Wednesday, February 12, 2020

|| ဓမ္မကို အဖေါ်ပြုနေထိုင်တတ်ခြင်း ||

တစ်ခါတစ်ရံ ဘဝဆိုတာ အင်မတန်မှ ကြောက်စရာကောင်းတယ်၊
သတိကောင်းကောင်းနဲ့ အေးအေးချမ်းချမ်းနဲ့ သေသွားတဲ့ ပုဂ္ဂိုလ်တွေ
မရှိဘူးလားဆိုတော့ ရှိတယ်နော်။

တရားလေးနှလုံးသွင်းပြီးတော့ အေးအေးချမ်းချမ်း
သေသွားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။
သို့သော် တစ်ရံတစ်ခါကျလို့ရှိရင် သတိလက်လွတ် ဖြစ်ပြီး
သေသွားတဲ့ပုဂ္ဂိုလ်လည်း ရှိတယ်။

စစ်ကိုင်တောင်ရိုးမှာ ဆိုလို့ရှိရင် ဆရာတော်တစ်ပါးဟာ (၂)နှစ်နီးပါး ••• အယ်ဇိုင်းမားဖြစ်ပြီးတော့ ဘာမှကို မသိတဲ့ အနေအထားမျိုး၊
ဒီလိုဖြစ်ပြီးတော့မှ နောက်ဆုံး ဘဝတစ်ခုကို အဆုံးသတ်သွားတယ်။
ဘဝဆိုတာ ဘယ်လိုမှ ပြောလို့မရဘူး၊ ကြောက်စရာ အင်မတန်ကောင်းတယ်။
အဲဒီ ဆရာတော်ဆိုတာ နိုင်ငံကျော်ဓမ္မကထိကပဲနော်။
မြန်မာနိုင်ငံအနှံ့လှည့်ပြီးတော့ တရားဓမ္မတွေ ဟောပြောခဲ့တယ်။

ေနာက္တစ္ခါ ••• တစ်ဦးထပ်တွေ့သေးတယ်။ စစ်ကိုင်းမြို့က
ဒကာကြီးတစ်ယောက်၊ လူကြည့်တော့ ကျန်းကျန်းမာမာ၊
ဘာဖြစ်လဲဆိုရင် လျှာကို လေဖြတ်ထားတာ၊ စကားမပြောနိုင်ဘူး၊
အဲဒါမျိုးကလည်းပဲ ဘာကိုဖြစ်စေတုန်းဆိုရင် ဒေါသကိုဖြစ်စေတယ်။

|| သူက ပြောချင်တယ်၊ ပြောလို့မရဘူး၊ ဘေးကလူတွေကို အားမလို
အားမရဖြစ်တယ်၊ ဒုက္ခတွေရောက်တယ်။အဲဒီ လေဖြစ်တာဟာ
ကိုယ်ပြောချင်လျက်သားနဲ့ ပြောလို့မရဘူး၊ လှုပ်ချင်လျက်သားနဲ့
လှုပ်လို့မရဘူးဆိုတဲ့အချိန်မှာ ဓမ္မကို အဖော်မပြုနိုင်ဘူးဆိုရင်
တော်တော့်ကို စိတ်သောကရောက်မယ့် အဖြစ်မျိုးတွေပဲ။

ဘာဖြစ်လို့တုန်းဆိုရင် ကိုယ်က လုပ်ချင်တာ ဘာ တုန်းဆိုရင်
ကိုယ်က လုပ်ချင်တာက တခြားနော်၊ ဘေးက လူတွေက နားမလည်တော့
လုပ်ပေးတာက တခြားဆိုတော့ ဟာ ဒုက္ခတွေ ဘယ်လောက်ရောက်မလဲ ဆိုတာနော်။အဲဒီအချိန်မှာ ကိုယ့်ဆန္ဒတွေ ဦးစားမပေးနဲ့တော့နော်။

ဘာကြီးပဲဖြစ်ဖြစ် ဓမ္မနဲ့ပဲနေမယ်၊ အချိန်မရွေး သေချင်တဲ့အချိန် သေပါစေ၊
တရားကိုပဲ နှလုံးသွင်းနေမယ်ဆိုတဲ့ အနေအထားမျိုး ကိုယ့်ကိုယ်ကို
စိတ်ဒုံးဒုံးချနိုင်မှ၊ မချနိုင်ဘူးဆိုရင် ဒေါသတွေဖြစ်မယ်။
တချို့ဆို ဒေါသတွေဖြစ်ပြီး အဲဒီလိုနေတယ်။

ဟိုး - အမေရိကမှာနေတဲ့ ဒကာကြီးတစ်ယောက်ဆိုရင်
ဘယ်လောက် ဝမ်းနည်းစရာကောင်းလဲဆိုတော့ လေဖြတ်သွားတယ်၊
ပထမ ခြေထောက်တွေ လက်တွေ လေဖြတ်သွားတယ်၊ နောက်ဆုံး လေဖြတ်တာ ဘယ်အထိရောက်သွားလဲ ဆိုတော့ ပုတ်ခတ်ပုတ်ခတ်နဲ့ မျက်တောင်လေးပဲ
ခတ်နေတယ်၊ ဘာမှ မပြောနိုင်တော့ဘူး။ မိတ်ဆွေသင်္ဂဟတွေက
သွားပြီးတော့ လူမမာမေးတဲ့အခါကျတော့ မျက်တောင်လေးခတ်ပြီး
ကြည့်ရင်းက အဲဒီ မျက်တောင်လေးကြားထဲက မျက်ရည်လေးတွေက
ပေါက်ကနဲ ပေါက်ကနဲ ထွက်ကျလာတယ်…

ကဲ၊ သူဘယ္လို ••• ခံစားနေရမလဲဆိုတာ စဉ်းစားကြည်ပေါ့နော်။
ကဲ ဘုန်းကြီးတို့တစ်တွေ အဲဒီလို မပြောနိုင် မဆိုနိုင်တော့တဲ့ဘဝ၊
အသိလည်း ရှိနေသေးတယ်၊ ခံစားနေရတယ်ဆိုရင် ဘာနဲ့နေကြမလဲ၊
ဘာကြောင့် အဲဒီလို မျက်ရည်ကျနေရတာလဲ စဉ်းစားကြည့်ရအောင်နော်။
အဲဒီလို မျဖစ္ဖို့ရာကေတာ့ အရေးကြီးဆုံးက ဘာလဲဆိုရင် •••

🔚စကားနဲ့ပဲ နှလုံးသွင်းပြီးတော့နေမယ်၊
🔚အကယ်၍များ မသေခင်ကပဲ တရားကို နှလုံးသွင်းပြီးတော့ နေနိုင်မယ်၊
🔚ကိုယ့်ဆန္ဒတွေကို ရှေ့တန်းမတင်ဘဲနဲ့ ကိုယ့်ကို ပြုစုတဲ့
ပုဂ္ဂိုလ်တွေအပေါ်မှာ ဘာမှ ဒေါသတွေ မကျေနပ်တာတွေ မဖြစ်စေဘဲနဲ့
🔚အဲဒီအချိန်မှာ ဘာဆန္ဒမှ မထားတော့ဘဲနဲ့ တရားကိုပဲ နှလုံးသွင်းမယ်ဆိုတဲ့
အနေအထားမျိုးနဲ့ နေနိုင်မှ ဘုန်းကြီးတို့တစ်တွေဟာ
ထာဝရချမ်းသာမှု ဆိုတာ ရနိုင်မှာဖြစ်တယ်ပေါ့နော်။
【ကျေးဇူးရှင် ပါချုပ်ဆရာတော်ဘုရားကြီး 
ဒေါက်တာနန္ဒမာလာဘိဝံသ】

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...