Saturday, January 18, 2020

ကရုဏာနဲ့ ဥပေက္ခာနဲ့ ဘယ်လောက်ကွားခြားလဲ?

▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တိုင်းပြုပြည်ပြု ကရုဏာစွမ်းရည် - ဓမ္မအမေးအဖြေ 👨
မေး။ ။ ဘုန်းဘုန်း ဘုရား တပည့်တော် စိတ်ထဲမှာ မရှင်းတာလေး လျှောက်ချင်ပါတယ် ဘုရား။ ပြဿနာတစ်ခုတွေ့ရင် ကရုဏာနဲ့ ထားပြီးဖြေရှင်းရမယ်လို့ ပြောတယ်။ တပည့်တော်မရှင်းတာ ကရုဏာနဲ့ ဥပေက္ခာနဲ့ ဘယ်လောက်ကွားခြားနေလဲ? တချို့ကျတော့လဲ သူ့ကို ဥပေက္ခာထားလိုက်ပါကွာ ကျွန်တော်တို့ အဖွဲ့အစည်းတွေမှာ ပြောကြတယ်။ 
သူ့ကို neglect လုပ်လိုက်ပါကွာဆိုတာ ဒါ ဥပေက္ခာရှုလိုက်တာ။ 
အဲဒါမှာ ကရုဏာနဲ့ ဥပေက္ခာရဲ့ ကွာဟချက်လေးကို 
တပည့်တော် သိချင်ပါတယ် ဘုရား။ 

💡 ဖြေ။ ။ ★ ဒီမေးခွန်းလေး မဖြေခင်မှာ ဘုန်းဘုန်း တစ်ခုပြောချင်တာက #ကရုဏာက #လက်လျှော့တာမဟုတ်ဘူးနော်။ အလျှော့ပေးတာ မဟုတ်ဘူး။ ကရုဏာက weakness မဟုတ်ဘူး။ 

★ ဥပမာ ဘုန်းဘုန်းက ကျောင်းသားတစ်ယောက်ကို စာလုပ်ခိုင်းချင်တယ်။ သူ့အတွက် အကျိုးရှိမယ်ထင်လို့။ သူက ဒါတော့ မလုပ်ချင်ဘူး ဒီဟာ အရမ်းခက်တယ်၊ ဒါလေးတော့ လျှော့ပေးပါ၊ အဲဒါမျိုးလာပြီးတော့ ဘုန်းဘုန်းကို ပြောတယ်ဆိုရင် ကရုဏာတကယ်ရှိရင် ဘုန်းဘုန်းက ဒါကို သဘောမတူဘူး။ 

★ သူ့အတွက် ကိုယ်က တကယ်တွေးတာကိုး၊ သူ့အကျိုးအတွက် တကယ်တွေးတာ။ အလွယ်တကူ အလျှော့ပေးလိုက်တယ်ဆိုရင် ကိုယ်က ကရုဏာဖြစ်ချင်မှ ဖြစ်မှာ။ ဒါကြောင့် ကရုဏာဆိုတဲ့ဟာက သူက easy way out, shortcut အဲဒါတွေကို အရမ်းမသုံးဘူး။ ပြဿနာနဲ့ engage လုပ်တာ။ 

★ ဒီနေရာမှာ ကရုဏာနဲ့ ဥပေက္ခာ ဘုန်းဘုန်းထင်တာ ဆရာပြောတဲ့ ဥပေက္ခာက မြန်မာဥပေက္ခာ ဖြစ်မယ်ထင်တယ် လျစ်လျူရှုတာ ပြောတာမို့လား။ လျစ်လျူရှုတာ ignore လုပ်လိုက်တာ။ အဲဒီ ဥပေက္ခာက ဗြဟ္မစိုရ်လေးပါးထဲမှာ ပါတဲ့ဥပေက္ခာ မဟုတ်ဘူးနော်။ ဒီဟာလေးတစ်ခုတော့ ဘုန်းဘုန်းက ရှင်းပြချင်တယ်။ 

 ★ မြတ်စွာဘုရားဟောထားတဲ့ ဥပေက္ခာက မေတ္တာရယ် ကရုဏာရယ် မုဒိတာရယ် 
ဒီသုံးခုရှိပြီးမှ ရနိုင်တဲ့ quality, မေတ္တာ၊ ကရုဏာ၊ မုဒိတာ သုံခုပေါ်မှာ အခြေခံတဲ့ ပိုပြီးတော့ refine ဖြစ်တဲ့ quality ပိုပြီးတော့ နူးညံ့တယ်၊ ပိုပြီးတော့ သိမ်မွေ့တဲ့ quality ပေ့ါ။ 

★ အဲဒီထဲမှာ သူက ဒီဗြဟ္မစိုရ်တရားထဲမှာ ပါတဲ့ ဥပေက္ခာက လျစ်လျူရှုတာမျိုး ကျောခိုင်းတာမျိုး မပါဘူး။ ကျောင်းသားတစ်ယောက်က စကားနားမထောင်ဘူး ကျောခိုင်းလိုက်တယ် ignore လုပ်လိုက်တယ်၊ ဒါကို မြန်မာ ပေါ်ပြူလာစကားမှာတော့ ဥပေက္ခာလုပ်တယ်လို့ ခေါ်တယ်။ ★ ဒါပေမဲ့ ဒီဥပေက္ခာက ဗြဟ္မစိုရ်ထဲက ဥပေက္ခာ မဟုတ်ဘူး။ 

ဒါကို ဘုန်းဘုန်း တရားတစ်ပုဒ်ဟောထားတယ် ၂၀၁၅တုန်းက “လျစ်လျူမရှုကျောမခိုင်းသောဥပေက္ခာ” ဆိုပြီး YouTube ပေါ်မှာ ရှိပါတယ် #လျစ်လျူမရှုကျောမခိုင်းသောဥပေက္ခာ။ ★ ဒီထဲမှာပါတဲ့ ဥပကေ်ခာက အိမျပုံစံမြိုး ဗွဟ်မဝိဟာရဆိုတာ ဝိဟာရ ဆိုတာ အိမျကိုပွောတာ နရောကိုပွောတာ။ မတေ်တာကနေ စတယျ၊ အမှနျကတော့ သတိပဋ်ဌာနျကနစေတယျ။ အောကျကနေ သတိပဋ်ဌာနျကနစေမယျ ပွီးရငျ မတေ်တာ။ 

★ မေတ္တာ - လူတိုင်း မေတ္တာပို့တယ်၊ မေတ္တာပို့ပေမယ့် ဘုန်းဘုန်းတို့က စာထဲမှာပါတဲ့ဟာကို ရွတ်တာကို မေတ္တာပို့တယ်ခေါ်တာ။ မေတ္တာအရင်ပွားထားပြီး ကိုယ့်မှာရှိတဲ့မေတ္တာကို မျှပေးတာ မဟုတ်သေးဘူး။ လူအများစုက ပရိတ်ရွတ်တာပဲ ရှိသေးတယ်။ 

★ ဘယ်သူကျန်းမာပါစေ ချမ်းသာပါစေ၊ ကျန်းမာ ချမ်းသာပါစေ အဲဒီဟာက စျာန်အဆင့်ထိ သမာဓိကောင်းတဲ့ပုဂ္ဂိုလ်တွေ ပွားများတဲ့ ဖော်မြူလာ။ သူတို့ကျတော့ ဘယ်သူကျန်းမာပါစေ ချမ်းသာပါစေ ပြဿနာကင်းပါစေ ဆို၊ စိတ်ထဲမှာ ရှိပြီးသား မေတ္တာကို သူတို့က ရှယ်လုပ်တာ။ 

အဲဒါကို ပို့တယ်လို့ ခေါ်တယ်။ ★ ဘုန်းဘုန်းတို့ အများစုကတော့ ပို့စရာမေတ္တာ မရှိသေးဘူး။ ပို့ဖို့အတွက် ပွားရအုန်းမယ် စိုက်ပျိုးရအုန်းမယ်။ ကိုယ့်ဆီမှာ ပန်းသီးကမှ မရှိသေးတာ ပန်းသီးသွားပို့လို့ မရဘူး။ ဒီပန်းသီး အရင်စိုက်ပျိုးရအုန်းမယ်။ 

🔺အဲဒါကြောင့် “မာနသံ ဘာဝယေ အပရိမာဏံ” မေတ္တသုတ်ထဲမှာ #ဘာဝယေဆိုတာ ပွားများပါတဲ့ ပို့ပါလို့ အဓိပ္ပါယ်မရဘူး။ ပွားများပါလို့ အဓိပ္ပါယ်ရတယ်။ ★ ဒါဖြင့် မေတ္တာပွားတယ်ဆိုတဲ့နေရာမှာ မေတ္တာက ကျယ်ပြန့်တယ်၊ ကျယ်ပြန်တော့ သူ့ကို နားလည်အောင်ဆိုရင် မုဒိတာ ကရုဏာ နှစ်ခုနဲ့ အလွယ်တကူ ရှင်းပြနိုင်တယ်။ 

မေတ္တာက အာရုံနှစ်ခု ရှိပါတယ်။ Focus နှစ်ခုရှိတယ်။ တစ်ခုက 
အဆင်မပြေတဲ့ဟာ တစ်ခုက အဆင်ပြေတဲ့ဟာ။ 

★ အဆင်မပြေတဲ့ အတွေ့အကြုံ အဆင်ပြေတဲ့အတွေ့အကြုံ၊ အဆင်မပြေတဲ့အတွေ့အကြုံ အဲဒါကို ပြဿနာလို့ခေါ်ရင် ဒုက္ခလို့ခေါ်ရင် ဒုက္ခနဲ့ တွေ့တိုင်းတွေ့တိုင်း လူတွေက ဒေါသဖြစ်တယ်တဲ့။ အဲလို ဒေါသမဖြစ်အောင်ဆို ဘာလုပ်ရမှာတုန်း ကရုဏာ ပွားရမယ်။ 

★ နောက် အောင်မြင်မှုနဲ့ တွေ့တိုင်းတွေ့တိုင်း သူများ အောင်မြင်တာကို ကိုယ်က တွေ့ရင် ကိုယ်အားငယ်တတ်တယ်၊ jealous ဖြစ်တတ်တယ်။ အောင်မြင်မှုကို ကိုယ်က လောဘတက်တတ်တယ်၊ မာနဖြစ်တတ်တယ်။ 

★ အဲဒီလို negative emotion တွေ မဖြစ်အောင်ဆိုရင် အောင်မြင်မှုနဲ့ တွေ့တိုင်းတွေ့တိုင်း ကိုယ့်အောင်မြင်မှုဖြစ်ဖြစ် သူများအောင်မြင်မှုဖြစ်ဖြစ် မုဒိတာပွားရမယ်တဲ့။ ဒီလို လုပ်တယ်ဆိုရင် အဆင်မပြေတဲ့အချိန်ရော အဆင်ပြေတဲ့အချိန်မှာ ဒုက္ခတဲ့တွေ့တဲ့အချိန်ရော သုခနဲ့တွေ့တဲ့အချိန်ပါ emotion တွေက positive ဖြစ်နေတယ်။ 

★ ဒါပေမဲ့ ဒီနေရာမှာ ခုလေးတင်ပဲ ပြောသွားသလို ကရုဏာကို ဒေါသက အမြဲတမ်းတိုက်ခိုက်နေတယ်။ မုဒိတာကို မာနတို့ လောဘတို့က အမြဲတမ်းတိုက်ခိုက်နေတယ်၊ jealousy တို့ အမြဲတမ်းတိုက်ခိုက်နေတယ်။ အဲလို တိုက်ခိုက်တဲ့ဟာကို ကိုယ်က mindfulness ဆိုတဲ့ သတိပဋ္ဌာန်နဲ့ စောင့်ရှောက်ပေးရမယ်။ EQ ခေါ်တာပေါ့။ 

★ စိတ်ထဲမှာ ဘာ emotion ဖြစ်တယ်ဆိုတာကို ဖြစ်တာကို သတိနဲ့လိုက်သိလိုက်၊ သိလိုက်တယ်ဆိုရင် negative emotion က အားနည်းနည်းသွားတယ်။ အသိဉာဏ်နဲ့ အနိုင်ယူသွားတာပေါ့။ အဲလို ကရုဏာနဲ့မုဒိတာ ဖြစ်ခွင့်ရှိတို်င်း ဖြစ်ပြီးတော့ အနှောင့်အယှက် မရှိတော့ဘူးဆိုရင် အဲ့ဒီဟာကို ဥပေက္ခာလို့ခေါ်ပါတယ်။ 

★ ပါဠိစကားက အရမ်းရှင်းတယ် ဥပေက္ခာ ဆိုတာက “ဥပ နဲ့ ဣက္ခ” နဲ့ နှစ်လုံးတွဲထာတးယ်။ ဥပ ဆိုတာက အနီးကပ်၊ ဣက္ခ ဆိုတာက ကြည့်ရှု့စောင့်ရှောက်တာတဲ့။ 
အနီးကပ် ကြည့်ရှု့စောင့်ရှောက်တာ။ ဒါကြောင့် ဗြဟ္မစိုရ်ထဲမှာပါတဲ့ ဥပေက္ခာက
 ရပ်ကွက်ထဲမှာ ရှိနေတဲ့ ပေါ်ပြူလာ ဥပေက္ခာ နဲ့ မတူဘူး။ 

★ ကဲ အခုမှ မေးခွန်းဖြေမယ် အခုဟာက background ပေးတုန်းရှိသေးတယ်။ ဆရာပြောတဲ့ ဥပေက္ခာ ဘယ်အချိန်မှာ ကိုယ်က ကရုဏာနဲ့ ကြည့်ပြီးတော့ ဘယ်အချိန်မှာ ဥပေက္ခာဝင်ရမှာတုန်းဆိုတော့ အဲ့ဥပေက္ခာက လက်လျှော့တာကို ပြေတာ။ 

★ တကယ်လို့ ကရုဏာအားကောင်းတယ်ဆိုရင် လက်မလျှော့ဘူး။ ဒေဝဒတ်က ဘယ်လောက်ဆိုးတုန်း? ဆိုးတာမှ အရမ်းဆိုးတာ။ မြတ်စွာဘုရားကို ကိုယ်တိုင်လည်းပဲ နှောင့်ယှက်တယ်၊ အပေါင်းအသင်းတွေနဲ့ အာဏာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ တွဲပြီးတော့လည်း ဖျက်ဆီးတယ်။ 

★ အဇာတသတ်ဆိုတာက တိုင်းပြည်မှာ ဒုတိယအာဏာအရှိဆုံး ပုဂ္ဂိုလ်၊ သူ့ရဲ့အာဏာကို ယူပြီးတော့ မြတ်စွာဘုရား လုပ်ငန်းတွေကိုရော အသက်ကိုရော အန္တရာယ်ပေးတာ၊ အဲလိုဖြစ်တဲ့ ပုဂ္ဂိုလ်ကို မြတ်စွာဘုရား give up မလုပ်ဘူး။ သူ့အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေတယ်။ 

★ အဲဒါကြောင့် ဒေဝဒတ် နောင်တရတဲ့အချိန်မှာ သေခါနီး နောင်တရတဲ့အချိန်မှာ မြတ်စွာဘုရားက အဲ့နေရာမှာ သူ့ကိုယ်သူ ချက်ချင်းရှိတယ်။ ဆိုလိုတာက ဒါ ကရုဏာရဲ့စွမ်းအားလို့ပြောတာ။ 

★ တချို့တိုင်းပြည်တာဝန်ထမ်းတဲ့ ၀န်ကြီးဌာန အသီးသီးမှာ တာဝန်ထမ်းတဲ့ အဆင့်အသီးသီးမှာ တာဝန်ထမ်းတယ်၊ ကိုယ်မျှောမှန်းတဲ့အတို်င်း ဖြစ်ချင်တဲ့အတိုင်း မဖြစ်တော့ဘူးဆိုရင် စိတ်ဓါတ်တွေကျတယ်။ တချို့ဆို အရက်သမား ဖြစ်သွားတယ်၊ တချို့ ဆိုရင် ခါးခါးသီးသီး idea အကြောင်း မပြောတော့ဘူး လူအကြောင်းပဲ ပြောတော့တယ်။ 

★ စိတ်က great minds မဟုတ်တော့ဘူး small minds ဖြစ်သွားတယ်။ Great minds discuss ideas. Average minds discuss events. ဘယ်နေရာမှာဘယ်တုန်းက ဘယ်သူက ဘာလုပ်တယ်ဆိုတာ events လောက်ပဲ ပြောကြတာပေါ့၊ ဒါ average ပဲ ရှိသေးတယ်။ 

★ Small minds ကျတော့ discuss people တွေးတိုင်းတွေးတိုင်း အဲဒါ သူတို့ မကျေနပ်တဲ့လူအကြောင်း ခါးခါးသီးသီး မုန်းတဲ့လူအကြောင်း အဲဒီအကြောင်းတွေပဲ ပြောတော့တာ။ 

★ အဲဒီ small minds တွေများတဲ့ နိုင်ငံ ဘုန်းဘုန်းတို့က nation building လုပ်လို့ရမဘူး။ တိုင်းပြည်တည်ဆောက်လို့ မရဘူး။ Great minds တွေ ရှိရမယ်၊ great minds က အိုင်ဒီယာကို ဆွေးနွေးရုံတင်မကဘူး သူက ခွင့်လည်းလွတ်တတ်တယ်။ စိတ်လည်း ရှည်တယ်ပေါ့။ 

★ အခု ဘုန်းဘုန်းပြောတာ give up မလုပ်ဘူးဆိုတာ စိတ်ရှည်တာ။ 
ဒါကြောင့် ပေါ်ပြူလာ ဥပေက္ခာ မသုံးပါနဲ့လို့ ဘုန်းဘုန်းက မေတ္တာရပ်ခံချင်တယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာအရှင်ဓမ္မသာမိ ================ 
လောကကလူတွေဟာ ကိုယ်နဲ့ပြိုင်ဖက်ဖြစ်စေ၊ ကိုယ့်အသိထဲကဖြစ်စေ၊မသိတဲ့ပုဂ္ဂိုလ်ဖြစ်စေ ကြီးပွားတိုးတက်ပြီးကိုယ့်ထက်သာသွားလို့ရှိရင် ဝမ်းသာနိုင်ခဲတယ်၊ဝမ်းမသာကြနိုင်ဘူး..... ဘာကြောင့်ဝမ်းမသာတာတုန်းဆိုရင် ဣဿာခေါ်တဲ့ jealousy ကြောင့်ပဲ။ အဲ့ဒီ jealousy ဆိုတဲ့ သဘောတရားဟာ သူတစ်ပါးအောင်မြင်မှု့နဲ့ပါတ်သက်ပြီး စိတ်ထဲမှာ ပျော်မွေ့မှု့မရှိဘူး။ အဲ့ဒါလည်းစိတ်ရဲ့ emotion တစ်ခုပဲ၊၊ အဲ့ဒီအရာတွေဖြစ်လာပြီဆိုရင် jealousy တွေဖြစ်လာတယ်၊၊ ထို jealousy တွေလွှမ်းမိုးလာတော့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူတစ်ပါးကိုတောင် အန္တရာယ်ပြုတတ်တယ်။ အေး အဲ့ဒီလို jealousy ဖြစ်လာတာဟာ ကောင်းသလားဆိုတော့ မကောင်းဘူး။ တော်တော်ဆိုးတဲ့ဟာ၊ သူများရဲ့အောင်မြင်မှု့နဲ့ပတ်သက်ပြီးမခံနိုင်တဲ့သဘော။ 

အဲ့ဒီ မခံနိုင်တဲ့ emotion လို့ခေါ်တဲ့ စိတ်ဖိစီးမှု ဖြစ်လာလို့ရှိရင် ဘာနဲ့ထွက်ပေါက်ရှာမလဲဆိုရင် မုဒိတာတရား'ပွားများခြင်းဖြင့်ထွက်ပေါက်ရှာရမယ်တဲ့။ မုဒိတာတရား'ပွားများချင်လို့ရှိရင် အောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး "ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု" .... "ရထားတဲ့စည်းစိမ် အခြေအနေတွေက ဘယ်တော့မှ ဆုတ်ယုတ်မသွားပါစေနဲ့။ အောင်မြင်မှုတွေ ဘယ်တော့မှ ဆုတ်ယုတ်မသွားကြပါစေနဲ့။ 

ထာဝရပျော်ရွှင် နိုင်ကြပါစေ၊ထာဝရ ရွှင်လန်းနိုင်ကြပါစေ။ ရရှိထားတဲ့ အခြေအနေကောင်းတွေက ဆုတ်ယုတ်ပျက်စီးမသွားကြပါစေနဲ့" အဲ့ဒီစိတ်ဓာတ်လေးကို လေ့ကျင့်ပေးရမယ်တဲ့။ လေ့ကျင့်ပေးလို့ရှိရင် ခုနပြောတဲ့ သူများစည်းစိမ်နဲ့ပတ်သက်ပြီးတော့ အကောင်းမပြောနိုင်တဲ့ "အရတိ"ဆိုတဲ့ မပျော်မွေ့နိုင်တဲ့ မနာလိုစိတ်ရဲ့ထွက်ပေါက်ကို ရသွားမှာဖြစ်ပါတယ်၊၊ 
ဒါ မုဒိတာဆိုတဲ့ ထွက်ပေါက်။ 
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒ မာလာဘိဝံသ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...