Monday, July 13, 2020

ပျော်ရွှင်တဲ့စိတ် ပျော်ရွှင်တဲ့ဦးနှောက် ပထမပိုင်း - အပိုင်း(၂)

ပျော်ရွှင်မှုက နာမည်ကြီးတိုင်းမရဘူး 
▬▬▬▬▬▬▬▬▬▬▬▬▬▬ 
သင့်အတွက် ကျွန်တော့်အတွက် တစ်လောကလုံးအတွက် 
★ ပိုက်ဆံရှိမယ် နာမည်ကြီးမယ်ဆိုရင် ဒီနှစ်ခုက ပျော်ရွှင်မှုရဲ့ အကြောင်းပါတဲ့။ 
အဲဒါကတော့ ပိုက်ဆံမရှိခင် ပြောတဲ့ကလေးတွေ၊ နောက် နာမည်မကြီးခင် 
ပြောတဲ့ကလေးတွေ။ သူတို့ကိုယ်တိုင် နာမည်လည်းကြီးပြီးရော ပျော်ရွှင်မှုက နာမည်ကြီးတိုင်းမရဘူး ဆိုတာ သူတို့တွေ့လာရတယ်။ 

★ တချို့ဘောလုံးသမားတွေ အရမ်းကို ပိုက်ဆံလည်းများတယ်၊ နောက်ပြီးတော့ နာမည်လည်းကြီးတယ်။ ကလေးတွေက သူတို့ကို idol ဟီးရိုးဆိုပြီးတော့ 
သူတို့ကို သူရဲကောင်းလုပ်ပြီး ကိုးကွယ်ခံရတဲ့ ဘောလုံးသမားတွေ ရှိတယ်။ 

★ တစ်ပတ် တစ်ပတ်ကို အင်္ဂလန်မှာဆိုရင် ‌ပေါင်စတာလင် တစ်သိန်းကျော် 
တစ်ချို့ဆို ပေါင်စတာလင် နှစ်သိန်း။ ပေါင်စတာလင် တစ်သိန်းဆို ဒီမှာဆို 
တစ်ပတ်ကို သိန်းနှစ်ထောင်ပဲ၊ တချို့ဆို တစ်ပတ်ကို သိန်းလေးထောင်။ 
အဲဒါက အသားတင်ဝင်တဲ့ဟာတွေ။ တစ်လကို တစ်သန်းဝင်တဲ့
လူလည်း ရှိတယ်။ အဲဒီလောက်ထိ ဝင်တယ်။ 

★ အဲဒီလောက်ထိ ဝင်နေပေမယ့် သူတို့ရဲ့စိတ်ထား သူတို့ရဲ့ emotion - 
စိတ်ခံစားမှုက အရမ်းကို ထိလွယ်ရှလွယ်တယ်။ အင်္ဂလိပ်စကားအနေနဲ့
ပြောရင် vulnerable ဖြစ်တယ်လို့ခေါ်တယ်။ Vulnerable 
ဖြစ်တယ်ဆိုတာ အရမ်းကို ထိလွယ်ရှလွယ်တယ်။ 

★ နည်းနည်းလေးဝေဖန်ခံရတာနဲ့ သူတို့က မရတော့ဘူး။ အဲဒါ ဘာဖြစ်တာတုန်း
ဆိုတော့ အခု ဘုန်းဘုန်း ကိုးကားလိုက်တဲ့ သိပ္ပံပညာရှင်ကြီး သူပြောတာ သိပ္ပံပညာရှင်အနေနဲ့ဆိုရင်တော့ ဦးနှောက်ထဲမှာ မပျော်ရွှင်တဲ့ဦး‌နှောက်က ပိုပြီးတော့အားကောင်းနေတယ်။ 

★ ပျော်ရွှင်တဲ့ ဦး‌နှောက်လည်းရှိတယ်၊ ဒါပေမဲ့ ပျော်ရွှင်တဲ့ ဦး‌နှောက်က 
အားမကောင်းဘူး။ ဘုန်းဘုန်းက ဒါ လူပြိန်းနားလည်အောင် ပြောလိုက်တာ၊ မပျော်ရွှင်တဲ့ဦးနှောက် နဲ့ ပျော်ရွှင်တဲ့ဦးနှောက် နှစ်ခုစလုံးရှိတယ်။ 

★ မပျော်ရွှင်တဲ့ဦးနှောက်ဆိုတာက အန္တရာယ်တွေအကြောင်း အမြဲတမ်း
တွေးနေတဲ့ဦးနှောက်။ ဘယ်လိုလုပ်ရင် ဘယ်လိုအန္တရာယ် ဖြစ်တတ်တယ်၊ 
စီးပွားရေးမှာ ဘယ်လိုအန္တရာယ် ဖြစ်တတ်တယ်၊ ကျောင်းမှာဆို 
ဘယ်လိုအန္တရာယ် ဖြစ်တတ်တယ်။ 

★ လုပ်ငန်းမှာဆိုလည်း ဘယ်လိုအန္တရာယ်ဖြစ်တတ်တယ်၊ ရာထူး 
မတိုးတတ်ဘူး။ ဒါမျိုးတွေ အန္တရာယ်အကြောင်းပဲ အမြဲတမ်းတွေးနေတဲ့လူ။ 
Threat-focused - အန္တရာယ်အာရုံပြု Incentive-focused - ဆုလာဘ်အာရုံပြု 
Affiliative-focused - အများအာရုံပြု ဒီသုံးခုရှိတယ်။ 

★ Threat-focused ဆိုတဲ့ဟာက အန္တရာယ်ကိုပဲ 
အမြဲအာရုံပြုနေတယ်။ 

★ ဒုတိဟာကျ Incentive-focused ဆိုတာက လာဘ်လာဘ ဘယ်လိုလုပ်ရင် ဘာစာမေးပွဲအောင်ရင် ဘယ်လိုဟာရရင် ဘယ်လိုရာထူးရရင် 
ဘယ်အကျိုးခံစားခွင့်မျိုးရမယ်။ ဒါက ခံစားခွင့်ဆိုတဲ့ ရလာဒ် 
ဆုလာဒ်ကို အာရုံပြုတာ။ သူကျတော့ incentive-focused လို့ခေါ်တယ်။ 

★ ဒီဟာကျတော့ Affiliative-focused ဆိုတာ အများကို အာရုံပြုတာ၊ 
အများအတွက် စိတ်ဝင်စားတာ၊ အများအတွက်တွေးတာ။ 

★ ဘုန်းဘုန်း ဒီစာအုပ် (Compassion Focused Therapy) ထဲကနေ ယူလာတာပါ။ 
သူကနေ အဓိကရေးတာ မဟုတ်ပါဘူး။ သူကလည်းပဲ နောက်ထပ် 
စာအုပ်တစ်အုပ်ကို ကိုးကားထားတယ် Mindful Compassion ဆိုတဲ့ စာအုပ်၊ #သတိပဋ္ဌာန်အခြေခံတဲ့ကရုဏာဆိုတဲ့ စာအုပ် အင်္ဂလန်ကနေ 
ရေးတဲ့စာအုပ်။ အဲဒီစာအုပ်ကို ကိုးကားထားတယ်။

★ ဒီစာအုပ်ကျတော့ Compassion Focused Therapy ဆိုတာ #ကရုဏာအခြေခံတဲ့ဆေးကုသမှုတဲ့။ ဒါ clinical psychologist တွေ 
ဆေးဖက်ဆိုင်ရာ စိတ္တဗေဒပညာရှင်တစ်ဦးက ရေးတာပါ။ 

★ ဒါက ဘာပြောတာတုန်း threat-focused ဆိုတာ အန္တရာယ်ကို 
အာရုံပြုတယ်ဆိုရင် ဘုန်းဘုန်းတို့က ကြောက်စိတ်ဖြစ်တယ်။ 
ကြောက်စိတ်ကို အဘိဓမ္မာလေ့လာဖူးတဲ့ ပုဂ္ဂိုလ်တွေအားလုံး 
သိတဲ့အတိုင်း သူက “ဒေါသ” လို့ခေါ်တယ်။ 

★ ဆိုလိုတာ ဒါက ‌”ဒေါသမူစိတ်” အဖြစ်များတဲ့ပုဂ္ဂိုလ်၊ ဒေါသဆိုတာ 
စိတ်ဆိုးမှ မဟုတ်ဘူးနော်။ စိတ်ညစ်တာလည်း ‌ဒေါသပဲ။ 
ကြောက်တာလည်း ဒေါသပဲ။ ဝမ်းနည်းတာလည်း ဒေါသပဲတဲ့။ 
ခဏခဏ ဝမ်းနည်းတဲ့ ပုဂ္ဂိုလ်ဆိုရင် ဦးနှောက်က 
ဒီနေရာ threat-focused မှာလုပ်တယ်။ 

★ ဒီ threat-focused လုပ်တဲ့ပုဂ္ဂိုလ် အကြောက်တရားကိုပဲ 
အာရုံပြုတဲ့ပုဂ္ဂိုလ် အဲဒီပုဂ္ဂိုလ်က မပျော်ရွှင်နိုင်ဘူး။ ဘာဖြစ်လို့ 
မပျော်ရွှင်နိုင်တုန်းဆိုတော့ အန္တရာယ်ကိုပဲ သူ့ရဲ့စိတ်ထဲမှာ 
အမြဲတမ်းတွေးနေလို့။ ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...