Tuesday, October 22, 2019

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - အပိုင်း(၇)

ကရုဏာအတွေး
▬▬▬▬▬▬▬
★ ခြင်္သေ့လေးငါးကောင် ပြောအုန်းမယ်၊ ဘုန်းဘုန်း အာဖရိက က documentary တွေ တိရိစ္ဆာန်အကြောင်းတွေ ကြည့်တယ်။ တိရိစ္ဆာန် တွေရဲ့ psycology စိတ္တဗေဒကို သိချင်လို့။ အဲဒီမှာ နွားအုပ် ကျွဲအုပ်ကြီးက သူတို့ ကြောက်စိတ်မဝင်သေးတဲ့အချိန်မှာ ခြင်္သေ့အုပ်စုက သူတို့ကို လာပြီးဝန်းရံတာလေ။ သူတို့ကို ကိုက်စားဖို့ အတွက်။ 

★ သူတို့က ပြန်ပြီးတော့ခုခံတယ်။ ခုခံတယ်ဆိုတာ ခြင်္သေ့တွေကို အန္တရာယ်ပေးဖို့ထက် သူတို့ကိုယ်သူတို့ ပြန်ပြီးတော့ ခုခံတာ။ ဒါပေမဲ့ အဲဒီလို ခုခံရင်းခုခံရင်း ခြင်္သေ့ကလဲ ဟိုဖက်ခြင်္သေ့တစ်ကောင်က ဒီဖက် ကျွဲတစ်ကောင်ကို မြုဆွယ်ပြီးတော့ ဆွဲသွားတယ်။ ပြေးလိုက် လိုက်လိုက် ပြေးလိုက် လိုက်လိုက် အဲလိုလုပ်ကြတယ်။ 

★ ဟိုဖက်ကလဲ အဲလိုခြောက်လိုက်ပြေးလိုက် လုပ်ကြတယ်ဆိုတော့ နောက်ပိုင်းကျတော့ ခြင်္သေ့ကိုလိုက်ပြီးတော့ ခတ်တဲ့ကျွဲက တစ်ကောင်ထဲပဲ ရှိတယ်။ လိုက်ရင်းနဲ့ သူ့အုပ်စုနဲ့ဝေးသွားတယ်၊ သူဟာသူ အုပ်စုဆီကို အငါအကွယ်အတွက် ပြန်ပြေးလာရတယ်။ အဲလိုနဲ့ ကြောက်စိတ်က ဖြေးဖြေးချင်းဝင်လာတယ်။ 

 ★ နောက်ဆုံးကျတော့ တစ်ကောင်က ကြောက်စိတ်ဝင်ပြီးတော့ ပြေးရင် အကုန်လုံး ကဆင့်ကလျား ပြေးကြတော့တာ။ တစ်ကေါင်က ကြောက်စိတ်ဝင်တာနဲ့ ကြောက်စိတ်က တစ်အုပ်လုံးဆီကူးကုန်ရော။ ကြောက်စိတ်ဝင်ရင် အန္တရာယ်မကင်းဘူး။ မေတ္တာဝင်တဲ့အခါကျမှ အန္တရာယ်ကင်းတာ။ အချင်းချင်းကူညီကြတာ။ 

★ အဲဒီတော့ ဒေါသဆိုတဲ့ negative emotion အနုတ်လက္ခဏာဆောင်တဲ့ အဖျက်သဘောဆောင်တဲ့ စိတ်ခံစားမှုကို အသုံးပြုတဲ့နေရာမှာ ဘုန်းဘုန်းတို့က အဲဒီစိတ်အကြောင်းကို နားမလည်တဲ့အခါကျတော့ ဒေါသဖြစ်ရင်ကိုပဲ ကိုယ်ပဲအားရှိတယ် ထင်တယ်၊ သတ္တိရှိတယ် ထင်တယ်။ 

★ အမှန် ဒေါသဖြစ်တဲ့လူက သူစိတ်ထဲမှာ မလုံမခြုံ ဖြစ်နေတာ insecure ဖြစ်နေတာ သူလိုချင်တာ မရလို့။ မိဘကလဲ သားသမီးကို ပြောတဲ့နေရာမှာ တခုခုပြောလိုက်လို့ သားသမီးက နားမထောင်ဘူးဆိုရင် ကြောက်စိတ်ဝင်သွားတယ်။ ကြောက်စိတ်ဝင်သွားပြီးတော့ သားသမီးကို အကြမ်းနည်းနဲ့ ဆူမယ် ရိုက်မယ်။ 

★ အဲဒါမျိုးတွေ လုပ်ရင် မိဘနဲ့သားသမီးကြားထဲမှာ ရင်းနှီးမှုက နည်းသွားတယ်။ ကြောက်လို့ နားထောင်ရတယ်ဆိုတာက အရမ်းကြီး အဆင့်မမြင့်ဘူး။ သဘောပေါက်လို့ နားထောင်တာ၊ မေတ္တာရှိလို့ နားထောင်တာ၊ သနားလို့ နားထောင်တာ၊ ရိုသေလို့ နားထောင်တာ ဒါတွေက ပိုအဆင့်မြင့်တယ်။ 

★ ရိုသေလို့နားထောင်ဆိုတာ #ဂါရဝ တရားလေ။ လူတယောက်ရဲ့ အောင်မြင်မှု လူတယောက်ရဲ့ ကြိုးစားမှု သူရဲ့ အရည် အသွေးကို ကိုယ်သိပြီးတော့ သူ့ကိုလေးစားတာ သူ့ကိုရိုသေလို့ သူ့ကိုနားထောင်တာ။ ဒါတွေက အရမ်းအဆင့်မြင့်တယ်။ Relationship ဆက်ဆံရေး အရမ်းကောင်းတယ်။ 

★ အဲဒါကြောင့်မို့ သူများရဲ့ပြဿနာကို စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်က သူတို့ ပြဿနာကို ကြည့်ပြီးတော့ စိတ်ဓာတ်ကျတာမျိုးတွေ လက်လျော့ချင်တာမျိုးတွေ မရှိဘူးတဲ့။ မရှိရုံတင် မကဘူး compassion ကရုဏာလဲပဲ အားကောင်းသွားတယ်။ ကရုဏာရဲ့သဘောလေး ဒီနေ့ ဘုန်းဘုန်း တနေကုန်ဟောခဲ့ပြီးပြီ မနေ့ကလဲ ဟောခဲ့ပြီးပြီ စစ်ကိုင်းမှာ ။ 🍃#ကရုဏာဆိုတာက #သူတပါးရဲ့ပြဿနာကို #ဖြေရှင်းပေးချင်တဲ့စိတ်။ 

★ သူတပါးရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ပုဂ္ဂိုလ်က သူရဲ့ပြဿနာကိုလည်း သူ ဖြေရှင်းပေးချင်တယ်ဆိုတာ ဒါ အထူးပြောစရာ မလိုတော့ဘူး။ ဖြေရှင်းနိုင်တာဆိုတာ အထူးပြောစရာ မလိုတော့ဘူး။ 

★ သူရဲ့ပြဿနာကို မဖြေရှင်းပေးနိုင်တဲ့ပုဂ္ဂိုလ်က သူများပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ သူ့ကိုယ်သူ နေမကောင်းဖြစ်နေတဲ့ ဆရာဝန်က သူများကို ဆေးကုဖို့ ခက်ပါတယ်။ 

★ ဒါကြောင့်မို့လို့ ကရုဏာဆိုတဲ့ အရည်အသွေးကို အဋ္ဌကထာ ဆရာမြတ်က ဘယ်လို ဖွင့်ဆိုတုန်းဆိုတော့ - “ဒုက္ခာပနယနာကာရပ္ပဝတ္တိ လက္ခဏာ ကရုဏာ၊ ပရဒုက္ခာ သဟန ရသာ၊ အဝိဟိံသာ ပစ္စုပဌာနာ။” 

★ ဆိုလိုတာ သူများရဲ့ ပြဿနာကို ဝိုင်းဝန်းမဖြေရှင်းပေးခင်မှာ နောက်ပြီးတော့ အကြမ်းမဖက်ဘူး #အဝိဟိံသ - ဆိုတာ အကြမ်းမဖက်ဘူး အင်အားမသုံးဖူး။ ကရုဏာရှိတဲ့ပုဂ္ဂိုလ်က ပြဿနာကိုတော့ ဖြေရှင်းဖို့အတွက် သူ့မှာ အကြံဉာဏ်တွေ ကောင်းတယ်။ ဒါပေမဲ့ သူက အကြံဉာဏ်ကောင်းလို့ သူ့မှာ အင်အားသုံးဖို့ မလိုဘူး။ 

★ မနေ့က ကျောင်းသားလေးတစ်ယောက် ဘုန်းဘုန်းကို မေးတယ်။ သူမှာ တာဝန်နဲ့ တရားအသိနဲ့ ဒီနှစ်ခုကို တခါတခါ သူက contradictory ဆန့်ကျင်ဖက် ဖြစ်နေတယ်။ ဘာဟာရွေးရမှာတုန်း ? ဥပမာ - သူပြောတာ ကျောင်းမှာ နေတာ သူ့ကို ကျောင်းမှာ အလှည့်ကျ ရေလောင်းရတယ်ပေါ့ ကျောင်းထဲက သစ်ပင်တွေ။ 

★ ရေလောင်းမယ် ဆိုတဲ့အခါကျတော့ ဘုန်းဘုန်းတွေက သင်ပေးတာက “ပါဏာတိပါတာ ဝေရမဏိ” အသက်မသတ်ရဘူး။ အဲဒီမှာ ပုရွက်ဆိတ်အုံ ရှိနေတယ်။ တာဝန်အရ သူရေလဲ လောင်းရမယ် ။ သူဘယ်လို လုပ်ရမှာတုန်း? 

★ ဘုန်းဘုန်းက ပြောတယ် အဲဒီ ပုရွက်ဆိတ်တွေကို သနားတဲ့ စိတ်မွေးလိုက်။ မွေးလိုက်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံဉာဏ် ပေါ်လာလိမ့်မယ်။ ဒီပုရွက်ဆိတ်တွေကို ဒီပုရွက်ဆိတ်တွေကလည်း ငါ ရေလောင်းဖို့ဆိုကာမှ ငါ့လာပြီးတော့ ရှုပ်နေတယ် ၊ ရှုပ်တယ်လို့ မြင်ရင် အဲဒီလူ အကြံဉာဏ်ကောင်း မထွက်ဘူး။ 

 ★ ဦးနှောက်ပိုင်းဆိုင်ရာ လေ့လာတဲ့ ပညာရှင်တွေက ပြောတာ။ အကြံဉာဏ်ကောင်း မထွက်ဘူး။ ဆိုလိုတာက ငါ့လာပြီးတော့ ရှုပ်တယ်လို့ပြောရင် ဒေါသနဲ့ကြည့်တာ။ ပုရွက်ဆိတ်ကို ဒေါသနဲ့ ကြည့်တာ။ 

★ အဲလို မဟုတ်ဘူး၊ ဒီ ပုရွက်ဆိတ်လေးတွေ သူတို့ နေစရာမရှိဘူး။ သူတို့လဲ အဆင်ပြေအောင် ဘယ်လိုလုပ်ရရင် ကောင်းမှာတုန်းဆိုပြီး သူတို့ အကျိုးကိုမျှော်ကိုးပြီးတော့ တွေးတယ်ဆိုရင် အကြံဉာဏ်ပေါ်လာလိမ့်မယ်။ 

★ ဘုန်းဘုန်းက သူ့ကို ပြောတယ် တွင်းငယ်ငယ်လေး တူးပြီးတော့ အဲဒီ အမြစ်ရောက်အာင် တူးပြီးတော့ ပုရွက်ဆိတ်မရှိတဲ့ ဖက်ကို တူးပြီးတော့ အဲဒီထဲ ရေလောင်းထည့်လိုက်မယ်၊ ရေကလည်းပဲ အမြစ်ဆီကို ရောက် သွားမှာပေါ့။ ပုရွက်ဆိတ်လည်း မသေဘူး။ 

★ ဘုန်းဘုန်းက ဘယ်မှာတွေ့ဖူးတုန်းဆိုတော့ အမေရိကန်မှာ lecture သွားပေးတုန်းက Arizona မှာ။ Arizona က သူက သဲကန္တာရတွေ သစ်ပင်တစ်ပင်ဆိုရင် ရေလောင်းရတာ ဒီလို ဘုန်းဘုန်းတို့လို အများကြီးလာင်းလို့မရဘူး။ သဲတွေ ဖြစ်နေတာ။ 

★ ရေက ရှေ့မှာဆိုတော့ သူတို့က ဘယ်လိုလုပ်တုန်း။ သစ်ပင်တစ်ပင်တစ်ပင်ကို ပိုက်တစ်ပိုက် သွယ်ထားတယ်။ နောက်ပြီးတော့ မီတာတက်ထားတယ်၊ အချိန်ပေးထားတယ်။ တစ်နေ့ကို ရေဘယ်လောက် လောင်းပစေဆိုပြီးအတိအကျ စက်နဲ့ ချိန်ထားတယ်။ ရေက ရှားတဲ့ အခါကျတော့ အဲလိုလောင်းတယ်။ 

★ အဲ့ပုံစံမျိုးနဲ့ လောင်းတယ်ဆိုရင်တော့ ရေကို ဘုန်းဘုန်းတို့လို အများကြီးမလောင်းဘဲ ဒီလို ရေပုံးနဲ့ အဝေးကနေ လှမ်းပက်တာမျိုးတွေ မလုပ်ဘူး။ အဲဒီ အကြံဉာဏ် ချက်ချင်းဝင်လာတဲ့အခါ ဘုန်းဘုန်းက အဲဒီကျောင်းသားလေးကို ပြောတယ်။ ဒီလိုလုပ်ရင် မြွေမသေ တုတ်မကျိုး ဖြစ်နို်င်တယ်။ 

★ ဒါက ကရူဏာကနေ ဖြစ်ပေါ်လာတဲ့ အတွေးတွေ။ အဲတော့ - Loving-kindness also boosts the connections between the brain’s circuits for joy and happiness and the prefrontal cortex, a zone critical for guiding behavior. 

★ နောက်တစ်ခု ဘာပြောတုန်းဆိုတော့ မေတ္တာစိတ်ရှိတဲ့ပုဂ္ဂိုလ် ကရုဏာအတွေးရှိတဲ့ပုဂ္ဂိုလ်က သူရဲ့အရေးကြီးတဲ့ ဦးနှောက် နှစ်နေရာက ပူးတွဲပြီး အလုပ်လုပ်တယ်တဲ့။ ဆက်စပ်ပြီးတော့ အလုပ်လုပ်တယ် connection ကောင်းတယ်။ တစ်နေရာက ပျော်ရွှင်မှုနဲ့ ပတ်သတ်တယ်။ နောက်တစ်နေရာက ဆုံးဖြတ်ချက်နဲ့ ပတ်သတ်တယ်၊ Decision making ဆုံးဖြတ်ချက်နဲ့ ပတ်သတ်တယ်။ 

★ တချို့က အပျော်လွန်ပြီးတော့ ဆုံးဖြက်ချက် နေရာမကောင်းဘူး။ ဟာ အရမ်းပျော်တာပဲ ဘယ်သူပဲ ဘာလာတောင်းတောင်း ဘယ်သူပဲ ဘာလာလုပ်ခိုင်းလုပ်ခိုင်း အကုန်လုံးလုပ်လိုက်တယ်။ နောက်ပိုင်းကျမှ နောင်တတွေရတယ်၊ ဆုံးဖြတ်ချက် မမှန်ဘူး။ 

★ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်တဲ့ နေရာမှာ prefrontal cortex အရှေ့ပိုင်း က ဦးနှောက်မှာ ရှိတယ်။ အဲဒါကြောင့် မြတ်စွာဘုရား ဟောထားတဲ့ဟာ စိတ်တည်ငြိမ်အောင်လုပ်ပါ ဝင်လေထွက်လေ ကြည့်ပါ။ ဝင်လေထွက်လေ ကြည့်ပြီးရင် စိတ်တည်ငြိမ်လာတဲ့ 
အခါမှာ ဆုံးဖြတ်ချက်လဲ ပိုကောင်းလိမ့်မယ်။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...