Tuesday, October 22, 2019

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - အပိုင်း(၆)

ကြောက်တတ်ရင် အန္တရာယ်မကင်းဘူး မေတ္တာရှိမှ 
အန္တရာယ်ကင်းတယ် 
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 
★ ခန္ဓာကိုယ်က နည်းနည်းနာလာတဲ့အခါကျတော့ စိတ်ဝင်စားမှုက နည်းသွားတယ်။ ဘာကြောင့်နည်းသွားတုန်း? ဦးနှောက်တက်ကြွတဲ့နေရာကလဲ နေရာပြောင်းသွားလို့တဲ့ ပြောနိုင်တယ်။ 

★ ဘာဖြစ်လို့တုန်းဆိုတော့ ဖြစ်ပေါ်လာတဲ့ ဝေဒနာကို စိတ်ခံစားမှုကသွားပြီးတော့ ရန်ဖြစ်နေတာ emotion နဲ့ သွားပြီးတော့ Fight and Flight mode ခေါ်တာပေါ့ Charles Darwin စကားနဲ့ ပြောရင် သွားပြီးတော့ ရန်ဖြစ်နေတာ။ 

★ ရန်ဖြစ်နေမှန်းလဲ မသိဘူး။ မသိစိတ်နဲ့ ရန်ဖြစ်တာ။ မသိတာကို “အဝိဇ္ဇာ” လို့ခေါ်တယ်။ ဘာလို့ခေါ်တုန်း? (အဝိဇ္ဇာ လို့ ခေါ်ပါတယ် ဘုရား) ရန်ဖြစ်တာကျတော့ “သင်္ခါရ” လို့ ခေါ်တယ်။ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” - မသိလို့ ရန်ဖြစ်တာတဲ့။ 

★ အဲဒီလို ဘယ်သူမှ ဂရုမစိုက်ဘူး။ ငါ့ ဆိုင်ကယ် ငါ စီးတာပဲ။ ငါ့သီချင်း ငါ ဖွင့်တာပဲ။ င့ါကား ငါစီးတာဆို အဲလိုလုပ်တဲ့လူ သူရဲ့ဒုက္ခကို ကိုယ် မသိရင်တဲ့ နားမလည်ရင် သူ့ဒူက္ခ ကိုယ်မသိရင် သူနဲ့ကိုယ် သွားပြီးတော့ ရန်ဖြစ်တယ်တဲ့ - အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ 

★ အဲဒီလူကလဲ သူ့ဒုက္ခကို သူမသိဘူး။ သူ့မှာ ဘယ်လိုစိတ်ခံစားမှုတွေ ဖြစ်နေတယ်ဆိုတာ သူ့ကိုယ်သူ မသိဘူး။ မသိတဲ့ အတွက်ကြောင့်မို့ သူ့ကိုယ်သူ ရန်ဖြစ်တဲ့ အပြုအမူတွေ သူလုပ်တယ်။ 

★ Anti social behavior ဆိုတာက သူများကိုပဲ ဆန့်ကျင်ရန်ဖြစ်တဲ့ အပြုအမူတင်မကဘူး ကိုယ့်ကိုယ်ပါ ကိုယ့်အကျိုးကိုပါ ကိုယ့်ကောင်းကျိုးကို ကိုယ့်အနာဂတ်ကိုပါ ပြန်ပြီးတော့ ဖျက်ဆီးတယ်၊ ရန်ဖြစ်တဲ့အပြုအမူ ဖြစ်ပါတယ်။ 

★ ဒါကြောင့် ဒီထဲမှာ ဦးနှောက်က ပျော်ရွှင်တဲ့နေရာ တကယ်လို့ သူများပြဿနာအကြောင်းများများ တွေးပြီးတော့ သူတို့ ပြဿနာကို ဝိုင်းပြီးတော့ ကူညီဖြေရှင်းပေးချင်တယ်ဆိုရင် အဲဒီလို မေတ္တာထားတဲ့ပုဂ္ဂိုလ် မေတ္တာရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲ loving concern. 

★ အဲဒီ မေတ္တာ အဲ့လိုမေတ္တာထားတဲ့ပုဂ္ဂိုလ်က သူ့ဦးနှောက်က ပျော်ရွှင်တဲ့နေရာပဲ အလုပ်လုပ်တာတဲ့။ ဆိုလိုတာက #သူများပြဿနာကို #ဝိုင်းဝန်းဖြေရှင်းပေးချင်တဲ့ပုဂ္ဂိုလ်က #ဘယ်တော့မှစိတ်မညစ်ဘူးတဲ့။ အများစုကတော့ အဲလိုမဟုတ်ဘူး။ 

★ “ဟာ အဲဒီမှာ ပြဿနာဖြစ်နေတယ်ဟေ့ ဝေးဝေးနေ ဝေးဝေးနေ” ကိုယ့်ကလေးတွေကို မပြောဘူးလား။ အသာရှောင်နေ ကြောက်တတ်ရင် ဘာကင်းတုန်း? အန္တရာယ်ကင်းတယ်။ မြတ်စွာဘုရားက - 

🔺 #ကြောက်တတ်ရင် #အန္တရာယ်မကင်းဘူးတဲ့။ 

💕 #မေတ္တာရှိမှ #အန္တရာယ်ကင်းတာတဲ့။ ★ ဘာရှိမှ အန္တရာယ်ကင်းတာလဲ? (မေတ္တာရှိမှ အန္တရာယ်ကင်းတာပါ ဘုရား) ကြောက်ပြီးတော့ “မနုဿာ ဘယ တဇ္ဇိတာ” “ဗဟုံဝေ သရဏံ ယန်တိ၊ ပဗ်ဗတါနိ ၀နာနိစ။ အာရမ္မရုက္ခစေတျာနိ၊ မနုဿာ ဘယ တဇ္ဇိတာ။” 

★ လူတွေဟာကြောက်ပြီးတော့ သစ်ပင်ကိုလဲ ဘုရားထင်ပြီးတော့ သွားရှစ်ခိုးတယ်။ တောတောင်ကိုလဲ ဘုရားထင်ပြီးတော့ သွားရှစ်ခိုးတယ်။ ဘုန်းဘုန်း နည်းနည်းစဉ်းစားပြီးတော့ ပြောရင် သူများသွားထိခိုက်မှာ ဆိုးတယ်။ မဟုတ်မဟတ်တွေလဲ သွားပြီးတော့ ရှစ်ခိုးတယ်။ ဘာဖြစ်လို့ သွားရှစ်ခိုးတုန်းဆိုတော့ ကြောက်လို့တဲ့။ 

🔺အဲဒါကြောင့် #ကြောက်လို့အန္တရာယ်ကင်းတယ်ဆိုတာ #မဟုတ်ဘူး။ 


★ ဘယ်နေ့ဘယ်နေ့ ပျက်လိမ့်မယ် ဆိုပြီးတော့ တချို့ကျတော့ အဆိပ်တွေတိုက်တယ်။ အဲဒီသတင်းတွေ ကြားဖူးမှာပါ အသက်လေးဆယ်ကျော် ငါးဆယ်ကျော်ဆိုရင် သတင်းစာလဲ ပုံမှန်ဖတ်တဲ့လူဆိုရင် အဲဒါလေးတွေ မှတ်မိနေမှာ။ အဲဒါကြောက်ပြီးတော့ သူတို့ကို သွားကိုးကွယ်နေတာ။ 

★ ကြောက်တာ ဘေးအန္တရာယ် မကင်းပဲဖြစ်တယ်။ ကြောက်ရင် ဘေးကင်းတယ်ဆိုတာ မဟုတ်ပါဘူး။ အဘိဓမ္မာ သဘောအရ #ကြောက်တာက #ဒေါသတဲ့။ ဘာတုန်း? (ဒေါသပါ ဘုရား) ဒေါသက #ကိလေသာပဲ။ ကြောက်တတ်ရင် ဘေးကင်းတယ်ဆိုတာ မဟုတ်ဘူးတဲ့။ 

★ ဒါကြောင့် ဒီနေ့ ဒီမှာတရားနာရင်းနဲ့ ပရိတ်သတ်ကိုရော၊ အဝေးမှာ facebook live ကနေတဆင့် လိုက်နာနေတဲ့ တရားနာ ပရိတ်သတ်တွေကိုရော ဘုန်းဘုန်းက ပြောချင်တယ်။ 🍃 ကြောက်စိတ်ရှိရင် အဲဒီကြောက်စိတ်ကို ဝိပဿနာနဲ့ ကြည့်ပေးပါ။ ကရုဏာနဲ့ ကြည့်ပေးပါ။ 

★ ကြည့်ပေးပြီးတော့ အဲဒီ ကြောက်စိတ်ကို ကရုဏာဖြစ်သွားအောင် လုပ်ပါ။ ကြောက်စိတ်ဝင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြီးတော့သနားလိုက်။ #သနားတတ်တဲ့ပုဂ္ဂိုလ်ကကြောက်စိတ်မရှိတော့ဘူး။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...