Friday, July 3, 2020

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၇)

နေ့စဉ်ဘဝမှာ ဒုက္ခကိုစိတ်ဝင်စားပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 
နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၇)
လူတိုင်းလူတိုင်းမှာ သနားစရာရှိတယ်။ သနားစရာ အကြောင်းလေးတွေ 
ရှိတယ်။ ကိုယ့်ဟာကိုယ်လည်း ရှိတယ်။ အဲဒီတော့ အဲဒီသနားစရာတွေကို လိုက်ပြီးတော့တွေးတာ။ 

တချို့ဟာတွေကတော့ နေ့စဉ် အတွေ့အကြုံလေးတွေ၊ activities 
လေးတွေ အဲဒါလေးတွေ တွေးတာပေါ့။ စီးပွားရေးအကြောင်းတို့ လူမူရေး
အကြောင်းတို့ အဲဒါတွေ တွေးတာပေါ့။ အဲဒီလို တွေးရင်လည်း ရပါတယ်။ 

ဗုဒ္ဓမြတ်စွာဘုရားကတော့ လူတိုင်းကြောက်ရွှံ့ခြင်း အိုခြင်း နာခြင်း 
သေခြင်းရှိတွေကို တွေးပြီးတော့ “သြော် အိုခြင်းကိုလည်း ကြောက်တယ်၊ 
ဒါပေမဲ့ အိုတဲ့နေရာကိုပဲ လမ်းလျှောက်နေတယ်။” 

နာခြင်းကို ကြောက်တယ်၊ ဒါပေမဲ့ နာကျင်မှု အနာရောဂါ ဒါတွေ
နည်းအောင် မလုပ်ဘဲနဲ့ အဲဒီအနာရောဂါများတဲ့ way of life ဘဝနေထိုင်မှု 
အဲဒါပဲ နေနေတယ်။ အဲဒါကိုကြည့်ပြီးတော့ ဗုဒ္ဓမြတ်စွာဘုရားက 
အရမ်းကရုဏာဖြစ်တယ်။ 

တစ်နေ့သေမယ်ဆိုတာ သိရဲ့နဲ့ မသေတဲ့ပုံစံမျိုး ဘယ်တော့မှ မသေမယ့် 
ပုံစံမျိုး၊ ဟန်ဆောင်ထားတာ။ အဲဒါကို ကြည့်ပြီးတော့ ဗုဒ္ဓမြတ်စွာဘုရားက 
ကရုဏာဖြစ်တယ် သနားတယ်။ 

ဆိုလိုတာက ကိုယ့်ထက်ရာထူးကြီးတာရော ကိုယ့်ထက် ပိုက်ဆံရှိတာရော 
ကိုယ့်ထက် အသိုင်းအဝိုင်းကြီးတာရော အဲဒီလူတွေမှာလည်းပဲ သနားစရာတွေအများကြီးရှိတယ်။ 

★ Compassion ဖြစ်လာပြီဆိုရင်တဲ့ လူတစ်ဦးရဲ့ feeling လူတစ်ဦးရဲ့ 
emotion က positive ဖြစ်သွားတယ်။ ဒါ ဂျာမနီနိုင်ငံမှာလုပ်တဲ့ 
သုတေသနကို ကိုးကားထားတာ။ ဒီသုတေသနကိုပဲ ဒီ reserach ကိုပဲ 
တခြားပုဂ္ဂိုလ်တွေလည်း replicate လုပ်ပြီးတော့ ဒီဟာကို 
ပြန်ပြီးတော့ confirm လုပ်ထားတယ်။ 

အဲဒီတော့ တတိယစာပိုဒ်က (Altered Traits: page-144) 
 Compassion, she found, muted the empathic distress 
that can lead to emotional exhaustion and burnout. 

 ★ ကရုဏာဖြစ်တဲ့ပုဂ္ဂိုလ် ကိုယ်ချင်းစာမှုနဲ့တင် ရပ်မထားဘဲနဲ့၊ 
ကရုဏာထိသွားတဲ့ပုဂ္ဂိုလ်ကျ stress ဖြစ်စေတဲ့ ဦးနှောက်ရဲ့အပိုင်းက 
အလုပ်မလုပ်ဘူး၊ အဲဒါကို muted သွားလုပ်ထားတဲ့ compassion က။ 

ဒီလေ့လာမှုတွေ အရေးပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဗုဒ္ဓမြတ်စွာ
ဘုရားက Compassion ဆိုတဲ့ ကရုဏာကို နေ့စဉ်ဘဝမှာ တွေ့ကြုံရတဲ့ 
အဆင်မပြေမှုကို ကိုင်တွယ်ဖို့အတွက် ရည်ရွယ်လို့။ 

အိမ်မှာ ထမင်းဟင်းချက်တော့မယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ် 
သနားပြီးတော့ချက်ပါ။ မစားရရင် ဒီခန္ဓာကိုုယ်က ဒုက္ခရောက်နိုင်တယ်။ 
ဒီခန္ဓာကိုယ် သနားပါ။ 

ကိုယ့်မိသားစုရဲ့ ကိုယ်ခန္ဓာကျန်းမာရေး အဲဒီဒုက္ခလေးကို စဉ်းစားပြီးတော့ အဲဒီဒုက္ခဖြေရှင်းပေးဖို့အတွက် ငါ ဒီ အစာအာဟာရတွေ ချက်ပြုတ်မယ်။ 
အဲဒီလို ချက်ပြုတ်ရင် ကိုယ့်အိမ်မှာ ကိုယ့်မိသားစုကို ထမင်းချက်
ကျွေးတာတောင်မှ မဂ္ဂင်ရှစ်ပါးဖြစ်နေတယ်။ 

အတူတူ ထမင်းစားတဲ့အခါမှာ ဒကာမကြီးတွေ ဒကာကြီးရဲ့ပန်းကန်
ထဲကိုလည်း ကြည့်လိုက် အလုံအလောက်ရှိရဲ့လား မသိဘူး၊ 
သားရဲ့ပန်းကန်ထဲကိုလည်း ကြည့်လိုက်၊ မြေးရဲ့ပန်းကန်
ထဲကိုလည်း ကြည့်လိုက်။ 

ကြည့်တဲ့နေရာမှာလည်းပဲ ကောင်းကောင်းမွန်မွန် မစားဘူးဆိုရင် 
ခန္ဓာကိုယ်က အာဟာရပျက်မှာစိုးလို့ နေမကောင်းမှာစိုးလို့ 
ဆိုတဲ့စိတ်နဲ့ ကြည့်ပေးရင် အဲဒီအချိန်မှာ ကရုဏာအခြေခံတယ်။ 
အဲဒီထက် နည်းနည်းလေးချဲ့လိုက်ရင်တော့ ကိုယ့်ရဲ့ အိမ်နီးနားချင်းတွေ 
ကိုယ့်ရဲ့ရင်းနှီးတဲ့လူရော မရင်းနှီးတဲ့လူရော -

 “သြော် သူတို့လည်းပဲ ဒီအတိုင်းပဲ ဒီအစာအာဟာရ ငါတို့လိုပဲ ပုံမှန်
စားသောက်နေရတယ်၊ သူတို့လည်း မစားရရင် အာဟာရချို့တဲ့ရင် 
အာဟာရပျက်တောက်ရင် သူတို့မှာလည်းပဲ ဒီလိုပဲ
 ခန္ဓာကိုယ် ဒုက္ခရောက်တယ်။” 

ဒါကြောင့်မို့လို့ သူတို့မှာရရှိထားတဲ့ ခန္ဓာကိုယ်ရော၊ ငါ့မှာ ရရှိထားတဲ့ 
ခန္ဓာကိုယ်ရော၊ အာဟာရပေါ် မှီခိုနေတဲ့အတွက်ကြောင့်မို့လို့ ငါတို့တွေ 
ဒီဆာလောင်မှုဆိုတဲ့ ဒုက္ခ၊ အာဟာရ ချို့တဲ့မှုဆိုတဲ့ ဒုက္ခ၊ 
ဒီဒုက္ခ နည်းအောင်လုပ်ဖို့အတွက် ငါတို့လည်း 
ထမင်းဟင်းတွေ ပုံမှန်ချက်စားရတယ်။ 

ဘေးအိမ်တွေလည်း ထမင်းဟင်းတွေ ပုံမှန်ချက်စားရတယ်၊ 
အဲဒီလောက်လေး သိလိုက်ရင် “သမ္မာဒိဋ္ဌိ” ၀င်လာတယ်။ 
သမ္မာဒိဋ္ဌိလိုက်လာပြီဆိုရင် Compassion ဖြစ်ပြီဆိုရင် သမ္မာသင်္ကပ္ပဖြစ်တယ်။ 
သီလတွေလည်း လုံခြုံသွားတယ်။ 

Compassion လုပ်တဲ့ပုဂ္ဂိုလ်က ရှေ့ဦးနှောက်က လုပ်တယ်ဆိုတော့ 
ဒါ အင်စူလာက ဖြစ်တယ်ဆိုရင် အဲဒီအင်စူလာ ဖြစ်တာနဲ့ လူရဲ့ စိတ်က 
calm ဖြစ်သွားတယ်တဲ့။ တည်ငြိမ်သွားတယ်။ သမာဓိပါလာတယ်။ 

အဲဒီတော့ အကုန်လုံးကို ပြန်ပြီးတော့ အကျဉ်းချုပ်ရရင် 
နေ့စဉ်ဘဝမှာ #ဒုက္ခကိုစိတ်ဝင်းစားပါ။ စိတ်ဝင်တစားနဲ့ ဒုက္ခကို ကြည့်ပါ။ 
ဒုက္ခကို ကြည့်တဲ့နေရာမှာ ဖြစ်ပေါ်တတ်တဲ့ negative emotion တွေ 
negative reaction တွေ အဲဒီ negative reaction တွေနဲ့ တွေ့တဲ့အခါမှာ- 
 “သြော် ငါ တော့ မဂ္ဂင်ရှစ်ပါးကို apply လုပ်ဖို့ အတွက်အခွင့်ကောင်းရပြီ။”

အဲဒီလို apply လုပ်ရင်းနဲ့ ကိုယ့်ရဲ့ emotion က negative emotion ကနေ 
positive emotion ဖြစ်သွားတယ်။ ဥပမာ စိတ်တိုတဲ့ irritation 
ကနေပြီးတော့ compassion ဖြစ်သွားတယ်ဆိုရင် ဒီထဲမှာ 
မဂ္ဂင်ရှစ်ပါး အကုန်လုံးပါလာတယ်။ 

ဒါကြောင့် ဒီနေ့ တရားပွဲပြီးပြီဆိုရင် facebook တွေကြည့်ကြမယ်၊ 
message တွေကြည့်ကြမယ်၊ ကြည့်တဲ့အခါမှာ ကရုဏာနဲ့ ကြည့်ပါ။ 

ဘာ message တွေ ရောက်နေလဲ မသိဘူး၊ ငါ ဘာလုပ်ပေးရမလဲ 
မသိဘူး။ ဘယ်သူ အဆင်မပြေမှုရှိလဲ မသိဘူးဆိုတဲ့ အဲဒီလို 
ကူညီချင်တဲ့စိတ်နဲ့ ကြည့်လိုက်ရင် ကရုဏာစိတ်နဲ့ ကြည့်လိုက်ရင် 
အဲဒီ message တွေထဲမှာ စိတ်ညစ်စရာပါလာရင်လည်းပဲ 
အဲဒီစိတ်ညစ်စရာကို ကိုယ်က အများကြီးခံနိုင်တယ်။ 

You have resilience. Why? Because your brain is
 working on the right spot. မှန်ကန်တဲ့ဦးနှောက်ရဲ့အပိုင်းက 
အလုပ်လုပ်တဲ့အခါကျတော့ အဲဒီ stress ဒဏ်ကို ခံနိုင်တယ်။ 

 ★ Facebook ကြည့်မယ်ဆိုရင် ဒီတိုင်းပဲ။ Covid-19 သတင်းကြည့်မလား၊ 
ဒါမှမဟုတ် တခြားလူတွေ သတင်းကြည့်မလား၊ 
online သတင်းစာတွေ ဖတ်မလား။ 

အဲဒီလိုဖတ်တဲ့အခါမှာ ဘယ်နေရာမှာ ဘာပြဿနာတွေ ရှိနိုင်လဲမသိဘူး၊ 
ရှိနေပြီလဲ မသိဘူးဆိုပြီးတော့ ကြည့်ပြီးတော့ ပြဿနာတွေ့တာနဲ့ 
ချက်ချင်း ကရုဏာဖက်ကို စိတ်ကို orientate လုပ်လိုက် 
စိတ်ကို ဦးတည်လိုက်၊ Facebook ကြည့်ရင်းနဲ့ 
မဂ္ဂင်ရှစ်ပါး ကျင့်နေတာတဲ့။ 

ဘုန်းဘုန်းက Facebook မကြည့်နဲ့လို့ မပြောဖူးနော် twitter 
မကြည့်နဲ့လို့ မပြောဘူး။ ကိုယ့်ရဲ့စိတ်ကို compassion mode ထဲမှာ 
အရင်ထည့်လိုက်ပါ။ အဲဒီ compassion mode နဲ့ facebook ကြည့်ပါ၊
 twitter ကြည့်ပါ၊ ပြီးတော့ သတင်းတွေဖတ်ပါ။ 

 ★ အဲဒီလိုလုပ်တယ်ဆိုရင် facebook ကြည့်ရင်းနဲ့လည်းပဲ 
မဂ္ဂင်ရှစ်ပါး ဖြစ်မနေဘူးလား။ ဖြစ်နေတယ်။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...