Tuesday, February 11, 2020

(အာဠာဝကသုတ္တန်)

 အာဠာ၀ကဘီလူးကေမးၿပီး ေဂါတမျမတ္စြာဘုရားဖြေကြားခဲ့သော 
(အာဠာဝကသုတ္တန်)
(၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။ 
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။ 
(သဒ္ဓိဓ ဝိတ္တံပူရိသဿ သေဌံ)

 (၂) လောကမှာ ဘာလုပ်ရင်ချမ်းသာမှာလဲ။ 
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။ 
(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)

(၃) လောကမှာ အကောင်းဆုံးအရသာက ဘာလဲ။
 အဖြေ=အကောင်းဆုံး အရသာဟာ သစ္စာ။
(သစၥံ သာဓုတရံ ရသာနံ)

 (၄) လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။ 
အဖြေ=အသိပညာနဲ့ အသက်ရှင်တာ 
အသက်မွေးတာ အကောင်းဆုံး။ 
(ပညာဇီဝိ ံ ဇီဝိတ မာဟု သေဌံ) 

(၅)အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။ 
အဖြေ=သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။ (သဒၶါယ တရဟိ ၾသဃံ) 

 (၆) ကျယ်ပြောသော ဘဝကြီးကို ဘာနဲ့ ဖြတ်ကူးရမှာလဲ။ 
အဖြေ=သတိနဲ့ ဖြတ်ကူးရမယ်။ (အပ္ပမာဒေန အဏ္ဏဝံ) 

 (၇)ဆင်းရဲဒုက္ခကို ဘာနဲ့ ဖယ်ရှားမှာလဲ။ 
အဖြေ=ကြိုးပမ်းအားထုတ်မှု ဝီရိယဖြင့်ဖယ်ရှားနိုင်မယ်။ 
(ဝီရိယေန ဒုက္ခမစ္စေတိ)

(၈) စိတ်ဖြူ စင်အောင် ဘယ်လိုလုပ်ရမှာလဲ။ 
အဖြေ=ပညာဖြင့်သာ ဆေးကြောရမယ်။ 
(ပညာယ ပရိသုဇၥဳတိ)

 (၉)ပညာကို ဘယ်လိုရအောင်ယူရမှာလဲ။ 
အဖြေ=နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ် မှတ်သားချင်တဲ့ 
ဆန္ဒရှိရင် ပညာရပါတယ်။ (သုႆု သာ လဘေတ ပညံ)

 (၁၀)ဥစၥာကို ဘယ္လို ရွာမွာလဲ။ 
အဖြေ=လုံ့လဝီရိယရှိပြီး တက်တက်ကြွကြွ ကြို းစားအားထုတ်ရမယ်။ 
(ပတိရူပ ကာရီ ဓုရဝါ၊ ဥဌာတာ ဝိန္ဒတေ ဓနံ) 

 (၁၁)အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။ 
အဖြေ=သစ္စာရှိ ဂတိတည် မှန်ကန်ရန်လိုတယ်။ 
(သေစၥန ကိတိၱ ံ ပေပၸါတိ) 

(၁၂)မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပေးကမ်းပါ။ (ဒဒံ မိတ္တနိ ဂန္ထတိ)

 (၁၃)ဘယ်တရားတွေကျင့်သုံးမှ နောက်ဘဝအရေး စိတ်အေးရမှာလဲ။ 
အဖြေ=အမှန်တရား၊ အသိပညာ၊ လုံ့လဝီရိယ၊ စွန့်ကြဲပေးကမ်းမှု၊ ရှိရမယ်။ 
(သစ္စံ ဒမ္မော ဓိတိ စာဂေါ) (၁၃၇၀ ပြည့်နှစ်၊တပို့တွဲလပြည့်ကျော် ၄ ရက် တာမွေမြို့နယ် သူဌေးလမ်းမိသားစု ဓမ္မသဘင် အခန်းအနားဝယ် 
ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားသော ဘဝအရေး
စိတ်အေးရလေအောင် တရားတော်မှ 
ကောက်နုတ်ရေးသားပူဇော်ပါသည်။) 

အာဠာဝက-အမေး၊ ဗုဒ္ဓ-အဖြေ 
=================== 
အာဠာဝက ဘီလူးသည် မြတ်စွာဘုရား၏ အောင်ခြင်းရှစ်ပါးထဲတွင် 
တထောင့်တနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။ အာဠာဝက နတ္ဘီလူးအား ျမတ္စြာဘုရားရွင္မွ သည်းခံခြင်း၊ မေတ္တာဓာတ်ဖြင့် လွှမ်းခြုံ အောင်မြင်တော်မူခဲ့သည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးဖြစ်ကြပါလိမ့်မည်။ အာဠာဝကဘီလူးသည် မြတ်စွာဘုရားရှင်အား 
ရန်အမျိုးမျိုးဖြင့် ခြိမ်းမြောက်သမှုပြု ၍ အနိုင်ရယူဖို့ ကြို းစား
ခဲ့သော်လည်း အချ ည်းနှီးသာဖြစ်ခဲ့ရသည်။ မြတ်စွာဘုရားရှင်အား 
ဒူးထောက်၍ အရှုံးပေးခဲ့ရသည်။ သို့သော် လွယ်လွယ်နှင့် 
အရှုံးမပေးလိုသော အာဠာဝကဘီလူးသည် ဘုရားရှင်အား နောက်ဆုံး 
အနေဖြင့် မေးခွန်းများ ထုတ်ခဲ့သည်။ 

ထိုမေးခွန်းများနှင့် ပတ်သက်၍ အာဠာဝက-၏ မေးခွန်းနှင့် ဘုရားရှင်၏ ပြန်လည်ဖြေကြားချက်များအား (သံယုတ်ပါဠိတော် ယက္ခသံယုတ်၊ 
အာဠာဝကသုတ္)၌ ဟောကြားဖော်ပြ ထားသည်ကို တွေ့ရှိရသည်။ 
အာဠာဝကဘီလူး အနေဖြင့် မေးခွန်းများအား ခဲခဲယဉ်းယဉ်း 
မေးခဲ့ရသော်လည်း မြတ်စွာဘုရားရှင်က လွယ်လွယ်ကူကူပင် 
ပြန်လည်ဖြေကြားတော်မူခဲ့သည်။ 

၁။ အမေး-အဖြေ အဘယ်ဥစ္စာသည် ဤလောက၌ ယောကျ်ားအား 
မြတ်သော ဥစ္စာ ဖြစ်ပါသနည်း။? #ဤလောက၌ ယုံကြည်မှု 
တည်းဟူသော သဒ္ဓါသည်သာလျှင် 
ယောကျ်ားမြတ်ဥစ္စာ ဖြစ်သည်။ 

 ၂။ အမေး-အဖြေ အဘယ်တရားသည် ကောင်းစွာ လေ့ကျင့်သည်ရှိသော် 
ချမ်းသာကို ဆောင်ရွက်နိုင်ပါမည်နည်း။? 
#အသင် အာဠာဝက ဤလောက၌ ကောင်းစွာလေ့ကျင့်အပ်သော 
ဆယ်ပါးသော (သုစရိုက်) တရား သည်သာလျှင် 
ချမ်းသာခြင်းကို ဆောင်ရွက်နိုင်သည်။ 

၃။ အမေး-အဖြေ အရသာတို့တွင် အဘယ်သို့သော 
အရသာသည် အချို မြိန်ဆုံး ဖြစ်ပါသနည်း။? 
#အရသာတို့တွင် သစ္စာတရားသည် အချို မြိန်ဆုံးသော 
အရသာဖြစ်ပါသည်။ 

၄။ အမေး-အဖြေ ဤသို့ဆိုလျှင် ဤလောက၌ အဘယ်သို့သော 
အသက်မွေးခြင်းသည် မြတ်သော အသက်မွေးခြင်း ဖြစ်သနည်း။? 
#ဤလောက၌ ပညာဖြင့် အသက်မွေးခြင်းသည် သာလျှင် မြတ်သော 
အသက်မွေးခြင်း ဖြစ်သည်။ 

 ၅။ အမေး-အဖြေ ဤလောက၌ အဘယ်သို့သောအကြောင်းဖြင့် 
ကျော်စောခြင်းသို့ ရောက်ရှိနိုင်ပါသနည်း။? 
 #သစ္စာတရားဖြင့်သာ ကျော်စောခြင်းသို့ 
ရောက်ရှိနိုင်သည်။ 

၆။ အမေး-အဖြေ အဘယ်အကြောင်းဖြင့် 
အဆွေခင်ပွန်းတို့အား ဖွဲ့နိုင်ပါသနည်း။? #
ပေးကမ်းစွန့်ကြဲတတ်သော သူသည္သာ 
အဆွေခင်ပွန်းတို့ကို ဖွဲ့နိုင်ပါသည်။ 

၇။ အမေး-အဖြေ ဤလောက၌ အဘယ်အကြောင်းဖြင့် 
တမလွန်လောကသို့ ရောက်ရှိသည်ရှိသော် မစိုးရိမ်ပါသနည်း။? 
#အကြင် အိမ်ထောင်မှုကို ရှာမှီးလေ့ရှိသော ယံုၾကည္မႈရွိသူအား 
မှန်ကန်မှုဟူသော သစ္စာ၊ ပညာဟူသော ဓမ္မ၊ အားထုတ်မှုဟူသော ဝီရိယ၊ 
စွန့်ကြဲမှုတည်းဟူသော စာဂ၊ ဤတရား လေးပါးရှိသော သူသည်သာလျှင် 
တမလွန်ဘဝသို့ ရောက်သည်ရှိသော် မစိုးရိမ်ရချေ။ 

အာဠာဝကဘီလူးသည် မြတ်စွာဘုရား၏ ဖြေဆိုတော်မူခြင်းအပေါ်
ကျေနပ်အားရခြင်းနှင့်အတူ ကြည်နူးပီတိပါ ဖြစ်ရသည်။
 ထို့နောက် အာဠာဝကသည် သာဓုသုံးကြိမ် ခေါ်ဆိုပြီးနောက် ဘုရားရှင်အား ကြည်ညိုမြတ်နိုးစွာဖြင့် လက်အုပ်ချီကန်တော့လိုက်လေတော့သတည်း။

 (မူၾကိဳ ဆရာ) 🙏
ဘုရား၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ ဘေးရန်ကွာကျပါစေ🙏 🙏
တရား၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ ဘေးရန်ကွာကျပါစေ🙏 🙏
သံဃာ၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ ဘေးရန်ကွာကျပါစေ🙏 
ဗုဒၶံ သရဏံ ဂစၧာမိ ဓမၼံ သရဏံ ဂစၧာမိ သံဃံ သရဏံ ဂစၧာမိ 🙏အလုပ်အကိုင်အကြံအစည်များလည်းအောင်မြင်ပါစေ။🙏 🙏တရားထူးတရားမြတ်များလည်းရကျပါစေ။🙏 🙏
အပ္ပမာဒေန သမ္မာဒေထ🙏

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...