Monday, September 14, 2020

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်- အပိုင်း(၄)

ကိုယ့်ပျော်ရွှင်မှု မပျော်ရွှင်မှုက တခြားလူတွေကို အကျိုးသက်ရောက်မှုရှိတယ် ▬▬▬▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၄) 
အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

★ တရားထိုင်တဲ့ပုဂ္ဂိုလ် mindfulness ဆိုတဲ့သတိတရားရှိတဲ့ ပုဂ္ဂိုလ်က ဦးနှောက်ဘယ် လိုကောင်းတယ်၊ သတိမရှိတဲ့ ပုဂ္ဂိုလ်က အမှိုက်လို့ခေါ်တဲ့ negative emotions တွေကို ဘယ်လိုစုစည်းထားပြီးတော့ personality ပါ ပြောင်းသွားတယ်ဆိုတာ အဲဒါလေး ကြည့်ရ‌အောင်။ The science behind mindfulness as a tool for happiness | Hedy Kober https://youtu.be/jOIE5xFuWL4 

★ ဒါ Yale တက္ကသိုလ်က ဆရာမကြီးပါ၊ world economic forum မှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေးပညာရှင်တွေကို သတိပဋ္ဌာန် mindfulness အကြောင်း သွားတင်ပြနေတာ။ ဒါက short version ပါ။ 

★ သူပြောတဲ့ဟာ အဓိကတော့ တစ်ခုက mindfulness ၊ နောက်တစ်ခုက attitude ၊ Mindfulness ဆိုတာ သတိရှိတာ သမာဓိရှိတာ၊ သတိ သမာဓိ အတိုင်းအတာတစ်ခုထိ ရှိတယ်။ 

★ Mind wandering ဖြစ်တဲ့ပုဂ္ဂိုလ်ကတဲ့ စိတ်အမြဲတမ်းလွှင့်နေတဲ့လူက မပျော်ရွှင်တဲ့လူတွေ။ သူတို့က brain image ကို fMRI ရိုက်ပြီးတော့ ဒီဟာတွေကိုပြောတာ။ မြတ်စွာဘုရား အဘိဓမ္မာကပြောတာ သုတ္တံကပြောတာ အဲဒီ ပိဋကတ်သုံးပုံထဲမှာ နှစ်ပေါင်း ၂၆၀၀ ရှိခဲ့ပြီပေါ့။ 

★ သမာဓိမရှိတဲ့လူက စိတ်ပျံ့လွှင့်တဲ့လူက မပျော်ရွှင်ဘူး။ အဲဒါကြောင့် သမာဓိကို ကုသိုလ်ထဲမှာ ထည့်ထားတယ်။ အခုလည်းပဲ စိတ်က အလွယ်တကူလွှင့်တယ်ဆိုရင် မပျော်ရွှင်မှုရဲ့ အခြေခံပဲ။ စိတ်တည်ငြိမ်တယ် ဒါမှမဟုတ် စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ကိုယ်ကသိတယ်ဆိုရင် ပျော်ရွှင်မှုရဲ့ အခြေခံပဲ။ 

★ Happiness ကို သူတို့က ဒီလို ဒီနေ့မှာ approach ချဥ်းကပ်ပါတယ်။ လိုတာမှန်သမျှ အကုန်ရရင် ပျော်ရွှင်တယ် ပုံစံမျိုးထက် ကိုယ့်ရဲ့စိတ်ထဲမှာ ကိုယ့်ရဲ့ ဦးနှောက်ထဲမှာ ဒီ happiness အခြေခံတွေရှိတယ်။ ပိုပြီးတော့လည်း သူက သြဂဲနစ်ဖြစ်တယ် ဒီဟာတွေ။ 

★ အပြင်အ‌‌ကြောင်းအရာတွေ condition တွေကိုလည်း သူက မမှီခိုဘူး။ အပြင်က အကြောင်းအရာတွေက ကိုယ့်ကိုလာပြီး ကိုယ့်ရဲ့ပျော်ရွှင်မှု မပျော်ရွှင်မှုကို လာပြီးတော့ မဆုံးဖြတ်ပေးနိုင်တော့ဘူး၊ ကိုယ်ကိုယ်တိုင်က ဆုံးဖြတ်နိုင်တာ။ 

★ အဲဒီလို ဆုံးဖြတ်နိုင်အောင်ဆိုရင် ဘာလုပ်ရမှာတုန်းဆိုရင် ကိုယ့်စိတ်ကို ကိုယ် train လုပ်ရမယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ ဦးနှောက်ကို train လုပ်ရမယ်။ 

★ ဒီလိုတရားထိုင်တာ အများကြီးထိုင်တာ မဟုတ်သေးဘူး၊ သုံးရက်ပဲ ထိုင်တယ် သူပြောတဲ့ဟာ။ သုံးရက်ထိုင်တာတောင်မှ ဦးနှောက် အပြောင်းအလဲရှိတယ်။ 

★ World economic forum ဆိုတာ ဒါ လုပ်ငန်းရှင်နဲ့ လုပ်ငန်းရှင်အကြီးကြီးလည်းဖြစ် academic လည်းဖြစ်တယ်၊ အဲဒီပုဂ္ဂိုလ်တွေက စိတ်ညစ်ပြီးတော့ မပျော်ရွှင်ဘူးဆိုရင် သူတို့ချတဲ့ decision တွေ ဆုံးဖြတ်ချက်တွေ သူများအပေါ်မှာ အများကြီး impact ရှိတယ်။ 

★ အမှန်ကတော့ လူတိုင်းလူတိုင်း ဘုန်းဘုန်းတို့ ကိုယ့်အဆင့် အဆင့်မရွေးပေါ့နော် ကိုယ့်ပျော်ရွှင်မှု မပျော်ရွှင်မှုက အခြားလူတွေကို ထိခိုက်ပါတယ်။ အခြားလူအပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်။ 

★ တခြားလူတွေရဲ့ ပျော်ရွှင်မှု မပျော်ရွှင်မှုကလည်းပဲ ကိုယ့်အပေါ်အကျိုးသက်ရောက်မှုရှိတယ်။ ဒါကြောင့် တခြားလူ မပျော်ရွှင်ဘူးဆိုရင် သူ့ဟာသူ ဘာဖြစ်ဖြစ်ဆိုပြီး ဒီလိုမထားနဲ့။ အဲဒီလို ထားတယ်ဆိုရင် သူ့မပျော်ရွှင်မှုက ကိုယ့်ဆီရောက်လာတယ်။ 

★ စိတ်ညစ်ပြီးတော့ ဆဲဆိုနေတဲ့လူတွေ ရှေ့မှာ ကိုယ်ဘယ်လိုမှ မပျော်နိုင်ပါဘူး။ ပျော်ရွှင်တဲ့လူရဲ့ ရှေ့ကိုရောက်သွားရင် သူ့ ပျော်ရွှင်မှုက contingent ဖြစ်တယ်ဆိုတာ သူက ကူးစပ်တယ်၊ ကိုယ့်ကို ကူးစပ်တာ။ 

★ ကိုယ့်ရဲ့ emotion ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ သတိရှိတဲ့ပုဂ္ဂိုလ်က သူ့ရဲ့ဦးနှောက် အကောင်းဖက်ကို ပြောင်းသွားရုံတင်မကဘူးတဲ့ သူ့ရဲ့ခန္ဓာကိုယ် immune system ကလည်း ပိုပြီး resilience ဖြစ်တယ်တဲ့ ပိုပြီး အားကောင်းတယ်။ ကိုယ်ခံအား ပိုကောင်းတယ်ပေါ့။ 

 ★ ဘယ်လောက်ထိ ပြောသွားတုန်းဆိုရင် ၁၀မိနစ် တရားထိုင်တာတောင်မှ ဦးနှောက်ထဲမှာ တစ်ခဏတာ အပြောင်းအလဲလေးရှိတယ်တဲ့။ ၁၀မိနစ် ဘုန်းဘုန်းတို့ ထိုင်ကြည့်မယ်။ ဆက်လက်ဖော်ပြပါမည်။  
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ 
ဒေါက်တာအရှင်ဓမ္မသာမိ 🙏🙏🙏

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...