Thursday, November 28, 2019

နာမ်သည် ဦးနှောက်ထဲမှာပဲ ရှိသလား? ဟဒယထဲမှာပဲ ရှိသလား?

👴 မေး။ ။ တပည့်တော် အဘိဓမ္မာအောင်ပြီးပါပြီ ဘုရား။ အဘိဓမ္မာမှာ စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုပြီး တပည့်တော် သင်ခဲ့ပါတယ်။ အခုတော့ ဦးနှောက်ပိုင်းဆိုရင်ရာ လေ့လာဖူးပါတယ်။ တပည့်တော် စိတ်ထဲမှာ တပည့်တော်တို့က physical body မှာ တပည့်တော်တို့ အဘိဓမ္မာသင်တုန်းက မနောဓါတ်တို့ မနောဝိညာဏဓါတ်တို့ ဒီဓါတ်တွေက နှလုံးကနေပြီးတော့ စိတ်ကူးရှိတယ်။ အခုတော့ တပည့်တော်အနေနဲ့က တပည့်တော်ရဲ့ physical body ကြီးကို ဒီ brain ကြီးကပဲ control လုပ်နေသလား ဆိုပြီးတော့ တပည့်တော်မှာ စိတ်ထဲမှာ မရှင်းသလို ဖြစ်ပါတယ် ဘုရား။ 
အဲဒါ တပည့်တော်တို့ ဒုတိယအဆင့်မှာ နိဗ္ဗာန်သည် ရုပ်လော နာမ်လောဆိုပြီး မေးခွန်းရှိပါတယ်။ တပည့်တော်တို့က နိဗ္ဗာန်သည် နာမ်ဆိုပြီးတော့ တပည့်တော်တို့ ဖြေခဲ့ပါတယ်။ ဆိုတော့ တပည့်တော် မေးခွန်းက နာမ်သည် brain ထဲမှာပဲ ရှိသလား? ဟဒယထဲမှာပဲ ရှိသလား? ဆိုတဲ့ တပည့်တော်မှာ ဒွိဟဖြစ်ပါတယ် ဘုရား။ တပည့်တော် ရိုးသားစွာ မေးမြန်းခြင်းဖြစ်ပါတယ်။ 


★ မေးခွန်းကတော့ စိတ်ဝင်စားစရာကောင်းတယ်။ ဒါပေမဲ့ ဒီမေးခွန်းက ဦးနှောက်နဲ့ နှလုံးနဲ့ စိတ်နဲ့ ဒီသုံးခုဆက်စပ်ပုံ ပြဿနာ။ ဒီမေးခွန်းက နှစ်ပေါင်း(၇၀)ကျော်လောက် ရှိပြီထင်တယ်။ ဘုန်းဘုန်း ဖတ်မိသလောက်လေးပေါ့နော်။ 

 ★ ထိုင်းသံဃာတစ်ပါး ဒါတွေ အရမ်းလေ့လာတဲ့အခါကျတော့ ဂျာမန်လိုရော အင်္ဂလိပ်လိုရော နောက် ပါဠိကျမ်းစာရော ကျွမ်းကျင်တဲ့အခါကြတော့ နောက်ဘုရင်နဲ့ ရင်နှီးတော့ ဘုရင်ကထောက်ပံ့တဲ့ အထောက်အပံ့တွေနဲ့ ကူညီတဲ့ ပုဂ္ဂိုလ်တွေ များတဲ့အခါကျတော့ ဒီခေါင်းစည်းအကြောင်း ဒီပြဿနာအကြောင်း ဆရာတော်ရေးထားတဲ့ ထိုင်းလိုရေးထားတဲ့ စာအုပ်တစ်အုပ်ကို ဘုန်းဘုန်း က အင်္ဂလိပ်လို ဘာသာပြန်ထားတာ ရှိတယ်။ 

★ Buddhist Psychologist ဆိုတာ chapter တစ်ခုရှိတယ် ဒကာကြီးပြောတဲ့ခေါင်းစည်း။ Science က အရင်တုန်းက စိတ်ဆိုတာ မရှိပါဘူး Consciousness ဆိုတဲ့ဟာ Chemistry မှာလည်း မရှိဘူး Physic မှာလည်း မရှိဘူ Biology မှာလည်း မရှိဘူး။ ဒါပေမဲ့ Science က နှစ်ပေါင်း(၂၀) အတွင်းမှာ သူက အများကြီးကို ရှေ့ရောက်သွားပြီလေ။ 

★ ပြီးခဲ့တဲ့ ၂နှစ် ၂၀၁ရခုနှစ် နိုဝင်ဘာလမှာ လန်ဒန်မှာ သိပ္ပံပညာရှင်တွေ စုစည်းထားတဲ့ Royal Academy နောက်ပြီးတော့ Humanity ပညာရှင်တွေ စုစည်းထားတဲ့ British Academy အဲနှစ်ခု ပေါင်းပြီးတော့ Consciousness အကြောင်းတစ်ခုတည်းကိုပဲ ဆွေးနွေးတယ်။သိပ္ပံက အဲ့လောက်ထိ မြန်သွားပြီ။ 

★ #အရင်တုန်းက #ဦးနှောက်ကဒဏ်ရာရပြီးရင် ဘယ်လိုမှ #ကုလို့မရဘူးဆိုတဲ့ #အတွေးအခေါ်ရှိခဲ့တယ်။ #အဲဒီဟာကို တွေးရှိတဲ့ ဆရာကိုယ်၌ကကိုက သူက #နိုဘယ်လ်ဆုရတာ။ ဒါပေမဲ့ #သူရဲ့အယူအဆက #မမှန်တော့ဘူးလေ။ 

★ Neuroplasticity ဆိုတာ သီအိုရီ အသစ်ပေါ်လာတယ်။ ဦးနှောက်က ပြုပြင်ပြောင်းလဲ လို့ရတယ် plasticity. အခု ဒီနေ့ပြောတဲ့ဟာတွေ အကုန်လုံး neuroplasticity ပေါ်မှာ မူတည်တာ။ 

★ ဗုဒ္ဓတရားတော်အနေနဲ့ဆိုရင်တော့ #စိတ်က #ရုပ်ကိုပြောင်းစေတယ်၊ #ရုပ်ကလည်းပဲ #စိတ်ကိုပြောင်းစေတယ်။ ရုပ်က ဒကာကြီးက အဘိဓမ္မာလေ့လာထားတယ်ဆိုတော့ ပဋ္ဌာန်းအနေနဲ့ဆိုရင် စိတ်ကရုပ်ကို ပြောင်းစေတာ “ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ” ဖြစ်တာ။ 

★ ရုပ်ကနေပြီးတော့ စိတ်ကိုုပြန်ပြောင်းတယ်ဆိုရင် “အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ” ဖြစ်တာ။ ဒါတွေကတော့ ပဋ္ဌာန်းထဲမှာ ပစ္စည်းပြိုင်တွေအများကြီး လှည့်နိုင်တာပေါ့။ 

★ အသေးစိပ်မပြောဘဲနဲ့ ဘုန်းဘုန်းက ဘာပြောချင်တုန်းဆိုတော့ ဒကာကြီးမေးခွန်းက အများကြီးတော့ စိတ်ဝင်စားစရာကောင်းတယ် ဒါပေမဲ့ you know the world has moved. လောကကြီးက ရှေ့ကို အများကြီးရောက်သွားပြီ လေ့လာတဲ့ဟာက။ 

★ ဘုန်းဘုန်းတို့ အကြီးတန်း ဖြေတယ်ဆိုရင်လေ အမြဲတမ်းဖြေရတဲ့ မေးခွန်းတစ်ခုရှိတယ်။ “ဟဒယ” ၀ထ္ထုဆိုတာ ဟဒယ ဆိုတဲ့ စကားလုံးသည် မြတ်စွာဘုရား ကိုယ်တော်တိုင် မသုံးခဲ့ဘူးပေါ့။ 

 ★ “ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ” - ယံ ယံ ဓမ္မံ ဆိုတာ သူက မြတ်စွာဘုရားက နိယတ အနိယတ အဲဒီ စကားလုံးတွေနဲ့ pronoun တွေပဲ သုံးခဲ့တယ်။ ဘယ်လိုရုပ်မျိုးဆိုပြီး နာမည်အတိအကျ မဆိုခဲ့ဘူး။ 

★ အဋ္ဌကထာခေတ်ရောက်တဲ့အခါကျမှ #ဟဒယ ဆိုတဲ့ဟာ ဒီစကားလုံးက ပေါ်လာတယ်။ ဒီစကားလုံး ပေါ်လာတဲ့အခါကျတော့ ဟဒယဝတ္ထု မြတ်စွာဘုရားဟောထားတာ ဟောလား မဟောလားဆိုပြီး အကြီးတန်းလုပ်တဲ့ စာသင်သားတွေက အကုန်လုံးဖြေရတယ်။ 

★ ဘုန်းဘုန်းတို့လည်း အကြီးတန်းတုန်းက ဖြေခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအဖြေကတော့ ဘုန်းဘုန်းတို့က ဆရာသမားပေးတဲ့ အဖြေ ကိုယ်က ဒီတိုင်း ကျက်ပြီးတော့ဖြေခဲ့တာ။ #ဟဒယဝတ္ထုရှိတယ်။ 

 ★ အခု Madrid - မတ်ဒရစ် တက္ကသိုလ် ဘုန်းဘုန်း တရားသွားဟောတာ သုံးနှစ်ရှိပြီ။ စိတ်ဝင်စားစရာကောင်းတယ် Neurology department နဲ့ Psychology department က Psychology department က ဗုဒ္ဓဘာသာကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ 

★ သူတို့က အမေရိကန်တက္ကသိုလ်တွေက Neurology အရမ်းစိတ်ဝင်စားတော့ ဦးနှောက်တွေ လေ့လာကြတယ်တဲ့။ ဒို့က ဦးနှောက်လေ့လာမယ်ဆိုရင် သူတို့နောက်ကိုပဲ လိုက်ရမှာ သူတို့လုပ်ပြီးသား များတယ်ပေါ့။ သူတို့မလေ့လာသေးတဲ့ဟာ တစ်ခုလေ့လာတယ်။ သူတို့က ဟဒယဝတ္ထု လေ့လာတယ် ဒကာကြီးရေ။ 

★ အဲဒါ သုံးနှစ်ကျော်ရှိပြီ။ မကြာခင် သူတို့စာတမ်း ထွက်လိမ့်မယ်။ စာအုပ်လည်းထွက်လိမ့်မယ်။ ဘုန်းဘုန်းက မေးတယ် “ဒါ အရမ်းစိတ်ဝင်စားစရာကောင်းတယ် ပြောပြပါအုန်း” မေးတဲ့အခါကျတော့ “အရှင်ဘုရားတဲ့ ဒါ အချိန်မရောက်သေးဘူးတဲ့” 

🙂 Confidential ဖြစ်နေသေးတယ် ပြောပြလို့ မရဘူး။ 
★ “ကျုပ်က ခင်ဗျားတို့ တက္ကသိုလ်မှာ သုံးနှစ်သုံးမိုးလာပြီးတော့ စာသင်ပေးတာ အရိပ်အမြွတ်လေးတော့ ပြောပါ” ဆိုတော့ ဘာပြန်ပြောတုန်းဆိုတော့ “#ဗုဒ္ဓဘာသာ #ပြောတာမှန်တယ်တဲ့။” “#ဟဒယဝတ္ထုရုပ် #ရှိတယ်” တဲ့။ 

★ အခု ဘုန်းဘုန်း ဒီစာအုပ်ထဲမှာ မပါသေးဘူး မပါပေမဲ့ Compassion အကြောင်း ကရုဏာအကြောင်း လေ့လာတဲ့ သိပ္ပံပညာရှင်တွေ ပြောထားတာ ဦးနှောက်ဘယ်လို ပြောင်းလဲတယ်ဆိုတာတော့ ဒီနေ့လည်း ဘုန်းဘုန်း အများကြီးရှင်းပြခဲ့တယ်။ 

 ★ နှလုံးက ဘယ်လိုပြောင်းတယ်ဆိုတာ သူတို့ စပြီးတော့ပြောတယ်။ အဲဒီ Madird တက္ကသိုလ်က သုတေသနထွက်လာရင်တော့ ဘုန်းဘုန်းထင်တယ် ဒကာကြီးလည်း ဒီမေးခွန်း မေချင်မှ မေးတော့မယ်။ မေးခဲ့ရင်လည်း ဘုန်းဘုန်းက ပိုဖြေနိုင်မယ်။ ★ အခုတော့ ဒကာကြီးလည်း ဒီလောက်ပဲ မေးတယ် ဘုန်းဘုန်းလည်း ဒီလောက်ပဲ ပြန်ဖြေနိုင်တယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...