Thursday, November 28, 2019

ပိုးကောင်လေးတွေ သတ်လိုက်တဲ့ အချိန်အခါမျိုးမှာ?

 အချိန်မရလို့ ပိုးကောင်လေးတွေကို သတ်လိုက်သလိုဖြစ်တဲ့
အချိန်အခါမျိုးမှာ ဘယ်လိုစိတ်ထားရမလဲ?
👱‍♀️ မေး။ ။ ဘုရားတပည့်တော်မသိချင်တာက တပည့်တော်မတို့ နေ့စဉ် ငါးပါးသီလကို ခံယူဆောက်တည်ကြတယ်ပါ့နော်။ မဖြစ်မနေ လိုအပ်လို့ ထမင်းချက်ရင်ပဲဖြစ်ဖြစ်ပေါ့ ဆန်ပိုးလေးတွေ ပါလာတယ်။ ဒါပေမဲ့ ကိုယ်က သိနေတယ်။ မဖြစ်မနေ ဆေးရတယ်။ ဖယ်ဖို့ အချိန်လည်း မရှိဘူး အဲဒီလိုလုပ်ဖို့လည်း အချိန်က ဘယ်လိုမှ မပေးနိုင်ဘူးပေါ့နော်။ အဲဒီအခါကျရင် ဘယ်လိုမျိုး စိတ်ထားထားရမလဲ ဆိုတာလေး မေးချင်ပါတယ် ဘုရား။ 💡 

ဖြေ။ ။ ★ ဆရာမက ကရုဏာနဲ့ သတ်ရမယ်လို့ ပြောတာလား? 

🙂 ဘာဖြစ်လို့တုန်းဆိုတော့ Mercy killing ဆိုတာ ခရစ်ယာန်ဘာသာမှာ ရှိတယ် သနားလို့ သတ်လိုက်တာ၊ ဗုဒ္ဓဘာသာ မရှိဘူး။ တခြား ဘာသာတွေမှာ ရှိတယ်။ 

★ ဒီနေရာမှာ ဆရာမပြောတဲ့တာ စိတ်ဝင်စားတာတော့ #အချိန်မရှိဘူးဆိုတာပဲ။ #ကရုဏာအတွက် #အချိန်မရှိဘူး။ ငါက ဗို်က်ဆာနေပြီ ဒီပိုး နင်ပြေးရင်ပြေး အလွတ်ပြေးရင်ပြေး မပြေးရင် ပါသွားမယ်။ 

★ YouTube ထဲမှာလေ intensive ထဲမှာ အလုပ်လုပ်တဲ့ ပါမောက္ခကြီးတစ်ယောက် သူ သုတေသနလုပ်ထားတယ်။ 40 seconds of compassion can save a life တဲ့။ #စက္ကန့်လေးဆယ်ပဲကြာပါတယ်တဲ့ #ကရုဏာလုပ်ဖို့။ YouTube ထဲမှာရှာကြည့်။ စက္ကန့်လေးဆယ်ပဲ။ 

★ အချိန်မရှိဘူးဆိုပြီးတော့ ဆရာဝန်တွေကပြောပြီးတော့ #ဆရာဝန်တစ်ဝက်ကျော်က #လူနာသာကုတာ #စိတ်ထဲမှာ #ကရုဏာမရှိဘူးတဲ့။ ဒါ အမေရိကားမှာ အဲဆရာဝန်ကြီးပြောတာ။ Abstract တစ်ထောင်ကျော် သူ review လုပ်တယ် နောက် scientific case ကရုဏာနဲ့့ပတ်သတ်တဲ့ဟာ နှစ်ရာကျော် သူဖတ်တယ်။ သူကိုယ်တိုင်လည်း သုတေသန လုပ်ကြည့်တယ်။ 

🔺အချိန်မရှိဘူး အချိန်မရှိဘူး #ကရုဏာအတွက် #အချိန်မရှိဘူးပြောတာ။ ★ ထမင်းချက်ဖို့လုပ်နေတယ် ပြီးရင် ကျောင်းသွားရမယ်။ အလုပ်တွေရှိသေးတယ် ငါ့အပြစ်မဟုတ်ဘူး နင့်အပြစ်ပဲ။ ဒီပိုးတွေလေ။ 

★ ဘုန်းဘုန်းက ရှမ်းလူမျိုးပါ တချို့ရှမ်းလူမျိုးတွေက #ကရုဏာအတွက် #အချိန်မရှိတော့ ဘာပြောတုန်းဆိုတော့ #ဒီထဲမှာရှိတဲ့ပိုးကိုတဲ့ #သူရဲ့နေ့နံပြောင်းလိုက်မယ်။ 
★ နားလည်လား နေ့နံပြောင်းတာ။ မွေးနေ့ပြောင်းလိုက်မယ်။ သူက တနင်္လာနေ့မွေးတယ်ဆိုရင် သူသေသွားတဲ့အခါ နောက်တစ်နေ့ အင်္ဂါနေ့ ပြန်ဖြစ်ရင် ဖြစ်မှာပေါ့။ သတ်လိုက်မယ်လို့ ပြောတာ။ 

★ သူ့ နေ့နံကို ပြောင်းပစ်မယ်ဆိုတာလေ။ မွေးနေ့ကို ပြောင်းပစ်မယ်။ မွေးနေ့ ပြောင်းဖို့အတွက် လူက သေမှ ပြောင်းလဲမှာလေ။ ဟုတ်တယ်မို့လား? အရမ်းဆိုးတာ။ ရှမ်းတွေတော့ စိတ်ဆိုးတော့မှာပဲ 🙂 🍃 အဲတော့ #ကရုဏာရှိတဲ့ပုဂ္ဂိုလ်က #အချိန်များပါတယ်။ 

★ ကရုဏာရှိရင် ဦးနှောက်က ဒီရှေ့မှာ ရှိတဲ့ Insular - အင်စူလာ ဆိုတဲ့ ဦးနှောက်ရယ် နောက် ACC ဆိုတဲ့ Anterior Cingulate Cortex ဆိုတဲ့ ဦးနှောက်၊ အဲ့ဦးနှောက် အလုပ်လုပ်တဲ့ အခါကျတော့ decision making ဆုံးဖြတ်တဲ့နေရာမှာ သူက နှစ်ခါ သုံးခါ မလုပ်ရဘူး။ ★ တခါတခါ ဆုံးဖြတ်မယ်ဆို အကြာကြီး မစဉ်းစားရဘူး။ ဒီစာအုပ်လေးက ပြောပါတယ်။ 

🔺 စိတ်ဖိစီးမှုများတဲ့ပုဂ္ဂိုလ် #ဒေါသများတဲ့ပုဂ္ဂိုလ် အဲပုဂ္ဂိုလ်တွေက အလုပ်တစ်ခုကို #အချိန်ပိုယူပြီးတော့ #လုပ်ရပါတယ်။ ဒါ သုတေသန တွေ့ရှိချက်ပါ။ 

★ တရားထိုင်ချင်တဲ့လူတဲ့ စိတ်ဖိစီးမှု နည်းအောင် လုပ်ချင်တဲ့လူ စာရင်းပေးပါ။ လုပ်ငန်းခွင်မှာပဲ သင်ပေးတယ်။ သင်တာ နည်းနည်းမဟုတ်ဘူး တစ်နေ့ကို နှစ်နာရီ ထိုင်ခိုင်းတာ အလုပ်ခွင်မှာ တစ်နာရီမှာ အိမ်မှာ တစ်နာရီ။ အလုပ်ခွင်မှာ တစ်နာရိဆိုတာ တစ်ကြိမ်ပေါ့နော်။ မိနစ်(၃၀) နှစ်ခါ ထိုင်။ 

★ (၈)ပတ် နှစ်လကြာလာတဲ့အခါကျတော့ အဲဒီလူတွေက သူများထက် ရာခိုင်နှုန်း(၃၀) ပိုပြီးတော့ အလုပ်လုပ်တယ် efficient ဖြစ်တယ် ပိုထိရောက်တယ်။ အချိန်တွေလည်း ပိုထွက်လာတာ။ 

★ အဲလို အချိန်မရှိဘူးဆိုပြီးတော့ ဘုန်းဘုန်းတို့က ဆန်နဲ့့ပိုးနဲ့ ရောပြီးတော့ ဆေးလိုက်တယ်ဆိုရင် သူရဲ့ဆိုးကျိုးက ဘာတုန်းဆိုတော့ ဒီ anexity စိတ်ဖိစီးမှုက တခြားနေရာကို ကူးသွားတယ်။ နေရာတိုင်းမှာ ဘုန်းဘုန်းတို့က လောလော လောလော နဲ့ ဘဝကို ဖြတ်ကျော်ရတယ်။ 

★ ဦးနှောက်အလုပ်လုပ်တဲ့နေရာမှာ Efficiency က ကွာတဲ့အခါကျတော့ #စိတ်ဖိစီးမှုရှိတဲ့ဦးနှောက်နဲ့ #ကရုဏာရှိတဲ့ဦးနှောက် #Efficiency က ကွာတယ် #ထိရောက်မှုခြင်းကွာတယ်။ အဲလိုကွာတဲ့အခါကျတော့ #ဘဝကို #enjoy လုပ်တာလည်း #ကွာပါတယ်။ 

★ ဒါကြောင့် ဆန်ထဲမှာရှိတဲ့ ပိုးလေးတွေကို မသနားနိုင်သေးခင် #ကိုယ့်ကိုယ်ကို #အရင်သနားရမယ်။ #ကံတွေ #ဒီအကုသိုလ်ကံတွေ #တစ်ဘဝပြီးတစ်ဘ၀ #မလိုက်အောင် နံပါတ်တစ်။ ★ နောက်တစ်ခုက ဒီမှာ ရှိတဲ့ stress တွေ ဒီနေ့ရှိတဲ့ stress တွေ မနက်ဖြန် တိုးမလာအောင် ဖြစ်နိုင်ရင် ၅% လောက် လျော့သွားအောင် နောက်တစ်နေ့ နောက်ထပ် ၅%လောက် လျော့သွားအောင် အဲဒါ ၁၀-ရက်ဆို တစ်ဝက်လျော့သွားတယ်။ 

★ ဒီ stress တွေ ကိုင်တွယ်နိုင်ဖို့က နှစ်ခုရှိပါတယ်။ တစ်ခုက Attention နောက်တစ်ခုက Attitude. Attention ဆိုတာ သတိတရား - သမ္မာသတိ မဂ္ဂင်(၈)ပါးထဲမှာ။ Attitude ဆိုတာ သမ္မာဒိဋ္ဌိ နဲ့ သမ္မာသင်္ကပ္ပ မှန်ကန်တဲ့အမြင် ရှိရမယ်တဲ့။ 

★ ငါက အချိန်မရှိဘူး ငါက ဆရာမ ကျောင်းသားကျောင်းသူတွေက သူတို့က အချိန်အများကြီးရှိတယ်။ ငါ သူတို့အတွက် လုပ်ပေးရတာ။ သူတို့ကျ သူတို့အတွက်ပဲ လုပ်ရတာ။ ငါကျ တစ်တန်းလုံးအတွက် လုပ်ရတာ။ အဲဒီစိတ်ထားရင် အဲဒီ attitude မမှန်သေးဘူး။ 

 ★ အဲဒီ ကျောင်းသားကျောင်းသူတွေ stress သိပ်များပါတယ်။ သူ့အရွယ်နဲ့ သူ့ context နဲ့ သိပ်များပါတယ်။ အဲဒါကြောင့် “သြော် stress များတဲ့ ကလေးတွေ ငါ့လိုပဲ stress များတယ်” ကိုယ့်ကိုယ်ကို ကရုဏာပွားလိုက် သူတို့ကို ကရုဏာပွားလိုက်။ ဒါဆိုရင် လွယ်လွယ်ကူကူ စိတ်မဆိုးတော့ဘူး။ 

★ စိတ်ဆိုးတယ်ဆိုတာ အဲဒီအချိန်မှာ ထုတ်တဲ့ ဟော်မုန်းက cortisol ဆိုတဲ့ ဟော်မုန်း ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်တယ်။ အဲဒီ cortisol ဟော်မုန်းကနေပြီးတော့ ဦးနှောက်ကို ရောက်သွားပြီးတော့ amygdala ဆိုတဲ့ အဲဒီ fear center #ကြောက်စိတ်ဖြစ်စေတဲ့ #ဦးနှောက်ကို #activate လုပ်လိုက်ရင် #ဘယ်သူ့ပဲကြည့်ကြည့် #သံသယနဲ့ပဲ ကြည့်တော့တယ်။ အဲလိုမျိုး ဖြစ်တတ်တယ်။ ★ ဒါကတော့ နှစ်ပေါင်း ၂၆၀၀က ဗုဒ္ဓရဲ့ စိတ်ပညာကို အခု သိပ္ပံပညာရှင်တွေ သုတေသန လုပ်တဲ့ဟာနဲ့ ရောပြီးတော့ ရှင်းပြတာ။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...