Saturday, July 4, 2020

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း -၉ (နောက်ဆုံးပိုင်း)

နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါးကျင့်နိုင်ဖို့ဆိုတာ 
ကရုဏာလိုအပ်တယ် 
▬▬▬▬▬▬▬▬▬▬
★ Pain ကို ignore လုပ်တာက ဘုန်းဘုန်းတို့က suppress လုပ်တယ်ခေါ်တယ်။ 
ဒီ pain ကို suppress လုပ်ဖို့အတွက် အင်နာဂျီတွေအများကြီးသုံးရတယ်။ 
အဲဒီအင်နာဂျီကို အသုံးပြုပြီးတော့ suppress လုပ်ထားတော့အဲဒီ pain က ပိုအားကောင်းရုံပဲရှိတာ။ 

★ ဘာဖြစ်လို့တုန်းဆိုတော့ သူ့ဆီကို ကိုယ်က negative energy ပဲ direct 
လုပ်ပေးနေတာကိုး။ Negative energy တွေပဲ ပို့ပေးနေတာ။ 
ဒါကြောင့် pain ကို ကိုင်တွယ်တဲ့နေရာမှာ Negative energy ကို 
produce လုပ်တဲ့လူနဲ့ positive energy ကို produce 
လုပ်တဲ့လူရှိတယ်။ ဒီလိုနှစ်မျိုးကွာတယ်။ 

★ အဲဒီလို positive energy ဒီစာအုပ်ရဲ့ first paragraph ထဲမှာ 
- He activated brain circuitry for positive feelings, reward, 
and affiliation. (Altered Traits: page-144) 

★ Affiliation ဆိုတာက connection ရှိတာကိုပြောတာလေ။ 
အဲဒီဒုက္ခရောက်နေတဲ့လူ၊ ဒုက္ခရောက်ပြီး သူ့စိတ်ထဲမှာ ဒေါသဖြစ်ပြီးတော့ မကျေမနပ်ဖြစ်ပြီးတော့ ကိုယ့်လာပြောတဲ့လူ အဲဒီလူရဲ့ ဒုက္ခကို 
ကိုယ်က သွားပြီးတော့ connect လုပ်မိရင် အဲဒါ affiliation ခေါ်တာပဲ။ 

★ အဲဒီလိုလုပ်မိတယ် အဲဒီလိုလုပ်တယ်ဆိုရင် that may be 
positive feeling. Positive feeling ပဲတက်လာတယ်။ 
Negative feeling တက်မလာဘူး။ ဒီဟာအရေးကြီးတယ်။ 

★ ဆိုလိုတာက ကရုဏာကျင့်ရင် ကရုဏာပွားရင် နေရာတိုင်းမှာ 
ကရုဏာမျက်စိနဲ့ကြည့်ရင် ဒီထဲမှာ မဂ္ဂင်ရှစ်ပါး ပါပြီးသားလို့ ပြောချင်တာ။ 
In one sentence နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါးကျင့်နိုင်ဖို့ဆိုတာ 
ကရုဏာလိုအပ်တယ်။ 

★ ကိုယ့်ဟာကိုယ် အဝတ်အစားဝတ်တော့မယ်ဆိုရင် ကရုဏာနဲ့ဝတ်လေ။ ဒီအဝတ်အစားမဝတ်ရင် ဒီခန္ဓာကိုယ် ရာသီဥတုဒဏ်မခံနိုင်ဘူး။ 
နောက်ပြီးတော့ အရှက်အကြောက်ဒဏ်ရှိတယ်။ 

 ★ ဒါကြောင့်မို့လို့ အဲဒီဟာတွေကို ဒီခန္ဓာကြီးကို ကရုဏာဖြစ်တဲ့အနေနဲ့ 
ဒီအဝတ်အစားတွေကို ၀တ်တယ်ဆိုရင် ကိုယ်ဝတ်တဲ့ အဝတ်အစားနဲ့ 
တခြားလူ ၀တ်တဲ့အဝတ်အစား သွားပြီးတော့ 
ပြိုင်ချင်တဲ့စိတ် မရှိတော့ဘူး။ 

★ ပြိုင်တဲ့အတွေးလည်း သိပ်ထွက်မလာတော့ဘူး။ မဟုတ်ရင်တော့ 
ကိုယ်ဝတ်တာ ကိုယ်ရွေးပြီးတော့ ဒီနေ့ဝတ်လိုက်တဲ့ အဝတ်အစား 
ဘယ်သူထက်သာရမယ်ဆိုတဲ့ ဘေးကို ကြည့်လိုက်သေးတယ်။ 

★ ဘယ် function သွားမယ်။ ဘယ်မင်္ဂလာဆောင်သွားမယ်၊ 
ဘယ်အခမ်းအနား သွားမယ်ဆိုရင် အဲဒီလိုနေရာမျိုးမှာ ဘယ်သူက 
ဘယ်လို ဘယ်လောက်တန်တဲ့ ပုဆိုးတွေ လုံချည်တွေ ၀တ်တတ်တုန်း။ 
အင်္ကျီတွေ ၀တ်တတ်တုန်း။ 

★ အဲဒါမျိုးတွေ တွေးပြီးတော့ ၀တ်တယ်၊ ကိုယ် အဝတ်အစားလဲသွားတယ်
ဆိုရင်၊ တချိန်လုံး stress ပဲဖြစ်နေတာ။ ဘာဖြစ်လို့တုန်းဆိုတော့ 
ကိုယ့်ကိုယ်ကိုယ် တခြားလူနဲ့အမြဲတမ်း နှိုင်းယှဉ်တဲ့ 
mode ထဲမှာ ကိုယ့်စိတ်ကို ထည့်ထားလို့။ 

★ အဲဒါကြောင့် ကရုဏာများများပွားရင်တဲ့ ဒုက္ခကို တိုက်ရိုက် focus လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ဝိပဿနာလည်း ဖြစ်ပါတယ်။ 
ဒုက္ခာနုပဿနာ ဆိုတာ ဝိပဿနာ - အနိစ္စ ဒုက္ခ အနတ္တ 
ကိုကြည့်လို့ ဝိပဿနာ အဲဒီလိုဖြစ်ပါတယ်။ 

★ ကြည့်တဲ့အခါမှာ ဒီဒုက္ခကလည်း သြော် ဒီမှာ ဒါကတော့ ငါတို့ ဒုက္ခ၊ 
ဒါပေမဲ့ ဒီလိုဒုက္ခမျိုး ခံစားရတဲ့ ပုဂ္ဂိုလ်တွေ မိသားစုတွေ အများကြီး ရှိပါတယ်။ 
အဲဒီလို မြင်လိုက်တာနဲ့ ဒုက္ခက ငါ့တို့တင် မဟုတ်ဘူး။ It is a universal pain. 
အဲဒီလို မြင်လိုက်တာနဲ့ အနတ္တပါ ပါလာတာ။ 

★ ကောင်းတဲ့အချိန်လည်းပဲ it comes and goes. ဆိုးတဲ့အတွေ့အကြုံ
လည်းပဲ comes and goes. This is too short a past. ဆိုတဲ့အတိုင်း 
ဒါလည်းပဲ အချိန်တန်ရင် သူပြောင်းလဲသွားတယ်ဆိုတဲ့ အနိစ္စ 
သဘောမျိုးမြင်တာ။ လက္ခဏာရေးသုံးပါး ပါလာတယ်။ 

★ လက္ခဏာရေးသုံးပါးပါလာမှတော့ မဂ္ဂင်ရှစ်ပါးက အကုန်လုံးပါတယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...