Monday, September 14, 2020

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၃)

ကိုယ့်ကိုယ်ကိုယ်သိတဲ့ self-awareness မရှိဘူးဆိုရင် ဦးနှောက်ထဲမှာ အမှိုက်တွေအများကြီးထည့်မိတယ် 
▬▬▬▬▬▬▬▬▬▬▬▬▬ 
ပထမပိုင်း - အပိုင်း(၃) အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

★ အခုချိန်မှာ သိပ္ပံပညာရှင်တွေက genes အနေနဲ့ရော ဦးနှောက်အနေနဲ့ရော emotion အနေနဲ့ရော တွဲပြီးတော့ လေ့လာတဲ့အခါကျတော့ ပိုတောင်လွယ်လာတယ်။ ဦးနှောက်အနေနဲ့ ဆိုရင်လည်းပဲ သူက အရမ်းကြီး မခက်ခဲဘူး။

 ★ ဒါကြောင့် ဒီနေ့ အဓိကလိုအပ်တဲ့ အချက်နှစ်ချက်ပေါ့နော်။ ပထမတစ်ချက်ကတော့ ကိုယ့်ရဲ့ စိတ်ထဲမှာ ဘာ emotion ဖြစ်နေတာတုန်း၊ ဘာအတွေးဖြစ်နေတာတုန်း။ အဲဒီဟာတွေကို သိဖို့အတွက်၊ self-awareness ရှိဖို့အတွက်။ 

★ အဲဒီ self-awareness မရှိဘူးဆိုရင် ဦးနှောက်က သူသွားချင်ရာ သွားတာပဲတဲ့။ ဦးနှောက်ထဲမှာ အမှိုက်တွေအများကြီး ထည့်မိတယ်၊ ဦးနှောက်တွေပျက်တယ်ဆိုတာက emotion ကြောင့် သူက ပျက်သွားတာ။ 

 ★ Negative ဖြစ်တဲ့ emotion တွေကို မကျေနိုင်မချမ်းနိုင် လူတစ်ယောက်ကိုလေ၊ လူတစ်ယောက်အကြောင်း တွေးပြီဆိုရင် မကျေချမ်းနိုင်ဘူး။ လူအုပ်စု တစ်အုပ်စုအကြောင်းတွေးတယ်ဆိုရင် မကျေနပ်နိုင်ဘူး။ 

🔺မကျေနပ်တဲ့စိတ် ဖြစ်တိုင်းဖြစ်တိုင်း ကိုယ်မှာ ဘာ emotion ဖြစ်တာတုန်း။ Negative emotion ပဲဖြစ်တယ်။ 

★ အဲဒါကြောင့် တစ်နေ့တစ်နေ့မှာ ဘုန်းဘုန်းတို့က ရာခိုင်နှုန်း ၈၀ ကျော်ကျော် negative emotion တွေပဲဖြစ်တယ်တဲ့။ နောက်ပြီးတော့ ဖြစ်တဲ့ emotion တွေကလည်း မနေ့က emotion တွေ များပါတယ်တဲ့။ အတွေးတွေလည်းပဲ မနေ့က အတွေးတွေပဲ များပါတယ်။ 

★ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ လေ့လာဖို့ရော သူတစ်ပါးကို လေ့လာဖို့အတွက်ရော သူက အရမ်းကြီး မခက်ခဲဘူး။ ကြည့်တတ်ရုံပဲ။ အဲဒီလို ကြည့်တဲ့ဟာကို ဗုဒ္ဓတရားတော်က အများကြီးသင်ပေးတယ်။ တရားထိုင်တယ်ဆိုတာ ကိုယ့်စိတ်ကိုပြန်ပြီးတော့ကြည့်တာ။ 

★ စိတ်ကိုပြန်ပြီးတော့ ကြည့်တာ။ စိတ်က ဘယ်ဒုက္ခကို သွားပြီးတော့ စွဲနေတုန်း။ Negativity bias ဆိုတာ ရှိတယ် အဲဒါ ဘယ်လိုသွားပြီးတော့ စွဲနေတုန်း။ Experience တွေ အများကြီးရှိတယ်။ အကောင်းတွေရှိတယ် အဆိုးတွေရှိတယ်။ 

 ★ အဆိုးကိုမှ သွားပြီးတော့ ဦးစားပေးပြီး တွေးနေတုန်းဆိုတာ အဲဒါမျိုးတွေ အလွယ်တကူ အခု ဘုန်းဘုန်းတို့ခေတ်မှာပေါ့နော် အလွယ်တကူ ကြည့်ရှု့နိုင်တယ်။ အဲဒါကြောင့် emotion ကတဲ့ သူပြောတဲ့ဟာ ဒီစာအုပ်ထဲမှာ ပြောတဲ့ဟာ - 

Not surprisingly, research in recent decades has offered extensive evidence for the involvement of emotions in almost every aspect of our cognitive performance and behavior, and has highlighted the multiple implication of emotions for social functioning, happiness and health. 

★ အဲဒါကြောင့်မို့လို့ ခုနတုန်းက ဘုန်းဘုန်းပြောတဲ့ နှစ်သုံးဆယ် decades အတွင်းမှာ သုတေသနအများကြီးက ဘာကို highlight ပြတုန်းဆိုတော့ ဘုန်းဘုန်းတို့ အတွေးတွေ ဆုံးဖြတ်ချက်တွေ နားလည်မှုတွေ၊ ဒါမှမဟုတ် နားမလည်မှုတွေ နောက် နားလည်မှုကနေ ဖြစ်ပေါ်လာတဲ့ အပြုအမူတွေ behavior တွေ အဲဒီ behavior တွေ အားလုံးအားလုံး emotion က နေရာတိုင်းမှာ ပါတယ်တဲ့။ 

★ အဲဒီ ပါတဲ့နေရာမှာ ပထမက သူရဲ့ ဧရိယာကိုခွဲတယ်လို့ပြောရင် နံပါတ်တစ်က social functioning လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့နေရာမှာ အိမ်မှာဆက်ဆံတာလည်း ဒါ အချင်းချင်းဆက်ဆံတာ ဒါ social functioning ပဲ။ 

★ မနက် မိသားစုထိုင်ပြီးတော့ အတူတူ ထမင်းစားတယ် ဒါ social function တစ်ခုပဲ။ ဒါ social unit တစ်ခု၊ အလုပ်သွားတယ်ဆိုရင် ပိုပြီးတော့ ကြီးလာပြီ၊ အဲဒါလည်း socail function တစ်ခုပဲ။ 

★ အချင်းချင်းဆက်ဆံတဲ့နေရာမှာ ကိုယ်ပျော်ရွှင်တဲ့စိတ်နဲ့ စကားပြောနိုင်လား ဆက်ဆံနိုင်လား၊ ဒါမှ မဟုတ် pressure တွေ အရမ်းများပြီးတော့ ဖြစ်‌နေလား ဒါ social functioning တွေ။ 

★ လုပ်ငန်းခွင်မှာ အုပ်စုလေးတွေ ဖွဲ့တတ်တာ၊ အုပ်စုတစ်အုပ်စုနဲ့ တစ်အုပ်စု ပြိုင်ဆိုင်ကြတာ၊ ဒါတွေက social functioning လေးတွေ အဲဒီမှာ ပါသွားတယ်။ 

★ နောက်တစ်ခုက happiness, နောက်ဆုံးကတော့ health ကိုယ့်ရဲ့ ကျန်းမာရေး။ အဲဒီအပေါ်မှာ emotion က အများကြီးပါပါတယ်တဲ့။ ဒီဟာကို မြင်အောင် ဘုန်းဘုန်းတို့ video clip လေး ပထမဆုံးတစ်ခု ကြည့်ရအောင်။ 

★ တရားထိုင်တဲ့ပုဂ္ဂိုလ် mindfulness ဆိုတဲ့သတိတရားရှိတဲ့ ပုဂ္ဂိုလ်က ဦးနှောက်ဘယ်လို ကောင်းတယ်၊ သတိမရှိတဲ့ ပုဂ္ဂိုလ်က အမှိုက်လို့ခေါ်တဲ့ negative emotions တွေကို ဘယ်လိုစုစည်းထားပြီးတော့ personality ပါ ပြောင်းသွားတယ်ဆိုတာ အဲဒါလေး ကြည့်ရအောင်။ 
The science behind mindfulness as a tool for happiness | Hedy Kober https://youtu.be/jOIE5xFuWL4 ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ  
ဒေါက်တာအရှင်ဓမ္မသာမိ

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၂)

စိတ်ခံစားမှုက ကမ္ဘာကြီးကို ကိုယ်က ဘယ်လိုဆက်ဆံနေတယ်ဆိုတာ 
ဖော်ပြနေတယ် ▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၂) 

★ ဒါ ဒီနှစ် နောက်ဆုံးထုတ်တဲ့ စာအုပ်ပါ၊ Genes, Brain, and Emotions - Interdisciplinary study ကိုပြောပါတယ်။ သတိပဋ္ဌာန် အနောက်နိုင်ငံကို ရောက်သွားပြီးတဲ့နောက်ပိုင်းမှာ သူဖြစ်ပေါ်လာတဲ့ဟာတွေ။ 

★ Emotion ဆိုရင် ဒါ Psychology, Brain ဆိုရင် Neurology, Genes ဆိုရင် Biology ၊ ဒီထဲမှာ ရိုးရိုး biology ရော system biology တွေရော ရောနေတာပေ့ါ၊ ဒီထဲမှာ အကုန်ပါတယ်။ 

★ Chapter 1 မှာ introduction လေး ပထမဦးဆုံး စာကြောင်းက အရမ်းကိုထိမိပါတယ်။ Emotions reflect our relation with the world. 

★ ဘုန်းဘုန်းတို့ရဲ့စိတ်ခံစားမှု ဘုန်းဘုန်းတို့ရဲ့ emotion က ကိုယ်က ကမ္ဘာကြီးနဲ့ဘယ်လို ဆက်စပ်နေတယ်၊ ကမ္ဘာကြီးကို ဘယ်လိုဆက်ဆံတယ်ဆိုတာ အဲဒီဟာ ဖော်ပြနေတယ်။ ★ မနက်ကတည်းက စပြီးတော့ မနက် မျက်စိပွင့်တာနဲ့ တစ်နေကုန်တစ်နေခမ်း ဆဲတဲ့လူလည်း ရှိတယ်။ အိမ်မှာ ဆဲရတာ မကျေနပ်လို့ အားမရလို့ facebook ပေါ်တက်ဆဲတဲ့လူလည်း ရှိတယ်၊ twitter ပေါ် တက်ဆဲတဲ့လူလည်း ရှိတယ်။ 

★ ကားမောင်းသွားရင်းနဲ့ မကျေနပ်လို့ တခါတည်း မှန်တံခါးလေးချပြီးတော့ ဘေးကလူကို ဆဲလိုက်တာလည်း ရှိတယ်။ တခါတခါ ဘုန်းဘုန်းနဲ့ တရားထိုင်ပြီးတော့ ဘုန်းဘုန်းကို လိုက်ပို့တဲ့ဒကာ လမ်းမှာ အဲဒီလို ဒေါသတွေဘာတွေဖြစ်ပြီးတော့ ဆဲမိတယ်။ 

★ “သတိထား သတိထား” သတိပေးရတယ်။ လန်ဒန်မှာ ပြောပါတယ်။ ဆရာဝန်တွေ stress အရမ်းများတဲ့အခါကျတော့ အလုပ်မှာ အရမ်း stress များတယ်။ အလုပ်လုပ်တဲ့နေရာမှာ အလုပ်ပြီးအောင်ပဲ အဲဒါပဲ သတိထားတဲ့အခါကျတော့ အလုပ်ထဲမှာ စိတ်က မရှိဘူး။ အပြည့်အဝ မရှိဘူး။ 

★ နှလုံးသားက အလုပ်ထဲမှာ အပြည့်အဝမရှိဘူး။ ဒါ ကိုယ်ကြိုက်တဲ့အလုပ်ကို ရွေးပြီး တော့ လုပ်တာတောင်မှ ဒီလိုဖြစ်နေသေးတာ ဒါ stress ရဲ့ ဒဏ်ကြောင့်ပဲ။ စိတ်ဖိစီးမှု များလာပြီဆိုရင် အရမ်းကို ချစ်တယ်ဆိုတဲ့ လူတွေနဲ့လည်း စကားများတာပဲ။ မချစ်တဲ့လူနဲ့ဆိုရင်တော့ ပြောမနေနဲ့တော့။ အဲဒီလိုတွေ ဖြစ်နေတာ။ 

★ ဒါကြောင့် - Emotions reflect our relation with the world and play an essential role in our ability to adapt to environmental challenges. 

★ ပတ်ဝန်းကျင်ပြောင်းလဲတဲ့နေရာမှာ ကိုယ်က adapt လုပ်ရတယ်။ လိုက်ပြီးတော့ ပြောင်းလဲရတယ်။ မပြောင်းလဲဘူးဆိုရင် ဘုန်းဘုန်းတို့က survive မဖြစ်ဘူး။ မယှဥ်နိုင်ဘူး။ 

★ ရာသီဥတု ပြောင်းလဲလို့လား လူမူအခြေအနေ ပြောင်းလဲလို့လား။ စီးပွားရေး အခြေအနေ ပြောင်းလဲလို့လား။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလို့လား။ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲလို့ အခု ဘုန်းဘုန်းတို့ air condition အခန်းထဲမှာ နေတာလေ၊ ရာသီဥတုပူလို့။ ဒါ ပြောင်းလဲလာတာ။ 

★ အဲဒီ environmental changes က social environment နဲ့ ပြောရင် စကားပြောနေရင်းနဲ့ အစည်းအဝေးတက်နေရင်းနဲ့ လူတစ်ယောက်က သူ့ emotion ကို သူ control မလုပ်နိုင်လို့ စကားပြောတာ diplomatic လည်း မဖြစ်တော့ဘူး သိပ်လည်း မယဥ်ကျေးတော့ဘူး။ 

★ သူများပြောတာ သိပ်နားမထောင်ချင်တော့ဘူး။ သူလိုချင်တဲ့ဟာကိုပဲ သူက အရမ်းကို pushing ဖြစ်နေတယ် အရမ်းကိုတွန်းနေတယ်ဆိုရင် environment က ပြောင်းသွားပြီ။ အဲဒီလူတစ်ယောက်ကြောင့် environment က ပြောင်းသွားပြီ။ 

★ အဲဒီ ပြောင်းတဲ့ဟာကို ကိုယ်က သူ့ကိုလည်း ကူညီရာရောက်အောင် တစ်သင်း အဖွဲ့တစ်ဖွဲ့လုံးကို ကူညီရာရောက်‌အောင် ကိုယ်ဘယ်လိုလုပ်နိုင်တုန်း။ ဒါက EQ ပေါ်မှာ မူတည်တယ်။ Emotional Quotient ပေါ်မှာ မူတည်တယ်။ 

★ အဲဒီအချိန်မှာ ကိုယ်က သူ့ကို response လုပ်လိုက်တယ်။ ကိုယ့်ရဲ့ reaction သူ့ကို တုံ့ပြန်တဲ့ကိုယ်ရဲ့ reaction အဲဒီအချိန်မှာ အဲဒီလိုလုပ်တာ ကိုယ်က ဒေါသဖြစ်လိုက်လား။ ဒေါသဖြစ်တာကို ကိုယ်က သိလိုက်လား။ 

★ ကိုယ်က‌ ကြောက်စိတ်ဝင်တာ ကြောက်စိတ်ဝင်တာကို သိလိုက်လား။ စိုးရိမ်စိတ်ဝင်လာတယ်၊ အဲဒီ စိုးရိမ်တာကို သိလိုက်လား။ သိတယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်က Happy ဖြစ်ဖို့အတွက် အခြေခံရှိပြီတဲ့၊ ဒါ EQ ကောင်းလို့။ 

★ အဲဒီလို မဟုတ်ဘဲနဲ့ လူတစ်ယောက်က ထပြီးတော့ ဇွတ်အတင်းပြောတဲ့ဟာကို ကိုယ်က စိတ်ထဲမှာ ရင်ထဲမှာ မကျေမနပ်ဖြစ်လာပြီးတော့ ခန္ဓာကိုယ်ရော စိတ်ရော တင်းမာလာတယ်ဆိုရင် လောင်နေတဲ့မီးကို ကိုယ်က လောင်စာထပ်ထည့်လိုက်တာ။ 

★ အဲဒါကြောင့် ပထမဆုံး self-awareness ကိုယ့်ဟာကိုယ်သိရမယ်တဲ့။ ကိုယ့် emotion ကို ကိုယ် သိရမယ်။ အဲဒီအချိန်မှာ ဒီနေ့ပြမယ့် video clip လေးတွေ ရွေးထားတယ်။ အဲဒီ videoclip ထဲမှာ ဦးနှောက်က ဘယ်လိုပြောင်းသွားတယ်ဆိုတာ အဲဒါတွေပါ ပါတယ်။ 

★ ဘုန်းဘုန်းတို့ရဲ့ စိတ်အကြောင်း လူအကြောင်း သိဖို့က အရမ်းကြီး မခက်ပါဘူး။ စိတ်အကြောင်းဆိုရင်လ အဘိဓမ္မာ လေ့လာတဲ့ပုဂ္ဂိုလ်ဆိုရင် စိတ်အပိုင်းဆိုရင် နည်းနည်းလေးပဲ။ 

 ★ မြတ်စွာဘုရားလက်ထက်က စပြီးတော့ ရဟန္တာတွေရော နောက်ပြီးတော့ အဘိဓမ္မာ ပညာရှင်တွေရော လေ့လာနေတာ သူက အရမ်းကို လွယ်ကူအောင် လုပ်ထားပြီးပြီ။ ခက်ခဲတာကို လွယ်ကူအောင် လုပ်ထားပြီးပြီ။ 

★ အခုချိန်မှာ သိပ္ပံပညာရှင်တွေက genes အနေနဲ့ရော ဦးနှောက်အနေနဲ့ရော emotion အနေနဲ့ရော တွဲပြီးတော့ လေ့လာတဲ့အခါကျတော့ ပိုတောင်လွယ်လာတယ်။ ဦးနှောက် အနေနဲ့ ဆိုရင်လည်းပဲ သူက အရမ်းကြီး မခက်ခဲဘူး။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ်,ဆန်းတဲ့ဦးနှောက်-အပိုင်း(၁)

Mindful Brain, Happy brain at work and at Home
 ▬▬▬▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၁) 
 ★ Mindful Brain, Happy brain at work and at Home - ပျော်ရွှင်မှုအကြောင်းပါပဲ Happiness အကြောင်းပါပဲ ဒီနေ့ပြောမှာ။ 

★ လုပ်ငန်းခွင်မှာရယ် နောက်ပြီးတော့ အိမ်မှာရယ် ပျော်ရွှင်နိုင်တဲ့အကြောင်းကို ဗုဒ္ဓတရား တော်ရဲ့  ကျင့်စဥ်ထဲကနေပြီးတော့ သတိပဋ္ဌာန်အခြေခံတဲ့ မုဒိတာဘာဝနာ အဲဒီ မုဒိတာကျင့်စဥ် ရယ်၊ မုဒိတာ ကျင့်စဥ်ကို အလုပ်မှာရော အိမ်မှာရော ကျင့်ကြံနိုင်အောင် ဒီနေ့ ဒါလေး ဦးစားပေးပြီးတော့ ရှင်းပြသွားမှာ ဖြစ်ပါတယ်။ 

★ မြန်မာလိုကတော့ အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် တဲ့။ #လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် ဘုန်းဘုန်း ဘာသာပြန်ထားတဲ့ ခေါင်းစည်းက သိပ်ပြဿနာမရှိဘူး။ ★ Mindful Brain, Happy brain at work and at Home အဲဒါကို အဘိဓမ္မာရှုထောင့်ကနေ ကြည့်တော့ နည်းနည်းပြဿနာရှိတယ်။ 

★ Mindful Brain က ရုပ်တရားဖြစ်နေတယ်၊ Mindful ဆိုတာက စေတသိက်ဆိုတော့ နာမ်တရားဖြစ်နေတယ်။ ဒါကတော့ စာနဲ့ပေနဲ့ ‌ပြောချင်တဲ့လူ တွေးချင်တဲ့လူအနေနဲ့ ပြောပါတယ်။ 

★ အဲဒီတော့ Brain က mindful ဖြစ်နိုင်လား။ ဒါလေး မေးနိုင်စရာရှိတာပေ့ါ။ ရုပ်တရားက mindful ဖြစ်နိုင်လား၊ နာမ်တရားပဲ mindful ဖြစ်နိုင်တယ်မို့လား၊ ဒါတွေကတော့ ခဏထားအုန်း။ 

★ ဘုန်းဘုန်းက ဒီဟာကို တမင်သက်သက် ရွေးထားပါတယ် ဒီခေါင်းစည်း။ အထူးသဖြင့် ရုပ်နဲ့နာမ် ခန္ဓာကိုယ်နဲ့ စိတ်နဲ့ interdepedence အချင်းချင်း အပြန်အလှန်အများကြီး မှီခိုတယ်ဆိုတာ ဒါလေးပြောချင်တာ။ အခု ပြောမိသလောက်ကတော့ သူက စာသံပေသံ နည်းနည်းဆန်တယ်။ 

★ ဘုန်းဘုန်း ရည်ရွယ်ချက်က ဒီလို မဟုတ်ပါဘူး။ စာသံပေသံ နည်းနိုင်သမျှ နည်းအောင် နေ့စဥ်ဘဝမှာရော အိမ်မှာရော Happiness ကို ပျော်ရွှင်မှုကို ဘယ်လို ရရှိနိုင်တယ်ဆိုတဲ့ ဟာလေးကို စာသံပေသံ မပါဘဲနဲ့ လူတိုင်း အချိန်တိုင်းမှာ အလုပ်များတဲ့အချိန်မှာတောင်မှ ပျော်ရွှင်နိုင်အောင် ဒီနေ့ workshop က ဒါလေး ရည်ရွယ်ပါတယ်။ 

★ စိတ္တဗေဒ psychology ရှုထောင့်ကနေ ကြည့်ရင်တော့ ဒီနေ့ ဘုန်းဘုန်းက emotion management, emotion training ပေးနေတာပါပဲ။ 

★ Emotion လို့ပြောတဲ့နေရာမှာ အခုခေတ်မှာကြတော့ သိပ္ပံပညာက အရမ်းကို တိုးတက်တာ မြန်တဲ့အခါကျတော့ ဘုန်းဘုန်းတို့ စိတ်ညစ်တဲ့အခါမှာ ဘယ်လို ဟော်မုန်းတွေထွက်တယ်၊ ဦးနှောက်ရဲ့ ဘယ်အပိုင်းက အလုပ်လုပ်တယ်ဆိုတာ ဒါကို သိတယ်။ 

★ ဆိုလိုတာက အဘိဓမ္မာထဲမှာ ဘုန်းဘုန်းတို့ နှစ်ပေါင်း ၂၆၀၀ ပြောလာတဲ့ဟာ ဘယ်စိတ်ဖြစ်ရင် ဘယ်ရုပ်တရားကို သွားပြီးတော့ effect ဖြစ်တယ် သက်ရောက်မှုရှိတယ်၊ စိတ်နဲ့ စိတ္တဇရုပ် ဆိုတဲ့ဟာ အခု အတိအကျပြောနိုင်ပြီ။ 

 ★ ဘယ်ရုပ်၊ ရုပ်ကလဲ ဦးနှောက်ထဲမှာ ဘယ်နေရာမှာ အဲဒါ ပြောနိုင်တယ်။ အဓိကတော့ ဦးနှောက်ကို ပြောနိုင်တယ်။ ဒါ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ သုတေသန တိုးတက်မှုတွေပေါ့။ 

★ အဲဒါကြောင့် ဒီနေ့ Happiness ဆိုတဲ့ ပျော်ရွှင်မှုအကြောင်းကို ပျော်တဲ့နေရာမှာရော နောက်ပြီးတော့ လက်တွေ့ကျင့်ကြံတဲ့နေရာမှာရော ဘုန်းဘုန်းတို့က အရာနှစ်ခုကို ဦးစားပေးပြီးတော့ကြည့်မယ်။ 
🍃တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာမှာဆိုရင် emotion ကိုကြည့်မယ်။ 
🍃ဒုတိယဟာကျတော့ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် ဦးနှောက်ကိုကြည့်မယ်။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

"ကျွန်တော်လေ.လာခဲ.သမျှ ဗုဒ္ဓ အကြောင်း"

☑️ ကျွန်‌‌တော်တို.နှုင်. လုံးဝမတူကွဲပြားသော ဗုဒ္ဓဘာသာ မြတ်စွာဘုရား ဘယ်လောက် တရားကျင်.ခဲ.သည်ကို ဗဟုသုတအဖြစ် သူ.အသက် ၂၉ နှစ်ရောက်မှ သား'ရာဟုလာ' မွေးပြီး စိတ်ချမ်းသာမှုရရန် နန်းတော်မှထွက်ခဲ.ကြောင်း ပြောခဲ.ပြီးပြီ၊' နန်းတော်သို. ပြန်လာပါ-အခြားနည်းဖြင်. အဖြေရှာပါက ပိုကောင်းမည်' ဟု မာနတ်က သွေးဆောင် ခဲ.သည်၊ သို.သော် ဤလောကစည်းစိမ်မှန်သမျှ ငြိမ်သက်မှုမပေးကြောင်း ယူဆသဖြင်. ဆံပင်ဖြတ်ကာ သပိတ်လွယ်ပြီး တောသို.ထွက်ခဲ.လေ၏။ 

 ☑️ နိဗ္ဗာန်ရောက်ရန် ( နိဗ္ဗာန်= နေ၊လ၊စကြာဝဌာ Space နှုင်. တ/ကောင်းကင်အကြား ဖြစ်မည်ဟု ကျတော်ယူဆသည်)ကျင်.ကြံနေသော ရသေ. နှစ်ပါးထံ အတန်ကြာ လေ.လာခဲ.သော်လည်း သဗ္ဗုညုတညဏ်( အရာခပ်သိမ်းသိခြင်း) မရရှိနိူင်ကြောင်း သဘောပေါက်သဖြင်. တကိုယ်တည်း တရားကျင်.ခဲ.သည်။မင်းသားကဲ.သို. စိတ်ပြင်းပြ စွာကျင်.သူ (သို.)ကမ္ဘာမှာ ဘယ်တော.မှ အတိတ်/အနာဂတ်/ယခုလဲ မရှိဘူး ဟု သိရ၏။ 

☑️ တောထဲ၌ ၆ နှစ်တာလုံး ကျင်.ကြံခဲ.ပြီး မင်းသားသည် မြစ်‌ရေထဲသို. ရေချိုးပြီး အနီးနားရှိ သူဌေးသမီး သုဇာတာလှူဒါန်းသည်. ဃနာနို.ဆွမ်း လက်ခံလိုက်လေသည်၊ 
( ဤနေရာ၌ ကျတော် သိပ်စိတ်ဝင်စားသည်မှာ ၆ နှစ်လုံးလုံး ဘာမှမစားပဲ နေတာလား? အရည်သောက်သလား? ဆိုသည်.အရာဖြစ်ပြီး၊ မာနတ်ကတော. စားစရာ+မိန်းခလေးနဲ. သွေးဆောင်တာပဲ၊ဃနာနို.ဆွမ်း ဆိုတာလည်း ကုလား အစားစာ နွားနို.လိုမျိုး ဖြစ်မယ်၊ ၆နှစ်လုံး ထိန်းလာပြီးခါမှ အစားစာနဲ.ကျရှုံးခဲ.လေပြီ) 

☑️ရှင်ဘုရင် နှုင်. မိဖုရားတို. ထိမ်းမြားပြီး နှစ်၂၀ အထိ ကလေးမထွန်းကားခဲ.ရာ တည သော မိဖုရား၏အိမ်မက်ရူပါရုံ၌ ညာဖက်နံပါးမှ ဆင်ဖြူတကောင် ဝင်လာသည်ဟု မြင်မက်ချိန်မှစ၍ ပဌိသန္ဒေစတည်ကာ ၁၀လပြည်.သော် သားဖွါးရန်မိဘထံပြန်လာရင်း လမ်း၌ အင်ကြင်းပန်းခူးရန် လက်ကမ်းသည်နှုင်. မင်းသားလေး မွေးလာ၏၊ ထိုမင်းသား မွေးသည်.အချိန်၌ ကမ္ဘာပေါ်တွင် မြေငလျှင်လှုပ်ခဲ.သည်ဟု မှတ်တမ်းများအရ သိရသည်။

☑️မွေးပြီး ၇ ရက်မြောက်သောနေ.၌ မိခင်ကွယ်လွန်သွားသဖြင်. မိဖုရား၏ ညီမဖြစ်သူက စောင်.ရှောက်ခဲ.လေသည်။အဝေးတနေရာ တောအရပ်၌ သီတင်းသုံး တရားအားထုတ် နေသည်. ရသေ.တပါးသည် ရှင်ဘုရင်နန်းတော်တွင် မင်္ဂလာအပေါင်းနှုင်. ပြည်.စုံသော ရောင်ခြည် (ဓူဝံကြယ်ကဲ.သို.) ထွန်းလင်းတောက်ပနေသည်ဟု လှမ်းမြင် မက်၍ နန်းတော်သို.ပြန်ကြွလာသည်.အခါ ဖွါးမြင်စ မင်းသားငယ်ကို မြင်ခဲ.လေသည်။ 

☑️ရသေ.က "ဤမင်းသားငယ် အရွယ်ရောက်သော် အကယ်၍ ထီးမွေနန်းမွေ ဆက်ခံ ပါက ဤကျွန်းတခုလုံး ပိုင်နင်းသည်.စကြာ်မင်းဖြစ်မည်၊ အကယ်၍ ထီးနန်းစွန်.ပြီး ရဟန်းပြုမည်ဆိုပါက လူအပေါင်းကို ကယ်တင်မည်.သူ သမ္မာသမ္ဓုဒ္ဓဘုရားဧကန်စင်စစ် ဖြစ်လာလိမ်.မည်"ဟု ဟောကိန်း (ပရောဖက်) ထုတ်ခဲ.သည်။

☑️မင်းသား နှုင်. ဖခင်သည် လယ်ထွန်နေသည်. လယ်သမားအား ကြည်.ရှုကာ တီကောင် ကိုချီ၍ သစ်ကိုင်း၌ နားနေသည်.ဌက်ကလေးကို ကြည်.ရှုရင်း 'အော်! သက်ရှိအချင်းချင်း သတ်ဖြတ်နေကြပါတကား'ဟု ငယ်စဥ်က မိခင်ကွယ်လွန်ခဲ.သော မင်းသားငယ်သည် တီကောင်းအဖြစ်ကို လွန်စွာသနား ဂရုဏာသက်မိကာ စိတ်ထိခိုက်ခဲ.သည်။ 

☑️မင်းသားသည် နန်းတွင်း၌ ၂၀ နှစ်တိုင် ဆို/က/တီး နှုင်. ကျန်းမာသန်စွမ်းခြင်း ပျော်စရာ များသည် ကျွန်ုပ်အတွက် ဘာများအဓိပါယ်ရှိပါသနည်း? တနေ.သော အခါ အိုရ-နာရ -သေရအုံးမည်၊ အမှန်ရှာနည်း နှုင်. အမှားရှာနည်း၂ခု အနက် အမှားရှာနည်းသည် ဖျားခြင်း ,အိုခြင်း, နာခြင်းကို သိလျှက်နှင်.ပင် ဗလာနတ္တိဖြစ်သော မမြဲသည်.အရာကို ရှာနေခြင်းဖြစ်၏၊ 

☑️အမှန်ရှာနည်းကား အိုနာသေခြင်းကိုသိ၍ လူ.ဆင်းရဲဒုက္ခအပေါင်းကို ကျော်လွန် နိုင်သည်. အဖြေကိုရှာခြင်းပင်ဖြစ်သည်၊မင်းသား ၁၉ နှစ်ပြည်.သော် ယသော်ဓရာမင်း သမီးနှုင်. ထိမ်းမြားပြီး ၁၀နှစ်ကြာမှ သား ရာဟုလာ ထွန်းကားပြီး စိတ်ချမ်းသာမှုရှာရန် မြင်းဖြူစီး၍ တောသို.ထွက်ခဲ.လေသည်။ ထိုမင်းသားသည် နောင် ဗုဒ္ဓဘာသာတို. ကိုးကွယ် သည်. ဂေါတမဖြစ်သည်။ 

☑️ဒီမှာ- သတိထားရဲ.လား ဓူဝံကြယ် ,နံက်သား မိုးသောက်ကြယ်ဆိုတာ ဘုရားရဲ. အမည်နာမလေ၊ ကောင်းကင်အရပ်မှ မြေကြီးသို. သုံးပုံတပုံ နှင်ချသည်. Fallen Angel နတ်ကောင်းတော. မဟုတ်၊ နတ်ဆိုးဝိညဥ် လို. ကျွန်တော်တို. နားလည်ရတယ်၊နတ်ဆိုး god လဲ He can do all things အရာခပ်သိမ်းတတ်နိုင်သော်လည်း Almighty God အရာရာဖန်ဆင်းရှင်မဟုတ်ဘူး။ 

⬇️ နောင်တချိန် ဗုဒ္ဓမြတ်စွာဘုရား ဖြစ်လာမည်. မင်းသားသည် တော၌ ၆ နှစ်လုံး အစာရှောင်နေရင်း တခုသော ညနေ ရေမိုးချိုးအပြီး ထိုအနီးနားရှိ သူဌေးသမီး သုဇာတာ လှုဒါန်းသည်. ဃနားနို.ဆွမ်း လက်ခံစားသောက်သည်ကိုမြင်သော မင်းသားကို စောင်. ရှောင်. သည်.ရဟန်း ၅ ပါးက အလွန်အံ.သြပြီး အစာမစားတာတောင် ဘုရား မဖြစ်နိုင်၊ နို.ဆွမ်းစားရင် ဘယ်လိုဖြစ်နိုင်မည်နည်းကမ္မာဌုန်းလူထွက်ပါတကားဟု ကဲ.ရဲ.ပြစ်တင် အထင်သေးကာ သဗ္ဗညုတညဏ်တော်ရှင် မဖြစ်နိုင်ပါ'ဟု သူ.ကို ထားခဲ. လေ၏၊ 

⬇️ တော၌ မင်းသားတဦးတည်း နေခဲ.ပြီး "သွေးများကုန်ခမ်း၍ အသားများဆွေးမြေ.ကာ အရိုးကျေသွားပါစေ၊သဗ္ဗညုတညဏ်တော်ရှင် ရှိရာလမ်းရှာဖို. လုံ.လအနဲငယ်မျှမလျော.၊ 

⬇️ ငါ၏တင်ပလ္လင်ခွေမဖြေလျော.' ဟု ထပ်မံ အားထုတ်ပြန်သည်၊ သူ၏စိတ်သည် ထိန်းမနိုင် သိမ်းမရဖြစ်ပြီး ရှုပ်ထွေးနေသောအတွေးများပြည်.နှက်ကာ စိတ်ဓါတ်တခုလုံး အ‌မှောင်ထုဖုံးလွမ်းလျှက် မာနတ်သွေးဆောင်မှု အလူးလဲခံခဲ.သော်လည်း တခုချင်း စီစစ်ဆေးလေ.လာကာ အားလုံးကို ပယ်ချနိုင်ခဲ.သည်။ ခက်ခဲကြမ်းတမ်းလှ၍ သူ.အသွေးသားခမ်းခြောက်စေရုံမက အရိုးများကြေကွဲစေနိုင်သည်. စိတ်ပိုင်းဆိုင်ရာ ကိလေသာ ကျင်.စဥ်များကို ဆက်လက်ကျင်.ကြံ အားထုတ်ခဲ.လေသည်၊ 

⬇️ သို.ရာတွင် အရှေ.ကောင်းကင်ယံ၌ မိုးသောက်ကြယ်ပေါ်ထွက်ချိန် ကိလေသာ တဏ္ဠာချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်တရားကိုသိမြင်သွားပြီး မင်းသား၏စိတ်သည် နံက်အာရုံမိုးလင်းချိန်ကဲ.သို. ကြည်လင် တောက်ပလာပြီး အရဟ္တဖိုလ်ပေါက်၍ ဘုရားအဖြစ် သဗ္ဗညုတဉာဏ် ( အရာခပ်သိမ်းသိသောညဏ်) ရရှိသွားပြီး ထိုအချိန်သည် သက်တော် ၃၅ နှစ် ရှိပြီဖြစ်သည်။ထိုအချိန်မှစ၍ သူ.အားဗုဒ္ဓ၊ သဗ္ဗညုတညဏ်ရှင်၊ တထာဂတော ဟူ၍ အမျိုးမျိုးခေါ်ကြ၏၊ 

⬇️ သူသည် ရှေးဦးစှာ တော၌ ၆ နှစျလုံးလုံး တော၌ သူ.ကို စောင်.ကာ ထားရစ်ခဲ.သော ဉ်စစဝဂိရဟန်း ငါးပါးရှိရာ ဗာရဏတီပြည်သို.သွား၍ အစပထမ၌ ထိုသူ ၅ ဦးသည် ဗုဒ္ဒကို မမြင်သလို အဝေးမှရှောင်ကြသော်လည်း ဓမ္မစကြာ် ဟောသည်.အခါအခါ ယုံကြည်ကြပြီး ဗုဒ္ဓ၏ ပထမဆုံး နောက်လိုက်များ ဖြစ်လာကြ၏၊(ဤနေရာ၌ ယေရှုကားတိုင်တက်ပြီး နောက်လိုက်များသူ.ကိုထားခဲ.ကာ ထမြောက်သည်.အခါ သူ.နောက်လိုက်များထံသို. သွားခဲ.ပုံကို သတိရစေသည်) ကဲ....ဒီညအတွက် ဤမျှပါပဲ။ 

😃 ဗုဒ္ဓအကြောင်းဖတ်ရင်း စိတ်ထဲ၌ "အသက်ရှင်သော ချစ်ခြင်းမေတ္တာရှင် ထာဝရ ဘုရားကို ကိုးကွယ်ယုံကြည်သူဆိုပြီး တစ်လက်မသာသာထူသည်. ကျမ်းစာတစ်အုပ်ကို ကိုင်တာချင်းအတူတူ ကျွန်တော်တို.ခရစ်ယန်တွေ ဘာကြောင်.များ ဒီလောက်ထိ အသင်းတော်၊ဂိုဏ်း၊ဝါဒတွေ ကွဲပြားခြားနားကြသနည်း? ဗုဒ္ဓဘာသာမှာ ထေရဝါဒ (သံသရာမှလွတ်ခြင်း )နဲ.မဟာယာန( သံသရာ၌နေထိုင်ပြီး ဗုဒ္ဓအဖြစ် ဦးတည်) ၂ခုပဲရှိတယ်၊၊ ဗုဒ္ဓဘာသာက We're our own Architects "ငါတို.ကိုယ်တိုင် ငါတို.၏ ပိသုကာဖြစ်၏၊ မိမိအနာဂတ် မိမိပိုင်၏၊၊ 

😃 ဗုဒ္ဓသည် သူ.ကို စောင်.ရှောက်သော ရဟန်း ၅ ပါးသည် ပထမဆုံး ဗုဒ္ဓနောက် လိုက်များ ဖြစ်လာကြောင်း ပြောခဲ.ပြီ။ ထိုနောက် များစွာသောလူများသည် ဗုဒ္ဓကို ရေငတ်သူ ရေရှာသကဲ.သို. လိုက်ရှာပြီး ဘာသာဝင်များ ဖြစ်လာကြသည်။ ဗုဒ္ဓ၏ ခမည်းတော် (ဖခင်) သုဒ္ဓေါဒနမင်း၊ မယ်တော် ၊ မိဖုရားများလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြသည်၊ ဗုဒ္ဓသည် ၄၅ နှစ်လုံးလုံး တရားတော်လှည်.လည် ဟောပြောကာ သက်တော် ၈၀ ပြည်.သည်.အခါ နာမကျန်းသဖြင်. နိဗ္ဗာန်စံကြောင်း သိရသည်။ 

😃 ဗုဒ္ဓ၏ နောက်ဆုံးဟောပြောချက်ကား'' မည်သူ.ကိုမျှ အားမကိုးပါနဲ.၊ မိမိကိုယ်သာ အားကိုးပါ၊ အခြားသူ၏ သွန်သင်ခြင်းကို ခံယူခြင်းမရှိပဲ ငါ.သွန်သင်ချက်ကိုသာ လိုက်နာကျင်.သုံးပါ၊ မိမိ 'ကိုယ်'ကို စဥ်းစားပြီး မတည်မြဲမှုကို ဆင်ခြင်ပါ၊ တည်မြဲသော ခန္ဒာကိုယ်ဟူ၍မရှိ၊အနှေးနှင်.အမြန် ပျက်စီးကြွေလွင်.သွားမည် မဟုတ်လော.၊ အနတ္တဟု ထင်မှတ်ပါ၊ ဆင်းရဲဒုက္ခအပေါင်းသည် လူတိုင်းအတူတူဖြစ်သည်ဟုဇဝေဇဝါမဖြစ်ပါနဲ.၊ ငါ.တရားကို လိုက်နာကျင်.သုံးပါက ငါကွယ်လွန်ပြီးနောက် သင်သည် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ကင်းမည်ဖြစ်သည်။ 

😃 "တပည်.တို! ငါ၏သွန်သင်ခြင်းကို မည်သည်.အခါမှ မေ.လျောခြင်း၊ စွန်.ပစ်ခြင်း မပြုနှင်.၊ အမြဲတစေ အမြတ်တနိုးထားကာ လက်တွေ.ကျင်.သုံးပါက အသင်သည် ပျော်ရွှင်ချမ်းသာမည်ဖြစ်သည်၊ အသင်၏စိတ်ကို လောဘနှုင်. ကင်းအောင်ထားပါက သင်.စိတ် သန်.ရှင်းကြည်လင်၍ သစ္စာရှိသော စကားကို ပြောဆိုလာမည်၊ အနိစ္စ (သေခြင်း) ကို ဆင်ခြင်ပါက လောဘ၊ဒေါသကို ထိန်းချုပ်၍ မကောင်းမှုရှောင်ရှား နိုင်မည်ဖြစ်သည်၊ မိမိစိတ်ကို နိုင်အောင် ထိန်းပါ။ 

😃 စိတ်သည် လူကို ဗုဒ္ဓဖြစ်စေနိုင်သကဲ.သို. တောရိုင်းတရိစ္ဆာန်လည်း ဖြစ်စေနိုင်၏၊ အမှားနောက်လိုက်ပါက ရက္ခဘီလူး ဖြစ်မည်ဖြစ်ပြီးအမှန်တရား သိပါက ဗုဒ္ဓ ဖြစ်လာ နိုင်သည်။ ထို.ကြောင်. အသင်၏ စိတ်ကို ချုပ်ထိန်းပါ၊ ငါ၏ပြောဆိုဆုံးမမှုအောက် အသင်တို.သည် တဦး နှုင်.တဦး ချစ်ကြည် လေးစားကြမည်ဆိုလျှင် တဦးနှင်.တဦး အငြင်းပွါးမှုမဖြစ်စေရဘူး၊ သင်တို.သည် ဆီနှုင်. ရေကဲ.သို. မပေါင်းစပ် နိုင်သည်. အခြေနေမျိုး မဟုတ်ပဲ၊ နို.နှုင်. ရေကဲ.သို. ပေါင်းစပ်ရမည် ဖြစ်သည်။ ငါ.သွန်သင်မှုကို အတူတကွ လိုက်နာကျင်.သုံး ကျင်.ကြံပါ။ 

😃 ပျင်းရိမှုနှင်. အငြင်းပွါးမှုဖြင်. သင်.စိတ်နှုင် အချိန်ကို အလဟတ မဖြုန်းတီးပါနှင်.၊ အမှန်တရား၏ ပန်းမာန်များကို ဆွတ်ခူး၍ လမ်းမှန်အတိုင်း ကျင်.သုံးနေထိုင်ကြပါ။ အကယ်၍ ငါ၏ ပြောဆိုမှုများကို လိုက်နာကျင်.ကြံမည်ဆိုလျှင် ငါနှင်.အလှမ်းဝေး သော်လည်း ငါသည်သင်တို.နှုင်. အတူရှိနေသည်. သဘောမျိုး သက်ရောက်သည်။ တပည်.တို! သင်တို.နှုင်.ငါ ခွဲခွါရတော.မည်.အချိန် နီးကပ်လာပြီ ၊သို.ရာတွင်ဝမ်းနည်း ခြင်းမရှိကြနှင်.၊ ဘဝသည် အစဥ်အမြဲ ပြောင်းလဲနေ၍ သေခြင်းကို မည်သူမျှ ရှောင်လွဲ၍မရပါ၊ ထာဝရတည်မြဲသော အရာဟူ၍မရှိ။ 

😃 ကာမဂုဏ် လောဘရိုင်းသည် လူကိုလှည်.ဖျားရန် အခွင်.ကောင်း အမြဲစောင်.မြော်နေ သည်၊ အကယ်၍ အခန်းထဲ၌ မြွေဆိုးတကောင်းရှိပါက သင်သည် နှစ်ချိုင်.စွာ အိပ်လိုလျှင် မြွေဆိုးကို ဦးစွာ မောင်းနှင်ရမည်၊ သင်သည် မြွေဆိုးကဲ.သို. ကာမဂုဏ်ကို မောင်းထုတ် ပစ်ခြင်း ဖြင်.အသင်၏စိတ်ကို ကာကွယ်စောင်.ထိန်းပါ၊ ခန္ဒာကိုယ်သည် မိဘများမွေးထုတ် ခြင်းကြောင်. အဟာရဖြင်. ကြီးထွားလာခြင်းသာ ဖြစ်၍ဖျားနာသေဆုံးခြင်းကို ရှောင်ကွင်း ၍ မရပါ၊ ဖြစ်မြဲ ဓမ္မတာတည်း၊ ဗုဒ္ဓအစစ်သည် လူ.ခန္ဒာမဟုတ် အမှန်တရားကို သိခြင်း ဖြစ်သည်၊။

Tuesday, July 28, 2020

ရုတ်တရက်သေသွားသူ အပါယ်ရောက်သွားတာ မသိစိတ်ကြောင့်လား?

ရုတ်တရက်သေသွားတဲ့လူတွေက သင့်အတွက် ကျွန်တော့်အတွက် 
တစ်လောကလုံးအတွက် ပျော်ရွှင်တဲ့စိတ် ပျော်ရွှင်တဲ့ဦးနှောက် 
ဒုတိယပိုင်း - အပိုင်း(၅) - ဓမ္မအမေးအဖြေ 

👩 မေး။ ။ မင်္ဂလာပါ ဘုန်းဘုန်း တပည့်တော်ကတော့ ရန်ကုန်ကလာတာပါ။ 
တပည့်တော်မ သိချင်တဲ့ အကြောင်းအရာကကျတော့ တချို့လူတွေကပေါ့နော် ရုတ်တရက်သေသွားရတယ်။ 

ကားတိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ရေချိုးခန်းထဲမှာ ‌ငေါက်ခနဲ
ဆုံးတာဖြစ်ဖြစ်ပေါ့နော် အဲဒီလိုမျိုး ဆိုလို့ရှိရင် ကိုယ်သေဆုံးတာကို မသိဘဲနဲ့ အပါယ်ရောက်သွားတယ်လို့ ပြောကြတယ်ပေါ့နော်။ အဲဒီတော့ တပည့်တော်မ 
သိချင်တာက ရုတ်တရက် သေဆုံးတဲ့သူတွေက သေခါနီးစိတ်ကြောင့် ဖြစ်တာလား၊ 
ဒါမှမဟုတ် အဲဒီ သေခါနီးစိတ်ကို မသိလိုက်လို့ ဖြစ်တာလား ဘုန်းဘုန်း၊ 
အဲဒါလေး သိချင်ပါတယ်။ 

💡 ဖြေ။ ။ ★ ဘုန်းဘုန်း မေးခွန်း သိပ်နားမလည်ဘူး။ နားမလည်တာက သူက သေသွားပြီးပြီလေ၊ သူ သိဖို့မှ မလိုတော့တာ။ (အဲဒါကြောင့် မသိတဲ့စိတ်ကြောင့် 
အပါယ်ကို ရောက်သွားတာလား ဘုန်းဘုန်း၊ အဓိကတော့ 
အပါယ်က လွတ်ချင်တာပေါ့နော်။) 

အခု သမီးမေးတဲ့ဟာ အရမ်းကို သေသေချာချာ မေးနေတာဖြစ်တယ်၊ အဲဒီလို ရုတ်တရက်သေတိုင်း တချို့ဆိုရင် ကားတိုက်တာတို့ တချို့ဆိုရင်လေ
 တိရစ္ဆာန်တွေသတ်ခံရလို့ ရုတ်တရက်သေဆုံးသွားတာတို့ အဲဒီလို သေတဲ့လူတိုင်း မြန်မာအဆိုဆိုရင်တော့ အစိမ်းသေတယ်ပြောတာပေ့ါ။ 

★ အဲဒီလို အစိမ်းသေတိုင်း သူက ငရဲရောက်တာ မဟုတ်ဘူး။ 
မြတ်စွာဘုရားခေတ်တုန်းက မြတ်စွာဘုရားကို မမြင်ဖူးဘူး၊ နာမည်ပဲ ကြားဖူးတယ် 
အဲဒါ မြတ်စွာဘုရားကို သွားပြီးတော့ ရှာတယ်တဲ့။ သီတဂူဆရာတော်ကြီး
ဟောထားတဲ့ တရားအကျယ်ရှိပါတယ်။ လိုက်ပြီတော့ ရှာတာ။ 

 ★ တစ်နေရာမှာကျတော့ တဲကုတ်တစ်ခုထဲမှာ မြတ်စွာဘုရားကလည်း 
ခရီးထွက်နေရင်းနဲ့ အဲဒီမှာ နားနေတာပေ့ါ။ သူလည်းပဲ မသိဘူး၊ သူလည်း 
မိုးချုပ်နေတာ့ အိမ်ရှင်ကို ခွင့်တောင်းတာပေါ့နော် နားချင်တယ် 
ဒီမှာ ညအိပ်နားလို့ရလား။ ရတယ်။ 

ဒါပေမဲ့ အဲဒီထဲမှာ ရဟန်းတစ်ပါးရှိနေတယ်။ အဲဒါ သူ မြတ်စွာဘုရားရှိတဲ့နေရာကိုသွားပြီးတော့ မြတ်စွာဘုရားမှန်း 
မသိဘဲနဲ့ အတူတူ တစ်နေရာတည်းမှာ သွာတည်းတယ်ဆိုပါတော့။ 

ဒီလိုပဲ စကားပြောတာတဲ့ မြတ်စွာဘုရားကို ဘုရားမှန်း မသိဘဲနဲ့ 
ဒီအတိုင်းသူက စိတ်ဝင်တစားနဲ့ဆွေးနွေးတာ။ သူ အရိယာဖြစ်သွားတာပဲ။ 
အဲဒီကနေ သူထွက်ပြီးတဲ့ နောက်ပိုင်းမှာ သူ တိရစ္ဆာန် 
တိုက်ခိုက်ခံရလို့ သူ အသက်ဆုံးသွားတာပဲ။ 

အသက်ဆုံးသွားတယ်ဆိုပေမဲ့ ဒါ အခုခေတ်စကားနဲ့ပြောရင် 
အသေစိမ်းနဲ့သေတာပဲ။ ဒါပေမဲ့ သူ အရိယာဖြစ်သွားတာ။ 
အဲဒါကြောင့် အသေစိမ်းနဲ့ သေတိုင်း ရုတ်တရက်သေတိုင်း 
ငရဲကိုရောက်မယ်လို့ ကိုယ်မသိနိုင်ပါဘူး။ 

မသိနိုင်ဘဲနဲ့ ကိုယ်က အဲဒီလို အယူ ရှိတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း ကြောက်စိတ်ပိုများစေတယ်၊ တခြားလူတွေလည်း ကြောက်စိတ် ပိုများစေတယ်။ 

အဲဒီလို ပြင်ဆင်ခွင့် မရဘူးဆိုရင် ကိုယ့်ရဲ့ accumulative habit ဆိုတာ ကိုယ် အကြာကြီးစုစည်းထားတဲ့ အကျင့်တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် နောက်က 
ဦးနှောက်က စုစည်းထားတဲ့အကျင့်လား ရှေ့ကဦးနှောက်က စုစည်းထားတဲ့အကျင့်လား 
အဲဒီ အကျင့်တွေက သေခါနီးမှာ ကိုယ် စိတ်ထဲမှာ မပေါ်ဘူးဆိုရင် အဲဒီအကျင့်က 
ဆုံးဖြတ်ပေးမှာ အာစိဏ္ဏကံ ခေါ်တယ် သူဆုံးဖြတ်ပေးမှာ။ 

အဲဒါကြောင့် အကောင်းဆုံးနေတဲ့ပုဂ္ဂိုလ်တွေ သူတစ်ပါးအတွက်လည်စဥ်းစား ညှာတာတတ်တဲ့ပုဂ္ဂိုလ်တွေ အဲဒီပိုဂ္ဂိုလ်တွေ အတွက်ကတော့ ကြောက်စရာမရှိဘူးလို့ ဘုန်းဘုန်းက ပြောချင်တယ်။ မဟုတ်ရင် ကြောက်စရာအကြောင်းတွေပဲ 
ပြောနေတဲ့အခါကျတော့ သိပ်ကြောက်နေမှာစိုးလို့။ 

ဘုန်းဘုန်း ရိပ်သာတစ်ခု ဝင်တဲ့အခါမှာ ဆရာတော်က ဘာပြောတုန်းဆို 
ကိုယ်တော်တို့တဲ့ မောဟ တစ်စက္ကန့်လောက် ဝင်လိုက်ရင် အဲဒီ တစ်စက္ကန့်က ငရဲ ဘဝပေါင်းဘယ်နှစ်ဘဝ ပေးနိုင်တယ် အဲဒါပြောတယ် ဆရာတော်က။ 
ဘုန်းဘုန်းထင်တာကတော့ negative ဖြစ်တဲ့ဟာကို 
အားပေးလွန်းတယ်လို့ ထင်တယ်။ 

Positive ဖြစ်တဲ့ဟာကို သိပ်မပြောဘူးပေ့ါ။ အဲဒါကြောင့် ဘုန်းဘုန်း 
တရားဟောရင် ဘုန်းဘုန်း ငရဲအကြောင်း သိပ်မပြောဘူး၊ နတ်ပြည်အကြောင်းလည်း သိပ်မပြောဘူး။ နတ်ပြည်နဲ့ ဆုပေးလာဘ်ပေး အဲဒီပုံစံမျိုးလည်း 
သိပ်မပြောဘူး၊ ငရဲနဲ့ခြောက်တာလည်း သိပ်မပြောဘူး။ 

 ★ ဒီဘဝမှာ ကိုယ့်ရဲ့စိတ်ကို negative အတွေးတွေ မဝင်အောင် 
ဒါမှမဟုတ် နည်းအောင်လုပ်တဲ့လူက ဒီမှာကောင်းနေရင် နောင်လည်း ကောင်မှာပဲ။ 
အဲဒါလေး ဘုန်းဘုန်းက ပြောချင်တယ်၊ ငရဲရောက်တယ် မရောက်ဘူးဆိုတော့ 
ဘုန်းဘုန်းလည်း အတိအကျ မပြောနိုင်ဘူး။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

အတင်းပြောချင်စိတ်ကို ဘယ်လိုဖျောက်မလဲ ?

❒ 'အတင်းပြောခြင်း'ဆိုတဲ့ အပြုအမူတစ်ခုဟာ လူတော်တော်များများရဲ့ နေ့စဉ်လူမှုဘဝတွေထဲမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေတာကို သတိထားမိကြပါမှာပါ။
 'အတင်း'ကို မြန်မာအဘိဓာန်မှာတော့ 
'သူတစ်ပါးမကောင်းကြောင်းပြော သော
စကား'ရယ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ 

ဆိုတော့ ကျွန်တော်တို့တတွေဟာ ဘာလို့များ သူတစ်ပါးမကောင်းကြောင်းပြောခြင်းဆိုတဲ့အရာကို ကျွန်တော်တို့ရဲ့ ဘဝထဲမှာ 
အချိန်ပေးပြီး ပြုလုပ်နေမိသလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် 
ပြန်မေးကြည့်သင့်လှပါတယ်။ အဲဒီမေးခွန်းရဲ့နောက်ဆက်တွဲအဖြစ် 
အတင်းပြောတာ ကောင်းကျိုးတွေရနိုင်ပါရဲ့လား၊ ကောင်းကျိုးတွေ
မရနိုင်ဘူးဆိုရင် ဘယ်လိုများ ဖျောက်ပစ်ရမလဲဆိုတဲ့ 
မေးခွန်းတွေကိုလည်း ဆက်ပြီးအဖြေရှာ ကြည့်ကြရမှာပါ။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ 
၂၃ ရက်နေ့က မန္တလေး ဆေးဝါတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ 
တရားသင်တန်းမှာ အတင်းပြောခြင်းနဲ့ပတ်သက်ပြီး ... 
'အရှင်ဘုရား နောက်ကွယ်မှာ အတင်းပြောချင်တဲ့စိတ်ကို 
ဘယ်လိုဖြေရှင်းရမလဲဘုရား။ မကောင်းမှန်းသိပေမယ့် တပည့်တော် ပြောပြောဖြစ်နေလို့ပါဘုရား။ အဲဒါကို မကြိုက်လို့ပါဘုရား။ 

တပည့်တော် ပြင်ချင်လို့ပါဘုရား' လို့ မေးမြန်းခဲ့တာကို တွေ့ရပါတယ်။ 
အဲဒီမေးခွန်းကို အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိဖြေဆိုရှင်းပြ 
ထားတာတွေကို ပြန်လည်တင်ပြချင်ပါတယ်။ 

အဲဒီလိုပြန်လည်ရေးသားတဲ့နေရာမှာ အမှားအယွင်း
တစ်စုံတစ်ရာပါခဲ့ရင် ဆရာတော်နဲ့သက်ဆိုင်ခြင်းမရှိဘဲ ကျွန်တော်ရဲ့တာဝန်သာဖြစ်ကြောင်းကိုလည်း ပြောလိုပါတယ်။ 

∎ အတင်းပြောတဲ့စိတ်နဲ့ တယ်လိုမီယာ အောက်စဖို့ဒ်ဆရာတော်က 
အတင်းပြောတတ်တဲ့ စိတ်အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းရမယ်
ဆိုတာကို ရှင်းပြလမ်းညွှန်တဲ့နေရာမှာ ပါမောက္ခဒေါက်တာ အဲလိဇဘတ်ဘလက်ဘန်း(Elizabeth Blackburn) ရေးသားထားတဲ့ 
စာအုပ်တစ်အုပ်ကို ကိုးကားပြီး ရှင်းပြပါတယ်။ 

ဒေါက်တာအဲလိဇဘတ်ဟာ အင်္ဂလန်နိုင်ငံ၊ ကမ်းဘရစ်တက္ကသိုလ်က 
DNA နဲ့ပတ်သက်ပြီး အထူးအားဖြင့် ဆဲလ်နဲ့ပတ်သက်ပြီး 
ပါရဂူဘွဲ့ရထားတဲ့ ပါမောက္ခဆရာမကြီးပါ။ 

သူဟာ ၂ဝဝ၉ ခုနှစ်တုန်းက ဇီဝဗေဒနဲ့ပတ်သက်ပြီး ဆေးပညာဆိုင်ရာ နိုဘယ်ဆု
ရရှိထားတဲ့ နိုဘယ်ဆုရှင်လည်းပဲဖြစ်ပါတယ်။ သူရေးသားထားတဲ့ တယ်လိုမီယာ (Telomere)နဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်ကို ဆရာတော်က ကိုးကားပြီး အတင်းပြောရင်ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို ရှင်းပြပါတယ်။ 

အဲဒီစာအုပ်မှာ Your DNA is listening to your thought/ gossip ဆိုတဲ့ အခန်းတစ်ခုပါဝင်ပါတယ်။ အဲဒီမှာ ရေးထားတာက အတင်းပြောပြီဆို ရင် လူတစ်ယောက်ရဲ့စိတ်ခံစားမှုဟာ အပျက်သဘောပဲများတယ်လို့ ဆိုပါတယ်။ 

အကောင်းတွေးပြီး အတင်းပြောတာမျိုး မရှိပါဘူး။ အတင်းပြောပြီဟေ့ဆိုရင် 
လူတစ်ယောက်ရဲ့ ချို့ယွင်းချက်တွေ၊ အမြင်ကပ်စရာကောင်းတာတွေ၊ 
မုန်းစရာကောင်းတာတွေနဲ့ ဒေါသဖြစ်စရာကောင်းတာ၊ စိတ်ပျက်စရာကောင်း 
တာတွေချည်း ပြောမိတတ်ကြတာမျိုးကိုး။ အတင်းပြောပြီဆိုတာနဲ့ စိတ်ဟာ 
Negative Emotion(အဆိုးမြင်စိတ်ခံစား မှု)နဲ့ အပျက်သဘောပဲ
တွေးတော့တယ်။ မကောင်းတာပဲတွေးတော့တယ်လို့ ဆိုပါတယ်။ 

အဲဒီလို မကောင်းတာခဏခဏတွေးရင် DNA ပြောင်းသွားတယ် လို့သိရပါတယ်။ 
 ပါမောက္ခ အဲလိဇတ်ဘလက်ဘန်းဟာ ဆဲလ်ရဲ့အဆုံးမှာရှိတဲ့ တယ်လိုမီယာကို သုတေသနပြုလေ့လာခဲ့ရာမှာ 'အဆိုးမြင်စိတ်နဲ့ အပျက်သဘောချည်း 
ခဏခဏတွေးတဲ့သူရဲ့ တယ်လိုမီယာဟာ သက်တမ်းတိုတယ်၊ အကောင်းမြင် 
စိတ်နဲ့ အပြုသဘောတွေးသူရဲ့ တယ်လိုမီယာဟာ သက်တမ်းရှည်တယ်'
ဆိုတာ ကို လေ့လာတွေ့ရှိခဲ့ပါတယ်။ 

 ဒီနေရာမှာ ထပ်ပြီးရှင်းပြဖို့လိုလာတာက တယ်လိုမီယာရဲ့အကြောင်း
ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေမှာ DNA ပါတဲ့ ခရိုမိုဇုန်း ၄၆ ခုစီ
 ပါဝင်ပါတယ်။ ခရိုမိုဇုန်းတွေရဲ့ အဆုံးပိုင်းကို ဖုံးအုပ်ကာရံပေးထားတဲ့အရာကို တယ်လိုမီယာလို့ခေါ်ပါတယ်။ မြင်သာအောင်ပြောရရင် ဘွတ်ဖိနပ်ကြိုးတွေရဲ့
ထိပ်မှာ ဖွာထွက်မသွားအောင် အုပ်ထားတဲ့ ထိပ်စည်းအပိတ်လေးတွေလိုပါပဲ။ 

အဲဒီ ထိပ်ပိတ်လေးနဲ့ အုပ်မထားရင် ဖိနပ်ကျိုးမျှင်တွေ ဖွာလန်ထွက်ပြီး ပျက်စီးသွားနိုင်တယ်မဟုတ်ပါလား။ ကျွန်တော်တို့ရဲ့ လူ့ခန္ဓာကိုယ်မှာ ဆဲလ်အဟောင်းတွေရဲ့ပျက်စီးမှုကို ဆဲလ်အသစ်တွေနဲ့ အစားထိုးပေးရပါတယ်။ 
အဲဒီလို ဆဲလ်အသစ်ပွားတိုင်း တယ်လိုမီယာရဲ့အရှည်ဟာ တဖြည်းဖြည်းချင်း 
တိုလာပါတယ်။ တယ်လိုမီယာအရှည် ကုန်ဆုံးသွားချိန်မှာ ဆဲလ်တွေမှာရှိတဲ့ 
ခရိုမိုဇုန်းတွေမှာ ဘွတ်ဖိနပ်ကြိုးထိပ် အကာအရံမဲ့သလိုဖြစ်ပြီး 
ဖွာလန်ကြဲကုန်တာကြောင့် ဆဲလ်တွေပျက်စီးသွားရပါ တော့တယ်။ 

ဒါကြောင့် အသက်ကြီးလာတဲ့အချိန်မှာ တယ်လိုမီယာ တိုလာတာနဲ့အမျှ 
အိုမင်းရင့်ရော်မှု၊ ရောဂါဘယဖြစ်ပွားမှုတွေ ဖြစ်လာကြတော့တာပါ။ 
တခြား တစ်ဖက်ကပြောရမယ်ဆိုရင်တော့ တယ်လိုမီယာရှည်တဲ့သူက 
အသက်ရှည် နုပျို၊ ကျန်းမာတဲ့သဘောပါပဲ။ 

'အဆိုးမြင်စိတ်နဲ့ အပျက်သဘောချည်း ခဏခဏတွေးတဲ့သူရဲ့ 
တယ်လိုမီယာဟာ သက်တမ်းတိုတယ်၊ အကောင်းမြင် စိတ်နဲ့ 
အပြုသဘောတွေးသူရဲ့ တယ်လိုမီယာဟာ သက်တမ်းရှည်တယ်'ဆိုတဲ့ 
အယူအဆနဲ့ တစ်ပါတည်းချိတ်ဆက်ကြည့်မယ်ဆိုရင် အဆိုးမြင်စိတ်ရှိ
သူဟာ အိုမင်းလွယ်၊ ရောဂါဘယဖြစ်လွယ်တယ်ဆိုတာကိုပါ 
တွေ့ရမှာဖြစ်ပါတယ်။ 

အတင်းပြောတတ်တဲ့သူတွေဟာ အဆိုးမြင်စိတ်ရှိသူတွေဆိုတာကိုလည်းပဲ 
ကျွန် တော်တို့ သတိထားပြီး မြင်ကြရမှာပါ။ ဆိုတော့ အတင်းပြောတဲ့
သူတွေဟာ အိုမင်းလွယ် ယို့ယွင်းလွယ်တယ်လို့ ဆိုရမှာပါပဲ။ 

∎ ဘာကြောင့်အတင်းပြောချင်တာလဲ ကျွန်တော်တို့ဟာ ဘာကြောင့်များ 
လူတစ်ယောက်ရဲ့ မကောင်းကြောင်းကို ပြောမိနေရသလဲရင် 
ပထမဆုံးအချက်ကတော့ ကျွန်တော်တို့ဟာ စိတ်ထဲမှာ ကိုယ်ကိုယ်တိုင် မလုံမလဲဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ 

အဲဒီမလုံမလဲစိတ်ကြောင့်ပဲ 'သူမှားတယ်၊ ငါမှန်တယ်'ဆိုတဲ့ ထင်မြင် 
ယူဆချက် ရှိလာပါတယ်။ ဒါကြောင့်ပဲ ကိုယ်မှန်တယ်လို့မြင်ထားတဲ့ 
ကိုယ့်ရဲ့အမြင်ကို ခိုင်မာစေဖို့ တခြားတစ်ယောက်ရဲ့ ထောက်ခံမှုလိုအပ်တယ်လို့ 
ထပ်ပြီး တွေးထင်မိလာပြန်ပါတယ်။ ကိုယ်မှန်ကန်ကြောင်းတွေးထင်ထားတဲ့ 
ကိုယ့်ရဲ့အမြင်အပေါ် တစ်ယောက် ယောက်ရဲ့ထောက်ခံမှုမရရင် 
မလုံမလဲစိတ်နဲ့ လုံခြုံမှုမရှိတာကြောင့် သူများ မကောင်းကြောင်း 
နာနာနဲ့နှက်ရင်း၊ ကိုယ့်ကောင်းကြောင်းကို သာသာထိုးထိုး ပြောရင်း 
ထောက်ခံသူလိုက်ရှာတာဟာ အတင်းပြောတာပါပဲ။ 

တစ်ယောက်ယောက်နဲ့ အတင်းပြောပြီး ကျေကျေနပ်နပ်ကြီးဖြစ်သွားတတ်တဲ့ 
အရသာကို ကျွန်တော်တို့ အတော်များများ ခံစားကြရဖူးပါတယ်။ 
သေသေချာ ချာပြန်ဆန်းစစ်ကြည့်ရင်တော့ အဲဒီကျေနပ်မှုက 
အကြာကြီးမခံဘဲ ခဏလေး ဆိုတာကို တွေ့ရမှာပါ။ 

အဲဒီလိုဖြစ်တာဟာ အကြောင်းအချက် ၃ ခုကြောင့်ပါ။ 
- ပထမဆုံးတစ်ခုကတော့ တစ်ဦးတစ်ယောက်ရဲ့ မကောင်းကြောင်းကို
ပြောတဲ့ နေရာမှာ သတိတရားကိုအခြေမခံလို့ပါပဲ။ 

- ဒုတိယတစ်ခုကတော့ ပြဿနာကို နားလည်သဘောမပေါက်တဲ့အတွက် ပြဿနာဖြေရှင်းတဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီး တွေးခေါ်မြော်မြင်ပုံ 
မပြောင်းလဲ နိုင်လို့ပါပဲ။ 

- နောက်ဆုံးတစ်ခုကတော့ EQ (စိတ်ခံစားမှုညွှန်းကိန်း)နိမ့်နေလို့ပါပဲ။ 
( EQ ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိတာ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်စောင့်စည်း
နိုင်တာ၊ သူတစ်ပါးခံစားချက်ကိုသိတာ၊ ဆက်ဆံရေးကို 
စီမံခွဲနိုင်တာတွေပေါင်းစပ်ထားတာပါ။) 

ဘယ်လိုပဲဆိုဆို အတင်းပြောတဲ့အခါမှာ ကျေနပ်သွားတဲ့ သာယာမှုကို 
ကျွန်တော်တို့တွေဟာ စွဲလမ်းမိတတ်တယ်လို့ဆိုပါတယ်။ 
ဆိုးတာက အဲဒီသာယာမှုက အထက်မှာပြောခဲ့သလို ကြာကြာမခံတာပါပဲ။ 
ဒီတော့ အဲဒီသာယာမှုကို ကျွန်တော်တို့တတွေဟာ အမောတကော 
လိုက်ရှာရတော့တာပါပဲ။ 

အတင်းပြောတဲ့အကျင့်ဟာ စွဲလမ်းတတ်တဲ့သဘောရှိပါတယ်။ 
အတင်းပြောတဲ့အရသာကို ယစ်မူးသာယာနေရင် အဲဒါဟာ အရက်စွဲ၊ 
ဆေးလိပ်စွဲ၊ ကွမ်းစွဲနေသူတွေနဲ့ ဘာမှမကွာလှပါဘူး။ 
မူးယစ်ဆေးသုံးစွဲသူတစ်ယောက် ရဲ့ ဖြစ်စဉ်ကိုပဲကြည့်ပါ။ 

ဆေးသမားတစ်ယောက်ဟာ ဆေးသုံးလိုက်တဲ့အချိန်မှာ သူလိုချင်တဲ့ 
ကျေနပ်သာယာမှုကို ချက်ခြင်းဆိုသလို ရရှိပါတယ်၊ 
ဒါပေမယ့် အဲဒီကျေနပ်သာယာမှုဟာ မှန်ကန်တဲ့ ကျေနပ်သာယာမှု
မဟုတ်ဘဲ ဓာတုဗေဒ ဖြစ်စဉ်တွေနဲ့ အာရုံကြောတွေကို 
ကြိုးကိုင်ခြယ်လှယ် စေခိုင်းမှုသာဖြစ်ပါတယ်။ 

သို့တိုင်အောင်ပဲ ဆေးသမားဟာ အဲဒီသာယာမှုကို လိုက်ရှာ၊ ရယူ၊ 
သုံးစွဲတာကိုပဲ ဆေးစွဲနေတယ် (ဝါ) စွဲလမ်းမှုပြဿနာဖြစ်နေတယ်လို့ ဆိုကြတာပါ။ 
ဒီလိုဆိုရင် တစ်ဦးတစ်ယောက်ရဲ့ မကောင်းကြောင်းပြောရင်း ရလာတဲ့ 
သာယာမှုကို လိုက်ရှာ၊ ရယူ၊ သုံးစွဲနေတာဟာ ဆေးစွဲနေတဲ့သူတဲ့ 
ဘာမှတော့ မခြားနားလှပါဘူး။ 

 ∎ အတင်းပြောတဲ့အကျင့်ကို ဘယ်လိုဖျောက်မလဲ အတင်းပြောတာဟာ 
အိုမင်းလွယ်တယ်။ အတင်းပြောသူရဲ့ စိတ်အခြေအနေဟာ ဆိုးတဲ့ဘက်မှာ 
ရောက်နေတယ်။ အတင်းပြောခြင်းဟာ ကောင်းကွက်တစ်ခုမှလည်းမရှိ၊ ကောင်းကျိုးတစ်ခုမှလည်းမပေးသည့်တိုင်အောင် ခဏတာ 
သာယာမှုကြောင့် စွဲလမ်းတတ်တဲ့သဘောလည်းရှိတယ်ဆိုရင် 
အတင်းပြောတဲ့အကျင့်ကို ဘယ်လိုဖျောက်မလဲဆိုတဲ့မေးခွန်းကို 
အဖြေရှာကြရမှာပါ။ ပထမဆုံးကတော့ အတင်းပြောတဲ့အချိန်မှာ ဘယ်လိုစိတ်ခံစားမှုဖြစ်နေသလဲဆိုတာကို သိအောင်လုပ်ကြရမှာပါ။ 

တစ်ယောက်ယောက်ရဲ့ မကောင်းကြောင်း ပြောချင်နေပြီဆိုရင်၊ ပြောခဲ့မိပြီဆိုရင် တစ်ယောက်တည်း အေးဆေးငြိမ်သက်တဲ့နေရမှာ မိနစ်အနည်းငယ် 
အချိန်ယူပြီး ကိုယ်ပြောခဲ့သမျှကို ပြန်လည်သုံးသပ် ကြည့်သင့်တယ်လို့ အောက်စဖို့ဒ်ဆရာတော်က ဆုံးမလမ်းညွှန်တော်မူပါတယ်။ 
တစ်ယောက်တည်း အချိန်ယူပြီး ဘယ်လိုခံစားမှုတွေ ရှိနေသလဲဆိုတာကို 
နက်နက်တူးကြည့်ရင် မလုံခြုံတဲ့စိတ်ခံစားမှုနဲ့ အကျင့်ပါနေတာလို့ ဆိုတဲ့ အကြောင်းအချက်တွေကို တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ 

မလုံမလဲစိတ် (ဝါ) စိတ်ရဲ့မလုံခြုံမှုဟာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူသဘောထားကွဲလွဲတာကို သဘောထားကွဲလွဲတယ်ဆိုတဲ့နေရာမှာ 
ရပ်မထားဘဲ 'ကိုယ့်ရဲ့ အတွေးအခေါ်ကို ငြင်းပယ်တယ်'ဆိုတာထိ ပုံကြီးချဲ့ 
တွေးရင်းက ဖြစ်ကြ တာများပါတယ်။ 

ဘယ်သူပဲဖြစ်ဖြစ် အငြင်းပယ်ခံရတဲ့အခါ စိတ်ထဲမှာ 
မလုံမခြုံဖြစ်ကြတာပဲမဟုတ်လား။ ဒီအတွက် ကျွန်တော်တို့ဟာ 
အကြောင်းအရာ အဖြစ်အပျက်တွေကို ပုံကြီးချဲ့မတွေးဘဲ ရပ်ထားသင့်တဲ့
နေရာမှာ ရပ်ထားနိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ 

လူတစ်ယောက်ရဲ့ ချို့ယွင်းမှုကို အကြောင်းပြုပြီး ကိုယ်က အတင်းပြော 
သူမဖြစ်ဖို့လိုပါတယ်။ အတင်းပြောတတ်သူတွေကိုလည်း စိတ်ထဲမှာ 
မလုံမခြုံ ဖြစ်နေသူတွေ၊ တဒင်္ဂသာယာမှုကို စွဲလမ်းနေရှာသူတွေရယ်လို့ မြင်ပြီး 
ကရုဏာ ထားရမယ်လို့ ဆရာတော်က လမ်းညွှန်ပါတယ်။ 

 ဒီနေရာမှာ ဆက်စပ်ပြီး ပြောစရာရှိတာက 'စကားခြောက်ခွန်း၊ လူ၌ထွန်း၊ 
လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ်'ဆိုတဲ့ ဗုဒ္ဓကျမ်းဂန်လာ ဆိုရိုးစကားပါ။ စကားခြောက်ခွန်းဆိုတာကတော့ ... 

၁။ ဟုတ်မှန်၏၊ အကျိုးလည်းရှိ၏၊ တစ်ပါးသူနာကြားလိုသော စကားမျိုး။ 
၂။ ဟုတ်မှန်၏၊ အကျိုးလည်းရှိ၏၊ သို့ရာတွင် သူတစ်ပါး မနာကြားချင်သော စကားမျိုး။ 
၃။ ဟုတ်မှန်၏၊ အကျိုးကားမရှိ၊ သူတစ်ပါး မနာကြားလိုသော စကားမျိုး။ 
၄။ မဟုတ်မမှန်၊ အကျိုးတော့ရှိ၏၊ သူတစ်ပါးနာကြားလိုသော စကားမျိုး။ 
၅။ မဟုတ်မမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးနာကြားလိုသော စကားမျိုး။ 
၆။ မဟုတ်မမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးမနာကြားလိုသော 
စကားမျိုးတို့ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်ဟာ ဒီစကားခြောက်မျိုးမှာ အမှတ်စဉ် (၁) နဲ့ (၂) တို့ကိုသာ ချီးမွမ်းတော်မူတယ်ဆိုတာကို နှလုံးသွင်းရင်းက စကားပြောကြဖို့ ကျွန်တော်တို့ 
အလေးထား ကြိုးစားကြရမှာပါ။ ဒါ့အပြင် ဘုရားရှင်က ဒုစရိုက်(၁ဝ)ပါးရယ်လို့ မိန့်တော်မူထားခဲ့တာရှိပါတယ်။ ဒုစရိုက်ဆိုတာ ဒုစရိတ-မကောင်းသဖြင့်
ကျင့်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီမှာ နှုတ်နဲ့ပြုကျင့်အပ်တဲ့ 
ဒုစရိုက်လေးပါးရှိပါတယ်။ 

အဲဒါတွေကတော့ (၁) မဟုတ်မမှန် လိမ်ညာပြောခြင်း၊ 
(၂) ချောပစ်ကုန်းတိုက်သော စကားကိုပြောခြင်း၊ 
(၃) ကြမ်းတမ်းသောစကားကိုပြောခြင်း၊ (၄) အနှစ်မဖက် အနက်မပါ
ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်း .. တို့ပဲဖြစ်ပါတယ်။ 

ဒုစရိုက် တရားဆိုတာဟာ သူမိုက်တွေကျင့်သုံးတဲ့တရားသာဖြစ်တယ်
ဆိုတာကိုလည်း နှလုံးသွင်းဆင်ခြင်ဖို့ အထူးလိုအပ်ပါတယ်။ ဆိုတော့ အားလုံးကိုပြန်ခြုံပြီးပြောရရင် ကိုယ်ပြောမယ့်စကားတွေဟာ 
ဝစီဒုစရိုက်လေးပါးထဲမှာလည်း ပါနေမယ်၊ ဘုရားရှင်ချီးမွမ်းတော်မမူတဲ့
စကားရင် လည်းဖြစ်နေမယ်၊ အဆိုးမြင်စိတ်နဲ့ အပျက်သဘောချည်း 
ခဏခဏ တွေးအောင် စေ့ဆော်နေတဲ့အရာတွေလည်းဖြစ်နေမယ်ဆိုရင် 
အဲဒီစကားမျိုးတွေ မပြောမိအောင် အားထုတ်ကြရမှာဖြစ်ပါတယ်။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ကတော့ 'အတင်းပြောတဲ့သူကို အတင်းမပြောခြင်းအားဖြင့် အနိုင်ယူပါ။ ကိုယ့်အပေါ်မှာ 
စိတ်ကောင်းမထားတဲ့ သူကို သူ့အပေါ်မှာ စိတ်ကောင်းထားခြင်းဖြင့် 
အနိုင်ယူပါ' လို့ ဆုံးမလမ်းညွှန် တော်မူခဲ့ကြောင်းပါဗျာ။ 

★ ❛ အသောကမင်း ❜ ❛ (BC 304-232) ❜ ★

 ပြည်သူများအတွက် ဥယျာဉ်များ, လမ်းများ, ရေတွင်းရေကန်များ, ဆေးရုံများ ပြု ပြင်ဆောက်လုပ်ပေးခဲ့သည်။ မိန်းမများ ပညာသင်ကြားနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ်များ တည်ဆောက်ပေးခဲ့သည်။ ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက်အာရှရှိ ဝေးကွာသောနိုင်ငံများမှ ကျောင်းသားများပင် 
ပညာလာသင်ကြားကြသည်။ 

 ★ထိုကျောင်းသားများသည် မိမိတို့ဇာတိသို့ ပြန်သွားသောအခါ ဗုဒ္ဓသာသနာတော်ကို ဆောင်ကြဉ်းသွားကြလေသည်။ လူများအတွက်သာမက သတ္တဝါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရိစ္ဆာန်များကိုသတ်ဖြတ်၍ ယစ်ပူဇော်သော
ဓလေ့ကို တားဆီးခဲ့သည်။ တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ 
တည်ထောင်ပေးရုံသာမက, တိရိစ္ဆာန်ဆေးကုသရေး ဌာနများပင် 
တည်ဆောင်ပေစခဲ့သည်။ 

 ★အသောကမင်းကြီးလက်ထက်တွင် ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေရန်အတွက် 
တတိယ သံဃာယနာ တင်တော်မူခဲ့သည်။ ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သာသနာတော် (၂၃၅)ခုနှစ်, တတိယသံဃာယနာတင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တပို့တွဲလအတွင်း၌ပင် အသောကမင်းတရားကြီးနှင့် 
အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က (ကိုးတိုင်းကိုးဌာန) 
ပြည်နယ်တို့ကို ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် 
သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။ 

★ကမ္ဘာ.သမိုင်း၌ ဘုန်းလက်ရုံးနှင့်ပြည့်စုံကြ၍ ကျယ်ဝန်းသော 
နိုင်ငံတော်ကြီးများကို တည်ထောင်ခဲ့ကြသော ဧကရာဇ်မင်းများအနက် အသောကမင်းတရားကြီး၏အမည်သည် အခြားသော ဧကရာဇ်မင်းများ၏ ကျော်ကြားထင်ရှားနည်းမျိူးဖြင့် မဟုတ်ဘဲ ကမ္ဘာတစ်လွှား၌ ထင်ပေါ်
ကျော်ကြားခဲ့ပေသည်။ ယင်းသို့ တစ်မူထူးခြား၍ ကျော်ကြားရခြင်းမှာ အသောကမင်းတရားသည် မေတ္တာ, ကရုဏာ, စေတနာတရားတို့ကို 
အရင်းခံထား၍ လူသတ္တဝါအများ၏ လောကီလောကုတ္တရာ 
နှစ်ဖြာချမ်းသာရေးကို ရှေးရူလျက် မိမိ၏နိုင်ငံတော်ကို အခြားအခြားသော 
ဧကရာဇ်တို့ကဲ့သို့ အာဏာစက်ဖြင့် မအုပ်စိုးမူ၍ ဓမ္မစက်ဖြင့်သာ 
အုပ်စိုးခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အသောကမင်းတရားကြီး၏ 
ဘွဲ့နာမသည် ဥရောပအနောက်စွန်းမှသည် အာရှတိုက်အရှေ့စွန်းသို့တိုင်အောင် 
ယခုခေတ်အထိ မမှေးမိန်ပဲ အလေးအမြတ်ပြုခြင်းကို 
ခံယူရလျက်ပင်ရှိပေသည်။ 

★(BC-300)ခုနှစ်ခန့်က ဂရိဧကရာဇ် (အယ်လက်ဇနအ သ-ဂရိတ်)၏ 
ဂရိတပ်များသည် အိန္ဒိယအနောက်မြောက်ပိုင်းမှ ဝင်ရောက်တိုက်ခိုက်လာ၍ အိန္ဒု မြစ်ဝှမ်းတစ်ခွင်၌ လွှမ်းမိုးကြီးစိုးလာကြသောအခါ ယင်းတို့အား ဂင်္ဂါမြစ်ဝှမ်းသို့
မရောက်စေရန် တွန်းလှန်တိုက်ခိုက်ခဲ့သည်။ နောင်အခါကျယ်ဝန်းကြီးမားသော မောရိယနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ စန္ဒဂုတ္တမင်းတရားကြီး၏ 
မြေးတော်ဖြစ်သော သီရိဓမ္မာသောကမင်းဟုလည်း ခေါ်တွင်သော 
အသောကမင်းသည် ဗိန္ဓုသာရမင်းနှင့် ဓမ္မာမိဖုရားတို့၏ 
သားတော်တစ်ပါးဖြစ်ပေသည်။ 

(BC-304)ခုနှစ်ခန့်တွင် ဖွားမြင်သည်ဟုခန့်မှန်းကြသည်။ အသောကမင်းအရွယ်
ရောက်လျှင် အဝန္တိတိုင်း, ဥဇ္ဇေနီပြည်ကြီးကို စားရသည်။ ဥဇ္ဇေနီပြည်စား 
မင်းသားဘဝ၌ပင် သာကီဝင်သူဌေးသမီးဖြစ်သော ဝေဋိသဒေဝီကို ယူခဲ့၍ 
နောင်အခါ ဗုဒ္ဓသာသနာပြု မထေရ်မြတ်တစ်ပါးဖြစ်လာသော 
ရှင်မဟိန္ဒထေရ်လောင်းနှင့် သင်္ဃမိတ္တာထေရီလောင်း, သားတော်နှင့် 
သမီးတော်တို့ကို ရခဲ့သည်။ 

★တစ်ခါတစ်ပါး ဗိန္ဓုသာရမင်းကြီး နာမကျန်းဖြစ်တော်မူသည်ဟု 
ကြားသိရလျှင် အသောကမင်းသည် ဝေဋိသဒေဝီနှင့် သားတော်သမီးတော်တို့ကို ဥဇ္ဇေနီပြည်၌ပင်ထားခဲ့၍ ခမည်းတော်ရှိရာ ပါဋလိပုတ္တနေပြည်တော်သို့ 
အလျင်အမြန်လာခဲ့၍ ခမည်းတော်အားလုပ်ကျွေးပြုစုသည်။ 
ခမည်းတော် ခန္ဓာငြိမ်းလျှင် နိုင်ငံအလုံးကိုသိမ်းပိုက်လိုက်လေသည်။ 
ထိုအခါ တက္ကသိုလ်ပြည်၌ သူပုန်သူကန်တို့ကိုနှိမ်နင်းနေသည့် 
နောင်တော်သုမန မင်းသား ခေါင်းဆောင်သော 
(အသောကမင်းသားနှင့် တစ်မိတည်းမဟုတ်သည့် ) 
(ကိုးကျိပ်ကိုးယောက်)သော ညီနောင်မင်းသားတို့သည် သမုဒ္ဒရာလှိုင်းထ 
သကဲ့သို့ စစ်ကြီးချီလာ၍ ပါဋလိပုတ္တနေပြည်တော်ကို ဝန်းရံလုပ်ကြံ
ကြသော်လည်း အရေးမလှကြပဲ သေကြေပျက်စီး ကြရလေသည်။ 

★အသောကမင်းသည် ထီးနန်းကိုသိမ်းပိုက်ပြီး၍ (၄)နှစ်ကြာမှသာလျှင် 
(BC-270 ပြည့်ဟု ခန့်မှန်းကြသည်) ရာဇဘိသေကကို ခံယူတော်မူသည်။ စာပေအထောက်အထားများအရ ရာဇဘိသေကမခံယူမီ တက္ကသိုလ်ပြည်၏ 
သူပုန်သူကန်ရန်ကို နှိမ်နှင်းခြင်းစသော နိုင်ငံနော်ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်လျက်ရှိနေကြောင်း ယူဆရပေသည်။ 

ဘိုးတော်နှင့် ခမည်းတော်တို့နည်းတူ နိုင်ငံတော်ကိုချဲ့ထွင်ခဲ့ကြောင်းလည်း 
သိရသည်။ ရာဇဘိသေကခံယူသောအခါ (ဒေဝါနံပီယ)ဟူသော ဘွဲ့ကိုလည်းကောင်း, 
(ပီယဒဿ ီ)ဟူသော ဘွဲ့ကိုလည်းကောင်း ခံယူသည်။ 
တစ်မိတည်းဖွား ညီတော်ဖြစ်သော တိဿ 
ကုမာရ အား အိမ်ရှေ့အရာအပ်နှင်းသည်။ 

အဂ္ဂမဟေသီမိဖုရားကြီးကား 
အသန္ဓီမိတ္တတည်း။ ဝေဋိသဒေဝီသည် သားတော် မဟိန္ဓ နှင့် သမီးတော် 
သိင်္ဃမိတ္တာတို့ကို ပါဋလိပုတ္တနေပြည်တော်သို့ ပို့စေ၍ မိမိမူ ဝေဒိဿ 
ဂီရိမြို့၌ပင် နေလေသည်။ မင်းတရားကြီးသည် နိုင်ငံနော်အုပ်ချူ ပ်ရေးကို 
စည်းစနစ်ကျနစွာဖြင့် ဆောင်ရွက်သည်။ နိုင်ငံတော်အတွင်း၌ နယ်ပယ်အသီးသီးသို့ မင်းညီမင်းသားများနှင့် ယုံကြည်စိတ်ချရသော အမတ်ကြီးများကို စေလွှတ်ကာ
အုပ်ချူ ပ်စေသည်။ ပြည်နယ်ကြီးများ အုပ်ချူ ပ်ရသူကို ရာဇူကဟုခေါ်၍ ခရိုင်ဝန်အဆင့်အတန်းရှိသူများကို ပြာဒီသိကဟု ခေါ်သည်။ 

နိုင်ငံနော်တစ်ခုလုံးကို ဌာနအသီးသီးခွဲ၍ အုပ်ချူပ်စေရာ, ဌာနတာဝန်ခံကို 
မုခဟုလည်းခေါ်၍ မဟာမတ္တဟုလည်းခေါ်သည်။ အုပ်ချူ ပ်ရေးအတွက် 
ခွဲခြားထားသော ဌာနများတွင် စက်မှုလက်မှုလုပ်ငန်းဌာန, အခွန်တော်စည်းကြပ်ရေး
ဌာနနှင့် စစ်တမ်းကောက်ယူရေးဌာန, နိုင်ငံတွင်း နိုင်ငံပ ကူးသန်းရောင်းဝယ်ရေးဌာန, တိုင်းရင်းထွက်ကုန်ပစ္စည်းများ စီမံခန့်ခွဲရေးဌာန, 
အမြတ်တော်ကြေးဌာနတို့လည်း ပါဝင်သည်။ 

★စစ်ဘက်၌လည်း ယင်းသို့ပင် ဌာနများခွဲ၍ အုပ်ချူ ပ်ရာ ရေကြောင်း, 
စားနပ်ရိက္ခာ, ခြေလျင်တပ်, မြင်းတပ်, ရထားတပ်, ဆင်တပ် စသည့်ဌာနတို့ဖြစ်သည်။ အခြားနိုင်ငံများနှင့်လည်း သံတမန်လဲလှယ်ဆက်သွယ်ကာ ချစ်ကြည်စွာဆက်ဆံခဲ့ရာ ဂရိနိုင်ငံသည်လည်း အသောကမင်းကြီး၏ မောရိယနိုင်ငံတော်နှင့် 
အဆက်အသွယ်ရှိခဲ့သည်။ 

အုပ်ချူ ပ်ရေးကို ဆောင်ရွက်ရာ၌ မင်းတရားကြီးသည် အချိန်မရွေး နေရာမရွေးဆောင်ရွက်သည်။ နိုင်ငံငြိမ်းချမ်းသာယာမှုကို မင်းတရားကြီးသည် ကိုယ်ရေးထက်မကပင် အလေးပြုပေသည်။ အသောကမင်းတရားကြီးရေးထိုးခဲ့သော ကျောက်စာတစ်ချပ်၌- ❛❛တစ်လောကလုံး၏ ကောင်းကျိူးချမ်းသာအတွက် ဆောင်ရွက်ရန်တာဝန်ထက် ကြီးလေးသော တာဝန်သည်မရှိ။ ငါကြီုးပမ်းအားထုတ် လုပ်ကိုင်ဆောင်ရွက်သမျှတို့သည်လည်း ဝေနေယျ သတ္တဝါတို့အား 
ဤပစ္စုပ္ပန်ဘဝ၌ ချမ်းသာသုခဖြစ်စေရုံသာမက နောင်တမလွန်ဘဝပါ 
ကောင်းရာသုဂတိသို့ ရောက်ကြစေခြင်းငှာ ငါ၌ ဆောင်ရွက်သည့်တာဝန်တည်း
ဟူသော ကြွေးမြီမှ လွတ်ကင်းစေရန်ဖြစ်သည်❞ဟူ၍ ပါရှိလေသည်။ 

★ဆိုခဲ့သည့်အတိုင်း မင်းတရားကြီးသည် ကျယ်ပြန့်သော နိုင်ငံတော်ကြီးကို တည်ထောင်နိုင်သည်သာမက နိုင်ငံတော်ကြီးကို စနစ်တကျ စီမံခန့်ခွဲအုပ်ချူပ်
နိုင်ခဲ့လေရာ မင်းတရားကြီး၏ အမိန့်ရာဇသံကို ပါဋလိပုတ္တနေပြည်တေည်မှ 
အိန္ဒု မြစ်ဝှမ်းသို့ တိုင်လည်းကောင်း, အာရေဗျပင်လယ်သို့တိုင်လည်းကောင်း 
မပျက်မကွက် ဦးထိပ်ရွက်ဆင်၍ နာခံကြရလေသည်။ အသောကမင်းတရားကြီးသည် ဖွားတော်မူသည်မှစ၍ မင်းအဖြစ်သို့ရောက်သည့်တိုင်အောင် မျိူးရိုးစဉ်လာအတိုင်း ဗြဟ္မဏအယူဝါဒီတစ်ဦးဖြစ်သည်။ ဘိုးတော်, ခမည်းတော်တို့ ပြုသကဲ့သို့ပင် 
အာဇီဝကတို့အား ကိုးကွယ်၍ နေ့စဉ် အာဇီဝက (၆၀ ၀၀၀)တို့အား နန်းတော်၌ ဆွမ်းဝတ်ပြုသည်။ 

သို့သော် ဘိသိက်ခံ၍ (၄)နှစ်မြောက်ပြီးနောက်တွင် နိဂြောဓ သာမဏေငယ်ကို 
အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ၌ သက်ဝင်ယုံကြည်သော ဥပသကာတစ်ဦး
ဖြစ်လာပြီးလျှင် သာမဏေငယ်၏ ဆရာတော်ဖြစ်သော အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့်တကွ များစွာသော ရဟန္တာအရှင်မြတ်တို့ကို ရိုသေစွာ ဆည်းကပ်
ကိုးကွယ်သည်။ ရဟန်းသံဃာတို့နေစိမ့်သောငှာ ပါဋလိပုတ္တနေပြည်တော်၏ 
အရှေ့နောင်ဘက်၌ အသောကာရာမကျောင်းတော်ကြီးကို ဆောက်လုပ်လှူ 
ဒါန်းခဲ့ရာ အသောကမင်းတရားကြီး၏ ပထမဆုံးသော 
ကုသိုလ်တော်အဆောက်အအုံကြီး ဖြစ်ပေသည်။ 

★ရာဇဘိသေက ခံယူပြီးနောက် (၈)နှစ်အကြာ (BC-262)ခုနှစ်တွင် 
အသောကမင်းကြီးသည် အရှေ့ဘက်ပင်လယ်ကမ်းခြေ, မဟာနဒီနှင့် ဂိုဒါဝရီမြစ်တို့
စပ်ကြားရှိ ကလိင်္ဂတိုင်း(သြရိဿ )တိုင်းကို သိမ်းသွင်းရန် ရေတပ်, ကြည်းတပ် 
အလုံးအရင်းနှင့် ချီတက်လုပ်ကြံရာ အလိုတော်ပြည့်သည်။ ထိုအချိန်တွင် 
အသောကမင်းကြီး၏ နိုင်ငံတော်သည် တောင်ဘက်စွန်းပြည်နယ်ငယ်အချို့မှအပ အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး ပါဝင်ခဲ့လေသည်။ 

★ကလိင်္ဂစစ်ပွဲတွင် အသောကမင်းကြီး၏ ရာဇဝင်ကြောင်းကို လမ်းပြောင်းလိုက်သော စစ်ပွဲကြီးဟု ဆိုရပေမည်။ မင်းတရားကြီးသည် ကလိင်္ဂကို အောင်နိုင်ရသော်လည်း ရွှင်လန်းအားရခြင်း မဖြစ်နိုင်တော့ပေ။ သွေးချောင်းစီးအောင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသဖြင့် ကလိင်္ဂတိုင်းရင်းသား သိန်းသောင်းမက 
သေကြေပျက်ဆီးကြရသည်။ ထောင်သောင်းချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ကြရသည်။ 
ယင်းတို့ကို ကိုယ်တော်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရသောအခါ 
လက်နက်အားကိုးဖြင့် သူတစ်ပါးအား နှိပ်စက်သတ်ဖြတ်မိခြင်းကို 
ယူကြုံးမရဖြစ်မိသည်။ 

ရန်သူများကိုလည်း သနားစာနာမိသည်။ လူအချင်းချင်းအပေါ်ဝယ် မေတ္တာတရား, 
ကိုယ်ချင်းစာ တရားတို့ကိုသာ ပွားများမိလေသဖြင့် စစ်အတိုက်အခိုက်၌ 
များစွာငြီးငွေ့ စက်ဆုတ်သွားသည်။ နိုင်ငံသူနိုင်ငံသားတို့အား စိတ်ဝမ်းချမ်းမြေ့စွာဖြင့် နေထိုင်စေလိုသောစိတ်များဖြစ်ပေါ်လာသည်။ ထို့ကြောင့် မိမိထက်
အင်အားငယ်သော နိုင်ငံများကို လက်နက်အင်အား လူအင်အားဖြင့်
 ဖိနှိပ်တိုက်ခိုက် အနိုင်ယူသည်ထက် မေတ္တာတရားဖြင့် အနိုင်ယူတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ 

 ★ကလိင်္ဂမှ နေပြည်တော်သို့ ပြန်ရောက်သောအခါ မေတ္တာတရားနှင့် 
ဂရုဏာတရားတို့ကို အရင်းခံထား၍ သူတစ်ပါးအား ညှင်းပန်းနှိပ်စက်မှုကို 
မလိုလား, အားမပေးသော ဗုဒ္ဓအယူဝါဒကို ပို၍ကြည်ညိုလေးစားကာ 
ထက်ထက်သန်သန်ဆည်းကပ် ကိုးကွယ်ခြင်းကို 
ပြု ပြီးလျှင် သာသနာတော်ကိုများစွာ ချီးမြောက်တော်မူသည်။ 

တရားတော်နှင့်လျော်ညီစွာ နေထိုင်ကျင့်ကြံနိုင်ရန် ကိုယ်တော်တိုင်လည်း 
ကိုယ်စိတ်နှစ်ပါးကို အထူးပြု ပြင်တော်မူသည်။ မိမိသာမက မိမိ၏မိဖုရား, သားတော်, သမီးတော်, ခြွေရံသင်းပင်း အသိုက်အဝန်းနှင့်တကွ မိမိ၏နိုင်ငံသားအားလုံးတို့၏ ပစ္စုပ္ပန်နှင်တမလွန်အကျိူ း စီးပွားဖြစ်ထွန်းရေး, လူသားအချင်းချင်း, 
ပြည်ထောင်အချင်းချင်း ချစ်ကြည်ငြိမ်းချမ်းရေးအတွက် ကောင်းမြတ်သော
တရားဓမ္မဖြင့်သာ အောင်မြင်ရာသည်ဟူသော 
ဓမ္မဝိဇယဝါဒကို လိုက်နာကျင့်သုံးစေလေသည်။ 

★နိုင်ငံတော်အတွင်း၌ ဗုဒ္ဓအယူဝါဒကို ကြည်ညိုလေးစားလာသူများ 
ပေါများလာအောင် အားထုတ်သည်။ နိုင်ငံတော်အတွင်း၌ အရာထမ်းအမှုထမ်းများကို သက်ဆိုင်ရာပြည်နယ်များ၌ (၅)နှစ်တစ်ကြိမ် လှည့်လည်၍ တရားဓမ္မများကို 
လူအများအား ဟောကြားပြသရန် ညွှန်ကြားသည်။ ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ 
အစရှိသော ဘုရားရှင်နှင့်စပ်လျဉ်း၍ အထွက်အမြတ်ထားသော အရပ်များသို့ အဖူးအမျှော်သွားရောက်ပြီးလျှင် ထိုနေရာအရပ်များ၌ အထိမ်းအမှတ်
အဆောက်အအုံများ စိုက်ထူတည်ဆောက်ခဲ့သည်။ 

မိမိဆောင်ရွက်ခဲ့သမျှအကြောင်းအရာများနှင့် တရားဓမ္မအဆုံးအမတို့ကို ကြာရှည်စွာမပျောက်မပျက်တည်တံ့စိမ့်သောငှာ နိုင်ငံတော်အတွင်းရှိ 
နယ်ပယ်အသီးသီးတို့၌ ကျောက်တိုင်များ, ကျောက်ပြားများ, ကျောက်ဂူ 
လိုဏ်နံရံများတွင် ကမ္ဗည်းကျောက်စာထွင်း၍ အနှံ့အပြား၌ မော်ကွန်းထားခဲ့သည်။ နိုင်ငံတော်အတွင်း အနှံ့အပြညး၌ မော်ကွန်းကျောက်စာများဖြင့် မှတ်တမ်းတင်
ထားခဲ့ရာ မိဂဒါဝုန်, လုမ္ဗိနီ စသော ဗုဒ္ဓအယူဝါဒဆိုင်ရာ အထွက်အမြတ်နေရာများ၌
လည်းကောင်း, ပါဋလိပုတ္တနေပြည်တော်မှ မိုင်ပေါင်း (၁၀၀၀၀)ကျော်ဝေးသော အိန္ဒိယအနောက်မြောက်ဒေသ ပက်သျှဝါခရိုင်၌လည်းကောင်း, ဘုံဘိုင်ပြည်နယ်အတွင်း၌လည်းကောင်း, သြရိဿ (ကလိင်္ဂတိုင်း) ပြည်နယ်အတွင်း၌လည်းကောင်း, စသဖြင့် အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး 
နေရာအနှံ့အပြား၌ တွေ့ရရာ စုစုပေါင်း ကျောက်တိုင် (၃၀)ကျော်ခန့် 
စိုက်ထူခဲ့သည်ဟု ခန့်မှန်းကြသည်။ 

ကျောက်စာရေးထိုးရာ၌ အက္ခရာနှစ်မျိူး အသုံးပြုကြောင်း တွေ့ရသည်။ 
တစ်မျိူးမှာ လက်ယာမှလက်ဝဲဘက်သို့ရေးရသော ခရောသျှဋ္ဌီအက္ခရာမျိူးဖြစ်၍ 
တစ်မျိူးမှာ ဗြာဟ္မီအက္ခရာမျိူ းဖြစ်ရာ ဒေဝနာဂရီနှင့် ယခုအိန္ဒိယအက္ခရာများ၏ မူလအခြေခံအက္ခရာများဖြစ်ကြသည်။

 မင်းတရားကြီးသည် အယူဝါဒရေးဆိုင်ရာ, လူမှုရေးဆိုင်ရာ အဆောက်အအုံ 
များစွာတို့ကိုလည်း ဆောက်လုပ်ကုသိုလ်ပြုခဲ့သည်။ လူမျိူးမရွေး, ဇာတ်မရွေး, မရှိဆင်းရဲသားတို့အား နေ့စဉ်ပေးကမ်းစွန့်ကြဲသည်။ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ရှာဖွေစုဆောင်းပြီးလျှင် ဗုဒ္ဓဝါဒီအပေါင်းတို့ ဆည်းကပ်ကိုးကွယ်နိုင်စေရန် ထူပါရုံစေတီတော်များ တည်ဆောက်ခဲ့သည်။ 

ယင်းတို့အနက် ဗိုပေါပြည်နယ်, ဆန်ချီအရပ်ရှိ သဦ္စစေတီတော်ကြီးသည် အဓိကရထူပါရုံကြီးတစ်ဆူ ဖြစ်ပေသည်။ ဘုရားရှင် ဟော်ကြားတော်မူခဲ့သော 
ဓမ္မက္ခန္ဓာ (၈၄၀၀၀)ကို အထိမ်းအမှတ်ပြုသောအားဖြင့် ဇမ္ဗူ ဒိပ်ကျွန်းအလုံး 
နေရာအနှံ့အပြား၌ စေတီတော်ပေါင်း (၈၄၀၀၀), ရေတွင်းရေကန်ပေါင်း 
(၈၄၀၀၀)ကို လှူ ဒါန်းခဲ့သည်။ 

သာသနာ့အမွေခံနိုင်ရန် သားတော်နှင့်သမီးတော်တို့ကိုပင် သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။ အသောကရာမကျောင်းမှအပ အခြားသော
အရပ်များ၌လည်း သံဃာများအတွက် ကျောင်းများဆောက်လုပ်လှူ ဒါန်းခဲ့၍ 
ပစ္စည်းလေးပါး အထောက်အပံ့လည်း ပေးခဲ့ပေသည်။ 
အသောကမင်းတရားကြီးသည် လူအပေါင်းအား ကိုယ်စိတ်နှစ်ပါး 
ဆင်းရဲအောင် နှိပ်စက်ညှင်းပန်းခြင်းမပြုပေ။ 

မင်းတရားကြီးသည် မိမိတို့နိုင်ငံသားတို့အတွက်သာမဟုတ် ကျောသားရင်သား
မခွဲခြားပဲ ကမ္ဘာတစ်လောကလုံးရှိ လူ,သတ္တဝါတို့၏ ကောင်းကျိူ းချမ်းသာအတွက် လိုလားတော်မူသော စိတ်ထားရှိကြောင်းကို မလိကတိုင်းတွင် စိုက်ထူခဲ့သော ကျောက်စာတစ်ခု၌- ❛❛ငါသည် ငါ၏သားတော်, သမီးတော်တို့အတွက် ဤမျက်မှောက်ဘဝ၌သာမက နောင်တမလွန်ဘဝ၏ ကောင်းကျိူ းကိုပါ လိုလားတော်မူသကဲ့သို့ လူခမ်သိမ်းတို့အတွက်လည်း လိုလားတော်မူသည်။

လက်အောက်ခံ လူမျိူ;တို့၏စိတ်၌ မင်းတရားကြီးသည် 
ငါတို့၏ဖခင်သဖွယ်ဖြစ်ပါပေသည်။ 
ငါတို့ကို သူ့ကိုယ်အား သူချစ်သကဲ့သို့ ချစ်ပါပေသည်။ 
ငါတို့ကား မင်းတရားကြီး၏ သားသမီးသဖွယ်ဖြစ်ပါပေသည်❞ဟူ၍ အောက်မေ့သဘောထားလာရန် ဆောင်ရွက်ရမည်ဟု အရာထမ်းအမှုထမ်းများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားချက်အရ သိရလေသည်။ 

★လူသားတို့အတွက်သာမက တိရိစ္ဆာန်များအပေါ်၌လည်း ကြင်နာသနားထောက်ထားတော်မူသည်။ ဗုဒ္ဓဝါဒီအဖြစ် ကူးပြောင်း
လာပြီးနောက်တွင် သားသတ်ရုံများ၌ အသတ်အဖြတ်လျော့နည်းနိုင်သမျှ 
လျော့နည်းစေသည်။ တိရစ္ဆာန်များအတွက် ရေတွင်းရေကန်များတူးဖော်
ပေးသည့်အပြင် တိရစ္ဆာန်များအတွက် ဆေးရုံများလည်း 
ဆောက်လုပ်ပေးထားလေသည်။ 
Crd: Buhdism Page 

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...