Wednesday, February 12, 2020

မွတ္သားတာကို သညာဆိုတာ..?

မွတ္သားတာကို သညာဆိုတဲ့ နာမ္တရားက လုပ္သလား? 
ဦးနှောက်ဆိုတဲ့ ရုပ်တရားက လုပ်သလား?
 ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(ဓမ္မအမေး အဖြေ) 🙍🏻‍♂️ မေး။ ။ နောက်တစ်ခုက ဘုရားတပည့်တော်တို့ 
မြတ်စွာဘုရားရဲ့ တရားတော်မှာဆိုရင် တပည့်တော်တို့ မှတ်သားတာကို 
သညာစေတသိက်က မှတ်သားတယ်လို့ သိရတယ်ဘုရား။ 
အနောက်တိုင်းကကျတော့ ဦးနှောက်က အလုပ်လုပ်တယ်လို့ 
သိတယ် ဘုရား။ အဲဒါနှစ်ခု စိတ်ထဲမှာ မသဲကွဲဘူး။ 

တကယ်ပဲ ဦးနှောက်က အလုပ်လုပ်သလား 
သညာက အလုပ်လုပ်သလား? သညာက အလုပ်လုပ်ရင် သညာက နာမ်၊ 
သူတို့ပြောတာ ဦးနှောက်က အလုပ်လုပ်တယ်ဆိုတော့ ဦးနှောက်က 
ရုပ်ကြီးဖြစ်နေတယ်ဘုရား အဲ့နှစ်ခုက လုံးဝဆန့်ကျင်ဖက်ဘက်ကြီး
ဖြစ်နေတဲ့အတွက် အဲဒါ တရားနာလည်း မသဲကွဲဘူးဖြစ်နေတယ် 
စာအုပ်ဖတ်လည်း မသဲကွဲဘူးဖြစ်နေတယ် ဘုရား။ 
မုဒိတာနဲ့တော့ မဆိုင်ဘူး ဘုရား အရှင်ဘုရား 
အဆင်ပြေမယ်ဆိုရင် ဖြေပေးပါဘုရား။ 

💡 ဖြေ။ ။ ★ #သညာကို memory လို့ ဘာသာပြန်ကြတယ်။ 
အမှန်ကတော့ သညာက သူတစ်ခုတည်းဖြစ်တာ မဟုတ်ဘူး memory 
ဖြစ်တဲအခါမှာ အရာတစ်ခုခုကို ပြန်မှတ်မိတဲ့အခါမှာ သညာဆိုတဲ့ စေတသိက်တစ်ခုတည်းဖြစ်တာ မဟုတ်ဘူး။ 

သညာက အခု ပါဠိလို ပြောလိုက်အုန်းမယ် သဗ္ဗစိတ္တသာဓာရဏ ဆိုတဲ့ 
universal စေတသိက်က တစ်ခုတည်း မဖြစ်ဘူး။ အကုန်လုံးနဲ့ဖြစ်တာ။ စေတသိက်တွေအများကြီးနဲ့လည်း ဖြစ်တယ် စိတ်တွေအများကြီးနဲ့လည်း 
ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ perception ဆိုတဲ့ 
သညာက leading factor. 

သားရဲ့မေးခွန်းက သူက ရုပ်တရားလား ဦးနှောက်ဆိုတဲ့ ရုပ်တရားလား? 
သညာဆိုတဲ့ နာမ်တရားသပ်သပ်လား? ဒီလိုမေးတာ။ ဒီနေရာမှာလည်း သူက စိတ္တဇရုပ်ဆိုတာရှိတယ်၊ ရုပ်နဲ့ စိတ်နဲ့ အတူတူတွဲဖြစ်တဲ့ဟာ။ 
ဒီနှင်းဆီကို မြင်တဲ့အခါ ဒါက ရုပ်တရားပဲ။ သူက တစ်ခုခု prompt 
လုပ်တယ် trigger လုပ်ပေးတယ်။ 
အတိတ်ကအကြောင်းအရာတစ်ခုကို ပြန်မှတ်မိဖို့အတွက်။ 

ဒီရုပ်ကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ နာမ် memory၊ 
ဒီ memory ဘုန်းဘုန်းတို့ ဦးနှောက်ထဲမှာဆိုရင် ဘယ်အပိုင်းထဲမှာ
ပါတယ်ဆိုတာ အခု သူတို့က ပြောနိုင်နေပြီ။ 

ဒါပေမဲ့ ဘုန်းဘုန်းတို့ အဲဒီ ဦးနှောက်တွေ decline ဖြစ်သွားတယ် 
ဆုတ်ယုတ်သွားတယ် ဘာကြောင့် ဆက်လက်ပြီးတော့ 
ကြီးထွားနေတယ်ဆိုတာ သိပ္ပံပညာရှင်တွေက
 ရုပ်တစ်ခုတည်းကိုပဲ ကြည့်လို့မရဘူး။ 

 ★ အဲဒါကြောင့် ဘုန်းဘုန်း ဒီစာအုပ်လေး ယူလာတာ 
The emotional life of your brain - emotion က နာမ်တရား brain က 
ရုပ်တရား ဒီနှစ်ခု ဘယ်လိုအတူတူ တွဲလုပ်တယ်ဆိုတာ ပြောတာ။ 

ဘုန်းဘုန်းတို့ အခု သုတေသနတွေက အရမ်းကို ရှေ့ရောက်တဲ့အခါ
ကျတော့ အရင်တုန်က မေးခွန်းက out of date ဖြစ်သွားပြီ။ 
စိတ်က နှလုံးမှာ ရှိသလား နှလုံးမှာရှိသလား အဲ့မေးခွန်း 
out of date ဖြစ်သွားပြီ။ 

အခု သူတို့ပြောတဲ့ဟာက ဒီဦးနှောက်က သူ့ကိုယ်သူ 
ပြန်ပြီးတော့ ကုစားနိုင်တယ်တဲ့ the brain that heals itself. 
ကိုလံဘီယာတက္ကသိုလ်ကနေ ထုတ်ထားတဲ့ စာအုပ်။ 
The brain that changes itself ကိုလံဘီယာကကပဲ ထုတ်ထားတာ၊ တခြားတက္ကသိုလ်တွေတူတူပဲပြောတယ် top universities တွေ။ 

ဦးနှောက်က သူ့ကိုယ်သူပြန်ပြီးတော့ကုတယ် neurons တွေ 
တစ်ခုခုပြတ်သွားပြီဆိုရင် ကောင်းတဲ့ neurons တွေက တခြား 
neurons တွေနဲ့ သွားပြီးတော့ ဆက်စပ်တယ် ဖွဲ့စည်းတယ်။ 
အဲလိုလုပ်ရင်းနဲ့ positive ဖြစ်တဲ့ neurons တွေများလာရင် 
ပျက်စီးသွားတဲ့ neurons တွေ သူ့ဟာသူပြန်ပြီးတော့ 
နေကောင်းသွားတာ ရှိတယ်။ 

အဲလိုဖြစ်အောင် ဘာလိုတုန်း? Positive emotion လိုတယ်။ 
Positive thinking လိုတယ်။ ဒါကြောင့် memory လို့ပြောရင် 
နာမ်တရားက ဒီနေရာမှာ သညာဆိုတဲ့ နာမ်တရားက ဦးဆောင်တယ် ဆိုပေမဲ့ တခြားနာမ်တရားတွေလည်း ရှိတယ်။ ဥပမာ သတိတရား။ 

ဘယ်ဟာက ဘာတုန်းဆိုတာ ဆုံးဖြတ်တဲ့ ဝိစိကိစ္ဆာစေတသိက် 
အဲဒါမျိုးတွေ သူတို့ပါတယ်။ နာမ်တရားထဲမှာဆိုရင် အဲဒီစိတ်တွေကို အကြောင်းပြုပြီးတော့ဖြစ်တဲ့ စိတ္တဇရုပ်တွေပါတယ်။ 

 ★ အဲဒါကြောင့်မို့လို့ ဘုန်းဘုန်းအနေနဲ့ထင်တာ memory လို့ပြောရင် 
neurology နဲ့ ပြောတာ မဟုတ်ဘူး psychology နဲ့ ပြောတာဆိုရင် 
သူက memory နဲ့ emotion က နှစ်ခုစလုံး subconscious mind 
ထဲမှာ နေတယ်။ နေတဲ့နေရာချင်းတူတာ။ 

Neurology အရဆိုရင် ဒါကတော့ သူတို့က အခုမှ နှစ်ပေါင်း 
နှစ်ဆယ်ကျော်လောက်ပဲ ရှိသေးတယ် Contemporary Neurology ဆိုတာ တရားထိုင်တဲ့ဟာတွေနဲ့ neurology နဲ့တွဲပြီးတော့ research 
လုပ်တဲ့ဟာ ဒါ က မကြာသေးဘူး နှစ်ပေါင်း နှစ်ဆယ်ကျော်။ 

ဘယ်လိုဟာတွေ ဘယ်လိုဖြစ်အုန်းမယ် ဆိုတာတော့ သုတသနေတွေ ဘယ်လိုပေါ်လာအုန်းမယ်ဆိုတာ အဲဒါတော့ မသိသေးဘူး။ 

အခုပြောနိုင်သလောက်ဆိုရင်တော့ အဲဒီ # ရုပ်တရားတွေ 
#function လုပ်ဖို့အတွက် #စိတ်ရဲ့အခန်းကဏ္ဍ 
#ပိုၿပီးအေရးႀကီးလာတယ္ဆိုတာ 
ဒါကို #သိပၸံပညာက #အနှစ်နှစ်ဆယ်အတွင်းမှာ
 #ပိုပြီးတော့သိလာတယ်ဆိုတာ 
ဒါလေး ဘုန်းဘုန်းက ပြောချင်တယ်။ 

အရင်တုန်းကဆိုရင် reductionist ပဲလေ သိပ္ပံ က အကုန်လုံးကို 
reduce လုပ်လိုက်တယ် chemical တွေ particle တွေ ဆဲလ်တွေ 
အဲဒီအထိ reduce လုပ်လိုက်တယ်။ 
Reduce လုပ်ရင်ပြီးပြီ။ 

အခုဟာက မပြီးဘူး trend ပြန်ပြီးဖြစ်နေတာ biology မှာတောင်မှ 
reductionist - reduce လုပ်တဲ့ဟာတွေ အဲဒီဟာတွေ တစ်ခုတည်းနဲ့ဆိုရင် 
big picture မမြင်ဘူးတဲ့ အဲဒီ particles တွေ အားလုံးစုပေါင်းပြီးတော့ 
အလုပ်လုပ်တဲ့ system တစ်ခု ဥပမာ system biology 
ဆိုပါတော့ အဲ့နှစ်ခု ကြည့်ရတယ်/ 

အောက်စဖို့ဒ်တက္ကသိုလ်က Denis Noble ဆိုတဲ့ ပါမောက္ခကြီးက 
သူက ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာရဲ့ မဂ္ဂင်ရှစ်ပါးကို ကြည့်ပြီးတော့ မဂ္ဂင်ရှစ်ပါး 
စက်ဝိုင်းလေးက ဘာပြောတာတုန်း? Particle ၈ခုက စုပေါင်းပြီးတော့ 
အလုပ်တစ်ခုလုပ်တယ် အဲဒါကို system လို့ခေါ်တာ သူက system biology တီထွင်တဲ့လူတစ်ယောက်ပါ DNA ကိုလည်း စိတ်ဝင်စားတယ်။ 

ဆိုလိုတာက ရုပ်က သူ့ဟာသူ ဘယ်လို အလုပ်လုပ်တယ် နာမ်က သူ့ဟာသူ ဘယ်လိုအလုပ်လုပ်ဆိုတာ ဘုန်းဘုန်းတို့က ဒီမှာ အဘိဓမ္မာစိတ်ဝင်စားတဲ့လူတွေက 
focus လုပ်တယ်။ အမှန်ကတော့ ဘုန်းဘုန်းထင်တာတော့လေ ရုပ်နဲ့နာမ် 
သူက distinguish လုပ်လို့ရတယ် ဒါပေမဲ့ separate 
လုပ်လို့ မရဘူး အလုပ်လုပ်အောင်ဆိုရင်။ 

ဦးနှောက်အလုပ်လုပ်အောင်ဆိုရင် ဒီဦးနှောက်ဆိုတဲ့ 
ရုပ်တရားကြီးနဲ့ စိတ်ဆိုတဲ့ နာမ်တရား အဲ့ function နှစ်ခု separate 
လုပ်လို့မရဘူး၊ သူတို့ရဲ့လုပ်ငန်းတွေကတော့ distinguish လုပ်လို့ရတယ်။ 
ဒီဟာကတော့ဖြင့် ရုပ်ရဲ့အလုပ်ပါ။ ဒီဟာကျတော့ဖြင့် နာမ်ရဲ့အလုပ်ပါ။ 

ဒီဟာကျတော့ဖြင့် emotion ရဲ့ အလုပ် အတွေးရဲ့အလုပ်၊ 
ဒီဟာကျတော့ဖြင့် ဦးနှောက်ဆိုတဲ့ ဒီ neurons တွေ neurons ပေါင်း 
၈၆ဘီလီယံ သူတို့ရဲ့အလုပ်ပါ။ ဘယ် region က လုပ်ပါတယ် 
အဲဒါတော့ ပြောနိုင်တယ်။ distinguish လုပ်နိုင်တယ်။ 
ဒါပေမဲ့ separate မလုပ်နိုင်ဘူး။ 

အဲဒါကို ပါဠိလို အဘိဓမ္မာမှာ အဝိနိဗ္ဘောဂ ရုပ်တရားချင်း separate 
မလုပ်နိုင်လို့ အဝိနိဗ္ဘောဂ ခေါ်တယ်။ အဝိနိဗ္ဘောဂ ဆိုတဲ့ concept ကို 
နာမ်တရားတွေဖြစ်တဲ့ စိတ်တို့ စေတသိက်တို့လည်း apply လုပ်နိုင်တယ်။ တစ်ခုတည်းနဲ့အလုပ်လုပ်တဲ့ စေတသိက်မှ မရှိတာ။ 

★ စိတ် စေတသိက် တူတူဖြစ်တယ်၊ တူတူချုပ်တယ်၊ 
အာရုံတူတယ်၊ function တူတယ်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...