Tuesday, January 21, 2020

✔️အပါယ်လေးပါးကို ကြောက်စရာမလို✔️

ဆိုလိုတာက အပါယ်လေးပါးကို ကြောက်စရာ မလိုပါဘူး၊ ငါးပါးသီလ ပျက်မှာကိုသာ ကြောက်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သီလပျက်မှသာ အပါယ်ကျတာကိုး။
ငါးပါးသီလ လုံခြုံနေပြီဆိုရင် အပါယ် ကျချင်ပါတယ်
ဆိုတောင် မကျနိုင်တော့လို့ပါပဲ။

ငါးပါးသီလကို သံသရာတစ်လျှောက်လုံး လုံခြုံသွားလို့ ရတနာသုံးပါးကို
သံသရာ တစ်လျှောက်လုံး လုံခြုံသွားလို့ ရတနာသုံးပါးကို
သံသရာတစ်လျှောက်လုံး ကြည်ညိုသွားလို့ (ဘာသာ မပြောင်းတော့လို့)
သောတာပန်ဟာ အပါယ်လေးပါး မကျတော့တာပါ။

ခုဇ္ဇုတ္တရာဖြစ်ရပ်ကိုကြည့်ပြီး၊ အဆုံးအဖြတ်တစ်ခု ကိုပေးရရင် ပုထုဇဉ်
မခိုးဘူးဆိုတာ ထောင်ကျမှာ၊ အပါယ်ကျမှာကြောက်လို့၊ လူသိရင်
ရိုက်မှာ ကြောက်လို့ပါ။ အကယ်၍ အခုလိုခိုးတဲ့အတွက် ထောင်လည်း
မကျဘူး အပါယ်လည်းမကျဘူး လူလည်း
မရိုက်ဘူးဆိုရင် ခိုးချင်ခိုးနိုင်ပါတယ်။

သောတာပန်က မခိုးဘူးဆိုတာ စိတ်ထဲက ခိုးချင်စိတ်
မရှိတော့လို့ကို မခိုးတာပါ။ အခုခုဇ္ဇုတ္တရာလည်း ပန်းဖိုးငွေလေးကျပ်ကို
ဆက်ခိုးရင်ရပါတယ်။ ဒီလိုခိုးနေတာကို သူမှတစ်ပါး
တခြားဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ ခိုးချင်စိတ် မရှိတော့လို့ကို မခိုးတာပါ။
ဒီလိုနဲ့ နန်းတော်ရောက်တဲ့ အခါ ပန်းတွေ နှစ်ဆများနေတာ
ဘာကြောင့်လဲလို့ သာမာဝတီမိဖုရားကြီးက မေးပါတယ်။

အမှန်အတိုင်းဖြေရင် သေဒဏ်အချခံရဖို့ များပါတယ်။
ပုထုဇဉ်သာဆိုရင် လိမ်ပြောမှာ သေချာပါတယ်။ သောတာပန် ဖြစ်နေတဲ့
ခုဇ္ဇုတ္တရာကတော့ အမှန်အတိုင်းပဲ ပြောလိုက်ပါတယ်။
ဆိုလိုတာက အသက်နဲ့သီလနှစ်မျိုးမှာ သီလကို ရွေးလိုက်တာပဲ။

အသက်သေချင်သေ၊ ငါးပါးသီလတော့ အပျက်မခံဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
ဒီဂုဏ်ရည်ဟာ ပုထုဇဉ်တွေမှာ မရှိနိုင်ဘဲ၊ သောတာပန်တွေမှာသာရှိနိုင်တဲ့
ဂုဏ်ရည်ပါပဲ။ သာမာဝတီကလည်း တရားတော်ကို ကြည်ညို
သွားပြီးနာခဲ့ရတဲ့ တရားကို ပြန်ဟောခိုင်းတယ်။

ခုဇ္ဇုတ္တရာက ပလ္လင်ပေါ်တက်ထိုင်ပြီး သာမာဝတီနဲ့ မောင်းမငါးရာတို့က
အောက်ကထိုင်ပြီး နာလိုက်ကြတာ တရားအဆုံးမှာ
အားလုံးသောတာပန်တည်ကြပြန်တယ်။
ဒီနေရာမှာ တရားဟောသူက ဘုရားရှင်ကိုယ်တိုင်မဟုတ်ဘဲ
အမျိုးသမီးတစ်ယောက် ဖြစ်နေတယ် ဆိုတာ သတိပြုခဲ့ပါ။
ဒီအချိန်က သာမာဝတီတို့တစ်ဖွဲ့လုံးဟာ ဘာသာခြားတွေပါ။

 ဗုဒ္ဓဘာသာ မဟုတ်ကြပါဘူး။ ဒါ့ကြောင့် ဝင်တာ ထွက်တာတို့ ဖောင်းတာ
ပိန်တာတို့ကို မမှတ်ဖူးကြပါဘူး။ ဆိုလိုတာက သူတို့က စျာန်အနီးမှဖြစ်တဲ့
ဥပစာရသမာဓိလည်း မရှိဘူး။ စျာန်တစ်ခုခုကို
ရသွားတဲ့ အပ္ပနာသမာဓိလည်း မရှိဘူး။

စိတ် ဖြစ်တိုင်းပါတဲ့ ခဏိကသမာဓိပဲ ရှိနိုင်တယ်။ အဲဒီ ခဏိကသမာဓိဆိုတာ
တကူးတက ယူစရာမလိုပါဘူး။ အာရုံတစ်ခုခုကို ဂရုစိုက်လိုက်ပြီဆိုရင်
ဒီခဏိကသမာဓိက အလိုလိုပါသွားတာပါ။
ဥပမာ-ဖဲသမားတွေ ကြည့်လိုက်ပါ။

သူတို့ရဲ့စိတ်ဟာ ဖဲဝိုင်းထဲမှတစ်ပါး ဘယ်မှထွက်မသွားဘူး အဲ့ဒါက
ဖဲသမာဓိပေါ့။ ဒီသမာဓိကို လုပ်ယူစရာမလိုပါဘူး။
ဖဲချပ်တွေကို အာရုံစိုက်လိုက်တာနဲ့ အလိုလိုပါသွားတယ်။
ဒီလိုအကုသိုလ်နဲ့ယှဉ်ရင် မိစ္ဆာသမာဓိလို့ ခေါ်တယ်။
စိတ်ဖြစ်တိုင်း လိုက်ဖြစ်ရတဲ့ ဧကဂ္ဂတာ စေတသိက်ကိုပဲ
ခဏိကသမာဓိလို့ ခေါ်တာပါ။

နောက်တစ်ချက်က သောတာပန်တည်စေတဲ့ အင်္ဂါလေးချက်နဲ့
ညီသွားတဲ့အတွက်လည်း သာမာဝတီတို့ အဖွဲ့ဟာ
သောတာပန်တည်တာပါ။ အဲဒီလေးပါးက
 (၁) သူတော်ကောင်းကို မှီဝဲဆီးကပ်ခြင်း။ 
(၂) သူတော်ကောင်းဟောသောတရားကို နာကြားခြင်း။ 
(၃) ကုသိုလ်ဖြစ်အောင် နှလုံးသွင်း ဆင်ခြင်ခြင်း။
 (၄) တရားနှင့် လျော်စွာ ကျင့်ကြံပွားများခြင်း တို့ပါပဲ။
 
သာမာဝတီတို့ဟာ အယူမှားပျောက်အောင် ဟောပြောပေးနိုင်တဲ့
ခုဇ္ဇုတ္တရာကို ဆည်းကပ်ကြတယ်။ ပြီးတော့ ခုဇ္ဇုတ္တရာ ဟောတဲ့တရားကိုနာတယ်။ နာထားတဲ့တရားကို နှလုံးသွင်းဆင်ခြင် တယ်။
နာရင်းနဲ့ ကျင့်ကြံပွားများတယ်။

တရားနာသခိုက်မှာ သောတာပန်တည်ကြောင်း အင်္ဂါလေးချက်နဲ့
ညီတဲ့ အတွက်ကြောင့် သောတာပန်တည်ကြတာပါ။ မဂ္ဂင်ရှစ်ပါးနဲ့ ညီသွားတဲ့အတွက်ကြောင့်လည်း သောတာပန်တည်တာပါ။
မဂ္ဂင် ရှစ်ပါးက သမ္မာဒိဋ္ဌိ = မှန်စွာသိခြင်း 
- ပညာစေတသိက် သမ္မာသင်္ကပ = မှန်စွာတွေးခေါ်ခြင်း 
- ဝိတက်စေတသိက် သမ္မာဝါစာ = မှန်စွာပြောခြင်း 
- သမ်မာဝါစာစတေသိကျ သမ္မာကမ္မ န္တ = မှန်စွာပြုလုပ်ခြင်း 
- သမ်မာကမ်မ န်တစတေသိကျ သမ္မာအာဇီဝ = မှန်စွာအသက်မွေးခြင်း 
- သမ္မာအာဇီဝ စေတသိက် သမ္မာဝါယာမ = မှန်စွာအားထုတ်ခြင်း 
ဝီရိယစေတသိက် သမ္မာသတိ = မှန်စွာသတိရခြင်း 
- သတိစေတသိက် သမ္မာသမာဓိ = မှန်စွာတည်ကြည်ခြင်း 
- ဧကဂ္ဂတာစေတသိက်တို့ပါပဲ။ 
သာမာဝတီတို့ တရားနာတဲ့အခါ ဒီမဂ္ဂင်ရှစ်ပါးကိုက်ညီသွားပုံကို
 မြင်အောင်ပြောပါ့မယ်။ခုဇ္ဇုတ္တရာ ရဲ့တရားကိုနာရင်းနဲ့ ငါဆိုတာ
မရှိတဲ့တရားပဲ တကယ်ရှိတာဟာ ဖြစ်ပြီးပျက်တဲ့ အနိစ္စတရားပဲ။
အဖြစ်အပျက်နဲ့ နှိပ်စက်တဲ့ဒုက္ခတရားပဲ။ ဒီရုပ်နာမ်တရားတွေ ဖြစ်တာကို
မဖြစ်ပါစေနဲ့ ပျက်တာကို မပျက်ပါစေနဲ့ တားမရနိုင်တဲ့အတွက်
အစိုးမရတဲ့ အနတ္တတရားပဲလို့ ပိုင်းခြားပြီးတော့ သိတာဟာ သမ္မာဒိဋ္ဌိမဂ္ဂင်ပါပဲ။

ဒီမဂ္ဂင်ရှစ်ပါးကို ပညာမဂ္ဂင် ပညာသာသနာလို့ ခေါ်ပါတယ်။
သာမာဝတီတို့ တရားနာသခိုက်မှာ- မုသားစကားမပြောဘူး ကုန်းတိုက်တဲ့
စကားမပြောဘူး ကြမ်းတမ်းတဲ့စကား မပြောဘူး သိမ်ဖျင်း (အကျိုးမရှိ)တဲ့
စကားကိုမပြောဘူး ဒါဟာ သမ္မာဝါစာမဂ္ဂင်ပါပဲ။
ဒီလိုတရားနာသခိုက်မှာ- သူတစ်ပါးအသက်ကို မသတ်ဘူး၊
သူတစျပါးဥစ်စာကို မခိုးဘူး။ သူတစ်ပါး သားမယားကို မပြစ်မှားဘူး။

ဒါဟာ သမ္မာကမ္မ န္တမဂ္ဂင်ပါပဲ။ ဒီလိုတရားနာသခိုက်မှာ မတရားသောနည်းနဲ့အသက်မွေးဝမ်းကျောင်း ပြုတာ မရှိဘူး။
အဲ့ဒါ သမ္မာအာဇီဝမဂ္ဂင်ပါပဲ။ ဒီသုံးပါးကို သီလမဂ္ဂင် သီလသာသနာလို့ခေါ်ပါတယ်။ တရားကိုအားစိုက်ပြီး နာကြားနေတာဟာ သမ္မာဝါယာမမဂ္ဂင်ပါပဲ။
ဒါ့ကြောင့် တရားအားထုတ်တယ်ဆိုတာ မျက်စေ့မှိတ်ပြီး ထိုင်နေတာ
တစ်ခုတည်းကို ခေါ်တာမဟုတ်ဘူး။ တရားကိုအားစိုက်ပြီး နာနေတာကလည်း တရားအားထုတ်နေတာလို့ သိရမယ်။ ဒီအချိန်မှာ တရားအကြောင်းပဲ
သတိရနေတယ်။ ကျန်တာဘာမှသတိမရဘူး၊ အဲဒါ သမ္မာသတိမဂ္ဂင်ပဲ။

တရားနာသခိုက်မှာ သာမာဝတီတို့ရဲ့စိတ်ဟာ ရုပ်နာမ်အပေါ်မှာပဲ
တည်ငြိမ်နေတယ်။ စူးစိုက်နေတယ်။ ဒါဟာ သမ္မာ သမာဓိ မဂ္ဂင်ပါပဲ။ နိဂုံးချုပ်ပြောလိုတာကတော့ လောကမှာ တရားမနာဘဲ ကိုယ့်ဘာသာကိုယ်
တရားထိုင်ပြီး မဂ်ဖိုလ်ရသွားသူဟာ နှစ်ဦးပဲ ရှိပါတယ်။
ဘယ်သူတွေလဲဆိုတော့ ပစ္စေကဗုဒ္ဓါ(သာသနာပပွင့်သောဘုရားငယ်) နှင့်
သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ပါပဲ။ ဒါ့ကြောင့် သောတာပန်မတည်မချင်း
တရားများများ နာတာကို ဦးစားပေးပါလို့
အကြုံပြုလိုပါတယ်။ မေတ္တာရှင် (ရွှေပြည်သာ)

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...