Tuesday, June 30, 2020

မုဒိတာကမ္မဋ္ဌာန်းမုဒိတာကမ္မဋ္ဌာန်း - Mudita Meditation

★ မုဒိတာ သိပ်အရေးကြီးပါတယ်။ 
ကျေးဇူးတော်ရှင် မိုင်းဖုန်းဆရာတော်ရဲ့တရားကို နောက်ဆုံး
ဘာသာပြန်ပေးတဲ့ ညမှာ ဆရာတော်က အဲဒီဟာလေး မိန့်တယ်။ 
မုဒိတာက တစ်ခါခါ ကရုဏာထက် ပိုခက်တယ်တဲ့။ 
ဘုန်းဘုန်းတို့ရဲ့ ရှေ့မှာ လူတစ်ယောက် မူးလဲပြီးတော့ အားနည်းပြီးတော့ 
မူးလဲတယ်ဆိုရင် လူတိုင်းက ကူညီချင်တဲ့စိတ် လူနည်းစုပဲ 
သူ့ကို လျစ်လျူရှုတာ။ 

★ ဒါပေမဲ့ လူတစ်ယောက်က စင်ကာပူဆယ်သန်းက ထီပေါက်ပြီးတော့ 
ဒီထဲဝင်လာရင် သူနဲ့အတူ မုဒိတာ ဖြစ်ချင်သူက နည်းတယ်။ 
ဒီလူကြီးကလေ အများအတွက်လည်း ဘာမှမလုပ်ဘဲနဲ့ 
ထီပေါက်တာ မတရားဘူးဟေ့ 🙂 

 ❝မုဒိတာဆိုတာက မုဒိတာ ပွားနိုင်ရင် ဘဝမှာ ရှိတဲ့ ပစ္စည်းတွေ 
အဆပေါင်းမြောက်မြားစွာ တန်ဖိုးတက်သွားတယ်။ 
မုဒိတာ မပွားနိုင်ဘူးဆိုရင် မိမိလက်ထဲမှာ ရှိတဲ့ ပစ္စည်းဥစ္စာတွေက 
အဆပေါင်းမြောက်များစွာ တန်ဖိုးကျသွားတယ်။❞

 ❝နောက် မုဒိတာ ပွားတဲ့နေရာမှာလည်းပဲ ကိုယ့်အတွက်ပဲ မုဒိတာ 
ဖြစ်ပြီးတော့ သူများ ဘယ်လောက်ပဲ အောင်မြင်အောင်မြင် ဂရုမစိုက်ဘူး 
အဲဒီလိုလုပ်ရင်လေ ဒီ မုဒိတာက ကြာကြာ မခံနိုင်ဘူး ဘာဖြစ်လို့တုန်းဆိုတော့ အတ္တ အခြေခံနေလို့တဲ့။ ဒီ အတ္တကပဲ အတ္တအမြင်ကပဲ 
ဒီ မုဒိတာကို ဖျက်စီးသွားမယ်။❞ 

★ ဒါကြောင့် မုဒိတာ ပွားတယ်ဆိုတာ ကိုယ်ကောင်းတာလည်း ပြန်တွေး၊ သူများကောင်းတာလည်း ပြန်တွေး ကိုယ်အောင်မြင်မှု ပြန်တွေး 
သူများအောင်မြင်မှု ပြန်တွေး။ ကိုယ်ရှိတာလည်းတွေး 
သူများရှိတာလည်း တွေး။ 

❝အဲဒီလို တွေးပြီးတော့ မုဒိတာ ပွားနိုင်ရင်တဲ့ တခြားအောင်မြင်တဲ့ ပုဂ္ဂိုလ် တခြားကြိုးစားတဲ့ပုဂ္ဂိုလ်တွေ ကိုယ်ရဲ့ပြိုင်ဖက် ကိုယ်ရဲ့
ရန်သူလို့ မမြင်တော့ဘူး။❞ 

★ မမြင်တဲ့အခါကျတော့ ကိုယ့်စိတ်ထဲမှာ နေရတာ ပေါ့ပေါ့ပါးပါး ရှိတယ်။ 
တချို့သူတွေက ရန်သူမဟုတ်ပါဘူး၊ လူအများစု ရန်သူမဟုတ်ဘူး။ 
ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ကိုယ်ကကိုက လုံလုံခြုံခြုံမရှိလို့ သူတို့ကို 
ရန်သူအနေနဲ့ သွားမြင်တာ။ ရန်သူအနေနဲ့ မမြင်တော့ဘူးဆိုရင် 
အဲလူကတွေက ကိုယ့်ရန်သူ မဟုတ်တော့ဘူး။ 

★ ရန်သူလို့မြင်တာနဲ့ ချက်ချင်း ရန်သူဖြစ်လာတယ်။ 
စိတ်က လုပ်တာလေ "မနောမယာ" ဆိုတာ "မနေသေဋ္ဌော မနောမယာ" စိတ်က 
ဦးဆောင်တယ်၊ စိတ်က အကြီးအကဲဖြစ်တယ် စိတ်ကလုပ်တာ။ 

★ အောက်စဖို့ဒ်ကျောင်း စင်ကာပူမှာ ၁၀-နှစ်၊ အင်္ဂလန်မှာကျတော့ ၁၆-နှစ်၊ 
အင်္ဂလန်မှာ သက်တမ်း ၆-နှစ်ရှိတဲ့အချိန်မှာ စင်ကာပူမှာ 
လာပြီးတော့ တည်ထောင်တယ်။ 

ဒီမှာ ဘုန်းကြီးကျောင်းတည်ထောင်တဲ့ ဒကာတွေ သံဃာတွေ သိတဲ့အတိုင်း အိမ်လေးတွေဌားပြီးတော့ စလုပ်ရတယ်၊ အဲဒါ လစဉ်ငှားခ၊ မီးဖိုးရေဖိုး၊ 
အကုန်ကျတွေ အဲဒါတွေ မြန်မာနိုင်ငံမှာ နေတုန်းက မပူရတဲ့ဟာတွေ 
ဒီရောက်တဲ့အခါကျတော့ ပူရတယ်။ 

★ အဲဒီ ပူပင်ရတဲ့ဟာတွေ အခုနေ မုဒိတာကမ္မဋ္ဌာန်း ပြန်လုပ်တဲ့အခါကျတော့ 
အတိတ်က ကိုယ်ကြိုးစားခဲ့တဲ့ဟာတွေ ပြန်တွေးပြီး မုဒိတာ ဖြစ်နိုင်တယ်။ 
မုဒိတာ မဖြစ်ရင် အခက်အခဲတွေ့တုန်းက ဖြစ်ခဲ့တဲ့ stress chemical တွေ 
cortisol တွေ သူတို့ရဲ့ impact ပေါ့နော် သူတို့ရဲ့ ဆိုးကျိုး 
အဲဒါ ကုစားလို့ မရဘူး healing မဖြစ်ဘူး။ 

★ Healing ဖြစ်အောင်ဆိုရင် ကိုယ်ကြိုးစားခဲ့တာတွေ 
ပြန်တွေးပြီးတော့ မုဒိတာ ဖြစ်ရမယ်။ ဒါပေမဲ့ ကိုယ့်အကြောင်းပဲ 
ကိုယ်တွေးပြီးတော့ မုဒိတာ ဖြစ်ရင် ဒီမုဒိတာက အခြေမခိုင်ဘူးတဲ့။ 

★ ဝေယျာဝစ္စတွေ နေ့စဉ် လစဉ် အပတ်စဉ် ဆွမ်းအလှူရှင်တွေ 
ဂေါပကတွေ ဒီအတိုင်းပဲ ကြည့်တဲ့နေရာမှာ ကိုယ့်လုပ်ငန်း 
ကိုယ်ကြိုးစာခဲ့တဲ့ဟာတွေ အောက်စဖို့ဒ်ကျောင်း ဆယ်နှစ်ကာလမှာ 
ကြိုစားခဲ့တဲ့ဟာတွေ အဲဒါ ကြည့်ပြီးတော့ မုဒိတာ ဖြစ်နိုင်တယ်။ 

★ ဒါပေမဲ့ ဒီ မုဒိတာ အားကောင်းအောင် ဆိုရင် တခြားလူတွေရဲ့ ကြိုးစားမှု 
တခြားလူတွေရဲ့ စေတနာ သဒ္ဓါတရား တခြားလူတွေရဲ့ ကိုယ်ကျိုးအနစ်နာခံမှု 
သူတို့ရဲ့ contribution အဲဒါတွေကိုလည်းပဲ အသိအမှတ်ပြုပြီးတော့ 
ပြန်တွေးပြီးတော့ #မုဒိတာ ဖြစ်ရမယ်တဲ့။ မိမိနဲ့ သူတစ်ပါးနဲ့ ခွဲခြားလို့ မရဘူး။ 
သူတို့ မုဒိတာနဲ့ ကိုယ့်မုဒိတာ ခွဲခြားလို့ မရဘူး။ 

★ ကျန်တဲ့လူတွေ ရှုံ့မဲ့ရှုံ့မဲ့ဖြစ်နေချိန်မှာ ကိုယ်က မုဒိတာ ဘယ်လိုမှ 
မဖြစ်နိုင်ဘူး environment မကောင်းဘူး။ ဒီတိုင်းပါပဲ စင်ကာပူမှာ တရားပွဲတွေ 
ကျင်းပကြတယ် တရားပွဲတွေ ကျင်းပတဲ့နေရာမှာ တစ်ပွဲတစ်ပွဲလုပ်ဖို့ ဆိုရင် 
ဘယ်လောက် အားစိုက်ရအုန်း အများကြီး အားစိုက်ရတယ်။ 

★ အဲဒီဟာတွေကို ပြန်တွေးပြီးတော့ မုဒိတာဖြစ်။ 
ဒါပေမဲ့ ကိုယ့်တရားပွဲအကြောင်းပဲတွေးပြီး မုဒိတာ ဖြစ်ရင် 
အဲ မုဒိတာက အကြာကြီး မခံဘူး။ တခြားလူတွေ ကြိုးစားပြီးတော့ 
တရားပွဲဖြစ်အောင် organize လုပ်တာတွေ အဲဒါတွေ 
တွေးပြီးတော့ မုဒိတာ ဖြစ်ရမယ်။ 

★ ကိုယ့် Sunday school တစ်ခုပဲ ကြည့်ပြီးတော့ မုဒိတာဖြစ်ရင် 
အဲဒါ ဒီမုဒိတာက သိမ်ငယ်သေးတယ် အခြေမခိုင်သေးဘူး၊ 
တခြားကျောင်းတွေရဲ့ Sunday school တွေ အဲဒါလည်း စဉ်းစားကြည့်၊ 
မြန်မာကျောင်းကြီးတို့ နောက် တခြားကျောင်းတွေရှိတယ် 
သီရိလင်္ကာကျောင်းတွေ ရှိတယ်။ 

★ တချို့ကျောင်းတွေဆိုရင် ဒီနိုင်ငံထက် ပိုပြီးတော့ အသက်ကြီးတယ် ဒုတိယကမ္ဘာစစ်မတိုင်ခင်တည်းက ရှိခဲ့တဲ့ကျောင်းတွေလည်း ရှိတယ်။ 
ယိုးဒယားကျောင်းတွေ Wat Ananda တို့ Palelai တို့ အဲကျောင်းတွေ ရှိတယ်။ 
သူ့ကျောင်းနဲ့သူ သူ့ဟာသူ ရုန်းကန်တဲ့အချိန် အဲဒါကိုတွေးပြီးတော့ 
မုဒိတာ ဖြစ်တယ်ဆိုရင် စိတ်ထဲမှာ ကိုယ့်ဟာကိုယ်နေတာပဲ 
ဒါပေမဲ့ သူငယ်ချင်းတွေအများကြီး ရှိတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ 

★ အဲဒီ စိတ်မထားနိုင်ဘူးဆိုရင် သူများအကြောင်း တွေးမိတိုင်း 
တွေးမိတိုင်း ကိုယ်နဲ့ ပြိုင်ဖက်ဖို့ မြင်ပြီးတော့ ကိုယ်ရဲ့ ရန်သူလို့တောင် 
စိတ်ထဲမှာ သွားမြင်နိုင်တယ်။ စိတ်ထဲမှာ မလုံမခြုံဖြစ်တယ်။ 
ဒါကြောင့် ဆယ်နှစ်ရောက်လာတယ်ဆိုတာ ဆယ်နှစ်အထိမ်းအမှတ်လုပ်တာ အချိန်ကာလတစ်ခုတည်းနဲ့ သတ်မှတ်လို့ မရဘူး အောင်မြင်မှုကို။ 

★ ဘာနဲ့ သတ်မှတ်ရမှာတုန်းဆို “မုဒိတာ Quality” နဲ့ သတ်မှတ်ရမယ်။ 
မုဒိတာက တခြားကျောင်းတွေ လုပ်တာ ကြိုးစားတာ မုဒိတာ 
ဖြစ်ရမယ်လို့ ခုနတုန်းက ပြောခဲ့ပြီးပြီ။ ဘယ်ကျောင်းကမှ တခါတည်း 
သံဃာအလုံအလောက် မရှိဘူး။ တစ်ကျောင်းနဲ့တစ်ကျောင်း 
ဒီလိုပဲ ကူညီကြရတယ်။ 

★ စင်ကာပူနိုင်ငံမှာ လိုအပ်တဲ့ သာသနာပြုလုပ်ငန်း မြန်မာလိုသင်မလား 
အင်္ဂလိပ်လိုသင်မလား တရုတ်လိုသင်မလား တစ်ကျောင်းတည်းနဲ့ 
လုံလုံလောက်လောက် လုပ်နိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ 
ဝိုင်းပြီးတော့ လုပ်ရတဲ့ ကိစ္စ။ ဝိုင်းပြီးတော့ လုပ်ရတယ်။ 

သာသနာပြု လူပုဂ္ဂိုလ်အသင်းတွေလည်း ဒီတိုင်းပါပဲ 
အသင်းတစ်သင်းတည်းနဲ့ အကုန်လုံးပြည့်စုံအောင် 
ထောင့်စေ့အောင်လုပ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ 
ဒါကြောင့် ❝ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ပြီးတော့ ကိုယ့်ဟာကိုယ်
 မုဒိတာဖြစ်ပါ။ မုဒိတာဖြစ်အောင် ခဏခဏ ပြန်တွေးပါ။❞ 

 ★ လှူခဲ့တာတွေ တန်းခဲ့တာတွေ နောက်ပြီးတော့ အချိန်ပေးပြီးတော့ 
ဝေယျာဝစ္စလုပ်တာတွေ စီမံခန့်ခွဲမှုပါဝင်တာတွေ ယာဉ်အလှူတွေ 
ကားအလှူတွေပေးတာတွေ အဲဒါတွေ ကြိုးစားပြီးတော့ ပြန်တွေးပြီး 
မုဒိတာဖြစ်အောင်လုပ်ပါ မုဒိတာ ပွားပါ။ 
ပြီးရင် တခြားလူတွေလုပ်တာ အဲဒါလည်း ပွားပါ။ 

★ အလုပ်လုပ်တဲ့လူအနေနဲ့ဆိုရင် စင်ကာပူနိုင်ငံမှာ လာပြီးတော့ 
အလုပ်လုပ်တယ်ဆိုရင် ဒါ တော်တော်ကြိုးစားရတယ်။ 
ကြိုးစားရတဲ့အခါကျတော့ မုဒိတာ မရှိဘူးဆိုရင် လုပ်ငန်းခွင်မှာ 
နည်းနည်းလေး စိန်ခေါ်မှု တွေ့တာနဲ့ ဟာ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တော့ 
ငါတို့ကို နှိမ်တယ်၊ အထင်သေးတယ် အဲစိတ်မျိုးတွေ ကိုယ်က 
Negative ဘက် သွားပြီး တွေးတတ်တယ်။ 

★ နှိမ်တာ ဟုတ်ချင်ဟုတ်မယ် အထင်သေးတာ ဟုတ်ချင်ဟုတ်မယ် 
ဒါပေမဲ့ သူ အထင်သေးတာကို ကိုယ်ရဲ့စိတ်က လက်မခံဘူး 
ကိုယ်ရဲ့စိတ်က အားမငယ်ဘူးဆိုရင် သူ အထင်သေးတဲ့ဟာက 
အရာမရောက်ပါဘူး။ 

★ သူအထင်သေးတာ ကိုယ် လက်မခံဘူးဆိုရင် သူအထင်သေးတာ 
အရာမရောက်ဘူး။ ကိုယ့်ဟာကိုယ် confidence ဖြစ်တယ်။ 
ဒါကြောင့် မုဒိတာက confidence ဖြစ်ဖို့ သိပ်အရေးကြီးတယ်။ 
ကိုယ်အလုပ်ကြိုးစားတာ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားပြီးတော့ 
မုဒိတာ ဖြစ်ရမယ်။ တခြားလူတွေ ကြိုးစာတာ မုဒိတာဖြစ်ရမယ်။ 

★ အဆင့်လေးဆင့် ထိုင်မယ်နော်။ နံပါတ်(၁) မိမိကိုယ်ကို၊ နံပါတ်(၂) မိမိနဲ့
ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေ မိသားစုပါမယ် အချစ်ဆုံး သူငယ်ချင်းတွေပါမယ်၊ 
တစ်ဦးစီတစ်ဦးစီရဲ့ ဝမ်းမြောက်စရာ ဂုဏ်ယူစရာတွေ တွေးပြီးတော့ 
မုဒိတာဖြစ်မယ်။ နံပါတ်(၃)ကျတော့ အလယ်အလတ်ပုဂ္ဂိုလ် 
သူတို့ရဲ့ ကြိုးစားမှု အောင်မြင်မှုကို တွေးပြီးတော့ မုဒိတာ ဖြစ်ပါ။ 

နံပါတ် (၄) ကျတော့ ကိုယ်နဲ့ပြိုင်ဖက် ဒါမှမဟုတ် ကိုယ့်ကိုဝေဖန်ဖူးတဲ့လူ ကိုယ်နဲ့စကားများဖူးတဲ့လူ ကိုယ်နဲ့အယူအဆချင်း မတူတဲ့လူ 
အယူအဆဆိုတဲ့အထဲမှာ ဘာသာရေးအယူအဆ လူမူရေးအယူအဆ 
နိုင်ငံရေးအယူအဆ မတူတဲ့လူ၊ အဲလူတွေရဲ့ ကြိုစားမှု 
အောင်မြင်မှုကို တွေးပြီးတော့ မုဒိတာ ဖြစ်ပါ။ 

★ ဒီ စင်ကာပူနိုင်ငံမှာဆိုရင် မြန်မာဗုဒ္ဓဘာသာတင် မကဘူး တရုတ်ဗုဒ္ဓဘာသာ 
ရှိတယ် ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာရှိတယ်။ သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာ ရှိတယ်။ 
သူတို့ရဲ့ ကြိုစားမှုကိုလည်း ကြည့်ပြီးတော့ တွေးပြီးတော့ မုဒိတာဖြစ်ပါ။ 
အဲလို မုဒိတာဖြစ်တယ်ဆိုရင် မြန်မာဗုဒ္ဓဘာသာတွေအနေနဲ့ 
ကိုယ်ရဲ့လုပ်ငန်းကို ပြန်ကြည့်တဲ့အခါမှာ 
အားငယ်တဲ့စိတ်တွေ မဖြစ်တော့ဘူး။ 

ဟာတှပေေါ့နောျ အဲဒါမြိုးတှေ မလုပျတော့ဘူး။ 
 ❝သူများကို အတင်းပြောတယ်ဆိုတာက သူများ ကိုယ့်ထက်သာတယ်ဆိုတဲ့ 
အထင်မျိုး မရှိအောင် သူတို့ရဲ့အားနည်းချက်တွေ အဲဒါ ရွေးပြီးတော့ပြောတာ။ 
အဲဒါကို အတင်းပြောတယ်ပေါ့။ အတင်းပြောတဲ့ဟာက 
သူများကောင်းကြောင်း တခါမှ မပြောဘူး။❞ 

★ ဒါကြောင့် ကိုယ်နဲ့ ပြိုင်ဖက်ပုဂ္ဂိုလ်တွေ အတင်းပြောတဲ့သူတွေ 
သူတို့ရဲ့ကောင်းကြောင်းကို မြင်နိုင်တဲ့ ပုဂ္ဂိုလ်က သူရဲ့ဘဝမှာ 
အကောင်းမြင်ဝါဒနဲ့ အမြဲတမ်းပြည့်နေပြီးတော့ စိတ်ဓာတ်ကျတယ်ဆိုတာ 
ရှိမှာ မဟုတ်ဘူး။ စိတ်ဓာတ်ကျတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ဘဝထဲမှာ 
ကောင်းတာတွေကို မမြင်နိုင်တော့လို့။ အဆိုးတွေပဲ စိတ်ထဲမှာ 
တဝဲလည်လည် ဖြစ်နေတယ်။ 

ဒါကြောင့် မုဒိတာ များများပွားပါ။ 
★ မုဒိတာ ကို တစ်နည်းအားဖြင့် "ပါမောဇ္ဇ" လို့လည်း ခေါ်တယ်။ 
ပါမောဇ္ဇ ဆိုတာ အဲဒါ ပွားများနိုင်တယ် သမာဓိဖြစ်တယ်တဲ့။ 
နောက် quality တစ်ခုက ပီတိနဲ့တူတယ်။ ဗောဇ္ဈင် ၇-ပါးထဲမှာ ပါတယ်။ 
ဒီပီတိ သံဗောဇ္ဈင် ပွားနိုင်မှ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရား ရနိုင်တယ်၊ သိပ်အရေးကြီးပါတယ် Emotion improvement မှာ 
Emotion management မှာ သိပ်အရေးကြီးတဲ့ မုဒိတာပါ။ 

🧘🏻‍♂️🧘🏻‍♀️ တရားထိုင်မယ်။ We are going to be meditated for 
about 30 minutes so just going round and round, 
OK! If you have time, work on many people, 
work on many things in your life just to develop joyful feelings. 
🧘🏻‍♂️🧘🏻‍♀️ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...