှိုင်းယှဉ်တဲ့ 
mode ထဲမှာ ကိုယ့်စိတ်ကို ထည့်ထားလို့။ 

★ အဲဒါကြောင့် ကရုဏာများများပွားရင်တဲ့ ဒုက္ခကို တိုက်ရိုက် focus လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ဝိပဿနာလည်း ဖြစ်ပါတယ်။ 
ဒုက္ခာနုပဿနာ ဆိုတာ ဝိပဿနာ - အနိစ္စ ဒုက္ခ အနတ္တ 
ကိုကြည့်လို့ ဝိပဿနာ အဲဒီလိုဖြစ်ပါတယ်။ 

★ ကြည့်တဲ့အခါမှာ ဒီဒုက္ခကလည်း သြော် ဒီမှာ ဒါကတော့ ငါတို့ ဒုက္ခ၊ 
ဒါပေမဲ့ ဒီလိုဒုက္ခမျိုး ခံစားရတဲ့ ပုဂ္ဂိုလ်တွေ မိသားစုတွေ အများကြီး ရှိပါတယ်။ 
အဲဒီလို မြင်လိုက်တာနဲ့ ဒုက္ခက ငါ့တို့တင် မဟုတ်ဘူး။ It is a universal pain. 
အဲဒီလို မြင်လိုက်တာနဲ့ အနတ္တပါ ပါလာတာ။ 

★ ကောင်းတဲ့အချိန်လည်းပဲ it comes and goes. ဆိုးတဲ့အတွေ့အကြုံ
လည်းပဲ comes and goes. This is too short a past. ဆိုတဲ့အတိုင်း 
ဒါလည်းပဲ အချိန်တန်ရင် သူပြောင်းလဲသွားတယ်ဆိုတဲ့ အနိစ္စ 
သဘောမျိုးမြင်တာ။ လက္ခဏာရေးသုံးပါး ပါလာတယ်။ 

★ လက္ခဏာရေးသုံးပါးပါလာမှတော့ မဂ္ဂင်ရှစ်ပါးက အကုန်လုံးပါတယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

Friday, July 3, 2020

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၈)

နာကျင်မှုကို သိစိတ်နဲ့ခံစားတာနဲ့ မသိစိတ်ကသွားပြီးတော့ 
ခလုတ်တိုက်တာ အများကြီးကွာတယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၈) 
★ (အရှင်ဘုရား တခါတခါကျ Compassion ထဲကနေ မာနကကပ်
ပါပါလာသလိုပဲ ဘုရား)။ အဲဒီ မာနမကြောက်နဲ့၊ အဲဒီမာနတွေ့ပြီဆိုရင် 
တွေ့တာ ဒါက အရမ်းကောင်းတယ်။ ကိုယ် essay ရေးတဲ့အခါမှာ 
ကိုယ့်ရဲ့အမှားကို ကိုယ်မြင်တဲ့ပုံစံမျိုးပဲ။ 

★ အဲဒီအမှားကိုမြင်ပြီဆိုရင် ကိုယ်က ဘာလုပ်ရမှာတုန်း။ အဲဒီအမှားကို
 ပြင်လိုက်ရုံပဲ။ နောက်တစ်ခါ ရေးရင်၊ နောက်တစ်ခါ essay 
ရေးရင် improve ဖြစ်သွားတယ်။ 

★ ဒီတိုင်းပါပဲ မာနဖြစ်ပြီ၊ မခံချင်တဲ့စိတ်ဖြစ်ပြီ၊ မကျေနပ်တဲ့စိတ််ဖြစ်ပြီ၊ 
မလုံမခြုံဖြစ်တဲ့စိတ် ဖြစ်ပြီဆိုရင် အဲဒီအချိန်မှာ Facebook ကြည့်နေတာလေးကို ကိုယ့်ဟာကိုယ် စက္ကန့်သုံးဆယ်လောက် half a minute ၊ 
စက္ကန့်သုံးဆယ်လောက် အချိန်ပေးပြီးတော့ 
အဲဒီဖီလင်လေးကို ကြည့်နေပါ။ 

★ “သြော် ဒီ ဖီလင်က ဒုက္ခပါလား။ It is burning my heart. 
It is shaking my brain.” အဲဒါလေး အဲဒီလိုကြည့်ပြီးတော့ အဲဒီမာနကို 
ဆင်ခြေဆင်လက် မပေးနဲ့။ အကောင်းအဆိုးမဝေဖန်နဲ့လို့ ဘုန်းဘုန်းပြောတာက တခြားလူတွေကိုလည်း အပြစ်မတင်နဲ့ ကိုယ့်လည်း အပြစ်မတင်နဲ့။ 

 ★ အဲဒီမာနရဲ့ ၀န်ထုပ်ဝန်ပိုး၊ အဲဒီမာနရဲ့ ပူလောင်လေးကိုလည်းပဲ 
ကြည့်နေလိုက်ပါ။ အဲဒီလိုကြည့်နေတယ်ဆိုရင် အဲဒီမာန ဆွဲခေါ်တဲ့ဘက်ကို 
ကိုယ်ပါမသွားဘူး။ You will never get carry to it. (သူများကို 
သနားသလိုလိုနဲ့ ငါက သူတို့ထက်သာတယ် ဆိုတဲ့ စိတ်လေး 
တခါတခါဖြစ်ဖြစ်သွားတာပါ ဘုရား)။ 

★ Compare လုပ်တဲ့စိတ်က အရမ်းအားကောင်းတယ်လေ။ 
လူ့လောကကြီးထဲမှာ အိမ်တိုင်းအိမ်တိုင်း အဲဒီလိုပဲ လုပ်ကြတယ်။ 
(Compassion လုပ်နေရင်းကနေပြီး painful ဖြစ်တာမျိုးကျတော့ရော ဘုရား)။ 

★ Compassion ဆိုတာက pain ကို focus လုပ်တာ။ အဲဒီ pain ကို 
နည်းနည်း နည်းနည်းစီပေါ့နော်၊ ပထမဆုံး တစ်မိနစ်လောက်၊ အဲဒီ pain 
ကိုကြည့်ပြီးတော့ compassion စိတ်ကိုပို့၊ compassion ဘက်ကို စိတ်ပို့
လိုက်တာနဲ့ အဲဒီ pain ပျောက်မသွားပါဘူး။ 

★ ဒါပေမယ့် လူတစ်ဦးက ခံနိုင်ရည် တက်သွားတယ်၊ resilience 
တက်သွားတယ်။ လူအများစုကတော့ အဲဒီ pain ကို အရမ်းကို 
umcomfortable ဖြစ်နေတာကြီးကို မကြည့်ချင်ဘူး။ 

★ Pain မရှိတဲ့ လောကကြီးကို တည်ဆောက်ချင်တာ၊ pain မရှိတဲ့ 
ဘဝကြီးကို တည်ဆောက်ချင်တာ။ အဲဒါကြောင့်မို့လို့ အဲဒီ pain တွေကို လျစ်လျူရှုထားချင်တယ်။ အဲဒီနေနည်းထိုင်နည်းက အသိဉာဏ်လည်း 
မပေးဘူး၊ EQ လည်း မပေးဘူး။ Pain ကို ignore မလုပ်ရဘူး။ 

 ★ Physical pain လေးအကြောင်း ပြောပြအုန်းမယ်။ ဘုန်းဘုန်း 
တစ်ချို့တရားတွေထဲမှာ ဟောထားတာ ရှိပါတယ်။ ဘုန်းဘုန်း ခြေထောက်
ကျိုးတုန်းကပေါ့နော်၊ စင်ကာပူမှာ ခြေထောက်ကျိုးတုန်းက နေ့ခင်းဆိုရင် 
ဆရာဝန်တွေက သောက်ခိုင်းတဲ့ pain killer ဘုန်းဘုန်းက 
သုံးပုံတစ်ပုံလောက်ပဲ သောက်တယ်။ 

★ ဘုန်းဘုန်း သုံးပုံတစ်ပုံလောက်ပဲ သောက်ပြီးတော့ အဲဒီ pain လေးနဲ့ 
အတူနေတယ်၊ အဲဒီလို အတူနေတဲ့အတွက်ကြောင့်မို့လို့ အဲဒီ stress ဒဏ်ကို 
ခံနိုင်တယ်။ Pain ရှိရင် stress က ရှိတာပဲ။ ဒါပေမဲ့ pain ကို သိစိတ်နဲ့ 
ခံစားတာနဲ့ မသိစိတ်က သွားပြီးတော့ ခလုတ်တိုက်တာ 
ဒီနှစ်ခုက အများကြီးကွာတယ်။ 

★ သိစိတ်ဆိုတာက conscious mind ကိုယ်က သိသိနဲ့ intentionally သိသိနဲ့ 
အဲဒီ pain ကို သွားပြီးတော့ focus လုပ်တာ။ Focus လုပ်ပြီးရင် အဲဒီ pain ကို 
Universal life ဖြစ်အောင် ဆက်တွေးရတာ။ 

★ Universal life ဖြစ်အောင် တွေးတယ်ဆိုတာက ဒီ pain တွေက 
common humanity ပါလား… common humanity ပါလား။ အဲဒါလေး တွေးတယ်။ 

★ ဥပမာ stanford တက္ကသိုလ်တည်ထောင်တယ်လို့ လူအများလက်ခံထားတဲ့
 Mr and Mrs Stanford လေ သားလေးတစ်ယောက်ပဲ ရှိတယ်။ သားလေးကလည်း 
အရမ်းကို ထူးချွန်၊ အဲဒါ Europe ကို သွားချင်တယ်ဆိုလို့ europe 
သွားကြတာ အဲဒါ ငှက်ဖျားမိလာပြီးတော့ သားလေးဆုံးရော။ 

 ★ ဒါ မိဘတစ်ဦးအနေနဲ့ ဒါကြီးက How can you accept it? 
သားကလည်း တစ်ယောက်ပဲရှိတာ။ အသက်က ၁၄နှစ်လား ၁၅နှစ်လား။ 
အဲဒီလောက်ပဲ ရှိသေးတယ်။ အရမ်းကို အနာဂတ်က အများကြီးရှိသေးတာ။ 
အများကြီးရှိပေမယ့် အဲဒီလိုဖြစ်သွားတာ သူတို့က ဘာမှ မတတ်နိုင်ဘူး။ 

★ မတတ်နိုင်တဲ့အခါကျတော့ နောက်ဆုံးကျတော့ ဘယ်လိုလုပ်တုန်းဆို 
သူတို့သားက ပညာတော်တဲ့အခါကျတော့ တခြားလူတွေကိုလည်း သူတို့သားလို သဘောထားပြီးတော့ ပညာတော်အောင် အခွင့်အလမ်းရအောင်ဆိုပြီးတော့ 
stanford တက္ကသိုလ်ကို တည်ထောင်တယ်လို့ ပြောတယ်။ 

★ အဲဒီ စတန်းဖို့ဒ်တ္ကသိုလ် မတည်ထောင်ခင်မှာ ဟားဗဒ်တက္ကသိုလ် 
ရောက်သွားတယ်တဲ့။ သူတို့ ၀တ်ထားတဲ့ အဝတ်အစားက တဆင့်
စကားကြားရတာပေါ့နော်။ သူတို့ရဲ့ biography မဖတ်ရသေးပါဘူး။ 

★ ဟားဗဒ်က ပရော်ဖက်ဆာက၊ ပရော်ဖက်ဆာကြီးတော့ မဟုတ်ပါဘူး 
သူ့ရဲ့အတွင်းရေးမှူးပေ့ါ။ အတွင်းရေးမှူးက Mr နဲ့ Mrs Stanford ကို 
သူရဲ့ ပါမောက္ခကြီးကို သိပ်မတွေ့စေချင်ဘူးတဲ့ ဘာဖြစ်လို့တုန်းဆိုတော့ ၀တ်စားထားတဲ့အဝတ်အစားက ဟောင်းနေလို့တဲ့။ 

★ အဝတ်အစားက သစ်သစ်လွင်လွင် မရှိဘူး။ Smart dress မဖြစ်ဘူးပေါ့။ မဖြစ်တဲ့အခါကျတော့ တော်ရုံတန်ရုံ ဆရာမကြီးမအားဘူး ဘယ်လိုညာလိုပဲ 
ပြောနေတာ။ သူတို့လည်း တစ်ကြိမ်ပြီးတစ်ကြိမ် ဒီလိုပဲစောင့်နေတာပေါ့။ 
နောက်ဆုံးကျတော့ တွေ့လိုက်ရတယ်ပေါ့။ 

★ တွေ့ရတဲ့အခါကျတော့ ပါမောက္ခကြီးကိုမေးတယ်တဲ့။ ဟားဗဒ်မှာ 
professorship တစ်ခု တည်ထောင်ဖို့အတွက်ဆိုရင် ပိုက်ဆံကုန်တုန်းဆိုတော့ 
အဲဒါ ပါမောက္ခကြီးက ပြောလိုက်တယ်။ “ဟာ အဲဒီလောက်ပဲလား” တဲ့။ 
“အဲလောက်ပဲဆိုရင် ကျွန်တော်တို့ တက္ကသိုလ်တစ်ခုလုံး 
တည်ထောင်နိုင်တယ်။” 

★ ဆိုလိုတာက pain ကို accept လုပ်တယ်။ Whatever they did 
in memory of their beloved son. သားကို မမေ့ဘူး။ 

★ အဲဒီတော့ pain ကို embrace လုပ်တဲ့နေရာမှာ အဲဒီ pain ထဲမှာ 
ငါ ထည့်လိုက်မိရင် “ငါတော့ ဘယ်သူ မရှိတော့ဘူး၊ 
ငါ့ သမီးလေး မရှိတော့ဘူး။ 
ငါ့ သူငယ်ချင်း မရှိတော့ဘူး။” 

 ★ လူတစ်ယောက်က ကိုယ့်ကိုတစ်ခုခု လာပြောတယ်။ လာပြောတဲ့နေရာမှာ 
pain ကို ကြည့်တာ၊ သူ့ရဲ့ pain ကို အရင်သွားပြီးကြည့်လိုက်ရင် အဲဒီ pain က ကိုယ့်ဆီရောက်မလာဘူး။ “သြော် သူ့ဆီမှာ ဒီလိုဖြစ်နေတာပါလား။ 
စိတ်ထဲမှာ ဘယ်လိုဒုက္ခမျိုးဖြစ်နေလဲ မသိဘူး။” “‘ဒါကြောင့် ဒီလိုစကားမျိုးတွေ ထွက်လာပြီးတော့ ငါကလည်းပဲ သူရဲ့ target ဖြစ်နေတယ်။” 

★ အဲဒီလိုလေး ကြည့်တတ်ရင် အဲဒီလူကို compassion ဖြစ်လိုက်ရင် 
ကိုယ့်ရဲ့ pain က သက်သာသွားတယ်။ ဒါက paing ကို ကိုယ်က 
နက်နက်နဲနဲ embrace လုပ်တာ။ We are embracing pain, 
profiling and deeply. We are not running away from that. 
 ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၇)

နေ့စဉ်ဘဝမှာ ဒုက္ခကိုစိတ်ဝင်စားပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 
နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၇)
လူတိုင်းလူတိုင်းမှာ သနားစရာရှိတယ်။ သနားစရာ အကြောင်းလေးတွေ 
ရှိတယ်။ ကိုယ့်ဟာကိုယ်လည်း ရှိတယ်။ အဲဒီတော့ အဲဒီသနားစရာတွေကို လိုက်ပြီးတော့တွေးတာ။ 

တချို့ဟာတွေကတော့ နေ့စဉ် အတွေ့အကြုံလေးတွေ၊ activities 
လေးတွေ အဲဒါလေးတွေ တွေးတာပေါ့။ စီးပွားရေးအကြောင်းတို့ လူမူရေး
အကြောင်းတို့ အဲဒါတွေ တွေးတာပေါ့။ အဲဒီလို တွေးရင်လည်း ရပါတယ်။ 

ဗုဒ္ဓမြတ်စွာဘုရားကတော့ လူတိုင်းကြောက်ရွှံ့ခြင်း အိုခြင်း နာခြင်း 
သေခြင်းရှိတွေကို တွေးပြီးတော့ “သြော် အိုခြင်းကိုလည်း ကြောက်တယ်၊ 
ဒါပေမဲ့ အိုတဲ့နေရာကိုပဲ လမ်းလျှောက်နေတယ်။” 

နာခြင်းကို ကြောက်တယ်၊ ဒါပေမဲ့ နာကျင်မှု အနာရောဂါ ဒါတွေ
နည်းအောင် မလုပ်ဘဲနဲ့ အဲဒီအနာရောဂါများတဲ့ way of life ဘဝနေထိုင်မှု 
အဲဒါပဲ နေနေတယ်။ အဲဒါကိုကြည့်ပြီးတော့ ဗုဒ္ဓမြတ်စွာဘုရားက 
အရမ်းကရုဏာဖြစ်တယ်။ 

တစ်နေ့သေမယ်ဆိုတာ သိရဲ့နဲ့ မသေတဲ့ပုံစံမျိုး ဘယ်တော့မှ မသေမယ့် 
ပုံစံမျိုး၊ ဟန်ဆောင်ထားတာ။ အဲဒါကို ကြည့်ပြီးတော့ ဗုဒ္ဓမြတ်စွာဘုရားက 
ကရုဏာဖြစ်တယ် သနားတယ်။ 

ဆိုလိုတာက ကိုယ့်ထက်ရာထူးကြီးတာရော ကိုယ့်ထက် ပိုက်ဆံရှိတာရော 
ကိုယ့်ထက် အသိုင်းအဝိုင်းကြီးတာရော အဲဒီလူတွေမှာလည်းပဲ သနားစရာတွေအများကြီးရှိတယ်။ 

★ Compassion ဖြစ်လာပြီဆိုရင်တဲ့ လူတစ်ဦးရဲ့ feeling လူတစ်ဦးရဲ့ 
emotion က positive ဖြစ်သွားတယ်။ ဒါ ဂျာမနီနိုင်ငံမှာလုပ်တဲ့ 
သုတေသနကို ကိုးကားထားတာ။ ဒီသုတေသနကိုပဲ ဒီ reserach ကိုပဲ 
တခြားပုဂ္ဂိုလ်တွေလည်း replicate လုပ်ပြီးတော့ ဒီဟာကို 
ပြန်ပြီးတော့ confirm လုပ်ထားတယ်။ 

အဲဒီတော့ တတိယစာပိုဒ်က (Altered Traits: page-144) 
 Compassion, she found, muted the empathic distress 
that can lead to emotional exhaustion and burnout. 

 ★ ကရုဏာဖြစ်တဲ့ပုဂ္ဂိုလ် ကိုယ်ချင်းစာမှုနဲ့တင် ရပ်မထားဘဲနဲ့၊ 
ကရုဏာထိသွားတဲ့ပုဂ္ဂိုလ်ကျ stress ဖြစ်စေတဲ့ ဦးနှောက်ရဲ့အပိုင်းက 
အလုပ်မလုပ်ဘူး၊ အဲဒါကို muted သွားလုပ်ထားတဲ့ compassion က။ 

ဒီလေ့လာမှုတွေ အရေးပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဗုဒ္ဓမြတ်စွာ
ဘုရားက Compassion ဆိုတဲ့ ကရုဏာကို နေ့စဉ်ဘဝမှာ တွေ့ကြုံရတဲ့ 
အဆင်မပြေမှုကို ကိုင်တွယ်ဖို့အတွက် ရည်ရွယ်လို့။ 

အိမ်မှာ ထမင်းဟင်းချက်တော့မယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ် 
သနားပြီးတော့ချက်ပါ။ မစားရရင် ဒီခန္ဓာကိုုယ်က ဒုက္ခရောက်နိုင်တယ်။ 
ဒီခန္ဓာကိုယ် သနားပါ။ 

ကိုယ့်မိသားစုရဲ့ ကိုယ်ခန္ဓာကျန်းမာရေး အဲဒီဒုက္ခလေးကို စဉ်းစားပြီးတော့ အဲဒီဒုက္ခဖြေရှင်းပေးဖို့အတွက် ငါ ဒီ အစာအာဟာရတွေ ချက်ပြုတ်မယ်။ 
အဲဒီလို ချက်ပြုတ်ရင် ကိုယ့်အိမ်မှာ ကိုယ့်မိသားစုကို ထမင်းချက်
ကျွေးတာတောင်မှ မဂ္ဂင်ရှစ်ပါးဖြစ်နေတယ်။ 

အတူတူ ထမင်းစားတဲ့အခါမှာ ဒကာမကြီးတွေ ဒကာကြီးရဲ့ပန်းကန်
ထဲကိုလည်း ကြည့်လိုက် အလုံအလောက်ရှိရဲ့လား မသိဘူး၊ 
သားရဲ့ပန်းကန်ထဲကိုလည်း ကြည့်လိုက်၊ မြေးရဲ့ပန်းကန်
ထဲကိုလည်း ကြည့်လိုက်။ 

ကြည့်တဲ့နေရာမှာလည်းပဲ ကောင်းကောင်းမွန်မွန် မစားဘူးဆိုရင် 
ခန္ဓာကိုယ်က အာဟာရပျက်မှာစိုးလို့ နေမကောင်းမှာစိုးလို့ 
ဆိုတဲ့စိတ်နဲ့ ကြည့်ပေးရင် အဲဒီအချိန်မှာ ကရုဏာအခြေခံတယ်။ 
အဲဒီထက် နည်းနည်းလေးချဲ့လိုက်ရင်တော့ ကိုယ့်ရဲ့ အိမ်နီးနားချင်းတွေ 
ကိုယ့်ရဲ့ရင်းနှီးတဲ့လူရော မရင်းနှီးတဲ့လူရော -

 “သြော် သူတို့လည်းပဲ ဒီအတိုင်းပဲ ဒီအစာအာဟာရ ငါတို့လိုပဲ ပုံမှန်
စားသောက်နေရတယ်၊ သူတို့လည်း မစားရရင် အာဟာရချို့တဲ့ရင် 
အာဟာရပျက်တောက်ရင် သူတို့မှာလည်းပဲ ဒီလိုပဲ
 ခန္ဓာကိုယ် ဒုက္ခရောက်တယ်။” 

ဒါကြောင့်မို့လို့ သူတို့မှာရရှိထားတဲ့ ခန္ဓာကိုယ်ရော၊ ငါ့မှာ ရရှိထားတဲ့ 
ခန္ဓာကိုယ်ရော၊ အာဟာရပေါ် မှီခိုနေတဲ့အတွက်ကြောင့်မို့လို့ ငါတို့တွေ 
ဒီဆာလောင်မှုဆိုတဲ့ ဒုက္ခ၊ အာဟာရ ချို့တဲ့မှုဆိုတဲ့ ဒုက္ခ၊ 
ဒီဒုက္ခ နည်းအောင်လုပ်ဖို့အတွက် ငါတို့လည်း 
ထမင်းဟင်းတွေ ပုံမှန်ချက်စားရတယ်။ 

ဘေးအိမ်တွေလည်း ထမင်းဟင်းတွေ ပုံမှန်ချက်စားရတယ်၊ 
အဲဒီလောက်လေး သိလိုက်ရင် “သမ္မာဒိဋ္ဌိ” ၀င်လာတယ်။ 
သမ္မာဒိဋ္ဌိလိုက်လာပြီဆိုရင် Compassion ဖြစ်ပြီဆိုရင် သမ္မာသင်္ကပ္ပဖြစ်တယ်။ 
သီလတွေလည်း လုံခြုံသွားတယ်။ 

Compassion လုပ်တဲ့ပုဂ္ဂိုလ်က ရှေ့ဦးနှောက်က လုပ်တယ်ဆိုတော့ 
ဒါ အင်စူလာက ဖြစ်တယ်ဆိုရင် အဲဒီအင်စူလာ ဖြစ်တာနဲ့ လူရဲ့ စိတ်က 
calm ဖြစ်သွားတယ်တဲ့။ တည်ငြိမ်သွားတယ်။ သမာဓိပါလာတယ်။ 

အဲဒီတော့ အကုန်လုံးကို ပြန်ပြီးတော့ အကျဉ်းချုပ်ရရင် 
နေ့စဉ်ဘဝမှာ #ဒုက္ခကိုစိတ်ဝင်းစားပါ။ စိတ်ဝင်တစားနဲ့ ဒုက္ခကို ကြည့်ပါ။ 
ဒုက္ခကို ကြည့်တဲ့နေရာမှာ ဖြစ်ပေါ်တတ်တဲ့ negative emotion တွေ 
negative reaction တွေ အဲဒီ negative reaction တွေနဲ့ တွေ့တဲ့အခါမှာ- 
 “သြော် ငါ တော့ မဂ္ဂင်ရှစ်ပါးကို apply လုပ်ဖို့ အတွက်အခွင့်ကောင်းရပြီ။”

အဲဒီလို apply လုပ်ရင်းနဲ့ ကိုယ့်ရဲ့ emotion က negative emotion ကနေ 
positive emotion ဖြစ်သွားတယ်။ ဥပမာ စိတ်တိုတဲ့ irritation 
ကနေပြီးတော့ compassion ဖြစ်သွားတယ်ဆိုရင် ဒီထဲမှာ 
မဂ္ဂင်ရှစ်ပါး အကုန်လုံးပါလာတယ်။ 

ဒါကြောင့် ဒီနေ့ တရားပွဲပြီးပြီဆိုရင် facebook တွေကြည့်ကြမယ်၊ 
message တွေကြည့်ကြမယ်၊ ကြည့်တဲ့အခါမှာ ကရုဏာနဲ့ ကြည့်ပါ။ 

ဘာ message တွေ ရောက်နေလဲ မသိဘူး၊ ငါ ဘာလုပ်ပေးရမလဲ 
မသိဘူး။ ဘယ်သူ အဆင်မပြေမှုရှိလဲ မသိဘူးဆိုတဲ့ အဲဒီလို 
ကူညီချင်တဲ့စိတ်နဲ့ ကြည့်လိုက်ရင် ကရုဏာစိတ်နဲ့ ကြည့်လိုက်ရင် 
အဲဒီ message တွေထဲမှာ စိတ်ညစ်စရာပါလာရင်လည်းပဲ 
အဲဒီစိတ်ညစ်စရာကို ကိုယ်က အများကြီးခံနိုင်တယ်။ 

You have resilience. Why? Because your brain is
 working on the right spot. မှန်ကန်တဲ့ဦးနှောက်ရဲ့အပိုင်းက 
အလုပ်လုပ်တဲ့အခါကျတော့ အဲဒီ stress ဒဏ်ကို ခံနိုင်တယ်။ 

 ★ Facebook ကြည့်မယ်ဆိုရင် ဒီတိုင်းပဲ။ Covid-19 သတင်းကြည့်မလား၊ 
ဒါမှမဟုတ် တခြားလူတွေ သတင်းကြည့်မလား၊ 
online သတင်းစာတွေ ဖတ်မလား။ 

အဲဒီလိုဖတ်တဲ့အခါမှာ ဘယ်နေရာမှာ ဘာပြဿနာတွေ ရှိနိုင်လဲမသိဘူး၊ 
ရှိနေပြီလဲ မသိဘူးဆိုပြီးတော့ ကြည့်ပြီးတော့ ပြဿနာတွေ့တာနဲ့ 
ချက်ချင်း ကရုဏာဖက်ကို စိတ်ကို orientate လုပ်လိုက် 
စိတ်ကို ဦးတည်လိုက်၊ Facebook ကြည့်ရင်းနဲ့ 
မဂ္ဂင်ရှစ်ပါး ကျင့်နေတာတဲ့။ 

ဘုန်းဘုန်းက Facebook မကြည့်နဲ့လို့ မပြောဖူးနော် twitter 
မကြည့်နဲ့လို့ မပြောဘူး။ ကိုယ့်ရဲ့စိတ်ကို compassion mode ထဲမှာ 
အရင်ထည့်လိုက်ပါ။ အဲဒီ compassion mode နဲ့ facebook ကြည့်ပါ၊
 twitter ကြည့်ပါ၊ ပြီးတော့ သတင်းတွေဖတ်ပါ။ 

 ★ အဲဒီလိုလုပ်တယ်ဆိုရင် facebook ကြည့်ရင်းနဲ့လည်းပဲ 
မဂ္ဂင်ရှစ်ပါး ဖြစ်မနေဘူးလား။ ဖြစ်နေတယ်။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

Wednesday, July 1, 2020

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၆)

အဆင်မပြေမှုနဲ့တွေ့တဲ့အခါ မိမိ သူတစ်ပါး 
ကရုဏာဖြစ်ရင် နေ့စဉ်ဘဝမှာ မဂ္ဂင့်ရှစ်ပါးကျင့်နေတယ် 
||▬▬▬▬▬▬||▬▬▬**▬▬▬||▬▬▬▬▬▬||
★ နောက်ပြီးတော့ ကိုယ့်နိုင်ငံကို အတင်းပြောတဲ့ နိုင်ငံတွေ၊ အကျိုးသိပ်
မလိုလားတဲ့ နိုင်ငံတွေ၊ အဲဒီနိုင်ငံတွေ တွေ့ပြီဆိုရင်လည်းပဲ အဲဒီနိုင်ငံတွေ 
ပြဿနာရှိပြီဆိုရင်လည်း ဘုန်းဘုန်းတို့က It is kind of self-justification. 
 “ကြည့် သူတို့နိုင်ငံဘယ်လိုဖြစ်တယ် ဒီလို စိတ်ထားမကောင်းတဲ့လူတွေ 
ဒို့ကို ဘယ်လိုပြောတဲ့လူတွေ သူတို့ကျတော့ ကြည့်ပါလား။”

 ★ ဒီလိုဖြစ်တယ်ဆိုပြီးတော့ I told you so ဆိုတဲ့ အမြင်မျိုးနဲ့ 
သဘောထားအမြင်တွေ ဖြစ်တတ်တယ်။ 

★ အဲဒီလိုမဖြစ်အောင် ကိုယ်ကြိုက်တဲ့နိုင်ငံပဲဖြစ်ဖြစ် မကြိုက်တဲ့
နိုင်ငံပဲဖြစ်ဖြစ် ကိုယ်အကောင်းမြင်တဲ့ လူကြီးတွေပဲဖြစ်ဖြစ်၊ 
အကောင်းမမြင်တဲ့ လူကြီးတွေပဲဖြစ်ဖြစ် သူတို့အကြောင်းကို 
ကြည့်တဲ့နေရာမှာ ကရုဏာနဲ့ကြည့်ရမယ်။

★ အများပြည်သူရဲ့ဒုက္ခနဲ့ပတ်သတ်တယ်။ ကိုယ့်အယူအဆနဲ့ 
မတူလို့ သူတို့ဒုက္ခရောက်တာ စိတ်ထဲမှာ နှစ်မြို့တာ ဒါကြီးက 
တော်တော် negative ဖြစ်တဲ့ emotion တစ်ခုပါ။ 

★ မတေ်တာသုတျထဲမှာ “ဒိဋ်ဌာ ဝါ ယဝေ အဒိဋ်ဌာ၊ ယဝေ ဒူရေ 
“သဗ်ဗသေတ်တာ ဘဝန်တု သုခိသတ်တာ” 
သူတို့တှေ ကနြျးမာ ခမြျးသာပါစေ။ 

★ သူတို့ရဲ့ ကောင်းကျိုးကိုလိုလားတဲ့စိတ် ဖြစ်ရမယ်။ ဒါ မေတ္တာသုတ်။ 
မဂ္ဂင်ရှစ်ပါးထဲမှာ ဘယ်ထဲမှာ ပါတုန်းဆို ဒါ “သမ္မာသင်္ကပ္ပ”ထဲမှာ ပါတယ်။ 

★ #သမ္မာသင်္ကပ္ပက ကိုယ့်ရဲ့ emotion ကို ဘာကိုအဓိကထားပြီးတော့ ဆုံးမပေးတာတုန်းဆိုတော့ ပြဿနာနဲ့တွေ့တဲ့အခါ အဆင်မပြေမှုနဲ့တွေ့တဲ့အခါ လောကဓံနဲ့တွေ့တဲ့အခါမှာ ဒေါသမဖြစ်ဘူးတဲ့။ 
သူက Anger management ကိုပြောတာ။ 

 ★ ဒေါသမဖြစ်ရုံတင်မကဘူး ဒေါသဖြစ်ရင် အကြမ်းဖက်တယ်ဆိုတော့
 ဒေါသလည်းမဖြစ်နဲ့ အကြမ်းလည်းမဖက်နဲ့ ဆိုတော့ ဒေါသကို 
တော်တော်ထိန်းနိုင်ရမယ်၊ Anger management 
တော်တော်ကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ 

★ ဆိုလိုတာက ကိုယ့်ရဲ့ emotional pattern (စိတ်ခံစားမှုအကျင့်) ကို 
ကိုယ် သတိထားမိရင် ကိုယ့်ဒေါသကို ကိုယ်ပြန်ပြီးတော့ ထိန်းနိုင်တဲ့
ပုဂ္ဂိုလ်ဖြစ်သွားတယ်။ အဲဒီပုဂ္ဂိုလ်က နေ့တိုင်း လုပ်ငန်းခွင်မှာရော 
ကောင်းမောင်းရင်းနဲ့ရော အလုပ်အသွား အိမ်အပြန် 
အချိန်တိုင်း သူ့မှာ မဂ္ဂင်ရှစ်ပါး ကျင့်နေတယ်။ 

★ စိတ်တိုင်းမကျတဲ့အခါမှာမပေါက်ကွဲတာ၊ အကြမ်းဖက်မှု မဖြစ်အောင် 
ဆူဆူပူပူ မဖြစ်အောင်၊ မဖြစ်ရုံတင်မကဘူး စိတ်ထဲမှာ အဆင်မပြေမှုတွေ
တွေ့တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်လည်းပဲ ကရုဏာထားသနားတယ်။ 
ကိုယ့်နဲ့ပတ်သတ်တဲ့ တခြားလူတွေကိုလည်းပဲ ကရုဏာဖြစ်အောင် 
ကြည့်တယ်ဆိုရင် ဒါ နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါးကျင့်နေတာ။ 

★ အဲဒီလိုကျင့်တဲ့ပုဂ္ဂိုလ်ကတဲ့ ဒါ ဖတ်ပြနေကျစာအုပ်လေး 
"Altered Traits: Science Reveals How Meditation Changes 
Your Mind, Brain, and Body" ဒီစာအုပ်ထဲကနေ 
နည်းနည်းပါးပါး ဖတ်ပြမယ်။

 ဒါ ဦးနှောက်ပုံပေါ့နော်။ စာမျက်နှာ် ၁၄၄ မှာ - When he cultivated empathy, 
sharing the suffering of another, she saw the action in his neural 
networks for pain. But once he began to generate compassion—
loving feelings for someone who was suffering—
he activated brain circuitry for positive feelings, 
reward, and affiliation. 

★ ဒါက ဘာပြောတာတုန်းဆိုတော့ ဒုက္ခကို စိတ်ဝင်စားပြီးတော့ 
တခြားလူတွေရဲ့ပြဿနာကို စိတ်ဝင်စားပြီးတော့ အဲဒီပြဿနာအကြောင်း 
တွေးတဲ့အခါအမှာ empathy ဖြစ်တယ်။ ကိုယ်ချင်းစာတရားဖြစ်တယ်။ 

★ ဒါပေမဲ့ ဒီ empathy က stress ဖြစ်စေတယ်။ အမေကိုပဲကြည့် အမေက 
သူ့သားသမီးရဲ့ ပြဿနာကို စိတ်ဝင်စားတယ်၊ သားသမီးပြဿနာအကြောင်း 
သိလိုက်တာနဲ့ အမေက ချက်ချင်း စိတ်ထဲမှာ ပူလောင်သွားတာ။ 
ဒါ empathy ခေါ်တယ်။ 

★ ဒါပေမဲ့ အဲဒီနေရာမှာ Once he began to generate compassion ဆိုတာ 
compassion ဆိုတဲ့ ကရုဏာ စပြီးတော့ generate လုပ်တယ် ထုတ်လုပ်တယ်
ဆိုတာက အဲဒီပြဿနာကို အဲဒီထက်ပိုပြီး လေးလေးနက်နက် 
စိတ်ဝင်စားပြီးတော့ ဘယ်အဆင့်ထိသွားတုန်းဆိုတော့ ဒီပြဿနာ 
ပြေလည်အောင် ငါ ဘာကူညီရမှာတုန်း။ ငါ ဘာလုပ်နိုင်တုန်း။ 

★ အဲဒီလို စတွေးတဲ့အချိန် ပြဿနာပြေလည်စေဖို့အတွက် 
ပြဿနာဖြေရှင်းဖို့အတွက် စတွေးတဲ့အချိန် အဲဒီဟာလေးကို compassion 
ခေါ်တာ။ ဗုဒ္ဓမြတ်စွာဘုရားကလည်းပဲ ကရုဏာဆိုရင်တဲ့
 တခြားလူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးချင်တာ။ 

★ ဖြေရှင်းပေးချင်တာ ကိုယ့်ရဲ့ emotion ဘယ်လောက်ထိ train 
လုပ်ရမှာတုန်းဆိုတော့ အဲဒီဒုက္ခရောက်နေတာ ခိုးကိုးရာမဲ့နေတာပါလား၊ 
the person is in helpless situation. အဲဒီလို အင်အားကောင်းတဲ့ 
ကရုဏာ compassion က generate က လုပ်ရမှာ။ 

 ★ အဲဒီလို generate လုပ်တဲ့ ပုဂ္ဂိုလ်က သီလမဂ္ဂင် လုံခြုံပြီးသားပေါ့။ 
“သမ္မာဝါစာ” - မှန်ကန်တဲ့အပြောအဆို - right speak ၊ “သမ္မာကမ္မန္တ” - 
မှန်ကန်တဲ့အပြုအမူ right action ၊ ဥပမာ အကြမ်းမဖက်တာတို့။ 
အဲဒီသီလတွေက အလိုလိုပါလာတာ compassion ရှိရင်။ 
အဲဒီ သီလတွေအားလုံးက compassion based ပဲ။ 

★ အခုပဲ ဘုန်းဘုန်း ရှင်းပြသွားတယ်။ တကယ်လို့ compassion 
ရှိတယ်ဆိုရင် ဒေါသကလည်းပဲ နည်းသွားတယ်တဲ့။ 
ဒေါသအစား ကိုယ်က ကရုဏာနဲ့ အစားထိုးလိုက်တာ။ 

★ ဆိုလိုတာက တခြားလူအကြောင်းတွေးတဲ့အခါ သူတို့ရဲ့ဒုက္ခအကြောင်း ချက်ချင်းတွေးလိုက်ပါ။ တွေးပြီးတော့ ကြင်နာတဲ့စိတ်ထားပါ။ 
အဲဒီလို အလေ့အကျင့်လုပ်ထားပါ။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

Tuesday, June 30, 2020

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၅)

တွေ့ကြုံရတဲ့ဒုက္ခ အများနဲ့ဆက်စပ်နေတယ် 
“ငါ တစ်ယောက်တည်း မဟုတ်ဘူ”
▬▬▬▬▬▬▬▬▬▬▬▬▬
★ ကိလေသာသုံးမျိုးကို ပြောခြင်းအကြောင်းကတော့ တစ်ခုတည်းပဲ 
ရယ်ရွယ်ချက်က “မကျေနပ်မှုနဲ့တွေ့ရင် ပေါက်ကွဲတတ်တယ်” လို့ပြောတာ။

★ တချို့ပေါက်ကွဲတာ ကိုယ့်ဟာကိုယ်ပဲ ငိုယို၊ ဒါမှ မဟုတ် ကိုယ့်ဟာကိုယ်ပဲ 
စိတ်ထဲမှာ moody ဖြစ်ပြီးတော့ ပြီးသွားတဲ့ အချိန်တွေလည်း ရှိတယ်။ 
တခါတခါကျတော့ မဟုတ်ဘူး ဘေးနားမှာနေတဲ့လူတွေကို 
effective ဖြစ်တယ် သူတို့ကို ထိခိုက်တယ်။ 

★ ဘယ်လိုပဲဖြစ်ဖြစ် ဒီအတွေ့အကြုံတွေကို မကြောက်နဲ့လို့ပြောတာ။ ဒီအတွေ့အကြုံတွေရှိတယ်၊ ဒါလူလောကကြီးရဲ့ အစိတ်အပိုင်းတစ်ခုပဲ 
ဒီအတွေ့အကြုံရှိတယ်။ ငါ တစ်ယောက်တည်းမှ မဟုတ်ဘူး။ 
တခြားလူတွေလည်း ဒီလိုရှိတယ်။ 

★ ရာထူးကြီးတာ သေးတာ၊ ပိုက်ဆံရှိတာ မရှိတာ ပညာတတ်တာ 
မတတ်တာ၊ ဒါတွေက immaterial - အရေးမပါဘူး။ အရေးပါတာတော့ 
လူတိုင်းလူတိုင်းက စိတ်ထဲမှာ မကျေနပ်မှုတွေ အလိုမပြည့်မှုတွေ 
အဲဒါမျိုးတွေ ရှိတယ်လို့ပြောတာ။ 

★ အဲဒီဟာမျိုးရှိတဲ့အခါမှာ a big picture ကို မမေ့ရဘူး။ 
ဒါမျိုးက ငါတို့မှ ဖြစ်တာလား။ တခြားလူတွေရော ဖြစ်လား။ 
အဲဒီလို critical thinking လေး ၀င်လာတဲ့အခါမှာ ဘေးပတ်ဝန်းကျင်ကို 
ကြည့်လိုက်ရင် ကိုယ်တွေ့ရတဲ့ ပြဿနာက တခြားလူတွေ 
အများကြီးလည်း တွေ့ထားပြီးသား တွေ့နေဆဲလည်းရှိတယ်။ 

★ အခု ဘုန်ုဘုန်းပြောတဲ့ဟာက Covid-19 ကာလမှာဆိုရင် 
ဒါက အရေးကြီးတဲ့ အရာတစ်ခုပါ။ စီးပွားရေးကကျမှာကိုး။ 
နိုင်ငံတိုင်းကျမယ်။ မိသားစု အများစုကျမယ်၊ ကုမ္ပဏီအများစုကျမယ်။ 

★ ကိုဗစ်ကာလမျာ စီးပွားတက်တာတော့ Zoom ကုမ္ပဏီပဲတဲ့။ 
လူတိုင်းလူတိုင်း အသုံးပြုတာ အခု ဘုန်းဘုန်းတို့လည်း အသုံးပြုနေတယ်။ 
သူကတော့ နေ့ချင်းညချင်း သူဌေးဖြစ်သွားတယ် ပြောတယ်။ 

★ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုဖြစ်လာတဲ့အခါမှာ မြင်ကွင်းကျယ်ကို
ကြည့်မယ့်အစား ကိုယ့်ဟာကိုယ်ပဲ ကိုယ်တွေ့နေတဲ့ပြဿနာ 
ကိုယ့်ရဲ့ဘ၀ အဲဒါလေးကိုပဲကြည့်ပြီးတော့ ရှိနေတဲ့ စိတ်ဖိစီးမှု 
အားကောင်းအောင်လုပ်တယ်။ 

🔺 ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီပြဿနာထဲမှာ ကိုယ်က 
ငါ သွားထည့်လိုက်တာကိုး။ 

★ အဲဒီတော့ အခုချိန် Covid-19 ဖြစ်နေတဲ့အချိန် infection တွေနဲ့လည်း 
ရှိတဲ့နေရာတွေ ရှိနေတုန်း၊ တိုးတဲ့နေရာတွေ တိုးနေတုန်း။ 
ဒီလိုဖြစ်လာတဲ့အချိန်မှာ ကြောက်စိတ်တွေ ၀င်တတ်တယ်။ 

★ ကြောက်စိတ်ဝင်တယ်ဆိုရင် That’s because you 
withdraw from the society. You think the problem is only to you. 
You forget there are billions of people. 
လူဦးရေသန်းပေါင်း ခုနှစ်ထောင်ကျော်ရှိတာ effective မဖြစ်တဲ့နိုင်ငံ 
မဖြစ်တဲ့မြို့ မဖြစ်တဲ့မိသားစုက ရှားပါတယ်။ တော်တော်ရှားပါတယ်။ 

★ အဲဒါကြောင့် သူတို့်ကို သတိရပြီး “သြော် တစ်လှေတည်းစီး 
တစ်ခရီးသွားတွေ အများကြီးရှိတာပါလား။” 
ဒီလိုတွေးရင် ဒါ မဂ္ဂင်ရှစ်ပါး နေ့စဉ်ကျင့်နေတယ်။ 

★ ဒုက္ခကသဘာဝပဲ၊ အများနဲ့ဆက်စပ်တယ်။ “ငါ တစ်ယာက်တည်း 
မဟုတ်ဘူး။”အဲဒီလို နားလည်တာ ပါဠိလိုပြောရင်
 “သမ္မာဒိဋ္ဌိ” လို့ခေါ်တယ်။ ချဲ့ပြီးတော့ပြောရင် နေ့စဉ်ဘဝမှာ 
ဒါ သစ္စာလေးပါး အမြင်နဲ့ကြည့်နေတာ။ 

★ တွေ့ကြုံရတဲ့ ဒုက္ခကို အသိအမှတ်ပြုပြီးတော့ 
“ဒီလိုဒုက္ခ ငါ့တင် မဟုတ်ဘူး၊ တခြားလူတွေလည်း ဖြစ်တယ်” ဆိုပြီးတော့ 
စိတ်ထဲမှာ ကိုယ့်ဟာကိုယ် သတိပေးရင် အဲဒီထဲမှာ mindfulness ဆိုတဲ့ 
“သမ္မာသတိ” ပါတယ်၊ right understanding ဆိုတဲ့ “သမ္မာဒိဋ္ဌိ” ပါတယ်။

 ★ အဲဒီမှာ အများကလည်း ဒီလိုဖြစ်တာပဲဆိုပြီးတော့ အများရဲ့ဒုက္ခကို 
သတိရလိုက်တာက That is not to deny your pain. 
That is not to degrade your pain. That is not to belittle your pain. 
It is not made significant. ကိုယ့်ရဲ့ဒုက္ခကို 
အရေးမပါအောင် လုပ်တာ မဟုတ်ပါဘူး။ 

★ ကိုယ့်ရဲဒုက္ခကို လက်ခံတယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ ဒုက္ခကို 
ကြည့်တဲ့နေရာမှာ perceptive တစ်ခုအနေနဲ့ ကြည့်တာလို့ ပြောတာ။ 
Perceptive မရှိဘူးဆိုရင် ဒီဒုက္ခကို ကြည့်ရတာ၊ ဒီဒုက္ခ အရမ်းကြီးပါတယ်။ 
တစ်ယောက်တည်း တွေ့ရတဲ့ဒုက္ခ၊ အများနဲ့ မပတ်သတ်တော့ဘူးဆိုပြီး 
စိတ်ထဲမှာ အဲဒီလိုဖြစ်တယ်။ 

★ ဒါကြောင့် Covid-19 ကာလမှာ ကိုယ့်ဆီကပြဿနာရော 
တခြားလူတွေဆီကပြဿနာရော အဲဒီဟာလေးကိုတွေးတဲ့အခါမှာ 
ကြည့်တဲ့အခါမှာ သနားကြင်နာတဲ့ ကရုဏာစိတ်နဲ့ ကြည့်ပေးဖို့ 
အရေးကြီးတယ်၊ သနားတဲ့စိတ်။ 

★ တခါတခါကျတော့ ဥပမာ နိုင်ငံခြားတိုင်းပြည်က 
နိုင်ငံအကြီးအကဲတစ်ယောက် ကိုယ်မကြိုက်တဲ့တစ်ယောက်ဆို 
သူ့နိုင်ငံ ဒုက္ခရောက်တာ infections rate တွေတက်တာ ကိုယ့်စိတ်ထဲမှာ
 compassion ဖြစ်ဖို့ သတိမရဘူး။ 

★ သတိရမယ့်အစား “ဒီလူက ဘယ်လိုအတွေးအခေါ်ရှိလို့ 
ဘယ်လိုအတွေးအခေါ်မှားလို့ ဒါကြောင့် ဒီလိုဖြစ်တာ” 
ဆိုပြီးတော့ ကိုယ်ကမြိန်ရည်ရှက်ရည်နဲ့ ပြောနေတာ။ 

★ တနည်းအားဖြင့်ပြောမယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ 
သာယာမှုတစ်ခုရှိနေတယ်။ အခုပြောတာ လေးနက်တဲ့ psychology 
ထဲရောက်သွားတယ်။ တော်ရုံတန်ရုံ သတိမထားမိရင် ဒီဟာ မမြင်ဘူး။ 
ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်
အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၄)

နေ့စဉ်ဘဝ အဆင်မပြေမှုနဲ့တွေ့တဲ့အခါ ဖြစ်တဲ့ကိလေသာ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ ဗုဒ္ဓတရားတော်ဟောထားတာက အရမ်းပြည့်စုံတယ်။ 
ဒါပေမဲ့ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ ကိုယ်တိုင်က ပြဿနာကို 
လက်မခံသေးဘူး၊ အနီးကပ် မကြည့်ချင်သေးဘူး၊ မခံစားကြည့်ချင်ဘူး။ 
ဒီမှာ ရှိနေတဲ့ ပြဿနာကို ထွက်ပြေးနေသေးတယ်ဆိုရင် 
နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါး မဖြစ်သေးဘူး။ 

★ အဲဒီတော့ မိသားစုဘဝအနေနဲ့ဖြစ်ဖြစ် အပြင်မှာ
အလုပ်သွားလုပ်တာတွေပဲဖြစ်ဖြစ် လူ့အသိုင်းအဝိုင်း တခြားလူတွေနဲ့ ဆက်ဆံတဲ့နေရာမှာပဲဖြစ်ဖြစ် စိတ်ထဲမှာ Negative emotion 
ဖြစ်ပေါ်လာတယ်ပြီဆိုရင် တခြားလူတွေကို အပြစ်တင်ရင်တင်မယ်၊ 
မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်တင်မယ်။

အဲဒီဟာက အဲဒီ habit ပေါ့နော် habitual pattern 
အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ 

🧘🏻‍♂️“သူများကို အပြစ်တင်မိပြီ။ သြော် ဒီမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီ။” 
အဲဒီဟာလေးကို If you can catchup on the spot, 
အဲဒီဟာလေးကို ဖြစ်နေတဲ့အချိန်မှာ 
သတိပြုမိပြုပြီးတော့ ကျကျနနအသိအမှတ်ပြုပေး။ 

🧘🏻‍♂️ သြော် စိတ်ထဲမှာ painful ဖြစ်နေတာပါလား။ 
နာကျင်မှုဖြစ်နေတာပါလား။ မကျေနပ်လို့ painful ဖြစ်တာ ရှိတယ်၊ 
မကြိုက်လို့ painful ဖြစ်တာ ရှိတယ်၊ အဲဒါမျိုး။ 

ဝိပဿနာဖွစျနတောပဲ။ ဒုက်ခာနုပဿနာ ပါဠိလို - reflection on suffering. 

★ ဒါပေမဲ့ ဘုန်းဘုန်းတို့က ဘယ်လို pretend လုပ်ချင်တုန်း၊ 
ဘယ်လိုဟန်ဆောင်ချင်တုန်းဆို ကိုယ့်ဘဝထဲမှာ ပြဿနာမရှိတဲ့ပုံစံမျိုး 
သိပ်မရှိတဲ့ပုံစံမျိုး ကိုယ်ကနေချင်တာ။ အဲဒါ ဗုဒ္ဓနေတဲ့ပုံစံမျိုးနဲ့ တခြားစီပဲ။ 

★ ဗုဒ္ဓမြတ်စွွာဘုရားကျတော့ မနက်အိပ်ယာထပြီဆိုရင်လည်း ပြဿနာအကြောင်းစဉ်းစားတယ်။ ပြဿနာရှိတဲ့လူအကြောင်းစဉ်းစားတယ်။ 
 စဉ်းစားပြီးတော့ နောက်တစ်ဆင့်တိုးပြီး ငါ ဘာလုပ်ပေးနိုင်တုန်း။ 
ဒီနေ့လား နောက်နေ့လား နောက်လလား အဲဒါမျိုးတွေ 
ချက်ချင်းဆက်တွေးတယ်။ 

★ အဲဒါကျတော့ Compassion ခေါ်တယ်။ 
မဂ္ဂင်ရှစ်ပါးထဲမှာဆိုရင်တော့ နံပါတ်နှစ်၊ Compassion - သမ္မာသင်္ကပ္ပခေါ်တဲ့ 
Compassion (ကရုဏာ)က သမ္မာသင်္ကပ္ပထဲမှာ ပါတယ်။ 
ပညာသိက္ခာထဲမှာပါတယ်၊ wisdom ထဲမှာပါတယ်။ 

★ အဲဒါကြောင့် အခုခေတ် Clinical pyschologist တွေက ဒါလေးကို 
ယူပြီးတော့ “သမ္မာသင်္ကပ္ပ” - emotion အကြောင်းပြောတယ်။ 
နောက်ပြီးတော့ သမ္မာသင်္ကပ္ပ က wisdom, intelligent ထဲမှာပါတယ်ဆိုတော့ 
အဲဒါကို Emotional intelligence လုပ်တယ်၊ EQ ဖြစ်သွားတယ်။ 
ဒါ Dr Daniel Goleman သူရေးတဲ့စာအုပ်။ 

★ Daniel Goleman က အဘိဓမ်မာထိလေ့လာပွီးတော့ 
ဝိသုဒ်ဓိမဂျလညျး သှားဖတျတယျ။ 
အဘိဓမ်မာလညျး သှားဖတျတယျ။ 

 ★ အဲဒီမတိုင်ခင်မှာ ဗုဒ္ဓဂယာ မြန်မာကျောင်းမှာ ဆယ်ရက်စခန်း ခုနှစ်ကြိမ် ဆက်တိုက်ထိုင်တယ်။ ဒါ သူ Ph.D ကျောင်းသားဘဝတုန်းက။ 
အဲဒီတော့ Ph.D ရပြီးတော့ဆက်လက်ပြီးတော့ 
လေ့လာတာ ဗုဒ္ဓဘာသာအကြောင်း။ 

★ ဗုဒ္ဓဘာသာတရားထိုင်တာရော သီအိုရီတွေရော Buddhist psychology 
တွေရော အဲဒါတွေ လေ့လာပြီးတော့ Emotioanl Intelligence ကို 
ရေးထားတယ်။ ဒီစာအုပ် သန်းပေါင်း၂၆သန်းလောက် ရောင်းရတယ်။ 
လူတွေစိတ်ဝင်စားတာ ပြောတာ။ 

★ ဘာဖြစ်လို့တုန်းဆိုတော့ မဂ္ဂင်ရှစ်ပါးကို မဂ္ဂင်ရှစ်ပါးဆိုတဲ့ 
နာမည်မသုံးဘဲနဲ့ present လုပ်သွားတာ။ မဂ္ဂင်ရှစ်ပါးလို့ ပြောရင် 
ဘုန်းဘုန်းတို့ စာနဲ့ပေနဲ့ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ကျတော့ 
အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ စာနဲ့ပေနဲ့ မဟုတ်တဲ့လူကျတော့
 “အမလေး တစ်ကနေ ရှစ်အထိ မှတ်ရတာကိုက မနည်းဘူး။” 

★ နောက် အဲဒီထဲမှာ ဘယ်ဟာစပြီး လေ့ကျင့်ရမှာတုန်း။ တချို့က သီလကနေ စရမယ်ပြောတယ်။ ဒါဆို အလယ်ခေါင်ကနေဖောက်ပြီးတော့ 
“သမ္မာဝါစာ၊ သမ္မာကမ္မန္တ” အဲဒီအလယ်ခေါင်မှာ
ဖောက်ပြီးတော့ ကျင့်ရမယ်။ 

★ တချို့ကျတော့ မဟုတ်ဘူး အနောက်တိုင်းမှာ meditation ကနေစရမယ်။ 
အဲဒါ နောက်ဆုံးမှာ “သမ္မာသတိ သမ္မာသမာဓိ” အဲဒီကနေ စရမယ်။ 

★ အခု Daniel Goleman ပြောတဲ့ဟာ သူက intelligent ရှိတဲ့ အတွေးအခေါ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေအတွက် သူ present 
လုပ်ထားတဲ့ဟာက emotion ကိုကြည့်ပါ။ အဲဒီထဲမှာ စာစကားနဲ့ပြောရင်တော့ ပညာသိက္ခာပါပြီးသားပါ။ ကဲ ဘယ်လို ပါတုန်း။ 
အဲဒါက စောစောပိုင်းက ပြောတဲ့ဟာတွေ ပြန်ကောက်မယ်။ 

★ ကိုယ် Flashpoint နဲ့ တွေ့တဲ့အခါ နေ့စဉ်ဘဝမှာ အဆင်မပြေမှုနဲ့ 
တွေ့တဲ့အခါမှာ external violence ခေါ်တာပေ့ါ၊ အကြမ်းဖက်မှုက ဥပမာ အပြောအဆိုကြမ်းတာတွေ၊ ဆဲတာတွေ တချို့ကျတော့ ကိုယ်ထိ
လက်ရောက်တွေ ဖြစ်တာတွေ အဲဒါတွေ ဒါတွေက အပြင်မှာဖြစ်တဲ့ဟာ။ 

 ★ အတွင်းမှာဖြစ်တဲ့ဟာ ရှိသေးတယ်။ အပြင်တော့ ထွက်မလာဘူး။ 
မျက်နှာပြုံးနေတုန်းပဲ ရှိသေးတယ်။ ကိုယ့်ကားကိုမောင်းတာ အိန္ဒြေမပျက် 
ဆက်လက်ပြီးတော့ မောင်းနေတယ်လို့ထင်တယ်။ 
ဒါပေမဲ့ စိတ်ထဲမှာ ပူလောင်နေတယ်။ 
စိတ်ထဲမှာ မကျေနပ်တဲ့စိတ်တွေ။ 

 ★ ကိုယ့်ကို မကြည်ကြည့်ပြီးတော့ ကျော်သွားတဲ့ ကားတစ်စီးကို နောက်ကနေပြန်ကြည့်ပြီးတော့ မကျေနပ်တဲ့စိတ်တွေနဲ့ 
ကိုယ့်ဟာကိုယ်ဆက်မောင်းတယ်။ 

★ ဆိုလိုတာက အတွင်းမှာ လောင်တာတစ်ခု၊ အတွင်းမှာလောင်ပြီးတော့ 
အပြင်ထိ manifestation အပြောအဆိုတွေ အပြုအမူတွေ အဲဒီထဲကို 
ရောက်လာတာ ဒါတစ်ခုရှိတယ်။ ဒါက ကိလေသာသုံးမျိုး 
လေ့လာဖူးတဲ့ပုဂ္ဂိုလ်တွေ သိပါတယ်။ 

★ တစ်ခုကတော့ ပါဠိလို “#ဝီတိက္ကမကိလေသာ” ဆိုတာ emotion ကို 
ကျော်ပြီးတော့ အပြောအဆိုထဲရောက်သွားတယ်။ မဟုတ်ရင်လည်းပဲ 
ခြေနဲ့လက်နဲ့ အဲဒီလိုဖြစ်သွားတယ် တကယ် ကျူးလွန်တာပေါ့။ 

★ နောက်တစ်ခုကတော့ အဲဒီလိုတော့ မကျူးလွန်ဘူး ဒါပေမဲ့ 
စိတ်ထဲမှာ သူက မကျေမနပ်ဖြစ်နေတယ်။ စိတ်ထဲမှာ ထကြွနေတာပေါ့။ 
ဒေါသမီးတွေ မာနမီးတွေ ထကြွနေတာ။ မကျေနပ်ဘူး။ 

★ ဘယ်သူက ငါ့ကို ဒီလိုလာပြီးတော့ အထင်သေးတုန်းဆိုပြီး 
အဲဒီလို interpretation လုပ်လိုက်ရော ကိုယ့်ကိုလာပြီးတော့ 
အထင်သေးဆိုတဲ့လူကို စိတ်ထဲမှာ မမေ့နိုင်ဘူး။ သူ့အကြောင်း
 တွေးမိတာနဲ့ စိတ်ထဲမှာ ထကြွလာတယ် “ပရိယုဋ္ဌာကိလေသာ”။ 

★ တရားထိုင်တဲ့အခါကျတော့ ရိပ်သာမှ တရားထိုင်မှ မဟုတ်ပါဘူး။ 
အိမ်မှာပဲ တရားထိုင်ထိုင်၊ ဒီလို လုပ်ငန်းခွင်မှာပဲ ၂မိနစ် ၃မိနစ် မကြာခဏ 
mindfulness ဆိုတဲ့ သတိတရားကို လေ့ကျင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ြဖစ် 
အဲဒီပုဂ္ဂိုလ်တွေကျတော့ စိတ်ထဲမှာထကြွလာတဲ့ ဒေါသတွေ မာနတွေ၊ 
အဲဒီမာနတွေကို စောင့်ကြည့်နိုင်တဲ့အခါကျတော့ သူရဲ့ pattern လေးမြင်ပြီးတော့ နောက်ဆုံးကျတော့ “အနုသယကိလေသာ” ဆိုတာ အောက်မှာ 
တကယ်လို့ ရေဆိုလည်းပဲ အောက်မှာသူ့ဟာသူ 
အနယ်ထိုင်နေတဲ့ ရွှံ့ညွန်တွေပေါ့။ 

★ အဲဒီ ရွှံ့ညွှန်တွေကလည်းပဲ ရွှံ့ပါပဲ။ အပေါ်မှာကတော့ ရေက
 ကြည်နေတယ် ဒါပေမဲ့ အောက်မှာ ရွှံ့ရှိတဲ့အခါကျတော့ 
အချိန်မရွေး ရေတစ်ခုလုံးက နှောက်သွားနိုင်တယ်။ 

 ★ အဲဒီအတိုင်းပါပဲ စိတ်ထဲမှာ ဘုန်းဘုန်းတို့ ရှိတဲ့ emotional pattern ကို 
ကိုယ်က diagnose မလုပ်မချင်း ကိန်းအောင်နေတယ် ခေါ်တာပေါ့၊ 
subconscious ထဲမှာ ကိန်းအောင်းနေတဲ့ ဒီအကျင့်တွေက 
အချိန်မရွေး သူ ထလာနိုင်တယ်။ 

★ အဲဒီတော့ ဘုန်းဘုန်း အခု ကိလေသာသုံးမျိုးကိုပြောခြင်း
အကြောင်းကတော့ တစ်ခုတည်းပဲ ရယ်ရွယ်ချက်က “မကျေနပ်မှုနဲ့တွေ့ရင် 
ပေါက်ကွဲတတ်တယ်” ဆိုတာ ပြောချင်တာ။ 
ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၃)

ပြဿနာကို ထွက်ပြေးနေသေးတယ်ဆိုရင်
နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါး မဖြစ်သေးဘူး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ စိတ်ထဲမှာ မသက်မသာဖြစ်ပြီဆိုရင် easy way out (လွယ်ကူတဲ့နည်းလမ်း) 
ကတော့ လူတစ်ယောက်ယောက်ကို အပြစ်တင်လိုက်တာ။ 
အပြစ်တင်လိုက်ပြီဆိုရင် စိတ်ထဲမှာ နေလို့ကောင်းတယ်။ 

★ အပြစ်တင်တာက ကောင်းတဲ့အလုပ်တော့ မဟုတ်ဘူး။ 
ဒါပေမဲ့ we are all addicted to that. ဘုန်းဘုန်းတို့ လူသားတွေ 
လူမျိုးပေါင်းစုံပဲ။ အဲဒီလို စိတ်ထဲမှာ တစ်ခုခု uncomfortable (မသက်မသာ) 
ဖြစ်တယ်၊ စိတ်ထဲမှာ negative emotion ဖြစ်လာပြီးတော့ 
မချမ်းမသာဖြစ်တယ်ဆိုရင် လူတစ်ယောက်ယောက်ကို အပြစ်တင်လိုက်မှ။ 

★ အပြစ်တင်လိုက်ပြီဆိုရင် ကိုယ့်ဟာကိုယ် Intellectually we feel satisfied. စိတ်ထဲမှာသွားပြီးတော့ ပျော်နေရော။ ဘာဖြစ်လို့တုန်းဆိုတော့ 
ငါက ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာက ရှာတွေ့သွားပြီဆိုပြီးတော့ 
ကိုယ့်ကိုယ်ကိုယ် delusion (ထင်ယောင်ထင်မှား) တွေလုပ်နေတာ၊ 
delusion တွေပေးနေတာ။ 

★ ကိုယ်ထင်လိုက်တဲ့ အကြောင်းတရားက တကယ့်အကြောင်းတရား ဟုတ်လား။ တကယ့်အကြောင်းတရားဆိုရင်တော့ အကြောင်းတရားကိုမြင်ပြီးတော့ ပြဿနာဖြေရှင်းတဲ့ပုဂ္ဂိုလ်က အဲဒီပြဿနာ 
နောက်ထပ်ထပ်ပြီးတော့ဖြစ်ဖို့ ခဲယဉ်းတယ်။ 

★ Problems don't repeat themselves if we see their causes rightly. 
ပြသာနာရဲ့ အကြောင်းမှန်ကို တကယ်မြင်ခဲ့ရင် မှန်မှန်ကန်ကန်မြင်ခဲ့ရင် 
ဒီပြဿနာက နောက်ထပ်ထပ်ဖြစ်ဖို့ ခဲယဉ်းပါတယ်။ 
တကယ်ဖြစ်ခဲ့ရင်လည်း ဒီလောက်ထိ အရှိန်မပြင်းတော့ဘူး။ 

★ အဲဒီတော့ အခုရှင်းပြတာကို ပြန်ပြီးတော့ summarize လုပ်မယ်ဆိုရင် 
နေ့စဉ် acitivites တွေထဲမှာ မနက်ပိုင်း မျက်နှာသစ်တဲ့အချိန်ကစ၊ 
အဝတ်အစားလဲတဲ့အချိန်ကစ၊ breakfast စားတဲ့အချိန်၊ 
အလုပ်သွားတဲ့အချိန် အဲဒီအချိန်တွေမှာ စိတ်ထဲမှာခိုးလုခုလုဖြစ်ခဲ့ရင် အဲဒီဟာလေးကိုလက်မလွတ်တမ်းကြည့်ပေးပါလို့ 
ပြောချင်တာ ပထမဆုံးအကြိမ်။ 

Main point လေးကတော့ နေ့စဉ်ဘဝမှာ 
flashpoint လေး ရှိတယ်လို့ ပြောချင်တာ။ 

 ★ လုပ်ငန်းတွေမှာရော social media တွေကြည့်တဲ့နေရာမှာရော စားသောက်တဲ့အနေရာမှာရော ခရီးသွားတဲ့နေရာမှာရော သူက 
နေရာတိုင်းမှာ ကိုယ်မျှော်လင့်ထားတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ စိတ်ပျက်စရာ - 
disappointment ဖြစ်စရာ နည်းနည်းဖြစ်ချင်ဖြစ်မယ် 
ကြီးကြီးဖြစ်ချင်ဖြစ်မယ် အဲဒါမျိုးတွေ ဖြစ်တတ်တယ်လို့ပြောတာ။ 

★ အဲဒီလိုဖြစ်တာကို မကြောက်နဲ့လို့ ပြောချင်တာ။ ကြောက်မယ့်အစား အဲဒီဟာကိုမျှော်လင့်ထား။ ဒါကတော့ အသေးလေးတွေပေါ့။ 

★ အကြီးကြီး ခပ်ကြီးကြီးတွေကတော့ ဘယ်လိုဖြစ်တာတုန်း။ 
ဒကာကြီး ဒကာမကြီးတို့အနေနဲ့ ကိုယ့်ရဲ့သမီးကို သုဿန်လိုက်ပို့ရတယ်ဆိုတဲ့ 
အနေအထားက ဘယ်မိဘကမှ မျှော်လင့်မထားဘူး။ သမီး နေမကောင်ဘူး 
သိထားပေမယ့် ဒီလောက်ထိ ဖြစ်မယ်ဆိုတာ 
မိဘအနေနဲ့က လက်ခံဖို့ခဲယဉ်းတယ်။ 

★ ဒါကြောင့် သမီးကို သတိရတဲ့အခါမှာ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ 
လွမ်းဆွတ်မှု နာကျင်မှု သမီးမရှိတော့တဲ့ အတွက်ကြောင့်မို့လို့ မိသားစုဘဝမှာ အပြောင်းအလဲလေးတွေ အဆင်ပြေတာရော အဆင်မပြောတာရော 
အဲဒါမျိုးတွေ ဖြစ်လာတဲ့အခါမှာ အဲဒီဟာကို လျစ်လျူရှုမထားနဲ့။ 

★ ကိုယ့်ရဲ့ attention ကို တခြားနေရာလွှဲပစ်တာမျိုး မလုပ်နဲ့။ 
သမီးတစ်ယောက်ကို ဆုံးရှုံးသွားတယ်၊ ဆုံးရှုံးထားတယ်၊ အစ်မတစ်ယောက်ကို 
ဆုံးရှုံးထားတယ်၊ မြေးလေးဆိုလည်း မိခင်တစ်ယောက်ကို ဆုံးရှုံးထားတယ်။ ဒီအတွေ့အကြုံလေးကို မေ့မေ့ပျောက်ပျောက် မနေစေချင်ဘူး။ 
ဒါကတော့ သူ့ကို သတိရတာ။ 

★ အခု ဘုန်းဘုန်းပြောတဲ့ဟာက ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်နေသလား။ 
ဗုဒ္ဓတရားတော်ကျတော့ အစွဲမထားရဘူး ဒီလိုမေးနိုင်စရာရှိတယ်။ 
ဘုန်းဘုန်းပြောချင်တာက သမီးကို သတိရတဲ့အခါမှာ နောက်ပြီးတော့ 
စိတ်ထဲမှာ ၀မ်းနည်းတဲ့အခါမှာ တခါတခါ စိတ်ထဲမှာ နားမလည်ဘူး။ 

★ “ဘာကြောင့် ဒီလိုဖြစ်တုန်း။ ဘာကြောင့် ငါ့သမီးကျမှ ဒီလိုဖြစ်တုန်း။ 
ဘာကြောင့် ငါ့အစ်မကျမှ ဒီလိုဖြစ်တုန်း။” ဒါမျိုးတွေက ဖြစ်တတ်တယ်။ အဲဒီလိုမျိုးဖြစ်လာတယ်ဆိုရင် ကိုယ့်ရဲ့ emotion ကို ကောက်ပြီးတော့ 
ကြည့်လိုက်ပါ။ You should connect with your emotion at that time. 

★ အဲဒီအချိန်မှာ နှမြောတာလား၊ လောကကြီးကို မကျေနပ်တာလား။ 
ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာလား။ ငါ ဘာများ နောက်ထပ်ထပ်လုပ်ပေးနိုင်တုန်း။ 
ဒါမျိုးတွေ မေးနေတာ။ အဲဒီတော့ အဲဒီ emotion တွေကို 
အကောင်းအဆိုး မဝေဖန်နဲ့။ 

★ #အကောင်းအဆိုးမဝေဖန်နဲ့ဆိုတာက ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ဘူး။ #တခြားလူတွေကိုလည်းအပြစ်မတင်ဘူး။ အပြစ်မတင်ဘဲနဲ့ အဲဒီ 
နာကျင်မှုနဲ့ တစ်မိနစ် နှစ်မိနစ်လောက် အနည်းဆုံးနေပေးတာ။ 
အများကြီး မပြောဘူးနော် တစ်မိနစ် နှစ်မိနစ်။ 

 ★ တကယ်လို့ ရိပ်သာထဲမှာ ရှိတဲ့အချိန် ဒါမှမဟုတ် အိမ်မှာ 
တရားထိုင်တဲ့အချိန်ဆိုရင် အဲဒီထက် နည်းနည်းလေးပို ကြာကြာလေးနေ။ 
ဆိုလိုတာက ဒုက္ခနဲ့ နေတတ်အောင် ဘုန်းဘုန်းက ပြောမလို့၊ 
ဒုက္ခနဲ့နေတတ်အောင်။ 

★ ဗုဒ္ဓတရားတော်ဟောထားတာက အရမ်းပြည့်စုံတယ်။ 
ဒါပေမဲ့ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ ကိုယ်တိုင်က ပြဿနာကို လက်မခံသေးဘူး၊ 
အနီးကပ် မကြည့်ချင်သေးဘူး၊ မခံစားကြည့်ချင်ဘူး။ ဒီမှာ ရှိနေတဲ့ ပြဿနာကို ထွက်ပြေးနေသေးတယ်ဆိုရင် နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါး မဖြစ်သေးဘူး။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...