👉 ကိုယ့်ကြောင့် တစ်မိသားစုလုံး စိတ်ဝမ်းမကွဲစေနဲ့။
အပြစ်ကြီးတယ်။
👉 ကိုယ့်ကြောင့် တစ်ရပ်ကွက်လုံး စိတ်ဝမ်းမကွဲစေနဲ့။ အပြစ်ကြီးတယ်။
👉 ကိုယ့်ကြောင့် တစ်သင်းလုံး စိတ်ဝမ်းမကွဲစေနဲ့၊ အပြစ်ကြီးတယ်။
👌 "လူတွေကို ညီညွတ်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါစေ"လို့
ကိုယ့်ကိုယ် သံန္နိဋ္ဌာန်ပြုပါ။ 👌 အဲ့ဒီလို လောကကြီးကို အကျိုးပြုနိုင်တဲ့
ပုဂ္ဂိုလ်ပဲ ဖြစ်ပါစေ။
👐 နေရာတိုင်းမှာ ကြောက်စိတ်တွေ ပြန့်အောင် လုပ်ပြီးတော့၊
ပွားအောင် လုပ်ပြီးတော့ လူတိုင်းကို ကြောက်စိတ်နဲ့
လွှမ်းမိုးတဲ့ ပုဂ္ဂိုလ် မဖြစ်ပါစေနဲ့။
👐 "ကြည့်စမ်း ဟိုလူက နင့်ကို အဲ့လိုပြောတယ်"ဆိုရင်
ဒီဘက်ကလူ ကြောက်စိတ်ဝင်လာတယ်။
👐 အဲ့ဒီ ကြောက်စိတ်ကနေ မနာလိုတဲ့စိတ်၊ အဲ့ဒီလို ပုံစံမျိုးနဲ့
စိတ်ဝမ်းတွေကွဲကြတယ်။ အဲ့ဒီလို လုပ်တဲ့သူ မဖြစ်အောင် သတိထားကြပါ။
👍 မြတ်စွာဘုရားလက်ထက်က ရန်ဖြစ်တဲ့ ရဟန်း နှစ်အုပ်စုနဲ့ ဆက်စပ်ပြီး
နောက်ပိုင်းကျတော့ ပုထုဇဉ်ဖြစ်တဲ့ ဒကာတွေ၊ နတ်တွေကပါ စိတ်ဝမ်းကွဲသွားတယ်။
ဒါ့ကြောင့် သတိထားကြပါ။
🌸 သဘောထားကွဲပြားနေတဲ့ ရဟန်းတော်နှစ်ဖွဲ့ကို မြတ်စွာဘုရားက
ဆုံးမလို့ မနိုင်တဲ့အခါကျတော့ တောထဲကို ကြွသွားပြီးတော့
ပါလေယတောထဲမှာ ဝါတွင်းသုံးလ သီတင်းသုံးတယ်။
တိရစ္ဆာန်တွေက မြတ်စွာဘုရားကို ပြုစုကြတယ်။
စားစရာ၊ သောက်စရာတွေ လာပြီးတော့ပေးတယ်။
🌸 မြတ်စွာဘုရားရဲ့ မေတ္တာတော်ကြောင့် မြတ်စွာဘုရားနားမှာ
နေပြီးတော့ စားစရာတွေနဲ့ ဆင်တွေ၊ မျောက်တွေ
မြတ်စွာဘုရားနားလာပြီး ပြုစုကြတယ်။
🌸 မြတ်စွာဘုရားပျောက်နေတယ်ဆိုတာကို ဒကာတွေသိတာနဲ့
"မြတ်စွာဘုရား ဘာဖြစ်လို့ မရှိတာလဲ၊ ဘာလို့လဲ" မေးတဲ့အခါကျတော့
ဘုန်းကြီးတွေ စိတ်ဝမ်းကွဲလို့၊ အချင်းချင်းရန်ဖြစ်နေကြလို့၊
တစ်ဖက်နဲ့ တစ်ဖက် အတင်းတုပ်နေလို့၊ တစ်ဖက်နဲ့
တစ်ဖက် အဆိုးပဲ မြင်နေကြလို့ ဆိုတာ သိသွားတယ်။
🌸 ကောင်းကွက်တွေ အများကြီးပဲ။ ဝိနည်းဓိုရ်ဘက်ကလည်း ကောင်းကွက်တွေ
အများကြီးပဲ။ တကယ်ကြိုးစားပြီးတော့ သာသနာ့ဘောင်မှာ ပရိပတ်ကော
ပရိယတ်ရော ကြိုးစားနေကြတာ။ ဓမ္မကထိကတွေလည်း ဒီအတိုင်းပဲ။
ကြိုးစားပြီးတော့ လုပ်နေတယ်။
🌸 ဒီကြိုးစားတဲ့ကြားထဲက တခါတခါ သတိလစ်သွားရင်
ဒီလိုပဲ ကြောက်စိတ်တွေ ဝင်သွားပြီးတော့ "ငါ့ကို ဒီလိုပြောတယ်။
ငါ့ကို ဒီလိုပြောတယ်"။ "ငါ" ဆိုၿပီး ျဖစ္သြားၿပီ။
🌸 အဲ့ဒီလို အသွားမတော်တော့ တစ်လှမ်း၊ ပြောတဲ့စကားက
အဆင်မပြေတာ။ အဆင်မပြေတဲ့ စကားတစ်ခွန်းနဲ့ စိတ်ဝမ်းတွေ ကွဲကြတယ်။
🌸 အဲ့ဒီလို ဖြစ်တော့ ဒကာတွေက "ဒီအတိုင်းဆိုရင်တော့
ဒီရဟန်းတွေကို ဆွမ်းမလောင်းတော့ဘူး" ဆိုပြီးတော့ အသိဉာဏ်ရှိတဲ့ ဒကာတွေက ဆွမ်းမလောင်းတော့ဘူး။ ဘုရင်ကြီးကလည်း အဲ့ဒါကို သိလာပြီ။
ကျောင်းဒကာကြီးတွေလည်း အဲ့ဒါကို သိလာပြီ။
ဆွမ်းမလောင်းတော့ ရဟန်းတော်တွေ ထိခိုက်လာတယ်။
🌸 ဒါ့ကြောင့် ကွဲပြဲနေတဲ့ နှစ်ဖက်ကို ကိုယ်က ပြန်ပြီးတော့ ညီညွတ်အောင်
လုပ်တဲ့နေရာမှာ "ငါ ဘာလုပ်နိုင်တုန်း"။ ပိုပြီးတော့ ကွဲပြဲအောင် မလုပ်မိဖို့။
ကွဲပြဲနေတဲ့ပြဿနာ၊ စိတ်ဝမ်းကွဲနေတဲ့ ပြဿနာ ညီညွတ်အောင်လုပ်နိုင်ဖို့
ပထမဆုံး ကိုယ့်ကိုယ် စဉ်းစား။ အဲ့ဒီလို ဘေးပတ်ဝန်းကျင်ကနေ ဝိုင်းပြီးတော့
ကူညီလို့ ဒီရဟန်းတော်တွေ သူတို့ နောင်တရသွားတယ်။
နောင်တရတာမှ တကယ့်အစစ်ရတာ။
🌸 မြတ်စွာဘုရားကို သွားပြီးတော့ တောင်းပန်တယ်။
ဒကာတွေကိုလည်း ပြောတယ်။ "တို့မှားပြီ"။ ဒီလိုပဲ နှစ်ဖက်စလုံးက ဒီလိုပြောတာ။
အဲ့ဒါနဲ့ ဝါကျွတ်ပြီးတော့ မြတ်စွာဘုရား ဃောသိတာရုံကို ပြန်လာတဲ့အခါမှာ မြတ်စွာဘုရားဟောတာက လွယ်လွယ်လေးပဲ။ "သေခြင်းတရား
ရှိနေတယ်ဆိုတာကို မေ့နေတဲ့သူက ဒီလိုပဲ ဘာမှ မဟုတ်တာလေးနဲ့
စကားများတတ်တယ်" တဲ့။
🌸 ငါတို့ ရထားတဲ့ အချိန်က အကန့်အသတ်ရှိတယ်။
အချိန်က အရမ်းတန်ဖိုးရှိတယ်။ အဲ့ဒီလို သိတဲ့ပုဂ္ဂိုလ်က
အချိန်မဖြုန်းတော့ဘူး။ စကားမများတော့ဘူး။
🌸 ဒါ့ကြောင့် မရဏသတိ - ဘဝအချိန်အကန့်အသတ်ရှိတယ်လို့ သိတဲ့
အသိလေး အဲ့ဒီအသိလေးက နေ့စဉ်ဘဝကို နေတတ်အောင်သင်ပေးတယ်။
အဲ့ဒီအသိလေးက အခြေခံတယ်။
● စိတ်ကို သင်ကြားတဲ့နေရာမှာ မရဏအကြောင်း
မသိဘူးဆိုရင် သေတာ ကြောက်တယ်။
● သေတာကြောက်နေတယ် ဆိုရင် ဒီစိတ်က
လောကဓံဒဏ်ကို မခံနိုင်သေးဘူး။
ဘဝနေနည်း မနေတတ်သေးဘူး။ သေတာကြောက်နေတဲ့အခါကျတော့
နေရာတိုင်းမှာ ဒီအကြောက်တရားနဲ့ နေနေတာ။
● ဒီအတိုင်းနေပြီးတော့ စိတ်ညစ်ပြီးတော့လည်း မသေချင်နဲ့တဲ့။
စိတ်ညစ်ပြီးတော့ သေချင်တာက အဘိဓမ္မာလေ့လာဖူးတဲ့၊ အဘိဓမ္မာစာမေးပွဲ ဖြေဖူးတဲ့သူတွေသိတယ်။ စိတ်ညစ်ပြီးတော့ သေချင်တယ်ဆိုရင်လည်း
ဒေါသပဲ။ သေခြင်းတရားကို ကြောက်တယ်ဆိုတာလည်း ဒေါသပဲ။
ဒေါသဆိုရင် မိမိရဲ့ စိတ်ခံစားမှု emotion ဒဏ်ရာရနေတာနဲ့ တူတယ်။
● ဒါပေမဲ့ တကယ်ရှိနေတဲ့ ဒီသေခြင်းတရား၊ တကယ့်အမှန်တရားကို
လျစ်လျူမရှုနဲ့။ လျစ်လျူရှုမယ့်အစား ဆရာတော်ကြီးတစ်ပါး အမိန့်ရှိသလို
"မသေခင်မှာ အရင်သေကြည့်ပါ"တဲ့။ ဆိုလိုတာက မရဏသတိတရား ျပားပါ။
မသေခင်မှာ အရင်သေကြည့်ရင် တကယ်သေရမယ့်အချိန်မှာ သေတတ်တယ်။
မသေခင်မှာ အရင်သေထားတဲ့အခါကျတော့
မေသခင္မွာ ဘဝကို ေနတတ္တယ္တဲ့။
● အဲ့ဒီတော့ သေခြင်းတရားတကယ်ရှိတယ်။ အချိန်မရွေးသေနိုင်တယ်။
ဘယ်နေ့သေမယ်ဆိုတာ ပြက္ခဒိန်ထဲမှာ မှတ်သားထားတာ မရှိဘူး။
နေ့တိုင်းဖြစ်နိုင်တယ်။ Death has no calendar ဆိုတာ
သေခြင်းတရားက ပြက္ခဒိန်မရှိဘူး။
အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ

No comments:
Post a Comment