Wednesday, February 12, 2020

|| အကုသိုလ်မှ ကုသိုလ်သို့ပြောင်းလဲခြင်း ||

မေး ။ ။ အိမ်တစ်အိမ်မှာ ကောင်းတဲ့အုတ် ၉၉၉ ချပ် အိမ်ရဲ့အတွင်းခန်းတွေမှာ ထည့်သွင်းအသုံးပြုထားပြီး … တကယ်အရေးပါတဲ့ ဘုရားခန်းလိုနေရာမျိုးမှာ ထည့်သွင်းခဲ့တဲ့အုတ်ဟာ အရည်အသွေးညံ့ ဖျင်းပြီး အက်ကွဲကြောင်း 
ပေါ်နေခဲ့မယ်ဆိုရင် ဘယ်လောက်ပဲ အပေါ်က plastering and painting 
လုပ်သည်ဖြစ်စေ ဒါကို မြင်မှာပဲ။ ဒါက Negative thinking ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒါကိုလည်း လက်ခံပေးသင့်တယ် ထင်ပါတယ်။ 
သို့သော် အချိန်အတိုင်းအတာတစ်ခုမှာတော့ ဒီ Negative thinkingဟာ
 ေမွးမိွန္သြား မွာပါ ဘုရား။ ဒီလိုစိတ်ဖြစ်ပေါ်မှုနဲ့ ပတ်သက်ပြီး 
ကုသိုလ် အကုသိုလ်စိတ် အပြစ်ရှိ/မရှိ သိပါရစေဘုရား။ 

ဖြေ။ ။ တစ်ချပ်တည်းဟာကို ခဏခဏ တွေးတော့ အချပ်အများကြီး 
ဖြစ်သွားတယ်။ တစ်ချပ်တည်း မဟုတ်တော့ဘူး။ 
 အော်တိုစိတ်က မူလတစ်ချပ်ကနေ အချပ် ၁၀၀၀ - ၂၀၀၀ ဖြစ်အောင် 
အချိန်တိုတို အတွင်းမှာ ပွားပေးနေတယ်လို့ ဆိုလိုတာ။ 
 "မှားသွားတဲ့ အဲဒီတစ်ချပ်က ပိုအရေးကြီးတဲ့ အချပ်ဖြစ်တယ်" ဆိုတဲ့ 
အမြင်နဲ့ဆိုရင် … ပဲ့နေတဲ့ အဲဒီတစ်ချပ်ကို အော်တိုစိတ်က 
ပွားပေးတာ ပိုတောင် မြန်ဆန်သေးတယ်။ 

ခဏလေးနဲ့ အချပ်ပေါင်း သောင်းသိန်း ဖြစ်သွားတယ်။ 
တစ်ချပ်နဲ့ ရပ်မနေဘူး။ Negative emotion ေတြ အားလုံးကို 
ဗုဒၶဘာသာ စိတၱေဗဒ Buddhist psychology အရ "အကုသိုလ်" 
လို့ခေါ်တယ်။ အဲဒီ အကုသိုလ်ကိုပဲ မဂ္ဂင်ရှစ်ပါးက အကုသိုလ် မဖြစ်အောင် 
transform လုပ်ပစ်တယ်။ ပြောင်းလဲပစ်တယ်။ 

အဲဒီအုတ်တစ်ချပ်ကို ကြည့်ပြီး 
နောင်တရတယ်ဆိုရင် … အဲဒီနောင်တစိတ်ကို အကောင်းအဆိုး 
မဝေဖန်တဲ့စိတ်နဲ့ လက်ခံပြီးတော့ ကြည့် လိုက်တယ်ဆိုရင် … 
 mindful ဖြစ်တယ်။ သတိပဋ္ဌာန် ဖြစ်နေတယ်ပေါ့။ 
အဲဒီလို လုပ်တယ်ဆိုရင် အဲဒီအကုသိုလ် စိတ်တွေက 
ကုသိုလ်ဖြစ်သွားတယ်။ 

သတိက "ကုသိုလ္" ရႈတာက "ကုသိုလ္" ဒေါသဖြစ်တဲ့စိတ်ကို သတိနဲ့ရှုရင် 
သတိပဋ္ဌာန် ဖြစ်သွားတယ်။ အဲဒါကို "စိတ္တာနုပဿနာ" ခေါ်တယ်။ 
 "စိတၱာနုပႆနာ" ဆိုတာ ကုသိုလ္ကို ရှုမှ ကုသိုလ်ဖြစ်တာ မဟုတ်ဘူး။ 
အကုသိုလ်ကိုလည်း ကြည့်တတ်ရင် အဲဒီအကုသိုလ် သူ့ရဲ့ပူလောင်စွမ်းက 
တဖြည်းဖြည်းချင်း ငြိမ်းသွားပြီးတော့ သူ့ရဲ့ သင်ခန်းစာပေးနိုင်တဲ့ 
အစွမ်း သတ္တိတွေပဲ ကျန်ခဲ့တယ်။ 
 အောက်စဖို့ဒ်ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိ 
Credit : Parallel

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...