လူတွေမှာ ...စိတ်ဓာတ် အကျဆုံး အချိန်ဟာ
ဘယ်အချိန်လည်းလို့ဆိုရင်
ရောဂါဝေဒနာ ခံစားရပြီးတော့Hopeless ဖြစ်နေပြီ ဆိုတဲ့ အချိန်
စိတ်ဓာတ် အကျဆုံးပဲ။
ဒုက္ခရောက်လာပြီဆိုတဲ့ အချိန်ကျမှ
ဓမ္မ ကို မှီတွယ် ဖို့ ခက်တယ် ။
ဘာဖြစ်လို့တုန်း ဆိုရင် ... ရောဂါဝေဒနာ ဖိစီးလာပြီဆိုရင် ဘာမှ
မတတ်နိုင် တော့ ဘူးလေ ။ ုဖြစ်ပေါ်လာတဲ့ ဒုက္ခဝေဒနာကို
တွန်းလှန် နိုင်စွမ်း မရှိဘူး ။ တွန်းလှန်နိုင်စွမ်း မရှိတော့ ဘာဖြစ်လဲ...?
ဝမ်းနည်း ကြေကွဲတယ် ။ စိတ်တိုလာတယ် ။
ဒေါသတွေ ဖြစ်လာတယ် ။
ဖြစ်ရကောင်းလား လို့ ဆိုပြီးတော့
ဒေါသတွေ အကုသိုလ်တွေ ဖြစ်လာပြန်တယ် ။
ဒုက္ခပေါ်မှာ အကုသိုလ်တွေ ပြန်ဆင့်လာတယ် ။
ဒါကြောင့်မို့ မြတ်စွာဘုရားက ပုထုဇဉ် သတ္တဝါတွေရဲ့ အခြေအနေကို
ဘယ်လို ပြောတုန်းဆိုရင် ... တစ်စုံတစ်ခု ခန္ဓာကိုယ်မှာ ရောဂါဝေဒနာ
ဖြစ်လာပြီ ဆိုတဲ့ အချိန်မှာ ဘာဖြစ်လာတုန်း ဆိုရင် ...
ရောဂါဝေဒနာ ဖြစ်လို့ ကာယိကဒုက္ခ ကို ခံစားနေရတဲ့ အချိန်မှာ
ဖြစ်ရလေခြင်း ဆိုတဲ့ စိတ်ဆင်းရဲမှုက ထပ် ပိုးလာတယ် ။
အဲဒီလို ထပ် ပိုးလာတဲ့ အခါ ကာယိကဒုက္ခ လို့ ခေါ်တဲ့
ကိုယ်ဆင်းရဲမှု အပြင် စေတသိကဒုက္ခ လို့ ဆိုတဲ့ စိတ်ဆင်းရဲမှု က
ထပ် တိုးလာတယ် ။ ဘာနဲ့ တူတုန်း ဆိုရင် ပထမ မြားတံတစ်ချက်
စူးတာကို ဒုတိယတစ်ခါ မြားတံတစ်ချက်ထပ်စူးတယ်ဆိုတဲ့
အဓိပ္ပာယ်မျိုး ရောက်သွားတယ် တဲ့ ။ မြား နှစ်ချက် စူးလိုက်တာ ။
အဲဒီလို မြားနှစ်ချက် စူးလိုက်တာနဲ့ တစ်ပြိုင်နက် ဘာဖြစ်သွားတုန်း ။
ဒုက္ခက လွတ်ရာလွတ်ကြောင်း စဉ်းစားလာတယ် ။
ဒီ ဒုက္ခကြီးက ဘယ်လို သက်သာအောင် လုပ်ရမလဲ...?
ဒေါသတွေ ဖြစ်တယ် ။ ဒုက္ခ သက်သာအောင် ဘယ်လို လုပ်ရမလည်း ။
သုခ ကို မျှော်လင့်တဲ့ အတွေးတွေ ထပ်ပြီးတော့ ဝင်လာတတ်တယ် ။
အဲဒီတော့ ထပ်ဝင်လာလို့ တောင့်တသွားပြန်တဲ့ အခါကျတော့ ဒီ တဏှာရာဂ ဆိုတဲ့ မြားတံတစ်ချက် ထပ် စူးလာပြန်တယ် ။ ပုထုဇဉ်တွေမှာ နော် ။
တစ်ခု မသက်သာလို့ တစ်ခုထပ်ပြီးလုပ်တဲ့ အခါမှာ သူက လုပ်ခြင်းကြောင့်
ဝန်ဟာ ပိုပိုပြီး ပိသွားတယ် လို့ ဆိုရမယ် ။ နောက်တစ်ခု သက်သာမလားလို့
စဉ်းစားရင် ပိုပြီး တော့ ဝန်ပိသွားတတ်တယ် တဲ့ ။ ဒီလို ဆိုတာပေါ့ ။
အေး... ဒါကြောင့်မို့ ... ကာယိကဒုက္ခ လို့ ခေါ်တဲ့ ကိုယ်ဆင်းရဲမှု
ဘုရား ရဟန္တာမှာ မရှိ မဟုတ်ဘူး - ရှိတယ် ။
ရှိတဲ့ အခါမှာ... ကိုယ်ဆင်းရဲမှု အပေါ်မှာ ဆင်ခြင်သုံးသပ်ပြီး
သည်းခံနိုင်စွမ်း ရှိသည့်အတွက်ကြောင့် "ငါ့ မှ ဖြစ်ရလေခြင်း
" ဆိုတဲ့ အတွေး သူတို့ မှာ မဝင်ဘူး ။ "ဒါ သဘာ၀တရား ပဲ။
ဒုက္ခဝေဒနာ ဆိုတာ ဒါပဲ ။" လို့ ဆင်ခြင် သုံးသပ်တယ် ။
သဘာဝတရား ကို ရှုဆင်ခြင်ခြင်း ဖြင်ြ ဆင်းရဲဒုက္ခ ကြံ့ကြံ့ခံပြီး
"ဆင်းရဲဒုက္ခ နောက် စိတ်က လိုက်မသွားဘူး။" "စိတ်ကို
ဆင်းရဲဒုက္ခ နဲ့ ခွာ"ထားလိုက်နိုင်တယ် ။
အဲဒါဟာ "ဓမ္မ ကို အဖော်ပြုလို့"ပဲ ဖြစ်တယ် ပေါ့ ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

No comments:
Post a Comment