Tuesday, January 28, 2020

အကျင်.စရိုက်ပြင်နည်း

“ရာဂစရုိက္” အလှအပတွေ သိပ်ကြိုက်တယ်နော်။ မက်မောတယ်။ 
အဆင်းလှတာ သဘောကျတယ်။ အသံကောင်းတာ သဘောကျတယ်။ 
အနံ့မွှေးတာ သဘောကျတယ်။ ဟင်းကောင်းကြိုက်တယ်။ 
တွယ်တာမှုတွေ အားကြီးတယ်။ လောဘတွေ အားကြီးတယ်။ 
ဒီစရိုက်တွေ များလာပြီဆိုရင် ဘာနဲ့ ဖျောက်ဖို့ကြိုးစားမလဲ။ 

အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ကမ္မဋ္ဌာန်း ၄၀ လို့ဆိုပြီး 
ထိုထိုကျမ်းဂန်တွေကနေ
ထုတ်ပြီးတော့ မှတ်တမ်း တင်ထားတယ်။ 
အဲဒီအထဲမယ် “ရာဂစရိုက်” ရှိတဲ့ ပုဂ္ဂိုလ်တဲ့အတွက် 
“အသုဘဘာဝနာ-မတင့်တယ်မှု” ကို 
ဆင်ခြင်စဉ်းစားမှု အရေးကြီးဆုံးပဲ။ 

သူက ဘာဖြစ်လို့တုန်းဆိုတော့ အမြဲတမ်း လှတယ်ချည့်တွေးနေတဲ့ ပုဂ္ဂိုလ်ကိုး။ 
အဲဒီတော့ မလှဘူး၊မစင်ကြယ်ဘူးဆိုတာ မြင်အောင် ကြည့်ဖို့ပေါ့။ 
အဲဒါမှ သူ့ရဲ့ တွယ်တာမှုကို လျှော့ချနိုင်မှာ။

 “အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ”- ရာဂစရိုက်ကို 
ဖယ်ရှားနိုင်ဖို့အတွက် “အသုဘ ကမ္မဋ္ဌာန်း” ကို ပွါးပါတဲ့။ 
အေး၊လူတွေက အသုဘလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ဟို-မသာအိမ်သွား အောက်မေ့နေတယ်နော်။ အသုဘ ဆိုတာ အသက်ရှင်နေတုန်းလည်းပဲ 
“အသုဘ” ၊ “အသုဘ” ဆိုတဲ့စကားလုံးက မတင့်တယ်ဘူး။ 
ရွံစရာကောင်းတယ်။ကဲ- ကိုယ့်ကိုယ်ကို ရွံစရာ ကောင်း၊ 
မကောင်း ကိုးပေါက်ဒွါရကနေ ထွက်နေတာတွေကို နမ်းကြည့်ပေါ့။ 

အတွင်းထဲမှာ မွှေးကြိုင်နေတယ်ဆိုတာ တစ်ခုမှမရှိဘူးနော်။ 
မျက်စိကထွက်ရင် မျက်ချေး၊ နှာခေါင်းကထွက်ရင် နှပ်ချေး၊ 
(အမယ် နန်းတော်သူတွေကတော့ မျက်ချေးကို “မျက်ဝတ်”လို့ခေါ်လိုက်သေးတာနော်။နာမည်လေးကို
လှလှပပ ထားပြီးတော့ ရွံစရာမကောင်းအောင်လို့။) 

နှာခေါင်းကထွက်တော့ နှပ်ချေး၊ နားကထွက်တော့ နားဖာချေးပေါ့။ 
အဲဒီလို ခန္ဓာကိုယ်က ထွက်သမျှ အရာတွေဟာ သိမ်းထားလို့ရတဲ့ဟာ 
တစ်ခုမှ မရှိဘူး။ မွှေးကြိုင်တယ် ဆိုတာလည်းတစ်ခုမှ မရှိဘူး။ 
လူတွေမွှေးကြိုင်တယ်ဆိုတာ ပြင်ပကခေတ္တခဏ လိမ်းကျံထားတဲ့ 
အနံ့ကမွှေးတာ။ လူက ေမႊးတာ မဟုတ္ဘူး။ စနိုးလိမ်းထားရင် စနိုးက၊ 
ပေါင်ဒါလိမ်းထားရင် ပေါင်ဒါက မွှေးတာနော်။ 
ရေမွှေးဆွတ်ထားရင် ရေမွှေးက မွှေးတာ။ 

အဲဒါကို လူကမွှေးတယ် ထင်နေကြတာ။ အဲဒီတော့ လူရဲ့ခန္ဓာကိုယ်ဟာ မွှေးတယ်၊ကြိုင်တယ်ဆိုတာ တစ်ခုမှမရှိဘူး။ ဒါစဉ်းစားဖို့ ပြောတာနော်။ 
အဲဒီလို စဉ်းစားဆင်ခြင် တတ်လာမယ်ဆိုရင် လှပတယ်၊တင့်တယ်တယ်ဆိုတာ 
မရှိဘူးတဲ့။ ရွံစရာကောင်းတယ်ဆိုတာတွေ တွေ့လာမှာပဲ။ 
အဲဒီလို ရွံစရာကောင်းတာတွေကို တွေးပြီးတော့ ရာဂစိတ်ကို 
ပယ်ဖျောက်ရမယ်တဲ့။ တွယ်တာမှုကို လျှော့ချရမယ်။ 

ဒါက “ရာဂစရိုက်ကို ပြုပြင်တဲ့နည်းတစ်နည်း” ပေါ့နော်။ ကေသာ၊လောမာ၊နခါ၊ဒန္တာ၊တစော၊ဆံပင်၊မွှေးညင်း၊ 
ခြေသည်း၊လက်သည်း၊သွား၊အရေ၊ ခန္ဓာကိုယ်ကြီးကို တစ်ခုစီ၊ 
တစ်ခုစီ ဖျက်ချကြည့်လိုက်။ 

ဆံပင်ကလည်း ခေါင်းပေါ်မှာတော့ လှနေတယ်လေ။ 
အဲဒီ ခေါင်းပေါ်ကဆံပင်လေးတစ်ခုဟာ ထမင်းပန်းကန်ထဲ ရောက်သွားရင် 
ရွံစရာကောင်းတယ်။ လူက အဲဒီကျမှ ရွံစရာကောင်းမှန်း သိတာ။ 
ခေါင်းပေါ်နေတုန်းကတော့ အရောင်အမျိုးမျိုးဆိုးပြီး အလှအပတွေလုပ်၊
အမွှေးအကြိုင်တွေ လိမ်း ဒီလို လုပ်ကြတယ်။ အဲဒီတော့ ခေါင်းပေါ်မှာရှိတဲ့
ဆံပင်နဲ့ ကျွတ်လာတဲ့ ဆံပင်ဟာ အတူတူပါပဲ။အတူတူပဲ။ 

အဲဒီလို ဆံပင်မွှေးညင်း၊ခြေသည်းလက်သည်း၊သွား၊ အရေ၊ခန္ဓာကိုယ်မှာ
ရှိတာတွေ သဘာဝရဲ့ မလှပ၊ မတင့်တယ်မှုတွေကို ဆင်ခြင်
စဉ်းစားပေးခြင်းအားဖြင့် ရာဂစရိုက်ကို လျှော့ချပေးလို့ရပါတယ်။ 
“ေဒါသစရုိက္” ဒါဖြင့် “ဒေါသစရိုက်” ကိုတော့ ဘာနဲ့လျှော့ချရမလဲ 
ဆိုလို့ရှိရင် ဒေါသဆိုတာ ဘယ်အာရုံပေါ်မှာမှ သူက ၾကည္လင္တာ မဟုတ္ဘူး။ 

အမြဲတမ်း မုန်းတီးမှုနဲ့ ဆက်ဆံနေတယ်။ ဒါကြောင့်မို့ ဒေါသစရိုက်ကို
 ဖယ်ရှားဖို့ရာကျတော့ ကိုယ့်ရင်ထဲ၊နှလုံးသားထဲမှာ 
“မေတ္တာတရား” ကို ဖြစ်ပွါးအောင် ကြိုးစားရမယ်။ 

 “မေတ္တာ ဘာဝေတဗ္ဗာဒေါသဿ ပဟာနာယ” တဲ့။ 
အမုန်းတရားလို့ ဆိုတဲ့ ဒေါသစရိုက် ပျောက်သွားအောင် 
မေတ္တာတရားကို မိမိရင်ထဲမှာ ဖြစ်ပွါးအောင်ကြိုးစားပါတဲ့။ 
အများအကျိုးကို လိုလားခြင်းဆိုတဲ့ မေတ္တာကို တည်ဆောက်တဲ့အခါမှာ 
“ခန္တီ”ဟာ များစွာ အကူအညီပေးတယ်။ 

ဒါကြောင့်မို့ သည်းခံခြင်း၊ခွင့်လွှတ်ခြင်းဖြင့် မေတ္တာတရားကို 
ထိန်းသိမ်းထားပြီး၊ဒေါသတရားကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။ 
 အဲဒီလို မကြိုးစားနိုင်လို့ အကျင့်ကြီး ပါသွားပြီဆိုရင် လူဖြစ်ရင်လည်း 
လူစိတ်တိုကြီးဖြစ်တယ်။ တိရစ္ဆာန် ဖြစ်ရင်လည်း ကျားတို့၊ 
ခြသေ့င်္တို့ ဒေါသကြီးတဲ့ အကောင်မျိုးတွေ သွားဖြစ်တယ်။

အဲဒီလို မဖြစ်ရအောင် သိတတ်တဲ့ဘဝမှာ မေတ္တာတရားများများ ပွါးပြီးတော့၊ 
အဲဒီစရိုက် ပျောက်ဖို့ရာအတွက် ကိုယ့်ရဲ့နှလုံးသားကို မေတ္တာတရားတွေနဲ့ 
ဆွတ်ဖြန်းပေးဖို့ လုိအပ္တယ္တဲ့။ “ေမာဟစရုိက္” “မောဟစရိုက်” 
ပျောက်ဖို့ရာအတွက် ဘာလုပ်မလဲ၊ တရားနာရမယ်။ 

မောဟစရိုက် ပျောက်အောင် တရားနာတယ်၊နှလုံးသွင်းတယ်။ 
မြတ်စွာဘုရားဟောကြားထားတဲ့ တရားရေးသားထားတဲ့ စာအုပ်တွေဖတ်ရှုတယ်၊ လေ့လာတယ်။ မေးမြန်းတယ်၊ဆရာသမားတွေဆီ ချဉ်းကပ်တယ်၊ 
မသိတာတွေကို မေးတယ်၊အဲဒီလို မေးမြန်းစုံစမ်းခြင်း၊ သင်ယူခြင်း၊ 
မှတ်သားခြင်းဖြင့် “မောဟစရိုက်” ကို ပျောက်ကင်းစေနိုင်ပါတယ်။ 
အဲဒီလို ပညာရလာအောင် လုပ်တဲ့အခါမှာ အရေးကြီးတာက 
ဘာလဲဆိုရင် စိတ်ကလေးငြိမ်အောင်နဲ့ မိမိရဲ့သန္တာန်မှာ
 သတိတရားတွေ ခိုင်မာလာအောင် လေ့ကျင့်ရမယ်။ 
“သတိသမ္ပဇည” ထားရမယ်။

သတိရှိလာလို့ရှိရင် ပညာဟာ ရှိလာမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ 
သတိကို ထူထောင်ပေးရမယ်။ “အာနာပါနံ မောဟစရိတဿ”
-မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဟာ သတိလေးထားပြီး ထွက်လေ၊
ဝင်လေလေးကို ရှုမှတ်ပွါးများနေရမယ်။ 

ဒီလိုနေမယ်ဆိုရင် မောဟစရိုက် နည်းပါးသွားမယ်။ 
သတိရှိလာတာနဲ့ တစ်ပြိုင်နက် အသိပညာလည်း ရတယ်။ 
အသိပညာ ရအောင်လည်း ရရာရကြောင်းတွေကို 
ဆည်းပူးရတယ်။လေ့လာရတယ်။
နာယူရတယ်။ မှတ်သားရတယ်။ 
ဟော-ဒီလိုနည်းနဲ့ မောဟစရိုက်တွေ 
ပျောက်ကွယ်ပြီးတော့ သွားနိုင်တယ်။ 

စရိုက်ဆိုးတွေကို ဒီဘဝမှာ ပြင်ရင်ပြင်၊ မပြင်လို့ရှိရင် သံသရာမှာ 
စရိုက်ဆိုးတွေနဲ့ပဲ ကျင်လည်ကြရမှာဖြစ်တယ်။ 
လူ့ဘဝ ရောက်လာရင်ပဲ စရိုက်ဆိုးတဲ့လူ၊ လောကလူတွေ ကြည့်လေ၊
တစ်ယောက်နဲ့ တစ်ယောက် စရိုက်မှ မတူတာ။ 
စရိုက်ဆိုးတဲ့လူတွေ ရှိတာပဲ။ စရိုက်ကောင်းတဲ့လူတွေ ရှိသလို ၊ 
စရိုက်ဆိုးတဲ့ လူတွေ ရှိတာပဲ။ ဒီဘဝမှာ မပြင်ဘူးဆိုလို့ရှိရင် 
နောင်ဘဝမှာလည်းပဲ အကျင့်ကြီးတွေ ပါသွားမှာပဲ။ 

အဲဒီ မကောင်းတဲ့ အကျင့်ကြီးတွေ ပါသွားပြီ ဆိုလို့ရှိရင် 
အဲဒီစရိုက်ဟာ နောက်ဆုံးမှာ ဖျောက်လို့မရနိုင်တဲ့ အဆင့်ထိအောင် 
ရောက်သွားပြီးတော့၊ အထုံဝါသနာကြီး ပါပြီးတော့ ဘုရားတောင်မှ 
ချွတ်ဖို့ရာ ခက်သွားတယ်။ 
ဥပမာမယ် “ဖွတ်ဖို့၊လျှော်ဖို့ မလွယ်ကူတဲ့ လက်နှီးစုတ်”လို 
ဖြစ်သွားမှာပေါ့နော်။ မကောင်းတဲ့စရိုက်တွေ ကိုယ့်စိတ်မှာ 
လွှမ်းမိုးသွားပြီ ဆိုလို့ရှိရင် သံသရာ နစ်မွန်းသွားနိုင်တယ်တဲ့။ 

ဒါကြောင့်မို့လို့ ဒီလို ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်နဲ့ ၾကံဳတဲ့အခုိက္မွာ … 
 ရာဂစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။ ဒေါသစရိုက်ကိုလည်း 
လျော့ချဖို့ ကြိုးစားရမယ်။ မကောင်းတဲ့ မောဟစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။ ကောင်းတဲ့စရိုက်တွေကိုတော့ ကြီးထွားလာအောင် ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ ပေးရမယ်လို့ ဒီလိုမြတ်စွာဘုရား ဟောကြားတော်မူခဲ့တယ်။ 

အခုလုိ တရားဓမၼေတြကုိ နာယူမွတ္သားၿပီးတဲ့အခါမွာ 
မိမိတို့ရဲ့ ဘဝမှာ ကောင်းမြတ်တဲ့ စရိုက်တွေကို မွေးမြူခြင်းဖြင့်၊ 
ကောင်းမြတ်တဲ့ ဝါသနာတွေနဲ့ နောက်ဆုံးမှာ ထာဝရချမ်းသာတဲ့ 
အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်မှာဖြစ်တယ်လို့ 
အားလုံးသဘောကျပြီး ဝါသနာတို့၊စရိုက်တို့ကို ဖယ်ရှားနိုင်ကြောင်း၊
အကျင့်ကောင်းကို ကျင့်ကြံကြိုးကုတ် အားထုတ်ကာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။ ။

ငရဲကြီး ၈ ထပ်အကြောင်း သိကောင်းစရာ

ငရဲကြီး ရှစ်ထပ် အကြောင်း ငရဲကြီး 
ရှစ်ထပ် အကြောင်း (သို.) ငရဲ၏ ဒုက္ခဆင်းရဲများနှင့်လွတ်မြောက်ဖို.အချိန် 
ငရဲဆိုသည်မှာ.... နှင့် ငရဲ၏ ဒုက္ခဆင်းရဲများဟူသည်... 
အပါယ်ဟူသည် ပါဠိလို အပါယ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) မှ 
ဆင်းသက်လာသည်။ အပါယ် လေးဘုံဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ 
အသူရကာယ် ဟူ၍ရှိလေသည်။ ငရဲ အမျိုးအစား (၈) မျိုး ရှိလေသည်။

 ၁) သိဥၥိဳး ငရဲ ၂) ကာဠသုတ် ငရဲ၃) သံဃာတာ ငရဲ၊ 
၄) ရောရုဝ ငရဲ၊ ၅) မဟာရောရုဝ ငရဲ၆) တာပန ငရဲ၊ 
၇) မဟာ တာပန ငရဲ၊ ၈) အဝီစိ ငရဲ စသည်ဖြင့် 
ငရဲကြီး ရှစ်ထပ် ရှိသည်၊ 

 ၁) သိဥ္စိုးငရဲ = ထပ်တလဲလဲ မလွတ်မြောက်ပဲ ခံစားရသောငရဲ ဟု 
အဓိပ္ပါယ်ရှိလေသည်။ ငရဲထိန်းများက အလျှံတပြောင်ပြောင် တဝင်းဝင်း 
တောက်နေသော ငရဲလက်နက်များဖြင့် ထိုး ခုတ် ရိုက်နှက်၍ သေအောင် 
ပြုလုပ်ကြသည်။ ငရဲခံကြသူများမှာ ထိုသို့ လက်နက်များဖြင့် ထိုးခုတ်ရိုက်နှက်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း 
ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း
မကုန်မချင်း ပြန်ခံစားနေရသည်။ 
 ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်ငါးရာ ဖြစ်လေသည်။ 
ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးသန်း 
ဖြစ်လေသည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာပထဝီမြေထု၏
အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။

 ၂) ကာဠသုတ်ငရဲ = မည်းနက်သော ကြိုးငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။ 
ငရဲထိန်းများက လက်နက်မျိုးစုံဖြင့် လိုက်၍ ခုတ်၊ ထစ်၊ ထိုး၊ ရိုက်၊ နှက်ကြသော် 
ငရဲသားများမှာ ကြောက်အားလန့်အားဖြင့် ပြေးလွှားရကာ အမောဆို့၍ 
လဲကျသောအခါ လက်သမားဆရာများက သစ်သားများကို မည်းနက်သော 
သစ်မျှဉ်းကြိုးဖြင့် တိုင်းတာ ကာ လိုသလို ဖြတ်ကြသကဲ့သို့ ငရဲသားများ 
အမောဆို့ကာ လဲကျသောအခါ ငရဲထိန်းများက မည်းနက်သော ကြိုးဖြင့် 
လိုသလို ပုံစံမျိုးတိုင်းတာကာ လွှ ငမန်းတို့ဖြင့် ဖြတ်ကြ ပိုင်းကြလုပ်ခြင်းကို 
ခံကြရသည်။ ထိုသို့ လက်နက်များဖြင့် ပိုင်းဖြတ်၍ သေသော်လည်း 
တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာ
ငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။ 

ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်တစ်ထောင် ဖြစ်လေသည်။ 
ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်သုံးကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ သိဥ္စိုးငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထဝီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ 

၃) သံဃာတာငရဲ = သံတောင်ကြိတ် ငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။ 
ငရဲမီးလျှံ တစ်ဟုန်းဟုန်း တောက်လောင်နေသော ကိုးယူဇနာမျှ ကျယ်ဝန်းသည့် ဒယ်အိုးကြီးများထဲသို့ ငရဲသားများထည့်ကာ ငရဲထိန်းများက တောင်လောက်
ကြီးမားသော သံကြိတ်တုံးကြီးများနှင့် ဖိ၍ လှိမ့်သတ်ကြသည်။ ငရဲသားများမှာ 
အလူးအလိမ့်ကို ခံကြရသည်။ ထိုသို့ ဖိ၍ ပိ၍ သေရသော်လည်း တစ်ဖန်ပြန် 
ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို 
ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။ ဤငရဲ၏ သက်တမ်းမှာ 
ထိုဘုံဘဝ၏ အနှစ်နှစ်ထောင် ဖြစ်လေသည်။ 
ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် 
လူတို့၏နှစ်ဖြင့် အနှစ်တစ်ဆယ့်လေးကုဋ္ဋေ လေးသန်း ဖြစ်လေသည်။ 
တည်နေရာနှင့် အကျယ်အဝန်းမှာ ကာဠသုတ်ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထဝီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ 

၄) ရောရုဝ ငရဲ = ငရဲမီးလျှံများ နှိပ်စက်၍ ငရဲသူ ငရဲသားများ အော်ဟစ် 
ငိုယိုမြည်တမ်းခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ ငရဲတစ်ခုလုံးရှိ ငရဲမီးလျှံများမှာ 
ငရဲသားတို့၏ မျက်စိပေါက်၊ နားပေါက်၊ နှာခေါင်းပေါက်၊ ပါးစပ်ပေါက် 
တို့ကို အတင်းဒရကြမ်း ဝင်ရောက် လောင်မြိုက်ခြင်းကြောင့် ငရဲသားများ 
ကျယ်လောင်သော အသံဖြင့် အော်ဟစ်ငိုယိုကြသော ငရဲဆင်းရဲကို ခံစားကြရပေသည်။ 
ထိုသို့ မီးလျှံများကြောင့် လောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် 
ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို 
ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။ ဤငရဲ၏ သက်တမ်းမှာ 
ထိုဘုံဘဝ၏ အနှစ်လေးထောင် ဖြစ်လေသည်။ 
ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် 
ငါးဆယ့်ခုနှစ်ကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။ တည်နေရာနှင့် 
အကျယ်အဝန်းမှာ သံဃာတာငရဲ ၏အောက် ယူဇနာပေါင်း 
တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း 
တစ်သောင်းအကျယ်အဝန်းရှိလေသည် 

၅) မဟာရောရုဝ ငရဲ = ငရဲမီးလျှံမှ မီးခိုးများ နှိပ်စက်၍ ငရဲသူ ငရဲသားတို့ 
အော်ဟစ်ငိုယိုခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ ငရဲပြည်တစ်ခုလုံး မှိုင်းမှိုင်းရယ်ညိုလို့ ပိတ်ဖုန်းသွားမည့်အလား အောက်မေ့ရလောက်အောင် များပြားလှပေ၏။ 
မီးခိုးငွေ့များသည် ငရဲသူ ငရဲသားများ၏ ဒွါရ (အပေါက်) များသို့ ဝင်စေလျက် 
အော်ဟစ်ငိုယိုခြင်း ခံစားရလေသည်။ ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ 
အနှစ်ရှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် 
လူတို့၏နှစ်ဖြင့် အနှစ် နှစ်ရာသုံးဆယ့်ကုဋ္ဋေလေးသန်း ဖြစ်လေသည်။ 
တည်နေရာနှင့် အကျယ်အဝန်းမှာ ရောရုဝငရဲ၊ ၏အောက် ယူဇနာပေါင်း 
တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း 
တစ်သောင်းအကျယ်အဝန်းရှိလေသည်။

 ၆) တာပနငရဲ = အပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ အလျှံတစ်ပြောင်ပြောင်တောက်နေသည့် အုန်းပင်လုံးမျှရှိသည့် သံတံကျဉ် 
(တံစို့) ဟု ဆိုရသောအပေါ်၌ ငရဲသူ ငရဲသားများကို အတင်းအကျပ် ထိုင်ခိုင်း၍ 
တစ်ကိုယ်လုံး မီးကျီမီးခဲကဲ့သို့ ရဲရဲတောက်အောင် မီးကင်ခြင်းဖြင့် ခံစားကြရပေသည်။ 
ထိုသို့ အသားများ မီးလောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ 
အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း 
မကုန်မချင်း ပြန်ခံစားနေရသည်။ ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်တစ်သောင်းခြောက်ထောင် ဖြစ်လေသည်။ 
ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် 
အနှစ်ကိုးရာနှစ်ဆယ့်ကုဋ္ဋေ ခြောက်သန်း ဖြစ်လေသည်။ 
တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာရောရု ငရဲ၊ ၏အောက် 
ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ 

၇) မဟာ တာပနငရဲ = သာလွန်၍ ပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ 
ငရဲမီးများ အလျှံတစ်ပြောင်ပြောင် တောက်လောင်နေသည့် သံတောင်ကြီးအပေါ်မှ ငရဲထိန်းများ၏ အစွမ်းသတ္တိကြောင့် မတက်ချင်သော်လည်း အတင်းတက်ခိုင်း၊ 
အပူလောင်ခံပြီး ငရဲသူ ငရဲသားများ တက်ကြရပေသည်။ 
ထိုသို့ဖြင့် အပေါ်ရောက်သည့်အခါ အောက်ခြေသို့ ပြန်တွန်းချခြင်း ခံကြရပေသည်။ ဤသို့ဖြင့်အကြိမ်ကြိမ် မဆုံးနိုင်ပဲ ခံစားကြရခြင်း ဖြစ်ပေသည်။ 
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ်ကံ မကုန်မချင်း အန္တရကပ် တစ်ဝက်အတိဖြစ်၏။ 
ထိုမျှအထိ ကြာရှည်စွာ ခံကြရပေသည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ 
တာပနငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် 
ကွာဝေးသော မြေထုအရပ်၌တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်း
အကျယ်အဝန်းရှိလေသည်။ 

 ၈) အဝီစိငရဲ = ငရဲသူ၊ ငရဲသား၊ ငရဲမီးလျှံ၊ ဆင်းရဲဒုက္ခ (၃) မျိုးလုံး 
လစ်လပ်မှုမရှိ (အကြားမရှိ) တရစပ် ခံစားရခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ 
ငရဲသူ ငရဲသားများသည် အိုးခွက်ထဲမှ ထန်းစေ့၊ မုံ့ညင်းစေ့၊ စပါးစေ့များကဲ့သို့ တင်းကြမ်းပြည့်ကာ အကြားအကြားခြားခြင်း မရှိသကဲ့သို့ ငရဲသူ ငရဲသားများ၏ 
ဆင်းရဲဒုက္ခ တစ်ပေါင်းတစ်ခုတည်း နေရာအနှံ့အပြား ခံစားကြရခြင်း ဖြစ်ပေသည်။ 
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ် မကုန်မချင်း အန္တရကပ် တစ်ကပ်တိတိဖြစ်၏။ 
အန္တရကပ် တစ်ကပ်ဆိုသည်မှာ ဆုပ်ကပ်နှင့် တက်ကပ်တစ်စုံကို ဆိုလိုပေသည်။ 

ဆုတ်ကပ်ဆိုသည်မှာ အနှစ်တစ်ရာကြာတိုင်း ကြာတိုင်း တစ်နှစ်ဆုတ်သည့်နည်းဖြင့် ဆယ်နှစ်သက်တမ်းသို့ ဆုတ်ယုတ်ကျရောက်လာခြင်းကာလကို ဆုတ်ကပ်တစ်ကပ် ဖြစ်ပေသည်။ တက်ကပ်ဆိုသည်မှာ ဆယ်နှစ်သက်တမ်းမှစ၍ အသချေင်္ရ တန်းသို့ ပြန်ဆက်လာခြင်းကာလကို တက်ကပ်တစ်ကပ် ဖြစ်ပေသည်။ ၎င်းဆုတ်ကပ် တက်ကပ် နှစ်ကပ်ပေါင်းကို အန္တရကပ် တစ်ကပ်ဟုခေါ်သည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာ တာပန ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ 

ငရဲငယ် (၈) ဌာန ဆိုသည်မှာ 
၁။ မီးပူငရဲ ၂။ သံပူငရဲ ၃။ ပြာပူငရဲ 
၎။ ရေပူငရဲ ၅။ ကြေးနီအိုးငရဲ ၆။ ဘင်ပုတ်ငရဲ 
 ၇။ လက်ပံတောငရဲ ၈။ ကြိမ်ပိုက်ငရဲ တို့ဖြစ်သည်။

 (လောကပညတ္တိကျမ်း၌ မိန်ဆိုထားပါသည်။) မဟာစည်ဆရာတော်ဘုရာကြီး၏ ဝိပဿနာရှု့နည်းအကျဉ်းချူပ် တွင်အောက်ပါအတိုင်း ငရဲ၌ ဆင်းရဲဒုက္ခအတိခံစားရပုံကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက်ဖြင့် ဖော်ပြထားပါသည်။ ငရဲဘုံ၌ ဖြစ်ရသောသတ္တဝါတို့၏ ကိုယ်ထည် သုံးဂါဝုတ် ပမာဏရှိ၏။ မြန်မာအတိုင်းအားဖြင့် 
၄ တိုင် တာ ၈၀၀ ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပေါ်၌ ပက်လက် အိပ်စေကုန်၏။ 
ထို့နောက် ညဘက် လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံတစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ ဘယ်ဘက် လက်ဝါး၌လည်း နည်းတူပင် ရိုက်နှက် သွင်းကုန်၏။ ညာဘက်ခြေ၊ ဘယ်ဘက်ခြေ၊ ခါး၊ လက်တို့၌လည်း နည်းတူပင် ရိုက်သွင်းကုန်၏။ 

 ထို့အတူ မှောက်လှက် အိပ်စေ၍လည်ကောင်း၊ စောင်းလျက် အိပ်စေ၍လည်ကောင်း၊ ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။ အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံနေရသော ငရဲသားများသည် ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လည်း များစွာ စိတ်ဆင်းရဲရ၏။ 
အလွန် ကြမ်းတမ်း ရက်စက်စွာ ကြိမ်းမောင်း ပြောဆိုသောငရဲထိန်းတို့၏ အသံကို ကြားရ၍လည်း စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲသိပ်ခြင်း၊ 
မီးလောင်ခံရခြင်း၊ သံစို့ နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိ ကြီးစွာသော 
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။ ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊ 
ချမ်းသာပေးပါ စသည်ဖြင့် မျက်ရည်ယိုစီး ငိုကြွေး မြည်တမ်းလျက် 
တောင်းပန်သော်လည်း မည်သူကမျှ မသနား၊ ချမ်းသာမပေးချေ။ 

မိဖဲ့ ဖမဲ့ ဆွေမျိုးမဲ့၊ ဆွေခင်ပွန်းမဲ့၍ တစ်ကိုယ်တည်းသာဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည်ယောင်ယမ်းလျက် မိနစ်စက္ကန့်မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ ထိုသို့သော ကာလ၌ ဝိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်တော့ချေ။ ထို့ပြင် သံစို့ ငါးချက်နှက်၍ မသေသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတစ်ဖက်ခန့်ရှိသော တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ၊ ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် 
မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။ သွေးတို့သည် မြစ်ဖြစ်၍ စီးလေကုန်၏။ 
ထိုသွေးတို့မှ မီးတောက် ထပြန်၍ ရွေခုတ်ရာ ကိုယ်၌စွဲလောင်လေ၏။ 
အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ ထိုစဉ်အခါ၌ ဝိပဿနာ 
အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။ ထိုမျှဖြင့် မသေသေးလျှင် 
ဇောက်ထိုးတွဲလဲ ဆွဲထား၍ ဗန်းကြီးခန့်ရှိ ပဲကွပ်တို့ဖြင့် ပါးပါးလွှာလျက် 
ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် မီးလျှံရဲရဲတောက်သော 
သံရထား၌ နွား မြင်းတို့ကဲ့သို့ တပ်၍ မီးကျီခဲတောင့်ကြီးပေါ်သို့ တက်စေကုန်၏။ 

မတက်ဘဲနေလျှင် ရဲရဲတောက်သော သံတုတ်ကြီးများဖြင့် အပြင်းရိုက်၍ 
တက်စေကုန်၏။ တောင်ထိပ်သို့ရောက်လျှင် တစ်ဖန် ဆင်းစေကုန်၏။ 
ဤသို့ တက်ချည် ဆင်းချည် အဖန်ဖန်ပြုစေကုန်၏။ 
ထိုမျှဖြင့်လည်း မသေသေးလျှင် ကျိုက်ကျိုက်ဆူပွက်လျက် ရဲရဲတောက်သော 
လေဟကုမ္ဘီ ခေါ် သံရည်ပွက်အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။ 
ထိုငရဲသားသည် သံရည်ထဲ၌ ရှဲကနဲကျ၍ အမြှုပ်တစ်စီစီ ထလျက် 
နစ်မြှုပ်သွားရှာလေ၏။ အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်ဝသို့ရောက်၏။ 
တစ်ဖန် အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်နှုတ်ခမ်းသို့
ရောက်လျက် ပေါ်လာ၏။ အရပ်မျက်နှာများသို့လည်း ဖီလာသွား၏။ 
ထမင်းအိုးပွက်သောအခါ၌ ဆန်စေ့ကလေးများကဲ့သို့ပင်တည်း။ 
အတိုင်းမသိသော ဆင်းရဲမှုနှင့် ရင်ဆိုင်တွေ့နေရလေ၏။ 
ထိုစဉ်အခါ၌ ဝိပဿနာအလုပ်ကို အားထုတ်ခွင့်ကိုကား မရနိုင်တော့ချေ။ 

 ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း အမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထံသို့ ပစ်သွင်းလိုက်ကြပြန်၏။ ထိုငရဲသည်ကား အလျား အနံ အမြင့် ယူဇနာ 
တစ်ရာရှိလေ၏။ လေးထောင့်ညီသော သံသေတ္တာကြီးနှင့် တူ၏။ 
အရှေ့ဘက်နရံမှ မီးလျှံသည် အနောက်ဘက်၌ နံရံကို ဖောက်ပြီးလျှင် 
အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင် ပူလောင်၏။ 
အနောက်နံရံ၊ တောင်နံရံ၊ မြောက်နံရံကို ဖောက်ပြီးလျှင် 
အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင်ပူလောင်၏။

အနောက်နံရံ၊ တောင်နံရံ၊ အထက်သံမိုး၊ အောက်သံမြေပြင်တို့မှ 
မီးလျှံတို့သည်လည်း နည်းတူချည်း ဟစ်အော်မြည်သတည်း။ 
ထိုငရဲကြီးအတွင်း၌ ထိုမှဤမျှ ပြေးလွှားလူးလိမ့် ဟစ်အော်မြည်တမ်းလျက် 
ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။ နှစ်ပေါင်းများစွာကြာသော် 
တစ်ခါတစ်ရံ၌ ထိုငရဲကြီး၏ တံခါးဝဆီသို့ အတင်းပြေးကြ၏။ 
အချို့မှာလည်း လမ်းခရီးတွင် မောပန်းလူးလိမ့်လျက်ရှိကုန်၏။ 
အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာ ကြာလျှင် 
ထိုတံခါးမကြီးသည် ပိတ်သွားလေသည်။ ထွက်နိုင်သော ငရဲသားသည်လည်း 
အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘင်ပုပ်ငရဲသို့ ကျသွားလေ၏။ 
မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့်ရှိသော 
ပိုးလောက်တို့က ကိုက်ခဲစားကြလေသည်။ 

ထိုဘင်ပုပ်ငရဲထံမှ လွတ်ပြန်လျှင် ပြာပူငရဲ ထံသို့ ကျရောက်သွားပြန်၏။ 
ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီခဲ၊ ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။ ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတောငရဲ သို့ 
ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆ လက်မရှည်သော ဆူးရှိကုန်၏။ 
ငရဲထိန်းတို့က ရိုက်နှက်၍ ထိုလက်ပံပင်တို့၌ တက်ချည် ဆင်းချည် ပြုလုပ်စေ၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ကိုလှည့်၍ နေကုန်၏။ 
ဆင်းသောအခါ၌ အထက်သို့ လှည့်၍နေကုန်၏။

ကြောက်လန့်တကြား လျင်စွာတက်ရ၊ ဆင်းရသော ငရဲသားတို့၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြဲလျက် ရှိလေ၏။ ထိုငရဲမှ လွတ်ပြန်လျှင် 
သံလျက်တောငရဲ သို့ရောက်ပြန်၏။ ရောက်သည်နှင့် တစ်ပြိုင်နက် သံလျက်နှင့် တူစွာ နှစ်သွားရှိသော အရွယ်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်၌ကျလေကုန်၏။ 
လက်၊ ခြေ၊ နား၊ လျှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းပိုင်း ပြတ်လေကုန်၏။ 
ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်းတုံးသွားတို့သည် ထွက်ပေါ်လျက် ရှိကုန်၏။ 
ရှေ့မှ သံတံတို့လည်း ကာရံလျက် ရှိကုန်၏။ ထိုအခါ၌ ဝိပဿနာအလုပ်ကို 
အားထုတ်ခွင့်ကို မရနိုင်တော့ချေ။ ထိုငရဲမှ လွတ်ပြန်လျှင် ဝေတ္တရဏီ 
မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ 
ကျစ်ကျစ်ဆူသော အရည်အတိပြည့်၏။ သင်တုံးသွားနှင့် တူသော နွယ်များ၊ 
ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်တုံးသွား ခင်းလျက်ရှိ၏။ 

ကမ်းပါးတို့၌လည်း သင်းတုံးသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ 
သမန်းမြက်များရှိ၏။ ငရဲသားတို့သည် ထိုချောင်းကို ဆင်းမိလျှင် မြေပြင်မှ သင်တုံးသွားရှသောကြောင့် လည်းကောင်း ဘိုင်းခနဲ လဲရှာလေ၏။ 
လဲလျှင် ကျစ်ကျစ်ဆူလျက် ပူစပ်သော အရည်ထဲ၌ စုန်ချည် 
ဆန်ချည် မျောနေလေ၏။ ကမ်းပါး၌ရှိသော ကြိမ်သမန်းမြက် 
တို့ဖြင့်လည်းရှ၊ ချောင်းထဲ၌ရှိသော 
ကြာရွက်တို့ဖြင့်လည်း ရှ၏။ 

ငရဲသားတို့၏ ကိုယ်ထည် အစုတ်စုတ်အပြတ်ပြတ် 
ဖြစ်လေ၏။ ထိုစဉ်ခဏ၌ ဝိပဿနာတရားကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။ 
စုန်ချည်ဆန်ချည် မျောလျက် အတိဒုက္ခရောက်နေသော ထိုငရဲသားကို 
ငရဲထိန်းတွေ့လျှင် ငါးမျှားချိတ်ကြီးဖြင့် ဆွဲတင်၍ ဘာအလိုရှိသလဲဟု မေး၏။
 "ထမင်းဆာသည်" ဟု ဆိုလျှင် ရဲရဲတောက်သော အတုံးအခဲဖြင့် ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ ငရဲသားသည် ကြောက်လှသောကြောင့် 
ပါးစပ်ကြီး အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်းတစ်ယောက်က 
ပေါက်ချွန်းကြီးနှင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။ 
အခြားငရဲထိန်းကလည်း ထိုနည်းတူပင် တစ်ဖက်မှ ပေါက်၍ ဖွင့်၏။ 

ထိုသို့ ဖွင့်၍ ပါးစပ်ဟင်းလင်း ပွင့်နေသော အခါ၌ ရဲရဲတောက်သော ထိုသံတုံး သံခဲတို့ကို တစ်ခုပြီးတစ်ခု ပစ်ထည့်၍ ကျွေးကြလေသည်။ ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်း၊ 
လျှာ၊ အာခေါင်၊ လည်ချောင်း၊ အူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွါရမှ 
ထွက်သွားကုန်၏။ "ရေငတ်သည်" ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော 
သံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ ထိုသံရည်ပူတို့သည်လည်း နည်းတူပင် 
လောင်၍ အောက်ဒွါရမှ ထွက်သွားရကုန်၏။ ငရဲသားသည် မသေသေးပြန်လျှင် 
ထိုငရဲသားကို ငရဲကြီးထံသို့တစ်ဖန် ပစ်သွင်းလိုက်ပြန်လေ၏။

ဤသို့ဖြင့် ငရဲသားတို့ ငရဲမျိုးစုံကို ခံစားရပုံကို ကွင်းကွင်းကွက်ကွက်မြင်သာအောင် ဖွင့်ဆိုပြလေသည်ကို မှတ်သားရပါသည်။ မြတ်စွာဗုဒ္ဓဘုရား ပွင့်တော်မူလာသောအခါမှ ဤဆင်းရဲဒုက္ခတို့၏ လွတ်မြောက်ရာလမ်းကို ဂရုဏာရှေ့ထားလမ်းပြ ညွှန်ပြတော်မူသဖြင့် များစွာသော လူ, နတ်, ဗြဟ္မာတို့သည် ကျွတ်တမ်း ဝင်ကြရပေသည်။ ထိုသို့ ဘုရားပွင့်ခါအချိန်မှာ ကျွတ်တမ်းမဝင် နိုင်ခဲ့ရသော်လည်း ယခုခေတ် အချိန်အခါမှာ လူဖြစ်လာသော စာဖတ်သူတို့လည်း အထူးကံကောင်းလှသည်ကို ဖော်ပြညွှန်းဆိုနေသည့် သက်သေ အထောက်အထားများ အများအပြားရှိနေသည်။ တိုတောင်းလှသော လူဘဝ 
အချိန် ကာလမှာ လောကီစားဝတ်နေရေးများအတွက် လုပ်နေကြရသလို သံသရာဝဋ်ဆင်းရဲမှလွန်မြောက်ကြောင်းတရားများကို အားထုတ်ကျင့်ကြံမှသာလူဖြစ်ကျိုးနပ်ပေမည်။ 

တရားတော်များကိုအားထုတ်ကျင့်ကြံရာတွင်ကျွန်တော်တို့ကြားသိခဲ့ရသော
ပထမအရွယ်တွင်ပညာရှာ၊ဒုတိယ အရွယ်တွင်ဥစ္စာရှာ၊တတိယအရွယ်တွင် ဘာဝနာတရားပွားများ ဟူသောအဆိုမှာ အင်မတန်မှားယွင်းပေသည်။ အထက်ပါဆိုရိုးအတိုင်းတတိယအရွယ်မှသာတရားအားထုတ်မည်ဆိုပါက
ဝေဖန်ပိုင်းခြား၊စဉ်းစားနိုင်သောဉာဏ ်ပညာကောင်းစွာ အလုပ်မလုပ်နိုင်သောကြောင့်တရားထူးရရန် 
အားထုတ်ရာတွင်ခက်ခဲစေပါသည်။ 

သေခြင်းတရား သည်အမှည့်လွန်သောအသီးကဲ့သို့ အချိန်မရွေးကြွေကျနိုင်သည်ကို သတိပြုမိစေချင်ပါတယ်။ ပယ်သတ်ရမည့်တရား၊သိရမည့်တရား၊ပွားများရမည့်
တရားများကို သိရှိသည်နှင့် လိုက်ကျင့်သင့်ပေသည်။ ထိုသို့သိရန်အတွက်လည်း တရားတော်များကို နားကြားရပါမည်။ မိမိသိရှိပြီးတဲ့တရားများကို လိုက်မကျင့်ပါက သိသလိုမသိသလိုနဲ့နောက်ဆုံးတော့ မသိတာဘဲဖြစ်သွားတက်ပါတယ်။ သတိတရားလက်ကိုင်ထားဖို့တော့လိုပြီပေါ့။ 

ဗုဒ္ဓမြတ်စွာက ရရှိရန်ခက်ခဲသောဒုလ္လဘတရား(၅)ပါးကို 
ဟောကြားတော်မူခဲ့ပါတယ်။ ဒုလႅဘတရား ငါးပါး ဘုရားတစ်ဆူပွင့်ရန် ရခဲ၏... ဘုရားပွင့်သောခေတ်တွင် လူအဖြစ်ကို ရခဲ၏... သာသနာတော်ကို ကြည်ညို 
မှီခိုတတ်သူ အဖြစ်ကို ရခဲ၏... သူတော်ကောင်းတရား နာယူခွင့်ရရှိရန် ရခဲ၏... သာသနာတော်တွင် ရဟန်းတပါးဖြစ်ရန်၊ (သာသနာတော်၏ အကျင့်ကို ကျင့်ရန်) ရခဲ၏ ... -ပညာလွန်ကဲသော ဘုရားလောင်းများ ၄ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်... -သဒ္ဒါလွန်ကဲသော ဘုရားလောင်းများ ၈ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်... -ဝီရိယလွန်ကဲသော ဘုရားလောင်းများ 
၁၆ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်... 
ဘုရားရှင်တို့သည်- စရိယ ၃ ပါး၊ စွန့်ခြင်းကြီး ၅ ပါး၊ ပါရမီ ၃၀၊ 
ဘာဝနာ ၅ ပါး တို့ကို ဘုရားရှင်တိုင်း ဖြည့်ကျင့်တော်မူခဲ့ ကြသည်... 
 -ထို့ကြောင့် ဘုရားအဖြစ်ကိုရရန် ခက်ခဲသည်... 

-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ်ဖြစ်ရန် ပိုခက်သည် ... 
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင်လူဖြစ်ရန် ပိုခက်သည် ...
 -ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ 
မှီခိုခွင့်ရသူ ဖြစ်ရန် ပိုခက်သည် ... -ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုတတ်သောသူ ဖြစ်ရန် ပိုခက်သည် 
 သတ္တဝါတွေဟာ ရုပ်အဆင်းကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည် အသံနဲ့ 
ဂုဏ်သတင်းကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည် တရား တကယ်ကြည်ညိုတဲ့ 
ပုဂ္ဂိုလ်မှာ ရှိသမျှ သတ္တလောကကြီးကို အပုံတစ်သိန်းပုံလျှင် တစ်ပုံသာရှိသည်ဟု 
ဘုရားရှင် ဟောကြားခဲ့သည်... သူတော်ကောင်း အလုပ်ဆိုတာ ပျော်နိုင်ခဲသည်... 
ကောင်းမှုမှန်ရင် ချန်မထားနဲ့ .... လက်လှမ်းမှီသမျှ ကောင်းမှုကို လုပ်ကြ 
သာသနာနှင့်ကြုံတုန်း လူဖြစ်ပါလျက် ဗုဒ္ဓတရားမလိုက်စားလျှင် အပါယ်ဆိုတာ 
ပြေးလို့လွတ်မည် မဟုတ်ချေဘူး။ ဒီဘဝမှ သေလွန်၍ သာသနာမထွန်းကားရာ 
အရပ်ဒေသ၊ တိရစ္ဆာန်၊မှားယွင်းသောအယူဝါဒ စသဖြင့် ရပ်ပြစ်ရှစ်ပါး၌ 
လူဖြစ်ပြန်လျှင် မလွဲဧကန် အပါယ်ဘုံသို့ ကျရပေဦးမည်။ 

ဘယ်မှာလျှင် သံသရာမှ လွတ် ပါဦးမည်နည်း။ ဤသည်ကို မျှော်တွေးလို့ 
စာဆိုကျော် ပညာရှိ စလေဦးပုညက အောက်ပါအတိုင်း စပ်ဆိုခဲ့သည်ကို ဓမ္မသံဝေဂ ယူကြပါကုန်။ “ယခုခါမူ ၊ လူလည်းဖြစ်လာ သာသနာလည်းထွန်းခိုက် ၊ 
အမြိုက်တရား ဟောကြားမည့်သူ ၊ လူလည်းမရှား သို့ပါလျက်သားနှင့်မှ 
တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှင် အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့
ဗိုလ်ချုပ် အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့ 
လူယုတ်ကြီးတွေဖြစ်ချိမ့်မည်”။....။ 

ထိုအချက်ကို တွေးကြည့်လျှင် လူလည်းဖြစ်လာရပြီ၊ သာသနာနှင့်လည်း 
ကြုံပြီ ၊ ဟောကြားနေသော ရဟန်းသာဝကများလည်း ပေါများလှ၏။ 
ဤကဲ့သို့ ကြံုလျက်နဲ့မှ အကျင့်ပျက် ၊ တရားပျက် ၊ စရိုက်ပျက် ၊ မူပျက် 
နေရင်တော့ လူဖြစ်ရကျိုးနပ်မှာ မဟုတ်ပါဘူး။ သတိသံဝေဂ ရကြပါတော့။ 
စိတ်သည် မကောင်းမှု၌သာ မွေ့လျော်၏။ စိတ်ကို ဉာဏ်၊ 
သတိနှင့် ထိန်းပေးရမည်။ ဗုဒ္ဓတရားတော်များ များစွာနာကြားရမည်။ 

သာသနာနှင့်ဝေးရာ အရပ်ဒေတွင် နေထိုင်နေရသော်ငြားလည်း 
တရားတော်များကို အခါအားလျော်စွာနာကြားနေရင် လူဖြစ်ရကျိုးမနပ်သေးပါဘူး။ 
နာရုံသာနာ မရှုပွားသည့် ပုဂ္ဂိုလ်က လောကမှာ တကယ်များသည်...
ကြာကြာထိုင်ရမှာ ကြောက်ကြသည်.. သာသနာတော်နှင့် ကြုံခိုက် သီလ၊ 
သမာဓိ၊ ပညာ အလုပ်များကို မမေ့မလျော့သော သတိဖြင့် ကြိုးစား အားထုတ်သွားကြရမည်...ထို့ကြောင့် ရရှိလာသော ဤလူ့ဘဝကြီးကို 
အခွင့်ရေးပိုင်ပိုင် ဆုပ်ကိုင်လျက် ကျွတ်တမ်းဝင်ရန်ဘဝမှာ 
ယခု မိမိတို့ ရရှိထားသော ဘဝပင်ဖြစ်ပါတောသည်။ 
သံသရာဝဠ်ဆင်းရဲမှလွတ်ကင်းပါစေ

ငရဲကြီးရှစ်ထပ်မှ တစ်ထပ်ချင်းစီ၏ နှစ်ကာလအပိုင်းအခြားများ---

၁။ သိန်းဆိုး ငရဲ 
  - လူတို့၏ အနှစ်(၅၀)သည် စတုမဟာရာဇ်နတ်တို့၏
(၁)ရက် ဖြစ်သည်။ - စတုမဟာရာဇ်တို့၏ နတ်သက် (၅၀၀)သည်
သိဥ္ဇိုဝ်း ငရဲ၌ (၁) ရက် ဖြစ်သည်။ - သိဥ္ဇိုဝ်းငရဲ (၁) ရက်မှာ လူတို့
အရေအတွက်အားဖြင့် အနှစ် 'ကိုးသန်း(၉၀၀၀၀၀၀)' ရှိသည်။
- သိဥ္ဇိုဝ်းငရဲသက်သည် အနှစ်ငါးရာ(၅၀၀) သက်တမ်းရှိသည်။
(ယင်းကို လူတို့၏ နှစ် လ အရေအတွက် တို့ဖြင့် တွက်သည်ရှိသော်
 'ကုဋေပေါင်း တစ်သိန်းခြောက်သောင်းနှစ်ထောင်' ရှိသည်။)

 ၂။ ကာလသုတ် ငရဲ
- လူတို့၏ အနှစ်(၁၀၀)သည် တာဝတိံသာနတ်တို့၏
 (၁)ရက်ဖြစ်သည်။ - တာဝတိံသာ နတ်တို့၏ နတ်သက်(၁၀၀၀)သည်
ကာလသုတ်ငရဲ၌ (၁)ရက်ဖြစ်သည်။ - ကာလသုတ်ငရဲ(၁)ရက်မှာ လူတို့၏
အရေအတွက် အားဖြင့် 'သုံးကုဋေခြောက်သန်း' ရှိသည်။ - ကာလသုတ်ငရဲ၏
သက်တမ်းသည် အနှစ် (၁၀၀၀) ရှိသည်။ (ယင်းကို လူတို့၏ နှစ် လ
အရေအတွက် တို့ဖြင့် တွက်သည်ရှိသော် 'ကုဋေပေါင်း
ဆယ့်နှစ်သိန်းကိုးသောင်းခြောက်ထောင်' ရှိသည်။)

၃။ သံဃာတ ငရဲ -
လူတို့၏ အနှစ်(၂၀၀) သည် ယာမာနတ်တို့၏ (၁)ရက် ဖြစ်သည်။
 - ယာမာနတ်တို့၏ နတ်သက်(၂၀၀၀)သည် သံဃာတငရဲ၌ (၁)ရက် ဖြစ်သည်။
- သံဃာတငရဲ (၁)ရက်မှာ လူတို့နှစ်အရေအတွက်အားဖြင့် (၁၄)ကုဋေ
(၄)သန်းရှိသည်။ - သံဃာတငရဲ၏ သက်တမ်းသည် အနှစ် (၂၀၀၀)ဖြစ်သည်။
(ယင်းကို လူတို့၏ နှစ် လ အရေအတွက် တို့ဖြင့် mတွက်သည်ရှိသော် (၁,၀၁၀,၈၈၀,၀၀၀,၀၀၀,၀၀၀) ရှိသည်။)

၄။ ေရရု၀ ငရဲ
- လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏(၁)ရက် ဖြစ်သည်။
- တုသိတာနတ်တို့၏ နတ်သက် (၄၀၀၀)သည် ရောရုဝ ငရဲ၌ (၁)ရက်ဖြစ်သည်။
- ရောရုဝ ငရဲ (၁)ရက်မှာ လူတို့၏ နှစ် အရေအတွက်အားဖြင့်
(ငါးဆယ့်ခုနှစ်ကုဋေ ခြောက်သန်း) ရှိသည်။
- ရောရုဝ ငရဲ၏သက်တမ်းသည် အနှစ်(၄၀၀၀) ဖြစ်သည်။

 ၅။ မဟာရောရုဝ ငရဲ
- လူတို့၏ အနှစ် (၈၀၀)သည် နိမ္မာနရတိနတ်တို့၏
(၁)ရက်ဖြစ်သည်။ - နိမ္မာနရတိနတ်တို့၏ နတ်သက် (၈၀၀၀)သည်
မဟာရောရုဝငရဲ၌ (၁)ရက်ဖြစ်သည်။ - မဟာရောရုဝငရဲ (၁)ရက်မှာ လူတို့ နှစ်အရေအတွက်အားဖြင့် (၂၃၀)ကုဋေ (၄)သန်းရှိသည်။

 ၆။ တာပန ငရဲ
- လူတို့၏ အနှစ် (၁၆၀၀)သည် ပရနိမ္မိတဝဿဝတ္ထိနတ်တို့၏
(၁)ရက်ဖြစ်သည်။ - ပရနိမ္မိတဝဿဝတ္ထိနတ်တို့၏ သက်တမ်း (၁၆၀၀၀)သည်
တာပနငရဲ၌ (၁)ရက်ဖြစ်သည်။ - တာပနငရဲ (၁)ရက်မှာ လူတို့နှစ်
အရေအတွက်အားဖြင့် (၉၂၁)ကုဋေ (၆)သန်းရှိသည်။
- တာပနငရဲ သက်တမ်းသည် အနှစ် (၁၆၀၀၀)ရှိသည်။

 ၇။ မဟာတာပန ငရဲ -
 မဟာတာပနငရဲသက်တမ်းမှာ "အန္တရကပ် တစ်ဝက်" ရှိပါသည်။
(အန္တရကပ် (၁) ကပ် တွင် လူတို့၏ နှစ်ပေါင်း '၇' အနောက်တွင်
'သုံည' အလုံးပေါင်း (၁၄၀) ရှိပါသည်။)

 ၈။ မဟာအဝီစိ ငရဲ --- 
အဝီစိငရဲ၏ သက်တမ်းသည် ဝိ၀ဋ္ဋဌာယီကပ် တစ်ကပ်ကြာသည်။(ကမ္ဘာ့ သက်တမ်းနှင့် ညီမျှသည်။) - ကမ္ဘာတစ်ကမ္ဘာ၏သက်တမ်း = ဝိ၀ဋ္ဋဌာယီကပ် (၁) ကပ် - ဝိ၀ဋ္ဋဌာယီကပ် (၁) ကပ် = အသချေင်္ယျကပ် (၄) ကပ် - အသင်္ချေယျကပ် ၁ ကပ် = အန္တရကပ် (၆၄) ကပ် - (အသင်္ချေယျကပ် (၁) ကပ် တွင် လူတို့၏ နှစ်ပေါင်း '၁' အနောက်တွင် 'သုံည' အလုံးပေါင်း (၁၄၀) ရှိပါသည်။)

Tuesday, January 21, 2020

❝ ငါးပါး သီလ၊ ပရဟိတ ❞

(အရက်သောက်ပြီးပရဟိတလုပ်တာ ဘာအပြစ်မှမရှိဘူးလို့ 
ပြောနေကြတဲ့ သူတွေဖတ်ဖို့

လူတွေက ငါးပါးသီလကို ပရဟိတ လုပ်ငန်းမှန်း 
သိတဲ့လူ အင်မတန် နည်းတယ်။ ဒါလည်း ပရဟိတပဲ။ 

 ငါးပါးသီလ ဆိုတာ အင်မတန်မှ အရေးပါလှတဲ့ ဝါရိတ္တသီလ မျိုး။ 
မလုပ်ရဘူး ဆိုတာကို ရှောင်တဲ့သီလမျိုး။ 

ဒီနေရာမှာလည်း ငါးပါးသီလဟာ မြတ်စွာဘုရားက ပညတ် ထားလို့ 
ရှောင်ရတာမျိုး မဟုတ်ဘူး။ မြတ်စွာဘုရားက ဒါလုပ်ရင် အပြစ်ဖြစ်မယ်၊ 
ဒါကို ရှောင်ရင် ကောင်းကျိုးချမ်းသာတွေ ရတယ်ဆိုတာ.. 
လမ်းညွှန်မှု ပြတာပဲ ဖြစ်တယ်။ 

သီလဆိုတဲ့ သဘာဝတရားဟာ စဉ်းစားကြည့်။ 
ကိုယ်ကိုယ်တိုင် ကိုယ်ကျင့်သီလ ဆောက်တည်လိုက်တာဟာ 
ကိုယ့်အတွက်ပဲလို့ ဒီလို့ အောက်မေ့ကြတယ်။ 
ဒါန က‌ အများအတွက်လို့ ထင်ကြတယ်လေ။ 

ကိုယ်က ပေးလိုက်ကမ်းလိုက် ကျွေးမွေးလိုက်တဲ့ သူတွေ 
စားသောက်သွားတာ ကြည့်ပြီး ဒါန ကတော့ အများအတွက်ပဲ။ 

သီလကတော့ ကိုယ့်အတွက်လို့ ထင်ကြတာ။ 
သီလကလည်း ဒါန လိုပါပဲ။ 

အများအတွက် အကျိုးဖြစ်တာ၊ ကိုယ့်အတွက် အကျိုးမဖြစ်ဘူး ပြောတာ 
မဟုတ်ဘူး။ ကိုယ့်အတွက်လည်းအကျိုး ဖြစ်တယ်။ သို့သော် အများအတွက် 
အကျိုးဖြစ်တာ။ ပါဏာတိပါတာ ရှောင်လိုက်သဖြင့် ကိုယ့်လက်နဲ့ သူများသေတာ 
ရှိသေးလား။ ကိုယ့်ဘေးနားက လူတွေ အန္တရာယ် မကင်းသွားဘူးလား၊ 
ကင်းသွားတယ်။ ပါဏာတိပါတာ ေရွာင္လိုက္တာ ကိုယ့်ရပ်ကွက်ထဲမှာ 
ကိုယ့်ကြောင့် ဒုက္ခရောက်တဲ့သူူ တစ်​ယာက်မှ မရှိတော့ဘူး။ 

ရပ္ကြက္ထဲမွာ ကိုယ္က အဒိန္နာဒါနာ ရှောင်လိုက်ရင် ရပ်ကွက်ထဲမှာ 
ပစ္စည်းပျောက်တာ ကိုယ့်ကြောင့်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်တော့ဘူး။ 
ဒါကြောင့် သီလ ဆောက်တာ အားလုံးအတွက် ဖြစ်မနေဘူးလား။ 
 တစ်ရပ်ကွက်လုံး လူတွေက ပါဏာတိပါတာလည်း ရှောင်တယ်၊ အဒိန္နာဒါနလည်း 
ရှောင်မယ်၊ ကာမေသုမိစ္ဆာစာရလည်း ရှောင်မယ်ဆိုလို့ရှိရင် 
တစ်ရပ်ကွက်လုံးဟာ အေးချမ်းသာယာနေမှာပဲ။ 

မုသာဝါဒ လိမ်လည်လှည့်ဖြားပြီး ဘယ့်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ဘူး၊ 
ဒါလည်း သူများ အတွက်ပဲ။ ကိုယ့်ကိုယ်ကို လိမ်တာ မဟုတ်ဘူး၊ 
ဒါလည်း သူများအတွက်ပဲ။ သူရာမေရယ အရက်သေစာ 
မသောက်မစားဘူး ဆိုရင်လည်း အများအတွက် အကျိုးဖြစ်တာပဲ။ 
မိမိကြောင့် စိတ်ဆင်းရဲမည့်ပုဂ္ဂိုလ် မရှိတော့ဘူး။
 ဒါကြောင့်မို့ မြတ်စွာဘုရားက ငါးပါး သီလကို မဟာဒါန လို့ 
ဟောထားတာ ရှိတယ်။ တကယ့် ကြီးမားတဲ့ အလှူကြီး။ 

ဘာတွေ လှူတာတုန်း ? "အဘယဒါန"- တစ်ခြား ပုဂ္ဂိုလ်တွေကို 
ဘေးမဲ့ပေးတဲ့ အလှူပဲ။ ဒါကြောင့် ... ငါးပါးသီလရဲ့လက်တွေ့ အကျိုးက 
ဆောက်တည်သူ အတွက်သာ မက၊ အများအတွက်လည်း ဖြစ်ပါတယ်။ 
ပရဟိတ လုပ်ငန်းထဲမှာ သူပါတယ်။ သို့သော် လူတွေက 
ငါးပါးသီလကို ပရဟိတ လုပ်ငန်းမှန်း သိတဲ့သူ အင်မတန်မှ နည်းတယ်။ 
ဒါလည်း ပရဟိတ ပဲ။ အများအတွက် အကျိုးဖြစ်သွားတာပေါ့။ 
(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ 
ပြန်လည်မျှဝေခြင်း၊)

❝ဘုရားရှင်ကို လေးနဲ့ပစ်သတ်ဖို့ ကြိုးစားမှု❞

မြတ်စွာဘုရားဟာ တောရကျောင်းတစ်ကျောင်းမှာ တစ်ပါးတည်း 
နေတော်မူတယ်။ အဲဒီမှာ ဒေဝဒတ်ရဲ့ အစီအမံက အင်မတန်ကောင်းတယ်။ 
စနစ်ကျတယ်။ လက်ဖြောင့်လေးသမား တစ်ယောက်ကို ဒေဝဒတ်က 
ဘုရားရှိတဲ့ဆီသွားပြီး မင်း ဘယ်နေရာကနေပြီး ပစ်၊ ပစ်သတ်ပြီးလို့ရှိရင် ဘယ်လမ်းကပြန်လာခဲ့ဆိုတာ ပြောတယ်။ 
အဲဒီ ပြန်လာတဲ့လမ်းမှာ လက်ဖြောင့်လေးသမား 
(၂) ယောက်ကို ထားတယ်။ 

အဲဒီ (၂)ယောက်က မြတ်စွာဘုရားကို လေးနဲ့ပစ်ပြီး ပြန်လာတဲ့လေးသမားကို 
ပစ်သတ်ရမယ်။ ဒီတစ်ခါ အဲဒီ (၂)ယောက်ကိုလည်းပဲ တခြားလမ်းက 
ပြန်လာခိုင်းတယ်။ သူတို့ပြန်လာမယ့် လမ်းမှာ လက်ဖြောင့်လေးသမား
 (၄)ယောက် ထားတယ်။ ၂ ဆ၊ ၂ ဆ၊ ပို့ထားတာ။ လုံးဝမလွတ်နိုင်အောင် 
စနစ်တကျ လုပ္ထားတာ။ အဲဒီ (၄)ေယာက္က ဒီ (၂)‌ေယာက္ကို ပစ်သတ်ရမယ်။ 
 နောက်တစ်ခါ .. အဲဒီ (၄)ယောက် ပြန်လာတဲ့လမ်းမှာ လေးသမား 
(၈)ယောက်ထားတယ်။ (၈)ယောက်က (၄)ယောက်ကို သတ်ရမယ်။ 
ပြီးတော့မှ ဒေဝဒတ်က အားလုံးကို မပေါ်အောင် နှုတ်ပိတ်လိုက်မယ်။ 
တစ်ခါတည်း အစဖျောက်တဲ့ အဲဒီစနစ်နဲ့ လႊတ္လိုက္တာ ...။ 

လွှတ်လိုက်တော့.. ပထမဆံုးသြားတဲ့ ေလးသမားက မြတ်စွာဘုရားနား ရောက်တဲ့အခါကျတော့ သူ မသတ်ရဲဘူး။ သူ့စိတ်တွေ ပြောင်းသွားတယ်။ မြတ်စွာဘုရားက တရားဓမ္မ ဟောကြားလိုက်တယ်။ ပြီးတော့ မင်း ဒီလမ်းက မပြန်နဲ့၊ တခြားလမ်းကပြန်လို့ ပြောလိုက်တယ်။ ဒေဝဒတ်ရဲ့ စီမံချက်တွေဟာ အကုန်လုံး အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်တယ်။ ပထမ လေးသမားကိုသတ်ဖို့ စောင့်နေတဲ့ လေးသမား 
(၂)ယောက်ကလည်းပဲ ဒီလူ ကြာတယ်ဆိုပြီးတော့ 
လိုက်လာတော့ ဘုရားနဲ့တွေ့တယ်။ 

ဘုရားဆီမှာ သူတို့ တရားနာကြတယ်။ ဘုရားက မင်းတို့ ဒီလမ်းက မပြန်နဲ့ တခြားလမ်းက ပြန်လို့ပြောတော့ အဲဒီလူ (၂)ယောက်လည်း မသေဘူး။ နောက်ထပ်လိုက်လာတဲ့ (၄)ယောက်ကလည်း ဒီလိုပဲ၊ ဘုရားဆီ ရောက်လာကြတယ်။ ဘုရားက တခြားလမ်းကနေ လွှဲလွှတ်လိုက်တယ်။ (၈)ယောက်ကလည်း ဒီလိုပဲ။ ဘုရားဆီရောက်လာပြီး တရားနာ တခြာလမ်းက လွှဲလွှတ်လိုက်တယ်ဆိုတော့ ဘယ္သူမွ မေသဘူး။ လုပ်ကြံမှုကြီး မအောင်မမြင် ဖြစ်သွားတယ်။ အဲဒီလို လုပ်ကြံသတ်ဖြတ်မှု ခံရတာဟာ တစ်ခုသောဘဝမှာ.. ကလေးငယ်ဖြစ်တဲ့အချိန်မှာ ပစ္စေကဗုဒ္ဓအရှင်မြတ်ကို သေစေလိုတဲ့စိတ်နဲ့ 
ကျောက်စရစ်ခဲတွေနဲ့ ပစ်ခဲ့ဖူးတယ်။ သေအောင်လုပ်ခဲ့ဖူးတယ်။ 
သို့သော်.. မသေဘူး။ 

အဲဒီ ကံကြမ္မာရဲ့ အကျိုးဆက် ကံကြမ္မာဝဋ်ကြွေးကို ဘုရားဘဝမှာ 
ပြန်လည်ပေးဆပ်ရတယ်။ အဲဒါကြောင့် ... မကောင်းတာတွေ မလုပ်မိအောင် တို့တတွေ သတိကြီးစွာထားပြီး ရှောင်ကြရမယ်လို့ သိရှိသဘောပေါက်ပြီး ကံကြမ္မာ
ဝဋ်ကြွေးတွေ မိမိသန္တာန်မှာ မတင်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော် 
မူနိုင်ကြပါစေ ကုန်သတည်း ...။ 
( အရှင်နန္ဒမာလာဘိဝံသ (Phd)  
#Crd: Nay Lin

"ဝိပဿနာဆိုတာ မခက်ပါ"

ဝိပဿနာ စတင်ကျင့်ကြံအားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေ တို့အတွက် ဝိပဿနာနဲ့ဆိုင်တဲ့
 ကျိုးစားအားထုတ်ပုံအမျိုးမျိုး တို့အပြင် တရားအားထုတ်ကြရာ၌ ကြုံတွေ့ရမဲ့ 
အခက်ခဲတွေ စသည်အားဖြင့် လက်လှမ်းမှီသလောက်ရှာဖွေ၍ ဓမ္မဒါနပြုခဲ့ပါသည်။ 
အမှန်တိုင်း ပြောရရင် ဓမ္မမိတ်ဆွေတို့ဟာ ဝိပဿနာ ကို စပြီး မလုပ်ကြည့်သေးလိုပါ။ တကယ်တန်းလက်တွေ့လုပ်ကြည့်လိုက်တဲ့အခါမှာ အကျင့်ဖြစ်သွားပြီဆိုရင်ဖြင့် 
နေ့စဥ် တရားမထိုင်ရသေးပါက တစ်ခုခုလိုနေသလိုလို၊ အကြောင်းကိစ္စ 
တစ်ခုခုရှိလို့ တစ်ရက်လောက် ပျက်ကွက်လိုက်ရင်တောင်မှ အပြစ်
တစ်ခုခုရှိသလိုတောင် ခံစားမိမှာပါ။ 

အဲဒီလို လုပ်ကြည့်တဲ့အခါ ဝိပဿနာ အားထုတ်ပုံ ဟာ အခက်ကြီး မဟုတ်ပါလား
ဆိုတာ သိလာကြမှာပါ။ ဓမ္မမိတ်ဆွေတို့ဝိပဿနာအားထုတ်စေချင်တဲ့ စေတနာဖြင့် ဖတ်ရှုထားသမျှကို ပိုမိုပြီး အဓိပ္ပါယ်ရှင်းလင်း နားလည်စေရန် ထပ်မံ၍ ကုသိုလ်ပြုရာ " ကိုသိန်းနိုင်အုန်း ရဲ့ ဖေစဘုတ် စာမျက်နှာမှ ဝိပဿနာဆိုတာ မခက်ပါ ဆိုတဲ့ ရေးသားဖေါ်ပြထားတာ ကို ကောက်နှုတ်ပြီး ထပ်မံကုသိုလ်ပြုလိုက်ပါတယ်။ 
( ခန္ဓာ-၅ပါးတစ်ဦး ) ဝိပဿနာ ဆိုတာ ဘာလဲလို့ဆရာတော်ကြီးတွေက 
အမျိုးမျိုး ဥပမာ ပေးကြပေမဲ့ ...အလွယ်ဆုံးမှတ်ယူရရင်.. "ခန္ဓာ" ရဲ့ 
အရှိ ကို "ဉာဏ်" နဲ့သိအောင် လုပ်တဲ့ အလုပ်ဟာ "ဝိပဿနာ"ပါ။ 

 ဗုဒ္ဓတရားတော်အရ သက်ရှိသတ္တဝါ တွေမှာ ရုပ် နဲ့ နာမ်ပဲ ရှိပါတယ်။ 
အမည်နာမတွေ ဘယ်လိုဘဲ ခေါ်ခေါ်၊ သက်မဲ့အရာဝတ္ထုတွေ မှာ ရုပ်ပဲ ရှိပါတယ်။ ဝိပဿနာတရား ရှုပွားအားထုတ်တဲ့အခါ ဘယ်နည်းနဲ့ပဲရှုရှု၊ ရှုချင်တဲ့ နည်းနဲ့ရှုပါ။ 
ဝိပဿနာ ရဲ့အရှုခံ အာရုံသည် "ရုပ်ဖြစ်ရင်ဖြစ်" မဖြစ်ရင် "နာမ်ဖြစ်" ရပါမယ်။ 
"ရုပ်နာမ်"ကို ဖယ်ထားပြီးတော့ ဝိပဿနာ ရှုလို့ မရပါဘူး။ ဘယ်နည်းနဲ့ပဲ ရှုရှု၊ 
အရင် စသိမယ့် ဉာဏ်က..ပဲ ရုပ်နာမ်ပိုင်းခြားသိတဲ့ "ဉာဏ်"ဖြစ်ပါတယ်။ 
ပါဋ္ဌိ လို ခေါ်တော့...နာမရူပ ပရိစ္ဆေဒဉာဏ် (ရုပ် နာမ် ခွဲခြားသိသောဉာဏ်) ပါ။ 

အဲဒါကြောင့် ဝိပဿနာ ရှုတဲ့အခါ အရှုခံအာရုံအဖြစ် ထားရမှာက "ရုပ် သို့မဟုတ် နာမ်"ဖြစ်ရမယ်ဆိုတာ ဦးစွာသဘောပေါက်ဖို့လိုပါတယ်။ ပုထုဇဥ်လူသားဆိုတာကလည်း နတ်တွေ ဗြဟ္မာတွေ လို မဟုတ်ပဲ၊ အဲဒီ ရုပ် နဲ့နာမ်နှစ်ပါးမှာ နာမ်တရားထက် ရုပ်တရားက ပိုပြီးထင်ရှားနေတော့ စပြီး ရှုတဲ့အခါ ရုပ်တရားကို အရှုခံ ထားပြီး ရှုတာက ပိုကောင်းပါတယ်လို့အကြံပေးပါတယ်။ ဝိပဿနာဆိုတာ ရုပ်နာမ်မှာ ရှုရမှာ 
ဖြစ်တော့ မရှုမီ ကြိုတင်ပြီးတော့ ရုပ်ဆိုတာက ဘယ်လိုလဲ။ 

နာမ်ဆိုတာက ဘယ်လိုလဲ သိရှိ သဘောပေါက်ထားလို့ရှိရင်တော့ အခက်အခဲ မရှိ လွယ်ကူပါလိမ့်မယ်။ တရားအားထုတ်တယ်ဆိုတာ နှလုံးသွင်းပြောင်း လိုက်တာပါ။ အယင်တုန်းကတော့ "ငါသွားတယ်၊ သူသွားတယ်၊ ပုဂ္ဂိုလ်သတ္တဝါသွားတယ်၊ ယောကျ်ားမိန်းမသွားတယ်” လို့ နှလုံးသွင်းပါတယ်။ အခု တရားအားထုတ်တဲ့အခါမှာ 
ဘယ်သူ သွားတာလဲလို့ သတိထားပြီး အသိတရားနဲ့ ရှုရပါတယ်။ 
သွားနေကျအတိုင်း သွားပါ၊ အသွားပြောင်းဖို့မလိုပါဘူး။ 
ရုပ်နာမ်ပေါ်မှာသာ သတိထားပြီးသွားခြင်း နဲ "့မိစ္ဆာသတိ"ကနေ "သမ္မာသတိ"ကို ပြောင်းသွားပါလိမ့်တယ်။ အယင်တုန်းက ပုဂ္ဂိုလ်သတ္တဝါ သတိနဲ့ ထိုင်တယ်၊ 
အခုကျတော့ ရုပ်နာမ် က သတိနဲ့ထိုင်တယ်၊ အယင်တုန်းက 
ပုဂ္ဂိုလ်သတ္တဝါ ဟာ သတိနဲ့ အိပ်တယ်။ 

အခုက ရုပ်နာမ်သတိနဲ့အိပ်တယ်၊ အယင်တုန်းက ပုဂ္ဂိုလ်သတ္တဝါ သတိနဲ့ ရပ်တယ်။ 
အခုက ရုပ်နာမ် က သတိနဲ့ ရပ်တယ်။ ဒါပဲ ကွာတာပါ။ တရားအားထုတ်တယ်ဆိုတာ နဂိုအမူအရာထဲမှာ ရုပ်နာမ်ပေါ်ရောက်အောင် သမ္မာသတိကို သွင်းထားလိုက်ခြင်းပါ။ 
အဲဒီလို သတိသွင်းထားလိုက်ရင် ရုပ်သဘော နာမ်သဘောကို သိလာပါလိမ့်မယ်။ 
ရုပ်သဘောက ဘယ်လိုလဲလို့မေးရင် ဖောက်ပြန်တတ်တဲ့သဘောက ရုပ်ပါ။ ဖောက်ပြန်တယ်ဆိုတာက နဂိုအနေနဲ့ မတူပဲ တစ်မျိုးတစ်မျိုး 
ပြောင်းသွားတာကို ဖောက်ပြန်တယ်လို့ ခေါ်ခြင်းပါ၊ အဲဒါကိုပဲ ရုပ် လို့ ခေါ်ပါတယ်။ 

ထိုင်တာ ကြာလာတဲ့အခါမှာ ထိုင်စနဲ့မတူတော့ပါဘူး။
 အောက်ပိုင်းကိုယ်က နာကျင်ကိုက်ခဲမှု၊ ပူမှု စသည် ဖြစ်လာတတ်ပါတယ်။ 
အဲဒါဘာဖြစ်တာလဲ မေးရင် ရုပ်ဖောက်ပြန်တာပါ။ ကိုယ်နှင့်စပ်သမျှ ခြေဖဝါး ကနေပြီး ငယ်ထိပ်အထိ တစ်ကိုယ်လုံးမှာ ဖြစ်နေသမျှတွေကို ပညတ်နာမည် တပ်ချင်သလို တပ်ပါ။ နာတယ်၊ ကျဥ်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ ညောင်းတယ်၊ ထုံတယ်၊ တောင့်တယ်၊ တင်းတယ်၊ မူးတယ်၊ ဝေတယ်၊ အော်ဂလီဆန်တယ် စသည်ဖြင့် နာမည်တပ်ချင်သလို တပ်ပါ။ 
အဲဒါတွေသည် အမည်ပညတ်တွေသာဖြစ်ပါတယ်။ 

တကယ်တော့ ပရမတ်သဘောအားဖြင့် ရုပ်ဖောက်ပြန်နေကြတာပါ။ 
အဲဒီလို ရုပ်ဖောက်ပြန်တာကို ဘယ်သူကသိလဲ မေးရင် နာမ်က သိပါတယ်။ 
ပုဂ္ဂိုလ်သတ္တဝါက သိတာမဟုတ်ပါဘူး။ နာမ်ကလည်း အလိုလိုသိတာ မဟုတ်ပါဘူး။ 
အာရုံပြုလို့ သိတာပါ။ အလိုလိုလည်း သိတာ မဟုတ်ပါဘူး။ အမှတ်တမဲ့နေလို့ သိတာ မဟုတ်ပါဘူး။ အဲဒီညွှတ်တတ် သိတတ်တဲ့သဘောသည် နာမ်ပါ။ 
မသိဘဲနဲ့ အမျိုးမျိုး ဖောက်ပြန်နေတာက ရုပ်ပါ။ အဲဒီဖောက်ပြန်သမျှကို လိုက်ပြီး အာရုံပြုသိနေတာက နာမ်ပါ။ နာတယ်သိ၊ ကျဥ်တယ်သိ၊ ထုံတယ်သိ၊ ညောင်းတယ်သိ၊ တောင့်တယ်သိ၊ တင်းတယ်သိ.. စသည်ဖြင့် ကိုယ်ထဲမှာ ဖြစ်ဖြစ်သမျှတွေကို 
လိုက်သိနေတာက နာမ်ပါ ဘဲ။ ဒီခန္ဓာကိုယ်မှာ ဖောက်ပြန်တတ်တဲ့ ရုပ်တရားနဲ့ သိတတ်၊ ညွှတ်တတ်တဲ့ နာမ်တရားအပြင် ဘာမှမရှိပါဘူး။ 
ဒါပေမယ့် မိမိတို့ကတော့ မသိသေးပါ။ 

ဘာဖြစ်လို့ မသိသေးလဲမေးရင် မကြည့်လို့ မသိတာဘဲ ဖြစ်ပါတယ်။ တရားအားထုတ်တယ်ဆိုတာ အဆန်း မဟုတ်ပါ။ တကယ်တော့ မျက်လုံး
ပြောင်းလိုက်တာပါ။ မိမိတို့မှာ ပကတိမျက်လုံး နဲ့ ဉာဏ်မျက်လုံးရယ်လို့ 
မျက်လုံးနှစ်မျိုး ရှိပါတယ်။ 
ပကတိ မျက်လုံးက အပေါ်ယံမြင်ပါ။ 

ပုဂ္ဂိုလ်သတ္တဝါ၊ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်လို့ မြင်တဲ့ အမြင်မျိုးပါ။ 
ဉာဏ်မျက်လုံးက အတွင်းမြင်ပါ။ ရုပ်နာမ်မြင်တဲ့ အမြင်မျိုးပါ။ 
ဒါကြောင့် တရားအားထုတ်တယ်ဆိုတာ ဉာဏ်မျက်လုံးနဲ့ ရှုကြည့်ရမှာပါ။ 
ပကတိမျက်လုံး ကနေ ဉာဏ်မျက်လုံးကို ပြောင်းပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ 
ရုပ်နာမ်ကို မြင်အောင် ရှုကြည့်တဲ့အလုပ်ဟာ "ဝိပဿနာ"အလုပ်ပါဘဲ။ 
ရုပ်နှင့်နာမ် တရားနှစ်ပါးဟာ ပဋ္ဌာန်း အညမညပစ္စည်းအရ ပြောရရင် 
အချင်းချင်း အပြန်အလှန် မှီနေကြပါတယ်။ ဒါပေမဲ့ ရုပ်သဘော နဲ့
နာမ်သဘောက မတူကြပါဘူး။ ရုပ်က ဖောက်ပြန်တဲ့သဘောပါ။ 
ရုပ်အလုပ်က ဖောက်ပြန်တဲ့ အလုပ်ပါ။ 

နာမ်က သိတတ်ညွှတ်တတ်တဲ့သဘောပါ။ ရုပ်က ရုပ်အလုပ်လုပ်၊ 
ဖောက်ပြန်ပါတယ်။ နာမ်က မကူညီနိုင်ပါ။ နာမ်ကလည်း သိတဲ့ညွှတ်တဲ့ 
အလုပ်လုပ်ပါတယ်။ ရုပ်ကို အကူအညီမပေးနိုင်ပါ။ ဒီတော့ အလွယ်ဆုံး
သိထားရရင်တော့... ရုပ်နာမ်နှစ်ပါးတို့ဟာ အချင်းချင်းအပြန်အလှန် အကျိုးအကြောင်း သဘောတရားအရ မှီနေကြသော်လည်း အချင်းချင်းအကူအညီ မပေးနိုင်ကြပါဘူး။ 
ရုပ်ကလည်း ဖောက်ပြန်ပြီး ပျက်ပါတယ်။ နာမ်ကလည်း သိပြီး ညွှတ်ပြီး ပျက်ပါတယ်။ သွားချင်တော့ နာမ်က သွားချင်တယ်။ သွားတော့ ရုပ်က သွားပါတယ်။ 

ရုပ်သွားရာ နာမ်က ပါသွားရပါတယ်။ အဲဒီသဘောတွေကို သိအောင် သွားရင်း ရုပ်နာမ်ပေါ်သတိကပ်ပြီး သွားရပါတယ်။ အဲဒီလိုသွားရင် သွားတဲ့ အမူအရာ မပြောင်းရဘဲ အသွားမပျက် သွားနိုင်ပြီး အရှုမပျက် ရှုနိုင်ပါတယ်။ "သွားချင်တာက နာမ်၊ သွားနေဟန်က ရုပ်၊ ငါ မဟုတ်၊ သူ မဟုတ်၊ သွားတာ နာမ်နဲ့ရုပ်” လို့ အသိတိုးလာပါလိမ့်မယ်။" သွားချင်တဲ့ နာမ် ကလည်း သွားချင်ပြီး ချုပ်ပျက်၊ သွားတဲ့ ရုပ်ကလည်း သွားပြီး ချုပ်ပျက်သွားတာကို တွေ့ရပါလိမ့်မယ်။ "သွားချင်တဲ့ နာမ်က အကြောင်း၊ သွားတဲ့ ရုပ်က အကျိုး" လို့ 
နာမ်ရုပ်နှစ်ပါးကို ကြောင်းကျိုးဆက်စပ်ပြီး ဖြစ်နေတဲ့သဘော၊ အကြောင်းချုပ်တော့ အကျိုးချုပ်တဲ့ သဘောတွေကို မြင်အောင် ရှုသွားရပါတယ်။ 

ဝိပဿနာ ရှုတယ်ဆိုတာ ရုပ်ကို ရှုရင်ရှု မရှုရင် နာမ်ကို ရှုရမှာပါ။ 
ဦးစွာပထမ သိရမှာလည်း ရုပ်နာမ်ပဲ သိရမှာပါ။ ရုပ်နာမ်ပိုင်းခြားသိတဲ့ ဉာဏ်ရပြီးမှ တခြားဉာဏ်တွေ ရမှာပါ။ ရုပ်နာမ်ပိုင်းခြားသိတဲ့ဉာဏ် မရဘဲနဲ့ တခြား ဉာဏ်တွေ 
မရနိုင်ပါဘူး။ ရုပ်နှင့်နာမ်က ကင်းပြီးတော့ ဖြစ်တာ မဟုတ်တဲ့အတွက် သင့်တော်တဲ့ ဣရိယာပုထ်၊ သင့်တော်တဲ့ အမူအရာနဲ့ အဆင်ပြေသလို ရှုမှတ်နေရမှာဖြစ်ပါတယ်။
 ရှုတဲ့အခါ ရုပ်ကို မှီပြီး ရုပ်ဖြစ်တာလဲ မြင်အောင် ရှုရပါမယ်။ 
ရုပ်အကြောင်း ရုပ်အကျိုးကွဲအောင် ရှုရပါတယ်။ 

ရုပ်မှီပြီး နာမ်ဖြစ်တာကိုလည်း မြင်အောင်ရှုရပါတယ်။ ရုပ်အကြောင်း 
နာမ်အကျိုး ကွဲအောင် ရှုရပါမယ်။ နာမ်ကို မှီပြီး ရုပ်ဖြစ်တာ မြင်အောင် ရှုပါ။ 
နာမ်အကြောင်း ရုပ်အကျိုးကို ကွဲအောင် ရှုရပါမယ်။ 
အသွားအလာ အနေအထိုင် မပျက် သွားရင်း လာရင်း စားရင်း သောက်ရင်း၊ 
နေရင်း ထိုင်ရင်း၊ ပြောရင်း ဆိုရင်းနဲ့ “ဘယ်သူအကြောင်း ဘယ်သူ့အကျိုးလဲ၊ ဘယ်သူရှေ့ဆောင်လဲ၊ ဘယ်သူနောက်လိုက်လဲ” လို့ ခန္ဓာတွင်း ဉာဏ်သွင်းပြီး သွားလာတာကို တရားအားထုတ်တယ်၊ ဝိပဿနာပွားတယ်လို့ ခေါ်တာပါ။

မိမိတို့ခန္ဓာကိုယ်မှာ ပြုပြုသမျှ၊ ပြောပြောသမျှ၊ ကြံကြံသမျှ 
အမူအရာတိုင်းမှာ သတိထားပြီး အသိတရားနဲ့ ရှုရပါတယ်။ 
ရုပ်နာမ်ကွဲပြီးတော့ နောက်ပိုင်း ကြောင်းကျိုးပိုင်းခြား သိမြင်အောင် 
ရှုပွားအားထုတ်ရပါတယ်။ ရုပ်အကြောင်းကြောင့် နာမ်အကျိုးပေါ်ပုံ၊ 
ရုပ်အကြောင်းကြောင့် ရုပ်အကျိုးပေါ်ပုံ၊ နာမ် အကြောင်းကြောင့် 
ရုပ်အကျိုးပေါ်ပုံ၊ နာမ်အကြောင်းကြောင့် နာမ်အကျိုးပေါ်ပုံတို့ကို သိမြင်အောင်
 ရှုဖို့လိုပါတယ်။ ကြောင်းကျိုးမပိုင်ဘဲနဲ့ ကင်္ခါယုံမှား မကွာနိုင်ပါဘူး။ 

ကင်္ခါယုံမှားမကွာရင် တရားထူးရဖို့ မဖြစ်နိုင်ပါဘူး။အဲဒီမှာ ကင်္ခါ ဆိုတာ 
ယုံမှားခြင်း(ဝိစိကိစ္ဆာ) ပါ။ ရတနာမြတ်​သုံးပါး၊ ကံ ကံ၏အကျိုးနှင့် ရုပ်နာမ်ခန္ဓာတွေအပေါ် ယုံမှားသံသယဖြစ်ခြင်းပါ။ ဒါကြောင့် အလိုက်သင့် ရှုပါ။ အလုပ်လုပ်တဲ့အခါမှာ 
ထိုင်ပြီးလုပ်တဲ့ ပုဂ္ဂိုလ်ဟာ မထိုင်နိုင်တော့တဲ့အခါ လျောင်းရှု၊ ရပ်ရှု၊ 
စင်္ကြံလျှောက်ရှု နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပက်လက်ကုလားထိုင် စသည်နှင့် 
နေသာသလို နေပြီး ခန္ဓာတွင်းမှာ ဉာဏ်သွင်းရှုပေးပါ။ 

ကိုယ်နှင့် စပ်ပြီး ကိုယ်တွင်းမှာ ဖောက်ပြန်နေသမျှ၊ စိတ်နှင့်စပ်ပြီး စိတ်ထဲမှာ သိနေသမျှ ညွှတ်နေသမျှကို ရှုကြည့်ပေးရပါတယ်။ ဉာဏ်နှင့်ကြည့်နေတော့ ခန္ဓာမှာ ရုပ်နှင့် 
နာမ်ပဲ ရှိရာ ရုပ်ကလည်း ရုပ်အလုပ်လုပ်ရင်းက ဖောက်ပြန်နေပါတယ်။ နာမ်ကလည်း နာမ်အလုပ်လုပ်ရင်းက သိနေညွှတ်နေပါတယ်။ ရုပ်ဆိုတာ သူ့ရဲ့အမည်ပါ။ 
အလုပ်ကတော့ ဖောက်ပြန်တဲ့ အလုပ်ပါ။ ရုပ်က သူ့အလုပ်ဖြစ်တဲ့ ဖောက်ပြန်တဲ့ 
အလုပ်ကို မရပ်ပါ။ ရပ်ရင် သေပြီ။ ရုပ်အလုပ်က နာကျင် ကိုက်ခဲ ထုံကျဥ် 
မူးသေ စသည်တို့ပေါ့။ ခန္ဓာကိုယ်ထဲမှာ အဲဒီ သဘောမျိုးတွေ တစ်မျိုးမဟုတ် တစ်မျိုးရှိနေပါတယ်။ အဲဒီတစ်မျိုးမျိုးကို သတိကပ်ပြီး “ရုပ်” လို့ ရှုနေပါ။
 ရုပ်လို့ရှုပါဆိုတော့ ရုပ်ဆိုတာကို ပါးစပ်ကလည်း မဆိုရပါ။ 

စိတ်ထဲကလည်း မဆိုရပါ။ ဖောက်ပြန်တဲ့ နာသဘော စသည်ကို သိနေဖို့ပါပဲ။ အဲဒီလို သိနေ ကြည့်ရှုနေတဲ့အခါမှာ ကိုယ်နေကိုယ်ထားကို အေးအေးဆေးဆေး နေသာသလို သက်သာစွာ ရှုလို့ရပါတယ်။ ပင်ပင်ပန်းပန်းလည်း မဟုတ်ပါ။ ရုပ်သဘောကို သိပြီး အနားလည်း ရပါတယ်။ အပန်းဖြေပြီး အိပ်ပျော်ချင်လည်း ပျော်သွားပါစေ။ နိုးလာရင် ပြန်ရှုပါ။ 
အဲဒါ အနားယူတဲ့ ဝိပဿနာအလုပ်ပါ။ အဲဒီလို ကိုယ်ကို နေသာသလိုနေပြီးတော့ 
ရှုနေတဲ့ ပုဂ္ဂိုလ်အတွက် ပေါ်လာသမျှ ဖောက်ပြန်သမျှသည် ရှုစရာပါ။ 
ရှုရမှာပါ။ တရားမရှုပွားဖူးတဲ့သူတွေမှာ တရားရှုမှတ်နေရင်း....
ရင်တုန်တယ်ဆိုရင် .. "အမလေး ငါ ဘယ်လိုဖြစ်မှန်း မသိဘူး .. "ဆိုပြီး 
အပူသောက ဝင်ကြမှာပါ။ 

ရှုနေကျပုဂ္ဂိုလ်ကျတော့ တုန်တာပဲ ဆိုပြီးရှုတော့ အပူမပါပါ။ အပူမပါပဲနဲ့ နေသာသလို နေပြီးတော့ တုန်တိုင်း တုန်တိုင်း ရုပ်လို့ ရှုနေတဲ့အခါ အပူမပါတဲ့အတွက် သက်သာပါတယ်။ အဲဒီ ဖောက်ပြန်တဲ့အထဲမှာ ငါဘယ်လိုဖြစ်မှန်း မသိဘူး။ ရောဂါများထသလား မသိဘူးလို့ စိတ်ပါသွားရင် ပူပါတယ်။ အပူပါရင် ရောဂါပိုတိုးပါတယ်။ နဂိုက ရုပ်ဖောက်ပြန်မှုထဲမှာ စိတ်ဖောက်ပြန်မှုပါ တိုးသွားတော့ ရောဂါပိုကြီးသွားပါတယ်။ 
ဒါကြောင့်မို့ အချို့ဆရာဝန်တွေဟာ ရောဂါသည်ကို ရောဂါအကြောင်းအမှန် 
မပြောကြပါ။ ပြောလို့ရှိရင် ရောဂါသည် စိတ်ဓာတ်ကျပြီး ရောဂါပိုကြီးသွားတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ 
ကံကြောင့်ဖြစ်တဲ့ရုပ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ရုပ်..ရယ်လို့ ရုပ်လေးပါးထဲမှာ စိတ်ကြောင့်ဖြစ်တဲ့ရုပ်က အားအကောင်းဆုံးပါ။ ကျန်တဲ့ ရုပ်တွေ ပျက်စီးချင်သလောက် ပျက်စီး၊ 
စိတ်ကြောင့်ဖြစ်တဲ့ရုပ် မပျက်စီးက မပျက်စီးပါ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်က အားအကောင်းဆုံးပါ။ အဲဒါကြောင့် နေသာသလိုနေပြီးတော့ ရှုမယ်ဆိုရင် 
ကုသိုလ်လည်း ရမယ်။ ရောဂါလည်း ပျောက်သွားပါလိမ့်မယ်။ 
တရားရှုပွားအားထုတ်တဲ့အခါ စိတ်ကို အေးအေးဆေးဆေးငြိမ်ငြိမ်သက်သက်ထားပြီး ရုပ်ဖောက်ပြန်တာပဲ။ ငါဖောက်ပြန်တာ မဟုတ်ဘဲ ရုပ်ရဲ့သဘောက 
ဖောက်ပြန်တဲ့သဘောပဲ။ ဖောက်ပြန်တဲ့အလုပ်ပဲ။ ငါ့အလုပ်က ရှုရမယ့်အလုပ်ပဲဆိုပြီး ရှုကြည့်နေတဲ့အခါ ရောဂါတွေ ပျောက်သွားပါလိမ့်မယ်။ အဲဒီလို ရောဂါတွေ 
ပျောက်သွားတဲ့အခါ တန်ခိုးလို့ ယူဆတတ်ကြပါသေးတယ်။ 

တန်ခိုးမဟုတ်ပါ။ စိတ်ကြည်လင်လာတော့ သွေးသားကြည်လင်ပါတယ်။ သွေးသားကြည်လင်တော့ ရောဂါတွေ ပျောက်တာပါ။ အဲဒီသဘောပါဘဲ။ 
ကိုယ့်အလုပ်က ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်နာမ်နှစ်ပါး ထင်ရှားရာကို ရှုတဲ့ အလုပ်ပါပဲ။ ရုပ်နှင့် နာမ်ကလည်း အချင်းချင်း မှီနေတော့ ရုပ်ဆွဲ နာမ်လဲ၊ နာမ်ဆွဲ ရုပ်လဲပါတယ်။ 
ပရမတ် သဘောက တစ်ညှာဆွဲ တစ်တွဲပါ သဘောပါ။ သတိပဋ္ဌာန်တရားလေးပါးကို သတိပြုကြည့်ပါ။ ကာယာ နုပဿနာသတိပဋ္ဌာန် ဆိုတာ ရုပ်ကို အရှုခံပြီး ရှုတာပါ။ 
အရှုခံက ရုပ်၊ ရှုနေတာက နာမ်ဆိုတော့ နာမ်ပါသွားပါတယ်။ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်ဆိုတာ ဝေဒနာကို အရှုခံထားပြီး ရှုတာပါ။ ဝေဒနာက နာမ်တရား၊ 
ရှုတာကလည်း နာမ်တရားပါ။ အဲဒီ နာမ်ဘယ်မှာ မှီနေလဲဆိုတော့ ရုပ်မှာ မှီနေပါတယ်။ အဲဒီလို သိတဲ့အခါ ပြီးသွားပါတယ်။ ချက်ချင်းတော့ မသိသေးပါ။ သိချိန်တန်မှ သိမှာပါ။ 
 ဝိပဿနာ ရဲ့အလုပ်က အရှိ နဲ့ သတိနဲ့ကိုက်အောင် လုပ်တဲ့ အလုပ်ပါ။ 

မစဥ်းစားပါနဲ့။ လိုက်မရှာပါနဲ့။ အရှိရုပ် နဲ့ အရှိနာမ် နဲ့ ကိုက်အောင် ရှုကြည့်ရပါတယ်။ မရှိတာလည်း မရှာပါနဲ့။ ရှိတာလည်း မကြိုက်ပါ မဖြစ်ပါနဲ့။ မဖြစ်ကြသေးတာကိုလည်း ဖြစ်အောင် မလုပ်ပါနဲ့။ ဖြစ်နေတာကိုလည်း ပျက်အောင် မလုပ်ပါနဲ့။ အရှိအတိုင်းမြင်အောင် ကြည့်ပါ။ ဖြစ်နေတဲ့အတိုင်း ကြည့်ပါ။ စိတ္တာနုပဿနာသတိပဋ္ဌာန် ဆိုတာ နာမ်ကမ္မဋ္ဌာန်းပါ။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတာပါ။ အဲဒီစိတ်ဟာ ဘယ်မှာ မှီနေသလဲဆိုယင် ရုပ်မှာ မှီနေပါတယ်။ ဝေဒနာနုပဿနာသတိပဋ္ဌာန် နဲ့ စိတ္တာနုပဿနာ သတိပဋ္ဌာန်တို့ဟာ နာမ်သက်သက်ကို အရှုခံထားပြီး ရှုရတဲ့ ကမ္မဋ္ဌာန်းပါ။ နာမ်ကမ္မဋ္ဌာန်းပါ။ ဓမ္မနုပဿနာသတိပဋ္ဌာန်က ရုပ်နာမ်ရောတဲ့ ကမ္မဋ္ဌာန်းပါ။ 

ဒါတွေ အားလုံးဟာ ဘုရားရှင်ဟောခဲ့တာချည်းပါပဲ။ ဖြစ်နိုင်လို့ ရနိုင်လို့ ဟောခဲ့တာတွေပါ။ ရှုအားကောင်းစွာနဲ့ ရှုဖို့ ပွားဖို့ပဲ လိုပါတယ်။ ရှုရမှာက ရံခါ ရုပ်၊ ရံခါ နာမ်ကို ရှုရမှာပါ။ ရှုတဲ့အခါ ရုပ်ကို မှီပြီး နာမ်ဖြစ်တာလည်း တွေ့ပါလိမ့်မယ်။ နာမ်မှီပြီး ရုပ်ဖြစ်တာလည်း သိပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ ရုပ်နာမ်နှစ်ပါးအပြင် တခြားဘာမှမရှိဘူးဆိုတာ သိလာပါလိမ့်မယ်။ အဲဒီသဘောတွေကို သိအောင် သွားတဲ့အခါမှာ ဘယ်သူက ဘယ်သူ့ကို မှီပြီးဖြစ်တယ်လို့ သတိထားပြီး ရှုပွားသွားရမှာပါ။ ပြုတဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို မှီပြီး ပြုတယ်ဆိုတာ သတိထားပြီး ပြုရမှာပါ။ ပြောတဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို မှီပြီး ပြောနေတယ်ဆိုတာ သတိထားပြီး ရှုပွားပြောရမှာပါ။ 

ဝိပဿနာ အလုပ်ဆိုတာ အသိ ပြောင်းအောင် လုပ်တဲ့ အလုပ်ပါ။ တရားအားထုတ်လို့ အသိပြောင်းသွားပြီဆိုရင် နဂိုနေ၊ နဂိုစား၊ နဂိုသွားလာတာမျိုးနဲ့ ဘယ်လိုမှ မတူဘဲ အမူအရာ ပြောင်းသွားပါတယ်။ အမူအရာ မပြောင်းရင်တော့ တရားမရသေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အနေအထိုင် အသွားအလာ အပြောအဆိုအမူအရာမှ မပြောင်းသေးရင် အသိမပြောင်းသေးလို့ပါပဲ။ အသိမပြောင်းတာလည်း ရုပ်နာမ်ကို အမှန်မမြင်သေးတာ ဖြစ်လို့ပါဘဲ။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ကြောင်းကျိုးတရားပါ။ ပဋ္ဌာန်း တရားဆိုတာလည်း ကြောင်းကျိုးတရားပါပဲ။ အကြောင်းပစ္စည်း အကျိုးပစ္စယုပ္ပန်အနေ ဟောခဲ့ပါတယ်။ သစ္စာတရားဆိုတာလည်း ကြောင်းကျိုးတရားပါပဲ။ 

အကြောင်း သမုဒယ၊ အကျိုး ဒုက္ခပါပဲ။ ဒီလောကကြီးထဲမှာ အကြောင်းအကျိုးအပြင် ဘာမှ မရှိပါ။ ဒီခန္ဓာကိုယ်အတွင်းမှာလည်း ကြောင်းကျိုးအပြင် ဘာမှမရှိပါ။ ဒီခန္ဓာမှာ ရုပ်နာမ်ကွဲပြီးရင် အဲဒီရုပ်နာမ် အကြောင်းကို သိမ်းဆည်းသိတဲ့ ဉာဏ်ရရမှာပါ။ အဲဒီ ဉာဏ်မှမရရင် "ဝီစိကိစ္ဆာ" မကင်းနိုင်ပါ။ "သောတာပန်" မဖြစ်နိုင်ပါ။ ဒါကြောင့် ရုပ်နာမ်ကွဲအောင် ကြိုးစားရှုပွားပါ။ ရုပ်နာမ်ရဲ့ အကြောင်းကို သိမ်းဆည်းနိုင်အောင် ဝိပဿနာတရား ကြိုးစားရှုမှတ်ကြပါလို့ တိုက်တွန်းရင်း ဓမ္မဒါနပြုလိုက်ရပါတယ်။ (ခန္ဓာ-၅ပါးတစ်ဦး) ကိုးကားမူယင်း-( ကိုသိန်းနိုင်အုန်း ရဲ့ ဖေစဘုတ် စာမျက်နှာ မှ "ဝိပဿနာဆိုတာ မခက်ပါ " ဆိုတဲ့ ရေးသားဖေါ်ပြထားတာ ကို ကောက်နှုတ်ပြီး ထပ်မံကုသိုလ်ပြုလိုက်ပါတယ်)
Mg Shwe Oo - Ngaoh

#သစ္စာဆို၍ #မေတ္တာပွားနည်း #

“ #လောကမှာ ... #
သစ္စာဟာ အစွမ်းတန်ခိုး အင်မတန်မှ ထက်တယ်။ 
လူတွေက သစ္စာဆိုမှု အင်မတန်မှ နည်းကြတယ်။ 
တကယ် ကိုယ့်ဟာကိုယ် သစ္စာဆိုပြီးတော့ ကိုယ်လိုချင်တဲ့ 
အရာတစ်ခုကို တောင်းလို့ရှိရင် သစ္စာရဲ့စွမ်းအားဟာ ရှိတယ်။ 
မယုံရင်တော့ လုပ်ကြည့်ပေါ့။ တစ်ခါတည်းနဲ့တော့ ရချင်မှ ရမှာပေါ့။ 

ဘာဖြစ်လို့တုန်းဆိုတော့ သစ္စာစကားဟာ မှန်ကန်ဖို့လဲ လိုအပ် တယ်။ 
မှန်မှန်ကန်ကန်လည်း ဆိုရမယ်။ စိတ်စွမ်းအားတွေအားလုံး အသုံးချပြီးတော့ 
လုပ်ဖို့ လိုအပ်တယ်။ သစ္စာဆိုတာ မှန်တာကိုပြောတာ။ 
ကိုယ့်ဟာကိုယ်လည်း သစ္စာဆိုလို့ရတယ်။ 
ကိုယ့်ဟာကိုယ်ဆိုရင် အမှားရှိချင်ရှိနေမယ်။ 

ဒါကြောင့်မို့ ... ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာဆိုပုံကို ရတနသုတ်ကနေယူပြီး 
နံနက်ခင်းမှာ သစ္စာဆိုနိုင်အောင်လို့ ဒီမှာထည့် သွင်းထားတာ။ 
ဒါ မနက်မိုးသောက် အိပ်ရာက ထလာလို့ရှိရင် လုပ်ရမယ့် အလုပ် ကလေးတွေပဲ။ 
အလုပ်သွားပြီ၊ တစ်ခုခု လုပ်ငန်းကိုင်တာတွေလုပ်ပြီ ဆိုလို့ရှိရင် အခုလို 
သစ္စာလေးဆိုပေါ့။ သစ္စာဆိုတာ ကိုယ့်အတွက် တင်မဟုတ်ဘူး၊ 
ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်ပါ အကုန်ပါတယ်။ ကြည့်လေ...။ 

 “ယံ ကိဉ်စိ ဝိတ်တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ၊ 
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ 
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ဣဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ၊ 
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ဣဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ 
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။” 

ဘုရား၊ တရား၊ သံဃာနဲ့ ပါတ်သက်ပြီး သစ္စာဆိုပုံကိုကြည့်။ 
ဗမာလို အဓိပ္ပာယ်ကလည်း ရှင်းရှင်းပဲ။ “ယံ ကိဉ်စိ ဝိတ်တံ ဣဓ ဝါ ဟုရံ ဝါ၊ 
သဂ်ဂသေု ဝါ ယံ ရတနံ ပဏီတံ” ဒီလိုဆိုလိုတယ်။ 
အဲဒီတော့ “ယံ ကိဉ်စိ ဝိတ်တံ”- လောကမှာ နှစ်သက်စရာကောင်းလှတဲ့ 
ပစ္စည်းဥစ္စာ၊ ဒီလူ့ပြည်မှာ ရှိတဲ့ဟာရော၊ တခြားလောကမှာ 
ရှိတာတွေရော၊ နတ်ပြည်မှာရှိတာတွေရော၊ လောကမှာ
 ရတနာတွေဟာ ကမ္ဘာမှာ ရှိတယ်။ 

 “ယံ ကိဉ္စိ”- ရှိသမျှ ရတနာတွေအားလုံး၊ “န နော သမံ အတ္ထိ တထာဂတေန”- မြတ်စွာဘုရားဆိုတဲ့ရတနာနဲ့ တူတဲ့ ရတနာ မရှိပါဘူး။ 
 လူတွေပိုင်ဆိုင်ကြတဲ့ စိန်ပဲဖြစ်ဖြစ်၊ ရွှေပဲဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ်၊ ကျောက်သံပတ္တမြားတွေပဲဖြစ်ဖြစ် အဲဒီ ရတနာတွေ မြောက်များစွာ ရှိတယ်။ 
ကမ္ဘာမှာရှိတဲ့ ဒီရတနာတွေရဲ့ တန်ဖိုးဟာ မြတ်စွာဘုရား တည်းဟူသော 
ရတနာကို မမီပါဘူး။ ဒီလို ဆိုလိုတယ်။ 
အဲဒါဟာ မှန်ကန်သောစကားတစ်ခုဖြစ်တယ်။

 “ဣဒမ်ပိ ဗုဒ်ဓေ ရတနံ”- လောကမှာရှိတဲ့ ရတနာတွေထက် .. ပိုပြီးတော့ 
ထူးမြတ်တဲ့ရတနာ၊ နှစ်သက်စရာကောင်းတဲ့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ 
ဒီ ထူးခြားတဲ့ တန်ဖိုးရှိလှတဲ့ တရားတွေ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ရှိတယ်။ 
တရားမှာ ရှိတယ်၊ သံဃာမှာ ရှိတယ်။ 
အဲဒီမှန်သောစကားကို ဆိုရသောကြောင့် ... 
သတ္တဝါတွေ ချမ်းသာကြပါစေ။

ဒါ “သစ္စာဆိုပြီးတော့ မေတ္တာပွားတဲ့နည်း” ပဲ။
----------------------------------------------
အဲဒီတော့ နံနက်မိုးသောက် အလင်းရောက်တဲ့အခါ 
ကိုယ့်အတွက်တင်မကဘူး၊ အများသတ္တဝါတွေအတွက်ပါ 
သစ္စာဆိုပြီးတော့ မေတ္တာပွားတာဟာ အလွန်ကောင်းတဲ့ အလုပ်တစ်ခုပေါ့။ 
အဲဒီတော့ အလွန်ကောင်းတဲ့ အလုပ်တစ်ခုကို မှန်မှန်ကန်ကန် လုပ်သွားမယ်
ဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာတွေ ရမှာပဲ။ 

 နံနက်ပိုင်းမှာ ဒီလိုလုပ်ဖို့အတွက် ရှေးဆရာတော်ကြီးတွေက 
ထိုထိုပါဠိတော်တွေကနေ ထုတ်နှုတ်ပြီးတော့ ဒီလိုရေးသားခဲ့ကြတာ ဖြစ်တယ်။ 
ဒါကြောင့်မို့လို့ နေ့စဉ်နဲ့အမျှ ကောင်းကျိုးချမ်းသာတွေကို လိုချင်တယ်၊ 
တစ်နေ့တာ ဖြတ်သန်းတဲ့အခါမှာ နံနက်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ 
ရချင်တယ်၊ နေ့လယ်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊ 
ညနေပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ် ဆိုလို့ရှိရင် 
ဒီအတိုင်း လိုက်နာကြရမယ်။ 
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး {ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ} 
Crd-Young Buddhist Association မေတ္တာဖြင့် မျှဝေပါသည်

# အဒိန္နာဒါန #

အဒိန္နာဒါန၊
သူများပစ္စည်းယူတယ်။ ခိုးတယ်ဆိုတာ အမျိုးမျိုးရှိတယ်။ ကြည့် ... ဈေးရောင်းဈေးဝယ်လုပ်တဲ့အခါ အစစ်နဲ့အတုနဲ့ ရောရောင်းတာမျိုးတို့၊
ဟုတ်ကဲ့လား။ ကိုယ်ကြိုက်တဲ့ ဈေးပြောရောင်းတာတော့ ရပါတယ်။
အတုတော့ မရောင်းရဘူး။

မြန်မာပြည်မှာ သောက်ဆေးတွေ အတုရောင်းတယ်ဆိုတာ ကြားရတယ်။ ဆေးအတုရောင်းတာတွေ သိပ်ကြောက်စရာကောင်းတယ်။
အဲဒီလိုလုပ်တာမျိုးတွေဟာ ခိုးတဲ့အထဲမှာပါတယ်။
ဈေးကတော့ ကိုယ်ကြိုက်တဲ့ဈေး ပြောရောင်းလို့ရတယ်။
သို့သော် ငါးရာတန်ပစ္စည်းကို တစ်သောင်းပေးဝယ်ထားရတယ်
လို့တော့ လိမ်မပြောနဲ့ပေါ့။

ဘယ်လောက်ပေးရတယ်မပြောနဲ့။
ကိုယ်ရောင်းနိုင်တာက ဒါပဲ ရောင်းနိုင်တယ်။
ဒါပဲပြောပေါ့။ သို့သော် အတုကို အစစ်နဲ့ ရောမရောင်းနဲ့။
ကောင်းတဲ့အထဲကို မကောင်းတာ ရောမရောင်းနဲ့။
အဲဒီလိုလုပ်ရင်တော့ အပြစ်ရှိတယ်။ ဒါဟာ ခိုးတာပဲ။
ပြီးတော့ ဆီတို့ ဘာတို့ရောင်းရင် ပိဿာချိန်မပြည့်ဘူး။
ဒါလည်း ခိုးတာပဲ။ အဲဒါမျိုးတွေ လုပ်ပြီဆိုရင်တော့
“အဒိန္နာဒါန” မလွတ်ဘူးပေါ့။

မှန်မှန်ကန်ကန် ရောင်းဝယ်တာ သမ္မာအာဇီဝပဲ။ ရောင်းဝယ်စားသောက်တာ
မှန်ကန်တဲ့နည်းနဲ့ ရောင်းလို့ရတယ်။ မှန်မှန်ကန်ကန်ပြောပြီး ဟောဒီဟာ
မကောင်းဘူး၊ ဒါက ဈေးညံ့တယ်၊ ဟိုဘက်ကဟာက ကောင်းတယ်၊
ဟော ... မကောင်းတာ မကောင်းဘူးပြောလို့ရတယ်၊ အဲဒီလိုပြောပြီး
ရောင်းလို့ရတယ်။ မကောင်းတာဖြစ်လျက်နဲ့ ဒါလည်း
အတူတူပါပဲလို့ဆိုပြီးရောင်းရင် အပြစ်ရှိတာပေါ့။

အဲဒီတော့ အရောင်းအဝယ်လုပ်တဲ့နေရာမှာ ရိုးသားမှုလိုတယ်ပေါ့။
ရိုးရိုးသားသားနဲ့ စီးပွားရှာတယ်။ အမှန်အတိုင်း စီးပွားရှာတယ်။
အဲဒါအပြစ်မရှိပါဘူး။ ရိုးသားတယ်။ မရိုးသားဘူးဆိုတာ ဘယ်သူသိလဲ၊
ကိုယ်သိတာပေါ့၊ ကိုယ့်စိတ်ထဲက ရိုးသားတယ် မရိုးသားဘူးဆိုတာ သိတယ်။
 အေး ... ဒါကြောင့်မို့ “အဒိန္နာဒါန”ဆိုတာဟာ ခိုးမှ၊ လုမှ
“အဒိန္နာဒါန”မဟုတ်ဘူး။

အခုလို မမှန်မကန်တွေလုပ်တာမှန်သမျှ “အဒိန္နာဒါန”ထဲမှာပါတယ်။
အဲဒီကံအကျိုးပေးရင် ဘာဖြစ်တတ်လဲဆိုတော့ လုပ်သမျှတွေလွဲပြီး
ကိုယ့်ပစ္စည်းတွေ ခဏခဏဆုံးရှုံးတတ်တယ်။ မီးလောင်တဲ့အထဲပါတယ်၊ ရေမျောတဲ့အထဲပါတယ်၊ အခိုးခံရတယ် စသည်ဖြင့် ဒီအပျက်အစီးတွေ
ကံရဲ့ပုံရိပ်ထဲ ပေါ်လာတတ်တယ်။

အေး ... ဒါကြောင့်မို့လို့ လုပ်တဲ့အခါမှာလည်းပဲ အကျိုးရှိတဲ့အလုပ်ကို
လုပ်ရတယ်။ သူများမပေးတဲ့ပစ္စည်းဆိုရင် မယူဘူး၊ ပေးတာကိုပဲ ယူတယ်၊
သန့်ရှင်းတယ်၊ စင်ကြယ်တယ်ဆိုတဲ့စိတ်နဲ့ အရောင်းအဝယ်လုပ်ပြီးတော့
အသက်မွေးတယ်။ အပြစ်မရှိဘူး။ ကောင်းပြီ။

#ကာမေသုမိစ္ဆာစာရ နောက်တစ်ခုက ဘာလဲဆိုရင်
 “ကာမေသုမိစ္ဆာစာရ”၊ “ကာမေသုမိစ္ဆာစာရ” ဆိုတာ
ကာမကိစ္စနဲ့ပတ်သက်ပြီးတော့ မှားမှားယွင်းယွင်း လုပ်တာမျိုးပေါ့။

အဲဒီလို “ကာမေသုမိစ္ဆာစာရ”ကံမျိုးကို ကျူးလွန်မိပြီဆိုရင်
လူစဉ်မမီတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အားလုံးက မုန်းတီးခံရတဲ့ ပုဂ္ဂိုလ်၊
အရပ်ထဲမှာဆိုရင် ချဉ်ဖတ်ပေါ့။ လူတကာအမြင်ကပ်ခံရတဲ့
ပုဂ္ဂိုလ်မျိုးဖြစ်တတ်တယ်။ အပါယ်ငရဲကျမယ်၊ သူလုပ်ရင်လုပ်သလောက် မကောင်းကျိုးပေးတာကို ခံရတယ်။
Eternal Light Magazine -April 2018

✔️အပါယ်လေးပါးကို ကြောက်စရာမလို✔️

ဆိုလိုတာက အပါယ်လေးပါးကို ကြောက်စရာ မလိုပါဘူး၊ ငါးပါးသီလ ပျက်မှာကိုသာ ကြောက်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သီလပျက်မှသာ အပါယ်ကျတာကိုး။
ငါးပါးသီလ လုံခြုံနေပြီဆိုရင် အပါယ် ကျချင်ပါတယ်
ဆိုတောင် မကျနိုင်တော့လို့ပါပဲ။

ငါးပါးသီလကို သံသရာတစ်လျှောက်လုံး လုံခြုံသွားလို့ ရတနာသုံးပါးကို
သံသရာ တစ်လျှောက်လုံး လုံခြုံသွားလို့ ရတနာသုံးပါးကို
သံသရာတစ်လျှောက်လုံး ကြည်ညိုသွားလို့ (ဘာသာ မပြောင်းတော့လို့)
သောတာပန်ဟာ အပါယ်လေးပါး မကျတော့တာပါ။

ခုဇ္ဇုတ္တရာဖြစ်ရပ်ကိုကြည့်ပြီး၊ အဆုံးအဖြတ်တစ်ခု ကိုပေးရရင် ပုထုဇဉ်
မခိုးဘူးဆိုတာ ထောင်ကျမှာ၊ အပါယ်ကျမှာကြောက်လို့၊ လူသိရင်
ရိုက်မှာ ကြောက်လို့ပါ။ အကယ်၍ အခုလိုခိုးတဲ့အတွက် ထောင်လည်း
မကျဘူး အပါယ်လည်းမကျဘူး လူလည်း
မရိုက်ဘူးဆိုရင် ခိုးချင်ခိုးနိုင်ပါတယ်။

သောတာပန်က မခိုးဘူးဆိုတာ စိတ်ထဲက ခိုးချင်စိတ်
မရှိတော့လို့ကို မခိုးတာပါ။ အခုခုဇ္ဇုတ္တရာလည်း ပန်းဖိုးငွေလေးကျပ်ကို
ဆက်ခိုးရင်ရပါတယ်။ ဒီလိုခိုးနေတာကို သူမှတစ်ပါး
တခြားဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ ခိုးချင်စိတ် မရှိတော့လို့ကို မခိုးတာပါ။
ဒီလိုနဲ့ နန်းတော်ရောက်တဲ့ အခါ ပန်းတွေ နှစ်ဆများနေတာ
ဘာကြောင့်လဲလို့ သာမာဝတီမိဖုရားကြီးက မေးပါတယ်။

အမှန်အတိုင်းဖြေရင် သေဒဏ်အချခံရဖို့ များပါတယ်။
ပုထုဇဉ်သာဆိုရင် လိမ်ပြောမှာ သေချာပါတယ်။ သောတာပန် ဖြစ်နေတဲ့
ခုဇ္ဇုတ္တရာကတော့ အမှန်အတိုင်းပဲ ပြောလိုက်ပါတယ်။
ဆိုလိုတာက အသက်နဲ့သီလနှစ်မျိုးမှာ သီလကို ရွေးလိုက်တာပဲ။

အသက်သေချင်သေ၊ ငါးပါးသီလတော့ အပျက်မခံဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
ဒီဂုဏ်ရည်ဟာ ပုထုဇဉ်တွေမှာ မရှိနိုင်ဘဲ၊ သောတာပန်တွေမှာသာရှိနိုင်တဲ့
ဂုဏ်ရည်ပါပဲ။ သာမာဝတီကလည်း တရားတော်ကို ကြည်ညို
သွားပြီးနာခဲ့ရတဲ့ တရားကို ပြန်ဟောခိုင်းတယ်။

ခုဇ္ဇုတ္တရာက ပလ္လင်ပေါ်တက်ထိုင်ပြီး သာမာဝတီနဲ့ မောင်းမငါးရာတို့က
အောက်ကထိုင်ပြီး နာလိုက်ကြတာ တရားအဆုံးမှာ
အားလုံးသောတာပန်တည်ကြပြန်တယ်။
ဒီနေရာမှာ တရားဟောသူက ဘုရားရှင်ကိုယ်တိုင်မဟုတ်ဘဲ
အမျိုးသမီးတစ်ယောက် ဖြစ်နေတယ် ဆိုတာ သတိပြုခဲ့ပါ။
ဒီအချိန်က သာမာဝတီတို့တစ်ဖွဲ့လုံးဟာ ဘာသာခြားတွေပါ။

 ဗုဒ္ဓဘာသာ မဟုတ်ကြပါဘူး။ ဒါ့ကြောင့် ဝင်တာ ထွက်တာတို့ ဖောင်းတာ
ပိန်တာတို့ကို မမှတ်ဖူးကြပါဘူး။ ဆိုလိုတာက သူတို့က စျာန်အနီးမှဖြစ်တဲ့
ဥပစာရသမာဓိလည်း မရှိဘူး။ စျာန်တစ်ခုခုကို
ရသွားတဲ့ အပ္ပနာသမာဓိလည်း မရှိဘူး။

စိတ် ဖြစ်တိုင်းပါတဲ့ ခဏိကသမာဓိပဲ ရှိနိုင်တယ်။ အဲဒီ ခဏိကသမာဓိဆိုတာ
တကူးတက ယူစရာမလိုပါဘူး။ အာရုံတစ်ခုခုကို ဂရုစိုက်လိုက်ပြီဆိုရင်
ဒီခဏိကသမာဓိက အလိုလိုပါသွားတာပါ။
ဥပမာ-ဖဲသမားတွေ ကြည့်လိုက်ပါ။

သူတို့ရဲ့စိတ်ဟာ ဖဲဝိုင်းထဲမှတစ်ပါး ဘယ်မှထွက်မသွားဘူး အဲ့ဒါက
ဖဲသမာဓိပေါ့။ ဒီသမာဓိကို လုပ်ယူစရာမလိုပါဘူး။
ဖဲချပ်တွေကို အာရုံစိုက်လိုက်တာနဲ့ အလိုလိုပါသွားတယ်။
ဒီလိုအကုသိုလ်နဲ့ယှဉ်ရင် မိစ္ဆာသမာဓိလို့ ခေါ်တယ်။
စိတ်ဖြစ်တိုင်း လိုက်ဖြစ်ရတဲ့ ဧကဂ္ဂတာ စေတသိက်ကိုပဲ
ခဏိကသမာဓိလို့ ခေါ်တာပါ။

နောက်တစ်ချက်က သောတာပန်တည်စေတဲ့ အင်္ဂါလေးချက်နဲ့
ညီသွားတဲ့အတွက်လည်း သာမာဝတီတို့ အဖွဲ့ဟာ
သောတာပန်တည်တာပါ။ အဲဒီလေးပါးက
 (၁) သူတော်ကောင်းကို မှီဝဲဆီးကပ်ခြင်း။ 
(၂) သူတော်ကောင်းဟောသောတရားကို နာကြားခြင်း။ 
(၃) ကုသိုလ်ဖြစ်အောင် နှလုံးသွင်း ဆင်ခြင်ခြင်း။
 (၄) တရားနှင့် လျော်စွာ ကျင့်ကြံပွားများခြင်း တို့ပါပဲ။
 
သာမာဝတီတို့ဟာ အယူမှားပျောက်အောင် ဟောပြောပေးနိုင်တဲ့
ခုဇ္ဇုတ္တရာကို ဆည်းကပ်ကြတယ်။ ပြီးတော့ ခုဇ္ဇုတ္တရာ ဟောတဲ့တရားကိုနာတယ်။ နာထားတဲ့တရားကို နှလုံးသွင်းဆင်ခြင် တယ်။
နာရင်းနဲ့ ကျင့်ကြံပွားများတယ်။

တရားနာသခိုက်မှာ သောတာပန်တည်ကြောင်း အင်္ဂါလေးချက်နဲ့
ညီတဲ့ အတွက်ကြောင့် သောတာပန်တည်ကြတာပါ။ မဂ္ဂင်ရှစ်ပါးနဲ့ ညီသွားတဲ့အတွက်ကြောင့်လည်း သောတာပန်တည်တာပါ။
မဂ္ဂင် ရှစ်ပါးက သမ္မာဒိဋ္ဌိ = မှန်စွာသိခြင်း 
- ပညာစေတသိက် သမ္မာသင်္ကပ = မှန်စွာတွေးခေါ်ခြင်း 
- ဝိတက်စေတသိက် သမ္မာဝါစာ = မှန်စွာပြောခြင်း 
- သမ်မာဝါစာစတေသိကျ သမ္မာကမ္မ န္တ = မှန်စွာပြုလုပ်ခြင်း 
- သမ်မာကမ်မ န်တစတေသိကျ သမ္မာအာဇီဝ = မှန်စွာအသက်မွေးခြင်း 
- သမ္မာအာဇီဝ စေတသိက် သမ္မာဝါယာမ = မှန်စွာအားထုတ်ခြင်း 
ဝီရိယစေတသိက် သမ္မာသတိ = မှန်စွာသတိရခြင်း 
- သတိစေတသိက် သမ္မာသမာဓိ = မှန်စွာတည်ကြည်ခြင်း 
- ဧကဂ္ဂတာစေတသိက်တို့ပါပဲ။ 
သာမာဝတီတို့ တရားနာတဲ့အခါ ဒီမဂ္ဂင်ရှစ်ပါးကိုက်ညီသွားပုံကို
 မြင်အောင်ပြောပါ့မယ်။ခုဇ္ဇုတ္တရာ ရဲ့တရားကိုနာရင်းနဲ့ ငါဆိုတာ
မရှိတဲ့တရားပဲ တကယ်ရှိတာဟာ ဖြစ်ပြီးပျက်တဲ့ အနိစ္စတရားပဲ။
အဖြစ်အပျက်နဲ့ နှိပ်စက်တဲ့ဒုက္ခတရားပဲ။ ဒီရုပ်နာမ်တရားတွေ ဖြစ်တာကို
မဖြစ်ပါစေနဲ့ ပျက်တာကို မပျက်ပါစေနဲ့ တားမရနိုင်တဲ့အတွက်
အစိုးမရတဲ့ အနတ္တတရားပဲလို့ ပိုင်းခြားပြီးတော့ သိတာဟာ သမ္မာဒိဋ္ဌိမဂ္ဂင်ပါပဲ။

ဒီမဂ္ဂင်ရှစ်ပါးကို ပညာမဂ္ဂင် ပညာသာသနာလို့ ခေါ်ပါတယ်။
သာမာဝတီတို့ တရားနာသခိုက်မှာ- မုသားစကားမပြောဘူး ကုန်းတိုက်တဲ့
စကားမပြောဘူး ကြမ်းတမ်းတဲ့စကား မပြောဘူး သိမ်ဖျင်း (အကျိုးမရှိ)တဲ့
စကားကိုမပြောဘူး ဒါဟာ သမ္မာဝါစာမဂ္ဂင်ပါပဲ။
ဒီလိုတရားနာသခိုက်မှာ- သူတစ်ပါးအသက်ကို မသတ်ဘူး၊
သူတစျပါးဥစ်စာကို မခိုးဘူး။ သူတစ်ပါး သားမယားကို မပြစ်မှားဘူး။

ဒါဟာ သမ္မာကမ္မ န္တမဂ္ဂင်ပါပဲ။ ဒီလိုတရားနာသခိုက်မှာ မတရားသောနည်းနဲ့အသက်မွေးဝမ်းကျောင်း ပြုတာ မရှိဘူး။
အဲ့ဒါ သမ္မာအာဇီဝမဂ္ဂင်ပါပဲ။ ဒီသုံးပါးကို သီလမဂ္ဂင် သီလသာသနာလို့ခေါ်ပါတယ်။ တရားကိုအားစိုက်ပြီး နာကြားနေတာဟာ သမ္မာဝါယာမမဂ္ဂင်ပါပဲ။
ဒါ့ကြောင့် တရားအားထုတ်တယ်ဆိုတာ မျက်စေ့မှိတ်ပြီး ထိုင်နေတာ
တစ်ခုတည်းကို ခေါ်တာမဟုတ်ဘူး။ တရားကိုအားစိုက်ပြီး နာနေတာကလည်း တရားအားထုတ်နေတာလို့ သိရမယ်။ ဒီအချိန်မှာ တရားအကြောင်းပဲ
သတိရနေတယ်။ ကျန်တာဘာမှသတိမရဘူး၊ အဲဒါ သမ္မာသတိမဂ္ဂင်ပဲ။

တရားနာသခိုက်မှာ သာမာဝတီတို့ရဲ့စိတ်ဟာ ရုပ်နာမ်အပေါ်မှာပဲ
တည်ငြိမ်နေတယ်။ စူးစိုက်နေတယ်။ ဒါဟာ သမ္မာ သမာဓိ မဂ္ဂင်ပါပဲ။ နိဂုံးချုပ်ပြောလိုတာကတော့ လောကမှာ တရားမနာဘဲ ကိုယ့်ဘာသာကိုယ်
တရားထိုင်ပြီး မဂ်ဖိုလ်ရသွားသူဟာ နှစ်ဦးပဲ ရှိပါတယ်။
ဘယ်သူတွေလဲဆိုတော့ ပစ္စေကဗုဒ္ဓါ(သာသနာပပွင့်သောဘုရားငယ်) နှင့်
သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ပါပဲ။ ဒါ့ကြောင့် သောတာပန်မတည်မချင်း
တရားများများ နာတာကို ဦးစားပေးပါလို့
အကြုံပြုလိုပါတယ်။ မေတ္တာရှင် (ရွှေပြည်သာ)

ကောင်းတာလိုက်ရှာပြီးတော့ အရင် စပြောပါ.

နောက်တစ်ခု ဘုန်းဘုန်းတို့ emotion management နဲ့ ပတ်သက်ပြီးတော့
လွယ်လွယ်ကူကူ သိနိုင်တာကတော့ အခြေအနေ မရေရာဘူးဆိုရင်
tolerant level, tolerant thread show လို့ခေါ်တယ်။
သည်းခံတဲ့စိတ်က ဘယ်လောက်ထိရှိလဲ။
ဧည့်သည်ရောက်လာမယ်။ ဖုန်းဆက်ထားတယ်။
၁၅ မိနစ်အတွင်း ရောက်လာလိမ့်မယ်။
၁၅ မိနစ်ကျော်သွားပြီ။ မရောက်သေးဘူး။
မိနစ် ၂၀ ရှိသွားပြီ။ မရောက်သေးဘူး။
နာရီတကြည့်ကြည့်နဲ့။ ၂၅ မိနစ်ရှိသွားပြီ။
မရောက်သေးဘူး။ ၃၅ မိနစ်ပြည့်သွားပြီ။
မရောက်သေးဘူး။

အဲ့ဒါဆိုရင် အခြေအနေက uncertain ဖြစ်သွားပြီ။ မရေရာသွားပြီ။
တစ်နေရာကို ၁၅ မိနစ်ရောက်အောင် သွားဖို့ မှန်းထားတယ်။ ၂၅ မိနစ်ရှိပြီ။
မရောက်သေးဘူး။ အဲ့ဒါဆိုရင်လည်းပဲ uncertain ဖြစ်သွားပြီ။
အဲ့ဒီလို အနေအထားမျိုးမှာ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှု။
ဒါက မျှော်လင့်ချက်ကြောင့်လည်း ပါတယ်။ မျှော်လင့်ချက်အတိုင်း
ဖြစ်မလာတဲ့အခြေအနေမှာ ဖြစ်တတ်တဲ့ response ပေါ့။
အဲ့ဒီလို စိတ် ခဏခဏ တိုတတ်တယ်။

အဲ့ဒီလို စိတ်တိုတတ်တာမျိုးဖြစ်တယ်ဆိုရင်လည်း anger management တို့
stress level တို့ ဒါတွေကို သတိထားရမယ်။ ခုနတုန်းကလို ဝင်လေထွက်လေ
 ၆ မိနစ်မပြောနဲ့၊ ၃ မိနစ်ထိုင်ပြီးတော့ လုပ်နိုင်တဲ့သူတောင်မှ အဲ့ဒီ stress level ကို ထိန်းထားနိုင်တယ်။ အဲ့ဒီထက်ပိုပြီးတော့ ဆိုးမသွားအောင်
ထိန်းထားနိုင်တယ်။ ၃ မိနစ်။ ဘုန်းဘုန်းက ကလေးတွေကို
တရားထိုင်ခိုင်းတယ်။ ကလေးတွေနဲ့ စပြီးတော့ ထိုင်တယ်။
၃ မိနစ်ပဲ ထိုင်တာ။
၃ မိနစ်ပဲ တရားထိုင်တာ။

အသက် ၈ နှစ်၊ ၉ နှစ်၊ ၁၀ နှစ်၊ ၁၁ နှစ် ကလေးတွေဆိုရင်
၃ မိနစ်ပဲ တရားထိုင်တာ။ ကလေးတွေ ထိုင်တယ်။
ပြီးရင် သူတို့ attention ပို ကောင်းလာတယ်ဆိုပြီးတော့
ကျောင်းပြန်သွားရင် attention ပိုကောင်းလာတယ်ဆိုပြီးတော့
ဆရာ၊ ဆရာမတွေလည်း ပြောတယ်။

ဘုန်းဘုန်းနဲ့ တစ်ပတ်လောက်ပဲနေတာ။ နွေကျရင် ကလေးတွေလာတယ်။
တစ်နေ့ကို နှစ်ကြိမ် တရားထိုင်တယ်။ တစ်ကြိမ်ကို ၃ မိနစ်လောက်
တရားထိုင်တယ်။ attention level ကောင်းသွားတယ်။
Attention level ကောင်းသွားရုံတင်မကဘူး။

ကလေးတွေက အတန်းထဲမှာ သူများကို နှောက်ယှက်တတ်တဲ့ destruct လုပ်တတ်တာတွေလည်း နည်းသွားတယ်။ သူများကို destruct လုပ်တဲ့ကလေး၊ တခြားကလေးတွေက သူ့ကို ကြိုက်မှာမဟုတ်ဘူး။
သူ့ကို ဆက်ဆံတာ ကောင်းကောင်းမွန်မွန်ဆက်ဆံမှာ မဟုတ်ဘူး။
သူ့ကို Negative ပုံစံမျိုးနဲ့ ဆက်ဆံရင် သူက Negative ဖြစ်တယ်၊
ဒါ သူမလုပ်နိုင်ဘူးဆိုတဲ့ အဲ့ဒီအတွေးဝင်သွားတယ်။
လေပွေကြီးတစ်ခု သူ စွဲသွားတယ်။

Psychology နဲ့ ပတ်သက်ပြီးတော့ Ph.D ရတဲ့ ဆရာမကြီးတစ်ယောက်၊
ကျောင်းမှာ စာမေးပွဲဖြေတာလေ Maths ဖြေတာ၊ Maths နဲ့ ပတ်သက်တဲ့
applied Maths ဖြေတာ ၃ ခုစလုံး ၉၀ ကျော်ရတယ်။ ဒါပေမဲ့ အတန်းထဲမှာ ယောက်ျားလေးတွေချည်းပဲ။ အဲ့ဒါနဲ့ သူ့ဆရာက အမျိုးသား။
အဲ့ဒီအမျိုးသားဆရာက အမျိုးသမီးတွေက Maths မတော်ဘူးဆိုပြီးတော့
အဲ့ဒါကို ခေါင်းထဲရိုက်ထည့်တယ်။ နောက်ပိုင်းကျတော့
သူ့ရဲ့ self confident ထိပြီးတော့ Maths ကို သူ drop လုပ်လိုက်တယ်။

ဘာသာရပ်တိုင်း ၉၀ ကျော်ရတာလေ။ ဒါပေမဲ့ ဘေးကလူက "မတော်ဘူး။ မဖြစ်နိုင်ဘူး"ဆိုပြီးတော့ Negative comment လာပြီးတော့ ပေးလိုက်တာနဲ့
ထိသွားတယ်။ အတူတူ အလုပ်လုပ်တဲ့အချိန်မှာ ကိုယ့်ရဲ့ Team member တွေ
motivate လုပ်တဲ့အခါမှာ (အခု motivation ကို ပြောနေတာ) ကိုယ်က
Negative reinforcement လုပ်မယ့်အစား Positive reinforcement လုပ်ပါ။
Positive reinforcement လုပ်မယ်ဆိုရင် ကောင်းတာ
လိုက်ရှာပြီးတော့ အရင်စပြောပါ။
💢 #အောက်စဖိုဒ့်ဆရာတော်💢

Saturday, January 18, 2020

သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေ ခံစားရမယ့် အရာ(၅)မျိုး

လောကမှာ…ကြောက်စရာအကောင်းဆုံးနဲ့ 
အယုတ်ညံ့ဆုံးလုပ်ရပ်တွေထဲမှာ သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတာလည်း 
တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ်။ 
ဒါပေမဲ့…ဘယ်တော့မှ ငြိမ်းချမ်းမှု ​ပျော်ရွှင်မှုကို ရရှိမှာ မဟုတ်ပါဘူး။ 
သူတစ်ပါးမိသားစုကို ဖြိုခွဲတဲ့သူတွေ၊ ​ဖောက်ပြန်တဲ့သူ​တွေ ခံစားရမယ့် 
အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်း… 
သတိထား ဆင်ခြင်နိုင်ကြပါစေ။ 

၁။ပူလောင်ခြင်း။ 
************ 
သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေ 
အမြဲတမ်းခံစားနေရမယ့် အရာကတော့ ပူလောင်ခြင်းပါပဲ။ သူတို့ရင်ထဲမှာ…နောင်တရသလိုလို ​ေက်နပ္သလိုလို မှားနေသလိုလို မှန်နေပြန်သလိုလို 
မသေချာမရေရာတဲ့ ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ ​
အေးချမ်းရမှာ မဟုတ်ပါဘူး။ တခါတ‌လေ အလိုလိုနေရင်း ​ဒေါသတွေထွက် ရှူးရှူးရှားရှားတွေဖြစ်ပြီး ဘာတွေကိုဒေါသထွက်လို့ ထွက်မှန်း မသိအောင်ကို 
ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။

၂။စိုးရိမ်ထိတ်လန့်ခြင်း။ 
***************** 
ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိထားတဲ့ ပတ်သက်မှုမျိုး
ဖြစ်တာကြောင့် အမြဲတမ်း ပူပင်သောက ​ရောက်နေရမှာပါ။ ဒါ့အပြင် ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ ဘယ်တော့များ တခြားသူနောက် ပြန်ပါသွားမလဲ၊ 
ကိုယ့်ကိုယ် ဘယ်တော့ ထားသွားမလဲ ဆိုပီး တစ်ချိန်လုံး စိုးရိမ်သောက ရောက်နေရမှာပါ။ ဒါ့အပြင် ကြာလာတဲ့အခါ သူတို့ကြားမှာ နည်းနည်း​လေး ပြဿနာ ရှိလာတာနဲ့ 
တစ်ယောက်နဲ့ တစ်​ယောက် အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်း ညစ်လာရမှာပါ။ 

၃။ဝဋ်လည်ခြင်း။ 
************ 
ဝဋ်ဆိုတာက…တကယ်ကိုလည်ပါတယ်။ ခုခေတ်မှာ ဝဋ်လည်တာ ပိုတောင် 
မြန်ပါသေးတယ်။ ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်ကျအောင် 
ရင်ကွဲအောင် နာကျင်အောင်လုပ်ခဲ့သမျှ သူတို့ပြန်ခံစားရမှာပါ။ 
သူတစ်ပါးမျက်ရည်နဲ့ တည်ဆောက်ထားတဲ့ သူတို့တွေရဲ့ ပတ္သက္မႈဟာ ဘယ်တော့မှ ​ပျော်စရာကောင်းလာမှာ မဟုတ်သလို တစ်ချိန်မှာ ကျိန်းသေပေါက် 
ဝဋ်ပြန်လည်လာတဲ့ အခါကျရင် သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ 
တစ်​ယောက်မှတောင် ရှိမှာမဟုတ်ပါဘူး။

၄။လူတွေရဲ့အထင်အမြင်သေးခြင်းကို ခံရခြင်း။ 
**************************** 
သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူ၊ ​ဖောက်ပြန်တဲ့သူတွေဟာ ဘယ်လောက်ပဲ စည်းစိမ်
ဥစ္စာတွေ ရှိရှိ ဘယ်လောက်ဘဲ ပညာအရည်အချင်း မြင့်မြင့် ဘယ္သူကမွ သူတို့ကို ​လေးစားတော့မှာ မဟုတ်သလို ဘယ်သူကမှလည်း သူတို့ကို ယုံကြည်တော့မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ စည်းစိမ်ဥစ္စာ နာမည် ဂုဏ်ကြောင့်သာ အပေါ်ယံ ပေါင်းချင်ပေါင်းမယ်။ 
ဒါပေမဲ့… စိတ်ထဲမှာတော့ သူတို့ကို အထင်အမြင် အရမ်​း​သေးနေမှာ ဖြစ်ပါတယ်။ ဒုက္ခရောက်တဲ့အချိန်တွေမှာတောင် ကူညီမယ့်သူ 
တစ်​ယောက်မှရှိမှာ မဟုတ်ပါဘူး။

၅။နောင်တတရား။ 
************** 
သူတစ်ပါးရဲ့အိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေနဲ့ ​ဖောက်ပြန်​တေဲ့သူတွေဟာ
 နောင်တတရားနဲ့ အဆုံးသတ်ရလေ့ရှိပါတယ်။ သူတုိ႔ေတြဟာ သားသမီးတွေရဲ့ နာကျည်းခြင်းကို ခံရတဲ့အခါ အရာအားလံုးကို ေနာင္တရၿပီး စစ်မှန်တဲ့ 
မေတ္တာတရားကို ​တောင့်တလာတဲ့ အခါမွာ ဘယ္သူမွ သူတို့အနားမှာ ရှိတော့မှာ 
မဟုတ်ပါဘူး။ အရင်အချိန်တွေ အရင်တုန်းက ဖြူစင်ခဲ့တဲ့ အတိတ်တွေကို 
ဘယ်လောက်ပဲ ပြန်လိုချင်လိုချင် သူတို့ကိုယ်တိုင်က အမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး။ 
 Credit မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...