Thursday, November 28, 2019

လူသားတွေက ပျော်ရွှင်မှုနဲ. စိတ်ချမ်းသာမှု

လူသားတွေက ပျော်ရွှင်မှုနဲ. စိတ်ချမ်းသာမှု  
ဖန်တီးတဲ့နေရာမှာ အရမ်းတော်ပါတယ်
🎂 ဒီနေ့ ဆွ မ်းဟင်းတွေ ကြိုးစားပြီး ချက်ထားတယ်လေ အရမ်းဘုဉ်းလို့ကောင်းတယ်။ နောက်ပြီးတော့ အဝတ်အစားတွေ ကြည့်မလား အဝတ်အစားတွေ လှလှပပချုပ်ထားတယ်။ ချုပ်ပြီးတော့ ၀တ်လိုက်တဲ့အခါမှာ စိတ်ချမ်းသာသွားတယ်။ 

🔺 အဲလို စိတ်ချမ်းသာအောင် လူသားတွေက လုပ်တတ်တယ်။ ဒါပေမဲ့ #ဖန်တီးထားတဲ့ #စိတ်ချမ်းသာမှုကို #တည်မြဲအောင် sustainability, sustainable ဖြစ်အောင် အဲဒါ #လူသားတွေက #တော်တော်ညံ့ပါတယ်။ တော်တော်ညံတယ်။ 

 🎂 သြဥငှက်ဆိုရင်လေ ဒါ စိုင်းထီဆိုင် သီချင်းကို ကိုးကားတာလေ။ 
သီချင်းတစ်ပုဒ်ထဲဆိုတယ် မပျင်းဘူး။ တခါမှ မပျင်းဘူး။ ဘယ်လူသားကမှ အဲလို မဆိုနိုင်ဘူး။ သီချင်းကောင်းကောင်းရေးတယ်၊ သူတို့ရေးတဲ့ သီချင်းကိုပဲ သူတို့က ပြန်ပြီးတော့ မခံစားနိုင်တော့ဘူး ကြာလာရင် စိုင်းထီးဆိုင် အပါအဝင်ပဲ။ 

🎂 ဒီနေ့ ဆွမ်းဟင်းတွေ အင်မတန်မှ အရသာရှိပါတယ်။ မနက်ဖြန် မယ်တော်ကြီး ဒေါ်ရွှေဥက ထပ်ပြီးတော့ ကပ်ချင်တယ်ဆိုရင် တော်ရုံတန်ရုံ တရားမထိုင်ထားရင်လေ အဲဒီဟင်းကို ဒီနေ့လို အရသာရှိအောင် မဘုဉ်းနိုင်ဘူး။ ပရိတ်သတ်လည်း ဒီနေ့လို အရသာရိိှအောင် မစားနိုင်ဘူး။ 

🎂 အဲဒါကြောင့် အိမ်မှာဆိုရင် ဟင်းတွေမထပ်အောင် ကြိုးစားကြတယ်။ ဘာဖြစ်လို့ ကြိုးစားတုန်းဆို ရှိတဲ့ ဒီဟင်းကောင်းကောင်းတွေက ပေးတဲ ့စိတ်ချမ်းသာမှု အဲ စိတ်ချမ်းသာမှု ကိုုယ်က retain မလုပ်နိုင်လို့ ဆက်လက်ပြီးတော့ မထိန်းထားနိုင်လို့။ 

🎂 မထိန်းထားနိုင်ဘူးဆိုတာ ဘုန်းဘုန်းက ဟင်းအသစ်တွေ အသစ်တွေ ဒီနေ့စားလိုက်တဲ့ဟင်းတွေ အဲဒီ သတ်သတ်လွတ်ဆိုလည်း သတ်သတ်လွတ်ဟင်းသီးဟင်းရွက်တွေ စိုက်ဖို့အတွက်မြေ ဘယ်လောက်လိုတုန်း။ မနက်ဖြန်ကျတော့ ဒီဟာထပ်ပြီးတော့ မဘုဉ်းတော့ဘူးဆိုတော့ နောက်ထပ်မြေအသစ် ထပ်ပြီးတော့ အသုံးပြုရတယ်။ 

🎂 #အမယ်မထပ်အောင်လုပ်ရတဲ့ဒုက္ခက #လူသားရဲ့ #စိတ်ကပေးတဲ့ဒုက္ခ။ အဲဒါကြောင့်မို့လို့ စိတ််ရဲ့ဒုက္ခကို ကျော်နိုင်တဲ့ပုဂ္ဂိုလ်ကတဲ့ တည်မြဲတဲ့ စိတ်ချမ်းသာမှုကို ရှာတွေ့ပြီ။ 
အဲဒါတော့ ဘယ်လိုလုပ်တုန်းဆို ကောင်းတာလေးကို နဲနဲတွေးကြည့်ပါ။ နေ့တိုင်းတွေးပါ။ ကောင်းတာလေး ကိုယ့်ဟာနဲ့ကိုယ် အများကြီးရှိတယ်။ 

🎂 မယ်တော်ကြီးဒေါ်ရွှေဥဆိုရင် တခါ ဆရာတော်ကြီးအကြီးကြီးတွေ စပြီးတော့ ဆရာတော်လေးတွေ စာသင်သားလေးတွေထိ ကြည့်ရှု့စောင့်ရှောက်တာ စာသင်သွားတယ် အာဟာရပျက်မှာစိုးလို့ ဆိုပြီး ဒီကနေပြီးတော့ နိုင်ငံခြားကို ပို့ပေးတာတွေ ရှိတယ်။ 

🎂 ဆရာတော်ကြီးတွေ အကြီးကြီးတွေဆိုရင်လည်းပဲ သီတဂူဆရာတော်ကြီးဆိုလည်း ဆေးရုံကအစ ဆောက်ပြီးတော့ လှူတယ်။ အဲလိုလုပ်ထားတဲ့ဟာကို လူတိုင်းလူတိုင်း နဲဲနဲ ကို်ုယ့်ဟာကိုယ် အချိန်လေးပေးပြီးတော့ ပြန်ပြီးတော့တွေးပါ။ 

🎂 #မောဒနာဆိုတာက #ပီတိဖြစ်အောင် #စိတ်ကိုလှုံ့ဆော်တာ #အနုဆိုတာက #မကြာခဏ။ #မကြာခဏစိတ်ကို #ပျော်ရွှင်အောင်တွေးတာနော်။ 

🎂 အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဘုန်းဘုန်းကလည်းပဲ တစ်နှစ်မှာ ပျော်ရွှင်ဖို့အတွက် Nov 22 ရက်နေ့ တစ်ရက်ထဲကိုပဲ စောင့်ရတယ်ဆိုရင် ကျန်တဲ့ ၃၆၄ ရက်က မပျော်တော့ဘူး။ အဲဒီလို ဖြစ်မယ်တဲ့။ 

🎂 ဒါကြောင့် ကုသိုလ်တခါလုပ်ထားပြီဆိုရင် အဲဒီကုသိုလ်အကြောင်း ခဏခဏ ပြန်တွေးပေးရင် ဦးနှောက်ပိုင်းဆိုင်ရာ ရှေ့က Hippocampus ဆိုတဲ့ ဧရိယာ သူ့ကို exercise လုပ်ရင် သူက active ဖြစ်တယ်။ သူက active ဖြစ်တယ်ဆိုရင် anxiety နဲ့ ပတ်သတ်ပြီး ဒီနောက်က Amygdala ဆိုတဲ့ ဦးနှောက်က အလုပ်မလုပ်ဘူး။ 

🎂 တော်ရုံတန်ရုံ စိတ်ညစ်စရာရှိလည်း စိတ်မညစ်တော့ဘူး။ အဲဒီလို စိတ်မညစ်မှ ပျော်ရွှင်နိုင်တာ။ အဲတော့ ကိုယ့်ဟာကိုယ် ပျော်ရွှင်အောင် တွေးရမယ်။ 

🎂 ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်တွေးပြီဆိုရင် challenge က ဘာတုန်းဆိုတော့ ကိုယ့်ထက်သာတယ်လို့ ထင်တဲ့လူနဲ့ တွေ့တဲ့အခါမှာ ကိုယ်ပျော်နိုင်သေးလား? အဲဒီချိန်မှာ ကိုယ်ပျော်နိုင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ပျော်ရွှင်မှုက တည်မြဲပါတယ်။ ပျော်ရွှင်မှု တည်မြဲတယ်။ 

🎂 အဲတော့ ဘယ်လိုလုပ်ရမှာတုန်းဆိုတော့ သူအဆင်ပြေတာကို ကိုယ်ပျော်နိုင်ရမယ်။ ဒီစိတ်ကို training လုပ်ထားရမယ် မွေးထားရမယ်။ အော် သူတို့လည်းပဲ ဒီလိုပဲ ကြိုးစားရှာတယ်။ မိသားစုအတွက် အဆင်ပြေအောင် ကြိုးစားရှာတယ်။ 

🎂 သူကြိုးစားတာလေး သတိရပြီးတော့ စိတ်ထဲမှာ ၀မ်းသာတယ်ဆိုရင် နောက်ပိုင်းကျတော့ သူဘယ်လောက်ထိပဲ ကိုယ့်ထက်သာနေပစေ ကိုယ့်စိတ်ထဲမှာ သူ့ကိုု ကြောက်ရွံ့တာ မရှိတော့ဘူး။ ငါ့ကို သူများ အထင်သေးသွားမလား သူလောက် မတော်ဘူး အဲလိုစိတ်မျိုး စိတ်ထဲမှာ မဖြစ်တော့ဘူး။ 

🎂 ဖြစ်နေသေးရင် ကိုယ့်ဟာကို တစ္ဆေခြောက်နေတာ။ ကိုယ်က လူအများကြီးထက်လည်းသာတယ် လူတော်တော်များများကလည်း ကိုယ့်ထက် သာတာရှိတယ်။ အဲဒါကြောင့် ပြိုင်တာ သူတို့နဲ့ပြိုင်တာ ဒါက အလုပ်မဟုတ်ဘူး။ 

🎂 သွားပြီးတော့ ပြိုင်တယ်ဆိုရင် ကိုယ့်အာရုံက သူများဆီမှာပဲရှိတယ်။ သူတို့လက်ထဲမှာပဲ ရှိတယ်။ ကိုယ့်ရဲ့အာရုံက။ သူတို့ပျော်ခွင့် ပေးမှ ကိုယ်ပျော်နိုင်တယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုသော့ချက် သူများလက်ထဲမှာ ရှိတယ်။ 

💝ဒါကြောင့် #ကိုယ့်ဟာကိုယ် #ပျော်နိုင်အောင်ထားနိုင်တဲ့ပုဂ္ဂိုလ်ကတဲ့ အဲဒါ သူက #တခါတည်း #သူများလည်း #ပျော်အောင်လုပ်နိုင်တဲ့ပုဂ္ဂိလ်။ 

🔺 ပြောျအောငျ မထားနိုျငျဘူးဆိုတာက အဆငျမပွတော နဲနဲတှေ့ပွီဆို မပြောျတော့ဘူး။ ကိုယျ့ကို လာပွိုငျတဲ့သူနဲ့တှေ့ရငျ မပြောျတော့ဘူး။ ကိုယျ့လောကျ မတောျတဲ့လူ အဲ့လူကလညျးကိုယျ့ကို ကိုယျနဲ့ တှေ့တဲ့အခါမှာ မခြီးမှမျးဘူးဆိုရငျ ဒါလညျး စိတျထဲမှာသိပျမပြောျတော့ဘူး။ 🎂 မယ်တော်ကြီးဒီနေ့ ၀တ်စားလာလိုက်တာ နုသွားတာပဲ။ တကယ်လို့ ဘုန်းဘုန်းက အဲလိုပြောဖို့ မေ့ရင် ကိုယ့်ဟာကိုယ် စိတ်ထဲမှာ ၀မ်းသာအောင် ကိုယ့်ဟာကိုယ်တွေးပါ။ ဘုန်းဘုန်းကတော့ စိတ်ထဲမှာ အမြဲတမ်းပြောပါတယ်။ ကဲ အားလုံ ကျန်းမာချမ်းသာကြပါစေ။ (သာဓု သာဓု သာဓု။) ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ 🙏🙏🙏 “ဆရာတော်ဘုရား၏သက်တော်(၅၅)နှစ်ပြည့် မွေးနေ့အနုမောဒနာသြဝါဒ (၂၂.၁၁.၂၀၁၉) (Chatrium hotel)” တရားတော်မှ ရေးသားပူဇော်ပါသည်။
Photo credit - Aung Kyaw Moe

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...