ဖြူ စင်တဲ့စိတ်မှာ အရောင်ဆိုးလိုက်ရင်
*** *** **** **** *** *** *** ****
မြတ်စွာဘုရားက စိတ်ဟာ ပင်ကိုယ်က အနက်မဟုတ်ဘူး။
ပင်ကိုယ်သဘာဝအားဖြင့် ဖြူစင်တယ်။
စိတ်ဆိုတာ သန့်ပြန့်ဖြူစင်နေတဲ့ သဘာဝတရားတဲ့။
ဘာဖြစ်လို့လဲဆိုရင် သူက အာရုံကို သိရုံသိတာ။
စိတ်ရဲ့သဘာဝက အာရုံကို သိရုံပဲ သိတယ်။
တြယ္တာမႈဆိုတာ မျဖစ္ဘူး။
မုန်းတီးမှုဆိုတာလည်း မဖြစ်ဘူး။
သိရုံမျှ သက်သက်သာ သိတာဆိုတော့ ဖြူစင်တယ်။
အဲဒီ သဘာဝအားဖြင့် ဖြူစင်နေတဲ့ စိတ်ကလေးဟာ
အခိုက်တန့်ဖြစ်ပေါ်လာတဲ့ လောဘကြောင့်
စိတ်ကလေးဟာ ညစ်နွမ်းသွားရတယ်။
ဒေါသကြောင့် စိတ်ကလေးဟာ
ညစ်နွမ်းသွားရတယ်။
မာန်မာနတွေ၊ ဣသာ မစ္ဆရိယတွေကြောင့် အဲဒီ
အညစ်အကြေးတွေကို စနစ်တကျ သန့်စင်
ဆေးကြောပစ်လိုက်မယ်ဆိုရင် ပင်ကိုယ်က
အနေအထားအတိုင်း ပြန်ရောက်သွားနိုင် တယ်။
စဉ်းစားကြည့်လေ။ လူတွေဟာ စိတ်ကြည်နေတဲ့အချိန်
ဒေါသဆိုတာ လာမှ မလာတာပဲ။
ဒေါသဆိုတာ အာရုံကြောင့် မိမိရဲ့ နှလုံးသွင်းမှု
မှားယွင်းမှုကြောင့် အခိုက်အတန့် ပေါ်လာတဲ့
သဘောတရားပဲ ဖြစ်တယ်။
ဒါကို သန့်စင်အောင် ဆေးကြောပစ်လိုက်တဲ့အခါကျတော့
ဒေါသမရှိတဲ့စိတ်ဟာ တည်ငြိမ်တဲ့စိတ်၊
ဖြူစင်တဲ့စိတ် ပြန်ပြီးတော့ ဖြစ်လာတယ်။
ထို့အတူ လောဘဆိုတာအမြဲဖြစ်နေတာ မဟုတ်ဘူး။
အာရုံနဲ့တွေ့လို့ လိုချင်မှုတွေ တပ်မက်မှုတွေ
လွှမ်းမိုးလာတဲ့အခါ တရားနည်းလမ်းကျတဲ့
ဖြေဆေးနဲ့ ဖြေပေးပြီးတော့
သန့်စင်ပေးလိုက်မယ်ဆိုရင် နဂိုငြိမ်းအေး
ငြိမ်သက်တဲ့ ဖြူစင်တဲ့ စိတ်ကလေးကို
ပြန်ပြီးတော့ ရနိုင်တာပေါ့။
လူတွေရဲ့ စိတ်ထဲမှာ အမြဲတမ်း သူများအပေါ်မှာ
မနာလိုတဲ့စိတ်တွေ ဖြစ်တာမှ မဟုတ်ဘဲ။
ကိုယ်သာ ရချင်တယ်ဆိုတဲ့ စိတ်ဟာလည်း
အမြဲတမ်း ဖြစ်တာမှ မဟုတ်ဘဲ။
သူများစည်းစိမ်ကို စဉ်းစားလိုက်တဲ့အခါကျမှ
မနာလိုစိတ် ဆိုတာ ဝင်လာတာဖြစ်တယ်။
ကိုယ့်ထက်သာ မနာလို၊ ကိုယ့်ထက်သာသွားမှာ
မကျေနပ်တဲ့စိတ်ကလေးက
တွေးကြည့်လိုက်မှ ပေါ်လာတာ။
ကိုယ်ရထားတဲ့ အခွင့်အရေး တစ်ခုကို
သူတစ်ပါးကို မပေးလိုတဲ့
မစ္ဆရိယစိတ်ကလေးဟာလည်း
မတွေးဘဲ နေတဲ့အခါ ပေါ်တာမှ မဟုတ်တာ။
တွေးလိုက်တဲ့အခါကျမှ ပေါ်လာတာဖြစ်တယ်။
အဲဒီတော့ အကြောင်းရှိမှ ဝင်လာတဲ့
ဒီစိတ်ရဲ့ အညစ်အကြေးတွေကို မှန်ကန်တဲ့
အတွေးတစ်ခုနဲ့ သန့်စင်ဆေးကြောလိုက်မယ် ဆိုရင်
ဖြူစင်သွားမယ်တဲ့။
ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

No comments:
Post a Comment