Tuesday, June 30, 2020

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၅)

တွေ့ကြုံရတဲ့ဒုက္ခ အများနဲ့ဆက်စပ်နေတယ် 
“ငါ တစ်ယောက်တည်း မဟုတ်ဘူ”
▬▬▬▬▬▬▬▬▬▬▬▬▬
★ ကိလေသာသုံးမျိုးကို ပြောခြင်းအကြောင်းကတော့ တစ်ခုတည်းပဲ 
ရယ်ရွယ်ချက်က “မကျေနပ်မှုနဲ့တွေ့ရင် ပေါက်ကွဲတတ်တယ်” လို့ပြောတာ။

★ တချို့ပေါက်ကွဲတာ ကိုယ့်ဟာကိုယ်ပဲ ငိုယို၊ ဒါမှ မဟုတ် ကိုယ့်ဟာကိုယ်ပဲ 
စိတ်ထဲမှာ moody ဖြစ်ပြီးတော့ ပြီးသွားတဲ့ အချိန်တွေလည်း ရှိတယ်။ 
တခါတခါကျတော့ မဟုတ်ဘူး ဘေးနားမှာနေတဲ့လူတွေကို 
effective ဖြစ်တယ် သူတို့ကို ထိခိုက်တယ်။ 

★ ဘယ်လိုပဲဖြစ်ဖြစ် ဒီအတွေ့အကြုံတွေကို မကြောက်နဲ့လို့ပြောတာ။ ဒီအတွေ့အကြုံတွေရှိတယ်၊ ဒါလူလောကကြီးရဲ့ အစိတ်အပိုင်းတစ်ခုပဲ 
ဒီအတွေ့အကြုံရှိတယ်။ ငါ တစ်ယောက်တည်းမှ မဟုတ်ဘူး။ 
တခြားလူတွေလည်း ဒီလိုရှိတယ်။ 

★ ရာထူးကြီးတာ သေးတာ၊ ပိုက်ဆံရှိတာ မရှိတာ ပညာတတ်တာ 
မတတ်တာ၊ ဒါတွေက immaterial - အရေးမပါဘူး။ အရေးပါတာတော့ 
လူတိုင်းလူတိုင်းက စိတ်ထဲမှာ မကျေနပ်မှုတွေ အလိုမပြည့်မှုတွေ 
အဲဒါမျိုးတွေ ရှိတယ်လို့ပြောတာ။ 

★ အဲဒီဟာမျိုးရှိတဲ့အခါမှာ a big picture ကို မမေ့ရဘူး။ 
ဒါမျိုးက ငါတို့မှ ဖြစ်တာလား။ တခြားလူတွေရော ဖြစ်လား။ 
အဲဒီလို critical thinking လေး ၀င်လာတဲ့အခါမှာ ဘေးပတ်ဝန်းကျင်ကို 
ကြည့်လိုက်ရင် ကိုယ်တွေ့ရတဲ့ ပြဿနာက တခြားလူတွေ 
အများကြီးလည်း တွေ့ထားပြီးသား တွေ့နေဆဲလည်းရှိတယ်။ 

★ အခု ဘုန်ုဘုန်းပြောတဲ့ဟာက Covid-19 ကာလမှာဆိုရင် 
ဒါက အရေးကြီးတဲ့ အရာတစ်ခုပါ။ စီးပွားရေးကကျမှာကိုး။ 
နိုင်ငံတိုင်းကျမယ်။ မိသားစု အများစုကျမယ်၊ ကုမ္ပဏီအများစုကျမယ်။ 

★ ကိုဗစ်ကာလမျာ စီးပွားတက်တာတော့ Zoom ကုမ္ပဏီပဲတဲ့။ 
လူတိုင်းလူတိုင်း အသုံးပြုတာ အခု ဘုန်းဘုန်းတို့လည်း အသုံးပြုနေတယ်။ 
သူကတော့ နေ့ချင်းညချင်း သူဌေးဖြစ်သွားတယ် ပြောတယ်။ 

★ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုဖြစ်လာတဲ့အခါမှာ မြင်ကွင်းကျယ်ကို
ကြည့်မယ့်အစား ကိုယ့်ဟာကိုယ်ပဲ ကိုယ်တွေ့နေတဲ့ပြဿနာ 
ကိုယ့်ရဲ့ဘ၀ အဲဒါလေးကိုပဲကြည့်ပြီးတော့ ရှိနေတဲ့ စိတ်ဖိစီးမှု 
အားကောင်းအောင်လုပ်တယ်။ 

🔺 ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီပြဿနာထဲမှာ ကိုယ်က 
ငါ သွားထည့်လိုက်တာကိုး။ 

★ အဲဒီတော့ အခုချိန် Covid-19 ဖြစ်နေတဲ့အချိန် infection တွေနဲ့လည်း 
ရှိတဲ့နေရာတွေ ရှိနေတုန်း၊ တိုးတဲ့နေရာတွေ တိုးနေတုန်း။ 
ဒီလိုဖြစ်လာတဲ့အချိန်မှာ ကြောက်စိတ်တွေ ၀င်တတ်တယ်။ 

★ ကြောက်စိတ်ဝင်တယ်ဆိုရင် That’s because you 
withdraw from the society. You think the problem is only to you. 
You forget there are billions of people. 
လူဦးရေသန်းပေါင်း ခုနှစ်ထောင်ကျော်ရှိတာ effective မဖြစ်တဲ့နိုင်ငံ 
မဖြစ်တဲ့မြို့ မဖြစ်တဲ့မိသားစုက ရှားပါတယ်။ တော်တော်ရှားပါတယ်။ 

★ အဲဒါကြောင့် သူတို့်ကို သတိရပြီး “သြော် တစ်လှေတည်းစီး 
တစ်ခရီးသွားတွေ အများကြီးရှိတာပါလား။” 
ဒီလိုတွေးရင် ဒါ မဂ္ဂင်ရှစ်ပါး နေ့စဉ်ကျင့်နေတယ်။ 

★ ဒုက္ခကသဘာဝပဲ၊ အများနဲ့ဆက်စပ်တယ်။ “ငါ တစ်ယာက်တည်း 
မဟုတ်ဘူး။”အဲဒီလို နားလည်တာ ပါဠိလိုပြောရင်
 “သမ္မာဒိဋ္ဌိ” လို့ခေါ်တယ်။ ချဲ့ပြီးတော့ပြောရင် နေ့စဉ်ဘဝမှာ 
ဒါ သစ္စာလေးပါး အမြင်နဲ့ကြည့်နေတာ။ 

★ တွေ့ကြုံရတဲ့ ဒုက္ခကို အသိအမှတ်ပြုပြီးတော့ 
“ဒီလိုဒုက္ခ ငါ့တင် မဟုတ်ဘူး၊ တခြားလူတွေလည်း ဖြစ်တယ်” ဆိုပြီးတော့ 
စိတ်ထဲမှာ ကိုယ့်ဟာကိုယ် သတိပေးရင် အဲဒီထဲမှာ mindfulness ဆိုတဲ့ 
“သမ္မာသတိ” ပါတယ်၊ right understanding ဆိုတဲ့ “သမ္မာဒိဋ္ဌိ” ပါတယ်။

 ★ အဲဒီမှာ အများကလည်း ဒီလိုဖြစ်တာပဲဆိုပြီးတော့ အများရဲ့ဒုက္ခကို 
သတိရလိုက်တာက That is not to deny your pain. 
That is not to degrade your pain. That is not to belittle your pain. 
It is not made significant. ကိုယ့်ရဲ့ဒုက္ခကို 
အရေးမပါအောင် လုပ်တာ မဟုတ်ပါဘူး။ 

★ ကိုယ့်ရဲဒုက္ခကို လက်ခံတယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ ဒုက္ခကို 
ကြည့်တဲ့နေရာမှာ perceptive တစ်ခုအနေနဲ့ ကြည့်တာလို့ ပြောတာ။ 
Perceptive မရှိဘူးဆိုရင် ဒီဒုက္ခကို ကြည့်ရတာ၊ ဒီဒုက္ခ အရမ်းကြီးပါတယ်။ 
တစ်ယောက်တည်း တွေ့ရတဲ့ဒုက္ခ၊ အများနဲ့ မပတ်သတ်တော့ဘူးဆိုပြီး 
စိတ်ထဲမှာ အဲဒီလိုဖြစ်တယ်။ 

★ ဒါကြောင့် Covid-19 ကာလမှာ ကိုယ့်ဆီကပြဿနာရော 
တခြားလူတွေဆီကပြဿနာရော အဲဒီဟာလေးကိုတွေးတဲ့အခါမှာ 
ကြည့်တဲ့အခါမှာ သနားကြင်နာတဲ့ ကရုဏာစိတ်နဲ့ ကြည့်ပေးဖို့ 
အရေးကြီးတယ်၊ သနားတဲ့စိတ်။ 

★ တခါတခါကျတော့ ဥပမာ နိုင်ငံခြားတိုင်းပြည်က 
နိုင်ငံအကြီးအကဲတစ်ယောက် ကိုယ်မကြိုက်တဲ့တစ်ယောက်ဆို 
သူ့နိုင်ငံ ဒုက္ခရောက်တာ infections rate တွေတက်တာ ကိုယ့်စိတ်ထဲမှာ
 compassion ဖြစ်ဖို့ သတိမရဘူး။ 

★ သတိရမယ့်အစား “ဒီလူက ဘယ်လိုအတွေးအခေါ်ရှိလို့ 
ဘယ်လိုအတွေးအခေါ်မှားလို့ ဒါကြောင့် ဒီလိုဖြစ်တာ” 
ဆိုပြီးတော့ ကိုယ်ကမြိန်ရည်ရှက်ရည်နဲ့ ပြောနေတာ။ 

★ တနည်းအားဖြင့်ပြောမယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ 
သာယာမှုတစ်ခုရှိနေတယ်။ အခုပြောတာ လေးနက်တဲ့ psychology 
ထဲရောက်သွားတယ်။ တော်ရုံတန်ရုံ သတိမထားမိရင် ဒီဟာ မမြင်ဘူး။ 
ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်
အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၄)

နေ့စဉ်ဘဝ အဆင်မပြေမှုနဲ့တွေ့တဲ့အခါ ဖြစ်တဲ့ကိလေသာ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ ဗုဒ္ဓတရားတော်ဟောထားတာက အရမ်းပြည့်စုံတယ်။ 
ဒါပေမဲ့ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ ကိုယ်တိုင်က ပြဿနာကို 
လက်မခံသေးဘူး၊ အနီးကပ် မကြည့်ချင်သေးဘူး၊ မခံစားကြည့်ချင်ဘူး။ 
ဒီမှာ ရှိနေတဲ့ ပြဿနာကို ထွက်ပြေးနေသေးတယ်ဆိုရင် 
နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါး မဖြစ်သေးဘူး။ 

★ အဲဒီတော့ မိသားစုဘဝအနေနဲ့ဖြစ်ဖြစ် အပြင်မှာ
အလုပ်သွားလုပ်တာတွေပဲဖြစ်ဖြစ် လူ့အသိုင်းအဝိုင်း တခြားလူတွေနဲ့ ဆက်ဆံတဲ့နေရာမှာပဲဖြစ်ဖြစ် စိတ်ထဲမှာ Negative emotion 
ဖြစ်ပေါ်လာတယ်ပြီဆိုရင် တခြားလူတွေကို အပြစ်တင်ရင်တင်မယ်၊ 
မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်တင်မယ်။

အဲဒီဟာက အဲဒီ habit ပေါ့နော် habitual pattern 
အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ 

🧘🏻‍♂️“သူများကို အပြစ်တင်မိပြီ။ သြော် ဒီမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီ။” 
အဲဒီဟာလေးကို If you can catchup on the spot, 
အဲဒီဟာလေးကို ဖြစ်နေတဲ့အချိန်မှာ 
သတိပြုမိပြုပြီးတော့ ကျကျနနအသိအမှတ်ပြုပေး။ 

🧘🏻‍♂️ သြော် စိတ်ထဲမှာ painful ဖြစ်နေတာပါလား။ 
နာကျင်မှုဖြစ်နေတာပါလား။ မကျေနပ်လို့ painful ဖြစ်တာ ရှိတယ်၊ 
မကြိုက်လို့ painful ဖြစ်တာ ရှိတယ်၊ အဲဒါမျိုး။ 

ဝိပဿနာဖွစျနတောပဲ။ ဒုက်ခာနုပဿနာ ပါဠိလို - reflection on suffering. 

★ ဒါပေမဲ့ ဘုန်းဘုန်းတို့က ဘယ်လို pretend လုပ်ချင်တုန်း၊ 
ဘယ်လိုဟန်ဆောင်ချင်တုန်းဆို ကိုယ့်ဘဝထဲမှာ ပြဿနာမရှိတဲ့ပုံစံမျိုး 
သိပ်မရှိတဲ့ပုံစံမျိုး ကိုယ်ကနေချင်တာ။ အဲဒါ ဗုဒ္ဓနေတဲ့ပုံစံမျိုးနဲ့ တခြားစီပဲ။ 

★ ဗုဒ္ဓမြတ်စွွာဘုရားကျတော့ မနက်အိပ်ယာထပြီဆိုရင်လည်း ပြဿနာအကြောင်းစဉ်းစားတယ်။ ပြဿနာရှိတဲ့လူအကြောင်းစဉ်းစားတယ်။ 
 စဉ်းစားပြီးတော့ နောက်တစ်ဆင့်တိုးပြီး ငါ ဘာလုပ်ပေးနိုင်တုန်း။ 
ဒီနေ့လား နောက်နေ့လား နောက်လလား အဲဒါမျိုးတွေ 
ချက်ချင်းဆက်တွေးတယ်။ 

★ အဲဒါကျတော့ Compassion ခေါ်တယ်။ 
မဂ္ဂင်ရှစ်ပါးထဲမှာဆိုရင်တော့ နံပါတ်နှစ်၊ Compassion - သမ္မာသင်္ကပ္ပခေါ်တဲ့ 
Compassion (ကရုဏာ)က သမ္မာသင်္ကပ္ပထဲမှာ ပါတယ်။ 
ပညာသိက္ခာထဲမှာပါတယ်၊ wisdom ထဲမှာပါတယ်။ 

★ အဲဒါကြောင့် အခုခေတ် Clinical pyschologist တွေက ဒါလေးကို 
ယူပြီးတော့ “သမ္မာသင်္ကပ္ပ” - emotion အကြောင်းပြောတယ်။ 
နောက်ပြီးတော့ သမ္မာသင်္ကပ္ပ က wisdom, intelligent ထဲမှာပါတယ်ဆိုတော့ 
အဲဒါကို Emotional intelligence လုပ်တယ်၊ EQ ဖြစ်သွားတယ်။ 
ဒါ Dr Daniel Goleman သူရေးတဲ့စာအုပ်။ 

★ Daniel Goleman က အဘိဓမ်မာထိလေ့လာပွီးတော့ 
ဝိသုဒ်ဓိမဂျလညျး သှားဖတျတယျ။ 
အဘိဓမ်မာလညျး သှားဖတျတယျ။ 

 ★ အဲဒီမတိုင်ခင်မှာ ဗုဒ္ဓဂယာ မြန်မာကျောင်းမှာ ဆယ်ရက်စခန်း ခုနှစ်ကြိမ် ဆက်တိုက်ထိုင်တယ်။ ဒါ သူ Ph.D ကျောင်းသားဘဝတုန်းက။ 
အဲဒီတော့ Ph.D ရပြီးတော့ဆက်လက်ပြီးတော့ 
လေ့လာတာ ဗုဒ္ဓဘာသာအကြောင်း။ 

★ ဗုဒ္ဓဘာသာတရားထိုင်တာရော သီအိုရီတွေရော Buddhist psychology 
တွေရော အဲဒါတွေ လေ့လာပြီးတော့ Emotioanl Intelligence ကို 
ရေးထားတယ်။ ဒီစာအုပ် သန်းပေါင်း၂၆သန်းလောက် ရောင်းရတယ်။ 
လူတွေစိတ်ဝင်စားတာ ပြောတာ။ 

★ ဘာဖြစ်လို့တုန်းဆိုတော့ မဂ္ဂင်ရှစ်ပါးကို မဂ္ဂင်ရှစ်ပါးဆိုတဲ့ 
နာမည်မသုံးဘဲနဲ့ present လုပ်သွားတာ။ မဂ္ဂင်ရှစ်ပါးလို့ ပြောရင် 
ဘုန်းဘုန်းတို့ စာနဲ့ပေနဲ့ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ကျတော့ 
အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ စာနဲ့ပေနဲ့ မဟုတ်တဲ့လူကျတော့
 “အမလေး တစ်ကနေ ရှစ်အထိ မှတ်ရတာကိုက မနည်းဘူး။” 

★ နောက် အဲဒီထဲမှာ ဘယ်ဟာစပြီး လေ့ကျင့်ရမှာတုန်း။ တချို့က သီလကနေ စရမယ်ပြောတယ်။ ဒါဆို အလယ်ခေါင်ကနေဖောက်ပြီးတော့ 
“သမ္မာဝါစာ၊ သမ္မာကမ္မန္တ” အဲဒီအလယ်ခေါင်မှာ
ဖောက်ပြီးတော့ ကျင့်ရမယ်။ 

★ တချို့ကျတော့ မဟုတ်ဘူး အနောက်တိုင်းမှာ meditation ကနေစရမယ်။ 
အဲဒါ နောက်ဆုံးမှာ “သမ္မာသတိ သမ္မာသမာဓိ” အဲဒီကနေ စရမယ်။ 

★ အခု Daniel Goleman ပြောတဲ့ဟာ သူက intelligent ရှိတဲ့ အတွေးအခေါ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေအတွက် သူ present 
လုပ်ထားတဲ့ဟာက emotion ကိုကြည့်ပါ။ အဲဒီထဲမှာ စာစကားနဲ့ပြောရင်တော့ ပညာသိက္ခာပါပြီးသားပါ။ ကဲ ဘယ်လို ပါတုန်း။ 
အဲဒါက စောစောပိုင်းက ပြောတဲ့ဟာတွေ ပြန်ကောက်မယ်။ 

★ ကိုယ် Flashpoint နဲ့ တွေ့တဲ့အခါ နေ့စဉ်ဘဝမှာ အဆင်မပြေမှုနဲ့ 
တွေ့တဲ့အခါမှာ external violence ခေါ်တာပေ့ါ၊ အကြမ်းဖက်မှုက ဥပမာ အပြောအဆိုကြမ်းတာတွေ၊ ဆဲတာတွေ တချို့ကျတော့ ကိုယ်ထိ
လက်ရောက်တွေ ဖြစ်တာတွေ အဲဒါတွေ ဒါတွေက အပြင်မှာဖြစ်တဲ့ဟာ။ 

 ★ အတွင်းမှာဖြစ်တဲ့ဟာ ရှိသေးတယ်။ အပြင်တော့ ထွက်မလာဘူး။ 
မျက်နှာပြုံးနေတုန်းပဲ ရှိသေးတယ်။ ကိုယ့်ကားကိုမောင်းတာ အိန္ဒြေမပျက် 
ဆက်လက်ပြီးတော့ မောင်းနေတယ်လို့ထင်တယ်။ 
ဒါပေမဲ့ စိတ်ထဲမှာ ပူလောင်နေတယ်။ 
စိတ်ထဲမှာ မကျေနပ်တဲ့စိတ်တွေ။ 

 ★ ကိုယ့်ကို မကြည်ကြည့်ပြီးတော့ ကျော်သွားတဲ့ ကားတစ်စီးကို နောက်ကနေပြန်ကြည့်ပြီးတော့ မကျေနပ်တဲ့စိတ်တွေနဲ့ 
ကိုယ့်ဟာကိုယ်ဆက်မောင်းတယ်။ 

★ ဆိုလိုတာက အတွင်းမှာ လောင်တာတစ်ခု၊ အတွင်းမှာလောင်ပြီးတော့ 
အပြင်ထိ manifestation အပြောအဆိုတွေ အပြုအမူတွေ အဲဒီထဲကို 
ရောက်လာတာ ဒါတစ်ခုရှိတယ်။ ဒါက ကိလေသာသုံးမျိုး 
လေ့လာဖူးတဲ့ပုဂ္ဂိုလ်တွေ သိပါတယ်။ 

★ တစ်ခုကတော့ ပါဠိလို “#ဝီတိက္ကမကိလေသာ” ဆိုတာ emotion ကို 
ကျော်ပြီးတော့ အပြောအဆိုထဲရောက်သွားတယ်။ မဟုတ်ရင်လည်းပဲ 
ခြေနဲ့လက်နဲ့ အဲဒီလိုဖြစ်သွားတယ် တကယ် ကျူးလွန်တာပေါ့။ 

★ နောက်တစ်ခုကတော့ အဲဒီလိုတော့ မကျူးလွန်ဘူး ဒါပေမဲ့ 
စိတ်ထဲမှာ သူက မကျေမနပ်ဖြစ်နေတယ်။ စိတ်ထဲမှာ ထကြွနေတာပေါ့။ 
ဒေါသမီးတွေ မာနမီးတွေ ထကြွနေတာ။ မကျေနပ်ဘူး။ 

★ ဘယ်သူက ငါ့ကို ဒီလိုလာပြီးတော့ အထင်သေးတုန်းဆိုပြီး 
အဲဒီလို interpretation လုပ်လိုက်ရော ကိုယ့်ကိုလာပြီးတော့ 
အထင်သေးဆိုတဲ့လူကို စိတ်ထဲမှာ မမေ့နိုင်ဘူး။ သူ့အကြောင်း
 တွေးမိတာနဲ့ စိတ်ထဲမှာ ထကြွလာတယ် “ပရိယုဋ္ဌာကိလေသာ”။ 

★ တရားထိုင်တဲ့အခါကျတော့ ရိပ်သာမှ တရားထိုင်မှ မဟုတ်ပါဘူး။ 
အိမ်မှာပဲ တရားထိုင်ထိုင်၊ ဒီလို လုပ်ငန်းခွင်မှာပဲ ၂မိနစ် ၃မိနစ် မကြာခဏ 
mindfulness ဆိုတဲ့ သတိတရားကို လေ့ကျင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ြဖစ် 
အဲဒီပုဂ္ဂိုလ်တွေကျတော့ စိတ်ထဲမှာထကြွလာတဲ့ ဒေါသတွေ မာနတွေ၊ 
အဲဒီမာနတွေကို စောင့်ကြည့်နိုင်တဲ့အခါကျတော့ သူရဲ့ pattern လေးမြင်ပြီးတော့ နောက်ဆုံးကျတော့ “အနုသယကိလေသာ” ဆိုတာ အောက်မှာ 
တကယ်လို့ ရေဆိုလည်းပဲ အောက်မှာသူ့ဟာသူ 
အနယ်ထိုင်နေတဲ့ ရွှံ့ညွန်တွေပေါ့။ 

★ အဲဒီ ရွှံ့ညွှန်တွေကလည်းပဲ ရွှံ့ပါပဲ။ အပေါ်မှာကတော့ ရေက
 ကြည်နေတယ် ဒါပေမဲ့ အောက်မှာ ရွှံ့ရှိတဲ့အခါကျတော့ 
အချိန်မရွေး ရေတစ်ခုလုံးက နှောက်သွားနိုင်တယ်။ 

 ★ အဲဒီအတိုင်းပါပဲ စိတ်ထဲမှာ ဘုန်းဘုန်းတို့ ရှိတဲ့ emotional pattern ကို 
ကိုယ်က diagnose မလုပ်မချင်း ကိန်းအောင်နေတယ် ခေါ်တာပေါ့၊ 
subconscious ထဲမှာ ကိန်းအောင်းနေတဲ့ ဒီအကျင့်တွေက 
အချိန်မရွေး သူ ထလာနိုင်တယ်။ 

★ အဲဒီတော့ ဘုန်းဘုန်း အခု ကိလေသာသုံးမျိုးကိုပြောခြင်း
အကြောင်းကတော့ တစ်ခုတည်းပဲ ရယ်ရွယ်ချက်က “မကျေနပ်မှုနဲ့တွေ့ရင် 
ပေါက်ကွဲတတ်တယ်” ဆိုတာ ပြောချင်တာ။ 
ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၃)

ပြဿနာကို ထွက်ပြေးနေသေးတယ်ဆိုရင်
နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါး မဖြစ်သေးဘူး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ စိတ်ထဲမှာ မသက်မသာဖြစ်ပြီဆိုရင် easy way out (လွယ်ကူတဲ့နည်းလမ်း) 
ကတော့ လူတစ်ယောက်ယောက်ကို အပြစ်တင်လိုက်တာ။ 
အပြစ်တင်လိုက်ပြီဆိုရင် စိတ်ထဲမှာ နေလို့ကောင်းတယ်။ 

★ အပြစ်တင်တာက ကောင်းတဲ့အလုပ်တော့ မဟုတ်ဘူး။ 
ဒါပေမဲ့ we are all addicted to that. ဘုန်းဘုန်းတို့ လူသားတွေ 
လူမျိုးပေါင်းစုံပဲ။ အဲဒီလို စိတ်ထဲမှာ တစ်ခုခု uncomfortable (မသက်မသာ) 
ဖြစ်တယ်၊ စိတ်ထဲမှာ negative emotion ဖြစ်လာပြီးတော့ 
မချမ်းမသာဖြစ်တယ်ဆိုရင် လူတစ်ယောက်ယောက်ကို အပြစ်တင်လိုက်မှ။ 

★ အပြစ်တင်လိုက်ပြီဆိုရင် ကိုယ့်ဟာကိုယ် Intellectually we feel satisfied. စိတ်ထဲမှာသွားပြီးတော့ ပျော်နေရော။ ဘာဖြစ်လို့တုန်းဆိုတော့ 
ငါက ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာက ရှာတွေ့သွားပြီဆိုပြီးတော့ 
ကိုယ့်ကိုယ်ကိုယ် delusion (ထင်ယောင်ထင်မှား) တွေလုပ်နေတာ၊ 
delusion တွေပေးနေတာ။ 

★ ကိုယ်ထင်လိုက်တဲ့ အကြောင်းတရားက တကယ့်အကြောင်းတရား ဟုတ်လား။ တကယ့်အကြောင်းတရားဆိုရင်တော့ အကြောင်းတရားကိုမြင်ပြီးတော့ ပြဿနာဖြေရှင်းတဲ့ပုဂ္ဂိုလ်က အဲဒီပြဿနာ 
နောက်ထပ်ထပ်ပြီးတော့ဖြစ်ဖို့ ခဲယဉ်းတယ်။ 

★ Problems don't repeat themselves if we see their causes rightly. 
ပြသာနာရဲ့ အကြောင်းမှန်ကို တကယ်မြင်ခဲ့ရင် မှန်မှန်ကန်ကန်မြင်ခဲ့ရင် 
ဒီပြဿနာက နောက်ထပ်ထပ်ဖြစ်ဖို့ ခဲယဉ်းပါတယ်။ 
တကယ်ဖြစ်ခဲ့ရင်လည်း ဒီလောက်ထိ အရှိန်မပြင်းတော့ဘူး။ 

★ အဲဒီတော့ အခုရှင်းပြတာကို ပြန်ပြီးတော့ summarize လုပ်မယ်ဆိုရင် 
နေ့စဉ် acitivites တွေထဲမှာ မနက်ပိုင်း မျက်နှာသစ်တဲ့အချိန်ကစ၊ 
အဝတ်အစားလဲတဲ့အချိန်ကစ၊ breakfast စားတဲ့အချိန်၊ 
အလုပ်သွားတဲ့အချိန် အဲဒီအချိန်တွေမှာ စိတ်ထဲမှာခိုးလုခုလုဖြစ်ခဲ့ရင် အဲဒီဟာလေးကိုလက်မလွတ်တမ်းကြည့်ပေးပါလို့ 
ပြောချင်တာ ပထမဆုံးအကြိမ်။ 

Main point လေးကတော့ နေ့စဉ်ဘဝမှာ 
flashpoint လေး ရှိတယ်လို့ ပြောချင်တာ။ 

 ★ လုပ်ငန်းတွေမှာရော social media တွေကြည့်တဲ့နေရာမှာရော စားသောက်တဲ့အနေရာမှာရော ခရီးသွားတဲ့နေရာမှာရော သူက 
နေရာတိုင်းမှာ ကိုယ်မျှော်လင့်ထားတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ စိတ်ပျက်စရာ - 
disappointment ဖြစ်စရာ နည်းနည်းဖြစ်ချင်ဖြစ်မယ် 
ကြီးကြီးဖြစ်ချင်ဖြစ်မယ် အဲဒါမျိုးတွေ ဖြစ်တတ်တယ်လို့ပြောတာ။ 

★ အဲဒီလိုဖြစ်တာကို မကြောက်နဲ့လို့ ပြောချင်တာ။ ကြောက်မယ့်အစား အဲဒီဟာကိုမျှော်လင့်ထား။ ဒါကတော့ အသေးလေးတွေပေါ့။ 

★ အကြီးကြီး ခပ်ကြီးကြီးတွေကတော့ ဘယ်လိုဖြစ်တာတုန်း။ 
ဒကာကြီး ဒကာမကြီးတို့အနေနဲ့ ကိုယ့်ရဲ့သမီးကို သုဿန်လိုက်ပို့ရတယ်ဆိုတဲ့ 
အနေအထားက ဘယ်မိဘကမှ မျှော်လင့်မထားဘူး။ သမီး နေမကောင်ဘူး 
သိထားပေမယ့် ဒီလောက်ထိ ဖြစ်မယ်ဆိုတာ 
မိဘအနေနဲ့က လက်ခံဖို့ခဲယဉ်းတယ်။ 

★ ဒါကြောင့် သမီးကို သတိရတဲ့အခါမှာ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ 
လွမ်းဆွတ်မှု နာကျင်မှု သမီးမရှိတော့တဲ့ အတွက်ကြောင့်မို့လို့ မိသားစုဘဝမှာ အပြောင်းအလဲလေးတွေ အဆင်ပြေတာရော အဆင်မပြောတာရော 
အဲဒါမျိုးတွေ ဖြစ်လာတဲ့အခါမှာ အဲဒီဟာကို လျစ်လျူရှုမထားနဲ့။ 

★ ကိုယ့်ရဲ့ attention ကို တခြားနေရာလွှဲပစ်တာမျိုး မလုပ်နဲ့။ 
သမီးတစ်ယောက်ကို ဆုံးရှုံးသွားတယ်၊ ဆုံးရှုံးထားတယ်၊ အစ်မတစ်ယောက်ကို 
ဆုံးရှုံးထားတယ်၊ မြေးလေးဆိုလည်း မိခင်တစ်ယောက်ကို ဆုံးရှုံးထားတယ်။ ဒီအတွေ့အကြုံလေးကို မေ့မေ့ပျောက်ပျောက် မနေစေချင်ဘူး။ 
ဒါကတော့ သူ့ကို သတိရတာ။ 

★ အခု ဘုန်းဘုန်းပြောတဲ့ဟာက ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်နေသလား။ 
ဗုဒ္ဓတရားတော်ကျတော့ အစွဲမထားရဘူး ဒီလိုမေးနိုင်စရာရှိတယ်။ 
ဘုန်းဘုန်းပြောချင်တာက သမီးကို သတိရတဲ့အခါမှာ နောက်ပြီးတော့ 
စိတ်ထဲမှာ ၀မ်းနည်းတဲ့အခါမှာ တခါတခါ စိတ်ထဲမှာ နားမလည်ဘူး။ 

★ “ဘာကြောင့် ဒီလိုဖြစ်တုန်း။ ဘာကြောင့် ငါ့သမီးကျမှ ဒီလိုဖြစ်တုန်း။ 
ဘာကြောင့် ငါ့အစ်မကျမှ ဒီလိုဖြစ်တုန်း။” ဒါမျိုးတွေက ဖြစ်တတ်တယ်။ အဲဒီလိုမျိုးဖြစ်လာတယ်ဆိုရင် ကိုယ့်ရဲ့ emotion ကို ကောက်ပြီးတော့ 
ကြည့်လိုက်ပါ။ You should connect with your emotion at that time. 

★ အဲဒီအချိန်မှာ နှမြောတာလား၊ လောကကြီးကို မကျေနပ်တာလား။ 
ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာလား။ ငါ ဘာများ နောက်ထပ်ထပ်လုပ်ပေးနိုင်တုန်း။ 
ဒါမျိုးတွေ မေးနေတာ။ အဲဒီတော့ အဲဒီ emotion တွေကို 
အကောင်းအဆိုး မဝေဖန်နဲ့။ 

★ #အကောင်းအဆိုးမဝေဖန်နဲ့ဆိုတာက ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ဘူး။ #တခြားလူတွေကိုလည်းအပြစ်မတင်ဘူး။ အပြစ်မတင်ဘဲနဲ့ အဲဒီ 
နာကျင်မှုနဲ့ တစ်မိနစ် နှစ်မိနစ်လောက် အနည်းဆုံးနေပေးတာ။ 
အများကြီး မပြောဘူးနော် တစ်မိနစ် နှစ်မိနစ်။ 

 ★ တကယ်လို့ ရိပ်သာထဲမှာ ရှိတဲ့အချိန် ဒါမှမဟုတ် အိမ်မှာ 
တရားထိုင်တဲ့အချိန်ဆိုရင် အဲဒီထက် နည်းနည်းလေးပို ကြာကြာလေးနေ။ 
ဆိုလိုတာက ဒုက္ခနဲ့ နေတတ်အောင် ဘုန်းဘုန်းက ပြောမလို့၊ 
ဒုက္ခနဲ့နေတတ်အောင်။ 

★ ဗုဒ္ဓတရားတော်ဟောထားတာက အရမ်းပြည့်စုံတယ်။ 
ဒါပေမဲ့ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ ကိုယ်တိုင်က ပြဿနာကို လက်မခံသေးဘူး၊ 
အနီးကပ် မကြည့်ချင်သေးဘူး၊ မခံစားကြည့်ချင်ဘူး။ ဒီမှာ ရှိနေတဲ့ ပြဿနာကို ထွက်ပြေးနေသေးတယ်ဆိုရင် နေ့စဉ်ဘဝမှာ မဂ္ဂင်ရှစ်ပါး မဖြစ်သေးဘူး။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၂)

နေ့စဉ်ဘ၀ စိတ်ခံစားမှု 
▬▬▬▬▬▬▬▬▬▬▬▬
 နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၂)
 ▬▬▬▬▬▬▬▬▬▬▬▬
  မဂ္ဂင်ရှစ်ပါးကို နေ့စဉ်ဘဝမှာအသုံးပြုဖို့အတွက်ဆိုရင် 
ကိုယ့်ရဲ့ center point - ကိုယ့်ရဲ့ အရေးကြီးတဲ့ ဗဟိုပြုတဲ့ point က 
ဘယ်နေရာကို သွားကြည့်ရမှာတုန်းဆိုရင် Emotion 
(စိတ်ခံစားမှု)ကို ကြည့်စေချင်တယ်။ 

Emotion က ဘယ်အချိန်မှာ ဖြစ်တုန်းဆိုရင် ပြဿနာနဲ့
တွေ့တဲ့အခါမှာ ဖြစ်တာ။ ပြဿနာနဲ့တွေ့တဲ့အခါမှာ emotion ဖြစ်တယ်။ 
ဘုန်းဘုန်းတို့ရဲ့ ပြဿနာက ပြဿနာနဲ့တွေ့တဲ့အခါမှာ ကိုယ်က 
ပြဿနာရယ်လို့ ချက်ချင်း သတိမထားမိတာ။ အဲဒါပဲ၊ ချက်ချင်း
သတိမထားမိတာ။ သြော် ပြဿနာဖြစ်နေပြီ။ 

ဥပမာ ရန်ကုန်မြို့ကြီးထဲမှာ ကားမောင်းသွားတယ်။ 
အဲဒီရှေ့က ကားတွေလည်းရှိတယ်၊ ဘေးက ကားတွေလည်းရှိတယ်၊ 
နောက်က ကားတွေလည်း ရှိတယ်၊ အဲဒီမှာ လူအများစုကတော့ 
အနည်းအများ pressure (ဖိအား) ရှိမှာပဲ။ stress (စိတ်ဖိစီးမှု) ရှိမှာပဲ။ 

★ အဲဒီတော့ အဲဒီ stress ကို စပြီးတော့ ကြည့်နိုင်ရင် ဒါ ပြဿနာရဲ့
အစပိုင်းကို ကြည့်နိုင်တယ် - the beginning of the problem 
အဲဒီပြဿနာကို စပြီးတော့ သတိထားမိတယ်။ 

အဲဒီပြဿနာကို သတိထားမိတဲ့အခါမှာ ကိုယ်က 
ဥပမာ ဘေးကကားက carelessly - သတိသိပ်မရှိဘဲ 
မောင်းသွားတယ်ဆိုရင် သူ့အပေါ်မှာ ချက်ချင်းဖြစ်သွားတဲ့ 
reaction (တုန့်ပြန်မှု)၊ အဲဒီ reaction က ပြဿနာရဲ့အစ။ 
ကိုယ့်ရဲ့ reaction pattern ခေါ်တာ။ 

အဲဒီ reaction pattern ကို analyze(စိစစ်)လုပ်ကြည့်တဲ့အခါမှာ 
reflect(ဆင်ခြင်) လုပ်ကြည့်တဲ့အခါမှာ ဘာတွေတွေ့တုန်း။ 
နံပါတ်တစ်ကတော့ မကျေနပ်တာတွေ့တယ်။ နံပါတ်နှစ်က 
အပြစ်ပြောချင်တာတွေ့တယ်။ 

တခါတခါကျတော့ သူ့ကို မကျေနပ်တဲ့အနေနဲ့ လီဗာနင်းပြီးတော့ 
တခါတတည်း သူ့ကို ပြန်ကျော်တက်ရမှာလား။ သူက မကြည်တဲ့အကြည့်နဲ့ 
မလေးမစား အကြည့်နဲ့ ကြည့်သွားတယ်ဆိုရင် သူ့ကို 
မှီအောင်ကြည့်ပြီးတော့ အဲဒီအတိုင်း ပြန်ကြည့်ပြီး 
ဂလဲ့စားချေမှာလား။ အဲဒီစိတ်တွေက ဖြစ်တတ်တယ်။ 

တခြားလူတွေက ကိုယ့်ကို မလေးစားဘူးလို့ စိတ်ထဲမှာထင်ရင် 
စိတ်ထဲမှာ ဘယ်လိုဖြစ်တုန်း။ ကိုယ့်စိတ်ထဲမှာ ဒေါသဖြစ်တယ် 
တခါတခါ၊ တခါတခါကျတော့ အားငယ်တယ်။
 တခါတခါကျေတော့ irritated (စိတ်ဆိုး) ဖြစ်တယ်။ 

တခါတည်း စိတ်တွေတို “သူက ဘယ်သူမို့လို့ 
ငါ့ကို ဒီလိုကြည့်တာတုန်း။” အဲဒီစိတ်တွေဖြစ်တယ်။ 
တခါတခါကျတော့ အဲဒီလမ်းပေါ်မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့သူငယ်ချင်းတွေ သူငယ်ချင်းအချင်းချင်းထဲမှာလည်း ပြိုင်ဆိုင်မှုတွေရှိတာကိုး။ 

 ★ လူ့လောကကြီးထဲမှာ ပြိုင်ဆိုင်တဲ့လူက မပြိုင်ဆိုင်တဲ့လူထက် 
ပိုများပါတယ်။ ပွင့်ပွင့်လင်းလင်း ပြိုင်ဆိုင်တာနဲ့၊ စိတ်ထဲမှာ ကျိတ်ပြီးတော့ 
ပြိုင်ဆိုင်တာ ဒါပဲကွာတယ်။ အဲတော့ ပြိုင်ဆိုင်တယ်ဆိုရင် ဘာဖြစ်တုန်း။ 

ပြိုင်ဆိုင်တဲ့နေရာမှာ ကိုယ်က သူများထက်သာတယ်လို့ စိတ်ထဲမှာ
 ခံစားရရင် ခဏတဖြုတ်စိတ်ထဲမှာ စိတ် ကြည်နူးတယ်။ 
ဘုန်းဘုန်းက ချမ်းသာတယ်ဆိုတဲ့ စကားလုံး မသုံးချင်ဘူး။ 
စိတ်ချမ်းသာတယ်ဆိုတဲ့ စကားလုံးက သူက
 It can be misleading. (မှားယွင်းနိုင်တယ်) 

စိတ်ချမ်းသာတာက တရားသဘောကနေ ပြောတဲ့ စိတ်ချမ်းသာမှုက 
တခြားလူတွေနဲ့ ပြိုင်တဲ့အခါမှာ ကိုယ်က နိုင်တဲ့အခါမှာ 
ဖြစ်တတ်တဲ့ ကြည်နူးမှု၊ အဲဒီကြည်နူးမှုနဲ့မတူဘူး စိတ်ချမ်းသာမှုက။ 

အဲဒီဟာလေးတွေကို မြင်နိုင်တယ်ဆိုရင် ကိုယ့်ရဲ့ 
Emotional manifestation (စိတ်ခံစားမှုဆိုင်ရာပုံစံ) 
ခေါ်ပါတော့ အင်္ဂလိပ်လို၊ ဒါမှမဟုတ် Emotional reaction 
(စိတ်ခံစားမှုဆိုင်ရာတုန့်ပြန်မှု) အဲဒီဟာတွေကို သတိထားမိတယ်ဆိုရင် 
ပထမဆုံး သတိတရားဝင်လာပြီ။ 

နောက် သတိတရားက စပြီးတော့ အလုပ်လုပ်တော့မယ်။ 
သူ့ function(လုပ်ဆောင်ချက်)လာတော့မယ်။ Function တစ်ခုက 
ဘာတုန်းဆိုတော့ Non-judgemental awareness 
(အကောင်းအဆိုးမဝေဖန်တဲ့သတိ) ဆိုတာ - စိတ်ထဲမှာ ဒါလေးဖြစ်နေတယ်၊ 
- စိတ်ထဲမှာ မလုံမခြုံဖြစ်နေတယ်၊ - စိတ်ထဲမှာ မကျေနပ်တာလေး 
ဖြစ်နေတယ် အဲဒီဟာလေးကို အသိအမှတ်ပြုလိုက်တာ။ 

အဲဒီ အသိအမှတ်ပြုတာလေးက နာကျင်မှုပါတယ်။ 
There is some pain in that, in recognizing that some form of 
negative emotion is happening in our mind, in our heart. 
It’s painful to recognize this. 

သူက painful ဖြစ်လို့ မသက်မသာဖြစ်လို့ uncomfortable ဖြစ်လို့ 
လူအများစုကတော့ အဲဒီ staring point မှာတင် they turned away မျက်နှာပြန်လှည့်လိုက်တယ်။ အဲဒါ ရှေ့ဆက်မသွားတော့ဘူး။ 
အဲဒီနာကျင်မှု စိတ်ထဲမှာ negative emotion 
ဖြစ်လာတဲ့အခါမှာ မကြည့်ချင်ဘူးပေါ့။ 

တခါတခါ မိသားစုကြားထဲမှာ negative emotion တွေဖြစ်တယ်။ 
တခါတခါကျတော့ သူငယ်ချင်းတွေနဲ့ တခါတခါကျတော့ လုပ်ငန်းမှာ၊ 
တခါတခါကျတော့ သတင်းစာဖတ်နေရင်းနဲ့ facebook ကြည့်နေရင်းနဲ့
 twitter ကြည့်နေရင်းနဲ့ television ကြည့်နေရင်းနဲ့ အဲဒီ emotion တွေ
 ပေါ်လာတယ်။ ဒါတွေက နေ့စဉ်လုပ်နေတဲ့ လုပ်ငန်းတွေ။ 

★အဲဒီနေ့စဉ်လုပ်နေတဲ့လုပ်ငန်းတွေ 
daily activities တွေ အဲဒီမှာ မဂ္ဂင်ရှစ်ပါးကကပ်ရတာ။ 

အဲဒီတော့ uncomfortable experience 
ဆိုတာက မသက်မသာ စိတ်ထဲမှာ negative ဖြစ်နေတဲ့ ခံစားမှုတစ်ခု၊ 
အဲဒီ emotion ကို သတိပြုလာတဲ့အခါမှာ လူအများစုက 
ရှေ့ဆက်မသွားဘူး ရှေ့ဆက်ပြီးတော့ မကြည့်ဘူး။ 

ဒါ ဘာဖြစ်လို့ ဒီလိုဖြစ်နေတာပါလိမ့်။ ဒီ feeling က 
ဘာ feeling ခေါ်တာပါလိမ့်။ဒီ feeling ကို ဒီ emotion ကို
 ကြည့်တဲ့နေရာမှာ ကိုင်တွယ်တဲ့နေရာမှာ ငါ့ရဲ့ကိုင်တွယ်ပုံ 
ကိုင်တွယ်နည်းက ဒီ emotion ကြီးပဲကြီးလာတာလား။

ဒီ negative emotion က အားပဲ ကောင်းလာသလား ဒါမှမဟုတ် 
သူက ကြည့်လိုက်တာနဲ့ ခဏတဖြုတ်တော့ နာကျင်မှုရှိတယ် စိတ်ထဲမှာ။ 

ဒါပေမဲ့ နည်းနည်းလေး ကြာလာတဲ့အခါကျတော့ ၅မိနစ် ၁၀မိနစ်လောက် ရောက်လာတဲ့အခါကျတော့ အဲဒီ emotion က subside ဖြစ်သွားလား 
(အားနည်းသွားလား)။ ၀ပ်သွားလား။ဒီလို reflection အထိရောက်အောင် 
သွားတဲ့လူက နည်းတယ်။ ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၁)

အားလုံးသိပြီးသားအတိုင်း တရားခေါင်းစည်းကတော့
 နေ့စဉ်ဘဝမှာလက်တွေအသုံးချတဲ့ မဂ္ဂင်ရှစ်ပါးတရားတော်
 နေ့စဉ်အသုံးပြု မဂ္ဂင်ရှစ်ပါး တရားတော်။ 

★ မဂ္ဂင်ရှစ်ပါးလို့ပြောရင် အဲဒါ ရှစ်ခုစလုံး လူတိုင်း မမှတ်မိဘူး။ 
အဲဒီ ရှစ်ခုကို ချဲ့ပြီးတော့ ပြောမယ်ဆိုရင်လည်းပဲ 
အရမ်းများတယ်လို့ ထင်ရတယ်။ 

★ ဒါပေမဲ့ ဗုဒ္ဓမြတ်စွာဘုရားခေတ်မှာတုန်းကတဲ့ ဥပမာလေးတစ်ခု 
ပြောပြရရင် #ခက်တာကိုလွယ်အောင်လုပ်နိုင်တယ်၊ 
လွယ်တာကိုလည်းခက်အောင်လုပ်နိုင်တယ် ဆိုတဲ့
အကြောင်းလေး ပြောတာပါ။ 

★ တစ်နေ့ကျတော့ ဘုန်းဘုန်းတစ်ပါးက အိမ်တစ်အိမ်ကို နေ့တိုင်း 
ဆွမ်းခံကြွတယ်ပေါ့နော်။ နေ့တိုင်းဆွမ်းခံကြွတဲ့အခါကျတော့ 
ဒီ ဘုန်းဘုန်းကလည်းပဲ တရားလည်းကျင့်တယ်။ 

★ နောက်ပြီးတော့ ပိဋကတ်သုံးပုံလည်းပဲ ကျကျနန သိတဲ့ ဘုန်းဘုန်းဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ ဒကာတွေက 
တစ်ခုခုမေးတယ်ဆိုရင် ကျမ်းနဲ့ကန်နဲ့ ပြန်ပြီးတော့ ဖြေလေ့ရှိတယ်တဲ့။ 

★ အဲဒါနဲ့ ဆွမ်းဒကာက “အရှင်ဘုရား တပည့်တော် တရားကျင့်ချင်တယ်” 
ဆိုတော့ “အေး ပထမဆုံး ဒါနကျင့်ပါ” အဲဒါ အလှူတွေပေးတယ်။ 
မိသားစုအတွင်းမှာရော ဆွေးမျိုးတွေရော ရဟန်းသံဃာတွေကိုရော 
သူတတ်နိုင်သလောက် ဒါနပေး။ 

★ အဲဒါနဲ့ စိတ်တွေ ကြည်လင်လာတယ်။ စိတ်တွေကြည်လင်လာပြီးတော့ 
နောက် “တပည့်တော် ဒါတွေလုပ်နေတယ်၊ တပည့်တော် စိတ်ထဲမှာ ပျော်ရွှင်တယ်။ 
တပည့်တော် ဘာဆက်လုပ်ရမှာလဲ” ဆိုတော့ ဒီတိုင်းဆိုရင် သီလဆောက်တည်ပါ
ဆိုတော့ ငါးပါးသီလ၊ ရှစ်ပါးသီလ အစရှိသည်ဖြင့် 
တစ်ခုပြီးတစ်ခု ဆောက်တည်တယ်။ 

★ အဲဒါလည်းပဲ သူကျေနပ်မှုတွေရတယ်၊ “ဒါပြီးရင် ဘာဆက်လုပ်ရမှာတုန်း” 
ဆိုတော့ “တရားထိုင်ရမယ်” ဆိုပြီး တရားထိုင်ပုံထိုင်နည်း တစ်ခုပြီးတစ်ခု 
သင်တယ်။ နောက်ပိုင်းကျတော့ အဲဒီဆွမ်းဒကာက တရားတွေတက်ပြီးတော့ 
ဘုန်းကြီးဝတ်ချင်တယ်။ အဲဒါနဲ့ ဘုန်းကြီး ၀တ်ဖြစ်တယ်တဲ့။ 

 နောကျ အဘိဓမ်မာ အဲဒါ တစျခုပွီးတစျခု လေ့လာ။ 

★ လေ့လာတဲ့အခါကျတော့ အဘိဓမ္မာဆီရောက်လာတဲ့အခါကျတော့ 
ကျမ်းစာတွေ အရမ်းများပြီးတော့ stress တွေဖြစ် စိတ်ဖိစီးမှုတွေဖြစ်၊ 
အဲဒါနဲ့ သူရဲ့ ဥပဇ္ဈာယ်ဖြစ်တဲ့ သူ ဆွမ်းလောင်းတဲ့ရဟန်းကို ပြန်လျှောက်တယ်။ 

★ “အရှင်ဘုရား I am going to give it up. I can’t take it anymore. 
အရှင်ဘုရား တစ်ခုပြီးတစ်ခု အရမ်းများတာပဲ တပည့်တော်တော့ စာလည်း
မကျက်နိုင်တော့ဘူး။ ဒီတိုင်းလည်း တပည့်တော် မကျင့်နိုင်တော့ဘူး” 
ဆိုပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ လူထွက်ဖို့အတွက် လုပ်တယ်။ 

★ အဲဒါနဲ့ မြတ်စွာဘုရားဆီကို သွားပြီးတော့ ခွင့်တောင်းတယ်။ 
 “အရှင်ဘုရား တပည့်တော်တော့ စိတ်ပျက်ပြီ။ အရှင်ဘုရား 
ဟောထားတာတွေကလည်း များလိုက်တာ။ အရှင်ဘုရားနဲ့တောင်မှ 
တိုက်ရိုက် မလေ့လာရသေးဘူး။ အရှင်ဘုရား တပည့်ဖြစ်တဲ့ ရဟန်းတစ်ပါး 
တပည့်တော်အိမ် အရင်တုန်းက အမြဲတမ်းဆွမ်းခံကြွနေတဲ့ ရဟန်းတစ်ပါး 
တပည့်တော်ကို သင်ပေးတာတောင်မှ အရမ်းများနေပြီ။ 

အဲဒါကြောင့် တပည့်တော်က ဒါတွေကို မလုပ်နိုင်တော့ဘူး။ 
တပည့်တော် အိမ်ပြန်တော့မယ်။” ဆိုပြီးတော့ မြတ်စွာဘုရားဆီ 
လာနှုတ်ဆက်ပြီး လူထွက်မလို့ လုပ်တယ်။ 


 ★ အဲဒါတွေအားလုံးကို လွယ်ကူအောင် made easy version ပေ့ါ 
လွယ်ကူအောင် သင်ပေးမယ်ဆိုပြီးတော့ မြတ်စွာဘုရားက 
သူ့စိတ်တစ်ခုတည်းကိုပဲ ကြည့်ခိုင်းတယ်။ စိတ်ကို ကြည့်နေတာ။ 
အဲဒါနဲ့ ရက်ပိုင်းအတွင်းမှာ ရဟန္တာဖြစ်သွားတယ်။ 

★ ဆိုလိုတာက ဘုန်းဘုန်းတို့ လွယ်ကူအောင်ပေါ့နော် , မဂ္ဂင်ရှစ်ပါးကို
လွယ်ကူအောင် နေ့စဉ်ဘဝမှာလွယ်ကူအောင် စာရင်းတွေအများကြီးနဲ့ 
ဘာလုပ်ရမှာတုန်းဆိုတာ အဲဒီလို သွားပြီးတော့ ခဏခဏ ပြန်ပြီးတော့ 
checklist တွေ မကြည့်ရအောင်ဆို ဘယ်လိုလုပ်မှာတုန်း။ 

★ ဒီနေ့တော့ ဘုန်းဘုန်းရဲ့ အတွေ့အကြုံနဲ့ အဲဒါလေး ဆွေးနွေးပေးမယ်။ 
ဒီမေးခွန်းကိုပဲ တခြားဆရာတော်တွေကိုလည်း လျှောက်ပါ။ 
တခြားဆရာတော်ကြီးတွေက သူတို့ရဲ့ အတွေ့အကြုံအတိုင်း 
ပြန်ပြီးတော့ ဟောပေးပါလိမ့်မယ်။ 

★ မြတ်စွာဘုရားဟောထားတဲ့ တရားတော်ကို ကျင့်ကြံတဲ့နေရာမှာ 
ဘုန်းဘုန်းတို့က ကိုယ့်ရဲ့inclination (စိတ်ဝင်စားတဲ့အရာ) ဆိုတာ ရှိတယ်။ 
ကိုယ့်ရဲ့ inclination ကိုယ့်ရဲ့ strong point ရှိတယ်။ #ကိုယ့်စိတ်ဝင်စားတဲ့ဟာ 
ကိုယ့်ရဲ့ inclination အဲဒါ ကိုယ့်ရဲ့ strong point ပဲ။ 

★ ဘုန်းဘုန်းက ကိုယ့်ရဲ့သန္တာန်မှာရော တခြားသူတွေဆီမှာရော 
emotional aspect ကို စိတ်ဝင်စားတယ်။ လူတွေရဲ့ emotion 
(စိတ်ခံစားမှု) ကို စိတ်ဝင်စားတယ်။ အဲဒီ emotion က 
လူဘဝတစ်ခုလုံးကို ခြုံငုံမိတယ်လို့ ဘုန်းဘုန်းက ယူဆတယ်။ 

★ အဲဒါကြောင့်မို့လို့ ပိဋကတ်သုံးပုံဖတ်တယ်ဆိုရင် emotion 
ရှုထောင့်ကနေပြီးတော့ ဖတ်တယ်။ နေ့တိုင်းနီးပါး တခြားဆရာတော်ကြီးတွေ 
ကိုယ့်ထက်ကြီးတဲ့ ဆရာတော်ကြီးတွေ တချို့ကျတော့ ကိုယ့်ထက် 
အသက်ငယ်ပါတယ်။ အဲဒီ ဆရာတော်တွေရဲ့ 
တရားတွေလည်း နာဖြစ်ပါတယ်။ 

★ တရားစာအုပ်တွေလည်း ဖတ်ဖြစ်တယ်၊ ပိဋကတ်သုံပုံလည်း ဖတ်ဖြစ်တယ်။ ဖတ်တဲ့အခါမှာလည်း emotion ရှုထောင့်ကနေပြီးတော့ပဲ ပြောတာ ဖတ်တာပေါ့။ 
အဲဒီ ရှုထောင့်ကနေပြီးတော့ နားလည်အောင် ကြိုးစာတာပေ့ါ.။ 

★ ဒါကြောင့် ဒီနေ့ ပြောမှာလဲပဲ မဂ္ဂင်ရှစ်ပါးကို နေ့စဉ်ဘဝမှာ 
အသုံးပြုဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ center point - ကိုယ့်ရဲ့ အရေးကြီးတဲ့ 
ဗဟိုပြုတဲ့ point က ဘယ်နေရာကို သွားကြည့်ရမှာတုန်းဆိုရင် emotion ကို 
ကြည့်စေချင်တယ်။ ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

မုဒိတာကမ္မဋ္ဌာန်းမုဒိတာကမ္မဋ္ဌာန်း - Mudita Meditation

★ မုဒိတာ သိပ်အရေးကြီးပါတယ်။ 
ကျေးဇူးတော်ရှင် မိုင်းဖုန်းဆရာတော်ရဲ့တရားကို နောက်ဆုံး
ဘာသာပြန်ပေးတဲ့ ညမှာ ဆရာတော်က အဲဒီဟာလေး မိန့်တယ်။ 
မုဒိတာက တစ်ခါခါ ကရုဏာထက် ပိုခက်တယ်တဲ့။ 
ဘုန်းဘုန်းတို့ရဲ့ ရှေ့မှာ လူတစ်ယောက် မူးလဲပြီးတော့ အားနည်းပြီးတော့ 
မူးလဲတယ်ဆိုရင် လူတိုင်းက ကူညီချင်တဲ့စိတ် လူနည်းစုပဲ 
သူ့ကို လျစ်လျူရှုတာ။ 

★ ဒါပေမဲ့ လူတစ်ယောက်က စင်ကာပူဆယ်သန်းက ထီပေါက်ပြီးတော့ 
ဒီထဲဝင်လာရင် သူနဲ့အတူ မုဒိတာ ဖြစ်ချင်သူက နည်းတယ်။ 
ဒီလူကြီးကလေ အများအတွက်လည်း ဘာမှမလုပ်ဘဲနဲ့ 
ထီပေါက်တာ မတရားဘူးဟေ့ 🙂 

 ❝မုဒိတာဆိုတာက မုဒိတာ ပွားနိုင်ရင် ဘဝမှာ ရှိတဲ့ ပစ္စည်းတွေ 
အဆပေါင်းမြောက်မြားစွာ တန်ဖိုးတက်သွားတယ်။ 
မုဒိတာ မပွားနိုင်ဘူးဆိုရင် မိမိလက်ထဲမှာ ရှိတဲ့ ပစ္စည်းဥစ္စာတွေက 
အဆပေါင်းမြောက်များစွာ တန်ဖိုးကျသွားတယ်။❞

 ❝နောက် မုဒိတာ ပွားတဲ့နေရာမှာလည်းပဲ ကိုယ့်အတွက်ပဲ မုဒိတာ 
ဖြစ်ပြီးတော့ သူများ ဘယ်လောက်ပဲ အောင်မြင်အောင်မြင် ဂရုမစိုက်ဘူး 
အဲဒီလိုလုပ်ရင်လေ ဒီ မုဒိတာက ကြာကြာ မခံနိုင်ဘူး ဘာဖြစ်လို့တုန်းဆိုတော့ အတ္တ အခြေခံနေလို့တဲ့။ ဒီ အတ္တကပဲ အတ္တအမြင်ကပဲ 
ဒီ မုဒိတာကို ဖျက်စီးသွားမယ်။❞ 

★ ဒါကြောင့် မုဒိတာ ပွားတယ်ဆိုတာ ကိုယ်ကောင်းတာလည်း ပြန်တွေး၊ သူများကောင်းတာလည်း ပြန်တွေး ကိုယ်အောင်မြင်မှု ပြန်တွေး 
သူများအောင်မြင်မှု ပြန်တွေး။ ကိုယ်ရှိတာလည်းတွေး 
သူများရှိတာလည်း တွေး။ 

❝အဲဒီလို တွေးပြီးတော့ မုဒိတာ ပွားနိုင်ရင်တဲ့ တခြားအောင်မြင်တဲ့ ပုဂ္ဂိုလ် တခြားကြိုးစားတဲ့ပုဂ္ဂိုလ်တွေ ကိုယ်ရဲ့ပြိုင်ဖက် ကိုယ်ရဲ့
ရန်သူလို့ မမြင်တော့ဘူး။❞ 

★ မမြင်တဲ့အခါကျတော့ ကိုယ့်စိတ်ထဲမှာ နေရတာ ပေါ့ပေါ့ပါးပါး ရှိတယ်။ 
တချို့သူတွေက ရန်သူမဟုတ်ပါဘူး၊ လူအများစု ရန်သူမဟုတ်ဘူး။ 
ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ကိုယ်ကကိုက လုံလုံခြုံခြုံမရှိလို့ သူတို့ကို 
ရန်သူအနေနဲ့ သွားမြင်တာ။ ရန်သူအနေနဲ့ မမြင်တော့ဘူးဆိုရင် 
အဲလူကတွေက ကိုယ့်ရန်သူ မဟုတ်တော့ဘူး။ 

★ ရန်သူလို့မြင်တာနဲ့ ချက်ချင်း ရန်သူဖြစ်လာတယ်။ 
စိတ်က လုပ်တာလေ "မနောမယာ" ဆိုတာ "မနေသေဋ္ဌော မနောမယာ" စိတ်က 
ဦးဆောင်တယ်၊ စိတ်က အကြီးအကဲဖြစ်တယ် စိတ်ကလုပ်တာ။ 

★ အောက်စဖို့ဒ်ကျောင်း စင်ကာပူမှာ ၁၀-နှစ်၊ အင်္ဂလန်မှာကျတော့ ၁၆-နှစ်၊ 
အင်္ဂလန်မှာ သက်တမ်း ၆-နှစ်ရှိတဲ့အချိန်မှာ စင်ကာပူမှာ 
လာပြီးတော့ တည်ထောင်တယ်။ 

ဒီမှာ ဘုန်းကြီးကျောင်းတည်ထောင်တဲ့ ဒကာတွေ သံဃာတွေ သိတဲ့အတိုင်း အိမ်လေးတွေဌားပြီးတော့ စလုပ်ရတယ်၊ အဲဒါ လစဉ်ငှားခ၊ မီးဖိုးရေဖိုး၊ 
အကုန်ကျတွေ အဲဒါတွေ မြန်မာနိုင်ငံမှာ နေတုန်းက မပူရတဲ့ဟာတွေ 
ဒီရောက်တဲ့အခါကျတော့ ပူရတယ်။ 

★ အဲဒီ ပူပင်ရတဲ့ဟာတွေ အခုနေ မုဒိတာကမ္မဋ္ဌာန်း ပြန်လုပ်တဲ့အခါကျတော့ 
အတိတ်က ကိုယ်ကြိုးစားခဲ့တဲ့ဟာတွေ ပြန်တွေးပြီး မုဒိတာ ဖြစ်နိုင်တယ်။ 
မုဒိတာ မဖြစ်ရင် အခက်အခဲတွေ့တုန်းက ဖြစ်ခဲ့တဲ့ stress chemical တွေ 
cortisol တွေ သူတို့ရဲ့ impact ပေါ့နော် သူတို့ရဲ့ ဆိုးကျိုး 
အဲဒါ ကုစားလို့ မရဘူး healing မဖြစ်ဘူး။ 

★ Healing ဖြစ်အောင်ဆိုရင် ကိုယ်ကြိုးစားခဲ့တာတွေ 
ပြန်တွေးပြီးတော့ မုဒိတာ ဖြစ်ရမယ်။ ဒါပေမဲ့ ကိုယ့်အကြောင်းပဲ 
ကိုယ်တွေးပြီးတော့ မုဒိတာ ဖြစ်ရင် ဒီမုဒိတာက အခြေမခိုင်ဘူးတဲ့။ 

★ ဝေယျာဝစ္စတွေ နေ့စဉ် လစဉ် အပတ်စဉ် ဆွမ်းအလှူရှင်တွေ 
ဂေါပကတွေ ဒီအတိုင်းပဲ ကြည့်တဲ့နေရာမှာ ကိုယ့်လုပ်ငန်း 
ကိုယ်ကြိုးစာခဲ့တဲ့ဟာတွေ အောက်စဖို့ဒ်ကျောင်း ဆယ်နှစ်ကာလမှာ 
ကြိုစားခဲ့တဲ့ဟာတွေ အဲဒါ ကြည့်ပြီးတော့ မုဒိတာ ဖြစ်နိုင်တယ်။ 

★ ဒါပေမဲ့ ဒီ မုဒိတာ အားကောင်းအောင် ဆိုရင် တခြားလူတွေရဲ့ ကြိုးစားမှု 
တခြားလူတွေရဲ့ စေတနာ သဒ္ဓါတရား တခြားလူတွေရဲ့ ကိုယ်ကျိုးအနစ်နာခံမှု 
သူတို့ရဲ့ contribution အဲဒါတွေကိုလည်းပဲ အသိအမှတ်ပြုပြီးတော့ 
ပြန်တွေးပြီးတော့ #မုဒိတာ ဖြစ်ရမယ်တဲ့။ မိမိနဲ့ သူတစ်ပါးနဲ့ ခွဲခြားလို့ မရဘူး။ 
သူတို့ မုဒိတာနဲ့ ကိုယ့်မုဒိတာ ခွဲခြားလို့ မရဘူး။ 

★ ကျန်တဲ့လူတွေ ရှုံ့မဲ့ရှုံ့မဲ့ဖြစ်နေချိန်မှာ ကိုယ်က မုဒိတာ ဘယ်လိုမှ 
မဖြစ်နိုင်ဘူး environment မကောင်းဘူး။ ဒီတိုင်းပါပဲ စင်ကာပူမှာ တရားပွဲတွေ 
ကျင်းပကြတယ် တရားပွဲတွေ ကျင်းပတဲ့နေရာမှာ တစ်ပွဲတစ်ပွဲလုပ်ဖို့ ဆိုရင် 
ဘယ်လောက် အားစိုက်ရအုန်း အများကြီး အားစိုက်ရတယ်။ 

★ အဲဒီဟာတွေကို ပြန်တွေးပြီးတော့ မုဒိတာဖြစ်။ 
ဒါပေမဲ့ ကိုယ့်တရားပွဲအကြောင်းပဲတွေးပြီး မုဒိတာ ဖြစ်ရင် 
အဲ မုဒိတာက အကြာကြီး မခံဘူး။ တခြားလူတွေ ကြိုးစားပြီးတော့ 
တရားပွဲဖြစ်အောင် organize လုပ်တာတွေ အဲဒါတွေ 
တွေးပြီးတော့ မုဒိတာ ဖြစ်ရမယ်။ 

★ ကိုယ့် Sunday school တစ်ခုပဲ ကြည့်ပြီးတော့ မုဒိတာဖြစ်ရင် 
အဲဒါ ဒီမုဒိတာက သိမ်ငယ်သေးတယ် အခြေမခိုင်သေးဘူး၊ 
တခြားကျောင်းတွေရဲ့ Sunday school တွေ အဲဒါလည်း စဉ်းစားကြည့်၊ 
မြန်မာကျောင်းကြီးတို့ နောက် တခြားကျောင်းတွေရှိတယ် 
သီရိလင်္ကာကျောင်းတွေ ရှိတယ်။ 

★ တချို့ကျောင်းတွေဆိုရင် ဒီနိုင်ငံထက် ပိုပြီးတော့ အသက်ကြီးတယ် ဒုတိယကမ္ဘာစစ်မတိုင်ခင်တည်းက ရှိခဲ့တဲ့ကျောင်းတွေလည်း ရှိတယ်။ 
ယိုးဒယားကျောင်းတွေ Wat Ananda တို့ Palelai တို့ အဲကျောင်းတွေ ရှိတယ်။ 
သူ့ကျောင်းနဲ့သူ သူ့ဟာသူ ရုန်းကန်တဲ့အချိန် အဲဒါကိုတွေးပြီးတော့ 
မုဒိတာ ဖြစ်တယ်ဆိုရင် စိတ်ထဲမှာ ကိုယ့်ဟာကိုယ်နေတာပဲ 
ဒါပေမဲ့ သူငယ်ချင်းတွေအများကြီး ရှိတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ 

★ အဲဒီ စိတ်မထားနိုင်ဘူးဆိုရင် သူများအကြောင်း တွေးမိတိုင်း 
တွေးမိတိုင်း ကိုယ်နဲ့ ပြိုင်ဖက်ဖို့ မြင်ပြီးတော့ ကိုယ်ရဲ့ ရန်သူလို့တောင် 
စိတ်ထဲမှာ သွားမြင်နိုင်တယ်။ စိတ်ထဲမှာ မလုံမခြုံဖြစ်တယ်။ 
ဒါကြောင့် ဆယ်နှစ်ရောက်လာတယ်ဆိုတာ ဆယ်နှစ်အထိမ်းအမှတ်လုပ်တာ အချိန်ကာလတစ်ခုတည်းနဲ့ သတ်မှတ်လို့ မရဘူး အောင်မြင်မှုကို။ 

★ ဘာနဲ့ သတ်မှတ်ရမှာတုန်းဆို “မုဒိတာ Quality” နဲ့ သတ်မှတ်ရမယ်။ 
မုဒိတာက တခြားကျောင်းတွေ လုပ်တာ ကြိုးစားတာ မုဒိတာ 
ဖြစ်ရမယ်လို့ ခုနတုန်းက ပြောခဲ့ပြီးပြီ။ ဘယ်ကျောင်းကမှ တခါတည်း 
သံဃာအလုံအလောက် မရှိဘူး။ တစ်ကျောင်းနဲ့တစ်ကျောင်း 
ဒီလိုပဲ ကူညီကြရတယ်။ 

★ စင်ကာပူနိုင်ငံမှာ လိုအပ်တဲ့ သာသနာပြုလုပ်ငန်း မြန်မာလိုသင်မလား 
အင်္ဂလိပ်လိုသင်မလား တရုတ်လိုသင်မလား တစ်ကျောင်းတည်းနဲ့ 
လုံလုံလောက်လောက် လုပ်နိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ 
ဝိုင်းပြီးတော့ လုပ်ရတဲ့ ကိစ္စ။ ဝိုင်းပြီးတော့ လုပ်ရတယ်။ 

သာသနာပြု လူပုဂ္ဂိုလ်အသင်းတွေလည်း ဒီတိုင်းပါပဲ 
အသင်းတစ်သင်းတည်းနဲ့ အကုန်လုံးပြည့်စုံအောင် 
ထောင့်စေ့အောင်လုပ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ 
ဒါကြောင့် ❝ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ပြီးတော့ ကိုယ့်ဟာကိုယ်
 မုဒိတာဖြစ်ပါ။ မုဒိတာဖြစ်အောင် ခဏခဏ ပြန်တွေးပါ။❞ 

 ★ လှူခဲ့တာတွေ တန်းခဲ့တာတွေ နောက်ပြီးတော့ အချိန်ပေးပြီးတော့ 
ဝေယျာဝစ္စလုပ်တာတွေ စီမံခန့်ခွဲမှုပါဝင်တာတွေ ယာဉ်အလှူတွေ 
ကားအလှူတွေပေးတာတွေ အဲဒါတွေ ကြိုးစားပြီးတော့ ပြန်တွေးပြီး 
မုဒိတာဖြစ်အောင်လုပ်ပါ မုဒိတာ ပွားပါ။ 
ပြီးရင် တခြားလူတွေလုပ်တာ အဲဒါလည်း ပွားပါ။ 

★ အလုပ်လုပ်တဲ့လူအနေနဲ့ဆိုရင် စင်ကာပူနိုင်ငံမှာ လာပြီးတော့ 
အလုပ်လုပ်တယ်ဆိုရင် ဒါ တော်တော်ကြိုးစားရတယ်။ 
ကြိုးစားရတဲ့အခါကျတော့ မုဒိတာ မရှိဘူးဆိုရင် လုပ်ငန်းခွင်မှာ 
နည်းနည်းလေး စိန်ခေါ်မှု တွေ့တာနဲ့ ဟာ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တော့ 
ငါတို့ကို နှိမ်တယ်၊ အထင်သေးတယ် အဲစိတ်မျိုးတွေ ကိုယ်က 
Negative ဘက် သွားပြီး တွေးတတ်တယ်။ 

★ နှိမ်တာ ဟုတ်ချင်ဟုတ်မယ် အထင်သေးတာ ဟုတ်ချင်ဟုတ်မယ် 
ဒါပေမဲ့ သူ အထင်သေးတာကို ကိုယ်ရဲ့စိတ်က လက်မခံဘူး 
ကိုယ်ရဲ့စိတ်က အားမငယ်ဘူးဆိုရင် သူ အထင်သေးတဲ့ဟာက 
အရာမရောက်ပါဘူး။ 

★ သူအထင်သေးတာ ကိုယ် လက်မခံဘူးဆိုရင် သူအထင်သေးတာ 
အရာမရောက်ဘူး။ ကိုယ့်ဟာကိုယ် confidence ဖြစ်တယ်။ 
ဒါကြောင့် မုဒိတာက confidence ဖြစ်ဖို့ သိပ်အရေးကြီးတယ်။ 
ကိုယ်အလုပ်ကြိုးစားတာ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားပြီးတော့ 
မုဒိတာ ဖြစ်ရမယ်။ တခြားလူတွေ ကြိုးစာတာ မုဒိတာဖြစ်ရမယ်။ 

★ အဆင့်လေးဆင့် ထိုင်မယ်နော်။ နံပါတ်(၁) မိမိကိုယ်ကို၊ နံပါတ်(၂) မိမိနဲ့
ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေ မိသားစုပါမယ် အချစ်ဆုံး သူငယ်ချင်းတွေပါမယ်၊ 
တစ်ဦးစီတစ်ဦးစီရဲ့ ဝမ်းမြောက်စရာ ဂုဏ်ယူစရာတွေ တွေးပြီးတော့ 
မုဒိတာဖြစ်မယ်။ နံပါတ်(၃)ကျတော့ အလယ်အလတ်ပုဂ္ဂိုလ် 
သူတို့ရဲ့ ကြိုးစားမှု အောင်မြင်မှုကို တွေးပြီးတော့ မုဒိတာ ဖြစ်ပါ။ 

နံပါတ် (၄) ကျတော့ ကိုယ်နဲ့ပြိုင်ဖက် ဒါမှမဟုတ် ကိုယ့်ကိုဝေဖန်ဖူးတဲ့လူ ကိုယ်နဲ့စကားများဖူးတဲ့လူ ကိုယ်နဲ့အယူအဆချင်း မတူတဲ့လူ 
အယူအဆဆိုတဲ့အထဲမှာ ဘာသာရေးအယူအဆ လူမူရေးအယူအဆ 
နိုင်ငံရေးအယူအဆ မတူတဲ့လူ၊ အဲလူတွေရဲ့ ကြိုစားမှု 
အောင်မြင်မှုကို တွေးပြီးတော့ မုဒိတာ ဖြစ်ပါ။ 

★ ဒီ စင်ကာပူနိုင်ငံမှာဆိုရင် မြန်မာဗုဒ္ဓဘာသာတင် မကဘူး တရုတ်ဗုဒ္ဓဘာသာ 
ရှိတယ် ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာရှိတယ်။ သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာ ရှိတယ်။ 
သူတို့ရဲ့ ကြိုစားမှုကိုလည်း ကြည့်ပြီးတော့ တွေးပြီးတော့ မုဒိတာဖြစ်ပါ။ 
အဲလို မုဒိတာဖြစ်တယ်ဆိုရင် မြန်မာဗုဒ္ဓဘာသာတွေအနေနဲ့ 
ကိုယ်ရဲ့လုပ်ငန်းကို ပြန်ကြည့်တဲ့အခါမှာ 
အားငယ်တဲ့စိတ်တွေ မဖြစ်တော့ဘူး။ 

ဟာတှပေေါ့နောျ အဲဒါမြိုးတှေ မလုပျတော့ဘူး။ 
 ❝သူများကို အတင်းပြောတယ်ဆိုတာက သူများ ကိုယ့်ထက်သာတယ်ဆိုတဲ့ 
အထင်မျိုး မရှိအောင် သူတို့ရဲ့အားနည်းချက်တွေ အဲဒါ ရွေးပြီးတော့ပြောတာ။ 
အဲဒါကို အတင်းပြောတယ်ပေါ့။ အတင်းပြောတဲ့ဟာက 
သူများကောင်းကြောင်း တခါမှ မပြောဘူး။❞ 

★ ဒါကြောင့် ကိုယ်နဲ့ ပြိုင်ဖက်ပုဂ္ဂိုလ်တွေ အတင်းပြောတဲ့သူတွေ 
သူတို့ရဲ့ကောင်းကြောင်းကို မြင်နိုင်တဲ့ ပုဂ္ဂိုလ်က သူရဲ့ဘဝမှာ 
အကောင်းမြင်ဝါဒနဲ့ အမြဲတမ်းပြည့်နေပြီးတော့ စိတ်ဓာတ်ကျတယ်ဆိုတာ 
ရှိမှာ မဟုတ်ဘူး။ စိတ်ဓာတ်ကျတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ဘဝထဲမှာ 
ကောင်းတာတွေကို မမြင်နိုင်တော့လို့။ အဆိုးတွေပဲ စိတ်ထဲမှာ 
တဝဲလည်လည် ဖြစ်နေတယ်။ 

ဒါကြောင့် မုဒိတာ များများပွားပါ။ 
★ မုဒိတာ ကို တစ်နည်းအားဖြင့် "ပါမောဇ္ဇ" လို့လည်း ခေါ်တယ်။ 
ပါမောဇ္ဇ ဆိုတာ အဲဒါ ပွားများနိုင်တယ် သမာဓိဖြစ်တယ်တဲ့။ 
နောက် quality တစ်ခုက ပီတိနဲ့တူတယ်။ ဗောဇ္ဈင် ၇-ပါးထဲမှာ ပါတယ်။ 
ဒီပီတိ သံဗောဇ္ဈင် ပွားနိုင်မှ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရား ရနိုင်တယ်၊ သိပ်အရေးကြီးပါတယ် Emotion improvement မှာ 
Emotion management မှာ သိပ်အရေးကြီးတဲ့ မုဒိတာပါ။ 

🧘🏻‍♂️🧘🏻‍♀️ တရားထိုင်မယ်။ We are going to be meditated for 
about 30 minutes so just going round and round, 
OK! If you have time, work on many people, 
work on many things in your life just to develop joyful feelings. 
🧘🏻‍♂️🧘🏻‍♀️ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...