Tuesday, February 11, 2020

မခံချင် စိတ်

မခံချင်စိတ် ဖြစ်လာပြီဆိုရင် အတွေးအခေါ်စိတ်တွေ၊ 
ဆင်ခြင်တုံ ဉာဏ်တွေ ပျောက်သွားတယ်။ 

အဲ့ဒါကြောင့် မခံချင်တဲ့ စိတ်အစား ကရုဏာပွားပေးပါ။ 
မွေးကတည်းက ပါလာတဲ့ ဒုက္ခ၊ ပင်ပန်းတယ်။ 

အနားယူဖို့လိုအပ်တယ်။ 
ငါတို့မှာလည်း ဒီဒုက္ခရှိတယ်။ 

သူ့မှာလည်း ဒုက္ခတွေ ရှိတယ်။ 
အဲ့ဒါတွေ တွေးပေး။ 

ဘယ်သူ ဘာပြောပြော မခံချင်စိတ် မဖြစ်တော့ဘူး။ 
အလုပ်ကြိုးစားတယ်။

ကရုဏာစိတ်နဲ့ ကြိုးစား။ 
အများအတွက် ဒုက္ခလေးတွေ နည်းသွားအောင် ကြိုးစား၊ 

ကုသိုလ်စိတ်နဲ့ ကြိုးစား။ 
ကိုယ်လည်း စိတ်မညစ်ဘူး။ 
တခြားသူလည်း စိတ်မညစ်ဘူး။ 
အများနဲ့ လက်တွဲပြီး နေလို့ရတယ်။ 

မခံချင်တဲ့ စိတ်ထားလေးတွေ ပေါ်လာရင် သတိလေးပြုလိုက်ပါ။ 
ကိုယ့်ကိုယ် အပြစ်မတင်နဲ့ ဖုံးဖိမထားနဲ့ သတိလေးနဲ့ ကြည့်ပေးပါ။ 

မခံချင်တဲ့စိတ်ဖြစ်ရင် ကိုယ့်ကိုယ် ကရုဏာဖြစ်ပါ။ 
 တခြားသူတစ်ယောက်က မခံချင်တဲ့စိတ်ဖြစ်ရင် 
ကရုဏာနဲ့ ကြည့်ပေးပါ ကရုဏာစိတ်နဲ့ မိမိအကျိုး။ 

သူများအကျိုး၊ တိုင်းပြည်အကျိုး တိုး၍တိုး၍ 
ဆောင်ရွက်နိုင်တဲ့ ပါရမီရှင်များ ဖြစ်ကြပါစေ 

💢 #အောက်စဖိုဒ့်ဆရာတော်💢

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...