Monday, September 14, 2020

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၃)

ကိုယ့်ကိုယ်ကိုယ်သိတဲ့ self-awareness မရှိဘူးဆိုရင် ဦးနှောက်ထဲမှာ အမှိုက်တွေအများကြီးထည့်မိတယ် 
▬▬▬▬▬▬▬▬▬▬▬▬▬ 
ပထမပိုင်း - အပိုင်း(၃) အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

★ အခုချိန်မှာ သိပ္ပံပညာရှင်တွေက genes အနေနဲ့ရော ဦးနှောက်အနေနဲ့ရော emotion အနေနဲ့ရော တွဲပြီးတော့ လေ့လာတဲ့အခါကျတော့ ပိုတောင်လွယ်လာတယ်။ ဦးနှောက်အနေနဲ့ ဆိုရင်လည်းပဲ သူက အရမ်းကြီး မခက်ခဲဘူး။

 ★ ဒါကြောင့် ဒီနေ့ အဓိကလိုအပ်တဲ့ အချက်နှစ်ချက်ပေါ့နော်။ ပထမတစ်ချက်ကတော့ ကိုယ့်ရဲ့ စိတ်ထဲမှာ ဘာ emotion ဖြစ်နေတာတုန်း၊ ဘာအတွေးဖြစ်နေတာတုန်း။ အဲဒီဟာတွေကို သိဖို့အတွက်၊ self-awareness ရှိဖို့အတွက်။ 

★ အဲဒီ self-awareness မရှိဘူးဆိုရင် ဦးနှောက်က သူသွားချင်ရာ သွားတာပဲတဲ့။ ဦးနှောက်ထဲမှာ အမှိုက်တွေအများကြီး ထည့်မိတယ်၊ ဦးနှောက်တွေပျက်တယ်ဆိုတာက emotion ကြောင့် သူက ပျက်သွားတာ။ 

 ★ Negative ဖြစ်တဲ့ emotion တွေကို မကျေနိုင်မချမ်းနိုင် လူတစ်ယောက်ကိုလေ၊ လူတစ်ယောက်အကြောင်း တွေးပြီဆိုရင် မကျေချမ်းနိုင်ဘူး။ လူအုပ်စု တစ်အုပ်စုအကြောင်းတွေးတယ်ဆိုရင် မကျေနပ်နိုင်ဘူး။ 

🔺မကျေနပ်တဲ့စိတ် ဖြစ်တိုင်းဖြစ်တိုင်း ကိုယ်မှာ ဘာ emotion ဖြစ်တာတုန်း။ Negative emotion ပဲဖြစ်တယ်။ 

★ အဲဒါကြောင့် တစ်နေ့တစ်နေ့မှာ ဘုန်းဘုန်းတို့က ရာခိုင်နှုန်း ၈၀ ကျော်ကျော် negative emotion တွေပဲဖြစ်တယ်တဲ့။ နောက်ပြီးတော့ ဖြစ်တဲ့ emotion တွေကလည်း မနေ့က emotion တွေ များပါတယ်တဲ့။ အတွေးတွေလည်းပဲ မနေ့က အတွေးတွေပဲ များပါတယ်။ 

★ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ လေ့လာဖို့ရော သူတစ်ပါးကို လေ့လာဖို့အတွက်ရော သူက အရမ်းကြီး မခက်ခဲဘူး။ ကြည့်တတ်ရုံပဲ။ အဲဒီလို ကြည့်တဲ့ဟာကို ဗုဒ္ဓတရားတော်က အများကြီးသင်ပေးတယ်။ တရားထိုင်တယ်ဆိုတာ ကိုယ့်စိတ်ကိုပြန်ပြီးတော့ကြည့်တာ။ 

★ စိတ်ကိုပြန်ပြီးတော့ ကြည့်တာ။ စိတ်က ဘယ်ဒုက္ခကို သွားပြီးတော့ စွဲနေတုန်း။ Negativity bias ဆိုတာ ရှိတယ် အဲဒါ ဘယ်လိုသွားပြီးတော့ စွဲနေတုန်း။ Experience တွေ အများကြီးရှိတယ်။ အကောင်းတွေရှိတယ် အဆိုးတွေရှိတယ်။ 

 ★ အဆိုးကိုမှ သွားပြီးတော့ ဦးစားပေးပြီး တွေးနေတုန်းဆိုတာ အဲဒါမျိုးတွေ အလွယ်တကူ အခု ဘုန်းဘုန်းတို့ခေတ်မှာပေါ့နော် အလွယ်တကူ ကြည့်ရှု့နိုင်တယ်။ အဲဒါကြောင့် emotion ကတဲ့ သူပြောတဲ့ဟာ ဒီစာအုပ်ထဲမှာ ပြောတဲ့ဟာ - 

Not surprisingly, research in recent decades has offered extensive evidence for the involvement of emotions in almost every aspect of our cognitive performance and behavior, and has highlighted the multiple implication of emotions for social functioning, happiness and health. 

★ အဲဒါကြောင့်မို့လို့ ခုနတုန်းက ဘုန်းဘုန်းပြောတဲ့ နှစ်သုံးဆယ် decades အတွင်းမှာ သုတေသနအများကြီးက ဘာကို highlight ပြတုန်းဆိုတော့ ဘုန်းဘုန်းတို့ အတွေးတွေ ဆုံးဖြတ်ချက်တွေ နားလည်မှုတွေ၊ ဒါမှမဟုတ် နားမလည်မှုတွေ နောက် နားလည်မှုကနေ ဖြစ်ပေါ်လာတဲ့ အပြုအမူတွေ behavior တွေ အဲဒီ behavior တွေ အားလုံးအားလုံး emotion က နေရာတိုင်းမှာ ပါတယ်တဲ့။ 

★ အဲဒီ ပါတဲ့နေရာမှာ ပထမက သူရဲ့ ဧရိယာကိုခွဲတယ်လို့ပြောရင် နံပါတ်တစ်က social functioning လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့နေရာမှာ အိမ်မှာဆက်ဆံတာလည်း ဒါ အချင်းချင်းဆက်ဆံတာ ဒါ social functioning ပဲ။ 

★ မနက် မိသားစုထိုင်ပြီးတော့ အတူတူ ထမင်းစားတယ် ဒါ social function တစ်ခုပဲ။ ဒါ social unit တစ်ခု၊ အလုပ်သွားတယ်ဆိုရင် ပိုပြီးတော့ ကြီးလာပြီ၊ အဲဒါလည်း socail function တစ်ခုပဲ။ 

★ အချင်းချင်းဆက်ဆံတဲ့နေရာမှာ ကိုယ်ပျော်ရွှင်တဲ့စိတ်နဲ့ စကားပြောနိုင်လား ဆက်ဆံနိုင်လား၊ ဒါမှ မဟုတ် pressure တွေ အရမ်းများပြီးတော့ ဖြစ်‌နေလား ဒါ social functioning တွေ။ 

★ လုပ်ငန်းခွင်မှာ အုပ်စုလေးတွေ ဖွဲ့တတ်တာ၊ အုပ်စုတစ်အုပ်စုနဲ့ တစ်အုပ်စု ပြိုင်ဆိုင်ကြတာ၊ ဒါတွေက social functioning လေးတွေ အဲဒီမှာ ပါသွားတယ်။ 

★ နောက်တစ်ခုက happiness, နောက်ဆုံးကတော့ health ကိုယ့်ရဲ့ ကျန်းမာရေး။ အဲဒီအပေါ်မှာ emotion က အများကြီးပါပါတယ်တဲ့။ ဒီဟာကို မြင်အောင် ဘုန်းဘုန်းတို့ video clip လေး ပထမဆုံးတစ်ခု ကြည့်ရအောင်။ 

★ တရားထိုင်တဲ့ပုဂ္ဂိုလ် mindfulness ဆိုတဲ့သတိတရားရှိတဲ့ ပုဂ္ဂိုလ်က ဦးနှောက်ဘယ်လို ကောင်းတယ်၊ သတိမရှိတဲ့ ပုဂ္ဂိုလ်က အမှိုက်လို့ခေါ်တဲ့ negative emotions တွေကို ဘယ်လိုစုစည်းထားပြီးတော့ personality ပါ ပြောင်းသွားတယ်ဆိုတာ အဲဒါလေး ကြည့်ရအောင်။ 
The science behind mindfulness as a tool for happiness | Hedy Kober https://youtu.be/jOIE5xFuWL4 ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ  
ဒေါက်တာအရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...