Tuesday, February 11, 2020

သတိပဋ္ဌာန် practice လုပ်ပါ

ကရုဏာ မိမိနှလုံးသားထဲမှာ စိုက်ပျိုးချင်ရင်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တိုင်းပြုပြည်ပြု ကရုဏာစွမ်းရည် - အပိုင်း(၂) 
★ ကရုဏာ ဆိုတာဘာပြောတာတုန်း? ကရုဏာကို ဗုဒ္ဓတရားတော်ထဲမှာ အဓိပ္ပါယ်ဘာသာပြန်ဆိုတာတော့ သူတစ်ပါးရဲ့ #ဒုက္ခကိုပြေလည်စေချင်တဲ့စိတ်၊ #သူတစ်ပါးရဲ့ဒုက္ခကို #လျော့နည်းစေချင်တဲ့စိတ်၊ 
#ဖြေရှင်းပေးချင်းတဲ့စိတ်။ 
★ ဒီ definition က ဗုဒ္ဓတရားတော်ထဲမှာ ပါတယ်ဆိုပေမဲ့ 
တခြားဘာသာဝင်တွေလည်းပဲ လက်ခံလိမ့်မယ်လို့ ဘုနးဘုန်းက ယူဆတယ်။ တခြားပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဒုက္ခကို ဖြေရှင်းပေးချင်တာ။ 

★ ဒီလိုလုပ်တဲ့အခါကျတော့ ဘုန်းဘုန်းတို့ ကိုယ့်ကိုယ်ကိုယ် မေ့နေတတ်တယ်။ ဗုဒ္ဓတရားတော်ထဲမှာတောင်မှ စျာန်တရားနဲ့ ကရုဏာပွားမယ်ဆိုရင် 
ကိုယ့်ကိုယ်ကိုယ် ကရုဏာ မပွားဘူး။ စျာန်တရားနဲ့ မေတ္တာပွားမယ်ဆိုရင် 
စျာန်လမ်းကိုလိုက်ပြီး မေတ္တာပွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် 
မေတ္တာမပွားဘူး။ သူများကိုပဲ မေတ္တာပွားတယ်။ 

 ★ ဒါပေမဲ့ ဒီနေရာမှာ ဘုန်းဘုန်းက သတိပဋ္ဌာန်အခြေခံတယ်။ 
သတိပဋ္ဌာန်အခြေခံပြီးတော့ ကရုဏာပွားတာ။ အင်္ဂလိပ်လို သတိပဋ္ဌာန်ကို 
Mindfulness လို့ခေါ်တယ်။ အခြေခံတာကျတော့ based, ကရုဏာကျတော့ 
Compassion, Mindfulness based Compassion -
 #သတိပဋ္ဌာန်အခြေခံတဲ့ကရုဏာ။ 

★ ဒါဖြင့် #ကရုဏာဆိုတဲ့ #နှင်းဆီပန်းကို #စိုက်ပျိုးချင်တယ်ဆိုရင် #မိမိနှလုံးသားထဲမှာ စိုက်ပျိုးချင်တယ်ဆိုရင် ဘာလုပ်ရမှာတုန်း? #သတိပဋ္ဌာန်အရင် #ကျင့်ကြံရမယ်။
 သတိပဋ္ဌာန် #practice #လုပ်ရမယ်။ 

★ ဆရာကြီးတွေ ဆရာမကြီးတွေ ကျောင်းသားကျောင်းသူတွေက 
ပြောလိမ့်မယ် တပည့်တော်တို့က အချိန်မရှိဘူး၊ တရားစခန်း 
သွားဝင်ဖို့အတွက်(၇)ရက် (၁၀)ရက် အချိန်မရှိဘူး ဒီလိုပြောလိမ့်မယ်။ 

★ အဲဒါကြောင့် ရိပ်သာမသွားနိုင်တဲ့လူတွေကို ဘုန်းဘုန်းက 
ဒီနေ့ ရိပ်သာယူလာတာပေါ့၊ ရိပ်သာ အိမ်တိုင်ရာရောက် ယူလာပေးတယ်။ 
ကျောင်းအရောက် ယူလာပေးတယ်၊ work place အလုပ်လုပ်တဲ့နေရာအထိ 
ယူလာပေးတယ်၊ စာသင်ခန်းထဲအထိ ယူလာပေးတယ်။ 

 ★ သတိပဋ္ဌာန်ဆိုတဲ့ Mindfulness ကို ကျင့်တဲ့နေရာမှာ တစ်နေ့တစ်နေ့ကို 
ငါးမိနစ်လောက် ကျင့်ရင်ကိုပဲတဲ့ ဦးနှောက်ပိုကောင်းတယ်တဲ့။ 
မှတ်ဉာဏ်တွေ ပိုကောင်းတယ်။ ဘုန်းဘုန်း လက်ထဲမှာရှိတဲ့ ဒီစာအုပ်လေးက 
Siddhartha’s Brain ဆိုတာ သိဒ္ဓတ္ထမင်းသားရဲ့ ဦးနှောက်တဲ့။ 

★ The Science ဆိုတဲ့ ဂျာနယ် သိပ္ပံဂျာနယ်ရဲ့ အယ်ဒီတာ ၂၅နှစ်လုပ်ခဲ့တဲ့ 
ပုဂ္ဂိုလ် James Kingsland ဆိုတဲ့ ပုဂ္ဂိုလ် သူရေးတာ 
တရားထိုင်ပြီးတော့ ရေးတာ။ 

★ ဒီစာအုပ်က Buddha’s Brain တဲ့ ဗုဒ္ဓရဲ့ ဦးနှောက်၊ University of California, 
Berkeley campus က ဒေါက်တာ Rick Hanson ဆိုတဲ့ ပညာရှင်တစ်ယောက် 
Clinical psychologist လည်းဟုတ်တယ် Neurologist လည်းဟုတ်တယ် ဦးနှောက်လေ့လာတဲ့ပုဂ္ဂိုလ် နှစ်ပေါင်း သုံးဆယ်ကျော် 
တရားထိုင်လာပြီးတော့မှ ဒီစာအုပ်ကို ရေးထာတာ 
သုတေသနလုပ်ပြီး ရေးထားတာ။ 

★ ဘုန်းဘုန်းဆိုလိုတာက သတိပဋ္ဌာန်ကို Made easy version 
လွယ်ကူတဲ့နည်းနဲ့ လူတွေလုပ်နေကြတာ။ 
လုပ်ပြီးတော့ လုပ်ငန်းခွင်မှာ အသုံးပြုကြတယ်။ 

★ ဥပမာ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
 ဦးသန့်ဆိုရင် အစည်းအဝေးလုပ်ခါနီး ၁၀မိနစ်တရားထိုင်တယ်။ 
သူက အရမ်း pressure များတယ်လေ။ 
pressure အများတာ ၁၀မိနစ်တရားထိုင်တယ်။

 ★ အခု ဒီလိုတရားထိုင်တဲ့ဟာ Mindfulness ဆိုတဲ့ သတိပဋ္ဌာန် 
လုပ်ငန်းခွင်ထဲမှာ သုံးနေကြတယ်။ 
★ တယ်လီဖုန်းဒီလောက်သုံးတဲ့ ကျောင်းသားကျောင်းသူတွေ 
သားတို့သမီးတို့ google ထဲမှာလေ Mindfulness 
လို့ရိုက်ထည့်လိုက်ရင် ပြီးရင် Tedx, Tedx Talks ကိုပြောတာလေ။ 

★ Tedx talks က တကယ့် high power brain တွေ ဖိတ်ပြီးတော့ 
lecture ပေးခိုင်းတာလေ။ ၈မိနစ်ကနေ စပြီးတော့ မိနစ် ၂၀လောက် 
၂၅မိနစ်လောက်ထိ ရှိတယ်။ Tedx talks ဆိုရင် တကယ့် research တွေကြည့်ပဲ။ 
အဲဒီထဲမှာ သတိပဋ္ဌာန်အကြောင်း Mindfulness 
အကြောင်း ရေးထားတာ တွေအများကြီးရှိတယ်။ 

★ ဒီနေ့ တစ်ခုပြချင်တယ်။ အခုပြမယ့်ဟာက ဂျာမနီနိုင်ငံက 
industrial engineer စက်ရုံအင်ဂျင်နီယာ၊ အင်ဂျင်နီယာတင် မကဘူး 
သူ့မှာ management တွေလည်း လုပ်ရတယ်။ ဒီလို international 
ပုဂ္ဂိုလ်ကြီးကနေပြီးတော့ သူ mindfulness ဆိုတဲ့ သတိပဋ္ဌာန်ကို 
အသုံးပြုတာ stress တွေ နည်းအောင် လုပ်ငန်းခွင်မှာ သူစိတ်ချမ်းသာအောင် 
အဲဒါလေး ၁၆မိနစ်လောက် ရှိမယ်ထင်တယ် 
ဒါလေးကြည့်စေချင်တယ်။ ဒါ ဘာလင်မှာ။ 

★ Revolution လို့ သုံးထားတယ် revolution တစ်ခု 
organizational revolution အဖွဲ့အစည်းတွေမှာ သူတို့ရဲ့ စီးပွားရေး၊ 
အဖွဲ့အစည်းတွေမှာ revolution တစ်ခုအနေနဲ့ ခံစားရတယ်။ 

★ ဒီ Peter ဆိုတဲ့ ပုဂ္ဂိုလ်က သူစိတ်ညစ်တဲ့အခါမှာ သူ့သူငယ်ချင်းတွေက 
ပြောတယ် တရားထို်င်ပါလားဆိုတော့ “မထိုင်ချင်ပါဘူး အဲဒါ 
ဗုဒ္ဓဘာသာတွေလုပ်တဲ့ အလုပ်တွေ အချိန်လည်း မရှိပါဘူး။” 
ဒါပေမဲ့ နောက်ပိုင်းကျတော့ stress က အရမ်းများတာနဲ့ 
သူ နဲနဲ တရားစထိုင်ကြည့်တယ်တဲ့။ 

★ အဲဒီကနေပြီးတော့ ငြိမ်းချမ်းလာမှန်း သူ့ရဲ့စိတ် သူ့ရဲ့ mood သူ့ရဲ့ 
emotion ကို သူ control လုပ်နိုင်တယ်၊ သူ့အတွေးတွေကို control 
လုပ်နိုင်တယ်ဆိုတာ သိလာတာနဲ့ နောက်ထပ်ဆယ်ရက် ထပ်ပြီးတော့ 
တရားထိုင်တယ်တဲ့။ ဒီထဲမှာ သူပြောတဲ့ဟာ။ 
ဘုန်းဘုန်းကပဲ အကျဉ်းချုပ် ပြောပြလိုက်မယ်။ 

★ အဲဒီကနေပြီးတော့ သူရဲ့ CEO တွေ သူရဲ့ ဘော့စ်တွေကို သွားပြီးတော့ 
ပြောတယ်တဲ့ ကျွန်တော်တို့ ရုံးမှာ ဒါလေးကတော့ လုပ်ဖို့ သင့်တယ် 
မဟုတ်ရင် လူတွေက stress တွေ အရမ်းများပြီးတော့ 
တစ်ယောက်ကိုတစ်ယောက် စကားပြောတာ အရမ်းခက်တာပဲ။ 

★ အစည်းအဝေးကလည်းပဲ မကြာသင့်ဘဲနဲ့ အရမ်းကြာတယ်၊ 
stress တွေများတယ်။ အဲလိုပြောတဲ့အခါကျတော့ 
စောစောပိုင်းမှာ အဲဒီလူကြီးတွေက လက်မခံဘူး။ 

★ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူတို့လည်းပဲ stress များတာတွေ၊ 
stress များတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အလွယ်တကူ 
အပြစ်တင်တာတွေ၊ ဆယ်မိနစ်လောက်နဲ့ ပြီးရမယ့်အလုပ်ကို 
မိနစ်နှစ်ဆယ် နာရီဝက်လုပ်ရတာတွေ၊ အမှားတွေများလာတယ် 
အဲဒါမျိုးတွေ များလာတော့ သူတို့လည်း စမ်းကြည့်ချင်တယ်။ 

 🧘🏻‍♂️🧘🏻‍♀️အခုကျတော့ အဲဒီ ဂျာမနီက engineering 
အရမ်း နာမည်ကြီးတယ်လေ 
အဲဒါ သူတို့ engieering လောကမှာ 
လုပ်ငန်းခွင်မှာ တရားတွေထိုင်ကြတယ်။ 

🍃နိဗ္ဗာန်ရချင်လို့တော့ မဟုတ်ဘူးနော်။ 
#နေ့စဉ် ဖြစ်နေတဲ့ #ဒုက္ခနည်းအောင်လို့။ 
ဒါ သတိပဋ္ဌာန်တရားတော်ရဲ့ ရည်ရွယ်ချက်ထဲမှာပါပါတယ်။ 

★ “ဒုက္ခဒေါမနဿနံ အတ္ထင်္ဂမာယ” နိဗ္ဗာန်မရောက်ခင်မှာ 
ဒီမှာဖြစ်နေတဲ့ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု အဲဒါကို 
လျော့နည်းအောင်လုပ်တာ။ ဖြစ်နိုင်ရင် ကျော်လွှားတာ။ 

★ တချို့က မေးလိမ့်မယ် နိဗ္ဗာန်မရချင်တာ ဘာဖြစ်လို့ သူတို့က 
ဘာလို့တရားထိုင်တာတုန်း ဒီလိုမေးလိမ့်မယ်။ 
အမှန်တော့ သတိပဋ္ဌာနသုတ်ထဲမှာ ရည်ရွယ်ချက်တွေ 
အများကြီးရှိပါတယ် ခုနှစ်မျိုးလောက်ရှိတယ်။ 
🍃နောက်ဆုံးတစ်ခုကမှ နိဗ္ဗာန်ရောက်ဖို့အတွက် 
ကျန်တဲ့ဟာတွေက ရှေ့ပိုင်းမှာ ကိုယ်ချမ်းသာဖို့ 
စိတ်ချမ်းသာဖို့ ကိုယ်ငြိမ်းချမ်းဖို့ စိတ်ငြိမ်းချမ်းဖို့။ 

★ အဲဒီတော့ သိပ္ပံပညာရှင်တွေက သုတေသန လုပ်ပြီးတော့ အကျိုးရှိမှန်း 
လူတိုင်းအတွက် အကျိုးရှိမှန်း တွေ့ရှိထားတဲ့ ဒီသတိပဋ္ဌာန်တရားတွေ 
ဗြဟ္မစိုရ်တရားတွေ အဲဒီဟာတွေကို ကျောင်းသားကျောင်းသူတွေလည်းပဲ ကျောင်းသားကျောင်းသူ ဘဝကတည်းက စပြီးတော့ ဒါတွေကို 
လေ့ကျင့်ထားမယ်ဆိုရင် အကျင့်လေးယူထားမယ်ဆိုရင် လုပ်ငန်းခွင်ထဲ 
၀င်တဲ့အခါကျတော့ stress တွေ Negative emotion တွေကို 
ကိုယ် အများကြီး မစုစည်းတော့ဘူး။ 

★ ဘာဖြစ်လို့တုန်း နေ့တိုင်းနေ့တိုင်း ဖြစ်ပေါ်လာတဲ့ emotion တွေ 
stress တွေကို ကိုယ်က healing လုပ်နိုင်လို့။ Healing လုပ်ဖို့ 
သိပ်အရေးကြီးတယ်။ တစ်နေ့တာ တစ်နေ့တာ 
ပြန်လည်ကုစားဖို့ အရေးကြီးတယ်။ 
★ ဘုန်းဘုန်းတို့ နေ့စဉ်နေ့စဉ်ဝတ်တဲ့ အဝတ်အစားတွေ 
ပြန်ပြီးတော့လျှော်ဖွတ်ပေးသလို 
#နေ့စဉ်နေ့စဉ်အသုံးပြုတဲ့ 
#ဒီစိတ်ကိုလည်းပဲ #ကိုယ့်ဟာကိုယ်ပြန်ပြီးတော့ 
take care လုပ်ဖို့ လိုအပ်တယ်။ ပြန်ပြီးတော့ 
#စောင့်ရှောက်ဖို့လိုအပ်တယ်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာအရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...