#ဉာဏဝိပၹါရာ ဣဒ္ဓိ ရှိသူများမှာ တရားမရမချင်း
မသေနိုင်၊ ဆိုလိုသည်မှာ
ယခုဘဝအတွင်း နောက်ပိုင်းတွင် အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ်
တွေရမည့်သူများသည် မရမချင်း မသေသေး၊ ဘေးရန်အန္တရာယ်တို့မှ
ကြံဖန်လွတ်မြောက်သည်။ နောက်ရမည့် အရဟတ္တမဂ် အရဟတ္တဖိုလ်တို့၏
အရှိန်အဝါတွေက လှမ်းပြီးတားသဖြင့် ဘေးရန် များမှလွတ်ရသည် ဟူ၏။ ဘေးရန်များလွတ်မြောက်သွားရပုံတို့ကို ထိုပါဠိ တော်၌ပင် အရှင်ဗာကုလ၊
အရှင်သံကိစ္စ၊ အရှင် ဘူတပါလ၊ တို့ကို သာဓက ထုတ်ပြထားသည်။
⏩အရှင်ဗာကုလမထေရ် အရှင်ဗာကုလ. လောင်းလျာသည်
ကောသမ္ဘီပြည် သူဋ္ဌေးတစ်ဦးအိမ်မှာ ပဋိသန္တေနေ၏၊
မွေးဖွားလာ သောအခါ ကလေးငယ်ကို ယမုံနာမြစ်သို့.
အခြံအရံ များဖြင့် ဆင်း၍
ရေချိုးပေးကြသည်၊ ငါးကြီးတစ် ကောင်က
လာရောက် ဟပ်ယူမျိုသွားလေ၏။
သို့သော် ဘုန်းကံရှိသော ခလေးဖြစ်၍ ငါးကြီး၏ ဝမ်းးထဲမှာ ချမ်းချမ်း
သာသာနေရသည်၊ ငါးကြီး မှာမူကား ကလေး၏တန်ခိုးအရှိန်ကြောင့်
ပူလောင် သော ထွန်သွားကြီးကို မျိုရသလို ဖြစ်ပါသတတ်။
သို့ဖြစ်၍ မနေနိုင်ဘဲ ပြေးမိပြေးရာပြေးလေရာ ယူဇနာ(၃၀)ကွာသော
ဗာရာဏသီသို့ရောက်သွား ပြီးလျှင် တံငါသည်တို့၏
ပိုက်ကွန်၌ မိလေ၏။
ကလေးငယ်၏ အစွမ်းကြောင့် ထိုငါးပြီးမှာ ပိုက်ကွန်မှထုတ်လေလျှင်
ချက်ချင်းသေလေသည်၊ လှည့်လည်ရောင်းကြရာ သူဋ္ဌေးကြီးတစ်ဦး၏
အိမ် သို့ရောက်၍ ဝယ်ယူသည်။
ငါးကြီးကိုခွဲစိပ်သော အခါ ကလေးငယ်ကိုတွေ့ရလေ၏
သူဋ္ဌေးကြီးသည် နန်းတော်သို့သွား၍ ဘုရင့်ထံတင်ပြထားသည်။
ကောသမ္ဘီက ကလေးမိဘတို့က သတင်းကြား၍ "ကျွန်ုပ်တို့ကလေးပေးပါ"ဟု
တောင်းဆိုကြ၏၊ မပေးနိုင်၊ ထိုအခါ ဘုရင်ကြီးက. ၂ ဦးလုံးပိုင် သတ်မှတ်၍
ပေးလိုက်ရသည်၊ ထိုကြောင့်.... #ဗာကုလ. ဟုခေါ်တွင်၏။
ဗာ = ၂ခု၊ ကုလ = အမျိုး၊ ၂မျိုးရှိသူ။ အမျိုး ၂ မျိုးပိုင်သူဟု အဓိပ္ပါယ်ရ၏။
အမျိုး ၂မျိုးလုံးထံမှာ အလှည့်ကျနှင့် ချမ်းသာစွာ နေရ၏၊
အသက် ၈၀ ပြည့်သောအခါ ရဟန်းလုပ် လာသည်၊ တရားအားထုတ်၍
ရဟန္တာကြီးဖြစ်၏၊ နောက်ထပ် အသက် ၈၀. နေပြန်သည်၊
ထိုနောက် ပရိနိဗ္ဗာန်ပြုသွား၏။
ဤသို့လျှင် ငါးကြီး၏ ဝမ်း၌ အသက်မသေ၊ ဘေး ရန်လွတ်ကင်းလာသည်မှာ
အရှင်ဗာကုလ၏ ထိုဘဝမှာရမည့် အရဟတ္တမဂ်ဉာဏ်၏
အစွမ်း အုနုဘော်ကြောင့် ဖြစ်သည်၊
#ဉာဏဝိပၹါရာဣဒၶိ မည်၏။
⏩အရှင် သံကိစ္စမထေရ် သာဝတ္ထိမှာ ကိုယ်ဝန်အရင့်အမာနှင့်
မိခင်တစ်ဦး သေဖူး၏၊ မီးရှို့သင်္ဂြ ိုလ်ကြသည်၊ တစ်ကိုယ်လုံး
လောင်းသွားသော်လည်း ကိုယ်ဝန်အသားအိမ်ကြီးကား
မီးမလောက်ဘဲဖြစ်နေ၏၊
တံစူးဝါးဖြင့် ထို အသားအိမ်ကြီးကို ၂ ချက် ၃ ချက်ထိုးသောအခါ
ကလေးငယ်၏ နဖူးစပ်၌ ထိုးမိလေသည်၊ ကလေး ငိုသံထွက်ပေါ်လာ၏။
ထိုအခါ ကလေးငယ်မသေမှန်းသိ၍ ကောက်ယူ ဖောက်ထုတ်
မွေးကျွေးပြုစုကြလေသည်၊ ဤကလေး ငယ် (၇)နှစ်အရွယ်သို့
ရောက်သောအခါ ကိုယ်ရင် ဝတ်ချင်သည်ဟု ပူဆာ၏။
သို့ဖြစ်၍ အရှင်သာရိပုတ္ထရာကြီးထံ ပို့ကြသည်၊ ခေါင်းရိတ်
ဆံချအဆုံးတွင် ရဟန္တာကြီးဖြစ်သွား လေ၏။
ဤသို့လျှင် မီးထဲမှာမသေရဘဲ ဆွဲထုတ်နိုင်ခြင်း သည်၊
ဘေးရန်လွတ်ကင်းခြင်းသည် #ဉာဏဝိပ္ဖါရာ ဣဒ္ဓိပင်ဖြစ်သည်။
⏩ဘူတပါလမထေရ် ရာဇဂြိုလ်မြို့ရှိ ဘူတပါလကလေးငယ်၏
ဖခင် သည်၊ ဆင်းရဲသူဖြစ်၏ ထင်းခုတ်ရောင်းစားရသည်
တောထဲမှာထင်းတွေထိုက်ပြီး ပြန်လာကြရာ
သုဿန်နားအရောက်တွင် နွားတွေက လန့်ဖျန့်၍
ရုန်းထွက်ပြေးကုန်ကြ၏
ညနေပိုင်း နေဝင်ရီရော အချိန်ဖြစ်သည်။
သားငယ်ကို လှည်းပေါ်တွင်ထားခဲ့၍ ဖခင်လုပ်သူ သည်
နွားတွေနောက်သို့. တရကြမ်းလိုက်ရ၏၊ မြို့တွင်းရှိအိမ်သို့ ရောက်မှပင်
နွားတွေကိုမီတော့ သည်၊ နွားတွေဆွဲ၍ပြန်လာသောအခါ မြို့တံခါး
ကြီးပိတ်နှင့်နေပြီ အပြင်သို့ထွက်၍ မရတော့ ခက်ကြကုန်ပြီ။
ကလေးငယ်သည် တစ်ယောက်တည်း လှည်းပေါ် မှာနေ၍
စောင့်ရင်း အိပ်ပျော်သွားရှာ၏၊
ဘီလူး သားရဲတို့က. ကလေးငယ်ကို စားမည် ပြုကြ၏၊
အခြား ဘီလူး သားရဲတို့က တားမြစ်ကြသည်၊ မစားဝံ့ကြ။
ဤကလေးငယ်အရွယ်ရောက်လျှင် ရဟန်းပြုလေ၏
တရားအားထုတ်သောအခါ
#ရဟန္တာကြီးအထိဖြစ် လေသည်
#ဘူတပါလမထေရ် ဟုတွင်၏။
ဤသို့. ဘီလူး သားရဲဘေးတို့မှ လွတ်မြောက်ရခြင်း သည်လည်း
#ဉာဏဝိပ္ဖါရာဣဒ္ဓိ အစွမ်းကြောင့်ဖြစ် သည်။
နောက်တစ်ချိန်မှာမှ ယခုလို ပေါက်ပေါ်လာမည့်
အရဟတ္တမဂ်ဉာဏ်၏ အစွမ်းကြောင့်ဟု ဆိုလို သည်။
ထိုအတူပင်
⏩သပ္ပဒါသမထေရ်
⏩ဗာဟိယ ဒါရုစိရိယ. တို့သည်လည်း
#ဉာဏဝိပ္ဖါရာဣဒ္ဓိ အစွမ်းကြောင့် သေမည့်ဘေးမှာ
လွတ်မြောက်ခဲ့ကြပါသည်။
⏩မိုးကုတ်ဆရာတော်ဘုရားကြီး ထော်ပြခဲ့သော
အထောက်အထားတို့အရ "တရားရမည့်သူများ
တရားမရသေးမချင်း မသေ အန္တရာယ်အမျိုးမျိုးမှ
ကင်းလွတ်ရသည်" ဆိုသည့် အချက်ကို ကျမ်းဂန်တို့က
အခိုင်အမာဆိုနေကြပါ၏ သာဓကများလည်း ထင်ရှားလှပါသည်။
ဤအဆိုအမိန့်အတွက် ယခုလို ဓာတ်တော်များ ကျသည့် မိုးကုတ်ဆရာတော်ဘုရားကြီးဖြစ်လာမည့် အလောင်းအလျာ
ကိုရင်ဝိမလကလေး၏ ငယ်စဉ် ဘဝကို
လှမ်းမျှော်ရှု့ကြည့်ကြပါစို့....... ။
ကိုရင် ဝိမလကလေး ၁၄ နှစ်အရွယ်က.
ညီငယ် မောင်ဘရင်ကလေးနှင့်အတူ လှေငယ်တစင်းဖြင့်
ရွာတောင်ဘက်က. ဒုဋ္ဌဝတီမြစ်ကို ဖြတ်သန်းကျော် လွှားခဲ့ဖူးသည်။
ထိုစဉ်က. ရေဝဲကတော့ကြီး၏ နယ်နိမိတ်အတွင်း သို့
ချဉ်းနင်းဝင်ရောက်သွားပါလျက် သူတို့မှာ ဘေး မသီရန်မခ.
သေရမည့်အန္တရာယ်မှ လွတ်မြောက်ခဲ့ ကြရသည်မှာ
ဤဉာဏဝိပ္ဖါရာဣဒ္ဓိအစွမ်းကြောင့်ပင် ဧကန်ဖြစ်ပေမည်
ဤသို့. ယုံကြည်နိုင်ကြရပါတော့ သည်။
၁၄ သားအရွယ် တစ်ချိန်တုန်းက. ကိုရင်ဝိမလသည်
ဥယျာဉ်တော်ရွာ၏ တောင်ဘက် ဒုဋ္ဌဝတီမြစ်ငယ် မြစ်အတွင်းက
ဝဲဂယက် ဝဲသြဃကြီးကို ကျော်ဖြတ် နိုင်ခဲ့ကြသလို ယခုအခါတွင်
သံသရာ ဝဲသြဃကြီး ကိုကျော်ဖြတ်တော်မူနိုင်ခဲ့လေပြီ။
⏩နှိုးဆော်သတိပေးချက်
"တရားရမည့်သူများ တရားမရသေးမချင်း မသေ" ထိုပုဂ္ဂိုလ်၏
#ဉာဏဝိပ္ဖါရာဣဒ္ဓိအစွမ်းကြောင့် အန္တရာယ်အမျိုးမျိုးမှ ကြံဖန်၍
လွတ်မြောက်လာရ တတ်၏၊ သေတွင်းမှ သီသီကလေး ကပ်၍
လွတ် မြောက်လာရတတ်သည်။ လက်နက် ဘေးဒဏ် အန္တရာယ်
အရပ်ရပ်မှ၊ ကပ် ၍ ကပ်၍ လွတ်လာကြသူများ ရှိတတ်ကြ၏၊
ထို ပုဂ္ဂိုလ်တို့အဖို့. "ငါတို့သည် တရားရမည့်သူများကွ. ဟု
နှလုံးပိုက်သင့်ကြတော့သည်။ ဤသဘောမျိး ပုဂ္ဂိုလ်တွေ များစွာရှိပါ၏၊
တွေ့လည်း တွေ့နေရပါသည်၊ #တရားရမည့်သူတွေ ဟုဆိုချင် ပါ၏။
သို့ပါ၍ အိပ်နေ၍ကား ရမည် မဟုတ်၊ အလုပ် လုပ်မှသာ ရရှိနိုင်ပေမည်၊
သတိပြုတော်မူကြပါ ကုန်လော။
တစ္ဘဝသာသနာ
Credit via: Aung Phunt phyoe

No comments:
Post a Comment