Thursday, November 28, 2019

သုံးကြိမ်ဦးချတာနဲ့ ငါးကြိမ်ဦးချတာ ဘာကွာပါသလဲ ?

👩 မေး။ ။ ဦးချလို့ရှိရင် ဗုဒ္ဓံ ဓမ္မံ သံဃံ ဆိုပြီးတော့ သုံးခါချတာရယ် ဗုဒ္ဓံ ဓမ္မံ သံဃံ မိဘဆရာဆိုပြီးတော့ ငါးခါ ချတာရယ် အဲမှာ သမီးကြားဖူးတာ တစ်ခုကကြတော့ ရတနာသုံးပါးကို ဦးချတာကျတော့ ထေရဝါဒ ဖြစ်ပြီးတော့ အနန္တောအနန္တငါးပါးကို ဦးချတာကြတော့ မဟာယာနဘက်ကို ဦးတည်တယ်လို့ ပြောတာကြားဖူးလို့ အဲ့နှစ်ခုက ဘာကွာလဲ သိချင်ပါတယ် ဘုရား။ နောက်ပြီးတော့ ဘယ်ဟာပိုပြီးတော့ 
သင့်တော်ပါလဲဆိုတာ သိချင်ပါတယ် ဘုရား။ 💡

ဖြေ။ ။ ★ သမီးက သုံးကြိမ်ဦးချလား? ငါးကြိမ် ဦးချလား? (သမီးက ငါးကြိမ်ဦးချပါတယ် ဘုရား) သမီးက ဘယ်နှစ်ကျောင်းသူပါလိမ့်။ (first year ပါ ဘုရား) အဲဒါကြောင့် ပထမဆုံးနှစ် ဘုန်းဘုန်း ဒီမှာ ဟောတဲ့တရားလေ မူလတန်ဖိုးနဲ့ ယဉ်ကျေးမှုတန်ဖိုး ဆိုတာ ရှိပါတယ်။ 
★ ယဉ်ကျေးမှု တန်ဖိုးဆိုတာက အပြင်မှာကိုယ်တွေ့ရတဲ့ဟာပေါ့။ 

သုံးကြိမ်ရှိခိုးတာ ငါးကြိမ်ရှိခိုးတာ ဒါက #အပြင်ကတန်ဖိုး။ သူရဲ့ မူလ ပကတိတနျဖိုးက ဘာတုနျးဆိုတော့ မငျ်ဂသုတျထဲမှာ ပါတဲ့ “ဂါရဝေါ စ နိဝါတော စ” တဲ့ အဲ့ဒီ value. 


 🍃“ဂါရဝ” တရားဆိုတာက #သူများကိုလေးစားတာ #သူများကိုယုံကြည်တာ။ #ဂါရဝဆိုတာက #တခြားလူတွေရဲ့အရည်သွေးကို #အလေးထားတာ။ 🍃 “နိဝါတ” ဆိုတာ ကိုယျရဲ့အရညျအသှေးကို လမေထှားတာ။ “ဝါတ” ဆိုတာက လေ၊ “နိ” ဆိုတာက မရှိတာ။ အဲတော့ “နိဝါတ” က ကိုယျ့ကိုယျကို focus လုပျတယျ။ 


 ★ မြတ်စွာဘုရားကလည်း သုံးကြိမ် ရှိခိုးရမယ် ငါးကြိမ် ရှိခိုးရမယ် ဒီလို မိန့်ထားတာ မရှိပါဘူး။ ကိုယ်ရဲ့ နှလုံးသားထဲမှာ ဒီနေ့ ဘုန်းဘုန်းရှင်းပြတဲ့ဟာဆိုရင် ကောင်းတဲ့ oxytocin ဆိုတဲ့ ဟောမုန်းတွေ ထွက်လာပြီးတော့ ဦးနှောက်တွေပြောင်းသွားအောင် စိတ်တွေပြောင်းသွားအောင် အဲလိုလုပ်ရမယ်။

★ အမှားအမှန်ကတော့ ထေရဝါဒ ကနေ မဟာယာနကို နိမ်တာမျိုးတွေ မဟာယနကနေ နိမ်တာမျိုးတွေ ဘုန်းဘုန်းက အဲဒီ ဂိမ်း မကစားဖူး။ 
★ ထေရဝါဒ မဟာယာန စုပေါင်းပြီးတော့ စာအုပ်တစ်အုပ်ရေးတယ် ရ-နှစ်ကြာပါတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံကြည်တာတွေ အများကြီးပဲ။ ပထမဆုံးတစ်နှစ်လောက် ဘာမှ မရေးနိုင်ဘူး။

★ နှစ်ကြိမ်တိုင်တိုင် seminar လုပ်တယ် တကမ္ဘာလုံးက လာပြီးတော့ ဆယ်နိုင်ငံ၊ မလုပ်နိုင်ဘူး။ ဘုန်းဘုန်းက အဲဒီကော်မတီရဲ့ ဥက္ကဋ္ဌလုပ်ရတယ် အဲတော့ တစ်ဖက်နဲ့တစ်ဖက် ပိုပြီးတော့ သံသယဖြစ်စေမယ့်ဟာတွေ ဘုန်းဘုန်းက မြန်မာလိုလည်း မပြောဘူး အင်္ဂလိပ်လိုလည်း မပြောဘူး။

★ တကယ်လို့ သူ့ဟာသူ အများရဲ့ တန်ဖိုးကိုထားပြီးတော့ ဂါရ၀ ရှိတဲ့ ပုဂ္ဂိုလ်ဆိုရင် သုံးကြိမ် ရှိခိုးတဲ့ ပုဂ္ဂိုလ်က ငါးကြိမ်ရှိခိုးတဲ့ ပုဂ္ဂိုလ်နဲ့ ရန်ဖြစ်စရာ မရှိပါဘူး သမီး။ 

အဲဒါကြောင့် စိတ်ထဲမှာ ကြည်ကြည်လင်လင်ထားပါ။ 
★ ဘုန်းဘုန်းတို့ အနန္တော အနန္တငါးပါးလုပ်တယ်ဆိုတာ ဒါကတော့ ဗဟုသုတအရပေါ့ အနန္တော အနန္တကို တနေရာတည်းမှာ ဖော်ပြထားတာ ပိဋကတ်ထဲမှာ မရှိပါဘူး။

ဒါပေမဲ့ ရတနာသုံးပါးကို တစ်နေရာမှာ ဖော်ပြတယ် မိဘကို တစ်နေရာမှာ ဖော်ပြတယ် ဆရာသမားကို တစ်နေရာ ဖော်ပြတယ်။ ★ အဲဒါကို မြန်မာနိုင်ငံက ဆရာတော်တွေက တစ်ပေါင်းတည်းပေါင်းပြီး အနန္တော အနန္တငါးပါး လုပ်ထားတာ။ တခြားဗုဒ္ဓဘာသာ နိုင်ငံမှာတော့ မရှိပါဘူး။ ဒါ မြန်မာနိုင်ငံမှာပဲ ရှိတဲ့ဟာပါ။

★ တိဘတ်တွေ ငါးခုရှိတယ်ဆိုတာက ဗုဒ္ဓရယ် ဓမ္မရယ် သံဃ့ရယ် ဘုရားအလောင်းရယ် ဆရာသမားရယ်။ သူတို့ ငါးခု သူ့ငါးခုက ဘုန်းဘုန်းတို့ အနန္တော အနန္တငါးပါးနဲ့ မတူပါဘူး။ ဒါပေမဲ့ အဲဒီ ငါးခုကလည်း အဆိုးမဟုတ်ဘူးပါဘူး။ ထေရဝါဒအနေနဲ့ ဘာမှ ငြင်းစရာမရှိပါဘူး။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...