Tuesday, June 30, 2020

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၃)

ပြဿနာကို ထွက်ပြေးနေသေးတယ်ဆိုရင်
နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါး မဖြစ်သေးဘူး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ စိတ်ထဲမှာ မသက်မသာဖြစ်ပြီဆိုရင် easy way out (လွယ်ကူတဲ့နည်းလမ်း) 
ကတော့ လူတစ်ယောက်ယောက်ကို အပြစ်တင်လိုက်တာ။ 
အပြစ်တင်လိုက်ပြီဆိုရင် စိတ်ထဲမှာ နေလို့ကောင်းတယ်။ 

★ အပြစ်တင်တာက ကောင်းတဲ့အလုပ်တော့ မဟုတ်ဘူး။ 
ဒါပေမဲ့ we are all addicted to that. ဘုန်းဘုန်းတို့ လူသားတွေ 
လူမျိုးပေါင်းစုံပဲ။ အဲဒီလို စိတ်ထဲမှာ တစ်ခုခု uncomfortable (မသက်မသာ) 
ဖြစ်တယ်၊ စိတ်ထဲမှာ negative emotion ဖြစ်လာပြီးတော့ 
မချမ်းမသာဖြစ်တယ်ဆိုရင် လူတစ်ယောက်ယောက်ကို အပြစ်တင်လိုက်မှ။ 

★ အပြစ်တင်လိုက်ပြီဆိုရင် ကိုယ့်ဟာကိုယ် Intellectually we feel satisfied. စိတ်ထဲမှာသွားပြီးတော့ ပျော်နေရော။ ဘာဖြစ်လို့တုန်းဆိုတော့ 
ငါက ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာက ရှာတွေ့သွားပြီဆိုပြီးတော့ 
ကိုယ့်ကိုယ်ကိုယ် delusion (ထင်ယောင်ထင်မှား) တွေလုပ်နေတာ၊ 
delusion တွေပေးနေတာ။ 

★ ကိုယ်ထင်လိုက်တဲ့ အကြောင်းတရားက တကယ့်အကြောင်းတရား ဟုတ်လား။ တကယ့်အကြောင်းတရားဆိုရင်တော့ အကြောင်းတရားကိုမြင်ပြီးတော့ ပြဿနာဖြေရှင်းတဲ့ပုဂ္ဂိုလ်က အဲဒီပြဿနာ 
နောက်ထပ်ထပ်ပြီးတော့ဖြစ်ဖို့ ခဲယဉ်းတယ်။ 

★ Problems don't repeat themselves if we see their causes rightly. 
ပြသာနာရဲ့ အကြောင်းမှန်ကို တကယ်မြင်ခဲ့ရင် မှန်မှန်ကန်ကန်မြင်ခဲ့ရင် 
ဒီပြဿနာက နောက်ထပ်ထပ်ဖြစ်ဖို့ ခဲယဉ်းပါတယ်။ 
တကယ်ဖြစ်ခဲ့ရင်လည်း ဒီလောက်ထိ အရှိန်မပြင်းတော့ဘူး။ 

★ အဲဒီတော့ အခုရှင်းပြတာကို ပြန်ပြီးတော့ summarize လုပ်မယ်ဆိုရင် 
နေ့စဉ် acitivites တွေထဲမှာ မနက်ပိုင်း မျက်နှာသစ်တဲ့အချိန်ကစ၊ 
အဝတ်အစားလဲတဲ့အချိန်ကစ၊ breakfast စားတဲ့အချိန်၊ 
အလုပ်သွားတဲ့အချိန် အဲဒီအချိန်တွေမှာ စိတ်ထဲမှာခိုးလုခုလုဖြစ်ခဲ့ရင် အဲဒီဟာလေးကိုလက်မလွတ်တမ်းကြည့်ပေးပါလို့ 
ပြောချင်တာ ပထမဆုံးအကြိမ်။ 

Main point လေးကတော့ နေ့စဉ်ဘဝမှာ 
flashpoint လေး ရှိတယ်လို့ ပြောချင်တာ။ 

 ★ လုပ်ငန်းတွေမှာရော social media တွေကြည့်တဲ့နေရာမှာရော စားသောက်တဲ့အနေရာမှာရော ခရီးသွားတဲ့နေရာမှာရော သူက 
နေရာတိုင်းမှာ ကိုယ်မျှော်လင့်ထားတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ စိတ်ပျက်စရာ - 
disappointment ဖြစ်စရာ နည်းနည်းဖြစ်ချင်ဖြစ်မယ် 
ကြီးကြီးဖြစ်ချင်ဖြစ်မယ် အဲဒါမျိုးတွေ ဖြစ်တတ်တယ်လို့ပြောတာ။ 

★ အဲဒီလိုဖြစ်တာကို မကြောက်နဲ့လို့ ပြောချင်တာ။ ကြောက်မယ့်အစား အဲဒီဟာကိုမျှော်လင့်ထား။ ဒါကတော့ အသေးလေးတွေပေါ့။ 

★ အကြီးကြီး ခပ်ကြီးကြီးတွေကတော့ ဘယ်လိုဖြစ်တာတုန်း။ 
ဒကာကြီး ဒကာမကြီးတို့အနေနဲ့ ကိုယ့်ရဲ့သမီးကို သုဿန်လိုက်ပို့ရတယ်ဆိုတဲ့ 
အနေအထားက ဘယ်မိဘကမှ မျှော်လင့်မထားဘူး။ သမီး နေမကောင်ဘူး 
သိထားပေမယ့် ဒီလောက်ထိ ဖြစ်မယ်ဆိုတာ 
မိဘအနေနဲ့က လက်ခံဖို့ခဲယဉ်းတယ်။ 

★ ဒါကြောင့် သမီးကို သတိရတဲ့အခါမှာ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ 
လွမ်းဆွတ်မှု နာကျင်မှု သမီးမရှိတော့တဲ့ အတွက်ကြောင့်မို့လို့ မိသားစုဘဝမှာ အပြောင်းအလဲလေးတွေ အဆင်ပြေတာရော အဆင်မပြောတာရော 
အဲဒါမျိုးတွေ ဖြစ်လာတဲ့အခါမှာ အဲဒီဟာကို လျစ်လျူရှုမထားနဲ့။ 

★ ကိုယ့်ရဲ့ attention ကို တခြားနေရာလွှဲပစ်တာမျိုး မလုပ်နဲ့။ 
သမီးတစ်ယောက်ကို ဆုံးရှုံးသွားတယ်၊ ဆုံးရှုံးထားတယ်၊ အစ်မတစ်ယောက်ကို 
ဆုံးရှုံးထားတယ်၊ မြေးလေးဆိုလည်း မိခင်တစ်ယောက်ကို ဆုံးရှုံးထားတယ်။ ဒီအတွေ့အကြုံလေးကို မေ့မေ့ပျောက်ပျောက် မနေစေချင်ဘူး။ 
ဒါကတော့ သူ့ကို သတိရတာ။ 

★ အခု ဘုန်းဘုန်းပြောတဲ့ဟာက ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်နေသလား။ 
ဗုဒ္ဓတရားတော်ကျတော့ အစွဲမထားရဘူး ဒီလိုမေးနိုင်စရာရှိတယ်။ 
ဘုန်းဘုန်းပြောချင်တာက သမီးကို သတိရတဲ့အခါမှာ နောက်ပြီးတော့ 
စိတ်ထဲမှာ ၀မ်းနည်းတဲ့အခါမှာ တခါတခါ စိတ်ထဲမှာ နားမလည်ဘူး။ 

★ “ဘာကြောင့် ဒီလိုဖြစ်တုန်း။ ဘာကြောင့် ငါ့သမီးကျမှ ဒီလိုဖြစ်တုန်း။ 
ဘာကြောင့် ငါ့အစ်မကျမှ ဒီလိုဖြစ်တုန်း။” ဒါမျိုးတွေက ဖြစ်တတ်တယ်။ အဲဒီလိုမျိုးဖြစ်လာတယ်ဆိုရင် ကိုယ့်ရဲ့ emotion ကို ကောက်ပြီးတော့ 
ကြည့်လိုက်ပါ။ You should connect with your emotion at that time. 

★ အဲဒီအချိန်မှာ နှမြောတာလား၊ လောကကြီးကို မကျေနပ်တာလား။ 
ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာလား။ ငါ ဘာများ နောက်ထပ်ထပ်လုပ်ပေးနိုင်တုန်း။ 
ဒါမျိုးတွေ မေးနေတာ။ အဲဒီတော့ အဲဒီ emotion တွေကို 
အကောင်းအဆိုး မဝေဖန်နဲ့။ 

★ #အကောင်းအဆိုးမဝေဖန်နဲ့ဆိုတာက ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ဘူး။ #တခြားလူတွေကိုလည်းအပြစ်မတင်ဘူး။ အပြစ်မတင်ဘဲနဲ့ အဲဒီ 
နာကျင်မှုနဲ့ တစ်မိနစ် နှစ်မိနစ်လောက် အနည်းဆုံးနေပေးတာ။ 
အများကြီး မပြောဘူးနော် တစ်မိနစ် နှစ်မိနစ်။ 

 ★ တကယ်လို့ ရိပ်သာထဲမှာ ရှိတဲ့အချိန် ဒါမှမဟုတ် အိမ်မှာ 
တရားထိုင်တဲ့အချိန်ဆိုရင် အဲဒီထက် နည်းနည်းလေးပို ကြာကြာလေးနေ။ 
ဆိုလိုတာက ဒုက္ခနဲ့ နေတတ်အောင် ဘုန်းဘုန်းက ပြောမလို့၊ 
ဒုက္ခနဲ့နေတတ်အောင်။ 

★ ဗုဒ္ဓတရားတော်ဟောထားတာက အရမ်းပြည့်စုံတယ်။ 
ဒါပေမဲ့ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ ကိုယ်တိုင်က ပြဿနာကို လက်မခံသေးဘူး၊ 
အနီးကပ် မကြည့်ချင်သေးဘူး၊ မခံစားကြည့်ချင်ဘူး။ ဒီမှာ ရှိနေတဲ့ ပြဿနာကို ထွက်ပြေးနေသေးတယ်ဆိုရင် နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါး မဖြစ်သေးဘူး။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...