Monday, July 13, 2020

ပျော်ရွှင်တဲ့စိတ် ပျော်ရွှင်တဲ့ဦးနှောက် ပထမပိုင်း -အပိုင်း(၃)

မိမိအတွက် သူတစ်ပါးအတွက် လောကကြီးအတွက်
-------▬▬▬▬▬▬▬▬▬▬▬▬▬▬▬--------
ပျော်ရွှင်တဲ့စိတ် ပျော်ရွှင်တဲ့ဦးနှောက် ပထမပိုင်း - အပိုင်း(၃) 
★ အခု ဘုန်းဘုန်း လက်လေးကိုကြည့်ပါ၊ ဟားဗဒ်တက္ကသိုလ် 
ဆေးကျောင်းက ပါမောက္ခ Prof. Daniel Siegel က ဒါလေးလုပ်ပြတယ်။ 
ဒါ ဦး‌နှောက်ရဲ့ပုံစံကို biology အရ demostrate လုပ်တာ။ 

★ လက်မကို ချိုးကြည့်ပါ အထဲချိုးလိုက်၊ ပြီးရင် ကျန်တဲ့လက်လေးချောင်းကို 
သူ့အပေါ်မှာ ချိုးပြီးတင်လိုက်။ ဒါက ဦးနှောက်ရဲ့ပုံစံပဲတဲ့။ ဘုန်းဘုန်း 
videoclip တွေ အများကြီးရှိပါတယ်၊ အချိန်နည်းမှာစိုးလို့ 
မြန်မာလိုပဲ ‌ပြောလိုက်မယ်။ 

 ★ ဒီလက်မက သရုပ်ပြတဲ့ဟာ ဒီဟာက နောက်မှာရှိတဲ့ဦးနှောက် 
လူတိုင်းလူတိုင်းရဲ့နောက်မှာ ရှိတဲ့ ဦးနှောက်၊ အဲဒီဟာကို အင်္ဂလိပ်လို amygdala 
လို့ခေါ်တယ်။ အန္တရာယ်ဆိုရင် သူက အကုန်လုံး တွေ့အောင်ရှာတယ်။ 
အကုန်လုံး တွေ့ချင်လည်း တွေ့မှာပေါ့နော်။ အန္တရာယ်အကြောင်းပဲ 
အမြဲတမ်း စူးစမ်းနေတာပေ့ါ။ 

 ★ အန္တရာယ်ကို အကြောင်းပြုပြီး သူတွေးတယ်။ သူ စိတ်ခံစားမှုတွေဖြစ်တယ်။ ကာကွယ်ဖို့အတွက် သူက တွေးတာတဲ့။ ကာကွယ်ဖို့အတွက် 
တွေးတယ်၊ အကြောက်တရားအတွက်တွေးတယ်၊ အဲဒါက ချားလ်ဒါဝင်က 
သူ‌ပြောတာ fight and flight ဦးနှောက်တဲ့။ 

 ★ Fight and flight ဆိုတာက ကြောက်တယ်ဆိုရင် ကိုယ်က ပြန်ပြီးတော့ 
fight လုပ်တယ်။ Fight လုပ်လို့ မရဘူးဆိုရင် ကိုယ်ထွက်ပြေးတယ်။ 
Fight လုပ်လည်းရဘူး ထွက်ပြေးလို့လည်း မရဘူး၊ မနိုင်ဘူးဆိုရင် လူက 
ဘာလုပ်ရမှန်း မသိဘူး။ အဲဒါကို freeze လို့ခေါ်တယ်။ 

★ Fight, flight and freeze - ဒီနောက်က ဦးနှောက်က အလုပ်လုပ်တယ်
ဆိုရင် ဒီရှေ့က ဦးနှောက်က လုံးဝအလုပ်မလုပ်ဘူး။ အတူတူ 
အလုပ်မလုပ်ဘူး။ သူ့သဘာဝကိုက ပြောပြတယ်။ 

 ★ သဘာဝတရား၊ ဒီဟာတွေကို ဦးနှောက် သုတေသနလုပ်တဲ့ သိပ္ပံ
ပညာရှင်တွေက ပြောပြတာ မကြာခင်မှာ ဘုန်းဘုန်းတို့ videoclip 
နှစ်ခုကြည့်မယ်၊ အခု ဘုန်းဘုန်းပြောတဲ့အတိုင်းပဲ သူတို့ပြောတာပါ။ 
သူတို့ပြောတဲ့အတိုင်း ဘုန်းဘုန်းပြောတာ။ 

★ တကယ်လို့ လူတစ်ယောက်က လိုချင်တဲ့စိတ်တွေ များတယ်၊ 
ဥပမာ ကလေးကို ဆယ်တန်းစာမေးပွဲ ဂုဏ်ထူးဘယ်နှစ်ခုနဲ့အောင်ရင် 
ကားဝယ်ပေးမယ်။ အဲဒီကားလိုချင်လို့ ဒီကလေးက စာကျက်တယ်။ 
အဲဒီ ကားဆီကို စိတ်ရောက်နေတာ။ 

★ ဆယ်တန်းကပေးတဲ့ ပညာက အတိအကျ သူ့ခေါင်းထဲမှာ 
ရောက်ချင်မှရောက်မယ်။ သူ information တွေ ရအောင်လို့ ကျက်နေတယ်။ စာမေးပွဲအောင်သွားမယ်၊ distinction တွေ ထွက်လာမယ်။ 
သူက ကားရချင်တာကိုး။ 

★ ကားရချင်တဲ့စိတ်က သူရဲ့ motivation၊ သူရဲ့ ကြိုးစားချင်တဲ့ 
အကြောင်းအရာ အဲဒါ incentive-focused ဆိုတာ ဆုလာဘ်ကို 
အာရုံပြုပြီးတော့ အတွေးတွေဖြစ်တယ်။ စိတ်ခံစားမှုတွေဖြစ်တယ်။ 

★ အဲဒီလို စာကျက်တဲ့ကလေးက စာကျက်တဲ့နေရာမှာ သူ့စိတ်ဖိစီးမှုတွေ 
မရှိဘူးလား။ ရှိတာပေ့ါ။ မနေ့ကမှ မလိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ 
တစ်နေကုန် ကလေးတွေနဲ့ ဒီလို workshop လုပ်ခဲ့တယ်။ ရှိတာပေါ့။ 

★ တကယ်တတ်နိုင်တဲ့ မိဘတွေ တကယ်တော်တဲ့ကလေးတွေ 
အဲဒီကလေးတွေက တခါတည်း စာကျက်တာ အရမ်းကို စိတ်ဖိစီးမှုရှိလို့ 
တခါတခါ စာမေးပွဲခန်းထဲ ဝင်သွားရင်တဲ့ 
ကျက်ထားတဲ့စာတွေ အကုန်‌မေ့ကုန်တယ်။ 

★ အဲဒီလို ကြောက်စိတ်ဖြစ်တဲ့အချိန်ဆိုရင် incentive-focused ကနေ ဘယ်ပြန်ရောက်သွားတုန်းဆိုရင် threat-focused ပဲ ပြန်ရောက်တာတဲ့။ 
ကြောက်တဲ့စိတ်ပဲ ဖြစ်တာကိုး။ ဒါကြောင့် ဒီတစ်ခုက အသွားအလာ 
အရမ်းများပါတယ်။ နားလည်တဲ့ ပါဠိစကား မြန်မာစကားနဲ့ပြောရင် 
ဒီနေရာမှာက ‌ဒေါသမူစိတ် အခြေခံတယ်။ ‌ဒေါသအခြေခံတယ်။ 

★ Incentive-focused မှာကျတော့ လောဘအခြေခံတယ်။ တကယ်လို့ 
အတန်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် ယှဥ်ပြိုင်ကြတယ်၊ စီးပွားရေး
လုပ်ငန်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် ယှဥ်ပြိုင်ကြတယ်။ ကိုယ်ယှဥ်ပြိုင်တဲ့လူအကြောင်း ကိုယ့်ပြိုင်ဖက်အကြောင်းတွေးရင် 
လူတွေက မပျော်ရွှင်နိုင်ဘူး။ 

★ ပြိုင်ဖက်အကြောင်းတွေးရင် မပျော်နိုင်ဘူး။ စိတ်ထဲမှာ ချက်ချင်း တင်းမာမှုတွေ
ဖြစ်လာတယ်၊ tension တွေဖြစ်လာတယ်။ အတန်းကျောင်းမှာလည်း ဒီတိုင်းပဲ ကိုယ့်ရဲ့ပြိုင်ဖက်အကြောင်းတွေးရင် အဲဒီလိုတွေ ဖြစ်လာတယ်။ 
အဲဒီလူ ဘယ်လောက်ပဲတော်တော် သူ့ကိုကြည့်ပြီးတော့ ကိုယ် 
စိတ်မချမ်းသာနိုင်ဘူး၊ happy happiness မရနိုင်ဘူး။ 

★ သူနဲ့ တွေ့တဲ့အခါမှာ ကိုယ်က စာဘယ်လောက်ပဲ ရထားရထား 
ကိုယ်က ရာထူးတွေ ဘယ်လောက်ပဲ ရထားရထား ပိုက်ဆံတွေ စီးပွားတွေ 
ဘယ်လောက်ပဲ အဆင်ပြေနေ အဆင်ပြေနေ ကိုယ်ရဲ့ ပြိုင်ဖက်ရဲ့ ရှေ့မှာ 
ရှိနေတဲ့အချိန်မှာ ကိုယ့်ရဲ့ပစ္စည်းဥစ္စာကို ကြည့်ပြီးတော့ 
ကိုယ် မုဒိတာ မဖြစ်နိုင်ပါဘူး။ 

★ မဖြစ်နိုင်ရုံတင်မကဘူး ကိုယ့်ပြိုင်ဖက်ကို ကြည့်ပြီးတော့ ကိုယ့်စိတ်ထဲမှာ 
ကြောက်စိတ်တွေ ဖြစ်တယ်။ ဒေါသတွေ ဖြစ်တယ်။ အဲဒီ‌ဒေါသက တခါတခါ ကြောက်စိတ်ဖြစ်တယ် မြန်မာစကားအနေနဲ့ဆိုရင်၊ တခါတခါ စိတ်ဆိုးတယ်၊ 
တခါတခါ စိတ်တိုလွယ်တယ်၊ တခါတခါ စိတ်ညစ်တယ်၊ 
အဲဒီလိုတွေ ဖြစ်နေတာတဲ့။ 

★ အဲဒီလိုဖြစ်တယ်ဆိုရင် အထူးသဖြင့် ဒီကြောက်စိတ်က inhibiting ဆိုတဲ့ အင်္ဂလိပ်စကားလုံးက ဦးနှောက်ကို အဟန့်အတားဖြစ်စေတယ်တဲ့။ 
အတွေးကို အဟန့်အထားဖြစ်စေတယ်။ inhibiting ဆိုတာ။ 

★ ဒါ ဒီနောက်က ဦးနှောက်က အတွေးကို တားဆီးတယ်။ တနည်းအားဖြင့်
ပြောမယ်ဆိုရင် ပျော်ရွှင်မှုကို inhibit လုပ်တယ်တဲ့၊ ပျော်ရွှင်မှုကို 
တားဆီးတယ် ဒီနောက်က ဦး‌နှောက်။ 

★ ဒီနေရာမှာကျတော့ affiliative-focused ဆိုတာ ကိုယ်ပြဿနာရှိတယ်ဆိုရင် #ကိုယ့်ပြဿနာအကြောင်းလည်းတွေးတယ်၊ သူများပြဿနာအကြောင်းလည်း
တွေးတယ်၊ ဆက်စပ်ပြီးတော့တွေးတတ်တယ်။ 

★ ကိုယ်က အောင်မြင်တယ်ဆိုရင်လည်း တခြားလူ အောင်မြင်တာကိုလည်းပဲ 
တွေးတယ်တဲ့။ ကိုယ့်အောင်မြင်မှု တခြားလူတွေရဲ့အောင်မြင်မှု 
အဲဒါကို တွေးတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် 
ကိုယ်အောင်မြင်တာကိုလည်းပဲ ဂုဏ်ယူတယ်။ 

★ သူတစ်ပါး အောင်မြင်တာကိုလည်း ဂုဏ်ယူတယ်။ ကိုယ်ကြိုးစား
တာကိုလည်းပဲ ဂုဏ်ယူတယ်၊ တခြားလူ ကြိုးစားတလည်း ဂုဏ်ယူတယ်။ 
အဲဒါကို affiliative ဖြစ်တယ်လို့ခေါ်တယ်။ 

★ Affiliative ဖြစ်တယ်ဆိုတာ ဆက်စပ်တာ connection ရှိတာ။ 
အဲဒါကို affiliative-focused လို့ခေါ်တယ် ဒါကိတော့ မိမိသူတစ်ပါး 
နှစ်ဦးသားအတွက် အာရုံပြုတာ ဒါကြောင့် ဘုန်းဘုန်းပေးတဲ့ 
ခေါင်းစည်းထဲမှာ မိမိအတွက် သူတစ်ပါးအတွက် လောကကြီးအတွက်။ ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

ပျော်ရွှင်တဲ့စိတ် ပျော်ရွှင်တဲ့ဦးနှောက် ပထမပိုင်း - အပိုင်း(၂)

ပျော်ရွှင်မှုက နာမည်ကြီးတိုင်းမရဘူး 
▬▬▬▬▬▬▬▬▬▬▬▬▬▬ 
သင့်အတွက် ကျွန်တော့်အတွက် တစ်လောကလုံးအတွက် 
★ ပိုက်ဆံရှိမယ် နာမည်ကြီးမယ်ဆိုရင် ဒီနှစ်ခုက ပျော်ရွှင်မှုရဲ့ အကြောင်းပါတဲ့။ 
အဲဒါကတော့ ပိုက်ဆံမရှိခင် ပြောတဲ့ကလေးတွေ၊ နောက် နာမည်မကြီးခင် 
ပြောတဲ့ကလေးတွေ။ သူတို့ကိုယ်တိုင် နာမည်လည်းကြီးပြီးရော ပျော်ရွှင်မှုက နာမည်ကြီးတိုင်းမရဘူး ဆိုတာ သူတို့တွေ့လာရတယ်။ 

★ တချို့ဘောလုံးသမားတွေ အရမ်းကို ပိုက်ဆံလည်းများတယ်၊ နောက်ပြီးတော့ နာမည်လည်းကြီးတယ်။ ကလေးတွေက သူတို့ကို idol ဟီးရိုးဆိုပြီးတော့ 
သူတို့ကို သူရဲကောင်းလုပ်ပြီး ကိုးကွယ်ခံရတဲ့ ဘောလုံးသမားတွေ ရှိတယ်။ 

★ တစ်ပတ် တစ်ပတ်ကို အင်္ဂလန်မှာဆိုရင် ‌ပေါင်စတာလင် တစ်သိန်းကျော် 
တစ်ချို့ဆို ပေါင်စတာလင် နှစ်သိန်း။ ပေါင်စတာလင် တစ်သိန်းဆို ဒီမှာဆို 
တစ်ပတ်ကို သိန်းနှစ်ထောင်ပဲ၊ တချို့ဆို တစ်ပတ်ကို သိန်းလေးထောင်။ 
အဲဒါက အသားတင်ဝင်တဲ့ဟာတွေ။ တစ်လကို တစ်သန်းဝင်တဲ့
လူလည်း ရှိတယ်။ အဲဒီလောက်ထိ ဝင်တယ်။ 

★ အဲဒီလောက်ထိ ဝင်နေပေမယ့် သူတို့ရဲ့စိတ်ထား သူတို့ရဲ့ emotion - 
စိတ်ခံစားမှုက အရမ်းကို ထိလွယ်ရှလွယ်တယ်။ အင်္ဂလိပ်စကားအနေနဲ့
ပြောရင် vulnerable ဖြစ်တယ်လို့ခေါ်တယ်။ Vulnerable 
ဖြစ်တယ်ဆိုတာ အရမ်းကို ထိလွယ်ရှလွယ်တယ်။ 

★ နည်းနည်းလေးဝေဖန်ခံရတာနဲ့ သူတို့က မရတော့ဘူး။ အဲဒါ ဘာဖြစ်တာတုန်း
ဆိုတော့ အခု ဘုန်းဘုန်း ကိုးကားလိုက်တဲ့ သိပ္ပံပညာရှင်ကြီး သူပြောတာ သိပ္ပံပညာရှင်အနေနဲ့ဆိုရင်တော့ ဦးနှောက်ထဲမှာ မပျော်ရွှင်တဲ့ဦး‌နှောက်က ပိုပြီးတော့အားကောင်းနေတယ်။ 

★ ပျော်ရွှင်တဲ့ ဦး‌နှောက်လည်းရှိတယ်၊ ဒါပေမဲ့ ပျော်ရွှင်တဲ့ ဦး‌နှောက်က 
အားမကောင်းဘူး။ ဘုန်းဘုန်းက ဒါ လူပြိန်းနားလည်အောင် ပြောလိုက်တာ၊ မပျော်ရွှင်တဲ့ဦးနှောက် နဲ့ ပျော်ရွှင်တဲ့ဦးနှောက် နှစ်ခုစလုံးရှိတယ်။ 

★ မပျော်ရွှင်တဲ့ဦးနှောက်ဆိုတာက အန္တရာယ်တွေအကြောင်း အမြဲတမ်း
တွေးနေတဲ့ဦးနှောက်။ ဘယ်လိုလုပ်ရင် ဘယ်လိုအန္တရာယ် ဖြစ်တတ်တယ်၊ 
စီးပွားရေးမှာ ဘယ်လိုအန္တရာယ် ဖြစ်တတ်တယ်၊ ကျောင်းမှာဆို 
ဘယ်လိုအန္တရာယ် ဖြစ်တတ်တယ်။ 

★ လုပ်ငန်းမှာဆိုလည်း ဘယ်လိုအန္တရာယ်ဖြစ်တတ်တယ်၊ ရာထူး 
မတိုးတတ်ဘူး။ ဒါမျိုးတွေ အန္တရာယ်အကြောင်းပဲ အမြဲတမ်းတွေးနေတဲ့လူ။ 
Threat-focused - အန္တရာယ်အာရုံပြု Incentive-focused - ဆုလာဘ်အာရုံပြု 
Affiliative-focused - အများအာရုံပြု ဒီသုံးခုရှိတယ်။ 

★ Threat-focused ဆိုတဲ့ဟာက အန္တရာယ်ကိုပဲ 
အမြဲအာရုံပြုနေတယ်။ 

★ ဒုတိဟာကျ Incentive-focused ဆိုတာက လာဘ်လာဘ ဘယ်လိုလုပ်ရင် ဘာစာမေးပွဲအောင်ရင် ဘယ်လိုဟာရရင် ဘယ်လိုရာထူးရရင် 
ဘယ်အကျိုးခံစားခွင့်မျိုးရမယ်။ ဒါက ခံစားခွင့်ဆိုတဲ့ ရလာဒ် 
ဆုလာဒ်ကို အာရုံပြုတာ။ သူကျတော့ incentive-focused လို့ခေါ်တယ်။ 

★ ဒီဟာကျတော့ Affiliative-focused ဆိုတာ အများကို အာရုံပြုတာ၊ 
အများအတွက် စိတ်ဝင်စားတာ၊ အများအတွက်တွေးတာ။ 

★ ဘုန်းဘုန်း ဒီစာအုပ် (Compassion Focused Therapy) ထဲကနေ ယူလာတာပါ။ 
သူကနေ အဓိကရေးတာ မဟုတ်ပါဘူး။ သူကလည်းပဲ နောက်ထပ် 
စာအုပ်တစ်အုပ်ကို ကိုးကားထားတယ် Mindful Compassion ဆိုတဲ့ စာအုပ်၊ #သတိပဋ္ဌာန်အခြေခံတဲ့ကရုဏာဆိုတဲ့ စာအုပ် အင်္ဂလန်ကနေ 
ရေးတဲ့စာအုပ်။ အဲဒီစာအုပ်ကို ကိုးကားထားတယ်။

★ ဒီစာအုပ်ကျတော့ Compassion Focused Therapy ဆိုတာ #ကရုဏာအခြေခံတဲ့ဆေးကုသမှုတဲ့။ ဒါ clinical psychologist တွေ 
ဆေးဖက်ဆိုင်ရာ စိတ္တဗေဒပညာရှင်တစ်ဦးက ရေးတာပါ။ 

★ ဒါက ဘာပြောတာတုန်း threat-focused ဆိုတာ အန္တရာယ်ကို 
အာရုံပြုတယ်ဆိုရင် ဘုန်းဘုန်းတို့က ကြောက်စိတ်ဖြစ်တယ်။ 
ကြောက်စိတ်ကို အဘိဓမ္မာလေ့လာဖူးတဲ့ ပုဂ္ဂိုလ်တွေအားလုံး 
သိတဲ့အတိုင်း သူက “ဒေါသ” လို့ခေါ်တယ်။ 

★ ဆိုလိုတာ ဒါက ‌”ဒေါသမူစိတ်” အဖြစ်များတဲ့ပုဂ္ဂိုလ်၊ ဒေါသဆိုတာ 
စိတ်ဆိုးမှ မဟုတ်ဘူးနော်။ စိတ်ညစ်တာလည်း ‌ဒေါသပဲ။ 
ကြောက်တာလည်း ဒေါသပဲ။ ဝမ်းနည်းတာလည်း ဒေါသပဲတဲ့။ 
ခဏခဏ ဝမ်းနည်းတဲ့ ပုဂ္ဂိုလ်ဆိုရင် ဦးနှောက်က 
ဒီနေရာ threat-focused မှာလုပ်တယ်။ 

★ ဒီ threat-focused လုပ်တဲ့ပုဂ္ဂိုလ် အကြောက်တရားကိုပဲ 
အာရုံပြုတဲ့ပုဂ္ဂိုလ် အဲဒီပုဂ္ဂိုလ်က မပျော်ရွှင်နိုင်ဘူး။ ဘာဖြစ်လို့ 
မပျော်ရွှင်နိုင်တုန်းဆိုတော့ အန္တရာယ်ကိုပဲ သူ့ရဲ့စိတ်ထဲမှာ 
အမြဲတမ်းတွေးနေလို့။ ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

ပျော်ရွှင်တဲ့စိတ် ပျော်ရွှင်တဲ့ဦးနှောက် ပထမပိုင်း -အပိုင်း(၁)

သင့်အတွက် ကျွန်တော့်အတွက် တစ်လောကလုံးအတွက်
ပျော်ရွှင်တဲ့စိတ် ပျော်ရွှင်တဲ့ဦးနှောက်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 
★ ပျော်ရွှင်မှုအတွက် ဒီနေ့ရယ် မနက်ဖြန်ရယ် ရတဲ့အချိန်လေးမှာ သီအိုရီအရလည်း 
ရှင်းပြမယ်၊ နောက်ပြီးတော့ တရားလည်းထိုင်မယ်။ ပျော်ရွှင်မှုဆိုတဲ့ဟာကို 
အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုနိုင်တယ်။ 

★ တစ်ခုကတော့ suffering ဆိုတဲ့ “ဒုက္ခ” စိတ်ထဲမှာမရှိတာ။ 
မရှိတာနောက်တစ်ခုက ကိုယ့်ရဲ့စိတ်ထဲမှာ content ဖြစ်တယ်ဆိုတာက 
ကိုယ်ရှိတဲ့ဟာကို ကိုယ်ကရောင့်ရဲတင်းတိမ်တာ၊ အဲဒါကို happiness ဆိုပြီးတော့ အဓိပ္ပါယ်ဘာသာပြန်ဆိုကြတယ်၊ happiness. 

★ အဲဒီအတိုင်းဆိုင်ရင်တော့ ပျော်ရွှင်မှုရဖို့က တော်တော်ခဲယဥ်းတာပဲ။ 
ဘာဖြစ်လို့တုန်းဆိုတော့ သူက essence of suffering 
လို့ပြောတာ၊ ဒုက္ခငြိမ်းတာပေါ့။ 

★ ငြိမ်းတယ်ဆိုတာထက် လုံးဝငြိမ်းတယ်ဆိုတာထက် ဒုက္ခမရှိတဲ့အချိန်လေး၊ 
အဲဒီအချိန်လေးကို ပျော်ရွှင်မှုလို့ပြောရမယ်ဆိုရင် ဘုန်းဘုန်းတို့က
 မွေးကတည်းက ပါလာတဲ့ သဘာဝဒုက္ခတွေ ရှိတယ်။ 

★ ဒီအတိုင်းနေရင်း တော်ကြာထမင်းစာလိုက်၊ ဒီတိုင်းထိုင်းနေရင်း တော်ကြာ 
ခန္ဓာကိုယ်က ညောင်းညာလိုက်၊ ဒါတွေက အကုန်လုံး ဒုက္ခတွေပဲ။ 
ပြီးရင်စားထားတဲ့ အစာအာဟာရရဲ့ အားအင်ကုန်
သွားပြီးတော့ ထပ်စားရပြန်ရော။ 

★ အစာအာဟာရအင်အားတော့ မကုန်သေးဘူး၊ ဒါပေမဲ့ တစ်နေကုန် အလုပ်လိုက်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်က ထပ်ပြီးနားရပြန်ရော၊ ရုပ်ခန္ဓာကိုယ်ရဲ့
အင်အားက ကုန်သွားတယ်။ ဒါကြောင့် ပင်ပန်းပြီးတော့ ဘာမှ စိတ်မဝင်စားတော့ဘူး၊ 
အဲဒါလည်း ဒုက္ခတစ်မျိုးပဲ၊ နေ့စဥ်နေ့စဥ် ဖြစ်နေတဲ့ ဒုက္ခတွေပေါ့။ 

★ ဒါက သဘာဝဒုက္ခလို့ခေါ်တဲ့ involuntary suffering - လိုချင်ရင်လည်း 
ဒီဒုက္ခရှိတယ်၊ မလိုချင်ရင်လည်း ဒီဒုက္ခရှိတယ်။ ရွေးချယ်လို့မရတဲ့ ဒုက္ခ၊ 
ရွေးချယ်စရာမရှိဘူး၊ သူဌေးရော ဆင်းရဲသားရော ပညာတတ်ရော 
ပညာမတတ်ရော သီလရှိတဲ့ပုဂ္ဂရော၊ သီလမရှိတဲ့ပုဂ္ဂိုလ်ရော 
အကုန်လုံး ရှိတဲ့ဒုက္ခ။ 

★ အဲဒီဟာကို ဗုဒ္ဓမြတ်စွာဘုရားက အသုံးပြုတဲ့စကားလုံ းအနေနဲ့
ဆိုရင်တော့ အသက်မကြီးချင်လည်း အသက်ကြီးရတယ်။ အင်အားတွေ 
ဖြစ်နိုင်ရင်တော့ အမြဲတမ်းပြည့်စေချင်တယ်၊ အဲဒါ မပြည့်ဘူး။ 
ဇရာဒုက္ခ ဖြေးဖြေးချင်း ဆုတ်ယုတ်သွားတယ်။ 

★ နေ့စဥ်နေ့စဥ်လည်း ဆုတ်ယုတ်တယ်၊ ပြန်ဖြည့်နိုင်တယ်။ ဒါပေမဲ့ ပြန်ဖြည့်နိုင်တဲ့
စွမ်းအားက နည်းနည်းသွားတယ်။ နောက်ဆုံးကျတော့ သေခြင်းဆိုတဲ့ 
ဒုက္ခတွေရှိတယ်။ အဲဒါတွေက မလွန်ဆန်နိုင်တဲ့ဟာတွေ။ 

★ ဒါပေမဲ့ မလွန်ဆန်နိုင်တဲ့ဒုက္ခ၊ အဲဒီ ပကတိဒုက္ခ သဘာဝဒုက္ခ အဲဒီဒုက္ခတွေထဲမှာ ဗုဒ္ဓတရားတော်က သင်ပေးတာတော့ အဲဒီဒုက္ခတွေကိုနားလည်ရင် 
ဒီနေရာမှာတင် စိတ်ချမ်းသာမှုဆိုတာရနိုင်တယ်။ 

★ ဒါကြောင့် စိတ်ချမ်းသာမှုနဲ့ ပတ်သတ်ပြီး လူတွေ လိုက်ရှာကြတာပေါ့နော်။
 ဗုဒ္ဓတရားတော်ထဲ လိုက်ရှာတဲ့လူတွေလည်း ရှိတယ်။ တရာတော် အတွေ့အကြုံ
မပါဘဲနဲ့ တရားရဲ့အတွေးအခေါ် မပါဘဲ လိုက်ရှာတဲ့လူတွေလည်း ရှိတယ်။ 

★ Lecturer တစ်ယောက် စတန်းဖို့ဒ်တက္ကသိုလ်က ပါမောက္ခ 
ဒေါက်တာ James Doty ဆိုတာ၊ သူက ဦး‌နှောက်ပါရဂူ၊ ဦးနှောက်ကို 
ခွဲစိပ်ကုသတဲ့ပါရဂူ။ လူတွေကို မေးတယ်တဲ့ သုတေသနလုပ်တဲ့နေရာမှာ 
“ဘယ်နေရာက လူတွေကို‌ ပျော်ရွှင်အောင် လုပ်နိုင်တုန်း” ဆိုပြီး လူငယ်တွေကို‌ မေးတယ်။ 

★ Young adult ဆိုတာက အသက် ၁၈နှစ်ကနေပြီး‌တော့ အစိတ် သုံးဆယ်လောက် အဲဒီလူတွေကို မေးတာ။ သူတို့ အဓိကပြောတာ အချက်နှစ်ချက်က 
လူတွေကို ပျော်ရွှင်စေလိမ့်မယ်တဲ့။ နံပါတ်(၁)ကတော့ 
ပိုက်ဆံများများရှိရမယ်။ နံပါတ်(၂)ကတော့ နာမည်ကြီးရမယ်။ 

★ ပိုက်ဆံရှိမယ် နာမည်ကြီးမယ်ဆိုရင် ဒီနှစ်ခုက ပျော်ရွှင်မှုရဲ့ အကြောင်းပါတဲ့။ 
အဲဒါကတော့ ပိုက်ဆံမရှိခင် ပြောတဲ့ကလေးတွေ၊ နောက် နာမည်မကြီးခင် 
ပြောတဲ့ကလေးတွေ။ သူတို့ကိုယ်တိုင် နာမည်လည်းကြီးပြီးရော ပျော်ရွှင်မှုက နာမည်ကြီးတိုင်းမရဘူး ဆိုတာ သူတို့တွေ့လာရတယ်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

Monday, July 6, 2020

အကောင်းမြင်ဝါဒ-အပိုင်း (၁)

ခက်ခဲတဲ့ကာလမှာ အကောင်းမြင်ဝါဒက ပိုအရေးကြီးတယ် ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 
★ ဒီနေ့ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှာ ရန်ကုန်ကနေလာပြီးတော့ 
Max Myanmar မိသားစုအားလုံးရဲ့ကိုယ်စား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းတဲ့
အချိန်မှာ အခုဒီမှာရောက်နေတဲ့ ပရိသတ်တွေအားလုံးရော online ကနေပြီး
တော့ တရားနာနေတဲ့ ပရိတ်သတ်တွေ အားလုံးရော ဘုန်းဘုန်းဟောချင်တဲ့
တရားကတော့ “ခက်ခဲတဲ့ကာလမှာ အကောင်းမြင်ဝါဒက 
ပိုအရေးကြီးတယ်” ဒါလေးပြောချင်ပါတယ်။ 

★ ဗုဒ္ဓတရားတော်ကို နားကြားတဲ့အခါမှာ လေ့လာတဲ့အခါမှာ 
တခါလာလည်း ဒုက္ခအကြောင်းပြောတယ်။ တခါလာလည်း မမြဲတဲ့
အကြောင်းပြောတယ်။ တခါလာလည်း ငါ မဟုတ်တဲ့ 
အကြောင်းပြောတယ်။ 

 ★ အဲဒီလိုလည်းပဲ ကြားတဲ့အခါကျတော့ pessimistic ဖြစ်တယ်၊ 
negative ဖြစ်တယ်၊ အဆိုးမြင်ဝါဒဖြစ်တယ်ဆိုပြီးတော့ တချို့ကတော့ 
ထင်ချင်ထင်နိုင်တယ်၊ ထင်လည်းထင်ကြတယ်။ 

★ ဗုဒ္ဓတရားတော် အနောက်တိုင်းကို စပြီးတော့ရောက်ခါစတုန်းကဆိုရင် 
You focus on suffering. You are so negative, pessimistic. 
ဆိုတဲ့ အရေးအသားမျိုးတွေ အများကြီးရေးကြတယ်။ 

★ အခုကျတော့ အဲဒါတွေ နည်းသွားပါပြီ။ ဘာဖြစ်လို့တုန်းဆိုတော့ ကြာလည်းကြာတဲ့အခါကျတော့ ပိုပြီးတော့လည်း လေ့လာကြတယ်။ 
လေ့လာတဲ့နေရာမှာ စိတ်အကြောင်းလေ့လာတာလား၊ 
ဦးနှောက်အကြောင်းလေ့လာတာလား အဲဒါမျိုး။ 

★ နောက်ပြီးတော့ ရှေ့ဘ၀ နောက်ဘ၀ အကြောင်း လေ့လာတာ၊ 
အဲဒါမျိုးတွေကို သုတေသနဆန်ဆန် rigorous research ဆိုတာ 
တကယ့် လုံ့လဝီရိယစိုက်ပြီးတော့ လုပ်ကြတာ။ 

★ ရှေ့ဘဝနောက်ဘဝဆိုလည်းပဲ Dr Ian Stevenson သူလုပ်ထားတာရော၊ 
ဒီနောက်ပိုင်းမှာ ဆက်လက်ပြီးတော့ လုပ်တာတွေရော သုတေသနတွေ 
ဒါ ရှေ့ဘ၀ နောက်ဘ၀ ကိုယ်ကမှယုံကြည်တာပဲ ရှိတယ်၊ 
သူတို့ကျတော့ တစ်ကမ္ဘာလုံးကိုလိုက်ပြီးတော့ သုတေသနလုပ်တာ
 psychiatrist စိတ္တဗေဒ ဆရာဝန်ကြီးပါ။ 

★ ကုသိုလ်အကုသိုလ်အတွေးတွေ ကောင်းတဲ့အတွေးဆိုးတဲ့
အတွေးတွေက ဦးနှောက်ကို ဘယ်လိုပြောင်းလဲစေတယ်။ ကျန်းမာရေး ဘယ်လိုပြောင်းလဲစေတယ်။ အဲဒါတွေကိုလည်းပဲ တခါတည်း fMRI 
စက်ကြီးတွေနဲ့ လေ့လာကြတယ်။ 

★ ဒီလိုလေ့လာတဲ့နောက်ပိုင်းမှာကျတော့ ဗုဒ္ဓတရားတော်ကို 
အဆိုးမြင်ဝါဒဆိုတဲ့ ပြောဆိုမှုမျိုးကတော့ အနောက်တိုင်းမှာ 
နည်းသွားပါပြီ။ မရှိသလောက်ဖြစ်သွားပြီ။ 

★ အခု တစ်ကမ္ဘာလုံးက ကိုဗစ်-၁၉ကို Covid-19 တွေ့ကြုံနေရတယ်။ 
Max Myanmar မိသားစု ဧရာဝတီဖောင်ဒေးရှင်းလည်း ဒီတိုင်းပဲ 
အများလိုခံစားရတာပဲ Covid-19 ရဲ့ဒဏ်ကို ခံစားကြရတယ်။ 
ထိပ်ပိုင်းမှာရော အုပ်ချုပ်ရေးပိုင်းမှာရော နောက်ပြီးတော့ 
၀န်ထမ်းပိုင်းမှာရော အကုန်လုံးတူတူပဲ ခံစားကြရတယ်။ 

★ Anxiety ဒီလို စိတ်ဖိစီးမှုတွေ ရှိကြတယ်။ တခြား 
ကုမ္ပဏီကြီးတွေလည်း ဒီတိုင်းပါပဲ၊ တိုင်းပြုပြည်ပြု 
ကုမ္ပဏီကြီးတွေပေါ့ အလုပ်တွေကြိုးစားပြီးတော့ အခွန်တွေ
အများကြီးပေး လူမူရေးလုပ်ငန်းတွေလည်း အများကြီးလုပ်ကြတယ်၊ 
ကုမ္ပဏီကြီးတွေ ဒီလိုပဲ တွေ့ကြုံကြတယ်။ 

★ ဒါပေမဲ့ ဒီလိုအခက်အခဲတွေတွေ့ကြုံတဲ့နေရာမှာ မှန်ကန်တဲ့
အမြင်ဆိုတာ ရှိရတယ်၊ အဲဒါကို သမ္မာဒိဋ္ဌိလို့ခေါ်တယ်၊ right view 
လို့ခေါ်တယ်။ မှန်ကန်တဲ့အမြင်ရှိတယ်ဆိုရင် အကောင်းမြင်ဝါဒက 
ခါတိုင်းထက်ပိုပြီးတော့ အားကောင်းစရာရှိတယ်။ 

★ အကောင်းမြင်ဝါဒဆိုတာ အစစအရာရာ အဆင်ပြေနေတဲ့
အချိန်မှာ အကောင်းမြင်ဝါဒရှိတာ အဲဒါက ဘာမှမထူးဆန်းပါဘူး။ 
အစစအရာရာ အဆင်ပြေနေတဲ့အချိန်မှာ အကောင်းမြင်ဝါဒ 
မရှိတဲ့အခါကျမှ အဲဒါမှ သူက တကယ့်ချို့ယွင်းချက်လို့ ဆိုနိုင်တာ။ 

★ မကြည့်တတ်ဘူးဆိုရင်ပေါ့ လောကကြီးကို မကြည့်တတ်ဘူး 
အင်္ဂလိပ်ပြောရင်တော့ လက္ခဏာရေးသုံးပါးကို 
world view လို့ခေါ်တာ။ 


★ ဒီကိုဗစ်မတိုင်ခင်မှာ Wisconsin တက္ကသိုလ်က ဦးနှောက်ပိုင်း
ဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ Prof. Richard Davidson 
ဆိုတာ ဒါနှစ်ပေါင်းလေးဆယ်နီးပါး ငါးဆယ်လောက် တရားထိုင်လာတဲ့
 ပုဂ္ဂိုလ်၊ နောက်တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေကိုလည်းပဲ fMRI နဲ့ 
ဦးနှောက်တွေ အပြောင်းအလဲ လေ့လာပြီးတော့ Neuroplasticity 
ဆိုတဲ့ ဒီသီအိုရီကို advance လုပ်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ပေါ့နော်။ 

 ★ ၂၀၁ရခုနှစ်တုန်းက သူရဲ့စာအုပ်ကို The Emotional Life 
of Your Brain ဆိုတဲ့စာအုပ်ကိုထုတ်တဲ့အခါကျတော့ သူ သုတေသနအကြောင်းရေးတဲ့အခါကျတော့ အဲဒီဟာကို Texas က 
သူ့ကိုဖိတ်ပြီးတော့ lecture ပေးခိုင်းတာရှိတယ်၊ 
၁ရမိနစ်ပဲကြာပါတယ်။ 

★ သူက ဘာပြောတာတုန်းဆို တစ်နှစ်တစ်နှစ်မှာ အမေရိကန်နိုင်ငံက 
လူငယ်တွေ ၁၂နှစ်ကနေ ၂၄နှစ်အထိ အဲဒီအသက်အရွယ်နဲ့ 
တစ်နှစ်တစ်နှစ်ကို suicide လုပ်တာ ၄၅၀ကျော်တယ်။ 
တစ်နေ့မှာ တစ်ယောက်ထက်ပိုတာပေါ့။ ဒါ အစစအရာရာ 
ပြည့်စုံတဲ့နိုင်ငံ၊ ကမ္ဘာပေါ်မှာ လူဦးရေ သန်းသုံးရာပဲ ရှိပေမယ့် ၊ 
တစ်ကမ္ဘာလုံးရဲ့ အရင်းအမြစ် resources 
၂၅% ကို အသုံးပြုတဲ့နိုင်ငံပါ။ 
★ အဲဒါကြောင့် ရုပ်ဝတ္ထုပစ္စည်းမှာ ဘာမှ သိပ်လိုအပ်တယ် မရှိဘူး။ 
ဒီနေ့ အလုပ်ပြုတ်တယ်ဆိုရင် ဒါ အစိုးရထောက်ပံ့ကြေး 
ချက်ချင်းသွားပြီးတော့ လျှောက်နိုင်တဲ့နိုင်ငံ ရယူနိုင်တဲ့နိုင်ငံ။ 
အဲဒီလိုနိုင်ငံမျိုးမှာ suicide rate က အဲဒီနှစ်မှာ 
သူပြောပြတာတော့ ၆၇-ရာခိုင်နှုန်းတက်သွားတာ။ 
အများကြီးတက်သွားတာ။ 

★ ဒီဟာကိုပဲ အမြဲတမ်းကိုးကားနေကြ Stanford တက္ကသိုလ်က 
ဦးနှောက်ခွဲစိတ်ကုသပါရဂူ Prof. James Doty ရဲ့ ကိန်းဂဏန်းကို 
ကိုးကားမယ်ဆိုရင်လည်း ဒါ ကိုဗစ်မဖြစ်ခင်မှာ အခြေအနေကောင်းနေတဲ့
အချိန်မှာ စီးပွားရေးအခြေအနေကောင်းနေတဲ့အချိန်မှာ အလုပ်လုပ်တဲ့
လူဦးရေ working adults ရဲ့ ၂၅ ရာခိုင်နှုန်းက စိတ်ဓါတ်ကျ
ရောဂါကုသဆေး 
antidepressant သောက်ရပါတယ်။ 

★ အဲဒီစိတ်ဓါတ်ကျရောဂါကျတဲ့ စိတ်ဓါတ်ကျရောဂါဆေး 
မသောက်ဘဲနဲ့ စိတ်ဓါတ်ကျပြီးတော့ ဘီယာအရက်လောက်ပဲ 
သောက်တဲ့လူပါ ထည့်ပြီးတော့ တွက်မယ်ဆိုရင်တော့ အလုပ်လုပ်တဲ့လူရဲ့ တစ်ဝက်နီးပါးလောက်က အဲဒီလို စိတ်ဓါတ်ကျရောဂါတွေရှိတယ်။ 

★ ဆိုလိုတာက အဆိုးမြင်ဝါဒဝင်မယ့်ပုဂ္ဂိုလ်ကတော့ ဒီလိုကပ်ရောဂါကြီး 
pendamic မျိုး မလာလည်းပဲ သူ့ဟာနဲ့သူလုံးချာလည်နေတာ။ စိတ်ကို မထားတတ်တဲ့အခါကျတော့ အတွေးအမြင် 
မမှန်တဲ့အခါကျတော့။ 

★ အဲဒီတော့ အတွေးအမြင်မှန်ရမယ်ဆိုတဲ့ဟာကို အဲဒီ Richard Davison 
ဒါ ၁၉၇၀တည်းက ဗုဒ္ဓဂယာမှာ မြန်မာကျောင်းမှာ ဆယ်ရက်စခန်း ခုနှစ်ကြိမ်ဆက်တိုက်ထိုင်ထားတဲ့ သိပ္ပံပညာရှင်ကြီးပါ။ 
သူက ဘာပြောတာတုန်းဆို အကောင်းအမြင်ဝါဒရှိဖို့ 
အချက်အလက်လေးတွေ လိုအပ်တယ်တဲ့။ 

★ အဲဒီအချက်အလက်လေးတွေက ဘာတုန်း။ နံပါတ်တစ်ကတော့ 
Awareness ဆိုတာ သတိတရားလိုအပ်တယ်တဲ့။ 
အဓိကတော့ အဲဒီ awareness ထဲမှာ ဘာထည့်တာတုန်းဆိုတော့ 
အကြီးစား awareness ပေါ့၊ mega awareness 
လို့တောင်ခေါ်နိုင်တယ်။ 

★ အဲဒါ ဘာတုန်းဆို ကိုယ့်ရဲ့ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ အတွေးတွေ၊ 
တခါတည်း မရပ်မနား ဖြစ်နေတာတွေ အထုတ်လိုက်အလုံးလိုက် 
လှိုင်းလုံးလေးတွေလို ဖြစ်နေတဲ့အတွေးတွေ 
အဲဒါတွေကို ဖြစ်မှန်းသိနေတာ။ 

★ နောက်ပြီးတော့ ဘေးကလူတွေ သူတို့အတွေးတွေ ဘယ်လို
ဖြစ်နေတာတုန်း။ သူတို့ပြောတာဆိုတာ ကြည့်ပြီးတော့ နားလည်ပြီး 
ကိုယ်ချင်းစာတာ။ အဲဒါကို သူက mega awareness လို့ခေါ်တာ။ 
ဘုန်းဘုန်းတို့ သတိပဋ္ဌာန်စကားနဲ့ ပြောရင်တော့ 
အဇ္ဈတ္တ နဲ့ ဗဟိဒ္ဓ - ကိုယ့်ရဲ့ခံစားမှုနဲ့ အများရဲ့ခံစားမှုမှာ အတွင်းအပြင်နှစ်ခုစလုံးသိတယ်လို့ခေါ်တယ်။ 
 သူကတော့ scientific term နဲ့ပြောသွားတာ။ 

★ အဲဒီဟာရှိတဲ့ပုဂ္ဂိုလ်က သူက တခြားလူတွေနဲ့ connection ရှိနေတယ်။ 
သြော် သူတို့မှာလည်း ဒီလိုဖြစ်နေတယ်၊ အိန္ဒိယနိုင်ငံမှာ ကုမ္ပဏီအကြီးတွေရော 
အသေးတွေရော သြော် သူတို့လည်း ဒီလိုပဲပြဿနာ၊ တရုတ်ပြည်မှာလည်း 
သြော် ဒီလိုပဲ ပြဿနာရှိတယ်၊ အမေရိကားမှာလည်း 
ဒီလိုပဲရှိတယ်၊ ဥရောပမှာလည်း ဒီလိုပဲရှိတယ်။ 
ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

Saturday, July 4, 2020

# ဘယ်ကုသိုလ်က အမြတ်ဆုံးလဲ #

အလှူဒါနထဲမှာ မြတ်စွာဘုရားက အမြင့်ဆုံး ကုန်ကျစရိတ်လည်းအများဆုံးမို့ 
ကျောင်းအလှူဟာ အကောင်းဆုံးလို့ဟောတယ်နော် အကြာလည်းခံတယ်-
ဒီ အကျိုးပြုတာထဲမှာ သက်တမ်းရှည်ကြာတဲ့ အကျိုးပြုမှုရတာ
ဖြစ်သောကြောင့် ကျောင်း အလှူကို 
အကောင်းဆုံးလို့ဟောတယ်။ 

ကျောင်းအလှူထက် ကောင်းတဲ့ ကုသိုလ်ရှိလားလို့ဆိုတော့
သရဏဂုံဆောက်တည်တာ နော် ဘုရားတရားသံဃာရတနာသုံးပါးကို
ဒီအသက်စွန့်ပြီးတော့ ရာသက်ပန်ဘုရားကို ကိုယ့်ခန္ဓာကိုယ်ကို
ဘုရား ကိုစွန့်လှူပါတယ်ဆိုတဲ့ အဓိပ္ပါယ်။

ဘုရားရဲ့အဆုံးအမတိုင်းနေပါ့မယ် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဘုရားကို
အသက်အပ်နှင်းပါတယ်၊ ငါ့ဘဝရဲ့ ကောင်းကျိုးဆိုးကျိုးဟာ
ဘုရားရဲ့ အဆုံးအမတိုင်းနေမယ်၊ ဓမ္မံသရဏံဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ လို့
ရတနာသုံးပါးကို ကိုယ့်ကိုယ်ကို စွန့်လွှတ်အပ်နှင်းခြင်းဟာ
သရဏဂုံလို့ခေါ်တယ်။

အဲ့ဒီသရဏဂုံကုသိုလ်ဟာ ခုနကျောင်းဆောက်တဲ့ ကုသိုလ်ထက်
မြတ်တယ်လို့ ဒီလိုဆိုတယ်၊ တခါ သရဏဂုံဆောက်တည်ပြီးတဲ့အခါ ငါးပါးသီလဆောက်တည်လိုက်တယ်။ အဲ့ဒီငါးပါးသီလကို
လုံလုံခြုံခြုံထိန်းသိမ်းလိုက်ရင် ခုနသရဏဂုံသက်
သက်ဆောက်တည်တဲ့ကုသိုလ်ထက် ငါးပါးသီလနဲ့
တွဲဖက်ဆောက်တည်တဲ့အခါကျတော့
ပိုမြတ်သွားတယ်လို့ ဒီလိုဆိုလိုတယ်၊

ဒါဖြင့် ဒီထက်ကောင်းတဲ့ ကုသိုလ်ရှိသေးလားလို့ဆိုတော့ ရှိသေးတယ်၊
သတ္တဝါအားလုံးအပေါ်မှာ ခြုံငုံပြီးတော့ မေတ္တာပွားတဲ့၊ မေတ္တာပို့တဲ့
ကုသိုလ်ဟာ ဒီခုနပြောခဲ့တဲ့ ကုသိလ်ထက်ပိုကောင်းတယ်လို့ဆိုတယ်၊
ဒါဖြင့် မေတ္တာပို့တဲ့ ကုသိုလ်ထက်ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုတော့
ရှိသေးတယ်၊ အနိစ္စသညာ ဘာဝေတဗ္ဗာ- ဘယ်အရာမှ မမြဲဘူးလို့
ဆိုတဲ့ဝိပဿနာတရားကို အားထုတ်ပါလို့ ဆိုလိုတယ်။

 အဲ့ဒီဝိပဿနာကုသိုလ်ကတော့ အမြတ်ဆုံးပဲ သူ့ထက် မြတ်တဲ့
ကုသိုလ်မရှိ‌တော့ဘူး ဘာကြောင့်တုန်းဆိုရင် ဝိပဿနာကုသိုလ်ရဲ့
အကျိူးဟာမဂ်ဖိုလ်ပဲ လာတော့မှာဖြစ်တယ်၊ တခြားဟာမလာ ဘူး၊ မဂ်ဖိုလ်တိုက်ရိုက်ဆက်သွယ်သွားတဲ့ကုသိုလ်ဖြစ်သည့်အတွက်ကြောင့်
လုပ်လို့ရတဲ့ ကုသိုလ်တွေထဲမှာ ဝိပဿနာကုသိုလ်ဟာ အမြင့်ဆုံးပဲ၊
မဂ်ကုသိုလ်ဆိုတာ လုပ်လို့ရတဲ့ ကုသိုလ်မဟုတ်ဘူး၊
ဝိပဿနာအားထုတ်လို့ ဖြစ်ပေါ်လာတဲ့
ကုသိုလ် မျိုးသာဖြစ်တယ်ပေါ့ ။

ဆိုပါစို့ မီးထွန်းလိုက်တယ် မီးထွန်းလိုက်လို့ ရတဲ့ အလင်းပဲဖြစ်တယ်သူက၊ ဖယောင်းတိုင်မီးလေးထွန်းလိုက်လို့ မီးကြောင့်ဖြစ်ပေါ်လာတဲ့
အလင်းလေးမျိုးလိုပဲ၊ မီးထွန်းရတာနဲ့ ဝိပဿနာနဲ့တူတယ်၊
ဖြစ်ပေါ်လာတဲ့ အလင်း နဲ့ မဂ်ကုသိုလ်နဲ့တူတယ် သူကတော့
မဂ်ကုသိုလ်ရအောင်လုပ်ရတာတော့ မဟုတ်ဘူး
ဝိပဿနာပဲအားထုတ်ရတယ်။

အဲ့တော့ ဒီသ‌ဘောတွေကိုနားလည်ပြီး တို့တတွေဟာ ကုသိုလ်တွေ
တဆင့်ပြီးတဆင့်ပိုပြီးတော့ အမြတ်ဆုံးကုသိုလ်မျိုးတွေရအောင်တို့
တတွေကြိုးစား အားထုတ်ကြမယ်လို့ ကိုယ်စီကိုယ်စီနှလုံးသွင်းပြီးတော့
လူဘဝရတဲ့အခိုက်မှာ ကုသိုလ်တရားဖြစ်ပွားခြင်းဟာ
အရေးကြီးဆုံးပဲဖြစ်တယ်လို့ သတိထားကာ
ကုသိုလ်တရားဖြစ်ပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
 ပါ​မောက္ခချုပ်ဆရာတော်ဘုရားကြီး

ဘုရားဂုဏ်တော် / တရားဂုဏ်တော်/ သံဃာ့ဂုဏ်တော်

ဘုရားဂုဏ်တော် (၉) ပါး၊ 
တရားဂုဏ်တော် (၆) ပါး၊ 
သံဃာ့ဂုဏ်တော် (၉) ပါး

ဘုရားဂုဏ်တော် (၉) ပါး 
**********************
အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ 
လောကဝိဒူ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ သတ္ထာဒေဝ 
မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။ 
(၁) အရဟံ= လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။ 
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ 
ပါရမီစွမ်းအားဖြင့်သိခြင်း။ 
(၃) ဝိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (ဝိဇ္ဇာ)၊ အကျင့်တရား 
(စရဏ) တို့နှင့် ပြည့်စုံခြင်း။ 
(၄) သုဂတ = ကောင်းမြတ်သောစကား 
(သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း။ 
(၅) လောကဝိဒူ = သတ္တလောက သင်္ခါရလောက 
သြကာသလောက တည်းဟူသော လောကကြီးသုံးပါးကို သိခြင်း။ 
(၆) အနုတ္တရောပုရိသဒမ္မသာရထိ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ 
တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။ 
(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တဝါ 
အားလုံးတို့၏ ဆရာဖြစ်ခြင်း။ 
(၈) ဗုဒ္ဓ = သစ္စာတရားလေးပါးကို သိခြင်း၊ 
(၉) ဘဂဝါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။ 

တရားဂုဏ်တော် (၆) ပါး 
********************** 
သွာက္ခာတော ဘဂဝတော ဓမ္မော၊ သန္နိဋ္ဌိကော၊ အကာလိကော၊ 
ဧဟိပဿိကော၊ သြပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။ 
(၁) သွာက္ခာတ = ဘုရားရှင်ကိုယ်တိုင်ဟောခြင်း။ 
(၂) သန္နိဋ္ဌိကာ = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် 
ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။ 
(၃)အကာလိက = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။ 
(၄) ဧဟိပဿိက = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။ 
(၅) သြပနေယျိက = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။ 
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် 
ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။

သံဃာ့ဂုဏ်တော် (၉) ပါး 
********************** 
သုပ္ပဋိပန္နော ဘဂဝတော သာ၀ကသံဃော၊ 
ဥဇုပ္ပဋိပန္နော ဘဂဝတော သာ၀ကသံဃော၊ 
ဉာယပ္ပဋိပန္နော ဘဂဝတော သာ၀ကသံဃော၊ 
သာမီစိပ္ပဋိပန္နော ဘဂဝတော သာ၀ကသံဃော၊ 
ယိဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ 
ဧသ ဘဂဝတော သာ၀ကသံဃော၊ အာဟုနေယျော၊ 
ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယျော၊ 
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။ 

(၁) သုပ္ပဋိပန္န = ကောင်းသောအကျင့်ရှိခြင်း။ 
(၂) ဥဇုပ္ပဋိပန္န = ဖြောင့်မတ်စွာကျင့်ကြံခြင်း။ 
(၃) ဉာယပ္ပဋိပန္န = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။ 
(၄) သာမီစိပ္ပဋိပန္န = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။ 
(၅) အာဟုနေယျ = အဝေးကသယ်ဆောင်လာသည့် 
ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။ 
(၆) ပါဟုနေယျ= ဧည့်သည်အတွက် အထူးစီမံထားသည့်
ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။
 (၇) ဒက္ခိဏေယျ = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း။ 
(၈) အဉ္ဇလိကရဏီယျ = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။ 
(၉) အနုတ္တရံ ပုညက္ခေတ္တ = သတ္တဝါအပေါင်းတို့၏ 
ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။ 
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊ 
အလှူ မှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံး ၊ 
Dhamma- gift excels all other gifts. 
အရှင် စန္ဒိမာ(ဓမ္မလရိပ်)

မဂ္ဂင်(၈)ပါးတရား‌ောာ်

မဂ္ဂင်(၈)ပါးတရားတော်တွင်- 
သမ္မာ ဒိဋ္ဌိ ( ကောင်းစွာယုံကြည်ခြင်း) 
သမ္မာ သင်္ကပ္ပေါ ( ကောင်းစွာကြံစည်ခြင်း)
သမ္မာ ဝါစာ( ကောင်းစွာပြောဆိုခြင်း) 
သမ္မာ ကမ္မန္တော (ကောင်းစွာပြုမူခြင်း) 
သမ္မာ အာဇီဝေါ(ကောင်းစွာအသက်မွေးခြင်း) 
သမ္မာ ဝါယါမော(ကောင်းစွာအားထုတ်ခြင်း) 
သမ္မာ သတိ (ကောင်းစွာသိရှိခြင်း) 
သမ္မာ သမာဓိ (ကောင်းစွာတည်ကြည်ခြင်း) 
တို့ဖြစ်လေသည်။ 

 မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော မဂ္ဂင်(၈)ပါး
တရားတော်တို့အား ကြည်ညိုနိုင်ရန် မြန်မာမှုပြု၍ 
ပြန်လည် ပူဇော်ဖော်ပြ အပ်ပါသည်- 

၁။ မှန်စွာယူခြင်း
-------------------
(က) အလုပ်နှင့် အလုပ်၏အကျိုးပေးကို လက်ခံယုံကြည်ရန်။ 
 (ခ) မနာလို၊ မကျေနပ်မဖြစ်ရန်၊ မုဒိတာပွားရန်။ 
 (ဂ) ဝန်တို၊ ကပ်စေးနဲမလုပ်ရန်၊ ဝန်မတို၊စေတနာထားရန်။ 
 (ဃ) ဆိုဆုံးမခက်ခြင်းမလုပ်ရန်၊ ဆိုဆုံးမလွယ်ခြင်းလုပ်ရန်။ 
 (င) အယူသည်းခြင်းမလုပ်ရန်၊ အယူမသည်း အမှန်ကိုလက်ခံရန်၊ 
ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ သစ္စာ များကို သိမြင်အောင် လုပ်ရန်။

၂။ မှန်စွာကြံခြင်း
---------------------
(က)သူပျက်ရန်ကြံ/ကိုယ်ပျက်ရန်ကြံ မလုပ်ရန်၊ သူကောင်းရန်ကြံ၊ 
ကိုယ်ကောင်းရန်ကြံရန်။ (ခ) ဒေါသထွက်ခြင်း မလုပ်ရန်၊ 
သနားခြင်းလုပ်ရန်။ (ဂ) ရန်ငြိုးဖွဲ့ခြင်းမလုပ်ရန် (ခွင့်လွှတ်)
မေတ္တာထားခြင်းလုပ်ရန်။ 
 (ဃ) သူကျေးဇူးကို ချေဖျက်ခြင်း မလုပ်ရန်၊ 
ကိုယ့်ကျေးဇူးကို ချေဖျက်ခြင်း လုပ်ရန်။ 

၃။ မှန်စွာပြောခြင်း
---------------------
(က) ဆဲဆိုမပြောရန်၊ သာသာလေးပြော၊ ကောင်းကောင်းပြောရန်။ 
 (ခ) ကုန်းတိုက်မပြောရန်၊ ချီးမွမ်းပြောရန်။ 
(ဂ) အနှစ်မဲ့စကားမပြောရန်၊ အနှစ်ရှိစကားပြောရန်။ 
 (ဃ) လိမ်လည်မပြောရန်၊ အမှန်ပြောရန်။ 
 (င) မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ် မပြောရန်၊ သူ့အပြစ်ကို 
တတ်နိုင်သရွေ့ ဖုံးကွယ်ပေးပြီး ပြောရန်။ 

 ၄။ မှန်စွာပြုခြင်း
----------------
(က) ညှင်းဆဲခြင်း မပြုရန်၊ ကြင်နာခြင်း၊ ယုယခြင်းပြုရန်။
 (ခ) သတ်ခြင်းမပြုရန်၊ ကယ်တင်ခြင်းပြုရန်။ 
 (ဂ) မေထုန်မှုပြုခြင်း(မူးယစ်သာယာခြင်း)မပြုရန်၊ ချမ်းသာမှုပြုခြင်း (မမူးမရစ်သာယာခြင်း)ပြုရန်။ 
 (ဃ) ဂုဏ်ကြီးသူနှင့် ဖက်ပြိုင် (အရိုအသေမပြုနိုင်) ခြင်းမပြုရန်၊ 
ဂုဏ်ကြီးသူနှင့် မဖက်ပြိုင် (အရိုအသေပြု) ခြင်းပြုရန်။ 
 (င) သူတစ်ပါးကို အထင်သေးခြင်း၊ နှိမ့်ချခြင်းမပြုရန်၊ 
သူတစ်ပါးကို ဂုဏ်ဖော်ပေးခြင်း ပြုရန်။ 
 (စ) မိတ်ဆွေတုနှင့် ပေါင်းခြင်းမပြုရန်၊ 
မိတ်ဆွေစစ်နှင့် ပေါင်းခြင်းပြုရန်။ 

၅။ မှန်စွာအသက်မွေးခြင်း
---------------------------- 
(က) ခိုးယူခြင်းမပြုရန်၊ ပေးကမ်းခြင်းပြုရန်။ 
(ခ) သူ့ဥစ္စာကို ရရန်ကြံခြင်းမလုပ်ရန်၊ ကိုယ့်ဥစ္စာကို ရရန်ကြံရန်။ 
(ဂ) မှားစွာအလုပ်လုပ် (စီးပွားရှာ)ခြင်း မလုပ်ရန်၊ အသက်မွေးဝမ်းကြောင်း 
ပညာတစ်ခုခု၌ ကျွမ်းကျင်ခြင်း ပြုရန်။ 
 (ဃ) အလုပ်တာဝန်မကျေခြင်းကို မလုပ်ရန်၊ 
အလုပ်တာဝန်ကျေခြင်းကို လုပ်ရန်။ 

၆။ မှန်စွာအားထုတ်ခြင်း
--------------------------
(က) အကြားအမြင်နည်းအောင် အားမထုတ်ရန်၊ 
အကြားအမြင်များအောင် အားထုတ်ရန်။ 
 (ခ) ဝိပဿာနာပညာမဲ့ (အကျိုးအကြောင်းမသိ) အောင် 
အားမထုတ်ရန်၊ ဝိပဿနာပညာရှိ 
(အကျိုးအကြောင်းသိ) အောင် အားထုတ်ရန်။ 
(ဂ) ကုသိုလ်ပြု၍ရသည်ကို မပြုအောင် အားမထုတ်ရန်၊ 
အကုသိုလ်ပြု၍ ရသည်ကို မပြုအောင် အားထုတ်ရန်။ 
(ဃ) ဘဝတာဝန်မကျေခြင်းကို မလုပ်ရန်၊ 
ဘဝတာဝန်ကျေခြင်းကို လုပ်ရန်။ 

၇။ မှန်စွာ သတိရှိခြင်း
 -------------------------
(က) ပျင်းရိခြင်းမလုပ်ရန်၊ တက်တက်ကြွကြွနေရန်။ 
(ခ) စိတ်ပျံ့လွင့် သတိနည်းပြီး ထိုင်းမှိုင်းခြင်း မလုပ်ရန်၊ 
စိတ်ကိုစုစည်း သတိကြီးကြီး လန်းဆန်းအောင် လုပ်ရန်။ 
 (ဂ) သတိမေ့လွယ်ခြင်း မလုပ်ရန်၊ ရုပ်၊ စိတ်၊ ဝေဒနာ ၊
သဘောတရား လေးမျိုးကို သတိရှိနေအောင် လုပ်ရန်။ 
 (ဃ) မှားစွာသိခြင်း (အသိမှားခြင်း) မလုပ်ရန်၊ 
အဖြစ်မှန်သိအောင် လုပ်ရန်။ 
(င) မှားစွာ စားခြင်းမလုပ်ရန်၊ မှန်စွာစားခြင်းပြုရန်။
  (စ) မှားစွာအိပ်ခြင်းမပြုရန်၊ မှန်စွာအိပ်ခြင်း ပြုရန်။

၈။ မှန်စွာစိတ်တည်ခြင်း
-------------------------
(က) ဟန်ဆောင်ပလွှား(အလွန်အထင်ကြီး) ခြင်းမပြုရန်၊ 
အရှိအတိုင်း ရိုးရိုးသားသား (နှိမ့်ချပုံမှန်)နေရန်။ 
 (ခ) တင်းကြပ်လွန်းခြင်း မလုပ်ရန်၊ တင်းသင့်သည်ကိုသာ 
တင်းခြင်းလုပ်ရန်။ (ဂ) လျော့လွန်းခြင်း မလုပ်ရန်၊ 
လျော့သင့်သည်ကိုသာ လျော့ခြင်းလုပ်ရန်။ 
(ဃ) ကြံစည်ခြင်း၊ သုံးသပ် ဆင်ခြင်ခြင်းမရှိ မပြုရန်၊ ကြံစည်ခြင်း၊ 
သုံးသပ်ဆင်ခြင်ခြင်း ရှိအောင် ပြုရန်။ 
 (အောင်မြေဘလော့မှ ကူးယူမှီငြမ်းပါသည်။) Credi

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...