Tuesday, February 11, 2020

"သတိနဲ့မနေတဲ့စိတ်ဟာအရူးလိုပါပဲ"

🌷 မီးလောင်ခံရမှ ဆင်းရဲဒုက္ခရောက်တယ် မထင်နဲ့ ရေနစ်၊
ရေကြီးရင်လည်း ဆင်းရဲဒုက္ခရောက်တာပဲ ဆင်းရဲတာမှ
ဒုက္ခရောက်တယ်။

🌷မထင်နဲ့ ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ မုန်းမှ
စိတ်ပူလောင်ရတာမဟုတ်ဘူး ချစ်ရင်လည်း
စိတ်ပူလောင်ရတာပဲ။

🌷လောကဓံတရားရှစ်ပါးဆိုတာ ဆန့်ကျင်ဘက်တရားတွေပဲ
အပြန်အလှန်ဒုက္ခရောက်နေကြတာ လောကဓံမုန်တိုင်းနဲ့
ကြံ့ခိုင်သည့်စိတ်ထား ဘယ်လိုထားမလဲဆိုတာပဲ
အရေးကြီးတယ် ။

🌷သက်ဆိုးရှည်တယ်ဆိုတာ ‌လောဘ ဒေါသ မောဟ
အကုသိုလ်မကင်းပဲနဲ့
အသက်ရှင်နေတာ သက်ကောင်းရှည်တယ်ဆိုတာ
ကုသိုလ်ကောင်းမှုတွေများများလုပ်ရင်းနဲ့ အသက်ရှင်နေတာ
 ငွေ၊ဂုဏ်၊ ရာထူး စည်းစိမ်နောက်လိုက်ရင်းနဲ့ မိသားစုနဲ့
ဝေးသထက် ဝေးနေကြရတယ်။

🌷ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့ အတူမနေရတဲ့ နေ့တွေ
ပိုများလာတယ် ကိုယ်ဆောက်ထားတဲ့ တိုက်ကြီးပေါ်မှာ နေရတဲ့
ရက်တွေ မရှိသလောက် ရှားလာတယ်
ကုသိုလ်ကောင်းမှုတွေလုပ်ဖို့
အချိန်မရှိသလောက် ဖြစ်လာတယ် ။

🌷သာသနာထွန်းကားတယ်ဆိုတာ အမှန်တရားကို သိရှိတာ
လက်ခံတာ လိုက်နာကျင့်သုံးတာ သာသနာကြယ္တယ္ဆိုတာ
အမွန္တရားကို မသိတာ လက်မခံတာ မလိုက်နာမကျင့်သုံးတာ
ကြောက်တဲ့စိတ်နဲ့ကြည့်ရင် တစ်လောကလုံးက
ကြောက်စရာချည်းပဲ သံသယစိတ်နဲ့ကြည့်ရင်
အရာရာကို သံသယဖြစ်စရာချည်းပဲ။

🌷အားကိုချင်တဲ့စိတ်နဲ့ကြည့်ရင် အကုန်လုံးက အားကိုချင်စရာချည်းပဲ
လိုချင်တဲ့စိတ်နဲ့ကြည့်ရင် အရာရာ လိုချင်စရာချည်းပဲ
စားချင်တဲ့စိတ်နဲ့ကြည့်ရင် အရာရာ စားချင်စရာချည်းပဲ
အရာရာစိတ်ပဲ စိတ်က ဖန်ဆင်းထားတာပါပဲ
အရာရာရှိတာမဟုတ်ပဲ စိတ်ရဲ့သတ်မှတ်ချက်တွေပဲ
ရှိနေတာ စိတ်ကလက်ခံရင်
လက်ခံသလိုဖြစ်တာပါပ။

🌷ဦးနှောက်နဲ့တော့ ဉာဏ်မှီမှာမဟုတ်ဘူး ဦးနှောက်ကတော့
တိရိစ္ဆာန်တွေမှာလည်း ရှိတာပဲ ဦးနှောက်ဆိုတာ
အကန့်အသတ်ရှိတယ် ကိလေသာရဲ့ လက်နက်ပဲ
ကိလေသာကတော့ တကယ်ရှိတာကို ဘယ်သိပါ့မလဲ
ဖန်ဆင်းထားတာတွေ သတ်မှတ်ထားတာတွေကို သိမှာပဲ
ပညတ် ပရမတ် သိတာနဲ့လည်း မမြတ်သေးဘူး။

🌷ပညတ် ပရမတ် ကွဲတာနဲ့လည်း မမြတ်သေးဘူး
ပညတ် ပရမတ် နှစ်ခုစပ် သိတတ်သူက
မြတ် သတိမရှိရင် ၁ စက္ကန့် ၁ မိနစ် ၁ နာရီ အတွင်းမှာ
အကုသိုလ်စိတ်တွေ လှေတွေ လှည်းတွေ ကားတွေနဲ့
တိုက်လို့ မကုန်နိုင်အောင် များလွန်းလှတယ် ။

🌷သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ တရားအားထုတ္တယ္ဆိုတာ
စိတ်ကိုပြင်တဲ့ အလုပ်ပါပဲ မြတ်စွာဘုရား
နောက်ဆုံးသာသနာမှာ စိတ်ကိုပြင်ဖို့
အရေးတကြီးလုပ်သင့်ပါပြီ။
မင်းကွန်းဆရာတော်ဘုရားကြီး ဓမ္မအသိဉာဏ် ၊
ရင့်သန်တိုးပွား ၊ အကျိုးများနိုင်ကြပါစေ။
 ဓမ္မဒါနမျှဝေပါသည် —
celebrating success.

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...