Tuesday, June 30, 2020

နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၂)

နေ့စဉ်ဘ၀ စိတ်ခံစားမှု 
▬▬▬▬▬▬▬▬▬▬▬▬
 နေ့စဉ်အသုံးချ မဂ္ဂင်ရှစ်ပါး အပိုင်း(၂)
 ▬▬▬▬▬▬▬▬▬▬▬▬
  မဂ္ဂင်ရှစ်ပါးကို နေ့စဉ်ဘဝမှာအသုံးပြုဖို့အတွက်ဆိုရင် 
ကိုယ့်ရဲ့ center point - ကိုယ့်ရဲ့ အရေးကြီးတဲ့ ဗဟိုပြုတဲ့ point က 
ဘယ်နေရာကို သွားကြည့်ရမှာတုန်းဆိုရင် Emotion 
(စိတ်ခံစားမှု)ကို ကြည့်စေချင်တယ်။ 

Emotion က ဘယ်အချိန်မှာ ဖြစ်တုန်းဆိုရင် ပြဿနာနဲ့
တွေ့တဲ့အခါမှာ ဖြစ်တာ။ ပြဿနာနဲ့တွေ့တဲ့အခါမှာ emotion ဖြစ်တယ်။ 
ဘုန်းဘုန်းတို့ရဲ့ ပြဿနာက ပြဿနာနဲ့တွေ့တဲ့အခါမှာ ကိုယ်က 
ပြဿနာရယ်လို့ ချက်ချင်း သတိမထားမိတာ။ အဲဒါပဲ၊ ချက်ချင်း
သတိမထားမိတာ။ သြော် ပြဿနာဖြစ်နေပြီ။ 

ဥပမာ ရန်ကုန်မြို့ကြီးထဲမှာ ကားမောင်းသွားတယ်။ 
အဲဒီရှေ့က ကားတွေလည်းရှိတယ်၊ ဘေးက ကားတွေလည်းရှိတယ်၊ 
နောက်က ကားတွေလည်း ရှိတယ်၊ အဲဒီမှာ လူအများစုကတော့ 
အနည်းအများ pressure (ဖိအား) ရှိမှာပဲ။ stress (စိတ်ဖိစီးမှု) ရှိမှာပဲ။ 

★ အဲဒီတော့ အဲဒီ stress ကို စပြီးတော့ ကြည့်နိုင်ရင် ဒါ ပြဿနာရဲ့
အစပိုင်းကို ကြည့်နိုင်တယ် - the beginning of the problem 
အဲဒီပြဿနာကို စပြီးတော့ သတိထားမိတယ်။ 

အဲဒီပြဿနာကို သတိထားမိတဲ့အခါမှာ ကိုယ်က 
ဥပမာ ဘေးကကားက carelessly - သတိသိပ်မရှိဘဲ 
မောင်းသွားတယ်ဆိုရင် သူ့အပေါ်မှာ ချက်ချင်းဖြစ်သွားတဲ့ 
reaction (တုန့်ပြန်မှု)၊ အဲဒီ reaction က ပြဿနာရဲ့အစ။ 
ကိုယ့်ရဲ့ reaction pattern ခေါ်တာ။ 

အဲဒီ reaction pattern ကို analyze(စိစစ်)လုပ်ကြည့်တဲ့အခါမှာ 
reflect(ဆင်ခြင်) လုပ်ကြည့်တဲ့အခါမှာ ဘာတွေတွေ့တုန်း။ 
နံပါတ်တစ်ကတော့ မကျေနပ်တာတွေ့တယ်။ နံပါတ်နှစ်က 
အပြစ်ပြောချင်တာတွေ့တယ်။ 

တခါတခါကျတော့ သူ့ကို မကျေနပ်တဲ့အနေနဲ့ လီဗာနင်းပြီးတော့ 
တခါတတည်း သူ့ကို ပြန်ကျော်တက်ရမှာလား။ သူက မကြည်တဲ့အကြည့်နဲ့ 
မလေးမစား အကြည့်နဲ့ ကြည့်သွားတယ်ဆိုရင် သူ့ကို 
မှီအောင်ကြည့်ပြီးတော့ အဲဒီအတိုင်း ပြန်ကြည့်ပြီး 
ဂလဲ့စားချေမှာလား။ အဲဒီစိတ်တွေက ဖြစ်တတ်တယ်။ 

တခြားလူတွေက ကိုယ့်ကို မလေးစားဘူးလို့ စိတ်ထဲမှာထင်ရင် 
စိတ်ထဲမှာ ဘယ်လိုဖြစ်တုန်း။ ကိုယ့်စိတ်ထဲမှာ ဒေါသဖြစ်တယ် 
တခါတခါ၊ တခါတခါကျတော့ အားငယ်တယ်။
 တခါတခါကျေတော့ irritated (စိတ်ဆိုး) ဖြစ်တယ်။ 

တခါတည်း စိတ်တွေတို “သူက ဘယ်သူမို့လို့ 
ငါ့ကို ဒီလိုကြည့်တာတုန်း။” အဲဒီစိတ်တွေဖြစ်တယ်။ 
တခါတခါကျတော့ အဲဒီလမ်းပေါ်မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့သူငယ်ချင်းတွေ သူငယ်ချင်းအချင်းချင်းထဲမှာလည်း ပြိုင်ဆိုင်မှုတွေရှိတာကိုး။ 

 ★ လူ့လောကကြီးထဲမှာ ပြိုင်ဆိုင်တဲ့လူက မပြိုင်ဆိုင်တဲ့လူထက် 
ပိုများပါတယ်။ ပွင့်ပွင့်လင်းလင်း ပြိုင်ဆိုင်တာနဲ့၊ စိတ်ထဲမှာ ကျိတ်ပြီးတော့ 
ပြိုင်ဆိုင်တာ ဒါပဲကွာတယ်။ အဲတော့ ပြိုင်ဆိုင်တယ်ဆိုရင် ဘာဖြစ်တုန်း။ 

ပြိုင်ဆိုင်တဲ့နေရာမှာ ကိုယ်က သူများထက်သာတယ်လို့ စိတ်ထဲမှာ
 ခံစားရရင် ခဏတဖြုတ်စိတ်ထဲမှာ စိတ် ကြည်နူးတယ်။ 
ဘုန်းဘုန်းက ချမ်းသာတယ်ဆိုတဲ့ စကားလုံး မသုံးချင်ဘူး။ 
စိတ်ချမ်းသာတယ်ဆိုတဲ့ စကားလုံးက သူက
 It can be misleading. (မှားယွင်းနိုင်တယ်) 

စိတ်ချမ်းသာတာက တရားသဘောကနေ ပြောတဲ့ စိတ်ချမ်းသာမှုက 
တခြားလူတွေနဲ့ ပြိုင်တဲ့အခါမှာ ကိုယ်က နိုင်တဲ့အခါမှာ 
ဖြစ်တတ်တဲ့ ကြည်နူးမှု၊ အဲဒီကြည်နူးမှုနဲ့မတူဘူး စိတ်ချမ်းသာမှုက။ 

အဲဒီဟာလေးတွေကို မြင်နိုင်တယ်ဆိုရင် ကိုယ့်ရဲ့ 
Emotional manifestation (စိတ်ခံစားမှုဆိုင်ရာပုံစံ) 
ခေါ်ပါတော့ အင်္ဂလိပ်လို၊ ဒါမှမဟုတ် Emotional reaction 
(စိတ်ခံစားမှုဆိုင်ရာတုန့်ပြန်မှု) အဲဒီဟာတွေကို သတိထားမိတယ်ဆိုရင် 
ပထမဆုံး သတိတရားဝင်လာပြီ။ 

နောက် သတိတရားက စပြီးတော့ အလုပ်လုပ်တော့မယ်။ 
သူ့ function(လုပ်ဆောင်ချက်)လာတော့မယ်။ Function တစ်ခုက 
ဘာတုန်းဆိုတော့ Non-judgemental awareness 
(အကောင်းအဆိုးမဝေဖန်တဲ့သတိ) ဆိုတာ - စိတ်ထဲမှာ ဒါလေးဖြစ်နေတယ်၊ 
- စိတ်ထဲမှာ မလုံမခြုံဖြစ်နေတယ်၊ - စိတ်ထဲမှာ မကျေနပ်တာလေး 
ဖြစ်နေတယ် အဲဒီဟာလေးကို အသိအမှတ်ပြုလိုက်တာ။ 

အဲဒီ အသိအမှတ်ပြုတာလေးက နာကျင်မှုပါတယ်။ 
There is some pain in that, in recognizing that some form of 
negative emotion is happening in our mind, in our heart. 
It’s painful to recognize this. 

သူက painful ဖြစ်လို့ မသက်မသာဖြစ်လို့ uncomfortable ဖြစ်လို့ 
လူအများစုကတော့ အဲဒီ staring point မှာတင် they turned away မျက်နှာပြန်လှည့်လိုက်တယ်။ အဲဒါ ရှေ့ဆက်မသွားတော့ဘူး။ 
အဲဒီနာကျင်မှု စိတ်ထဲမှာ negative emotion 
ဖြစ်လာတဲ့အခါမှာ မကြည့်ချင်ဘူးပေါ့။ 

တခါတခါ မိသားစုကြားထဲမှာ negative emotion တွေဖြစ်တယ်။ 
တခါတခါကျတော့ သူငယ်ချင်းတွေနဲ့ တခါတခါကျတော့ လုပ်ငန်းမှာ၊ 
တခါတခါကျတော့ သတင်းစာဖတ်နေရင်းနဲ့ facebook ကြည့်နေရင်းနဲ့
 twitter ကြည့်နေရင်းနဲ့ television ကြည့်နေရင်းနဲ့ အဲဒီ emotion တွေ
 ပေါ်လာတယ်။ ဒါတွေက နေ့စဉ်လုပ်နေတဲ့ လုပ်ငန်းတွေ။ 

★အဲဒီနေ့စဉ်လုပ်နေတဲ့လုပ်ငန်းတွေ 
daily activities တွေ အဲဒီမှာ မဂ္ဂင်ရှစ်ပါးကကပ်ရတာ။ 

အဲဒီတော့ uncomfortable experience 
ဆိုတာက မသက်မသာ စိတ်ထဲမှာ negative ဖြစ်နေတဲ့ ခံစားမှုတစ်ခု၊ 
အဲဒီ emotion ကို သတိပြုလာတဲ့အခါမှာ လူအများစုက 
ရှေ့ဆက်မသွားဘူး ရှေ့ဆက်ပြီးတော့ မကြည့်ဘူး။ 

ဒါ ဘာဖြစ်လို့ ဒီလိုဖြစ်နေတာပါလိမ့်။ ဒီ feeling က 
ဘာ feeling ခေါ်တာပါလိမ့်။ဒီ feeling ကို ဒီ emotion ကို
 ကြည့်တဲ့နေရာမှာ ကိုင်တွယ်တဲ့နေရာမှာ ငါ့ရဲ့ကိုင်တွယ်ပုံ 
ကိုင်တွယ်နည်းက ဒီ emotion ကြီးပဲကြီးလာတာလား။

ဒီ negative emotion က အားပဲ ကောင်းလာသလား ဒါမှမဟုတ် 
သူက ကြည့်လိုက်တာနဲ့ ခဏတဖြုတ်တော့ နာကျင်မှုရှိတယ် စိတ်ထဲမှာ။ 

ဒါပေမဲ့ နည်းနည်းလေး ကြာလာတဲ့အခါကျတော့ ၅မိနစ် ၁၀မိနစ်လောက် ရောက်လာတဲ့အခါကျတော့ အဲဒီ emotion က subside ဖြစ်သွားလား 
(အားနည်းသွားလား)။ ၀ပ်သွားလား။ဒီလို reflection အထိရောက်အောင် 
သွားတဲ့လူက နည်းတယ်။ ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...