Tuesday, February 11, 2020

သာသနာဖျက်တဲ့ ပုဂ္ဂိုလ်

တရားတော်တွေ ရှိနေတာတောင်မှပဲ အဓိပ္ပာယ်တွေ
အမျိုးမျိုးပြောလို့၊ မမှန်မကန် အဓိပ္ပာယ်တွေ ဖွင့်ဆိုလို့၊ 
ဘုရား တရားတော်တွေ ပုံပျက်ပန်းပျက် 
ဟောပြောတာတို့ ....,

ဒီကနေ့ခေတ်မှာ အလွန်များလာတယ်။ 
ဘုရား တရားတော်တွေ မူရင်းတွေရှိနေ တယ်၊ 
မူရင်းတွေရှိနေတာတောင်မှပဲ 
မမှန်မကန် ဟောပြောတာတို့၊ 
မမှန်မကန် ရေးသားတာမျိုးတွေ 
ပေါ်ပေါက်နေတယ်။ 
ဒါက ဘယ်ခေတ် ဘယ်ကာလမဆို 
ပေါ်ပေါက်မှာပဲ။ 

နည်းတာများတာပဲ ကွာခြားတယ်။ ရှေးခေတ်ကလဲ ပေါ်ခဲ့တာပဲ၊ 
မြတ်စွာဘုရား လက္ထက္ကလဲ ေပၚခဲ့တာပဲ။ မမှန်မကန် ဟောပြောတာ၊ 
အဓိပ္ပါယ်ပြန်ဆိုတာ လွဲမှားတာတို့ (interpretation problem) လို့ ခေါ်တယ်။ 
အဲဒီ (problem) ဟာ ရှိနေမှာပဲ။ 

သို့သော် ရှိနေတဲ့အခါမှာ အခုလို စာသင် တိုက်တွေက စာကို ကျကျနန 
သင်ကြားပို့ချ ပေးထားတယ်။ စာကို ကျကျနန ကျမ်းရင်း အတိုင်း 
သင်ကြားပို့ချပေးထားလို့ သိတဲ့ ပုဂ္ဂိုလ်တွေက အမှား 
အမှန်ကို ခွဲခြား ပြောနိုင်တယ်။ 
နို့မို့ဆိုရင် ပြောသမျှကို 
ဟုတ်တယ်ထင်နေမယ်။ 

ဘုရားဟောမဟုတ်လဲ ဘုရားဟောလို့ ပြော ချင်ပြောမယ်။ 
ပြောရင် ကိုယ်က မူရင်းကိုမ သိတဲ့အခါ ဘုရားဟောမဟုတ်ကိုလဲ 
အဟုတ်လို့ ထင်ရတယ်။ အဲဒီအနေအထားမျိုး ရောက်သွားရင် 
အလွန် ကြောက်စရာ ကောင်းတယ်။ 

ကိုယ္က ဘုရားတရားဆိုၿပီး အားကိုး တကြီး လိုက်နာကျင့်သုံးနေတယ်၊ 
သို့သော် မြတ်စွာဘုရား ဟောတာနဲ့ တစ်လမ်းစီဖြစ်နေတယ်ဆိုရင် 
အင်မတန်မှ အန္တရာယ်ကြီးတယ်။ 

ဒါကြောင့်မို့ မြတ်စွာဘုရားကိုယ်တိုင်က ဆုံးမဩဝါဒပေးထားတာရှိတယ်။ 
“ငါဟောတာကို မဟောဘူး ပြောတဲ့ပုဂ္ဂိုလ်၊ မဟောတာကို 
အဟောလုပ်ပြီး ပြောတဲ့ ပုဂ္ဂိုလ်ဟာ သာသနာဖျက်တဲ့ ပုဂ္ဂိုလ်ပဲ။

အကုသိုလ်တွေအများကြီးဖြစ်တယ်၊ အဲဒီပုဂ္ဂိုလ်ဟာ 
သာသနာတော်ကို ကွယ်ပစေ ရာ ေရာက္တယ္တဲ့။ 
ဒါဟာ အင်မတန်အရေးကြီးတယ်။ 
 #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...