Thursday, November 28, 2019

မေတ္တာနဲ့ကရုဏာက ဘယ်လိုမျိုး ကွဲပြားပါသလဲ? (ဓမ္မအမေးအဖြေ)

👱‍♀️ မေး။ ။ ဘုန်းဘုန်းဘုရား မေတ္တာနဲ့ကရုဏာက 
ဘယ်လိုမျိုး ကွဲပြားပါသလဲ? 💡

ဖြေ။ ။ ★ အေး ကောင်းတယ် ဒီမေးခွန်းကောင်းတယ်။ ကရုဏာက 
သီးသန့်လာတာ မဟုတ်ပါဘူး သီးခြားလာတာ မဟုတ်ပါဘူး။ Package နဲ့လာတယ်။ အဲ package ထဲမှာ လေးခုပါတယ်။ တစ်ခုလုပ်ရင် ကျန်တဲ့ သုံးခုကလည်း လွယ်ကူသွားတယ်။ အလိုအလျောက် ရတယ်ဆို မဆိုလိုဘူး။ ဒါပေမဲ့ လွယ်သွားတယ်။ 

★ တစ်ခုခုကို 100% အားစိုက်ပြီးတော့ လုပ်တယ်ဆိုရင် ကျန်တဲ့ဟာတွေက 50% လောက် 40% 45% လောက် သူပါလာတယ်။  မေတ္တာနဲ့ကရုဏာက #မေတ္တာကနေ #ကရုဏာဖြစ်၊ မေတ္တာကနေ #မုဒိတာဖြစ်။ အဲဒါကြောင့် မေတ္တာ အရင်လာတယ် မေတ္တာ ကရုဏာ မုဒိတာ။ ★ ဘယ်လိုဖြစ်တာတုန်း? မေတ္တာက သူ့မှာ focus နှစ်ခုရှိတယ်။ 
 အဆင်ပြေတဲ့လူနဲ့ အဆင်မပြေတဲ့လူ။ အများစုတော့ အဆင်မပြေတဲ့
လူကို မေတ္တာထားနို်င်တယ်။ အဆင်ပြေတဲ့လူကျ မေတ္တာမထားနို်င်ဘူး။ 

★ လုံး၀ ၀တ်စရာ စားစရာမရှိလို့ ကိုယ့်အဝတ်အစားလာတောင်းရင် ပြန်ပေးချင်တယ်။ ကိုယ့်အတွက် အဝတ်အစားလှလှပပ တောက်တောက်ပြောင်ပြောင် ၀တ်လာတဲ့လူဆိုရင် အမြင်ကပ်တယ်။ 
★ အဝတ်အစားချို့တဲ့လူကို အဝတ်အစားပေးချင်တာ ဒါ ကရုဏာ။ 
သူ့ဟာသူ အဝတ်အစားတွေနဲ့ အဆင်ပြေပြီးတော့ တောက်တောက်ပြောင်ပြောင် 
ဖြစ်နေတဲ့လူကို လက်ခံတာ သူ့အတွက်ဝမ်းသာတာ ဒီမေတ္တာတို့ မုဒိတာတို့ 
နှစ်ခုစလုံးက မေတ္တာထဲမှာ ပါတယ်။ 

★ စာစကားနဲ့ပြောရင် #မေတ္တာက #အာရုံနှစ်ခုရှိတယ်တဲ့။ #ဒုက္ခိတအာရုံ နဲ့ #သုခိတအာရုံ။ ဒုက္ခိတအာရုံနဲ့ တွေ့တဲ့အခါမှာ မေတ္တာက ကရုဏာဖြစ်တယ်။ ကရုဏာ အရည်အသွေးရှိတယ်။ သုခိတာအာရုံနဲ့ တွေ့တဲ့အခါကျတော့ မုဒိတာ ဖြစ်သွားတယ်။ 

★ မေတ္တာဆိုရင် အများစုကတော့ “အဟံ အဝေရော ဟောမိ အဗျာပဇ္ဇောဟောမိ အနီဃော ဟောမိ သုခီအတ္တာနံ ပရိဟရာမိ” ဘယ်သူ ကျန်းမာပါစေ ချမ်းသာပါစေ ဟိုး တကမ္ဘာလုံး ကျန်းမာပါစေ ချမ်းသာပါစေ။ ဟိုအိမ်ကလွဲလို့ 
 🙂 ဟိုအိမ်က မနေ့ကမှ ရန်ဖြစ်ထားတယ်ဆိုတော့ သူမပါသေးဘူး။ 

★ “သဗ္ဗေသတ္တာ အဝေရော ဟောမိ အဗျာပဇ္ဇောဟောမိ” ဟိုး 
အိမ်ဘေးကလွဲလို့ အဲဒါမျိုးတွေလေ အဲဒါမျိုးကြတော့ မေတ္တာပို့တာ ကိုယ်က 
ပို့စရာ မေတ္တာ မရှိဘူး။ ပွားရအုန်းမှာ။ 

★ ပွားဖို့ဆိုတာ စိတ်ကို focus လုပ်ရတယ်။ Attention မှန်မှန်ကန်ကန် ပေးရတယ်။ #တရားထိုင်တယ်ဆိုတာ #ကရုဏာတရားပဲဖြစ်ဖြစ် #မုဒိတာတရား #မေတ္တာတရားဖြစ်ဖြစ် The Art of Attention! Attention ပေးတာ မမှန်ဘူးဆိုရင် ကိုယ့်ရဲ့ 
resource ကို သုံးတာ သူ မမှန်ဘူး။ 

★ မမှန်တဲ့အခါကျတော့ နားလည်မှုတွေလွဲပြီးတော့ မဖြစ်သင့်တဲ့ စိတ်ဆင်းရဲမှုတွေ ဖြစ်နေတာ။ အဲတော့ unpleasant situation ခက်ခဲမှုတွေ အဆင်မပြေမှုတွေကို ကြည့်ပြီးတော့ တရားမှတ်တတ်ရင် အဲဲ့ထဲမှာ မေတ္တာလည်းပါတယ် ကရုဏာလည်းပါတယ် မုဒိတာလည်းပါတယ်။ တနည်းအားဖြင့်ပြောရင် 🍃 ကရုဏာက မေတ္တာရဲ့ 50% 

🍃 မုဒိတာက မေတ္တာရဲ့ another 50% ဒီလိုပြောချင်တယ်။ (အဲဒီမှာ ဥပေက္ခာက ဘယ်နေရာမှာ ၀င်သွားလည်း ဘုရား) ★ #ဥပေက္ခာက ကရုဏာပွားတာလေ #မကြိုက်တဲ့လူကို #ကရုဏာထားနိုင်တယ်ဆိုရင် “ငါ” သိပ်နည်းသွားပြီ self-centered သိပ်နည်းသွားပြီ။ ကိုယ်မကြိုက်တဲ့လူ ကြီးပွားတာကို ကိုယ့်ကိုယ်ကို ဝေဖန်ဖူးတဲ့လူ အဲလူကြီးပွားတာကို ကိုယ်က စိတ်ထဲမှာ jealous မဖြစ်ဘူး။ 

★ Jealous လည်း မဖြစ်ဘူး၊ နောက်ပြီးတော့ envied လည်း မဖြစ်ဘူး၊ stable ဖြစ်တယ်ခေါ်တယ်။ Emotional stable ဖြစ်တယ်။ အဲလို stable ဖြစ်ရင် ဒုက္ခနဲ့တွေ့တိုင်း ကရုဏာဖြစ်၊ သုခနဲ့တွေ့တိုင်း မုဒိတာဖြစ်ဆိုတော့ balance ဖြစ်တယ်လို့ခေါ်တယ်။ 

★ Balance emotion ကို ဥပေက္ခာခေါ်တယ်။ ဗမာက ပြောတယ် ဥပေက္ခာက လျစ်လျူရှုလိုက်ဆိိုတာ အဲဒါ give up လုပ်တာကို ပြောတာ။ ဗြဟ္မစိုရ်ထဲမှာပါတဲ့ ဥပေက္ခာက give up မပါဘူး။ သူက it is very caring. ဥပေက္ခာက။ 

★ ဥပေက္ခာက ‘ဥပ’ ရယ် ‘ဣက္ခ’ ရယ်၊ #ဥပ က #နီးနီးကပ်ကပ် #ဣက္ခ က #ကြည့်တာ။ အနီးကပ် စောင့်ရှောက်တာ ဥပေက္ခာဆိုတဲ့ ပါဠိစကားက။ ဗမာက မေတ္တာတောင် မရှိသေးဘူး ဥပေက္ခာကနေ သွားစတာ။ အမှန်က ဥပေက္ခာ နောက်ဆုံးမှ လာတယ်။ အဲတော့… 

🔺 #မေတ္တာ #ကရုဏာ #မုဒိတာ ဒီသုံးခုကို #မကျော်သေးဘဲနဲ့ ဒီ 
#ဥပေက္ခာကို #ဘယ်လိုမှနားမလည်နို်င်ဘူး။ ★ လူတစ်ယောက်ကို ကူညီတယ် အဲလူတစ်ယောက်က ကိုယ့်ကို ပြန်ပြီးတော့ ဂရုမစို်က်လို့ thank you မပြောလို့ အဲလူကို စိတ်ဆိုးပြီးတော့ စကားမပြောဘူး ဥပေက္ခာ ပြုလို်က်တယ်။ 
ဒါက ဗမာ ဥပေက္ခာ popular ဥပေက္ခာ။ 
တရားထဲမှာ ပါတဲ့ ဥပေက္ခာ မဟုတ်ဘူး။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...