Tuesday, February 18, 2020

ဝီရိယနှင့် ဆန္ဒ

ဝီရိယ နှင့် ဆန္ဒ  ဆိုတာ
••• ••• ••• ••• ••• ••• •••
ဝီရိယဆိုတာ ကြိုးပမ်းအားထုတ်မှု။ 
အဲဒီ ကြိုးပမ်းအားထုတ်မှုကတော့ 
• ကောင်းတဲ့ ကြိုးပမ်းအားထုတ်မှု 
• မကောင်းတဲ့ ကြိုးပမ်းအားထုတ်မှုလို့ နှစ်ခု ရှိပြန်တယ်။ 
လောဘကြောင့် ကြိုးပမ်းတာရှိတယ်။ 
ဒေါသကြောင့် ကြိုးပမ်းတာရှိတယ်။ 
အမုန်းကို အခြေခံပြီးတော့ ကြိုးပမ်းတယ်။ 
လိုချင်တာကို အခြေခံပြီးတော့ ကြိုးပမ်းတယ်။ 

မှားယွင်းတဲ့ ကြိုးပမ်းချက်တွေပေါ့။ မှန်ကန်တဲ့ ကြိုးပမ်းချက်ဆိုတာ 
ဘာတုံး ဆိုတော့ အကုသိုလ်တွေ မဝင်ရအောင် ဆို့ပိတ်မှု။ 
ဆို့ပိတ်ဖို့ ကြိုးပမ်းရမယ်။ ကိုယ့်သန္တာန်ထဲမှာ စိတ်ယုတ်တွေ 
မကောင်းတာတွေ မဖြစ်နိုင်အောင် ဆို့ပိတ်တဲ့ ကြိုးပမ်းမှုက 
နံပါတ်(၁) ဆို့ပိတ်လို့မရဘူး။ အကုသိုလ်စိတ် ဝင်လာတယ်ဆိုရင် 
တွန်းထုတ်ဖို့ရာ ကြိုးပမ်းရမယ်။ နံပါတ်(၁)က ဆို့ပိတ်တယ်။ 
နံပါတ် (၂)က တွန်းထုတ်တယ်။ ဝင်လာရင် တွန်းထုတ်ရမယ်။

 ဥပမာ - ဒေါသမထွက်အောင် ဆို့ပိတ်ထားရမယ်။ 
စိတ်ကို မထိန်းနိုင်လို့ ဒေါသထွက်လာလို့ရှိရင် ထုတ်ပစ်ရမယ်။ 
ဒါပြောတာနော်။ မဖြစ်သေးတဲ့ ဒေါသကို မဖြစ်အောင် 
ကြိုတင်ပြီး တားဆီးရမယ်။ "မီးဘေးရှောင် မလောင်ခင်တား" 
ဆိုတယ် မဟုတ်လား။ မတော်တဆ လောင်သွားရင်လည်း 
မြန်မြန်ငြိမ်းပေါ့။ ဒါပြောတာ။ 

ဒါ လုပ်ရမယ့် ကြိုးပမ်းအားထုတ်မှု နှစ်ခုပဲ။ 
ကောင်းတာနဲ့ ပတ်သက်လာတဲ့အခါကျ တော့ (၃) ကောင်းတဲ့
စိတ်တွေ မဖြစ်ဘူး ဆိုရင် ဖြစ်အောင် ကြိုးစား။ 
 (၄) ဖြစ်လာပြီဆိုရင် တိုးပွားအောင် ကြိုးစား။ 

ပိုက်ဆံမရသေးရင် ရအောင် ရှာ။ ရလာရင် များအောင်လုပ်တာပေါ့။ 
 ဒီလိုပဲ တရားနဲ့ပတ်သက်ရင် မဖြစ်သေးတဲ့ ကုသိုလ်တွေ
 ဖြစ်လာအောင် လုပ်ရမယ်။ ဖြစ်လာတဲ့ ကုသိုလ်တွေ 
တိုးပွားလာအောင် လုပ်ရမယ်။ 

ကိုယ့်မှာ သမာဓိ မရှိသေးရင် ထူထောင်။ 
ရှိလာပြီဆိုရင် သမာဓိရင့်သန်အောင် ႀကိဳးစား။ 
ဒါကို ဆိုလိုတာ။ အဲဒီလိုကြိုးပမ်းမှုကို သမ္မာဝါယာမလို့ ခေါ်တယ်၊ 
မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်မှု ဒီဝီရိယက မှန်ကန်တဲ့ 
ကြိုးပမ်းအားထုတ် မှုနဲ့ကျတော့ သမ္မာဝါယာမဖြစ်ပြီးတော့ 
မဂ္ဂင်ရှစ်ပါးထဲမှာလည်းပါတယ်။ 

အသိဉာဏ်ရဖို့ရာ စွမ်းဆောင်တဲ့ ဗောဇ္ဈင် (ရ)ပါးထဲမှာလည်း ပါတယ်။ 
ဒါကြောင့်မို့ စနစ်တကျ သူ့ကို လေ့ကျင့် ပေးရမယ်တဲ့။ 
ဝီရိယဆိုတာ လိုအပ်တယ် လို့ ပြောတာနော်။ 
"ဆန္ဒ" ဆန္ဒဆိုတာ ပြုလုပ်ချင်တဲ့သဘော။ 
တဏှာကျတော့ ပြုလုပ်ချင်ရုံ မကဘူး။ 
တွယ်တာတယ်ဆိုတဲ့ သဘောပါတယ်။ 
ဆန္ဒက ပြုလုပ်ချင်ရုံ သက်သက်ပဲ။ 

ဥပမာ- ဥပုသ်စောင့် သွားချင်တယ်။ ဥပုသ်စောင့် သွားချင်တယ်ဆိုတာနဲ့ 
ရုပ်ရှင် သွားကြည့်ချင်တယ်ဆိုတာနဲ့ ဒီ “ခ်င္”ႏွစ္ခု တူလား။ မတူဘူး။ 
အလှူလှူချင်တယ်ဆိုတာနဲ့ ပိုက္ဆံရခ်င္တယ္ဆိုတဲ့ ဒီ “ချင်” နှစ်ခုရော တူလား။ 
အလှူလှူချင်တယ် ဆိုတာကျတော့ ဆန္ဒလို့ ပြောတာ။ 
ဒါကြောင့်မို့ ဆန္ဒရဲ့သဘောနဲ့ လောဘရဲ့သဘောက ခပ်ဆင်ဆင်ပဲ။

ဆင်ပေမယ့်လို့ ဆန္ဒဆိုတာ ပြုလုပ်ချင်ရုံသက်သက်ပဲ။ 
လောဘကျတော့ ပြုလုပ်ချင်ရုံ မကဘူး။ 
တွယ်တာတဲ့ သဘောလေးပါတယ်။ တွယ်တာတယ်၊ ကပ်ငြိတယ်။ 
ဒီသဘောလေး ရှိတယ်။ ဆန္ဒနဲ့လောဘ ဒီလို ထူးခြားမှုရှိတယ်။ 
 ဆန္ဒဆိုတဲ့ တရားစွမ်းအား ထက်လာပြီဆိုရင် ဆန္ဒာဓိပတိတဲ့။ 

အဓိပတိ တပ္လာၿပီ။ ဒီဆန္ဒက ပြင်းထန်လာပြီဆိုလို့ရှိရင် သူက 
အောင်မြင်မှုကို သရဖူဆောင်း နိုင်တဲ့ ဆန္ဒိဒ္ဓိပါဒ်။ 
ဒါကြောင့်မို့ သူ့ရဲ့ စွမ်းဆောင်မှုတွေဟာ ကြီးထွားလာလို့ရှိရင် 
လောဘကိုလည်း ဖယ်ရှားနိုင်တယ်။ ဒေါသကိုလည်း ဖယ် ရှားနိုင်တယ်။ 
စိတ်ဆန္ဒက ကုသိုလ်လုပ်ချင်တဲ့ စိတ် ဆန္ဒ ရှိနေတဲ့အတွက်ကြောင့် 
သိန်းလေး ဆယ် ငါးဆယ်လည်း လှူပစ်လိုက်တာပဲ။ 
ဆန္ဒဖြစ်တာကြည့်။ လောဘကို မနိုင်လိုက်ဘူးလား၊ နိုင်တယ်။ 

လုပ်ချင်တဲ့ဆန္ဒကို "ဆန္ဒဝတော ကိံ နာမ ကမ္မံ နသိဇ္ဈတိ" ဆန္ဒရှိရင် 
ဘယ္အရာမဆို ၿပီးတယ္တဲ့။ ဒါကြောင့်မို့ ဆန္ဒကို ဣဒ္ဓိပါဒ်လို့ ခေါ်တယ်။ ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရား။ 
အဓိပတိစွမ်းဆောင်မှု ကြီးကဲမှု သဘာဝ တရားလို့ 
ဒီလိုမြတ်စွာဘုရားကဟောတယ်။ 

အဲဒီ စေတသိက် ခြောက်ခုကတော့ တချို့စိတ်တွေမှာ ပါတယ်။ 
တချို့ စိတ်တွေမှာ မပါဘူး။ ပါတောင်မှလည်း စိတ်ချင်းမတူဘူး။ 
တချို့ စိတ်တွေမှာ အင်အားသိပ်မရှိဘူး။ 
တချို့ စိတ်ကျ အင်အားပိုကောင်းတယ်။ 

 ဒါက စိတ်ကိုအမှီပြုပြီးတော့ ဖြစ်တဲ့ အင်အားစု စေတသိက်တွေပဲ။ 
စိတ်ကို မှီငြား စိတ်စွမ်းအားများပါပဲ။ 
ဒီ သဘာဝတရားတွေဟာ စိတ်ကိုမှီ ပြီးတော့ ဖြစ်ကြတဲ့ 
သဘာဝတရားတွေ ဖြစ်လို့ သူ့တို့ဟာ 
သူတို့သဘော သူတို့ ဆောင်နေကြတာတွေဖြစ်တယ်။ 
ငါဆိုတာလည်း မဟုတ်ဘူး။ ငါ့ဥစ္စာဆိုတာလည်း မဟုတ်ဘူး။ 

 ဆိုင်ရာဆိုင်ရာ အကြောင်းကြောင့် ဖြစ်နေတဲ့ 
သဘာဝတရားတွေပါလားလို့ 
ကိုယ်စီကိုယ်စီ အမြင်မှန်ရပြီးတော့ အသိ ဉာဏ်တွေ
 ကြီးထွားနိုင်ကြပါစေကုန်သတည်း။ 
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ 
အရှင်နန္ဒမာလာဘိဝံသ အဘိဓမ္မာမြတ်ဒေသနာတရားတော်မှ
credit : Parallel

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...