Wednesday, February 12, 2020

တရားထူးရဖို့ ဘယ်လောက်အားထုတ်ရမှာလဲ?

ဗောဓိမင်းသားက မြတ်စွာဘုရားရှင်ကို မေးလျှောက်ခဲ့ဖူးတယ်။
 "အသျှင်ဘုရား ဆုံးမသူဆရာကိုရတဲ့ အမျိုးကောင်းသားဟာ
အဘယ်မျှလောက် ကြာမြင့်မှ လိုလားအပ်တဲ့ မြတ်သောအကျင့်ရဲ့
အဆုံးဖြစ်တဲ့ အရဟတ္တဖိုလ်အကျိုးကို ယခုဘဝမှာပင် ကိုယ်ပိုင်ထူးသော
ဉာဏ်နဲ့ မျက်မှောက်ပြုနိုင်ပါမည်လဲဘုရား." တဲ့။

အဲဒီအခါ ဘုရားရှင်က... " အသင်မင်းသား ဆင်စီးအတတ်၊
ချွန်းကိုင်အတတ်ကို ကျွမ်းကျင်တတ်မြောက်တဲ့ အသင့်ထံကို အမျိုးကောင်းသားတစ်ယောက်ဟာ သင်ယူရန် ရောက်လာတယ်ဆိုပါစို့....
သူဟာ မင်းသားအပေါ်မှာ ယုံကြည်မှုရှိသူဖြစ်မယ်။

ဟန်မဆောင်တတ်သူ၊ မာယာမများသူလည်းဖြစ်မယ်။
ထက်သန်သော လုံ့လရှိသူလည်း ဖြစ်မယ်။
ဉာဏ်ရှိသူလည်း ဖြစ်မယ်.. .ဆိုရင် အဲဒီလို
အမျိုးကောင်းသား/အမျိုးသမီးဟာ ဆင်အတတ်မှာ
တတ်မြောက်နိုင်ပါမလား" လို့ ပြန်မေးကြည့်လိုက်ပါတယ်။

အဲဒီတော့ ဗောဓိမင်းသားက.. ... "မှန်ပါ့ဘုရား ။
တစ်ပါးပါးသောအင်္ဂါနဲ့ ပြည့်စုံလျှင်ပင် တတ်မြောက်ရာပါ၏ဘုရား။
ငါးပါးသောအင်္ဂါနဲ့ ပြည့်စုံသည်ဆိုလျှင်ကား ဆိုဖွယ်ရာပင် မရှိပါဘုရား" လို့ ပြန်လည်လျှောက်ထားတော့. ဘုရားရှင်က.........
 "မင်းသား ထို့အတူပါပဲ။

တရားထူးကိုရလိုလို့ ကမ္မဋ္ဌာန်းစီးဖြန်းရာမှာ အကြောင်းအင်္ဂါငါးပါးနဲ့
ပြည့်စုံပြီး မြတ်စွာဘုရားတည်းဟူသော ဆုံးမသူ ဆရာကိုရမယ်ဆိုရင်
ခုနှစ်နှစ်မှသည် ခုနှစ်လ ၊ ခုနှစ်ရက်၊ မနက်အားထုတ် ညရ။
 တရားထူးကို ရစွမ်းနိုင်ပေသည်သာတည်း"လို့ ဥပမာပြ
ဟောတော်မူခဲ့ပါတယ်။

မိတ်ဆွေတို.ရေ........အားရှိစရာကြီး ။
စကားလေးတစ်ခွန်း ရှိပါတယ်။
မမြင်သူသည် မမြင်သူကို မသိ။
မြင်သူကိုလည်း မသိ။
မြင်သူသည် မြင်သူကိုရော မမြင်သူကိုပါ သိ၏။ တဲ့။

 မြင်သူတွေက မြတ်စွာဘုရားရှင်ရဲ့ နှုတ်ထွက်စကား
တရားတော်တွေ ဘယ်လောက်တန်ဖိုးရှိပြီး
မှန်ကန်ကြောင်း နည်းလမ်းပေါင်းစုံနဲ့
ဖွင့်ဟထုတ်ဖော်နေကြပါရဲ့။

အခုလို အင်တာနက်ခေတ်မှာကား...
 မြင်သူတွေက မမြင်ကြသေးသူများကိုရော၊
 မြင်သူသူအချင်းချင်းကိုပါ
မြင်နေကြရသော ခေတ်အခါ
ဖြစ်ပေသည်တကား..
 #Credit

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...