Monday, September 14, 2020

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၆)

လူအများစုက ပျော်ရွှင်တဲ့ အရာလေးတွေးမိပြီဆိုရင် ငြိမ်းချမ်း‌ရေးက မခက်ပါဘူး ▬▬▬▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၆) 
အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

 ★ ဘုန်းဘုန်း မှန်းထားတာက section လေးခုရှိတယ်၊ ဒီမနက်ကို ဒါ mindfulness, pure mindfulness ရိုးရိုး သတိပဋ္ဌာန်နဲ့ပြီးအောင် ဘုန်းဘုန်းက ကြိုးစားပြီးတော့ ပြောနေတယ်။ နောက် video clip ရှိသေးတယ်။ 

★ နေ့ခင်းကျရင်တော့ မုဒိတာအကြောင်းတွေပဲ ပြောမယ်၊ မုဒိတာရယ်၊ နောက် မုဒိတာရဲ့ ရန်သူတွေ၊ မုဒိတာလုပ်တဲ့နေရာမှာ ဘယ်လို အခက်အခဲတွေရှိတယ်၊ ဘယ်လို လွယ်ကူမှုရှိတယ်။ နေ့ခင်းကျရင် အဲဒါ လုပ်မလို့။ 

★ ဒီမနက်ကျတော့ သတိပဋ္ဌာန် mindfulness ဘယ်လိုအရေးကြီးတယ်ဆိုတာ ပြောပြဖို့အတွက် videoclip လေးနောက်တစ်ခု ကျန်သေးတယ် ဒါလေး ကြည့်လိုက်ရအောင်။ 15 Habits of Happy People 

😄 Happiness Habits to Improve Your Life https://youtu.be/HO39Xyipusw 

★ Happiness ပျော်ရွှင်မှုနဲ့ ပတ်သတ်ပြီးတော့ mainstream က တွေးတာလေးကို သိစေချင်တာ။ ဒီဗီဒီယိုပြတဲ့ အကြောင်းရင်းကတော့။ Mainstream က တွေးတဲ့နေရာမှာ သူ focus လုပ်တဲ့ဟာတွေက အများစု EQ quality, inner quality တွေ။ 

★ ပျော်ရွှင်တဲ့ပုဂ္ဂိုလ် သူက ပိုပြီးတော့ ဖန်တီးစွမ်းအားကောင်းတယ် creativity ကောင်းတယ်။ သူပြောပြသွားတဲ့ ၁၅ချက်ထဲမှာ နံပါတ် ၁၁ အဲဒီလိုဖြစ်တယ်။ 

★ နောက်ပြီးတော့ ပျော်ရွှင်တဲ့ ပုဂ္ဂိုလ်တွေက အများအတွက်တွေးပြီးတော့ အများအတွက် ပြန်ပြီးတော့ လုပ်ပေးတယ်တဲ့၊ giving back နံပါတ် ၁၀။ 

★ အရမ်းကို ကပ်စီးနဲ့တဲ့ ပုဂ္ဂိုလ်က သူကိုယ်၌ကိုက မပျော်ရွှင်လို့။ စိတ်ထဲမှာ မလုံမခြုံဖြစ်နေလို့။ အချိန်အရလား၊ သူတို့ သိထားတဲ့ အသိဉာဏ်အရလား၊ ငွေကြေးဆိုင်ရာလား၊ social network အနေနဲ့လား အဲဒါပြန်ပြီးတော့ ပေးတယ်တဲ့ မျှဝေပေးတယ်ပေါ့။ 

★ အကောင်းမြင်ဝါဒရှိတယ် optimistic ဖြစ်တယ်၊ အဆင်မပြေမှုနဲ့ တွေ့တယ်ဆိုလည်း စိတ်ထဲမှာ အမြဲတမ်း တအုံနွေးနွေး သိမ်းမထားဘူးတဲ့။ အဲဒီဟာကို သူတို့က over come လုပ်နိုင်တယ်။ မြန်မြန်ဆန်ဆန် process လုပ်နိုင်တယ်။ 

★ တချို့လူတွေက process မလုပ်နိုင်ဘူး။ အဲဒီလို မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပြီးခဲ့တဲ့ ပထမဆုံး video နဲ့ ဒုတိယ video အရဆိုရင် သူက ဦးနှောက်အထိ ရောက်နေတော့ ဦးနှောက်က ပြောင်းလဲသွားတယ်။ ဒါပေမဲ့ အဲဒီဦးနှောက်တွေကိုလည်းပဲ ကောင်းတဲ့ဖက်ကို ပြန်ရောက်အောင် ပြောင်းလဲနိုင်တယ်။ 

★ အရင်တရားပွဲတွေတုန်းက ဟောထားတဲ့ဟာနဲ့ ပြန်ပြီးတော့ချုံးလိုက်ရင် သူပြောတဲ့ ၁၅ချက်က ဘာတုန်းဆိုတော့ ပျော်ရွှင်တဲ့ပုဂ္ဂိုလ်က အများအတွက်တွေးတဲ့ပုဂ္ဂိုလ်၊ အများအတွက်တွေးတဲ့ပုဂ္ဂိုလ်က ပျော်ရွှင်တဲပုဂ္ဂိုလ်။ အများအတွက်လည်းတွေးတယ်‌ ပျော်လည်းပျော်တယ်ဆိုရင် ဒီပုဂ္ဂိုလ်က creative ဖြစ်တယ်တဲ့။ 

 ★ ပြဿနာ တွေ့တယ်ဆိုရင် ဒါ ကိုယ် တစ်ဦးတည်းရဲ့ပြဿနာလား အများရဲ့ပြဿနာလား တိုင်းပြည်ရဲ့ပြဿနာလား အဲဒီလိုပြဿနာမျိုးကို တွေ့ကြုံတဲ့အခါမှာ ဖြေရှင်နေရာမှာ သူက creative ဖြစ်တယ်။ အဲဒါကြောင့် အောင်မြင်တယ်‌ပေါ့။ 

★ ဘုန်းဘုန်း တမြန်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေးအစည်းအ‌ဝေး သွားတက်ပြီးတော့ စိတ်ထဲမှာ ဘာဖြစ်တုန်းဆိုတော မိန့်ခွန်းတွေနားထောင်တာလေ တစ်‌ယောက်ကပြောတယ်။ ဘုန်းဘုန်းတို့ရဲ့ ပြည်တွင်းစစ်က ကမ္ဘာပေါ်မှာ အကြာဆုံး ဖြစ်သွားပြီတဲ့။ ဘုန်းဘုန်းက ‌ရှော့ခ်ဖြစ်တယ်။ 

★ နှစ်ပေါင်း ၇၀လောက်။ ဘုန်းဘုန်းက ၅၅နှစ်ပဲရှိသေးတယ်၊ တစ်သက်လုံး ပြည်တွင်းစစ်နဲ့ ကြီးလာတယ်ဆိုပါစို့။ အသက် ၇၀အောက်လူတွေ၊ တနည်းအားဖြင့် ပြောမယ်ဆိုရင် ခေါင်းဆောင်တွေရော ပြည်သူတွေရော အများစုက ဒီထဲမှာ ကြီးပြင်းလာတယ်။ 

★ ဒီပြဿနာကို ဖြေရှင်းဖို့က ဘုန်းဘုန်းတို့ creativity လိုနေတာ။ အဲဒီ creative mind က creative brain က ဘယ်ကနေလာရမှာတုန်းဆို happy brain ကနေလာရမှာ။ 

★ ဒါကြောင့်‌ တွေ့တဲ့လူတိုင်းကို စိတ်ညစ်အောင် လုပ်မယ့်အစား ဒီနေ့ တရားနာပရိတ်သတ်တို့ ကိုယ်နဲ့တွေ့တဲ့လူတိုင်းကို ကိုယ့်ကို မကြိုက်တဲ့လူတောင်မှ အဲဒီလူကို စိတ်သက်သာအောင် စိတ်ချမ်းသာအောင် ကိုယ်လုပ်နိုင်တယ်ဆိုရင် ဘုန်းဘုန်းထင်တယ် ဒါကတော့ တကယ့ ဘုရားလောင်း အဆင့်လောက်ရောက်သွားပြီ။ 

★ အဲဒီအဆင့် မ‌ရောက်နိုင်လဲပဲ အဲဒီလမ်းစဥ်နောက်ကို လိုက်တယ်ဆိုရင် ဘုန်းဘုန်းထင်တယ် ငြိမ်းချမ်းရေးကတော့ ရသွားမှာ။ ဒါကတော့ ၁၄ရက်နေ့က ပြီးခဲ့တဲ့ ၂ရက်နေ့က နေပြည်တော်မှာ မိန့်ခွန်းအတိုလည်း သွားပြောရင်းနဲ့ နောက် လူကြီးတွေပြောတာ နားထောင်ရင်းနဲ့ ဒီအတွေးလေး ပေါ်လာတယ်။ 

★ ဒါကြောင့် ဒီနေ့ ကိုဇေယျာတို့ မခိုင်တို့က ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့ ဒီ workshop လုပ်တယ်ဆိုပေမဲ့ ဒီ workshop ကို ဘုန်းဘုန်းက တနိုင်ငံလုံးကို ရည်ရွယ်ပါတယ်။ 

★ Mindful brain နဲ့ Happy brain ရှိရင် We become more creative and we can solve our problem. ကိုယ့်ရဲ့စိတ်ထဲမှာက ဘာဖြစ်နေတယ်၊ ဦးနှောက်ထဲမှာ ဘာဖြစ်နေတယ်။ ဒါ သတိပဋ္ဌာန်က သင်တဲ့ဟာပဲ၊ တကယ့် basic ဟာပဲ။ 

★ ဘုန်းဘုန်းတို့ နိုင်ငံမှာ ရိပ်သာတစ်ထောင်ကျော်တယ်။ အခု ဆက်ပြီးတော့ နည်းနည်းလေး ပြောရမှာတော့ brain အကြောင်းပြောဖို့ပဲ။ သတိပဋ္ဌာန်အကြောင်းကတော့ ပြောလာတာ ကြာပြီ၊ နှစ်ပေါင်း တစ်ထောင် နှစ်ထောင်လောက်ရှိပြီ။ ဒီနိုင်ငံအနေနဲ့။ 

★ ဦးနှောက်အကြောင်းပြောဖို့ ပြောပြီးရင် သတိပဋ္ဌာန်နဲ့ ဦးနှောက်က လုပ်နိုင်တဲ့ဟာကို ရိပ်သာမှာတင် confine လုပ်မထားဘဲနဲ့ အိမ်မှာလည်း အသုံးပြုနိုင်ဖို့ လုပ်ငန်းခွင်မှာလည်း အသုံးပြုနိုင်ဖို့ ဒါလေးတွေ များများပြောဖို့လိုအပ်တယ်။ 

★ ကုမ္ပဏီတွေမှာရော ဝန်ကြီးဌာနတွေမှာရော ဘုန်းဘုန်းက ဒီလို workshop မျိုး လက်ခံတာလေ တိုင်းမှူးတွေ ပင့်တာလည်း လက်ခံထားတယ် ဒီရက်အတွင်းမှာ။ ဒီတစ်ခုကပဲ message က ဒီတစ်ခုပဲ။ 

★ ဒို့ မြန်မာနိုင်ငံသား တွေ့တဲ့လူတိုင်းကို ပျော်ရွှင်တဲ့အရာလေးတစ်ခု ဘာပေးနိုင်တုန်း။ ★ ဒီတစ်ခုတွေးမိတယ် လူအများစုက တွေးမိပြီဆိုရင် ဘုန်ုးဘုန်းတို့ ငြိမ်းချမ်းရေးက ဒီလောက်အထိ မခက်တော့ဘူးလို့ ဘုန်းဘုန်း ယူဆတယ်။ 

★ လူတွေအများစုက unhappy ဖြစ်နေတယ်ဆိုရင် ဘုန်းဘုန်းတို့ ဥပေဒပညာရှင်တွေ နိုင်ငံရေးသိပ္ပံပညာရှင်တွေကို ဘယ်လောက်ပဲတော်‌တော် သူတို့ရဲ့အလုပ်က မလွယ်ကူးဘူး။ 

★ လွယ်ကူအောင် ဆိုရင်တော့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဦးနှောက်ပေါင်း သန်းငါးဆယ်ကျော်ကို Happy brain ဖြစ်အောင် လုပ်ရမယ်။ ဆက်လက်ဖော်ပြပါမည်။  
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ 🙏🙏🙏

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၅)

အမြဲတမ်း စိတ်ညစ်နေတဲ့လူရဲ့ ဦးနှောက်က ပျော်တတ်တဲ့လူရဲ့ ဦးနှောက်နဲ့ ကွာတယ် ▬▬▬▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၅) 
အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

 ★ ၁၀မိနစ် ဘုန်းဘုန်းတို့ ထိုင်ကြည့်မယ်။ မထိုင်ခင်မှာ နောက်တစ်ခု ကြည့်အုန်းမယ် video clip လေး အဓိပ္ပါယ်ချင်းကတာ့ အတူတူပါပဲ။ ဒါပေမဲ့ အခု ကြည့်သွားတဲ့ဟာက Yale တက္ကသိုလ်က အမေရိကားက၊ အခု နောက်ကြည့်မယ်ဟာက အင်္ဂလန်က။ 

 ★ နောက်ပြီးတော့ လိုရင်းတိုရှင်းဖြစ်အောင် illustration တွေ အများကြီးပါတယ်။ ဒါလေး ကြည့်လိုက်ရအောင် The Science Behind Mindfulness Meditation https://youtu.be/VTA0j8FfCvs 

★ အဲဒီထဲမှာပါတဲ့ NHS ဆိုတာ အင်္ဂလန်က National Health Service ကိုပြောတာ အမျိုးသားကျန်းမာရေး။ 

★ သူ အဓိကပြောတဲ့ အချက်တွေကတော့ ဘုန်းဘုန်းတို့ anxiety ဖြစ်တယ်၊ stress ဖြစ်တယ် စိုးရိမ်မှုတွေဖြစ်တယ်ဆိုရင် အဲဒီစိုးရိမ်မှု ကိုယ်သိတဲ့ စိုးရိမ်မှုက iceberg ပဲတဲ့ အထက်မှာ ကိုယ်တွေ့ရတဲ့ surface လေး ။ အများစုကို ကိုယ်မတွေ့ရဘူး။ 

★ သိစိတ် မသိစိတ်နဲ့ပြောရင် သိစိတ်က ပိုများပြီးတော့ အဲဒီ emotion တွေက မသိစိတ်ထဲမှာ နေတာ။ အဲဒီမသိစိတ်ထဲကနေ အဲဒီ emotion တွေက အသိစိတ်နဲ့ conscious behavior ဆိုတာ သိသိနဲ့လုပ်တဲ့ အပြုအမှုတဲ့။ အဲဒီ အပြုအမှုတွေကို သူက control လုပ်နေတယ်။ 

★ အတွေးပေါ်တိုင်းပေါ်တိုင်း အဲဒီ အတွေးက ခဏခဏပေါ်တယ်ဆိုရင် ဦးနှောက်ထဲမှာ neurones လေးတွေ အသစ်လေးတွေ ပေါ်လာတယ်၊ wiring ပေါ်လာတာ များတယ်ဆိုရင် အဲဒီ negative ဖြစ်တဲ့ neurones က negative ဖြစ်တဲ့ ဦးနှောက် ဆဲလ်တွေ unit တွေက ကလပ်စည်းတွေက တခြား သူနဲ့ သဘောချင်းတူတဲ့ ကလပ်စည်းတွေနဲ့ သွားပြီးတော့ ဆက်နွယ်တယ်။ အဲဒါကို wiring ခေါ်တယ်။ 

★ ပဋ္ဌာန်းမှာဆိုရင်တော့ “အကုသလော ဓမ္မော၊ အကုသလဿ ဓမ္မဿ” အကုသိုလ်ကနေ ပြီးတော့ အကုသိုလ်ကို ဖြစ်စေတယ်။ Negative ဖြစ်တဲ့ဟာက အခြား negative ဖြစ်တဲ့အရာကို ဖြစ်စေတယ်။ 

★ အဲဒါကြောင့်မို့လို့ ကိုယ့်ရဲ့ အတွေးထဲမှာ မကျေနပ်တဲ့စိတ်ဖြစ်ရင် အဲဒီ မကျေနပ်တဲ့စိတ်ကြောင့် မကျေနပ်တဲ့ emotion ကြောင့် ဦးနှောက်ထဲမှာ သူ neuro pathway ‌လေးတွေ သူ တည်ဆောက်ပေးတယ်။ မကျေနပ်တဲ့စိတ်က တော်တော်နဲ့ မပျောက်တော့ဘူး၊ ဒေါသဆိုလည်း ဒေါသ အဲဒီလိုပေါ့။ 

★ အဲဒါကြောင့် ရှေ့ပိုင်းက ပထမဆုံး video clip နဲ့ သွားပြီးတော့ ဆက်စပ်ကြည့်မယ်ဆိုရင် ပထမဆုံး video clip က ဘာပြောတုန်းဆိုတော့ နံပါတ်တစ်က attention၊ နံပါတ်နှစ်က attitude တဲ့။ 

★ Attention ဆိုတာက ဖြစ်နေတာကို သိလိုက်တာ။ ‌ဒေါသမဖြစ်နဲ့ ပြောတာမဟုတ်ဘူး၊ irritation မဖြစ်ရဘူးလို့ မပြောဘူး၊ အဆင်မပြေဘူးဆိုရင် စိတ်ထဲမှာ ခိုးလိုးခုလှဖြစ်တယ်။ Irritation တွေ ဖြစ်တယ်။ 

★ အဲဒီလို ဖြစ်တာကို သိလိုက်တယ်ဆိုရင် ဦးနှောက်ထဲမှာ ခေါင်းထဲမှာ အဲဒီ irritation ဆိုတဲ့ wire ကို သူက circuit လျှပ်စစ်ကို မသွယ်တော့ဘူး။ အဲဒါကြောင့် တရားထိုင်ရင်းနဲ့ အဲဒီဟာတွေကို မှတ်တယ်၊ စိုးရိမ်တာကို စိုးရိမ်တယ်လို့ မှတ်တယ်။ 

★ စိတ်ဖိစီးတာကို စိတ်ဖိစီးတယ်လို့ မှတ်တယ်။ မကျေနပ်တာကို ဒါ မကျေနပ်တဲ့စိတ်ပဲလို့ မှတ်လိုက်တယ်ဆိုရင်တဲ့ အဲဒီ fear center ဖြစ်တဲ့ ဦးနှောက်ရဲ့ amygdala ဦးနှောက်ရဲ့ နောက်အပိုင်းပေါ့နော် အဲဒါ တိရစ္ဆာန်တွေလည်း ရှိတယ်၊ လူတွေလည်း ရှိတယ်။ အဲဒီအပိုင်းက သေးသေးသွားတယ်တဲ့။ 

★ အဲဒါကိုပဲ နောက်ဆုံးကျတော့ ကိလေသာပယ်နိုင်တယ်၊ ‌ဒေါသပယ်နိုင်တယ်လို့ ပြောကြတယ်။ အဲဒီ သတိပဋ္ဌာန်ကို အခြေခံပြီးတော့ ကရုဏာပွားနိုင်တယ်ဆိုရင် ရှေ့ကဦးနှောက် လူသားတွေရဲ့ ဦးနှောက်ပဲ ရှေ့ပိုင်းမှာရှိတဲ့ ဦးနှောက်၊ တိရစ္ဆာန်တွေမှာ မရှိဘူး၊ အဲဒီ ဦးနှောက်က ပိုပိုပြီးတော့ ကြီးလာတယ်တဲ့။ 

★ အဲဒါကြောင့် အမြဲတမ်း စိတ်ညစ်နေတဲ့လူရဲ့ ဦးနှောက်က ပျော်တတ်တဲ့လူရဲ့ ဦးနှောက်နဲ့ ကွာတယ်။ 

★ ပြဿနာရှိလာပြီဆိုရင် ပြဿနာကို မြန်မြန်ဆန်ဆန် သူ့ရဲ့စိတ်ထဲမှာ process လုပ်နိုင်တဲ့လူနဲ့ သူ့ရဲ့ emotion ကို ကိုင်တွယ်နိုင်တဲ့လူနဲ့ တော်တော်နဲ့ မကိုင်တွယ်နိုင်ပဲနဲ့ တပစ်တောက်တောက် ဖြစ်နေတဲ့ပုဂ္ဂိုလ် ဒီပုဂ္ဂိုလ်နှစ်ဦးကလည်းပဲ သူတို့ရဲ့ ဦးနှောက်ကကွာတယ်။ 

★ ဒေါက်တာဒမ်အဲမင်း ဆိုတာလေ Neurologist လည်း psychiatrist လည်း ဟုတ်တယ် အဲဒီ ပါမောက္ခကြီးက ဆရာကြီးက။ YouTube ပေါ်မှာ သူ့ရဲ့ lecture တွေ အများကြီးရှိတယ်။ သူကတော့ ဦးနှောက်ပေါင်း ၈၃၀၀ ကို သုတေသနလုပ်ထားတာ။ 

★ ကလေးလေးတစ်ယောက်က ကစားကွင်းထဲမှာ ယောက်ျားလေးတစ်ယောက်၊ နောက်ထပ် ကလေးမလေးတစ်ယောက်ကို အကြောင်းမရှိဘဲနဲ့ သွားရိုက်တယ်။ အသက်တွေက ၇နှစ် ၈နှစ်လောက်ပဲ ရှိတယ်၊ အဲဒီလို သွားရိုက်တာ။ 

★ ဒီအတိုင်းကြည့်ရင်တော့ ဒီကလေးလေးက တကယ့်မာနတ်ပဲ၊ သူ့ရဲ့စိတ်ထဲမှာ သိပ္ပံပညာနားမလည်သေးတဲ့ လူအနေနဲ့။ သူ့ဦးနှောက်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ဒီဆရာကြီးက စမ်းသပ်ခွင့်ရတဲ့အခါကျတော့ သူ့ဦးနှောက်ကို ဓါတ်ပုံရိုက်လိုက်တယ် fMRI နဲ့ ရိုက်လိုက်တယ်။ 

★ ရိုက်လိုက်တဲ့အခါကျတော့ သူ့ ဦးနှောက်ကို အနှောင့်ယှက်ပေးနေတဲ့ ရေအိတ်လိုဟာမျိုး တစ်ခုရှိတယ် အဲဒီဟာကို ထုတ်လည်းထုတ်လိုက်ရော လုံးဝကောင်းသွားတယ်။ ဒီကလေး လုံးဝကောင်းသွားတယ်။ 

★ အဲဒီလို မဟုတ်ဘူးရင် ဒီကလေးက ကြီးလာရင် လူသတ်သမားလည်း ဖြစ်နိုင်တယ်၊ လူအများကြီးကို ဒီအတိုင်းကြည့်ပြီးတော့ သူ့စိတ်ထဲမှာ ဒေါသတွေ မကျေနပ်စိတ်တွေ ဖြစ်ပြီးတော့ ‌ဗုန်းလည်း ဖောက်ချင်လည်း ဖောက်နိုင်တယ်။ 

★ ဆိုလိုတာက message တွေက Buddha ပြောထားတဲ့ message အတိုင်းပဲ။ #ကိုယ့်ရဲ့ဦးနှောက်နဲ့ ကိုယ့်ရဲ့စိတ်ကို အကောင်းဖက်မှာ exercise လုပ်လိုက်ရင် ပျော်ရွှင်မှုရလာနိုင်တယ်၊ လောကကြီးကို အကျိုးပြုတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်နိုင်တယ်။ နိုင်ငံကို အကျိုးပြုတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်လာနိုင်တယ်။ 

★ ဖန်ဆင်းရှင်က ‌ရော့ ဟဲ့ ဆိုပြီးတော့ အတိအကျ fix လုပ်ပြီး ဖန်ဆင်းပေးတာမျိုး မဟုတ်ဘူး ဗုဒ္ဓဘာသာယုံကြည်တာက။ အစစအရာရာ ဘုန်းဘုန်းတို့ရဲ့ ကံကြမ္မာက ကိုယ့်ရဲ့လက်ထဲမှာ ရှိတာ။ အဲဒါကြောင့် ဘာဝနာဆိုတာက စိတ်ကို Gym လုပ်တာပဲ။ 

★ Gym သွားပြီးတော့ ဆော့သလို လေ့ကျင့်ခန်း ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ အားကောင်းအောင် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်သလို Gym ကိုသွားပြီးတော့။ 

★ ဒီလို တရားထိုင်တယ်ဆိုရင်လည်းပဲ သူတို့ပြောတာ ၁၀မိနစ်လောက် တရားထိုင်ရင်တောင်မှ အဲဒီလို emotion workout လုပ်တာတောင်မှ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှု လုပ်တာတောင်မှ ကြာလာရင် စိတ်က အားကောင်းလာပြီးတော့ တော်ရုံတန်ရုံ negative emotion ဆိုတဲ့ ရောဂါတွေ သိပ်ပြီးတော့ မကပ်တော့ဘူးတဲ့ သူတို့ပြောတာ။ 
ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ 🙏🙏🙏

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်- အပိုင်း(၄)

ကိုယ့်ပျော်ရွှင်မှု မပျော်ရွှင်မှုက တခြားလူတွေကို အကျိုးသက်ရောက်မှုရှိတယ် ▬▬▬▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၄) 
အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

★ တရားထိုင်တဲ့ပုဂ္ဂိုလ် mindfulness ဆိုတဲ့သတိတရားရှိတဲ့ ပုဂ္ဂိုလ်က ဦးနှောက်ဘယ် လိုကောင်းတယ်၊ သတိမရှိတဲ့ ပုဂ္ဂိုလ်က အမှိုက်လို့ခေါ်တဲ့ negative emotions တွေကို ဘယ်လိုစုစည်းထားပြီးတော့ personality ပါ ပြောင်းသွားတယ်ဆိုတာ အဲဒါလေး ကြည့်ရ‌အောင်။ The science behind mindfulness as a tool for happiness | Hedy Kober https://youtu.be/jOIE5xFuWL4 

★ ဒါ Yale တက္ကသိုလ်က ဆရာမကြီးပါ၊ world economic forum မှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေးပညာရှင်တွေကို သတိပဋ္ဌာန် mindfulness အကြောင်း သွားတင်ပြနေတာ။ ဒါက short version ပါ။ 

★ သူပြောတဲ့ဟာ အဓိကတော့ တစ်ခုက mindfulness ၊ နောက်တစ်ခုက attitude ၊ Mindfulness ဆိုတာ သတိရှိတာ သမာဓိရှိတာ၊ သတိ သမာဓိ အတိုင်းအတာတစ်ခုထိ ရှိတယ်။ 

★ Mind wandering ဖြစ်တဲ့ပုဂ္ဂိုလ်ကတဲ့ စိတ်အမြဲတမ်းလွှင့်နေတဲ့လူက မပျော်ရွှင်တဲ့လူတွေ။ သူတို့က brain image ကို fMRI ရိုက်ပြီးတော့ ဒီဟာတွေကိုပြောတာ။ မြတ်စွာဘုရား အဘိဓမ္မာကပြောတာ သုတ္တံကပြောတာ အဲဒီ ပိဋကတ်သုံးပုံထဲမှာ နှစ်ပေါင်း ၂၆၀၀ ရှိခဲ့ပြီပေါ့။ 

★ သမာဓိမရှိတဲ့လူက စိတ်ပျံ့လွှင့်တဲ့လူက မပျော်ရွှင်ဘူး။ အဲဒါကြောင့် သမာဓိကို ကုသိုလ်ထဲမှာ ထည့်ထားတယ်။ အခုလည်းပဲ စိတ်က အလွယ်တကူလွှင့်တယ်ဆိုရင် မပျော်ရွှင်မှုရဲ့ အခြေခံပဲ။ စိတ်တည်ငြိမ်တယ် ဒါမှမဟုတ် စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ကိုယ်ကသိတယ်ဆိုရင် ပျော်ရွှင်မှုရဲ့ အခြေခံပဲ။ 

★ Happiness ကို သူတို့က ဒီလို ဒီနေ့မှာ approach ချဥ်းကပ်ပါတယ်။ လိုတာမှန်သမျှ အကုန်ရရင် ပျော်ရွှင်တယ် ပုံစံမျိုးထက် ကိုယ့်ရဲ့စိတ်ထဲမှာ ကိုယ့်ရဲ့ ဦးနှောက်ထဲမှာ ဒီ happiness အခြေခံတွေရှိတယ်။ ပိုပြီးတော့လည်း သူက သြဂဲနစ်ဖြစ်တယ် ဒီဟာတွေ။ 

★ အပြင်အ‌‌ကြောင်းအရာတွေ condition တွေကိုလည်း သူက မမှီခိုဘူး။ အပြင်က အကြောင်းအရာတွေက ကိုယ့်ကိုလာပြီး ကိုယ့်ရဲ့ပျော်ရွှင်မှု မပျော်ရွှင်မှုကို လာပြီးတော့ မဆုံးဖြတ်ပေးနိုင်တော့ဘူး၊ ကိုယ်ကိုယ်တိုင်က ဆုံးဖြတ်နိုင်တာ။ 

★ အဲဒီလို ဆုံးဖြတ်နိုင်အောင်ဆိုရင် ဘာလုပ်ရမှာတုန်းဆိုရင် ကိုယ့်စိတ်ကို ကိုယ် train လုပ်ရမယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ ဦးနှောက်ကို train လုပ်ရမယ်။ 

★ ဒီလိုတရားထိုင်တာ အများကြီးထိုင်တာ မဟုတ်သေးဘူး၊ သုံးရက်ပဲ ထိုင်တယ် သူပြောတဲ့ဟာ။ သုံးရက်ထိုင်တာတောင်မှ ဦးနှောက် အပြောင်းအလဲရှိတယ်။ 

★ World economic forum ဆိုတာ ဒါ လုပ်ငန်းရှင်နဲ့ လုပ်ငန်းရှင်အကြီးကြီးလည်းဖြစ် academic လည်းဖြစ်တယ်၊ အဲဒီပုဂ္ဂိုလ်တွေက စိတ်ညစ်ပြီးတော့ မပျော်ရွှင်ဘူးဆိုရင် သူတို့ချတဲ့ decision တွေ ဆုံးဖြတ်ချက်တွေ သူများအပေါ်မှာ အများကြီး impact ရှိတယ်။ 

★ အမှန်ကတော့ လူတိုင်းလူတိုင်း ဘုန်းဘုန်းတို့ ကိုယ့်အဆင့် အဆင့်မရွေးပေါ့နော် ကိုယ့်ပျော်ရွှင်မှု မပျော်ရွှင်မှုက အခြားလူတွေကို ထိခိုက်ပါတယ်။ အခြားလူအပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်။ 

★ တခြားလူတွေရဲ့ ပျော်ရွှင်မှု မပျော်ရွှင်မှုကလည်းပဲ ကိုယ့်အပေါ်အကျိုးသက်ရောက်မှုရှိတယ်။ ဒါကြောင့် တခြားလူ မပျော်ရွှင်ဘူးဆိုရင် သူ့ဟာသူ ဘာဖြစ်ဖြစ်ဆိုပြီး ဒီလိုမထားနဲ့။ အဲဒီလို ထားတယ်ဆိုရင် သူ့မပျော်ရွှင်မှုက ကိုယ့်ဆီရောက်လာတယ်။ 

★ စိတ်ညစ်ပြီးတော့ ဆဲဆိုနေတဲ့လူတွေ ရှေ့မှာ ကိုယ်ဘယ်လိုမှ မပျော်နိုင်ပါဘူး။ ပျော်ရွှင်တဲ့လူရဲ့ ရှေ့ကိုရောက်သွားရင် သူ့ ပျော်ရွှင်မှုက contingent ဖြစ်တယ်ဆိုတာ သူက ကူးစပ်တယ်၊ ကိုယ့်ကို ကူးစပ်တာ။ 

★ ကိုယ့်ရဲ့ emotion ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ သတိရှိတဲ့ပုဂ္ဂိုလ်က သူ့ရဲ့ဦးနှောက် အကောင်းဖက်ကို ပြောင်းသွားရုံတင်မကဘူးတဲ့ သူ့ရဲ့ခန္ဓာကိုယ် immune system ကလည်း ပိုပြီး resilience ဖြစ်တယ်တဲ့ ပိုပြီး အားကောင်းတယ်။ ကိုယ်ခံအား ပိုကောင်းတယ်ပေါ့။ 

 ★ ဘယ်လောက်ထိ ပြောသွားတုန်းဆိုရင် ၁၀မိနစ် တရားထိုင်တာတောင်မှ ဦးနှောက်ထဲမှာ တစ်ခဏတာ အပြောင်းအလဲလေးရှိတယ်တဲ့။ ၁၀မိနစ် ဘုန်းဘုန်းတို့ ထိုင်ကြည့်မယ်။ ဆက်လက်ဖော်ပြပါမည်။  
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ 
ဒေါက်တာအရှင်ဓမ္မသာမိ 🙏🙏🙏

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၃)

ကိုယ့်ကိုယ်ကိုယ်သိတဲ့ self-awareness မရှိဘူးဆိုရင် ဦးနှောက်ထဲမှာ အမှိုက်တွေအများကြီးထည့်မိတယ် 
▬▬▬▬▬▬▬▬▬▬▬▬▬ 
ပထမပိုင်း - အပိုင်း(၃) အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

★ အခုချိန်မှာ သိပ္ပံပညာရှင်တွေက genes အနေနဲ့ရော ဦးနှောက်အနေနဲ့ရော emotion အနေနဲ့ရော တွဲပြီးတော့ လေ့လာတဲ့အခါကျတော့ ပိုတောင်လွယ်လာတယ်။ ဦးနှောက်အနေနဲ့ ဆိုရင်လည်းပဲ သူက အရမ်းကြီး မခက်ခဲဘူး။

 ★ ဒါကြောင့် ဒီနေ့ အဓိကလိုအပ်တဲ့ အချက်နှစ်ချက်ပေါ့နော်။ ပထမတစ်ချက်ကတော့ ကိုယ့်ရဲ့ စိတ်ထဲမှာ ဘာ emotion ဖြစ်နေတာတုန်း၊ ဘာအတွေးဖြစ်နေတာတုန်း။ အဲဒီဟာတွေကို သိဖို့အတွက်၊ self-awareness ရှိဖို့အတွက်။ 

★ အဲဒီ self-awareness မရှိဘူးဆိုရင် ဦးနှောက်က သူသွားချင်ရာ သွားတာပဲတဲ့။ ဦးနှောက်ထဲမှာ အမှိုက်တွေအများကြီး ထည့်မိတယ်၊ ဦးနှောက်တွေပျက်တယ်ဆိုတာက emotion ကြောင့် သူက ပျက်သွားတာ။ 

 ★ Negative ဖြစ်တဲ့ emotion တွေကို မကျေနိုင်မချမ်းနိုင် လူတစ်ယောက်ကိုလေ၊ လူတစ်ယောက်အကြောင်း တွေးပြီဆိုရင် မကျေချမ်းနိုင်ဘူး။ လူအုပ်စု တစ်အုပ်စုအကြောင်းတွေးတယ်ဆိုရင် မကျေနပ်နိုင်ဘူး။ 

🔺မကျေနပ်တဲ့စိတ် ဖြစ်တိုင်းဖြစ်တိုင်း ကိုယ်မှာ ဘာ emotion ဖြစ်တာတုန်း။ Negative emotion ပဲဖြစ်တယ်။ 

★ အဲဒါကြောင့် တစ်နေ့တစ်နေ့မှာ ဘုန်းဘုန်းတို့က ရာခိုင်နှုန်း ၈၀ ကျော်ကျော် negative emotion တွေပဲဖြစ်တယ်တဲ့။ နောက်ပြီးတော့ ဖြစ်တဲ့ emotion တွေကလည်း မနေ့က emotion တွေ များပါတယ်တဲ့။ အတွေးတွေလည်းပဲ မနေ့က အတွေးတွေပဲ များပါတယ်။ 

★ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ လေ့လာဖို့ရော သူတစ်ပါးကို လေ့လာဖို့အတွက်ရော သူက အရမ်းကြီး မခက်ခဲဘူး။ ကြည့်တတ်ရုံပဲ။ အဲဒီလို ကြည့်တဲ့ဟာကို ဗုဒ္ဓတရားတော်က အများကြီးသင်ပေးတယ်။ တရားထိုင်တယ်ဆိုတာ ကိုယ့်စိတ်ကိုပြန်ပြီးတော့ကြည့်တာ။ 

★ စိတ်ကိုပြန်ပြီးတော့ ကြည့်တာ။ စိတ်က ဘယ်ဒုက္ခကို သွားပြီးတော့ စွဲနေတုန်း။ Negativity bias ဆိုတာ ရှိတယ် အဲဒါ ဘယ်လိုသွားပြီးတော့ စွဲနေတုန်း။ Experience တွေ အများကြီးရှိတယ်။ အကောင်းတွေရှိတယ် အဆိုးတွေရှိတယ်။ 

 ★ အဆိုးကိုမှ သွားပြီးတော့ ဦးစားပေးပြီး တွေးနေတုန်းဆိုတာ အဲဒါမျိုးတွေ အလွယ်တကူ အခု ဘုန်းဘုန်းတို့ခေတ်မှာပေါ့နော် အလွယ်တကူ ကြည့်ရှု့နိုင်တယ်။ အဲဒါကြောင့် emotion ကတဲ့ သူပြောတဲ့ဟာ ဒီစာအုပ်ထဲမှာ ပြောတဲ့ဟာ - 

Not surprisingly, research in recent decades has offered extensive evidence for the involvement of emotions in almost every aspect of our cognitive performance and behavior, and has highlighted the multiple implication of emotions for social functioning, happiness and health. 

★ အဲဒါကြောင့်မို့လို့ ခုနတုန်းက ဘုန်းဘုန်းပြောတဲ့ နှစ်သုံးဆယ် decades အတွင်းမှာ သုတေသနအများကြီးက ဘာကို highlight ပြတုန်းဆိုတော့ ဘုန်းဘုန်းတို့ အတွေးတွေ ဆုံးဖြတ်ချက်တွေ နားလည်မှုတွေ၊ ဒါမှမဟုတ် နားမလည်မှုတွေ နောက် နားလည်မှုကနေ ဖြစ်ပေါ်လာတဲ့ အပြုအမူတွေ behavior တွေ အဲဒီ behavior တွေ အားလုံးအားလုံး emotion က နေရာတိုင်းမှာ ပါတယ်တဲ့။ 

★ အဲဒီ ပါတဲ့နေရာမှာ ပထမက သူရဲ့ ဧရိယာကိုခွဲတယ်လို့ပြောရင် နံပါတ်တစ်က social functioning လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့နေရာမှာ အိမ်မှာဆက်ဆံတာလည်း ဒါ အချင်းချင်းဆက်ဆံတာ ဒါ social functioning ပဲ။ 

★ မနက် မိသားစုထိုင်ပြီးတော့ အတူတူ ထမင်းစားတယ် ဒါ social function တစ်ခုပဲ။ ဒါ social unit တစ်ခု၊ အလုပ်သွားတယ်ဆိုရင် ပိုပြီးတော့ ကြီးလာပြီ၊ အဲဒါလည်း socail function တစ်ခုပဲ။ 

★ အချင်းချင်းဆက်ဆံတဲ့နေရာမှာ ကိုယ်ပျော်ရွှင်တဲ့စိတ်နဲ့ စကားပြောနိုင်လား ဆက်ဆံနိုင်လား၊ ဒါမှ မဟုတ် pressure တွေ အရမ်းများပြီးတော့ ဖြစ်‌နေလား ဒါ social functioning တွေ။ 

★ လုပ်ငန်းခွင်မှာ အုပ်စုလေးတွေ ဖွဲ့တတ်တာ၊ အုပ်စုတစ်အုပ်စုနဲ့ တစ်အုပ်စု ပြိုင်ဆိုင်ကြတာ၊ ဒါတွေက social functioning လေးတွေ အဲဒီမှာ ပါသွားတယ်။ 

★ နောက်တစ်ခုက happiness, နောက်ဆုံးကတော့ health ကိုယ့်ရဲ့ ကျန်းမာရေး။ အဲဒီအပေါ်မှာ emotion က အများကြီးပါပါတယ်တဲ့။ ဒီဟာကို မြင်အောင် ဘုန်းဘုန်းတို့ video clip လေး ပထမဆုံးတစ်ခု ကြည့်ရအောင်။ 

★ တရားထိုင်တဲ့ပုဂ္ဂိုလ် mindfulness ဆိုတဲ့သတိတရားရှိတဲ့ ပုဂ္ဂိုလ်က ဦးနှောက်ဘယ်လို ကောင်းတယ်၊ သတိမရှိတဲ့ ပုဂ္ဂိုလ်က အမှိုက်လို့ခေါ်တဲ့ negative emotions တွေကို ဘယ်လိုစုစည်းထားပြီးတော့ personality ပါ ပြောင်းသွားတယ်ဆိုတာ အဲဒါလေး ကြည့်ရအောင်။ 
The science behind mindfulness as a tool for happiness | Hedy Kober https://youtu.be/jOIE5xFuWL4 ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ  
ဒေါက်တာအရှင်ဓမ္မသာမိ

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၂)

စိတ်ခံစားမှုက ကမ္ဘာကြီးကို ကိုယ်က ဘယ်လိုဆက်ဆံနေတယ်ဆိုတာ 
ဖော်ပြနေတယ် ▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၂) 

★ ဒါ ဒီနှစ် နောက်ဆုံးထုတ်တဲ့ စာအုပ်ပါ၊ Genes, Brain, and Emotions - Interdisciplinary study ကိုပြောပါတယ်။ သတိပဋ္ဌာန် အနောက်နိုင်ငံကို ရောက်သွားပြီးတဲ့နောက်ပိုင်းမှာ သူဖြစ်ပေါ်လာတဲ့ဟာတွေ။ 

★ Emotion ဆိုရင် ဒါ Psychology, Brain ဆိုရင် Neurology, Genes ဆိုရင် Biology ၊ ဒီထဲမှာ ရိုးရိုး biology ရော system biology တွေရော ရောနေတာပေ့ါ၊ ဒီထဲမှာ အကုန်ပါတယ်။ 

★ Chapter 1 မှာ introduction လေး ပထမဦးဆုံး စာကြောင်းက အရမ်းကိုထိမိပါတယ်။ Emotions reflect our relation with the world. 

★ ဘုန်းဘုန်းတို့ရဲ့စိတ်ခံစားမှု ဘုန်းဘုန်းတို့ရဲ့ emotion က ကိုယ်က ကမ္ဘာကြီးနဲ့ဘယ်လို ဆက်စပ်နေတယ်၊ ကမ္ဘာကြီးကို ဘယ်လိုဆက်ဆံတယ်ဆိုတာ အဲဒီဟာ ဖော်ပြနေတယ်။ ★ မနက်ကတည်းက စပြီးတော့ မနက် မျက်စိပွင့်တာနဲ့ တစ်နေကုန်တစ်နေခမ်း ဆဲတဲ့လူလည်း ရှိတယ်။ အိမ်မှာ ဆဲရတာ မကျေနပ်လို့ အားမရလို့ facebook ပေါ်တက်ဆဲတဲ့လူလည်း ရှိတယ်၊ twitter ပေါ် တက်ဆဲတဲ့လူလည်း ရှိတယ်။ 

★ ကားမောင်းသွားရင်းနဲ့ မကျေနပ်လို့ တခါတည်း မှန်တံခါးလေးချပြီးတော့ ဘေးကလူကို ဆဲလိုက်တာလည်း ရှိတယ်။ တခါတခါ ဘုန်းဘုန်းနဲ့ တရားထိုင်ပြီးတော့ ဘုန်းဘုန်းကို လိုက်ပို့တဲ့ဒကာ လမ်းမှာ အဲဒီလို ဒေါသတွေဘာတွေဖြစ်ပြီးတော့ ဆဲမိတယ်။ 

★ “သတိထား သတိထား” သတိပေးရတယ်။ လန်ဒန်မှာ ပြောပါတယ်။ ဆရာဝန်တွေ stress အရမ်းများတဲ့အခါကျတော့ အလုပ်မှာ အရမ်း stress များတယ်။ အလုပ်လုပ်တဲ့နေရာမှာ အလုပ်ပြီးအောင်ပဲ အဲဒါပဲ သတိထားတဲ့အခါကျတော့ အလုပ်ထဲမှာ စိတ်က မရှိဘူး။ အပြည့်အဝ မရှိဘူး။ 

★ နှလုံးသားက အလုပ်ထဲမှာ အပြည့်အဝမရှိဘူး။ ဒါ ကိုယ်ကြိုက်တဲ့အလုပ်ကို ရွေးပြီး တော့ လုပ်တာတောင်မှ ဒီလိုဖြစ်နေသေးတာ ဒါ stress ရဲ့ ဒဏ်ကြောင့်ပဲ။ စိတ်ဖိစီးမှု များလာပြီဆိုရင် အရမ်းကို ချစ်တယ်ဆိုတဲ့ လူတွေနဲ့လည်း စကားများတာပဲ။ မချစ်တဲ့လူနဲ့ဆိုရင်တော့ ပြောမနေနဲ့တော့။ အဲဒီလိုတွေ ဖြစ်နေတာ။ 

★ ဒါကြောင့် - Emotions reflect our relation with the world and play an essential role in our ability to adapt to environmental challenges. 

★ ပတ်ဝန်းကျင်ပြောင်းလဲတဲ့နေရာမှာ ကိုယ်က adapt လုပ်ရတယ်။ လိုက်ပြီးတော့ ပြောင်းလဲရတယ်။ မပြောင်းလဲဘူးဆိုရင် ဘုန်းဘုန်းတို့က survive မဖြစ်ဘူး။ မယှဥ်နိုင်ဘူး။ 

★ ရာသီဥတု ပြောင်းလဲလို့လား လူမူအခြေအနေ ပြောင်းလဲလို့လား။ စီးပွားရေး အခြေအနေ ပြောင်းလဲလို့လား။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလို့လား။ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲလို့ အခု ဘုန်းဘုန်းတို့ air condition အခန်းထဲမှာ နေတာလေ၊ ရာသီဥတုပူလို့။ ဒါ ပြောင်းလဲလာတာ။ 

★ အဲဒီ environmental changes က social environment နဲ့ ပြောရင် စကားပြောနေရင်းနဲ့ အစည်းအဝေးတက်နေရင်းနဲ့ လူတစ်ယောက်က သူ့ emotion ကို သူ control မလုပ်နိုင်လို့ စကားပြောတာ diplomatic လည်း မဖြစ်တော့ဘူး သိပ်လည်း မယဥ်ကျေးတော့ဘူး။ 

★ သူများပြောတာ သိပ်နားမထောင်ချင်တော့ဘူး။ သူလိုချင်တဲ့ဟာကိုပဲ သူက အရမ်းကို pushing ဖြစ်နေတယ် အရမ်းကိုတွန်းနေတယ်ဆိုရင် environment က ပြောင်းသွားပြီ။ အဲဒီလူတစ်ယောက်ကြောင့် environment က ပြောင်းသွားပြီ။ 

★ အဲဒီ ပြောင်းတဲ့ဟာကို ကိုယ်က သူ့ကိုလည်း ကူညီရာရောက်အောင် တစ်သင်း အဖွဲ့တစ်ဖွဲ့လုံးကို ကူညီရာရောက်‌အောင် ကိုယ်ဘယ်လိုလုပ်နိုင်တုန်း။ ဒါက EQ ပေါ်မှာ မူတည်တယ်။ Emotional Quotient ပေါ်မှာ မူတည်တယ်။ 

★ အဲဒီအချိန်မှာ ကိုယ်က သူ့ကို response လုပ်လိုက်တယ်။ ကိုယ့်ရဲ့ reaction သူ့ကို တုံ့ပြန်တဲ့ကိုယ်ရဲ့ reaction အဲဒီအချိန်မှာ အဲဒီလိုလုပ်တာ ကိုယ်က ဒေါသဖြစ်လိုက်လား။ ဒေါသဖြစ်တာကို ကိုယ်က သိလိုက်လား။ 

★ ကိုယ်က‌ ကြောက်စိတ်ဝင်တာ ကြောက်စိတ်ဝင်တာကို သိလိုက်လား။ စိုးရိမ်စိတ်ဝင်လာတယ်၊ အဲဒီ စိုးရိမ်တာကို သိလိုက်လား။ သိတယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်က Happy ဖြစ်ဖို့အတွက် အခြေခံရှိပြီတဲ့၊ ဒါ EQ ကောင်းလို့။ 

★ အဲဒီလို မဟုတ်ဘဲနဲ့ လူတစ်ယောက်က ထပြီးတော့ ဇွတ်အတင်းပြောတဲ့ဟာကို ကိုယ်က စိတ်ထဲမှာ ရင်ထဲမှာ မကျေမနပ်ဖြစ်လာပြီးတော့ ခန္ဓာကိုယ်ရော စိတ်ရော တင်းမာလာတယ်ဆိုရင် လောင်နေတဲ့မီးကို ကိုယ်က လောင်စာထပ်ထည့်လိုက်တာ။ 

★ အဲဒါကြောင့် ပထမဆုံး self-awareness ကိုယ့်ဟာကိုယ်သိရမယ်တဲ့။ ကိုယ့် emotion ကို ကိုယ် သိရမယ်။ အဲဒီအချိန်မှာ ဒီနေ့ပြမယ့် video clip လေးတွေ ရွေးထားတယ်။ အဲဒီ videoclip ထဲမှာ ဦးနှောက်က ဘယ်လိုပြောင်းသွားတယ်ဆိုတာ အဲဒါတွေပါ ပါတယ်။ 

★ ဘုန်းဘုန်းတို့ရဲ့ စိတ်အကြောင်း လူအကြောင်း သိဖို့က အရမ်းကြီး မခက်ပါဘူး။ စိတ်အကြောင်းဆိုရင်လ အဘိဓမ္မာ လေ့လာတဲ့ပုဂ္ဂိုလ်ဆိုရင် စိတ်အပိုင်းဆိုရင် နည်းနည်းလေးပဲ။ 

 ★ မြတ်စွာဘုရားလက်ထက်က စပြီးတော့ ရဟန္တာတွေရော နောက်ပြီးတော့ အဘိဓမ္မာ ပညာရှင်တွေရော လေ့လာနေတာ သူက အရမ်းကို လွယ်ကူအောင် လုပ်ထားပြီးပြီ။ ခက်ခဲတာကို လွယ်ကူအောင် လုပ်ထားပြီးပြီ။ 

★ အခုချိန်မှာ သိပ္ပံပညာရှင်တွေက genes အနေနဲ့ရော ဦးနှောက်အနေနဲ့ရော emotion အနေနဲ့ရော တွဲပြီးတော့ လေ့လာတဲ့အခါကျတော့ ပိုတောင်လွယ်လာတယ်။ ဦးနှောက် အနေနဲ့ ဆိုရင်လည်းပဲ သူက အရမ်းကြီး မခက်ခဲဘူး။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ်,ဆန်းတဲ့ဦးနှောက်-အပိုင်း(၁)

Mindful Brain, Happy brain at work and at Home
 ▬▬▬▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၁) 
 ★ Mindful Brain, Happy brain at work and at Home - ပျော်ရွှင်မှုအကြောင်းပါပဲ Happiness အကြောင်းပါပဲ ဒီနေ့ပြောမှာ။ 

★ လုပ်ငန်းခွင်မှာရယ် နောက်ပြီးတော့ အိမ်မှာရယ် ပျော်ရွှင်နိုင်တဲ့အကြောင်းကို ဗုဒ္ဓတရား တော်ရဲ့  ကျင့်စဥ်ထဲကနေပြီးတော့ သတိပဋ္ဌာန်အခြေခံတဲ့ မုဒိတာဘာဝနာ အဲဒီ မုဒိတာကျင့်စဥ် ရယ်၊ မုဒိတာ ကျင့်စဥ်ကို အလုပ်မှာရော အိမ်မှာရော ကျင့်ကြံနိုင်အောင် ဒီနေ့ ဒါလေး ဦးစားပေးပြီးတော့ ရှင်းပြသွားမှာ ဖြစ်ပါတယ်။ 

★ မြန်မာလိုကတော့ အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် တဲ့။ #လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် ဘုန်းဘုန်း ဘာသာပြန်ထားတဲ့ ခေါင်းစည်းက သိပ်ပြဿနာမရှိဘူး။ ★ Mindful Brain, Happy brain at work and at Home အဲဒါကို အဘိဓမ္မာရှုထောင့်ကနေ ကြည့်တော့ နည်းနည်းပြဿနာရှိတယ်။ 

★ Mindful Brain က ရုပ်တရားဖြစ်နေတယ်၊ Mindful ဆိုတာက စေတသိက်ဆိုတော့ နာမ်တရားဖြစ်နေတယ်။ ဒါကတော့ စာနဲ့ပေနဲ့ ‌ပြောချင်တဲ့လူ တွေးချင်တဲ့လူအနေနဲ့ ပြောပါတယ်။ 

★ အဲဒီတော့ Brain က mindful ဖြစ်နိုင်လား။ ဒါလေး မေးနိုင်စရာရှိတာပေ့ါ။ ရုပ်တရားက mindful ဖြစ်နိုင်လား၊ နာမ်တရားပဲ mindful ဖြစ်နိုင်တယ်မို့လား၊ ဒါတွေကတော့ ခဏထားအုန်း။ 

★ ဘုန်းဘုန်းက ဒီဟာကို တမင်သက်သက် ရွေးထားပါတယ် ဒီခေါင်းစည်း။ အထူးသဖြင့် ရုပ်နဲ့နာမ် ခန္ဓာကိုယ်နဲ့ စိတ်နဲ့ interdepedence အချင်းချင်း အပြန်အလှန်အများကြီး မှီခိုတယ်ဆိုတာ ဒါလေးပြောချင်တာ။ အခု ပြောမိသလောက်ကတော့ သူက စာသံပေသံ နည်းနည်းဆန်တယ်။ 

★ ဘုန်းဘုန်း ရည်ရွယ်ချက်က ဒီလို မဟုတ်ပါဘူး။ စာသံပေသံ နည်းနိုင်သမျှ နည်းအောင် နေ့စဥ်ဘဝမှာရော အိမ်မှာရော Happiness ကို ပျော်ရွှင်မှုကို ဘယ်လို ရရှိနိုင်တယ်ဆိုတဲ့ ဟာလေးကို စာသံပေသံ မပါဘဲနဲ့ လူတိုင်း အချိန်တိုင်းမှာ အလုပ်များတဲ့အချိန်မှာတောင်မှ ပျော်ရွှင်နိုင်အောင် ဒီနေ့ workshop က ဒါလေး ရည်ရွယ်ပါတယ်။ 

★ စိတ္တဗေဒ psychology ရှုထောင့်ကနေ ကြည့်ရင်တော့ ဒီနေ့ ဘုန်းဘုန်းက emotion management, emotion training ပေးနေတာပါပဲ။ 

★ Emotion လို့ပြောတဲ့နေရာမှာ အခုခေတ်မှာကြတော့ သိပ္ပံပညာက အရမ်းကို တိုးတက်တာ မြန်တဲ့အခါကျတော့ ဘုန်းဘုန်းတို့ စိတ်ညစ်တဲ့အခါမှာ ဘယ်လို ဟော်မုန်းတွေထွက်တယ်၊ ဦးနှောက်ရဲ့ ဘယ်အပိုင်းက အလုပ်လုပ်တယ်ဆိုတာ ဒါကို သိတယ်။ 

★ ဆိုလိုတာက အဘိဓမ္မာထဲမှာ ဘုန်းဘုန်းတို့ နှစ်ပေါင်း ၂၆၀၀ ပြောလာတဲ့ဟာ ဘယ်စိတ်ဖြစ်ရင် ဘယ်ရုပ်တရားကို သွားပြီးတော့ effect ဖြစ်တယ် သက်ရောက်မှုရှိတယ်၊ စိတ်နဲ့ စိတ္တဇရုပ် ဆိုတဲ့ဟာ အခု အတိအကျပြောနိုင်ပြီ။ 

 ★ ဘယ်ရုပ်၊ ရုပ်ကလဲ ဦးနှောက်ထဲမှာ ဘယ်နေရာမှာ အဲဒါ ပြောနိုင်တယ်။ အဓိကတော့ ဦးနှောက်ကို ပြောနိုင်တယ်။ ဒါ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ သုတေသန တိုးတက်မှုတွေပေါ့။ 

★ အဲဒါကြောင့် ဒီနေ့ Happiness ဆိုတဲ့ ပျော်ရွှင်မှုအကြောင်းကို ပျော်တဲ့နေရာမှာရော နောက်ပြီးတော့ လက်တွေ့ကျင့်ကြံတဲ့နေရာမှာရော ဘုန်းဘုန်းတို့က အရာနှစ်ခုကို ဦးစားပေးပြီးတော့ကြည့်မယ်။ 
🍃တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာမှာဆိုရင် emotion ကိုကြည့်မယ်။ 
🍃ဒုတိယဟာကျတော့ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် ဦးနှောက်ကိုကြည့်မယ်။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

"ကျွန်တော်လေ.လာခဲ.သမျှ ဗုဒ္ဓ အကြောင်း"

☑️ ကျွန်‌‌တော်တို.နှုင်. လုံးဝမတူကွဲပြားသော ဗုဒ္ဓဘာသာ မြတ်စွာဘုရား ဘယ်လောက် တရားကျင်.ခဲ.သည်ကို ဗဟုသုတအဖြစ် သူ.အသက် ၂၉ နှစ်ရောက်မှ သား'ရာဟုလာ' မွေးပြီး စိတ်ချမ်းသာမှုရရန် နန်းတော်မှထွက်ခဲ.ကြောင်း ပြောခဲ.ပြီးပြီ၊' နန်းတော်သို. ပြန်လာပါ-အခြားနည်းဖြင်. အဖြေရှာပါက ပိုကောင်းမည်' ဟု မာနတ်က သွေးဆောင် ခဲ.သည်၊ သို.သော် ဤလောကစည်းစိမ်မှန်သမျှ ငြိမ်သက်မှုမပေးကြောင်း ယူဆသဖြင်. ဆံပင်ဖြတ်ကာ သပိတ်လွယ်ပြီး တောသို.ထွက်ခဲ.လေ၏။ 

 ☑️ နိဗ္ဗာန်ရောက်ရန် ( နိဗ္ဗာန်= နေ၊လ၊စကြာဝဌာ Space နှုင်. တ/ကောင်းကင်အကြား ဖြစ်မည်ဟု ကျတော်ယူဆသည်)ကျင်.ကြံနေသော ရသေ. နှစ်ပါးထံ အတန်ကြာ လေ.လာခဲ.သော်လည်း သဗ္ဗုညုတညဏ်( အရာခပ်သိမ်းသိခြင်း) မရရှိနိူင်ကြောင်း သဘောပေါက်သဖြင်. တကိုယ်တည်း တရားကျင်.ခဲ.သည်။မင်းသားကဲ.သို. စိတ်ပြင်းပြ စွာကျင်.သူ (သို.)ကမ္ဘာမှာ ဘယ်တော.မှ အတိတ်/အနာဂတ်/ယခုလဲ မရှိဘူး ဟု သိရ၏။ 

☑️ တောထဲ၌ ၆ နှစ်တာလုံး ကျင်.ကြံခဲ.ပြီး မင်းသားသည် မြစ်‌ရေထဲသို. ရေချိုးပြီး အနီးနားရှိ သူဌေးသမီး သုဇာတာလှူဒါန်းသည်. ဃနာနို.ဆွမ်း လက်ခံလိုက်လေသည်၊ 
( ဤနေရာ၌ ကျတော် သိပ်စိတ်ဝင်စားသည်မှာ ၆ နှစ်လုံးလုံး ဘာမှမစားပဲ နေတာလား? အရည်သောက်သလား? ဆိုသည်.အရာဖြစ်ပြီး၊ မာနတ်ကတော. စားစရာ+မိန်းခလေးနဲ. သွေးဆောင်တာပဲ၊ဃနာနို.ဆွမ်း ဆိုတာလည်း ကုလား အစားစာ နွားနို.လိုမျိုး ဖြစ်မယ်၊ ၆နှစ်လုံး ထိန်းလာပြီးခါမှ အစားစာနဲ.ကျရှုံးခဲ.လေပြီ) 

☑️ရှင်ဘုရင် နှုင်. မိဖုရားတို. ထိမ်းမြားပြီး နှစ်၂၀ အထိ ကလေးမထွန်းကားခဲ.ရာ တည သော မိဖုရား၏အိမ်မက်ရူပါရုံ၌ ညာဖက်နံပါးမှ ဆင်ဖြူတကောင် ဝင်လာသည်ဟု မြင်မက်ချိန်မှစ၍ ပဌိသန္ဒေစတည်ကာ ၁၀လပြည်.သော် သားဖွါးရန်မိဘထံပြန်လာရင်း လမ်း၌ အင်ကြင်းပန်းခူးရန် လက်ကမ်းသည်နှုင်. မင်းသားလေး မွေးလာ၏၊ ထိုမင်းသား မွေးသည်.အချိန်၌ ကမ္ဘာပေါ်တွင် မြေငလျှင်လှုပ်ခဲ.သည်ဟု မှတ်တမ်းများအရ သိရသည်။

☑️မွေးပြီး ၇ ရက်မြောက်သောနေ.၌ မိခင်ကွယ်လွန်သွားသဖြင်. မိဖုရား၏ ညီမဖြစ်သူက စောင်.ရှောက်ခဲ.လေသည်။အဝေးတနေရာ တောအရပ်၌ သီတင်းသုံး တရားအားထုတ် နေသည်. ရသေ.တပါးသည် ရှင်ဘုရင်နန်းတော်တွင် မင်္ဂလာအပေါင်းနှုင်. ပြည်.စုံသော ရောင်ခြည် (ဓူဝံကြယ်ကဲ.သို.) ထွန်းလင်းတောက်ပနေသည်ဟု လှမ်းမြင် မက်၍ နန်းတော်သို.ပြန်ကြွလာသည်.အခါ ဖွါးမြင်စ မင်းသားငယ်ကို မြင်ခဲ.လေသည်။ 

☑️ရသေ.က "ဤမင်းသားငယ် အရွယ်ရောက်သော် အကယ်၍ ထီးမွေနန်းမွေ ဆက်ခံ ပါက ဤကျွန်းတခုလုံး ပိုင်နင်းသည်.စကြာ်မင်းဖြစ်မည်၊ အကယ်၍ ထီးနန်းစွန်.ပြီး ရဟန်းပြုမည်ဆိုပါက လူအပေါင်းကို ကယ်တင်မည်.သူ သမ္မာသမ္ဓုဒ္ဓဘုရားဧကန်စင်စစ် ဖြစ်လာလိမ်.မည်"ဟု ဟောကိန်း (ပရောဖက်) ထုတ်ခဲ.သည်။

☑️မင်းသား နှုင်. ဖခင်သည် လယ်ထွန်နေသည်. လယ်သမားအား ကြည်.ရှုကာ တီကောင် ကိုချီ၍ သစ်ကိုင်း၌ နားနေသည်.ဌက်ကလေးကို ကြည်.ရှုရင်း 'အော်! သက်ရှိအချင်းချင်း သတ်ဖြတ်နေကြပါတကား'ဟု ငယ်စဥ်က မိခင်ကွယ်လွန်ခဲ.သော မင်းသားငယ်သည် တီကောင်းအဖြစ်ကို လွန်စွာသနား ဂရုဏာသက်မိကာ စိတ်ထိခိုက်ခဲ.သည်။ 

☑️မင်းသားသည် နန်းတွင်း၌ ၂၀ နှစ်တိုင် ဆို/က/တီး နှုင်. ကျန်းမာသန်စွမ်းခြင်း ပျော်စရာ များသည် ကျွန်ုပ်အတွက် ဘာများအဓိပါယ်ရှိပါသနည်း? တနေ.သော အခါ အိုရ-နာရ -သေရအုံးမည်၊ အမှန်ရှာနည်း နှုင်. အမှားရှာနည်း၂ခု အနက် အမှားရှာနည်းသည် ဖျားခြင်း ,အိုခြင်း, နာခြင်းကို သိလျှက်နှင်.ပင် ဗလာနတ္တိဖြစ်သော မမြဲသည်.အရာကို ရှာနေခြင်းဖြစ်၏၊ 

☑️အမှန်ရှာနည်းကား အိုနာသေခြင်းကိုသိ၍ လူ.ဆင်းရဲဒုက္ခအပေါင်းကို ကျော်လွန် နိုင်သည်. အဖြေကိုရှာခြင်းပင်ဖြစ်သည်၊မင်းသား ၁၉ နှစ်ပြည်.သော် ယသော်ဓရာမင်း သမီးနှုင်. ထိမ်းမြားပြီး ၁၀နှစ်ကြာမှ သား ရာဟုလာ ထွန်းကားပြီး စိတ်ချမ်းသာမှုရှာရန် မြင်းဖြူစီး၍ တောသို.ထွက်ခဲ.လေသည်။ ထိုမင်းသားသည် နောင် ဗုဒ္ဓဘာသာတို. ကိုးကွယ် သည်. ဂေါတမဖြစ်သည်။ 

☑️ဒီမှာ- သတိထားရဲ.လား ဓူဝံကြယ် ,နံက်သား မိုးသောက်ကြယ်ဆိုတာ ဘုရားရဲ. အမည်နာမလေ၊ ကောင်းကင်အရပ်မှ မြေကြီးသို. သုံးပုံတပုံ နှင်ချသည်. Fallen Angel နတ်ကောင်းတော. မဟုတ်၊ နတ်ဆိုးဝိညဥ် လို. ကျွန်တော်တို. နားလည်ရတယ်၊နတ်ဆိုး god လဲ He can do all things အရာခပ်သိမ်းတတ်နိုင်သော်လည်း Almighty God အရာရာဖန်ဆင်းရှင်မဟုတ်ဘူး။ 

⬇️ နောင်တချိန် ဗုဒ္ဓမြတ်စွာဘုရား ဖြစ်လာမည်. မင်းသားသည် တော၌ ၆ နှစ်လုံး အစာရှောင်နေရင်း တခုသော ညနေ ရေမိုးချိုးအပြီး ထိုအနီးနားရှိ သူဌေးသမီး သုဇာတာ လှုဒါန်းသည်. ဃနားနို.ဆွမ်း လက်ခံစားသောက်သည်ကိုမြင်သော မင်းသားကို စောင်. ရှောင်. သည်.ရဟန်း ၅ ပါးက အလွန်အံ.သြပြီး အစာမစားတာတောင် ဘုရား မဖြစ်နိုင်၊ နို.ဆွမ်းစားရင် ဘယ်လိုဖြစ်နိုင်မည်နည်းကမ္မာဌုန်းလူထွက်ပါတကားဟု ကဲ.ရဲ.ပြစ်တင် အထင်သေးကာ သဗ္ဗညုတညဏ်တော်ရှင် မဖြစ်နိုင်ပါ'ဟု သူ.ကို ထားခဲ. လေ၏၊ 

⬇️ တော၌ မင်းသားတဦးတည်း နေခဲ.ပြီး "သွေးများကုန်ခမ်း၍ အသားများဆွေးမြေ.ကာ အရိုးကျေသွားပါစေ၊သဗ္ဗညုတညဏ်တော်ရှင် ရှိရာလမ်းရှာဖို. လုံ.လအနဲငယ်မျှမလျော.၊ 

⬇️ ငါ၏တင်ပလ္လင်ခွေမဖြေလျော.' ဟု ထပ်မံ အားထုတ်ပြန်သည်၊ သူ၏စိတ်သည် ထိန်းမနိုင် သိမ်းမရဖြစ်ပြီး ရှုပ်ထွေးနေသောအတွေးများပြည်.နှက်ကာ စိတ်ဓါတ်တခုလုံး အ‌မှောင်ထုဖုံးလွမ်းလျှက် မာနတ်သွေးဆောင်မှု အလူးလဲခံခဲ.သော်လည်း တခုချင်း စီစစ်ဆေးလေ.လာကာ အားလုံးကို ပယ်ချနိုင်ခဲ.သည်။ ခက်ခဲကြမ်းတမ်းလှ၍ သူ.အသွေးသားခမ်းခြောက်စေရုံမက အရိုးများကြေကွဲစေနိုင်သည်. စိတ်ပိုင်းဆိုင်ရာ ကိလေသာ ကျင်.စဥ်များကို ဆက်လက်ကျင်.ကြံ အားထုတ်ခဲ.လေသည်၊ 

⬇️ သို.ရာတွင် အရှေ.ကောင်းကင်ယံ၌ မိုးသောက်ကြယ်ပေါ်ထွက်ချိန် ကိလေသာ တဏ္ဠာချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်တရားကိုသိမြင်သွားပြီး မင်းသား၏စိတ်သည် နံက်အာရုံမိုးလင်းချိန်ကဲ.သို. ကြည်လင် တောက်ပလာပြီး အရဟ္တဖိုလ်ပေါက်၍ ဘုရားအဖြစ် သဗ္ဗညုတဉာဏ် ( အရာခပ်သိမ်းသိသောညဏ်) ရရှိသွားပြီး ထိုအချိန်သည် သက်တော် ၃၅ နှစ် ရှိပြီဖြစ်သည်။ထိုအချိန်မှစ၍ သူ.အားဗုဒ္ဓ၊ သဗ္ဗညုတညဏ်ရှင်၊ တထာဂတော ဟူ၍ အမျိုးမျိုးခေါ်ကြ၏၊ 

⬇️ သူသည် ရှေးဦးစှာ တော၌ ၆ နှစျလုံးလုံး တော၌ သူ.ကို စောင်.ကာ ထားရစ်ခဲ.သော ဉ်စစဝဂိရဟန်း ငါးပါးရှိရာ ဗာရဏတီပြည်သို.သွား၍ အစပထမ၌ ထိုသူ ၅ ဦးသည် ဗုဒ္ဒကို မမြင်သလို အဝေးမှရှောင်ကြသော်လည်း ဓမ္မစကြာ် ဟောသည်.အခါအခါ ယုံကြည်ကြပြီး ဗုဒ္ဓ၏ ပထမဆုံး နောက်လိုက်များ ဖြစ်လာကြ၏၊(ဤနေရာ၌ ယေရှုကားတိုင်တက်ပြီး နောက်လိုက်များသူ.ကိုထားခဲ.ကာ ထမြောက်သည်.အခါ သူ.နောက်လိုက်များထံသို. သွားခဲ.ပုံကို သတိရစေသည်) ကဲ....ဒီညအတွက် ဤမျှပါပဲ။ 

😃 ဗုဒ္ဓအကြောင်းဖတ်ရင်း စိတ်ထဲ၌ "အသက်ရှင်သော ချစ်ခြင်းမေတ္တာရှင် ထာဝရ ဘုရားကို ကိုးကွယ်ယုံကြည်သူဆိုပြီး တစ်လက်မသာသာထူသည်. ကျမ်းစာတစ်အုပ်ကို ကိုင်တာချင်းအတူတူ ကျွန်တော်တို.ခရစ်ယန်တွေ ဘာကြောင်.များ ဒီလောက်ထိ အသင်းတော်၊ဂိုဏ်း၊ဝါဒတွေ ကွဲပြားခြားနားကြသနည်း? ဗုဒ္ဓဘာသာမှာ ထေရဝါဒ (သံသရာမှလွတ်ခြင်း )နဲ.မဟာယာန( သံသရာ၌နေထိုင်ပြီး ဗုဒ္ဓအဖြစ် ဦးတည်) ၂ခုပဲရှိတယ်၊၊ ဗုဒ္ဓဘာသာက We're our own Architects "ငါတို.ကိုယ်တိုင် ငါတို.၏ ပိသုကာဖြစ်၏၊ မိမိအနာဂတ် မိမိပိုင်၏၊၊ 

😃 ဗုဒ္ဓသည် သူ.ကို စောင်.ရှောက်သော ရဟန်း ၅ ပါးသည် ပထမဆုံး ဗုဒ္ဓနောက် လိုက်များ ဖြစ်လာကြောင်း ပြောခဲ.ပြီ။ ထိုနောက် များစွာသောလူများသည် ဗုဒ္ဓကို ရေငတ်သူ ရေရှာသကဲ.သို. လိုက်ရှာပြီး ဘာသာဝင်များ ဖြစ်လာကြသည်။ ဗုဒ္ဓ၏ ခမည်းတော် (ဖခင်) သုဒ္ဓေါဒနမင်း၊ မယ်တော် ၊ မိဖုရားများလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြသည်၊ ဗုဒ္ဓသည် ၄၅ နှစ်လုံးလုံး တရားတော်လှည်.လည် ဟောပြောကာ သက်တော် ၈၀ ပြည်.သည်.အခါ နာမကျန်းသဖြင်. နိဗ္ဗာန်စံကြောင်း သိရသည်။ 

😃 ဗုဒ္ဓ၏ နောက်ဆုံးဟောပြောချက်ကား'' မည်သူ.ကိုမျှ အားမကိုးပါနဲ.၊ မိမိကိုယ်သာ အားကိုးပါ၊ အခြားသူ၏ သွန်သင်ခြင်းကို ခံယူခြင်းမရှိပဲ ငါ.သွန်သင်ချက်ကိုသာ လိုက်နာကျင်.သုံးပါ၊ မိမိ 'ကိုယ်'ကို စဥ်းစားပြီး မတည်မြဲမှုကို ဆင်ခြင်ပါ၊ တည်မြဲသော ခန္ဒာကိုယ်ဟူ၍မရှိ၊အနှေးနှင်.အမြန် ပျက်စီးကြွေလွင်.သွားမည် မဟုတ်လော.၊ အနတ္တဟု ထင်မှတ်ပါ၊ ဆင်းရဲဒုက္ခအပေါင်းသည် လူတိုင်းအတူတူဖြစ်သည်ဟုဇဝေဇဝါမဖြစ်ပါနဲ.၊ ငါ.တရားကို လိုက်နာကျင်.သုံးပါက ငါကွယ်လွန်ပြီးနောက် သင်သည် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ကင်းမည်ဖြစ်သည်။ 

😃 "တပည်.တို! ငါ၏သွန်သင်ခြင်းကို မည်သည်.အခါမှ မေ.လျောခြင်း၊ စွန်.ပစ်ခြင်း မပြုနှင်.၊ အမြဲတစေ အမြတ်တနိုးထားကာ လက်တွေ.ကျင်.သုံးပါက အသင်သည် ပျော်ရွှင်ချမ်းသာမည်ဖြစ်သည်၊ အသင်၏စိတ်ကို လောဘနှုင်. ကင်းအောင်ထားပါက သင်.စိတ် သန်.ရှင်းကြည်လင်၍ သစ္စာရှိသော စကားကို ပြောဆိုလာမည်၊ အနိစ္စ (သေခြင်း) ကို ဆင်ခြင်ပါက လောဘ၊ဒေါသကို ထိန်းချုပ်၍ မကောင်းမှုရှောင်ရှား နိုင်မည်ဖြစ်သည်၊ မိမိစိတ်ကို နိုင်အောင် ထိန်းပါ။ 

😃 စိတ်သည် လူကို ဗုဒ္ဓဖြစ်စေနိုင်သကဲ.သို. တောရိုင်းတရိစ္ဆာန်လည်း ဖြစ်စေနိုင်၏၊ အမှားနောက်လိုက်ပါက ရက္ခဘီလူး ဖြစ်မည်ဖြစ်ပြီးအမှန်တရား သိပါက ဗုဒ္ဓ ဖြစ်လာ နိုင်သည်။ ထို.ကြောင်. အသင်၏ စိတ်ကို ချုပ်ထိန်းပါ၊ ငါ၏ပြောဆိုဆုံးမမှုအောက် အသင်တို.သည် တဦး နှုင်.တဦး ချစ်ကြည် လေးစားကြမည်ဆိုလျှင် တဦးနှင်.တဦး အငြင်းပွါးမှုမဖြစ်စေရဘူး၊ သင်တို.သည် ဆီနှုင်. ရေကဲ.သို. မပေါင်းစပ် နိုင်သည်. အခြေနေမျိုး မဟုတ်ပဲ၊ နို.နှုင်. ရေကဲ.သို. ပေါင်းစပ်ရမည် ဖြစ်သည်။ ငါ.သွန်သင်မှုကို အတူတကွ လိုက်နာကျင်.သုံး ကျင်.ကြံပါ။ 

😃 ပျင်းရိမှုနှင်. အငြင်းပွါးမှုဖြင်. သင်.စိတ်နှုင် အချိန်ကို အလဟတ မဖြုန်းတီးပါနှင်.၊ အမှန်တရား၏ ပန်းမာန်များကို ဆွတ်ခူး၍ လမ်းမှန်အတိုင်း ကျင်.သုံးနေထိုင်ကြပါ။ အကယ်၍ ငါ၏ ပြောဆိုမှုများကို လိုက်နာကျင်.ကြံမည်ဆိုလျှင် ငါနှင်.အလှမ်းဝေး သော်လည်း ငါသည်သင်တို.နှုင်. အတူရှိနေသည်. သဘောမျိုး သက်ရောက်သည်။ တပည်.တို! သင်တို.နှုင်.ငါ ခွဲခွါရတော.မည်.အချိန် နီးကပ်လာပြီ ၊သို.ရာတွင်ဝမ်းနည်း ခြင်းမရှိကြနှင်.၊ ဘဝသည် အစဥ်အမြဲ ပြောင်းလဲနေ၍ သေခြင်းကို မည်သူမျှ ရှောင်လွဲ၍မရပါ၊ ထာဝရတည်မြဲသော အရာဟူ၍မရှိ။ 

😃 ကာမဂုဏ် လောဘရိုင်းသည် လူကိုလှည်.ဖျားရန် အခွင်.ကောင်း အမြဲစောင်.မြော်နေ သည်၊ အကယ်၍ အခန်းထဲ၌ မြွေဆိုးတကောင်းရှိပါက သင်သည် နှစ်ချိုင်.စွာ အိပ်လိုလျှင် မြွေဆိုးကို ဦးစွာ မောင်းနှင်ရမည်၊ သင်သည် မြွေဆိုးကဲ.သို. ကာမဂုဏ်ကို မောင်းထုတ် ပစ်ခြင်း ဖြင်.အသင်၏စိတ်ကို ကာကွယ်စောင်.ထိန်းပါ၊ ခန္ဒာကိုယ်သည် မိဘများမွေးထုတ် ခြင်းကြောင်. အဟာရဖြင်. ကြီးထွားလာခြင်းသာ ဖြစ်၍ဖျားနာသေဆုံးခြင်းကို ရှောင်ကွင်း ၍ မရပါ၊ ဖြစ်မြဲ ဓမ္မတာတည်း၊ ဗုဒ္ဓအစစ်သည် လူ.ခန္ဒာမဟုတ် အမှန်တရားကို သိခြင်း ဖြစ်သည်၊။

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...