Tuesday, February 11, 2020

သေခါနီးကာလ ... စဉ်းစားကြည့်စမ်း

" မိမိအင်မတန် ချစ်မြတ်နိုးနေတဲ့ ခန္ဓာအိမ် ၊ 
မိမိ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားငယ် သမီးငယ် ဇနီးငယ် မြေးငယ် 
ပစ္စည်းတွေ နောက်ဆုံး ဘယ်တော့မှ မတွေ့ကြရတော့ဘူး 
တစ်ယောက်နဲ့ တစ်ယောက် ခွဲရတော့မယ် ... 
အခု ခဏလေး ခွဲတာတောင်မှ ဘယ်လို ဖြစ်နေလဲ ... ?? 
ဟိုမှာ နောက်ထပ် ဘယ်တော့မှ မတွေ့သော 
ခွဲခြင်းဖြင့် ခွဲရတော့မယ် ..... 

အဲဒီ အချိန်မှာ ဝမ်းမနည်း ဘူးလား ??? 
ဝမ်းနည်းတယ် ဝမ်းနည်းတယ် အဲဒီမှာဒီဓာတ်ကို နိုင်အောင် 
နှိမ်နှင်းနိုင်တဲ့ စွမ်းအားတွေက ကြိုတင်ပြင်ဆင်မှု မရှိရင် 
--------မဖြစ်နိုင်ဘူး ------
အဲဒီ အခါကျမှ ဝမ်းနည်းနေတဲ့ စိတ်နဲ့ ဘဝကို
အဆုံးသတ်သွားခဲ့ရင် ..... သမ္မောဟ မရဏ လို့ခေါ်တယ်***.
တွေတွေဝေဝေ နဲ့ ဘဝကို အဆုံးသတ်ရတယ်မည်တယ်။

ဒီထက်ပိုဆိုးတာက ... မကောင်းတဲ့ ဒုစရိုက် အမျိုးမျိုးတွေကို
လွန်ကျူးခဲ့ဘူးတယ် .. မကောင်းတဲ့ အကုသိုလ် အမျိုးမျိုးတွေကို
လွန်ကျူးခဲ့ဘူး တဲ့ အတွက် ထို ပုဂ္ဂိုလ် သေခါနီးကာလမှာ မကောင်းတဲ့
နိမိတ်တွေ ထင်လာပြီဆိုတဲ့ အခါကျမှ ဝမ်းနည်းကြေကွဲပြီး ဘဝကို
အဆုံးသတ်ခဲ့ရရင် ဒီပုဂ္ဂိုလ်ရဲ့
သေနည်းဟာလည်း သမ္မောဟ မရဏ ပဲ။

*** နောက်တစ်နည်းက အဲဒီ ပုံစံမျိုးတော့ မရှိဘူး ဒါပေမယ့်
သေခါနီးမှာ အားကိုးရာ တစ်ခု ရှာဖွေတယ် ...
သီလပိုင်း ကြည့်လိုက်တော့လည်း အားမကိုးရ ...
သမာဓိကြည့်လိုက်တော့လည်း အားကိုးလို့ မရ ...
ပညာပိုင်း ကြည့်လိုက်တော့လည်း အားကိုးလို့ မရ
ဘာမှပြန်ပြီး တရားတွေက နှလုံးသွင်းလို့ကမရတော့
ဘာဖြစ်လာလဲ ??

ပူပန်သောကတွေ ဖြစ်လာပြီ အဲဒီလိုနဲ့ ဘဝကို 
အဆုံးသတ်ရရင်လည်း ဒါလည်း သမ္မောဟ မရဏ ပဲ ။ 

*** အဲဒီလို သမ္မောဟ မရဏ နဲ့သေခဲ့ရင်တော့ 
ကောင်းရာ သုဂတိ ရောက်ပါ့မလား ?? မရောက်တော့ဘူး ။ 

မိမိတို့ ကောင်းရာ သုဂတိ ရောက်မယ်ဆိုရင် ရောက်နိုင်တဲ့
နည်းကောင်း လမ်းကောင်း စနစ်ကောင်းကြီးတွေ
ရှိရဲ့သားနဲ့ ဒီ မိမိအတွက် အရေးကြီးတဲ့ လုပ်ငန်းခွင်တွေကို
မလုပ်ဘဲ သူတပါးအတွက် သားအတွက် သမီးအတွက်
ဇနီးအတွက် မြေးအတွက် ဘဝကို အချိန်တွေ အများကြီး
အသုံးချနေကြမယ် ဆိုရင် အဲဒီလို ပုဂ္ဂိုလ်လောက်
မိုက်တဲ့ ပုဂ္ဂိုလ် ရှိဦီးမလား ???
မရိွေတာ့ဘူး !! သတိထားၾကပါ ။
 ဖားအောက်တောရ ဆရာတော်ကြီး

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...